"မင်းတို့ကိုယ်မင်းတို့ ငုံ့ကြည့်ဦး၊ ပြီးရင် မင်းတို့ဘေးက လူတွေကို ပြန်ကြည့်၊ မင်းတို့ ဘောင်းဘီတွေ မှားဝတ်လာကြတာလား။"

ကောင်လေး တော်တော်များများက ရှက်သွားကြသည်။ အချို့က ခြေအိတ်ဝတ်ဖို့ အချိန်မရခဲ့၊ အချို့က သူတို့ ခါးပတ်ကို မှားပတ်ထားကြပြီး အချို့တွေက အင်္ကျီကြယ်သီးများ မတပ်ရသေးပင်။ အဖွဲ့ထဲမှ ကျိတ်ရယ်သံနှစ်သံက ခပ်တိုးတိုးပေါ်ပေါက်လာသည်။

ရွှီချောင် အေးစက်စက် နှာမှုတ်လိုက်သည်။ "ရယ်တယ်?"

ရုတ်တရက်, အရာရာ တိတ်ဆိတ်သွားသည်။

"ပထမအကြိမ် အရေးပေါ် လူစုခြင်း။ ရလဒ်တွေ ကြည့်ပြီး ငါ စိတ်ပျက်သွားပြီ။" ရွှီချောင် သူတို့ကို လက်ညှိုး လိုက်ရင်း - "မင်းတို့ အကုန်လုံးကို ကြည့်စမ်း၊ ဒါက စစ်တပ်ဝီစီသံ မဟုတ်ပဲ ရန်သူ့အမြှောက်သံသာဆို ပြန်တိုက်ဖို့ထားဦး၊ မင်းတို့ထဲက ဘယ်နှစ်ယောက်များ အဆောက်အဦးထဲက လွတ်လွတ်မြောက်မြောက် ထွက်လာနိုင်မှာလဲ။ ငါ မင်းတို့ကို အရင်ကတည်းက ပြောထားတယ်။ ငါ့လက်အောက်မှာနေချိန်အတွင်း မင်းတို့ကိုယ်မင်းတို့ တပ်သားသစ်လို့ မတွေးနဲ့၊ မင်းတို့ကိုယ်မင်းတို့ တိုက်ပွဲဝင် စစ်သားတစ်ယောက်လို တွေးပြီးနေ!! ဒါပေမယ့် မင်းတို့တွေက စစ်သားကောင်းတစ်ယောက်ဖြစ်လာဖို့ နည်းနည်းလေးတောင် မနီးစပ်ဘူး။"

သူ သူ့နာရီကို ကြည့်ပြီး ပြောလိုက်သည်။ "သစ်တောထဲ ပြေးတာ 5km, အချိန်သတ်မှတ်ချက်က နာရီဝက်၊ အချိန်မှီ မပြီးဖူးဆို ထပ်ပြေး။ တပ်ဖွဲ့တစ်ခုအနေနဲ့ လေးပုံ ပုံလို့ တစ်ပုံက အချိန်မှီ မပြီးဘူးဆို တစ်ဖွဲ့လုံး ပြန်ပြေးရမယ်။"

တပ်သားအကုန်လုံး တိတ်ဆိတ်သွားသည်။

ရွှီချောင် အော်လိုက်သည်။ "ပြေး!"

ပထမအဖွဲ့ရဲ့ ခေါင်းဆောင်က ဦးဆောင်ကာ ကြွေးကြော်သံတစ်ခုကို အော်လျက် Poplar တောအုပ်အတွင်းသို့ သူ့တပ်သားများနှင့်အတူ ပြေးသွားလိုက်သည်။ ကျန်အဖွဲ့များကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆာလောင်မှု၊ အေးစက်မှုများကို တောင့်ခံကာ ပြေးနိုင်သမျှ မြန်မြန်ပြေးကြတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now