ယောက်ျားတွေမှာလည်း မျက်နှာဆိုတာ ရှိပြီး တစ်နေကုန် အပြစ်ပေးခံနေရချိန်တွင် ပိုင်ရှင်းယွီလည်း ရှက်ခြင်းဆိုသည့် ခံစားချက်ကို ခံစားလာရတော့သည်။ သို့ပေမယ့် သူ သူ့စိတ်ဆုံးဖြတ်ချက်ကိုတော့ ပြောင်းလဲခြင်း မရှိသေး။ လေ့ကျင့်ရေးများဆိုသည်မှာ သူ့ကိုယ်သူအတွက် မဟုတ်ပဲ အထက်လူကြီးများနှင့် အဆင်ပြေပြေ နေနိုင်ဖို့လို့ သူအမြဲ တွေးထားတာမို့ ရလဒ်တွေ ပိုကောင်းလာလေ၊ လေ့ကျင့်ရေး နည်းလမ်းစဉ်က ပိုပိုဆိုးရွားလာလေနှင့် ပိုင်ရှင်းယွီ ဘဝက နေ့တိုင်းကို ဆိုးရွားလာတော့သည်။

တစ်ည၊ ပိုင်ရှင်းယွီ အိပ်ယာပေါ်မှာ အိပ်မောကျနေချိန် ဝီစီမှုတ်သံကြောင့် ရုတ်တရက် လန့်နိုးလာသည်။

ချန်ကျင်း အိပ်ယာပေါ်မှ ခုန်ထွက်လာပြီး အလျင်အမြန် အော်လိုက်သည်။

"အရေးပေါ် လူစုခြင်း၊ လူတိုင်း ထမယ်။ အရေးပေါ် လူစုခြင်း!!"

အဆောင်တစ်ခုလုံး ငြီးတွားသံများနှင့် ပြည့်သွားပြီး အဝတ်လဲသံများဖြင့် ဆူညံသွားတော့သည်။

ရှင်းကျန့်၏ညအချိန်က ထူးထူးခြားခြားကို အေးစက်လှပြီး စောင်နွေးနွေးလေးဖြင့် အိပ်နေရတာမှ ငါးမိနစ်အတွင်း လူစုမယ်ဆိုပြီး အိပ်ယာပေါ်မှာ ဆွဲထုတ်ခံလိုက်ရခြင်းက တကယ်ကို နာကျင်စရာကောင်းလှသည်။

ပိုင်ရှင်းယွီမှာ အိပ်ချင်လွန်းတာမို့ သူ့မျက်လုံးတောင် မဖွင့်နိုင်ပဲ စောင်ကို ဆုပ်ကိုင်ထားရင်း အော်လိုက်သည်။

"သေလိုက်ပါတော့ .."

ယွီဖုန်းချန် စောင်ကို ဆွဲကိုင်ပြီး ပိုင်ရှင်းယွီကို အိပ်ယာပေါ်မှ ဆွဲထူလိုက်သည်။

"မင်း နောက်ကျရဲ နောက်ကျကြည့်လိုက်။ တပ်မှုးက မင်းကို သတ်လိမ့်မယ်။"

ပိုင်ရှင်းယွီမှာ "တပ်မှုး" ဆိုသည့် အသံကြားတာနှင့် ကြက်သီးများပင် ထလာပြီး အင်္ကျီနှင့် ဖိနပ် အမြန်ကောက်ဝတ်၊ စွပ်ကာ နောက်ဆုံးတွင် တပ်သားသစ်များနှင့်အတူ အောက်ထပ်သို့ ဆင်းလိုက်သွားသည်။

ရွှီချောင်က တပ်ကုတ်အင်္ကျီ ဝတ်ထားပြီး သူတို့အား အထင်သေးသလို ကြည့်ကာ ကျစ်နှစ်ချက် သပ်လိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now