ပိုင်ရှင်းယွီနှင့်အတူ လိုက်လာပေးသည့် ချန်းလျန်ပါ အချိန်အတော်ကြာ မကျေမနပ် ညည်းညူနေတော့သည်။ ဖန်းသုန့်ယွမ် သူတို့ကို နှစ်သိမ့်ပေးကာ ပြောလိုက်သည်။

"ငါက မနေ့က မင်းတို့ နားနေတုန်း အိမ်ကို ဖုန်းသွားခေါ်လိုက်တာ၊ အာ့တုန်းကတော့ လူနည်းနည်းလေးပဲ ရှိတာ။စိတ်မပူနဲ့၊ မနက်ဖြန်ဆို လူအများကြီး ရှိနေတော့မှာ မဟုတ်ဘူး။"

ချန်းလျန် ပြောလိုက်သည်။ "သွားရအောင်၊ သွားရအောင်။ ဆေးလိပ်သောက်လို့ ရမယ့် နေရာ သွားရှာရအောင်။"

ပိုင်ရှင်းယွီလည်း စိတ်ပြန်တက်ကြွလာပြီး ပြောလိုက်သည်။

"သွားတာပေါ့၊ တစ်လိပ်လောက် သောက်ရအောင်။"

ဖန်းသုန့်ယွမ် ရယ်ကာ ပြောလိုက်သည်။ "မင်းတို့တွေက အခုထိ ဆေးလိပ်သောက်နေတုန်းလား။ ငါဖြင့် ဘယ်လိုသောက်ရမလဲတောင် မသိဘူး။"

"ငါ မင်းကို သင်ပေးမယ်လေ။"

ဖုန်းသုန့်ယွမ် ခေါင်းခါကာ ပြောလိုက်သည်။

"ငါ မသင်ချင်ဘူး။ ဆေးလိပ်သောက်တာ မင်းကျန်းမာရေးအတွက် မကောင်းဘူး။"

သူတို့က ဖုန်းသုန့်ယွမ်ကို ရှုခင်းထိုင်ကြည့်လို့ကောင်းသည့် အဆောက်အအုံငယ်နားကို ဆွဲခေါ်သွားလိုက်သည်။ ပိုင်ရှင်းယွီ ဆေးလိပ်ဘူးကို ထုတ်ကာ ချန်းလျန်ကို တစ်လိပ်ပေးလိုက်သည်။ ချန်းလျန် မျက်လုံးများ တောက်ပလာပြီးပြောလိုက်သည်။

"ဝေါင်း!! ငါ ဒီတံဆိပ် တစ်ခါမှ မမြင်ဖူးဘူး။ အင်္ဂလိပ် စာလုံးတွေကို ကြည့်ဦး။ တော်တော် စျေးကြီးမှာပဲ။"

"အဲ့ဒါ အင်္ဂလိပ်စာလုံးတွေ မဟုတ်ဘူး၊ ဒါ ဂျာမနီက ထုတ်တာ" ပိုင်ရှင်းယွီ အနည်းငယ် ဘဝင်ခိုက်နေသလို ပြောလိုက်သည်

"ငါ စမ်းသောက်ကြည့်ရမယ်။" ချန်းလျန် ဆေးလိပ်မီးကို ညှိကာ တစ်ဖွာ ရှူကြည့်ပြီး ပျော်ရွှင်နေသော မျက်နှာဖြင့်ပြောလိုက်သည်။

"Mmm, သောက်လို့ ကောင်းတယ်ဟ။"

ဖုန်းသုန့်ယွမ် ရယ်လိုက်သည်။ "အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘာကများ ကောင်းနေလို့လဲ။"

ပိုင်ရှင်းယွီ သူ့ကို တစ်လိပ် လှမ်းပေးပြီး ပြောလိုက်သည်။ "မသောက်ဘူးလား၊ တကယ်ကြီးလား။"

ဖုန်းသုန့်ယွမ် ခေါင်းခါပြလိုက်သည်။

ချန်းလျန် ပြောလိုက်သည်။ "သုန့်ယွမ်၊ မင်းကလေ တကယ်ကို လူရိုးကြီး။ မင်းက .. ဟိုလိုလေ .. ကျောင်းရဲ့ချီးကျူးခံ ထိပ်ဆုံး ကျောင်းသားများလား။"

ဖုန်းသုန့်ယွမ် အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ "တကယ်တော့ .. ငါက အခန်းခေါင်းဆောင်၊ ပြီးတော့ကျောင်းကောင်စီရဲ့ ဥက္ကဌလည်း ဟုတ်တယ်။"

"တကယ်လား! ဒါဆို မင်း အဆင့်ကောင်းကောင်းတွေ ရခဲ့မှာပဲ။"

ဖုန်းသုန့်ယွမ်မျက်နှာက အနည်းငယ် ဝမ်းနည်းသွားပုံပေါ်သည်။

"မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ငါ ဝင်ခွင့်စာမေးပွဲမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ငါသာ ကျောင်းရဲ့ ထိပ်ဆုံး (၃) ယောက် စာရင်းထဲ ဝင်ခဲ့ရင် ငါ ကျူရှင် အလကား တက်ခွင့်ရမှာ၊ ဒါပေမယ့် ငါ့အမှတ်က နည်းနည်းလိုသွားတယ်။"

ပိုင်ရှင်းယွီက ဘာဆိုဘာမှ စိတ်ရှုပ်စရာ မရှိသလို ဘဝကို နေထိုင်လာသူမို့ သူ ဖုန်းသုန့်ယွမ်၏ ဝမ်းနည်းမှုကို နားမလည်ပဲ အပူအပင် မရှိသလို ပုံစံဖြင့် ပြောလိုက်သည်။

"ကောလိပ်က ပျင်းစရာကြီးပါ။ မသွားနိုင်တော့လည်း ဘာဖြစ်လဲ။"

ချန်းလျန် သူ့ကို တံတောင်နှင့် တွတ်ထိုးပြီး သတိပေးတာတောင် ပိုင်ရှင်းယွီ သဘောမပေါက်ပဲ ပြန်မေးလိုက်သည်။"ဘာဖြစ်တာလဲ။"

ဖုန်းသုန့်ယွမ် သက်ပြင်းချပြီး ပြောလိုက်သည်။
"တပ်ထဲ နေရတာလည်း တစ်မျိုးတော့ ကောင်းပါတယ်။ နောက်ကျရင် ငါတို့ လခ ရမှာလေ။"

"အိုး? လစာဆိုတာမျိုး ရှိတယ်ပေါ့။"

"မူတည်တာပေါ့၊ ငါသာ အရာခံဗိုလ်(တပ်ကြပ်) နေရာအထိ ရာထူးတိုးခံရရင် လစာရမှာ။ ငါလည်း တပ်ထဲမှာပိုက်ဆံ သိပ်သုံးဖြစ်မှာ မဟုတ်တော့ အိမ်ကို ပို့ပေးလို့ ရမယ်၊ ငါ့ညီမလေးလည်း ကျောင်းဆက်တက်ရဦးမယ်၊ ..." ဖုန်းသုန့်ယွမ် သူ့ဘာသာ ရေရွတ်နေတော့သည်။

ပိုင်ရှင်းယွီ ဒီတစ်ခါတော့ တစ်ခုခု သဘောပေါက်သွားသလိုနှင့် နုံနုံအအဖြင့် မေးလိုက်သည်။

"မင်းမိသားစုက ဆင်းရဲတာလား။"

ချန်းလျန် သည်းမခံနိုင်တော့ပဲ သူ ပိုင်ရှင်းယွီကို မျက်လုံးနှင့် အချက်ပြနေမိသည်။

"ရှင်းယွီရေ"

ဖုန်းသုန့်ယွမ် ပြုံးပြီး ပြောလိုက်သည်။ "ရပါတယ်ကွာ။ ဒါ ရှက်စရာ မဟုတ်ပါဘူး။ ငါ့မိသားစု စီးပွါးရေးအခြေအနေက သိပ်မကောင်းဘူး။"

ပိုင်ရှင်းယွီ စဉ်းစားခြင်းမရှိ တန်းပြောလိုက်သည်။
"ငါ မင်းကို ပိုက်ဆံပေးမယ်လေ။ မင်း ဘယ်လောက်လိုလဲ၊ ငါလည်း အခုလောလောဆယ် အများကြီး သုံးနိုင်သေးတာမှ မဟုတ်တာ။"

ဖုန်းသုန့်ယွမ် တောင့်တင်းသွားပြီး ပြောလိုက်သည်။
"မဟုတ်တာ၊ ငါ မလိုပါဘူး။ ငါ့မှာ စားဖို့ ဝတ်ဖို့အတွက်တော့ ပိုက်ဆံ အလုံအလောက် ရှိပါတယ်။"

ပိုင်ရှင်းယွီကတော့ သဘောထားကြီးစွာ ဆက်ပြောနေသည်။ "အိုက်ရား၊ မင်းညီမ ကျောင်း ဆက်တက်ရဦးမှာမလား။ ငါ့ကိုပြော၊ မင်း ဘယ်လောက်လိုလဲ။ ငါ့ကို မင်း ပြန်ပေးစရာ မလိုဘူး။"

ဖုန်းသုန့်ယွမ် ပါးများ အနည်းငယ် နီရဲလာပြီး ပြောလိုက်သည်။

"ငါ တကယ် မလိုပါဘူးကွာ။"

"မင်း ဘာလို့ အရမ်းအားနာနေတာလဲ။ ငါက ပြန်ပေးစရာ မလိုဘူးပြောတာ မင်း ငါ့ကို တကယ်ကြီး ပြန်ပေးစရာ မလိုဘူးဆိုတဲ့ သဘောပဲလေ။"

ပိုင်ရှင်းယွီ တွေးပုံမှာ ရိုးစင်းသည်။ ဒီဖုန်းသုန့်ယွမ်က သူ့အပေါ် ကောင်းသည်၊ သူ့လည်း ဖုန်းသုန့်ယွမ်အပေါ် ပြန်ကောင်းပေးချင်သည်။

ဖုန်းသုန့်ယွမ် မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"ငါ တကယ် မလိုဘူး။ မင်းတို့ ဆေးလိပ် ဆက်သောက်၊ ငါ အရင်သွားနှင့်မယ်။"

ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားလိုက်သည်။

"ဟေး .." ပိုင်ရှင်းယွီ သူ့အား စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်ပြီး ပြောလိုက်သည်။ "တကယ်ကြီးလားကွာ .."

ချန်းလျန် သူ့ကို မျက်မှောင်ကြုတ်ကြည့်ကာ သက်ပြင်းချလိုက်သည်။

ပိုင်ရှင်းယွီ သူ့ကို နားမလည်သလို ပြန်ကြည့်ပြီး -"ဘာဖြစ်တာလဲ။ မင်း ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။"

"ငါ ပြောမယ် .. မင်း စောက်ရမ်း တကိုယ်ကောင်းဆန်တဲ့ ကောင် မလား။"

ပိုင်ရှင်းယွီ မျက်လုံးများ ပြူးကျယ်လာသည်၊ သူ ဘာလို့ အငေါက်ခံလိုက်ရတာလည်းဆိုတာ တွေးမရပါ ဖြစ်သွားသည်။

"ဘာလို့လဲ၊ ငါ ဘာများ မှားပြောမိလို့လဲ။"

ချန်းလျန် သူ့ဆေးလိပ်မီးကို ငြှိမ်းလိုက်ပြီး - "မင်းမိသားစု ချမ်းသာတာ လူတိုင်းသိတယ်။ မင်းနဖူးမှာ စာရေးပြထားသလိုကို ဖြစ်နေပေမယ့် မင်း အဲ့အကြောင်းကို လိုက်ကြွားနေစရာတော့ မလိုဘူးလေ။ ဖုန်းသုန့်ယွမ်က အရမ်းရိုးသားတဲ့သူ၊ မင်း သူ့မာနကို အာ့လို သွားမစော်ကားသင့်ဘူး။"

ပိုင်ရှင်းယွီ ကြောင်အသွားပြီးမှ နားလည်သွားသလိုနှင့် ဒေါသတကြီး ထပြောတော့သည်။
"ဘယ်သူက ကြွားနေလို့လဲ!! ငါက သူ့ကို စိတ်ရင်းနဲ့ ကူညီဖို့ ကြိုးစားနေတာ၊ မင်း ကျောင်းလခပေးဖို့ မတတ်နိုင်တဲ့အထိတောင် ဆင်းရဲနေရင် ဘာမာနများ ရှိဖို့ လိုမှာလဲ။ ရင့်ကျက်စမ်းပါ။"

ချန်းလျန် ဒေါသထွက်လွန်းတာမို့ ပိုင်ရှင်းယွီကို လက်ညိုးထိုးအား စိုက်ကြည့်နေပြီးမှ အချည်းနှီးပဲ ဖြစ်မည်ဆိုသည့် ပုံစံဖြင့် လက်ကိုပြန်ချပြီး သူပါ ထထွက်သွားလိုက်တော့သည်။

ရှုခင်းသာ အဆောက်အအုံငယ်နားတွင် ပိုင်ရှင်းယွီ တစ်ယောက်တည်းသာ ကျန်ခဲ့ပြီး သူ အချိန်တော်ကြာအောင် မလှုပ်မယှက် ထိုင်နေမိသည်။ သူ ဘာများ မှားပြောမိတာလဲဆိုတာ စဉ်းစားစရ။

'သူ စေတနာကောင်းနှင့် ပြောလိုက်တာဆိုပေမယ့် တစ်ဖက်လူက စော်ကားခံလိုက်ရတယ်တဲ့။ ဒါက ဘာ သဘောလဲ။ စစ်တပ်ထဲက ယောက်ျားတွေ အကုန်လုံးက ယွီဖုန်းချန်လို စိတ်မမှန်တဲ့ ကောင်တွေပဲလား။'

သူ ပေါက်ကွဲထွက်တော့မလို ခံစားလာရတာမို့ ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ် ဆက်သောက်နေမိတော့သည်။

'ဒီနေ့က သူ စစ်တပ်ထဲတွင် ကျင်လည်ရမယ့် ပထမဆုံး နေ့ မဟုတ်လား။ တစ်လောကလုံးက သူကို ဆန့်ကျင်နေကြပြီ။ ပထမဆုံးနေ့တဲ့ .. မဟုတ်သေးဘူး၊ ဒါက နေ့တစ်ဝက်တောင် မရှိသေးဘူး!!'

ပိုင်ရှင်းယွီ နားချိန်က တစ်နာရီတည်း ဆိုတာကို ရုတ်တရက် သတိရသွားသည်။ ထိုတစ်နာရီအတွင်းမှာ နေ့လည်စာစားဖို့ လိုင်းထပ်စီရပြီး စားရဖို့အတွက်လည်း ကဗျာကို ဆိုပြရဦးမည်။

'သောက်ရေးမပါတဲ့ နေရာပဲ!'

သူ အဆောင်ကို ပြန်ရောက်ချိန်တွင် လူတိုင်း ရှိနေသေးသည်၊ သူ မနောက်ကျ။ သူ တမင်ကို ဖုန်းသုန့်ယွမ် ဘေးမတ်တပ်ရပ်ကာ မလုံမလဲ အပြစ်လုပ်ထားမိသလို ပုံစံနှင့် ကြည့်နေလိုက်သည်။

ဖုန်းသုန့်ယွမ်က သူ့ကို ပြုံးရုံသာ ပြုံးပြပြီး တစ်ဖက်သို့ လှည့်သွားတာမို့ ပိုင်ရှင်းယွီ ပိုပြီး စိတ်ဓာတ်ကျလာတော့သည်။

သူတို့အကုန် ကန်တင်းကို စီတန်းသွားလိုက်ကြပြီး စားမည့် အစားအစာများ ယူပြီးချိန်မှာတော့ မနက်ကလိုပဲ ကဗျာဆိုလိုက်ကြပြီး၊ ထို့နောက်တွင်မှ သူတို့အကုန် ထမင်း စစားကြတော့သည်။

ပိုင်ရှင်းယွီ ယွီဖုန်းချန် ထိုင်မည့်အချိန်ကို စောင့်နေပြီး သူနှင့် အလှမ်းဝေးသည့် စားပွဲတစ်ခုကို ရွေးထိုင်လိုက်သည်။သို့သော် ထိုသဘောမှာ သူ့တပ်စု တစ်စုလုံးနှင့် ခွဲကွာသွားခြင်းကို ဆိုလိုသည်။ ထမင်း တစ်လုတ်နှစ်လုတ် စားပြီးနောက် ပိုင်ရှင်းယွီ ယွီဖုန်းချန်တို့ စားပွဲကို ခိုးကြည့်လိုက်သည်။ ချန်းလျန်နှင့် ယွီဖုန်းချန် နှစ်ယောက်ကလည်း ထိုစားပွဲမှာ ရှိနေကြပြီး ရယ်လိုက်မောလိုက်နှင့် စကားပြောနေကြသည်။ သူ အာ့ကိစ္စနှင့် ပတ်သတ်ပြီး သိပ်မပျော်။

ပိုင်ရှင်းယွီ စားရင်း စားရင်းနှင့် ဝမ်းနည်းလာသည်။ သူ့မှာ စကားပြောစရာ လူလည်း မရှိတာမို့ အထီးလည်း ကျန်သည်။ လူဆိုတဲ့ အမျိုးက အစုအဝေးနှင့် နေတဲ့ သတ္တဝါမျိုးဖြစ်ပြီး တစ်ယောက်တည်း ဖြစ်သွားသည့်ဒဏ်ကို မခံနိုင်ကြ။ အထူးသဖြင့် ပိုင်ရှင်းယွီလို အပေါင်းအသင်းမက်ကာ ကြီးလာသူဆို ပို၍ ဆိုးသည်။ သူ တစ်ယောက်တည်းဖြစ်ရသည့် ဒဏ်ကို မခံနိုင်။ သူ စားနေရင်းနှင့် ချန်းလျန်နှင့် ဖုန်းသုန့်ယွမ်ကို အနည်းငယ် လွမ်းလာပြီး သူ တကယ်ပဲ မပြောသင့်တာ ပြောမိတာလားဟု တွေးမိတော့သည်။

ဒါပေမယ့် သူ တကယ် ကောင်းသော သဘောနှင့် ပြောခဲ့တာပါ ..

နေ့လည်စာ မြန်မြန်စားပြီးနောက် ပိုင်ရှင်းယွီ အဆောင်ကို တစ်ယောက်တည်း ပြန်သွားလိုက်ပြီး အိပ်ယာပေါ် ပစ်လှဲကာ မျက်လုံးမှိတ်ထားရင်း သူ အိမ်မှာ ရှိနေသလို စိတ်ကူးယဉ်လိုက်ပေမယ့် သူ့အောက်မှ မာကျောနေတဲ့ သစ်သားပြားက လက်ရှိအခြေအနေကို ပြန်အမှတ်ရစေတော့သည်။

အဆောင်မှ လူများကလည်း တစ်ယောက်ပြီး တစ်ယောက်၊ နှစ်ယောက်တွဲ၊ သုံးယောက်တွဲဆီဖြင့် စကားတပြောပြောဖြင့် ဝင်လာကြသည်။ သူတို့မှာ သူတို့ ပထမဆုံးနေ့အကြောင်းနှင့် ပတ်သတ်ပြီး ပြောစရာ အသစ်အဆန်းများနှင့် စိတ်ဝင်စားစရာများ အများအပြား ရှိပုံပင်။

ပိုင်ရှင်းယွီ သူ့အိပ်ယာဘေးတွင် လှုပ်ရှားသံများ ကြားလိုက်ရတာမို့ မျက်လုံးဖွင့်ကြည့်ချိန် ယွီဖုန်းချန် ပြန်ရောက်လာပြီး သူ့အား လှောင်ပြုံး တစ်ခုဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ တစ်ဖက်ပြန်လှည့်ပြီး ယွီဖုန်းချန်ကို နောက်ကျောပေးကာ ဆက်အိပ်နေလိုက်သည်။

ယွီဖုန်းချန်ကတော့ ခပ်တည်တည် အိပ်ယာပေါ် တက်လာပြီး သူ့ဒူးကို ပိုင်ရှင်းယွီ ခန္ဓာကိုယ်နား ဖိချထားပြီး ပြောလိုက်သည်။

"ဟေး၊ ထစမ်း။"

ပိုင်ရှင်းယွီ စောင်ကို ခေါင်းအထိ ခြုံချလိုက်ပြီး လက်တွေ့ဘဝမှ ထွက်ပြေးဖို့ ကြိုးစားနေလိုက်သည်။

ယွီဖုန်းချန် စောင်ကို ဆွဲလုပြီး ပိုင်ရှင်းယွီမျက်နှာကို အတင်းဆွဲလှည့်ကာ သူ့ကို ကြည့်စေပြီး လူယုတ်မာပြုံး ပြုံးကာ ပြောလိုက်သည်။

"မင်းကိုယ်မင်း အသက်ရှုကြပ်အောင် လုပ်ချင်နေတာလား။"

ပိုင်ရှင်းယွီ သတိတကြီးဖြင့် ပြောလိုက်သည်။ "မင်း ဘာလိုချင်တာလဲ။"

ယွီဖုန်းချန် သူ့အား လက်ညိုးထိုးပြီး ပြောလိုက်သည်။

"မင်း ဘယ်သူ့အိပ်ယာပေါ် အိပ်နေတာလဲ မသိဘူးလား။"

ပိုင်ရှင်းယွီ တောင့်တင်းသွားပြီး ထထိုင်လိုက်သည်။ အိပ်ယာအကုန်လုံးက ဆင်တူဖြစ်နေတာမို့ သူ တကယ် သတိမထားမိခဲ့။ သူ စိတ်ပါသည့် နေရာတွင် လှဲချလိုက်ရုံသာ။ သူ နံရံမှ စပြီးရေလိုက်သည်၊ ဒါက ကုတင် ငါးခုမြောက်ဆိုတော့ .. Fk! သူ ဂြိုလ်မွှေကောင် "ယွီ" အိပ်ယာမှာ အိပ်နေမိတာပဲ!

သူ ထရပ်တော့မလို လုပ်ချိန်မှာပဲ ယွီဖုန်းချန် သူ့ပခုံးများကို ဖိထားပြီး ကုတင်ကို လက်ညိုးထိုးပြကာ - "မင်း ဖိနပ်တောင် မချွတ်ပဲ တက်အိပ်တာ ငါ့အိပ်ရာ ညစ်ပတ်သွားပြီ။ မင်းက ဒီတိုင်း ထပြန်တော့မယ်ပေါ့။"

သူ့ဘေးမှ တပ်သား တစ်ယောက်က ကျိတ်ရယ်သည်။ "မင်းအတွေးတွေ ဘယ်တွေများ ရောက်နေတာလဲ။ သူများအိပ်ယာကိုတောင် မှားတက်အိပ်ရတယ်လို့။"

ယွီဖုန်းချန် ပိုင်ရှင်းယွီ နား အနား တိုးညှင်းစွာ ပြောလိုက်သည်။
"ငါ့အိပ်ယာပေါ် တက်ဖို့ မစောင့်နိုင်တွေ ဖြစ်နေတာ မင်း တစ်ခုခုကိုများ အချက်ပြချင်နေတာလား။"

ပိုင်ရှင်းယွီ ပြတ်ပြတ်ပဲ ပြောလိုက်သည်။ "သောက်ရေးမပါတာ၊ ငါ ဂရုမစိုက်မိလို့ ဖြစ်တာ၊ မဟုတ်တာတွေ တွေးမနေနဲ့။"

ယွီဖုန်းချန် ရယ်ပြီး ပြောလိုက်သည်။ "ငါက ဘာတွေများ တွေးနေလို့လဲ။"

ပိုင်ရှင်းယွီ သူ့ကိုယ်သူ နှစ်ကြိမ်လောက် ပါးကို ရိုက်ပစ်ချင်မိသည်။ ဒါ ပထမဆုံး သူ့အသိဉာဏ်ကို သူ ဒေါသထွက်မိခြင်းပင်။ သူ ရှောင်ပြောသင့်ပေမယ့် သူကိုယ်တိုင် အာ့အကြောင်းကို အစဖော်မိသွားသည်။ သူ ဘာလို့များ အာ့လောက် တုံးအရတာလဲ!?

ပိုင်ရှင်းယွီ သူ့ဖိနပ်ကြောင့် ညစ်ပတ်သွားသည့် နေရာလေးကို လက်ဖြင့် ပွတ်ပေးလိုက်သည်။ အစကတည်းက ထိုနေရာလေးက အရမ်းညစ်ပတ်နေတာ မဟုတ်။ သို့ပေမယ့် ယွီဖုန်းချန် သူ့ကို လွယ်လွယ်နှင့် အလွတ်ပေးမှာ မဟုတ်ပေ။

"မဟုတ်ရင်လည်း .. ငါ့ကုတင်အခင်း မင်းကို ပေးမယ်လေ။"

ယွီဖုန်းချန် မျက်ခုံးပင့်လိုက်သည်။ "ဘယ်သူက မင်းအခင်း လိုချင်နေလို့လဲ။"

ပိုင်ရှင်းယွီ ငိုသံပါဖြင့် ပြောလိုက်သည်။ "အာ့တော့ မင်းက ဘာလိုချင်တာလဲ။"

ယွီဖုန်းချန် ရယ်လိုက်သည်။ "မင်း ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။ ငါ မင်းကို ကိုက်စားမှာလည်း မဟုတ်ဘူး။"

"စားမှာ"ဆိုသည့် စာလုံးက စနောက်မှုများနှင့် ပြည့်နေသလို ခံစားရတာမို့ ပိုင်ရှင်းယွီ မျက်နှာ ပုတ်သိုးလာတော့သည်။

ယွီဖုန်းချန် သူ့ကို ကုတင်ပေါ်မှ ဆွဲချကာ ပြောလိုက်သည်။

"ငါ့ကို ဆေးလိပ် တစ်လိပ်ပဲ ပေး၊ ပြီးရင် မင်း သွားလို့ရပြီ။"

ပြီးသည်နှင့် ပြန်ဖြေတာကိုတောင် မစောင့်ပဲ သူ ပိုင်ရှင်းယွီကို အပြင်ခေါ်ထုတ်သွားလိုက်သည်။

ယွီဖုန်းချန် သူ့အား စခန်းရဲ့ လူအလာနည်းသည့် ထောင့်တစ်ခုကို ဆွဲခေါ်သွားလိုက်သည်။ ပိုင်ရှင်းယွီလည်း ဘေးဘီမှာ လူမရှိတာ တွေ့တာမို့ ထွက်ပြေးဖို့ ပြင်လိုက်ပေမယ့် ယွီဖုန်းချန် သူ့အား ဖမ်းချုပ်ထားလိုက်သည်။

"ငြိမ်ငြိမ်နေစမ်းပါ။ ငါ မင်းကို ဒီနေရာမှာ လုပ်မယ် ထင်နေတာလား။"

ပိုင်ရှင်းယွီ သူ့အား တုန်တုန်ယင်ယင်နှင့် ကြည့်လိုက်သည်။ မဖြစ်နိုင်ဘူးဟု သေချာနေသည်မှာ မရှိဟု သူ တွေးနေမိသည်။

ယွီဖုန်းချန် လက်ဖြန့်လိုက်သည်။ "ဆေးလိပ်"

ပိုင်ရှင်းယွီ သူ့အိပ်ကပ်ထဲမှ ဆေးလိပ်တွေကို ထုတ်ပြီး ပေးလိုက်သည်။

ယွီဖုန်းချန် ထိုအရာကို ကြည့်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

"ဟေး, မင်း ဘာတွေ လုပ်နေတာလဲကွ!!" သူ့တွင် ဆေးလိပ်ကောင်းများ အနည်းငယ်သာ ပါလာသည်။ စခန်းမှာရောင်းသည့် ဆေးလိပ်တွေကလည်း သေချာပေါက် အမျိုးအစားကောင်းထဲတွင် ပါမှာ မဟုတ်တာမို့ သူ သိမ်းထားမလို့ လုပ်နေခဲ့တာ!!

ယွီဖုန်းချန် သူ့လက််မှ ဖုန်များကို ခါလိုက်ပြီး - "မင်း လော့ကာထဲက ဆေးလိပ်တွေလည်း အကုန် ငါ့အပိုင်ပဲ။ ဒီနေ့ကစပြီး ဆေးလိပ် ထပ်မသောက်ရဘူး။ မင်း ထပ်သောက်တာ တွေ့တာနဲ့ မင်းကို ရိုက်မယ်၊ နားလည်လား။"

"ဘယ်သူက မင်းကို အဲ့အခွင့်အရေး ပေးလိုက်တာလဲ!! ငါ့ဘာသာ ဆေးလိပ်သောက်တာကို မင်းက ထိန်းချုပ်ချင်နေတယ်!! ဒါ ဥပဒေကို ဆန့်ကျင်တာပဲ။"

ယွီဖုန်းချန်က သူ မှန်နေသလို ပြန်ပြောလာသည်။

"ငါ့လူဖြစ်နေတဲ့ သူဆီမှာ ဆေးလိပ်နံ့ရတာ မကြိုက်ဘူး။ အကျင့်ပြင်လိုက်၊"

ပိုင်းရှင်းယွီ မျက်နှာ နီရဲလာတော့ဘူး။ "ဘ ..ဘယ် .. ဘယ်သူက မင်းလူ တဲ့လဲ။" သူ ဒေါသဖြင့် စကားပါ ထစ်သွားသည်။

ယွီဖုန်းချန် သူ့မေးစေ့ကို ဆွဲညှစ်ပြီး ပြောလိုက်သည်။
"မကြာခင်ပေါ့။ ငါ မင်းကို ပြောတာပဲ။ မင်း ဒီမှာ ဆက်ရှိနေမယ်ဆို မကြာခင် အချိန်အတွင်းမှာပဲ မင်း မေ့လဲသွားတဲ့အထိ fuckမှာ။ ငါက ပြောရင် ပြောတဲ့အတိုင်း တကယ် လုပ်တယ်။"

ပိုင်ရှင်းယွီ အရမ်းနစ်နာသွားသလို ခံစားရပြီး ရန်မူစွာ ပြောလိုက်သည်။
"ငါကကော ဒီမှာ ဆက်နေချင်တယ်လို့ မင်း ထင်နေတာလား။ ငါ လူတိုင်းထက်တောင် ဒီနေရာက ထွက်သွားချင်သေးတယ်။ ဒါပေမယ့် ငါ ထွက်သွားလို့ ရလား။ ငါ့အစ်ကိုကလည်း ငါ့ကို လုံးဝ ဂရုမစိုက်တော့ဘူး ..."

ပြောနေရင်းဖြင့် သူ့အသံက ခံစားချက်များဖြင့် စို့နင့်လာတော့သည်။

ယွီဖုန်းချန် သူ့ပါးကို ပုတ်ပြီး ပြုံးလိုက်သည်။ "အဲ့ဒါကတော့ မတတ်နိုင်ဘူးလေ။ ဆေးလိပ်ဖြတ်၊ နားလည်လား။"

ပိုင်ရှင်းယွီ မကျေနပ်သလို သူ့အား ကြည့်လိုက်သည်။

ယွီဖုန်းချန် အမိန့်ပေးသံဖြင့် ပြောလာသည်။
"မင်း နားလည်လား။"

ပိုင်ရှင်းယွီ မကျေမနပ်နှင့် ခေါင်းညိတ်ပြလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now