ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၅၀)

114 12 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅) ပြီးပါပြီ

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၅၀) : နောက်ဆုံးသော ရုန်းကန်မှု

လီကျွင်းက သူ့စိတ်အာရုံ ရုပ်လွှာနှင့် စွမ်းအားအပြည့် ပြသပြီးသည့်နောက်တွင် ကမ္ဘာဆီမှ ပြင်းထန်သည့် တွန်းကန်မှုမျိုးကို ခံစားလိုက်ရသည်။ သူ့စွမ်းအားက ထိုကမ္ဘာ၏ ကန့်သတ်ချက်ကို ကျော်လွန်နေမှန်း သိလိုက်၏။

ကံကောင်းစွာဖြင့် သူက ဤကမ္ဘာ၏ ကောင်းကင်တာအိုကို လျစ်လျူရှုထားနိုင်လောက်အောင် အားကောင်းလှသည်။ သို့သော်လည်း သူက စွမ်းအားအများကြီး သုံးမိလျှင် တစ်ကမ္ဘာလုံး ပျက်စီးသွားနိုင်သောကြောင့် သတိထားဖို့ ဆုံးဖြတ်လိုက်သည်။

လီကျွင်းက သူ့အဖွဲ့မှ တခြားလူများအား ကြည့်လိုက်သည်။ သူက တခြားသုံးယောက်အား လက်ဟန်ပြကာ နတ်ဘုရားနှင့် ဘီလူးတပ်ဖွဲ့အား ဖိနှိပ်ထားဖို့ အချက်ပြလိုက်သည်။ သို့သော်လည်း သူတို့က ထိုလူများကို လက်လွတ်စပယ် သတ်ဖြတ်ဖို့ မဟုတ်ပေ။

ပြောရလျှင် သူတို့ကို မလှုပ်မယှက် ဖြစ်ပြီး စွမ်းအားစည်းပိတ်ရုံမျှသာ ဖြစ်၏။ ထိုလူများသည် ဤစစ်ပွဲအတွင်း အမြောက်စာသာ ဖြစ်၏။ ယခု သူက အထွတ်အထိပ် နတ်ဘုရားများနှင့် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၍ လီကျွင်းက သူတို့တွင် ယုံကြည်ကိုးကွယ်သူအဖြစ် တန်ဖိုးရှိနေသည့်အတွက် ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်သည်။

အထွတ်အထိပ် နတ်ဘုရားများက ကျရှုံးသွားလျှင် သို့မဟုတ် သူတို့၏ ပူးပေါင်းမှုကို အသိအမှတ်ပြုလျှင် ထိုလူများက ငြင်းဆန်နေမည် မဟုတ်ပေ။

အရာအားလုံး အဆင်ပြေနေသည်ကို မြင်ပြီးနောက် လီကျွင်းက တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသောကြောင့် အထွတ်အထိပ် နတ်ဘုရားများအား ခဏတာမျှ သွေးများ ရပ်တန့်သွားသလို ခံစားလိုက်ရစေသည်။

သူတို့က ဤလူသည် ဒီလိုမျိုး ကြောက်စရာကောင်းသည့် သတ်ဖြတ်ငွေ့မျိုး ရှိနေအောင် လူမည်မျှ သတ်ခဲ့သည်ကို တွေးကြည့်နေလေ၏။ သို့သော်လည်း ထိုအရှိန်အဝါက မည်မျှသန့်စင်ကြောင်း သတိထားမိသည့်အခါ ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။

သတ်ဖြတ်ရေး၏ အစစ်အမှန် အနှစ်သာရကို နားလည်ထားသည့်သူ တစ်ဦးသာ ထိုသို့သော အငွေ့အသက်မျိုး ရှိနိုင်လေသည်။ ထိုအရာက ထိုလူသည် သတ်ဖြတ်ရေး စိတ်ဆန္ဒကို နားလည်ဖို့အတွက် လျှောက်ကာ သတ်ဖြတ်နေသည့် လူထက် ပို၍ ကြောက်စရာကောင်းကြောင်း ပြသနေ၏။

လီကျွင်းက ချက်ချင်းဆိုသလို သူ့သတ်ဖြတ်ရေးတာအိုမှ ဖန်တီးထားသည့် ကျဆုံးခြင်းအော်သံကို ထုတ်ဖော်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာလေ၏။ ထို့နောက် နတ်ဘုရားများက ခေါင်းကို ကိုင်ကာ နာနာကျင်ကျင် အော်ညည်းလိုက်ရပြီး တချို့က ညည်းညူနေကြသည်။ အားလုံးက နောက်ဆုံးသော အငွေ့အသက်ကို ရှူရှိုက်လိုက်ရသောသူများ၏ သေဆုံးမှုအသံကို ကြားယောင်နေရ၏။

ထိုအရာထဲတွင် ဝမ်းနည်းမှု၊ စိတ်ပျက်လက်ပျက် ငိုကြွေးမှု၊ နာကျင်စွာ အော်ညည်းမှု၊ စိတ်သက်သာရာရသွားမှု၊ ဝမ်းနည်းပက်လက်ဖြစ်မှုနှင့် မလိုလားသည့် ငိုကြွေးမှုများ ပါဝင်နေသည်။

ထိုအထွတ်အထိပ် နတ်ဘုရားများအတွက် သူတို့က ကောင်းကင်အသင်္ချေကမ္ဘာများတစ်ဝှမ်းတစ်ခုလုံးတွင် သေဆုံးခဲ့သည့် လူအားလုံး၏ အသံကို ကြားယောင်နေရသလိုမျိုး ဖြစ်နေသည်။ အဆိုးဘက် အခြေအနေနှင့် ပြင်းထန်သော စိတ်ခံစားချက်တို့က သူတို့၏ ဝိညာဉ်ကို အုပ်လွှမ်းသွားလေသည်။

ထို့ကြောင့် သူတို့က စည်းမျဉ်းများနှင့် သူတို့ကိုယ်သူတို့ ကာကွယ်ထားလိုက်ရသည်။ အားလုံးထဲတွင် ဝိညာဉ်နတ်ဘုရားမှလွဲ၍ အောင်မြင်ကြလေသည်။ ဝိညာဉ်စည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းဖြင့် သူက ထိုတိုက်ကွက်အပေါ် သက်ရောက်ခံရမှု အနည်းဆုံးလူ ဖြစ်သင့်လေသည်။ သို့သော် သူ့အတွက် ကံဆိုးသည်က ထိုတိုက်ကွက်က သူ့အား ဦးတည်နေသည့်အတွက် အပြင်းထန်ဆုံး ထိခိုက်မှုကို ခံစားလိုက်ရသည်။

ဝိညာဉ်နတ်ဘုရားက သူ့ဝိညာဉ်သည် ထိုအော်သံများကြား ဆွဲငင်သွားသလို ခံစားလိုက်ရ၏။ ထိုလူများစွာသည် သူ့အား ပင်လယ်နက်ထဲသို့ ဆွဲချနေသလို ခံစားနေရသည်။ သူက ဝိညာဉ်ဒိုင်းကာကို အသုံးချကာ ကာကွယ်လိုသော်လည်း အသုံးမဝင်ခဲ့ပေ။

ဝိညာဉ်နတ်ဘုရားဆီမှ စိတ်ပျက်လက်ပျက် အငွေ့အသက် ထွက်ပေါ်လာသည်။ ထိုသို့သော စိတ်ခံစားချက် သူ့ဆီမှ ထွက်ပေါ်လာသည်နှင့် တိုက်ကွက်က ချက်ချင်းဆိုသလို ပို၍အားကောင်းလာလေသည်။ အသံများက ပို၍ကျယ်လောင်လာသည်။

ဝုန်း..

သူ့ဝိညာဉ်က ပေါက်ကွဲထွက်သွားလေသည်။ ဝိညာဉ်နတ်ဘုရားက အသတ်ခံလိုက်ရလေပြီ။

" တစ်ယောက်တော့သွားပြီ။ ၁၂ ယောက်ပဲ ကျန်တော့တယ်" လီကျွင်းက ပြောလိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်း သူက ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်လိုက်သည်။ တခြားသူများက သူ့တိုက်ကွက်ကို ရပ်တန့်နိုင်လိုက်ကြသော်လည်း သူတို့၏ အသားအရည် ဖြူဖျော့နေသည်ကို ကြည့်၍ လွယ်ကူသည့် ဖြစ်စဉ်မဟုတ်ကြောင်း ပြသနေလေသည်။

လီကျွင်းက သူ့လှံကို ဆွဲကိုင်လိုက်သည့်အခါ ထိုကျန်ရှိနေသော အထွတ်အထိပ် နတ်ဘုရားများထံ ဧရာမပုံရိပ်ကြီးတစ်ခု တိုးဝင်သွားသည်။

" မဖြစ်ဘူး။ တားကြ" ကြမ္မာနတ်ဘုရားမက အော်ပြောလိုက်သည်။ ကံဆိုးစွာဖြင့် မည်သူကမှ သူမ၏ ဆိုလိုရင်းကို နားမလည်သလို သူမကလည်း ရှင်းပြနေဖို့ အချိန်မလုံလောက်ခဲ့ပေ။

လှံက အလွန်မြန်ဆန်လွန်းလှသည်။

ထူးဆန်းစွာဖြင့် ထိုအရာက တခြားသူများ စိတ်ကူးထားသလို အားမကောင်းဘဲ အလွယ်တကူ ရပ်တန့်နိုင်ကြသည်။ သို့သော်လည်း သူတို့က သိပ်မကြာခင် တကယ့်အကြောင်းအရင်းနှင့် ကြမ္မာနတ်ဘုရားမ၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားလေသည်။

အထွတ်အထိပ် နတ်ဘုရားများက ထိုလှံကို တားဆီးနိုင်လိုက်သော်လည်း သူတို့က အဖွဲ့ကွဲသွားလေသည်။ လီကျွင်း လိုချင်သည့် ပုံစံအတိုင်း အတိအကျ ဖြစ်၏။ သူ့လှံကို နောက်ထပ် ဝှေ့ယမ်းလိုက်သည့်အခါ လေထဲတွင် နောက်ထပ် လက်နက်များစွာ ဖြစ်ပေါ်လာကာ နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ကို ဝန်းရံထားလိုက်သည်။ ဤအဖွဲ့တွင် နတ်ဘုရား ၆ ယောက်ပါရှိပြီး ရှင်သန်ခြင်း နတ်ဘုရားမ၊ ကြမ္မာနတ်ဘုရားမ၊ စစ်နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရား၊ အမိန့်မှာတမ်း နတ်ဘုရားနှင့် အလင်းနတ်ဘုရားတို့ ပါရှိသည်။

ထိုလူများက အဖွဲ့ပြန်ဖွဲ့ဖို့ ကြိုးစားလိုက်သည်နှင့် သူတို့ဝန်းကျင်ရှိ လက်နက်များက ကြယ်တာရာများကဲ့သို့ ကျဆင်းလာကာ တိုက်ခိုက်လေသည်။ ထိုလက်နက်များက အားကောင်းရုံသာမက ဖယ်ရှားဖို့အတွက် အလွန်ကို အခက်တွေ့အောင် လုပ်ထားသည်။

" ကောင်းပြီ။ အားအနည်းဆုံးကို အရင်ဆုံး ရှင်းပစ်ရအောင်" လီကျွင်းက အေးအေးဆေးဆေး ပြောလိုက်သည်။

သူက သတ်ဖြတ်ငွေ့အပြည့်ဖြင့် ရေနတ်ဘုရားဆီ ပြေးဝင်သွားလိုက်၏။ ထိုလူက ချက်ချင်းဆိုသလို သတိဝင်ကာ ပြန်လည်တိုက်ခိုက်လိုက်သည်။

ကောင်းကင်မှ မိုးက ရုတ်ချည်းဆိုသလို လီကျွင်းအပေါ် ကျရောက်လာလေသည်။ ပို၍ဆိုးသည်က မိုးစက်တစ်စက်ချင်းစီက အင်မတန် လေးလံလွန်းလှသည်။ လီကျွင်းကမူ စိတ်အေးလက်အေးဖြင့် သူ့အပေါ် ကျရောက်လာသည့် ရေစက်တိုင်းကို ဖယ်ရှားနေလေသည်။

ထိုအပြုအမူက ရေနတ်ဘုရားအား ကြောက်လန့်သွားစေသည်။ သူက ထိုရေစက်တစ်စက်တွင် တန်ပေါင်း သန်းတစ်ရာကျော် လေးကြောင်း သိလေသည်။ သို့သော် လီကျွင်းက သူတို့အား အလွယ်တကူ ဖယ်ရှားနိုင်လေ၏။ ထိုလူ၏ ခန္ဓာကိုယ်က မည်မျှအားကောင်းကြောင်း တွေးကြည့်နေမိသည်။

လီကျွင်းက သူ့အရှိန်ဖြင့် ရေနတ်ဘုရားရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။ သူက လှံဖြင့် ထိုးစိုက်လိုက်၏။

ရေနတ်ဘုရားက သူ့ခန္ဓာကိုယ်ကို ရေအဖြစ်ပြောင်းကာ ရှောင်ရှားလိုသော်လည်း အားကောင်းသည့် ဖိအားတစ်ခု ထွက်ပေါ်လာကာ သူ့အား မလှုပ်ရှားနိုင်အောင် ချုပ်ကိုင်ထားသည်။

လှံက ရေနတ်ဘုရား မျှော်လင့်ထားသည့်အတိုင်း ထိုးစိုက်မသွားဘဲ အသာသာ ထိသွားလေသည်။ ထို့နောက် သူ့သွေးများက မငြိမ်မသက် ဖြစ်လာသည်ကို ခံစားမိလိုက်၏။ သူက မတုံ့ပြန်နိုင်ခင် လှံထိပ်မှ ဝါးမျိုခြင်းစွမ်းအား ထွက်ပေါ်လာပြီး ရေနတ်ဘုရား၏ အသက်ဓာတ်နှင့် သွေးများကို ဝါးမျိုသွားလေသည်။

စက္ကန့်ပိုင်းလေးအတွင်း သူ့ခန္ဓာကိုယ်က မံမီကဲ့သို့ ခြောက်သွေ့သွားကာ သူ့ဝိညာဉ်၏ အသက်ဓာတ်ပင် စုပ်ယူခံလိုက်ရသည်။

" ၁၀ " လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားများက ကျန်ရှိနေသည့် အထွတ်အထိပ် နတ်ဘုရားများအား ကြက်သီးထသွားစေသည်။ သူတို့က လယ်တောထဲ အသတ်ခံရဖို့ စောင့်ဆိုင်းနေသည့် ကြက်၊ ငှက်လေးများလို ဖြစ်နေလေသည်။

လီကျွင်းက ပုံရိပ်ယောင် နတ်ဘုရားများဆီ အကြည့်ရောက်သွားလေသည်။ ထိုအကြည့်တစ်ချက်က သူမအား ကြောက်လန့်သွားစေသောကြောင့် နောက်ဆုတ်မိလိုက်သည်။

ထိုစက္ကန့်ပိုင်းအတွင်း လီကျွင်းအနေဖြင့် သူမသည် သူမရှေ့မှ အာကာပြင်ကို တားဆီးဖို့အတွက် ကောင်းကင်ဘုံဗိမာန်ကို အသုံးပြုနေခြင်းအား ရပ်တန့်မိလိုက်သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ထိုအခွင့်အရေးအား အရယူကာ သူမဆီ ချက်ချင်း နေရာပြောင်းရွှေ့လိုက်သည်။

ပုံရိပ်ယောင်နတ်ဘုရားမက အနည်းငယ် အံ့အားသင့်သွားသော်လည်း ဝါရင့် တိုက်ခိုက်သူ ဖြစ်၏။

သူမ၏ စိတ်နှလုံးသားမှ အကြောက်တရားကို ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် သူမက အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ လှံက သူမကို ထိုးဖောက်သွားသော်လည်း လေမှအပ ဖြတ်သန်းသွားခြင်း မရှိပေ။

သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် " ပုံရိပ်ယောင်ကို သတ်နိုင်လို့လား"

သူမက အားမကောင်းသော်လည်း သူမ၏ အသက်ရှင်သန်နိုင်စွမ်းအပေါ် ယုံကြည်ထားလေသည်။

" သတ်နိုင်တာပေါ့" လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက လှံကို ဝှေ့ယမ်းလိုက်သည့်အခါ သွေးများက ရေပန်းလိုမျိုး ပန်းထွက်သွားလေသည်။ ပုံရိပ်ယောင်နတ်ဘုရားမ၏ ဦးခေါင်းက တုန်လှုပ်အံ့အားသင့်မှုနှင့်အတူ အဖြစ်အပျက်ကို နားမလည်နိုင်သည့် အမူအရာနှင့် လွင့်ထွက်သွားလေသည်။

လီကျွင်းအတွက်မူ သူမအား တစ်ချက်ပင် လှည့်မကြည့်ပေ။ သူက သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံသူ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်အောက်တွင် သူ မသတ်နိုင်သည့် အရာ မရှိပေ။ အစစ်အမှန် ဖြစ်စေ သို့မဟုတ် အတုအယောင် ဖြစ်နေစေကာမူ သူ အလိုရှိသရွေ့ အားလုံးကို သတ်ဖြတ်နိုင်လေသည်။

" ၉" သူက ရေရွတ်လိုက်သည်။ ထို့နောက် သူက ၅ယောက်အဖွဲ့အား ကြည့်လိုက်သည်။ သူ့ အာရုံကို ဖမ်းစားသွားသည့် ပြင်းထန်သည့် အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။ သူက ကြည့်လိုက်သည့်အခါ ဖျက်ဆီးခြင်း နတ်ဘုရားရှေ့တွင် ထူးဆန်းသည့် သတ္တုမျက်လုံးတစ်ခု ပေါလောပေါ်နေသည်ကို မြင်လိုက်ရသည်။

" သူတော်စင်အဆင့် အသုံးအဆောင်ပစ္စည်းလား" ထိုမျက်လုံး၏ အငွေ့အသက်အပေါ် မူတည်၍ အနည်းဆုံး သူတော်စင်အဆင့် ဖြစ်မည်မှန်း ပြောလိုက်နိုင်သည်။ ထို့အပြင် ထိုပစ္စည်းပေါ်မှ ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအားကို ခံစားမိသည့်အတွက် ပိုင်ရှင်ဖြစ်ကြောင်း ပြသနေသည်။

" ဖျက်ဆီးခြင်း နတ်ဘုရားက ဒီကမ္ဘာကနေ ထွက်သွားဖူးတဲ့ပုံပဲ။ သူက ကံအပြောင်းအလဲ အခွင့်အရေးနဲ့တောင် တွေ့ခဲ့သေးတဲ့ပုံပဲ"

ထိုစကားများကို ရေရွတ်ပြီးသည့်နောက်တွင် လီကျွင်း၏ လက်ထဲ ဆေးပြင်းမီးဖိုတစ်လုံး ပေါ်ထွက်လာလေသည်။ သူက ထိုအရာကို ဝှေ့ယမ်းလိုက်သည့်အခါ အဖွဲ့ဆီ ပြေးဝင်သွားလေ၏။ ထိုအရာက သူတို့ဆီ ပျံသန်းလာရင်း တဖြည်းဖြည်း ကြီးမားလာသည်။

မီတာ ဒါဇင်ချီ ကြီးမားကျယ်ပြန့်လှပြီးနောက် အထွတ်အထိပ် နတ်ဘုရားများ အထက်တွင် ရပ်တန့်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ၅ယောက်သားက သူတို့သည် ရွှံ့နွံထဲ ရောက်ရှိသွားသလိုမျိုး ခံစားနေရ၏။ သူတို့၏ အပြုအမူများက အင်မတန် နှေးကွေးနေကာ လှုပ်ရှားဖို့အတွက် စွမ်းအားအမြောက်အများ လိုအပ်နေလေသည်။

လက်နက်အတားအဆီးကို ချိုးဖောက်ပြီးနောက် သိပ်မကြာခင် အဖွဲ့က တစ်ဖန် ပိတ်ဆို့ခံလိုက်ရပြန်သည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်ထဲမှ အသုံးအဆောင်ပစ္စည်းပင် ထိုဆေးပြင်းမီးဖိုနှင့် ရင်ဆိုင်နိုင်ရုံမျှသာ ဖြစ်ဟန်ပေါ်သည်။

သူတို့၏ အခြေအနေ လေးနက်မှုကို သိကာ အထွတ်အထိပ် နတ်ဘုရားများက သူတို့၏ လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ပြင်လိုက်သည်။ သူတို့က တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်နက်ထံ စည်းမျဉ်း၊ စွမ်းအားများနှင့် ဝိညာဉ်အထိပါ စွမ်းအားတိုးမြင့်ပေးကြသည်။

သူတို့အားလုံးက ဤလက်နက်သည်သာ သူတို့၏ ချုပ်နှောင်မှုကို လွတ်မြောက်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သိထားကြသည်။ လက်ရှိအခြေအနေအရ အပြင်လူများ၏ ခေါင်းဆောင်သည် ကျန်ရှိနေသော နတ်ဘုရားများကို ဖြေရှင်းပြီးသည်နှင့် သူတို့အလှည့် ကျရောက်လာမည်မှန်း အရူးပင် ပြောနိုင်လေသည်။

သူတို့အတွက် ကံဆိုးသည်က သိပ်မကြာခင် သူတို့၏ ရန်သူသည် လက်နက်များကို ထိန်းချုပ်သည်က သူတို့ထက် ပိုကောင်းကြောင်း သဘောပေါက်သွားလေသည်။ အကြောင်းမှာ ထိုမျက်လုံးက အင်အားမည်မျှတိုးလာစေကာမူ ဆေးပြင်းမီးဖိုက အင်အားတိုးနေဆဲ ဖြစ်၏။

နောက်ဆုံးတွင် ကြမ္မာနတ်ဘုရားမက တခြားငါးယောက်နှင့် ဝိညာဉ်မှ ဆက်သွယ်ကာ ပြောလိုက်သည် " တုံ့ဆိုင်းနေဖို့ အချိန်မရှိဘူး။ ငါတို့တွေ အစောင့်အရှောက် လုပ်ထုံးကို အသက်သွင်းဖို့ လိုအပ်လာပြီ"

**********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၅) ၿပီးပါၿပီ

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၅၀) : ေနာက္ဆုံးေသာ ႐ုန္းကန္မႈ

လီကြၽင္းက သူ႔စိတ္အာ႐ုံ ႐ုပ္လႊာႏွင့္ စြမ္းအားအျပည့္ ျပသၿပီးသည့္ေနာက္တြင္ ကမာၻဆီမွ ျပင္းထန္သည့္ တြန္းကန္မႈမ်ိဳးကို ခံစားလိုက္ရသည္။ သူ႔စြမ္းအားက ထိုကမာၻ၏ ကန႔္သတ္ခ်က္ကို ေက်ာ္လြန္ေနမွန္း သိလိုက္၏။

ကံေကာင္းစြာျဖင့္ သူက ဤကမာၻ၏ ေကာင္းကင္တာအိုကို လ်စ္လ်ဴရႈထားႏိုင္ေလာက္ေအာင္ အားေကာင္းလွသည္။ သို႔ေသာ္လည္း သူက စြမ္းအားအမ်ားႀကီး သုံးမိလွ်င္ တစ္ကမာၻလုံး ပ်က္စီးသြားႏိုင္ေသာေၾကာင့္ သတိထားဖို႔ ဆုံးျဖတ္လိုက္သည္။

လီကြၽင္းက သူ႔အဖြဲ႕မွ တျခားလူမ်ားအား ၾကည့္လိုက္သည္။ သူက တျခားသုံးေယာက္အား လက္ဟန္ျပကာ နတ္ဘုရားႏွင့္ ဘီလူးတပ္ဖြဲ႕အား ဖိႏွိပ္ထားဖို႔ အခ်က္ျပလိုက္သည္။ သို႔ေသာ္လည္း သူတို႔က ထိုလူမ်ားကို လက္လြတ္စပယ္ သတ္ျဖတ္ဖို႔ မဟုတ္ေပ။

ေျပာရလွ်င္ သူတို႔ကို မလႈပ္မယွက္ ျဖစ္ၿပီး စြမ္းအားစည္းပိတ္႐ုံမွ်သာ ျဖစ္၏။ ထိုလူမ်ားသည္ ဤစစ္ပြဲအတြင္း အေျမာက္စာသာ ျဖစ္၏။ ယခု သူက အထြတ္အထိပ္ နတ္ဘုရားမ်ားႏွင့္ ရင္ဆိုင္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္၍ လီကြၽင္းက သူတို႔တြင္ ယုံၾကည္ကိုးကြယ္သူအျဖစ္ တန္ဖိုးရွိေနသည့္အတြက္ ခ်မ္းသာေပးဖို႔ ဆုံးျဖတ္လိုက္သည္။

အထြတ္အထိပ္ နတ္ဘုရားမ်ားက က်ရႈံးသြားလွ်င္ သို႔မဟုတ္ သူတို႔၏ ပူးေပါင္းမႈကို အသိအမွတ္ျပဳလွ်င္ ထိုလူမ်ားက ျငင္းဆန္ေနမည္ မဟုတ္ေပ။

အရာအားလုံး အဆင္ေျပေနသည္ကို ျမင္ၿပီးေနာက္ လီကြၽင္းက တိုက္ပြဲကိုသာ အာ႐ုံစိုက္ထားလိုက္သည္။ သူ႔ခႏၶာကိုယ္မွ ျပင္းထန္သည့္ သတ္ျဖတ္ေငြ႕ ထြက္ေပၚလာေသာေၾကာင့္ အထြတ္အထိပ္ နတ္ဘုရားမ်ားအား ခဏတာမွ် ေသြးမ်ား ရပ္တန႔္သြားသလို ခံစားလိုက္ရေစသည္။

သူတို႔က ဤလူသည္ ဒီလိုမ်ိဳး ေၾကာက္စရာေကာင္းသည့္ သတ္ျဖတ္ေငြ႕မ်ိဳး ရွိေနေအာင္ လူမည္မွ် သတ္ခဲ့သည္ကို ေတြးၾကည့္ေနေလ၏။ သို႔ေသာ္လည္း ထိုအရွိန္အဝါက မည္မွ်သန႔္စင္ေၾကာင္း သတိထားမိသည့္အခါ ထိုအေတြးကို အလ်င္အျမန္ ဖယ္ရွားလိုက္သည္။

သတ္ျဖတ္ေရး၏ အစစ္အမွန္ အႏွစ္သာရကို နားလည္ထားသည့္သူ တစ္ဦးသာ ထိုသို႔ေသာ အေငြ႕အသက္မ်ိဳး ရွိႏိုင္ေလသည္။ ထိုအရာက ထိုလူသည္ သတ္ျဖတ္ေရး စိတ္ဆႏၵကို နားလည္ဖို႔အတြက္ ေလွ်ာက္ကာ သတ္ျဖတ္ေနသည့္ လူထက္ ပို၍ ေၾကာက္စရာေကာင္းေၾကာင္း ျပသေန၏။

လီကြၽင္းက ခ်က္ခ်င္းဆိုသလို သူ႔သတ္ျဖတ္ေရးတာအိုမွ ဖန္တီးထားသည့္ က်ဆုံးျခင္းေအာ္သံကို ထုတ္ေဖာ္လိုက္သည္။

သူ႔ခႏၶာကိုယ္မွ ထူးဆန္းသည့္ အသံမ်ား ထြက္ေပၚလာေလ၏။ ထို႔ေနာက္ နတ္ဘုရားမ်ားက ေခါင္းကို ကိုင္ကာ နာနာက်င္က်င္ ေအာ္ညည္းလိုက္ရၿပီး တခ်ိဳ႕က ညည္းညဴေနၾကသည္။ အားလုံးက ေနာက္ဆုံးေသာ အေငြ႕အသက္ကို ရႉရႈိက္လိုက္ရေသာသူမ်ား၏ ေသဆုံးမႈအသံကို ၾကားေယာင္ေနရ၏။

ထိုအရာထဲတြင္ ဝမ္းနည္းမႈ၊ စိတ္ပ်က္လက္ပ်က္ ငိုေႂကြးမႈ၊ နာက်င္စြာ ေအာ္ညည္းမႈ၊ စိတ္သက္သာရာရသြားမႈ၊ ဝမ္းနည္းပက္လက္ျဖစ္မႈႏွင့္ မလိုလားသည့္ ငိုေႂကြးမႈမ်ား ပါဝင္ေနသည္။

ထိုအထြတ္အထိပ္ နတ္ဘုရားမ်ားအတြက္ သူတို႔က ေကာင္းကင္အသေခ်ၤကမာၻမ်ားတစ္ဝွမ္းတစ္ခုလုံးတြင္ ေသဆုံးခဲ့သည့္ လူအားလုံး၏ အသံကို ၾကားေယာင္ေနရသလိုမ်ိဳး ျဖစ္ေနသည္။ အဆိုးဘက္ အေျခအေနႏွင့္ ျပင္းထန္ေသာ စိတ္ခံစားခ်က္တို႔က သူတို႔၏ ဝိညာဥ္ကို အုပ္လႊမ္းသြားေလသည္။

ထို႔ေၾကာင့္ သူတို႔က စည္းမ်ဥ္းမ်ားႏွင့္ သူတို႔ကိုယ္သူတို႔ ကာကြယ္ထားလိုက္ရသည္။ အားလုံးထဲတြင္ ဝိညာဥ္နတ္ဘုရားမွလြဲ၍ ေအာင္ျမင္ၾကေလသည္။ ဝိညာဥ္စည္းမ်ဥ္းအေပၚ နားလည္ႏိုင္စြမ္းျဖင့္ သူက ထိုတိုက္ကြက္အေပၚ သက္ေရာက္ခံရမႈ အနည္းဆုံးလူ ျဖစ္သင့္ေလသည္။ သို႔ေသာ္ သူ႔အတြက္ ကံဆိုးသည္က ထိုတိုက္ကြက္က သူ႔အား ဦးတည္ေနသည့္အတြက္ အျပင္းထန္ဆုံး ထိခိုက္မႈကို ခံစားလိုက္ရသည္။

ဝိညာဥ္နတ္ဘုရားက သူ႔ဝိညာဥ္သည္ ထိုေအာ္သံမ်ားၾကား ဆြဲငင္သြားသလို ခံစားလိုက္ရ၏။ ထိုလူမ်ားစြာသည္ သူ႔အား ပင္လယ္နက္ထဲသို႔ ဆြဲခ်ေနသလို ခံစားေနရသည္။ သူက ဝိညာဥ္ဒိုင္းကာကို အသုံးခ်ကာ ကာကြယ္လိုေသာ္လည္း အသုံးမဝင္ခဲ့ေပ။

ဝိညာဥ္နတ္ဘုရားဆီမွ စိတ္ပ်က္လက္ပ်က္ အေငြ႕အသက္ ထြက္ေပၚလာသည္။ ထိုသို႔ေသာ စိတ္ခံစားခ်က္ သူ႔ဆီမွ ထြက္ေပၚလာသည္ႏွင့္ တိုက္ကြက္က ခ်က္ခ်င္းဆိုသလို ပို၍အားေကာင္းလာေလသည္။ အသံမ်ားက ပို၍က်ယ္ေလာင္လာသည္။

ဝုန္း..

သူ႔ဝိညာဥ္က ေပါက္ကြဲထြက္သြားေလသည္။ ဝိညာဥ္နတ္ဘုရားက အသတ္ခံလိုက္ရေလၿပီ။

" တစ္ေယာက္ေတာ့သြားၿပီ။ ၁၂ ေယာက္ပဲ က်န္ေတာ့တယ္" လီကြၽင္းက ေျပာလိုက္သည္။

စကၠန႔္ပိုင္းေလးအတြင္း သူက ဝိညာဥ္နတ္ဘုရားကို သတ္ျဖတ္လိုက္သည္။ တျခားသူမ်ားက သူ႔တိုက္ကြက္ကို ရပ္တန႔္ႏိုင္လိုက္ၾကေသာ္လည္း သူတို႔၏ အသားအရည္ ျဖဴေဖ်ာ့ေနသည္ကို ၾကည့္၍ လြယ္ကူသည့္ ျဖစ္စဥ္မဟုတ္ေၾကာင္း ျပသေနေလသည္။

လီကြၽင္းက သူ႔လွံကို ဆြဲကိုင္လိုက္သည့္အခါ ထိုက်န္ရွိေနေသာ အထြတ္အထိပ္ နတ္ဘုရားမ်ားထံ ဧရာမပုံရိပ္ႀကီးတစ္ခု တိုးဝင္သြားသည္။

" မျဖစ္ဘူး။ တားၾက" ၾကမၼာနတ္ဘုရားမက ေအာ္ေျပာလိုက္သည္။ ကံဆိုးစြာျဖင့္ မည္သူကမွ သူမ၏ ဆိုလိုရင္းကို နားမလည္သလို သူမကလည္း ရွင္းျပေနဖို႔ အခ်ိန္မလုံေလာက္ခဲ့ေပ။

လွံက အလြန္ျမန္ဆန္လြန္းလွသည္။

ထူးဆန္းစြာျဖင့္ ထိုအရာက တျခားသူမ်ား စိတ္ကူးထားသလို အားမေကာင္းဘဲ အလြယ္တကူ ရပ္တန႔္ႏိုင္ၾကသည္။ သို႔ေသာ္လည္း သူတို႔က သိပ္မၾကာခင္ တကယ့္အေၾကာင္းအရင္းႏွင့္ ၾကမၼာနတ္ဘုရားမ၏ စကားလုံးမ်ား ေနာက္ကြယ္မွ အဓိပၸာယ္ကို နားလည္သြားေလသည္။

အထြတ္အထိပ္ နတ္ဘုရားမ်ားက ထိုလွံကို တားဆီးႏိုင္လိုက္ေသာ္လည္း သူတို႔က အဖြဲ႕ကြဲသြားေလသည္။ လီကြၽင္း လိုခ်င္သည့္ ပုံစံအတိုင္း အတိအက် ျဖစ္၏။ သူ႔လွံကို ေနာက္ထပ္ ေဝွ႔ယမ္းလိုက္သည့္အခါ ေလထဲတြင္ ေနာက္ထပ္ လက္နက္မ်ားစြာ ျဖစ္ေပၚလာကာ ႏွစ္ဖြဲ႕ထဲမွ တစ္ဖြဲ႕ကို ဝန္းရံထားလိုက္သည္။ ဤအဖြဲ႕တြင္ နတ္ဘုရား ၆ ေယာက္ပါရွိၿပီး ရွင္သန္ျခင္း နတ္ဘုရားမ၊ ၾကမၼာနတ္ဘုရားမ၊ စစ္နတ္ဘုရားမ၊ ဖ်က္ဆီးျခင္း နတ္ဘုရား၊ အမိန႔္မွာတမ္း နတ္ဘုရားႏွင့္ အလင္းနတ္ဘုရားတို႔ ပါရွိသည္။

ထိုလူမ်ားက အဖြဲ႕ျပန္ဖြဲ႕ဖို႔ ႀကိဳးစားလိုက္သည္ႏွင့္  သူတို႔ဝန္းက်င္ရွိ လက္နက္မ်ားက ၾကယ္တာရာမ်ားကဲ့သို႔ က်ဆင္းလာကာ တိုက္ခိုက္ေလသည္။ ထိုလက္နက္မ်ားက အားေကာင္း႐ုံသာမက  ဖယ္ရွားဖို႔အတြက္ အလြန္ကို အခက္ေတြ႕ေအာင္ လုပ္ထားသည္။

" ေကာင္းၿပီ။ အားအနည္းဆုံးကို အရင္ဆုံး ရွင္းပစ္ရေအာင္" လီကြၽင္းက ေအးေအးေဆးေဆး ေျပာလိုက္သည္။

သူက သတ္ျဖတ္ေငြ႕အျပည့္ျဖင့္ ေရနတ္ဘုရားဆီ ေျပးဝင္သြားလိုက္၏။ ထိုလူက ခ်က္ခ်င္းဆိုသလို သတိဝင္ကာ ျပန္လည္တိုက္ခိုက္လိုက္သည္။

ေကာင္းကင္မွ မိုးက ႐ုတ္ခ်ည္းဆိုသလို လီကြၽင္းအေပၚ က်ေရာက္လာေလသည္။ ပို၍ဆိုးသည္က မိုးစက္တစ္စက္ခ်င္းစီက အင္မတန္ ေလးလံလြန္းလွသည္။ လီကြၽင္းကမူ စိတ္ေအးလက္ေအးျဖင့္ သူ႔အေပၚ က်ေရာက္လာသည့္ ေရစက္တိုင္းကို ဖယ္ရွားေနေလသည္။

ထိုအျပဳအမူက ေရနတ္ဘုရားအား ေၾကာက္လန႔္သြားေစသည္။ သူက ထိုေရစက္တစ္စက္တြင္ တန္ေပါင္း သန္းတစ္ရာေက်ာ္ ေလးေၾကာင္း သိေလသည္။ သို႔ေသာ္ လီကြၽင္းက သူတို႔အား အလြယ္တကူ ဖယ္ရွားႏိုင္ေလ၏။ ထိုလူ၏ ခႏၶာကိုယ္က မည္မွ်အားေကာင္းေၾကာင္း ေတြးၾကည့္ေနမိသည္။

လီကြၽင္းက သူ႔အရွိန္ျဖင့္ ေရနတ္ဘုရားရွိရာသို႔ မ်က္စိတစ္မွိတ္အတြင္း ေရာက္ရွိသြားေလသည္။ သူက လွံျဖင့္ ထိုးစိုက္လိုက္၏။

ေရနတ္ဘုရားက သူ႔ခႏၶာကိုယ္ကို ေရအျဖစ္ေျပာင္းကာ ေရွာင္ရွားလိုေသာ္လည္း အားေကာင္းသည့္ ဖိအားတစ္ခု ထြက္ေပၚလာကာ သူ႔အား မလႈပ္ရွားႏိုင္ေအာင္ ခ်ဳပ္ကိုင္ထားသည္။

လွံက ေရနတ္ဘုရား ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုးစိုက္မသြားဘဲ အသာသာ ထိသြားေလသည္။ ထို႔ေနာက္ သူ႔ေသြးမ်ားက မၿငိမ္မသက္ ျဖစ္လာသည္ကို ခံစားမိလိုက္၏။ သူက မတုံ႔ျပန္ႏိုင္ခင္ လွံထိပ္မွ ဝါးမ်ိဳျခင္းစြမ္းအား ထြက္ေပၚလာၿပီး ေရနတ္ဘုရား၏ အသက္ဓာတ္ႏွင့္ ေသြးမ်ားကို ဝါးမ်ိဳသြားေလသည္။

စကၠန႔္ပိုင္းေလးအတြင္း သူ႔ခႏၶာကိုယ္က မံမီကဲ့သို႔ ေျခာက္ေသြ႕သြားကာ သူ႔ဝိညာဥ္၏ အသက္ဓာတ္ပင္ စုပ္ယူခံလိုက္ရသည္။

" ၁၀ " လီကြၽင္းက တည္ၿငိမ္စြာ ေျပာလိုက္သည္။ သူ႔စကားမ်ားက က်န္ရွိေနသည့္ အထြတ္အထိပ္ နတ္ဘုရားမ်ားအား ၾကက္သီးထသြားေစသည္။ သူတို႔က လယ္ေတာထဲ အသတ္ခံရဖို႔ ေစာင့္ဆိုင္းေနသည့္ ၾကက္၊ ငွက္ေလးမ်ားလို ျဖစ္ေနေလသည္။

လီကြၽင္းက ပုံရိပ္ေယာင္ နတ္ဘုရားမ်ားဆီ အၾကည့္ေရာက္သြားေလသည္။ ထိုအၾကည့္တစ္ခ်က္က သူမအား ေၾကာက္လန႔္သြားေစေသာေၾကာင့္ ေနာက္ဆုတ္မိလိုက္သည္။

ထိုစကၠန႔္ပိုင္းအတြင္း လီကြၽင္းအေနျဖင့္ သူမသည္ သူမေရွ႕မွ အာကာျပင္ကို တားဆီးဖို႔အတြက္ ေကာင္းကင္ဘုံဗိမာန္ကို အသုံးျပဳေနျခင္းအား ရပ္တန္႔မိလိုက္သည္ကို သတိျပဳမိလိုက္သည္။ ထို႔ေၾကာင့္ သူက ထိုအခြင့္အေရးအား အရယူကာ သူမဆီ ခ်က္ခ်င္း ေနရာေျပာင္းေ႐ႊ႕လိုက္သည္။

ပုံရိပ္ေယာင္နတ္ဘုရားမက အနည္းငယ္ အံ့အားသင့္သြားေသာ္လည္း ဝါရင့္ တိုက္ခိုက္သူ ျဖစ္၏။

သူမ၏ စိတ္ႏွလုံးသားမွ အေၾကာက္တရားကို ထိန္းခ်ဳပ္လိုက္ၿပီးသည့္ေနာက္တြင္ သူမက အလ်င္အျမန္ တုံ႔ျပန္လိုက္သည္။ သူမ၏ ခႏၶာကိုယ္က ပုံရိပ္ေယာင္အျဖစ္ ေျပာင္းလဲသြားသည္။ လွံက သူမကို ထိုးေဖာက္သြားေသာ္လည္း ေလမွအပ ျဖတ္သန္းသြားျခင္း မရွိေပ။

သူမက ႏွာေခါင္းရႈံ႕ကာ ေျပာလိုက္သည္ " ပုံရိပ္ေယာင္ကို သတ္ႏိုင္လို႔လား"

သူမက အားမေကာင္းေသာ္လည္း သူမ၏ အသက္ရွင္သန္ႏိုင္စြမ္းအေပၚ ယုံၾကည္ထားေလသည္။

" သတ္ႏိုင္တာေပါ့" လီကြၽင္းက တည္ၿငိမ္စြာ ေျပာလိုက္သည္။ သူက လွံကို ေဝွ႔ယမ္းလိုက္သည့္အခါ ေသြးမ်ားက ေရပန္းလိုမ်ိဳး ပန္းထြက္သြားေလသည္။ ပုံရိပ္ေယာင္နတ္ဘုရားမ၏ ဦးေခါင္းက တုန္လႈပ္အံ့အားသင့္မႈႏွင့္အတူ အျဖစ္အပ်က္ကို နားမလည္ႏိုင္သည့္ အမူအရာႏွင့္ လြင့္ထြက္သြားေလသည္။

လီကြၽင္းအတြက္မူ သူမအား တစ္ခ်က္ပင္ လွည့္မၾကည့္ေပ။ သူက သတ္ျဖတ္ေရးတာအိုကို က်င့္ႀကံသူ ျဖစ္၏။ ထို႔ေၾကာင့္ ေကာင္းကင္ေအာက္တြင္ သူ မသတ္ႏိုင္သည့္ အရာ မရွိေပ။ အစစ္အမွန္ ျဖစ္ေစ သို႔မဟုတ္ အတုအေယာင္ ျဖစ္ေနေစကာမူ သူ အလိုရွိသေ႐ြ႕ အားလုံးကို သတ္ျဖတ္ႏိုင္ေလသည္။

" ၉" သူက ေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ သူက ၅ေယာက္အဖြဲ႕အား ၾကည့္လိုက္သည္။ သူ႔ အာ႐ုံကို ဖမ္းစားသြားသည့္ ျပင္းထန္သည့္ အေငြ႕အသက္တစ္ခုကို ခံစားမိလိုက္၏။ သူက ၾကည့္လိုက္သည့္အခါ ဖ်က္ဆီးျခင္း နတ္ဘုရားေရွ႕တြင္ ထူးဆန္းသည့္ သတၱဳမ်က္လုံးတစ္ခု ေပါေလာေပၚေနသည္ကို ျမင္လိုက္ရသည္။

" သူေတာ္စင္အဆင့္ အသုံးအေဆာင္ပစၥည္းလား" ထိုမ်က္လုံး၏ အေငြ႕အသက္အေပၚ မူတည္၍ အနည္းဆုံး သူေတာ္စင္အဆင့္ ျဖစ္မည္မွန္း ေျပာလိုက္ႏိုင္သည္။ ထို႔အျပင္ ထိုပစၥည္းေပၚမွ ဖ်က္ဆီးျခင္း နတ္ဘုရား၏ စြမ္းအားကို ခံစားမိသည့္အတြက္ ပိုင္ရွင္ျဖစ္ေၾကာင္း ျပသေနသည္။

" ဖ်က္ဆီးျခင္း နတ္ဘုရားက ဒီကမာၻကေန ထြက္သြားဖူးတဲ့ပုံပဲ။ သူက ကံအေျပာင္းအလဲ အခြင့္အေရးနဲ႔ေတာင္ ေတြ႕ခဲ့ေသးတဲ့ပုံပဲ"

ထိုစကားမ်ားကို ေရ႐ြတ္ၿပီးသည့္ေနာက္တြင္ လီကြၽင္း၏ လက္ထဲ ေဆးျပင္းမီးဖိုတစ္လုံး ေပၚထြက္လာေလသည္။ သူက ထိုအရာကို ေဝွ႔ယမ္းလိုက္သည့္အခါ အဖြဲ႕ဆီ ေျပးဝင္သြားေလ၏။ ထိုအရာက သူတို႔ဆီ ပ်ံသန္းလာရင္း တျဖည္းျဖည္း ႀကီးမားလာသည္။

မီတာ ဒါဇင္ခ်ီ ႀကီးမားက်ယ္ျပန႔္လွၿပီးေနာက္ အထြတ္အထိပ္ နတ္ဘုရားမ်ား အထက္တြင္ ရပ္တန႔္သြားေလသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ၅ေယာက္သားက သူတို႔သည္ ႐ႊံ႕ႏြံထဲ ေရာက္ရွိသြားသလိုမ်ိဳး ခံစားေနရ၏။ သူတို႔၏ အျပဳအမူမ်ားက အင္မတန္ ေႏွးေကြးေနကာ လႈပ္ရွားဖို႔အတြက္ စြမ္းအားအေျမာက္အမ်ား လိုအပ္ေနေလသည္။

လက္နက္အတားအဆီးကို ခ်ိဳးေဖာက္ၿပီးေနာက္ သိပ္မၾကာခင္ အဖြဲ႕က တစ္ဖန္ ပိတ္ဆို႔ခံလိုက္ရျပန္သည္။ ဖ်က္ဆီးျခင္း နတ္ဘုရား၏ လက္ထဲမွ အသုံးအေဆာင္ပစၥည္းပင္ ထိုေဆးျပင္းမီးဖိုႏွင့္ ရင္ဆိုင္ႏိုင္႐ုံမွ်သာ ျဖစ္ဟန္ေပၚသည္။

သူတို႔၏ အေျခအေန ေလးနက္မႈကို သိကာ အထြတ္အထိပ္ နတ္ဘုရားမ်ားက သူတို႔၏ လက္ရွိအေျခအေနကို ေျဖရွင္းဖို႔ ျပင္လိုက္သည္။ သူတို႔က တုံ႔ဆိုင္းမေနဘဲ ဖ်က္ဆီးျခင္း နတ္ဘုရား၏ လက္နက္ထံ စည္းမ်ဥ္း၊ စြမ္းအားမ်ားႏွင့္ ဝိညာဥ္အထိပါ  စြမ္းအားတိုးျမင့္ေပးၾကသည္။

သူတို႔အားလုံးက ဤလက္နက္သည္သာ သူတို႔၏ ခ်ဳပ္ေႏွာင္မႈကို လြတ္ေျမာက္ေစႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေၾကာင္း သိထားၾကသည္။ လက္ရွိအေျခအေနအရ အျပင္လူမ်ား၏ ေခါင္းေဆာင္သည္ က်န္ရွိေနေသာ နတ္ဘုရားမ်ားကို ေျဖရွင္းၿပီးသည္ႏွင့္ သူတို႔အလွည့္ က်ေရာက္လာမည္မွန္း အ႐ူးပင္ ေျပာႏိုင္ေလသည္။

သူတို႔အတြက္ ကံဆိုးသည္က သိပ္မၾကာခင္ သူတို႔၏ ရန္သူသည္ လက္နက္မ်ားကို ထိန္းခ်ဳပ္သည္က သူတို႔ထက္ ပိုေကာင္းေၾကာင္း သေဘာေပါက္သြားေလသည္။ အေၾကာင္းမွာ ထိုမ်က္လုံးက အင္အားမည္မွ်တိုးလာေစကာမူ ေဆးျပင္းမီးဖိုက အင္အားတိုးေနဆဲ ျဖစ္၏။

ေနာက္ဆုံးတြင္ ၾကမၼာနတ္ဘုရားမက တျခားငါးေယာက္ႏွင့္ ဝိညာဥ္မွ ဆက္သြယ္ကာ   ေျပာလိုက္သည္ " တုံ႔ဆိုင္းေနဖို႔ အခ်ိန္မရွိဘူး။ ငါတို႔ေတြ အေစာင့္အေရွာက္ လုပ္ထုံးကို အသက္သြင္းဖို႔ လိုအပ္လာၿပီ"

Continue Reading

You'll Also Like

190K 5.6K 112
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
64.3K 3.3K 93
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
27.5K 5.5K 34
سالی دوای ئەوەی هەلی دووەمی پێدەدرێت و دەگەڕێتەوە ژیان بڕیاردەدات هەرگیز نەکەوێتەوە خۆشەویستی تایهیۆنگەوە ،..سەرکەوێت بەسەر ئەوکەسانەی ئازاریان داوە...