Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 14

Special Chapter 13

4.8K 575 22
By callme__kitty

[Unicode]

'တိုက်ခန်းသစ်မှ ပျော်ရွှင်မှု'

ပိုင်ရှင်းယွီ သူ့ဘာသာစုမိထားသည့်ပိုက်ဆံများဖြင့် တိုက်ခန်းတစ်လုံးဝယ်လိုက်သည်။ ပတ်လည်မီတာ ၄၀ ကျယ်ဝန်းပြီး သိပ်မကြီးလှပေမယ့် မြေအနေအထားက အရမ်းကောင်းလွန်းသည်။ အိမ်ယာရှိ ဝန်ဆောင်မှုပေးသောအသုံးအဆောင်တိုင်းကလည်း အဆင့်အတန်းမြင့်မားလှသလို အရေးအကြီးဆုံးအချက်မှာ ကုမ္ပဏီနှင့်အရမ်းနီးခြင်းဖြစ်၏။ ထို့အပြင် takeaways ယူလို့ရသည့်ဆိုင်များကလည်း ကီလို ၈၀၀ အတွင်းရှိတာမို့ ပိတ်ရက်များတွင် သူနှင့် ယွီဖုန်းချန် တူညီသောအစားအစာများကို နေ့တိုင်းစားနေရန် မလိုတော့။

အတိတ်နမိတ်ကောင်းသောရက်ကိုရွေးပြီးသည်နှင့် ယွီဖုန်းချန်လည်း သူနှင့်အတူ တိုက်ခန်းသွားယူရာသို့လိုက်လာခဲ့သည်။

ထိုအိမ်ယာက ပိုင်ရှင်းယွီသူငယ်ချင်း ဖွင့်လှစ်ထားတာမို့ ထိုနေ့က သူ့သူငယ်ချင်းကိုယ်တိုင် တိုက်ခန်းသော့ကို သူတို့လက်ထဲ လာထည့်ပေးလေသည်။

သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားလာကြတာမို့ သူတို့သူငယ်ချင်းဖြစ်သူနှင့် လောင်းကြေးထပ်လိုက်ကြသည်။ သူငယ်ချင်းဖြစ်သူက ဓာတ်လှေကားဖြင့်တက်ပြီး သူတို့က လှေကားဖြင့်တက်ရာတွင် အပေါ်သို့ ဘယ်သူ အရင်ရောက်မလဲဟူ၍။

ဓာတ်လှေကားပွင့်လာသည်နှင့် သူတို့နှစ်ယောက်လုံး လှေကားရှိရာသို့ အရှိန်အမြင့်ဆုံးဖြင့် ပြေးသွားပြီး လှေကားထစ်များပေါ်သို့ သူတို့ခြေထောက်ရှည်များဖြင့် အလျင်အမြန်ပြေးတက်တော့သည်။

"မင်း ရရောရလို့လား။ မရရင် ငါ့အနောက်မှာနေ၊ ငါပြေးတာကို လာမပိတ်နေနဲ့။" သူ တကယ်တော့ ယွီဖုန်းချန်၏ခြေထောက်အတွက် စိတ်ပူနေတာပင်။

ယွီဖုန်းချန် ဘာမှပြန်မဖြေလာ။

"နိုင်ပြီ။"

"ပိုက် .. ပိုက်ဆံခြွေတာနိုင်ပြီ။"

မကြာခင်မှာပဲ ဓာတ်လှေကားပွင့်သံပေါ်လာပြီး သူတို့နှစ်ယောက်လုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ အကြောင်းကား အသံကို သေချာသလောက် အောက်ထပ်မှကြားလိုက်ရတာမို့ပင်။

"သေစမ်း၊ တစ်ထပ် ပိုပြေးမိသွားတယ်!" ယွီဖုန်းချန် အသံကျယ်ကျယ်အော်ဟစ်မိတော့သည်။

ပိုင်ရှင်းယွီ သူ့ကိုလက်ညှိုးထိုးထားရင်း ကျယ်ကျယ်လောင်လောင်အော်ရယ်တော့သည်။ "ဟားဟားဟား ..."

ဒီလိုရခဲတဲ့အခွင့်အရေးမျိုးမှာ သူကောင်းကောင်းရယ်ပေးရမှာပေါ့။

"... ပြေးရင်းရောသွားတာ။ အချိန်ဖြုန်းရုံသက်သက် မဖြစ်သွားဘူးလား။"

ပိုင်ရှင်းယွီ ရယ်ရင်း သူ့ခါးကို ဆွဲဖက်လိုက်သည်။ "မင်းခြေထောက် ဘယ်လိုခံစားရလဲ။"

"မခံစားရဘဲနေမလား။ ကျဉ်သေတော့မယ်။"

"ငါ ဘာမေးနေလဲ မင်းသိပါတယ်။ ကောင်းကောင်းဖြေ။"

ယွီဖုန်းချန် ခပ်ရေးရေးပြုံးသွားသည်။ "ပြန်ကောင်းနေပါပြီကွာ။ မဟုတ်ရင် ငါ ဒီအပေါ်အထိ ပြေးတက်လာနိုင်ပါ့မလား။"

KittyKitling

T/N  : Happy Birthday ပါ အစ်ကိုကြီးယွီဖုန်းချန်ရေ ❤️

_____///_____

[Zawgyi]

'တိုက္ခန္းသစ္မွ ေပ်ာ္ရႊင္မွု'

ပိုင္ရွင္းယြီ သူ႔ဘာသာစုမိထားသည့္ပိုက္ဆံမ်ားျဖင့္ တိုက္ခန္းတစ္လုံးဝယ္လိုက္သည္။ ပတ္လည္မီတာ ၄၀ က်ယ္ဝန္းၿပီး သိပ္မႀကီးလွေပမယ့္ ေျမအေနအထားက အရမ္းေကာင္းလြန္းသည္။ အိမ္ယာရွိ ဝန္ေဆာင္မွုေပးေသာအသုံးအေဆာင္တိုင္းကလည္း အဆင့္အတန္းျမင့္မားလွသလို အေရးအႀကီးဆုံးအခ်က္မွာ ကုမၸဏီႏွင့္အရမ္းနီးျခင္းျဖစ္၏။ ထို႔အျပင္ takeaways ယူလို႔ရသည့္ဆိုင္မ်ားကလည္း ကီလို ၈၀၀ အတြင္းရွိတာမို႔ ပိတ္ရက္မ်ားတြင္ သူႏွင့္ ယြီဖုန္းခ်န္ တူညီေသာအစားအစာမ်ားကို ေန႔တိုင္းစားေနရန္ မလိုေတာ့။

အတိတ္နမိတ္ေကာင္းေသာရက္ကိုေရြးၿပီးသည္ႏွင့္ ယြီဖုန္းခ်န္လည္း သူႏွင့္အတူ တိုက္ခန္းသြားယူရာသို႔လိုက္လာခဲ့သည္။

ထိုအိမ္ယာက ပိုင္ရွင္းယြီသူငယ္ခ်င္း ဖြင့္လွစ္ထားတာမို႔ ထိုေန႔က သူ႔သူငယ္ခ်င္းကိုယ္တိုင္ တိုက္ခန္းေသာ့ကို သူတို႔လက္ထဲ လာထည့္ေပးေလသည္။

သူတို႔ႏွစ္ေယာက္လုံး စိတ္လွုပ္ရွားလာၾကတာမို႔ သူတို႔သူငယ္ခ်င္းျဖစ္သူႏွင့္ ေလာင္းေၾကးထပ္လိုက္ၾကသည္။ သူငယ္ခ်င္းျဖစ္သူက ဓာတ္ေလွကားျဖင့္တက္ၿပီး သူတို႔က ေလွကားျဖင့္တက္ရာတြင္ အေပၚသို႔ ဘယ္သူ အရင္ေရာက္မလဲဟူ၍။

ဓာတ္ေလွကားပြင့္လာသည္ႏွင့္ သူတို႔ႏွစ္ေယာက္လုံး ေလွကားရွိရာသို႔ အရွိန္အျမင့္ဆုံးျဖင့္ ေျပးသြားၿပီး ေလွကားထစ္မ်ားေပၚသို႔ သူတို႔ေျခေထာက္ရွည္မ်ားျဖင့္ အလ်င္အျမန္ေျပးတက္ေတာ့သည္။

"မင္း ရေရာရလို႔လား။ မရရင္ ငါ့အေနာက္မွာေန၊ ငါေျပးတာကို လာမပိတ္ေနနဲ႔။" သူ တကယ္ေတာ့ ယြီဖုန္းခ်န္၏ေျခေထာက္အတြက္ စိတ္ပူေနတာပင္။

ယြီဖုန္းခ်န္ ဘာမွျပန္မေျဖလာ။

"နိုင္ၿပီ။"

"ပိုက္ .. ပိုက္ဆံေႁခြတာနိုင္ၿပီ။"

မၾကာခင္မွာပဲ ဓာတ္ေလွကားပြင့္သံေပၚလာၿပီး သူတို႔ႏွစ္ေယာက္လုံး၏မ်က္ႏွာအမူအရာမ်ား ေျပာင္းလဲသြားေတာ့သည္။ အေၾကာင္းကား အသံကို ေသခ်ာသေလာက္ ေအာက္ထပ္မွၾကားလိုက္ရတာမို႔ပင္။

"ေသစမ္း၊ တစ္ထပ္ ပိုေျပးမိသြားတယ္!" ယြီဖုန္းခ်န္ အသံက်ယ္က်ယ္ေအာ္ဟစ္မိေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ကိုလက္ညႇိုးထိုးထားရင္း က်ယ္က်ယ္ေလာင္ေလာင္ေအာ္ရယ္ေတာ့သည္။ "ဟားဟားဟား ..."

ဒီလိုရခဲတဲ့အခြင့္အေရးမ်ိဳးမွာ သူေကာင္းေကာင္းရယ္ေပးရမွာေပါ့။

"... ေျပးရင္းေရာသြားတာ။ အခ်ိန္ျဖဳန္း႐ုံသက္သက္ မျဖစ္သြားဘူးလား။"

ပိုင္ရွင္းယြီ ရယ္ရင္း သူ႔ခါးကို ဆြဲဖက္လိုက္သည္။ "မင္းေျခေထာက္ ဘယ္လိုခံစားရလဲ။"

"မခံစားရဘဲေနမလား။ က်ဥ္ေသေတာ့မယ္။"

"ငါ ဘာေမးေနလဲ မင္းသိပါတယ္။ ေကာင္းေကာင္းေျဖ။"

ယြီဖုန္းခ်န္ ခပ္ေရးေရးျပဳံးသြားသည္။ "ျပန္ေကာင္းေနပါၿပီကြာ။ မဟုတ္ရင္ ငါ ဒီအေပၚအထိ ေျပးတက္လာနိုင္ပါ့မလား။"

KittyKitling

T/N  : Happy Birthday ပါ အစ္ကိုႀကီးယြီဖုန္းခ်န္ေရ ❤️

Continue Reading

You'll Also Like

624K 81.3K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
344K 6.2K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
42.6K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
532K 29.6K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)