Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

Special Chapter 8

8.4K 992 145
By callme__kitty

[Unicode]

'ကြက်သားစားခြင်း'

"ကားရှာတွေ့ပြီလား။ သွားသင့်နေပြီ။" ယွီဖုန်းချန် လောဆော်လိုက်သည်။

"မတွေ့သေးဘူးလေ၊ တာ့ကော။ ဆင်းတဲ့နေရာက ဘယ်လောက်တောင်ဆိုးလိုက်လဲ။ ဒါမှမဟုတ် ပြေးကြရအောင်။"

"ဝေးလွန်းတယ်။ ဆက်ရှာ။" ယွီဖုန်းချန် မြေပြင်ပေါ်ရှိ M416 ကို ကောက်ယူပြီး သူ့လက်ထဲရှိ SCAR နှင့်လဲ၍ သေနတ်ထဲရှိကျည်ဆံကို ယူထည့်တာတောင်မှ သူစုမိတဲ့ကျည်ဆန်အရေအတွက်က မလုံလောက်သေး။

"တကယ် ဘာမှမရှိနေဘူး။ ဒီလောက်သေးလွန်းတဲ့နေရာ။ ပြေးတော့မယ်။ သွားရအောင် တာ့ကော။"

"ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ။" ယွီဖုန်းချန် ခပ်တိုးတိုးရယ်ရင်း အမိန့်ပေးသလိုအသံဖြင့် တမင်ပြောလိုက်သည်။

"မင်း အမိန့်ပေးရတာကို စွဲလမ်းနေပြီပေါ့၊ ဟုတ်လား။" ပိုင်ရှင်းယွီ တိုးလျလျနှာမှုတ်ရင်းပြောလာသည်။ "ပြောထားပြီးပြီမလား၊ အိမ်မှာဆိုရင်တော့ ငါကခေါင်းဆောင်ပဲလို့။"

"မင်း ငါ့ကို ခေါင်းဆောင်လို့ခေါ်တာမျိုးလည်း ငါ မလိုချင်ပါဘူး။"

"အသင်းခေါင်းဆောင်?"

"မမှန်သေးဘူး။" ယွီဖုန်းချန် ပိုင်ရှင်းယွီအနားကို ပြေးသွားလိုက်သည်။ "ငါ့ဆီမှာ 'အသံတိတ်'ရှိတယ်။ လိုချင်လား။"

[T/N : အသံတိတ်; suppressor , PUBG ဂိမ်းထဲ သေနတ်ပစ်ရာ၌ အသံမထွက်အောင် တပ်ရတဲ့ပစ္စည်းတစ်မျိုး]

"လိုချင်တယ်၊ လိုချင်တယ်၊ လိုချင်တယ်။ လောင်ပိုင် ငါ့ကိုပေးလေ!"

"ဒါလည်း မမှန်သေးဘူး။"

"အင်း ... လောင်ကုန်း?" ပိုင်ရှင်းယွီ စမ်းခေါ်ကြည့်လိုက်သည်။

"လိမ္မာတယ်၊ လာယူတော့။"

"ဖာ့ခ်၊ ဂိမ်းကစားနေတဲ့အချိန်လေးတော့ မင်း အလေးအနက်ဆော့လို့မရဘူးလား။ ငါတို့က အခု ရဲဘော်ရဲဘက်တွေကွ။ နားလည်ရဲ့လား။" ပိုင်ရှင်းယွီ ဖုန်းထဲကနေတစ်ဆင့် တရစပ်ပြောတော့သည်။ "ထပ်ပြောရရင် မင်း အခုချိန်ဆို အဆောင်မှာ မဟုတ်ဘူးလား။ မင်း နည်းနည်းလေးမျက်နှာပူတတ်ပါဦး၊ ဟုတ်ပြီလား။"

ယွီဖုန်းချန် တိုးဖွဖွရယ်သွားသည်။ "အသံတိတ်"

ပိုင်ရှင်းယွီ ချက်ချင်း သူ့လည်ချောင်းသံကိုညှစ်ထား၍ အော်ခေါ်လိုက်သည်။ "လောင်ကုန်း~"

ယွီဖုန်းချန် ထရယ်မိတော့သည်။

ပိုင်ရှင်းယွီ ရှောင်ချောင်ရဲ့တမင်လုပ်ယူထားတဲ့အော့အန်သံကို နားထောင်ရင်း ရုတ်တရက် ရှက်ဖို့မလိုအပ်သလိုခံစားလိုက်ရသည်။ သူ့စိတ်ထဲ နောက်တစ်ကြိမ်ကျ ရှောင်ချောင် သောက်ထားသမျှပါ ပြန်အန်ထွက်အောင် လုပ်ပေးရမည်ဟူသည့်အတွေးများတောင် ဝင်နေလေသည်။

သူတို့ အခုတလော ကြက်သားစားရတဲ့ဂိမ်းတစ်ခုကို အတူဆော့ဖြစ်နေသည်။ များသောအားဖြင့် သူလည်း အလုပ်မှပြန်ရောက်၊ ယွီဖုန်းချန်လည်း အတန်းမှဆင်း၍ အိပ်ရာ မဝင်သေးကခင်အချိန်လေး သူတို့ duo နှစ်ပွဲလောက် ဆော့ဖြစ်ကြသည်။ ကစားရင်း စကားပြောလိုက်၊ ဖလစ်လိုက်နှင့် မတူညီတဲ့ချိုမြိန်မှုလေးတစ်ခုကို ခံစားနေရတော့သည်။ ထို့အပြင် မြေပုံတစ်လျှောက် ဒီလိုမျိုး ပြေးလွှားရင်း ဘေးချင်းယှဉ်တိုက်ခိုက်နေရခြင်းက ပြင်းပြင်းထန်ထန်တိုက်ပွဲများအကြား စိတ်လှုပ်ရှားမှုတစ်ခုကိုဖန်တီးပေးနေပြီး သူတို့ရဲ့သွေးသံရဲရဲနေ့ရက်များကို ပြန်အမှတ်ရစေ၏။

တကယ်ကို သူတို့အကြိုက်နှင့် ကိုက်လွန်းလှသည့်ဂိမ်းတစ်ခုပင်။

"Port M ဘက်မှာ ကားရှိတယ်။ Port M ဘက် သွားတာပေါ့။" ပိုင်ရှင်းယွီ zone အနေအထားကို လှမ်းကြည့်ပြီးပြောလိုက်သည်။ "မြန်မြန်သွားရအောင်။"

သူတို့ ရှေ့ဆင့်နောက်ဆင့်ပြေးနေရင်း ယွီဖုန်းချန်က ပိုင်ရှင်းယွီအဆင်တန်ဆာများကို လှမ်းကြည့်လိုက်သည်။ "မင်း ဘာလို့ အခုထိ Lvl 1 ကျည်ကာ ဝတ်ထားရသေးတာလဲ။ မင်း ပစ္စည်းကို ဘယ်လိုများရှာလဲ။"

"ခုနတုန်းက နေရာက အရမ်းမွဲတေနေတာလေ။ မင်း လေထီးခုန်တဲ့နေရာ အဆင်မပြေဖြစ်သွားတာကျ ဘာလို့မပြောလဲ။" ပိုင်ရှင်းယွီ နှုတ်ခမ်းဆူထော်သွားသည်။ "အစွမ်းအစရှိရင် မင်းမှာရှိတဲ့ဟာ ချွတ်ပြီး ငါ့ပေးလိုက်။"

"ရတယ်လေ၊ မင်း ငါ့ကိုချွတ်ခိုင်းသမျှ ငါချွတ်ပေးမယ်။" ယွီဖုန်းချန် ရှူးရှူးရှဲရှဲနှင့်ပြန်ပြောသည်။ "ဘောင်းဘီချွတ်ရတာတော့ အမြန်ဆုံးပဲ။"

ပိုင်ရှင်းယွီ ရယ်ရင်းဆူငေါက်လိုက်သည်။ "အခုထိ ကောင်းကောင်းမဆော့နိုင်သေးဘူးလား။ အားနေရင် မင်းရဲ့စကေးကိုသာ တိုးတက်အောင်လုပ်နေလိုက်။ အပြောပဲ တိုးတက်အောင်လုပ်မနေနဲ့။"

"ငါ Super Ace အဆင့်တောင် ရောက်သွားပြီ။ မင်းက ငါ့ကို ဘာစကေးများ လေ့ကျင့်စေချင်သေးတာလဲ။" ယွီဖုန်းချန် သက်ပြင်းချသံထွက်လာတော့သည်။ "မင်းအစ်ကိုသာ မပါလာရင် ငါ ပွဲတိုင်းတောင် ကြက်သားစားလို့ရတယ်။"

"ငါ့အစ်ကိုက အစိမ်းသက်သက်လေ၊ ဒါပေမယ့် သူဆော့တာ ပျော်ဖို့ကောင်းပါတယ်ကွ။" ပိုင်ရှင်းယွီ ဂိမ်းဆော့ရင်း ကျန်းဆွေ့ယင်းပြောခဲ့ဖူးသည့်ဟာသမျိုးစုံကို ပြန်တွေးမိပြီး မရယ်ဘဲမနေနိုင်တော့။ "ဂိမ်းဆော့တယ်ဆိုတာ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပဲ။ အနိုင်အရှုံးဆိုတာ အဲ့လောက် အရေးမကြီးဘူး။ ဟုတ်တယ်မလား။"

"အို့၊ ဒါဖြင့် မင်း အခုတလော ဘာလို့ သူ့ကို ခေါ်မဆော့တာလဲ။"

"ဖာ့ခ်၊ ငါ သူ့ကိုခေါ်ဆော့ရင် Rank ထပ်ကျဖို့ပဲ ရှိတယ်။ Season က ကုန်တော့မှာ၊ လောလောဆယ်တော့ သူ့ကို လီယွီ အဖော်ပြုပြီး ဆော့ပေးပါလိမ့်မယ်။"

"သူ ..." စကားပြောလို့ မဆုံးသေးခင်မှာပဲ သေနတ်သံများ အစီအတန်းလိုက် ထွက်လာတော့သည်။

ပိုင်ရှင်းယွီ သူ့မြင်ကွင်းကို လှည့်ကြည့်လိုက်ရာ သူ့အရှေ့၌ အစိမ်းရောင်သေတ္တာလေးတစ်ခုပေါ်လာတော့သည်။

"Bot" ယွီဖုန်းချန် အနားလျှောက်လာပြီး စနောက်လာသည်။ "ငါ့လောင်ဖော်မှာ Level 3 ကျည်ကာ မရှိဘူးဆိုပြီး ရင်နာနေရုံရှိသေးတယ်။ မိုင်ပေါင်းထောင်ကျော်ကနေတောင် deli အသင့်ရောက်လာတာပဲ။ မြန်မြန်လာလဲတော့။"

ပိုင်ရှင်းယွီ ကျည်ကာကို ပျော်ပျော်ကြီးလဲဝတ်လိုက်တော့သည်။ "ဟုတ်ပါပြီ၊ ခုနက ငါ head shot ဖြစ်ဖို့ အခွင့်လွတ်သွားရုံပါ။"

"ဒီဘက်မှာ ကားရှိတယ်။ သွားရအောင်။ ဇုန်လာနေပြီ။"

သူတို့နှစ်ယောက် ကားအသေးလေးပေါ်တက်၍ ကျောင်းအထိ မောင်းသွားလိုက်ကြသည်။

ပိုင်ရှင်းယွီ ပျင်းပျင်းနှင့် ကားထဲတွင် မှန်ပြောင်းဖြင့် ကစားနေရင်း ရုတ်တရက်ဆန်ဆန်ပြောလာသည်။ "ပိတ်ရက်ရောက်ဖို့ သုံးရက်တောင် လိုသေးတယ်ကွာ။"

ယွီဖုန်းချန် တစ်ခဏမျှတိတ်ဆိတ်သွားတော့သည်။ "ငါ့ကိုလွမ်းနေပြီလား။"

"ငါတို့က တစ်မြို့ထဲမှာ။ ကားမောင်းလာရင်လည်း ၁၅ မိနစ်ပဲကြာတယ်။ ဒါပေမယ့် နယ်မြေဝေးရည်းစားတွေလိုဖြစ်နေတယ်။" ပိုင်ရှင်းယွီ သက်ပြင်းချလိုက်သည်။ "မင်းပြော၊ ငါက တစ်နေ့တစ်နေ့ မင်းအိမ်ပြန်လာမှာကို စောင့်နေတဲ့ ကျန်ရစ်အမျိုးသမီးနဲ့ မတူနေဘူးလား။"

"ဟားဟားဟား-"

"ချီးကိုရယ်" ပိုင်ရှင်းယွီ အတူလိုက်ရယ်ရင်းအော်ငေါက်တော့သည်။ "မင်း ငါ့ကို မလွမ်းနေပါဘူးကွာ။"

"မင်းပြောကြည့်လေ။" ယွီဖုန်းချန် အသံတိုးတိုးဖြင့် ဖုန်းစပီကာအနားကပ်လို့ပြောလိုက်သည်။ "နေ့တိုင်း မင်းကိုလွမ်းနေတာ။ နေ့တိုင်းပဲ မင်းကိုလုပ်ချင်နေတာ။"

ပိုင်ရှင်းယွီလည်း နှုတ်ခမ်းသပ်ရင်း အရောင်လက်သွားတဲ့မျက်ဝန်းများနှင့်အတူ အသံတိုးလျော့လို့ပြန်ပြောလာသည်။ "ငါ အရမ်းမာသွားပြီ။ မင်း တကယ်ငါ့လာလုပ်လေ။"

"ဘယ်လောက်မာတာလဲ။ ငါ့ထက် ပိုမာနိုင်လို့လား။"

"ဒါမျိုးက ကိုယ်တိုင် ထိကြည့်ပြီးမှ သိနိုင်မှာ။"

သူတို့နှစ်ယောက် စကားပြောရင်းနှင့် ပြောသမျှက အဓိပ္ပါယ်နှစ်ခွများနှင့် ပိုလို့ ပိုလို့ညစ်ညမ်းလာတော့သည်။

နှမြောစရာက မျက်လုံးဖွင့်မကြည့်ဘဲ သူတို့ရဲ့ချိုချိုမြိန်မြိန်အချိန်လေးကိုမှ လာဖျက်ဆီးသွားတဲ့လူရှိနေသည်။ ကားတစ်စီးက ဘေးမှ အရှိန်ဖြင့်ရောက်လာပြီး သူတို့ထံ ကျည်ဆန်များပစ်ခွင်းလာလေသည်။

"ရို့၊ သခင်လေး ရိုနေတာကို လာနှောင့်ယှက်ရဲတယ်ပေါ့၊ ဟုတ်လား။" ပိုင်ရှင်းယွီ သူတို့ကားကို ချိန်၍ အရင်ဆုံး ကျည်တစ်ကတ်ကုန်အောင် ပစ်ချလိုက်သည်။

ယွီဖုန်းချန်က သူတို့ကို အိမ်များစုနေတဲ့နေရာအတွင်းသို့ မောင်းခေါ်ချသွားပြီး တစ်ယောက်ကိုတစ်ယောက် ကျည်များဖြင့်ပစ်ခတ်လိုက်၊ တစ်ဖက်မှ ကျည်ဆန်များကိုရှောင်လိုက်နှင့် သွေးအနည်းငယ်လျော့နည်းသွားပြီးနောက် ကားကို ကားဂိုဒေါင်အရှေ့တွင်ရပ်လျက် ကားထဲမှ အလျင်စလိုထွက်၍ အိမ်ထဲ အပြေးဝင်သွားလိုက်ကြသည်။

တစ်ဖက်အသင်းက နည်းဗျူဟာရှိပုံ မပေါ်ဘဲ သူတို့အနောက်မှ လိုက်ဝင်လာသည်။

ယွီဖုန်းချန် Painkiller တစ်ဘူး သောက်ပြီးတာနှင့် ပြတင်းပေါက်မှ ခုန်ချသွားသည်။ ပိုင်ရှင်းယွီ ဆေးသောက်လို့ မပြီးသေးခင်မှာပဲ သေနတ်သံထွက်ပေါ်လာပြီးနောက် ယွီဖုန်းချန်က ထိုလူနှစ်ယောက်ကို ရှင်းထုတ်လိုက်ပြီးဖြစ်နေတော့သည်။

"ငါ့အတွက် တစ်ယောက်လောက်တောင် မချန်ထားဘူး။" ပိုင်ရှင်းယွီ ညီးတွားပြောလာသည်။

"ငါ မင်းကို သူတို့သေတ္တာတွေ ပေးမယ်လေ။" ယွီဖုန်းချန် သူတို့ပစ္စည်းများကို လှန်လှောကြည့်နေလိုက်သည်။ "မဆိုးဘူး၊ ဒီကောင်တွေမှာ 98K နဲ့ Level 3 ဦးထုပ်ပါလာတယ်။ သွေးတော့ နည်းနည်းလျော့နေပြီဆိုပေမယ့်ပေါ့။"

"ဒီလိုပစ္စည်းအရောက်ပို့က အချိန်ကိုက်ရောက်လာတာပဲ။" ပိုင်ရှင်းယွီက ဂိမ်းထဲမှာလည်း စနိုက်ပါသုံးရတာကို ကြိုက်လှသည်။ တကယ့်လက်တွေ့ဘဝတွင် စနိုက်ပါသမားဖြစ်ဖို့ဆိုတာ သူ့အတွက် မလွယ်ကူတော့ပေမယ့် ဂိမ်းထဲမှာတော့ သူ စနိုက်ပါသမားအဖြစ် နေရာယူလို့ရနေသေးသည်။ စနိုက်ပါသာ ရလာခဲ့ရင် သေချာပေါက် အသုံးပြုရမည်ဖြစ်ပြီး သူ့လက်တည့်မှုကလည်း အတော်လေးတိကျလှသည်။ တစ်ခါတစ်ရံဆို airdrop မှ ချပေးလာတဲ့ AWM နှင့်တောင် သူက မိမိုက်နေတတ်သေးသည်။

ထို့အပြင် ယွီဖုန်းချန်ကလည်း နှင်းကျားသစ်တပ်မဟာတုန်းက တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် တကယ့်နေရာအစစ် ; ဦးဆောင်ပစ်ခတ်သူနေရာမှာပဲ ဝင်ကစားလေသည်။ သူ့ရဲ့ဒူပေနာပေခံနိုင်မှု၊ လေ့လာအာရုံခံနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်းများက ပိုင်ရှင်းယွီထက် မြင့်လှသည်။ တိကျလှတဲ့သေနတ်ပစ်ချက်များဖြင့် သူတို့နှစ်ယောက်ရဲ့ပူးပေါင်းဆောင်ရွက်နိုင်ပုံက အံ့မခမ်းပင်။

ပိုင်ရှင်းယွီ Level 3 ဦးထုပ်လဲပြီး စက္ကန့်အနည်းငယ်အတွင်းမှာတင် ချောင်းမြောင်းတိုက်ခိုက်ချက်ဖြင့် လဲကျသွားတော့သည်။

"ငါလူး၊ ငါ knock သွားပြီ။" ပိုင်ရှင်းယွီ ပြောရင်း အိမ်ထဲကို တွားသွားဝင်လာရသည်။

ယွီဖုန်းချန် အခြားတစ်ဖက်မှ အပြေးပြန်လာပြီး အိမ်ထဲဝင်လျက် သူ့ကို ပြန်ကယ်ပေးလိုက်သည်။ ထို့နောက်မှာတော့ သူ ပြတင်းပေါက်နှင့်နံရံအကြားတွင် ပုန်းကွယ်လျက် ပြတင်းပေါက်မှ ခေါင်းပြူထွက်လို့ ချောင်းမြောင်းပစ်သွားသူကို စတင်ရှာဖွေတော့သည်။

ပိုင်ရှင်းယွီ အရေးပေါ်သွေးအိတ်ဖြည့်ပြီးတာနှင့် ယွီဖုန်းချန်နှင့်အတူ အပေါ်လိုက်တက်သွားပြီး စိတ်ညစ်ညူးသလိုပြောလိုက်သည်။ "Level 3 ဦးထုပ်က ငါ့ခေါင်းပေါ်မှာ သုံးစက္ကန့်တောင် မခံလိုက်ဘူး။ ဒေါသထွက်လိုက်တာ။ မင်း လူရှာတွေ့ပြီလား။"

"ဖြစ်နိုင်တာ မြှားလက်တံ ၇၅ ဘက်မှာ၊ အဲ့တိုက်အပေါ်ထပ်။ ငါ အခုရှာနေတယ်။"

"ကြည့်ရတာ နောက်ဆုံးဇုန်က ကျောင်းဘက်ကို ကျဉ်းမယ့်ပုံပဲ။ လူကလည်း အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။" ပိုင်ရှင်းယွီ အသက်ပြန်ပြည့်သွားတာနှင့် ပြတင်းပေါက်ပေါ်တက်လို့ သူ့ကို လဲကျသွားအောင် လုပ်ခဲ့တဲ့စနိုက်ပါသမားကို လိုက်ရှာပေမယ့် အတော်ကြာရှာပြီးတာတောင်မှ ဘယ်သူမှ ပေါ်မလာ။

Zone က တစ်ဖန်ထပ်ကျဉ်းသွားပြန်ပြီး နောက်ဆုံးဇုန်က တကယ်ကို ကျောင်းဘက်၌ဖြစ်သွားလေသည်။ ကျန်ရှိနေသေးသည့်ကစားသမားအရေအတွက်ကလည်း တဖြည်းဖြည်းလျော့နည်းနေတော့သည်။

ဇုန်အတွင်းကို ပြေးဝင်နေတဲ့လူတစ်ယောက်ကိုတွေ့တာနှင့် ပိုင်ရှင်းယွီ ချက်ချင်း မှန်ပြောင်းကိုဖွင့်လို့ပစ်ချလိုက်တော့သည်။ ထိုလူရဲ့အသင်းသားမှာ သူ့ကို ကယ်ဖို့အချိန်မရှိတော့တာမို့ ဇုန်ထဲကိုသာ ပြေးဝင်သွားရလေသည်။ ယွီဖုန်းချန်ကလည်း ပစ်မှတ်သေချာချိန်ထားပြီးတာနှင့် သေနတ်စတင်ပစ်ခတ်လိုက်ရာ ကျည်တစ်ဝက် မကုန်သေးခင်မှာပဲ ထိုအသင်းသားပါ သေသွားရသည်။

လူခြောက်ယောက်သာ ကျန်တော့ပြီး အဖွဲ့အားဖြင့်ဆို သုံးဖွဲ့။

"လောင်ကုန်း၊ ငါတို့ Top 3 ထဲတော့ ဝင်သွားပြီ။ ဒီပွဲ ကြက်သားစားနိုင်မယ်လို့ မင်းထင်လား။" ပိုင်ရှင်းယွီ မှန်ပြောင်းဖွင့်၍ ရန်သူရှိမရှိ ရှာနေလိုက်သေးသည်။

"မင်း လောင်းချင်လို့လား။ ငါ့အထင်တော့ စားနိုင်တယ်။"

"ငါ့အထင် ငါတို့ ဒုတိယပဲ ရလောက်မယ်။ စိတ်ထင်နေတာ။"

"မင်းက ဘာစိတ်အထင်များရှိသွားတာလဲ။"

"ငါ့စိတ်ထင် ခုနက ငါ့ကို knock သွားတဲ့တစ်ယောက်က ဆရာကြီးပဲ။ ပြီးတော့ ဇုန်က ငါတို့နေရာယူထားတဲ့ဘက် ထပ်ကျဉ်းဖို့ မဖြစ်နိုင်ဘူး။ အဲ့တော့ ငါတို့ ဒီကနေ ထွက်တာနဲ့ ကိစ္စပြတ်ပြီ။"

"ဒါဆိုလည်း လောင်းတာပေါ့။"

"ဘာကြေးလဲ။"

ယွီဖုန်းချန် နှုတ်ခမ်းတစ်ဖက် တွန့်ကွေးလို့ပြုံးလိုက်သည်။ "မင်းနိုင်ရင် မင်း ဘာလုပ်လုပ်ကြိုက်တာလုပ်။ ငါနိုင်ရင် ကြက်သားကို မင်းကြိုက်သလောက်စားလို့ရပြီ။ မင်း ငါ့ရဲ့ကြက်ပေါက်လေး ..."

"လာနေပြီ!" ပိုင်ရှင်းယွီ တစ်ချက်အော်လိုက်ပြီးနောက် ကျည်ဆန်များ စတင်ပစ်ခတ်တော့သည်။ ထို့နောက် အဝေးတစ်နေရာရှိ အပြာရောင်အဆောက်အအုံထဲ မြူခိုးများ ပိတ်ဖုံးသွားလေသည်။ System က လူတစ်ယောက် လဲကျသွားကြောင်း ကြေညာလာပေမယ့် ပိုင်ရှင်းယွီ စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ "သွားပြီ။ မသေဘူး။ သူ့အသင်းသားက သူ့ကို ပြန်ကယ်ပေးပြီးလောက်ပြီ။"

"လောင်းကြေးထပ်ဖို့ သဘောတူထားတယ်နော်။" ယွီဖုန်းချန် ဒုတိယထပ်ပြတင်းပေါက်မှ ခုန်ချ၍ အပြာရောင်အဆောက်အဦးဆီသို့ ပြေးသွားတော့သည်။

ပိုင်ရှင်းယွီ ယွီဖုန်းချန် ခုနက ပြောသွားသမျှကို အမှတ်ရလာပြီး ရယ်ရင်းအော်ငေါက်လိုက်သည်။ "မင်းဆိုတဲ့လူရမ်းကားကတော့။ နိုင်မှ ပြောစမ်းပါ။"

"ဒါဆို သဘောတူတာပဲ။" ယွီဖုန်းချန် သူ့အပြုံးကိုတောင် မဖုံးဖိထားနိုင်တော့ဘဲ အပြာရောင်အဆောက်အဦးဘက် အကာအကွယ် မရှိ၊ ပြေးတက်သွားတော့သည်။

ပိုင်ရှင်းယွီ သူ့ကို အနောက်မှ သေနတ်ဖြင့် ကာထားပေးနေရင်း ဗုံးနှစ်လုံးပေါက်ကွဲသံနှင့်အတူ သေနတ်သံများကြားလိုက်ရပြီး ထို့နောက်မှာတော့ ကစားသမား လေးယောက်သာ ကျန်တော့ကြောင်း System ကြေညာလာခြင်းကို မြင်လိုက်ရလေသည်။

"ဟားဟားဟား နောက်ထပ်တစ်သင်းကျန်သေးတယ်။" ပိုင်ရှင်းယွီပြောလိုက်သည်။ "မင်းမြန်မြန်ပြန်လာတော့။"

"ဟင့်အင်း၊ ငါ ဒီမှာပဲ စောင့်နေလိုက်မယ်။ အကယ်၍ ဇုန်က မင်းဘက်ကို ကျဉ်းရင် ငါ သူတို့ကို မင်းအတွက်မြှားခေါ်လာပေးမယ်။ အကယ်၍ ဇုန်က ငါ့ဘက်ကျဉ်းရင်တော့ မင်းက ငါးမျှားစာအနေနဲ့ ဒီလာခဲ့။ ငါ သူတို့ကို ပစ်မယ်။ သူတို့က သေချာသလောက် အရှေ့ဘက်အိမ်မှာ ရှိနေတာ။"

"OK"

နောက်ထပ် ဇုန်ကျဉ်းရန် ၃၀ စက္ကန့်အလို။

ယွီဖုန်းချန် တိုးတိုးပြောလာသည်။ "ပေါင်ပေ့၊ ငါ မင်းအသံကိုကြားရလေ မင်းကိုပိုလွမ်းလေပဲ။"

"အိုက်ယား၊ ငါတို့ကြား ၁၅ မိနစ်လောက်ပဲ ဝေးတာ။ ဒီလောက် အကဲပိုပြနေဖို့ မလိုဘူး။" ပိုင်ရှင်းယွီ သူ့တစ်ကိုယ်လုံးရှိအကြောအာရုံများ တောင့်တင်းနေတော့သည်။ ပြောရလျှင် ကစားပွဲရဲ့အနိုင်အရှုံးက ချက်ချင်းဆိုသလို သိရတော့မှာဖြစ်ပြီး အခုလိုအချိန်မျိုးတွင် သူ ယွီဖုန်းချန်ရဲ့အလွမ်းသယ်မှုများကြောင့် အာရုံမပျံ့သွားချင်။

"ဒါဆို မင်း ငါ့ကိုတွေ့ချင်လား။"

"တွေ့ချင်တာပေါ့။"

"အခုကို တွေ့ချင်နေပြီလား။"

"မင်းအဘကြီးကို အခုတွေးနေလိုက်။ ဇုန်က ကျဉ်းတော့မယ်။ ပြင်ဆင်ထားတော့။"

"မင်း ငါ့ကို တွေ့ချင်လား၊ မတွေ့ချင်ဘူးလား၊ အခု"

"တွေ့ချင်တယ်၊ တွေ့ချင်တယ်၊ တွေ့ချင်တယ်"

"ဝတ်ကျေတန်းကျေနိုင်လိုက်တာ။ မင်း ရှုံးမှာကြောက်ပြီး ငါ့ကို မပြောပြချင်တာလား။"

"ငါလူး၊ ငါ ဂိမ်းဆော့နေတယ်လေ။ မင်း နည်းနည်းလောက်အလေးအနက်ထားပြီး ဆော့လို့မရဘူးလား။ ငါ့ဘက်ကျဉ်းတာ၊ ပြေးလာ!"

ယွီဖုန်းချန် အိမ်ထဲမှ ချက်ချင်းပြေးထွက်ကာ ခုန်လျက်ပြေးလျက်နှင့် ဇုန်နှင့်အတူ အပြေးလာလေသည်။ သေနတ်ကျည်ဆန်များကလည်း သူ့အနောက်မှ လိုက်လံလို့နေပြီး ပိုင်ရှင်းယွီလည်း ပုန်းကွယ်နေရာမှ ထ၍ ပြတင်းပေါက်မှတစ်ဆင့် တစ်ဖက်ရန်သူ့ခေါင်းကို တစ်ချက်တည်းနှင့်ပစ်ချလိုက်တော့သည်။

ရန်သူ့အသင်းသားက ကြောက်လန့်တကြီးနှင့် ပြန်ပေါ်လာခြင်း မရှိ၊ ပုန်းကွယ်နေတော့သည်။ ယွီဖုန်းချန်လည်း အိမ်အတွင်းသို့ နောက်ဆုံးသွေးလက်ကျန်လေးဖြင့် ပြေးဝင်လာခဲ့သည်။

ဇုန်က သူတို့နှင့် ရန်သူ့အကြားကို ထပ်ကျဉ်းပြန်သည်။ ဒီအချိန်မှတော့ တိုက်ခိုက်ရန် အသုံးမဝင်လှတော့။ နှစ်ဖက်စလုံး ဆေးဝါးများ အပြိုင်စားကြတော့သည်။ ယွီဖုန်းချန်ကတော့ သွေးအရေအတွက်နည်းထားပြီးသားလူဖြစ်တာမို့ အရင်ဆုံးသေသွားခဲ့ပြီး ပိုင်ရှင်းယွီကတော့ ဆေးအိတ်တစ်ခုပြီးတစ်ခု ထိုးထည့်နေလေသည်။

အဆုံးမှာတော့ ဂိမ်းရလဒ်များပေါ်လာပြီး သူတို့ ကြက်သားစားလိုက်ရ၏!

"အာဟားဟားဟား-" ပိုင်ရှင်းယွီ အရယ်မရပ်နိုင်တော့။ "နိုင်ပြီ၊ နိုင်ပြီ၊ နိုင်သွားပြီ!"

ယွီဖုန်းချန်လည်း အူမြူးသွားတော့သည်။ "မင်း အရှုံးကို ဝန်ခံတော့မှာလား။"

"ဟုတ်တယ်။ ဒီနေ့ကိစ္စက ဒီနေ့တင်ပြီးပြီ .. ဟေးဟေး" ပိုင်ရှင်းယွီ ရယ်တာ မရပ်လိုက်နိုင်သေး။

"ဒါဆို တံခါးဖွင့်"

ပိုင်ရှင်းယွီ ခဏမျှ တောင့်တင်းသွားတော့သည်။ "ဘာကြီး?"

"မင်း တံခါးလာဖွင့်ပေးလို့။"

"မင်း ... နောက်နေတာမလား။ မင်းကျောင်းမှာလေ။"

"မင်းတံခါးဖွင့်ကြည့်လိုက်ရင် သိရမှာပဲ။"

"ဘာလို့ မင်းမှာ သော့မရှိတာလဲ။"

"ငါ အမြန်ထွက်လာတာမို့ ယူဖို့မေ့ခဲ့တယ်။"

"မင်း ငါ့ကို စနေတာမလား။" ပိုင်ရှင်းယွီ သူ့ဖုန်းကို ပစ်ချရင်း နှလုံးခုန်သံများလည်း ပြင်းထန်လာတော့သည်။

"မင်း ကြောက်နေတာလား၊ ဘာလား။ အပြင်မှာ သရဲရှိနေမှာကြောက်ပြီး တံခါးတောင် မဖွင့်ပေးရဲဘူးလား။"

ပိုင်ရှင်းယွီ အိပ်ရာပေါ်မှ ခုန်ဆင်းကာ အိမ်နေရင်းဖိနပ်တောင် မဝတ်တော့ဘဲ ဧည့်ခန်းကိုကျော်ဖြတ်လို့ တံခါးကို ဖွင့်ချလိုက်သည်။ ယွီဖုန်းချန်က ညဝတ်အင်္ကျီနှင့် ဖုန်းကိုင်ထားလျက် အပြင်မှာရပ်နေပြီး သူ့ကို ပြုံးလို့ကြည့်နေလေသည်။

ပိုင်ရှင်းယွီ နှာမှုတ်ထုတ်ရင်း အပြေးသွားပြီး တရှိုက်တမက်နမ်းလိုက်တော့သည်။

ယွီဖုန်းချန် ပိုင်ရှင်းယွီခါးတစ်ဝိုက်တွင် လက်ချိတ်ထားလျက် ပြင်းပြင်းထန်ထန်တုန့်ပြန်နမ်းရှိုက်နေရင်းနှင့် ပိုင်ရှင်းယွီကို အိမ်ထဲ သယ်မချီသွားပြီး တစ်ဖက်ကလည်း တံခါးကို ကန်၍ပိတ်ခဲ့လေသည်။

"နှုတ်ခမ်းနှင့်လျှာဖျား ဆက်သွယ်နေရင်းမှ ပိုင်ရှင်းယွီ ဗလုံးဗထွေးမေးလာသည်။ "မင်း ဘယ်လိုဖြစ်ပြီး .. ပြန်လာတာလဲ.."

"မင်းကို လွမ်းလို့။ ငါ ခွင့်ယူခဲ့လိုက်တယ်။" ယွီဖုန်းချန် ပိုင်ရှင်းယွီရဲ့ညဝတ်အင်္ကျီကို ဆွဲချွတ်ရင်း ပြန်ဖြေလျက် ချောမွေ့နေတဲ့အသားအရည်လေးကို သူ့လက်ဝါးကြီးဖြင့် ပွတ်သပ်နေလို့ တိုးတိုးရယ်သွားသည်။ "လောင်းကြေးရဲ့အရှုံးကို လက်ခံဖို့ဆန္ဒရှိလား။ ဒီနေ့ကိစ္စ ဒီနေ့တင်ပြီးမှာလား၊ ဟမ်?"

ပိုင်ရှင်းယွီ သူ့အောက်မှ အားမာန်တက်ကြွမှုကို ခံစားလို့ရနေပြီး လှိမ့်ချကာ ယွီဖုန်းချန်ကို ဆိုဖာပေါ်ဖိချထားရင်း နှုတ်ခမ်းသပ်လို့ လူယုတ်မာဆန်ဆန်ပြုံးလျက် သူ့အရှေ့ ဒူးတစ်ဝက်ထောက်အနေအထားဖြင့် ပြန်ပြောလိုက်သည်။ "အင်း၊ ငါ အရှုံးကိုလက်ခံဖို့ဆန္ဒရှိတယ်။"

ဒီညအတွက်ကတော့ ဒါကို 'အောင်ပွဲခံည'လို့ တွက်ကြတာပေါ့.. ???

KittyKitling

T/N : Long time no see TT

_____///_____

[Zawgyi]

'ၾကက္သားစားျခင္း'

"ကားရွာေတြ႕ၿပီလား။ သြားသင့္ေနၿပီ။" ယြီဖုန္းခ်န္ ေလာေဆာ္လိုက္သည္။

"မေတြ႕ေသးဘူးေလ၊ တာ့ေကာ။ ဆင္းတဲ့ေနရာက ဘယ္ေလာက္ေတာင္ဆိုးလိုက္လဲ။ ဒါမွမဟုတ္ ေျပးၾကရေအာင္။"

"ေဝးလြန္းတယ္။ ဆက္ရွာ။" ယြီဖုန္းခ်န္ ေျမျပင္ေပၚရွိ M416 ကို ေကာက္ယူၿပီး သူ႔လက္ထဲရွိ SCAR ႏွင့္လဲ၍ ေသနတ္ထဲရွိက်ည္ဆံကို ယူထည့္တာေတာင္မွ သူစုမိတဲ့က်ည္ဆန္အေရအတြက္က မလုံေလာက္ေသး။

"တကယ္ ဘာမွမရွိေနဘူး။ ဒီေလာက္ေသးလြန္းတဲ့ေနရာ။ ေျပးေတာ့မယ္။ သြားရေအာင္ တာ့ေကာ။"

"ငါ့ကို ဘယ္လိုေခၚလိုက္တာလဲ။" ယြီဖုန္းခ်န္ ခပ္တိုးတိုးရယ္ရင္း အမိန႔္ေပးသလိုအသံျဖင့္ တမင္ေျပာလိုက္သည္။

"မင္း အမိန႔္ေပးရတာကို စြဲလမ္းေနၿပီေပါ့၊ ဟုတ္လား။" ပိုင္ရွင္းယြီ တိုးလ်လ်ႏွာမွုတ္ရင္းေျပာလာသည္။ "ေျပာထားၿပီးၿပီမလား၊ အိမ္မွာဆိုရင္ေတာ့ ငါကေခါင္းေဆာင္ပဲလို႔။"

"မင္း ငါ့ကို ေခါင္းေဆာင္လို႔ေခၚတာမ်ိဳးလည္း ငါ မလိုခ်င္ပါဘူး။"

"အသင္းေခါင္းေဆာင္?"

"မမွန္ေသးဘူး။" ယြီဖုန္းခ်န္ ပိုင္ရွင္းယြီအနားကို ေျပးသြားလိုက္သည္။ "ငါ့ဆီမွာ 'အသံတိတ္'ရွိတယ္။ လိုခ်င္လား။"

[T/N : အသံတိတ္; suppressor , PUBG ဂိမ္းထဲ ေသနတ္ပစ္ရာ၌ အသံမထြက္ေအာင္ တပ္ရတဲ့ပစၥည္းတစ္မ်ိဳး]

"လိုခ်င္တယ္၊ လိုခ်င္တယ္၊ လိုခ်င္တယ္။ ေလာင္ပိုင္ ငါ့ကိုေပးေလ!"

"ဒါလည္း မမွန္ေသးဘူး။"

"အင္း ... ေလာင္ကုန္း?" ပိုင္ရွင္းယြီ စမ္းေခၚၾကည့္လိုက္သည္။

"လိမၼာတယ္၊ လာယူေတာ့။"

"ဖာ့ခ္၊ ဂိမ္းကစားေနတဲ့အခ်ိန္ေလးေတာ့ မင္း အေလးအနက္ေဆာ့လို႔မရဘူးလား။ ငါတို႔က အခု ရဲေဘာ္ရဲဘက္ေတြကြ။ နားလည္ရဲ့လား။" ပိုင္ရွင္းယြီ ဖုန္းထဲကေနတစ္ဆင့္ တရစပ္ေျပာေတာ့သည္။ "ထပ္ေျပာရရင္ မင္း အခုခ်ိန္ဆို အေဆာင္မွာ မဟုတ္ဘူးလား။ မင္း နည္းနည္းေလးမ်က္ႏွာပူတတ္ပါဦး၊ ဟုတ္ၿပီလား။"

ယြီဖုန္းခ်န္ တိုးဖြဖြရယ္သြားသည္။ "အသံတိတ္"

ပိုင္ရွင္းယြီ ခ်က္ခ်င္း သူ႔လည္ေခ်ာင္းသံကိုညႇစ္ထား၍ ေအာ္ေခၚလိုက္သည္။ "ေလာင္ကုန္း~"

ယြီဖုန္းခ်န္ ထရယ္မိေတာ့သည္။

ပိုင္ရွင္းယြီ ေရွာင္ေခ်ာင္ရဲ့တမင္လုပ္ယူထားတဲ့ေအာ့အန္သံကို နားေထာင္ရင္း ႐ုတ္တရက္ ရွက္ဖို႔မလိုအပ္သလိုခံစားလိုက္ရသည္။ သူ႔စိတ္ထဲ ေနာက္တစ္ႀကိမ္က် ေရွာင္ေခ်ာင္ ေသာက္ထားသမၽွပါ ျပန္အန္ထြက္ေအာင္ လုပ္ေပးရမည္ဟူသည့္အေတြးမ်ားေတာင္ ဝင္ေနေလသည္။

သူတို႔ အခုတေလာ ၾကက္သားစားရတဲ့ဂိမ္းတစ္ခုကို အတူေဆာ့ျဖစ္ေနသည္။ မ်ားေသာအားျဖင့္ သူလည္း အလုပ္မွျပန္ေရာက္၊ ယြီဖုန္းခ်န္လည္း အတန္းမွဆင္း၍ အိပ္ရာ မဝင္ေသးကခင္အခ်ိန္ေလး သူတို႔ duo ႏွစ္ပြဲေလာက္ ေဆာ့ျဖစ္ၾကသည္။ ကစားရင္း စကားေျပာလိုက္၊ ဖလစ္လိုက္ႏွင့္ မတူညီတဲ့ခ်ိဳၿမိန္မွုေလးတစ္ခုကို ခံစားေနရေတာ့သည္။ ထို႔အျပင္ ေျမပုံတစ္ေလၽွာက္ ဒီလိုမ်ိဳး ေျပးလႊားရင္း ေဘးခ်င္းယွဥ္တိုက္ခိုက္ေနရျခင္းက ျပင္းျပင္းထန္ထန္တိုက္ပြဲမ်ားအၾကား စိတ္လွုပ္ရွားမွုတစ္ခုကိုဖန္တီးေပးေနၿပီး သူတို႔ရဲ့ေသြးသံရဲရဲေန႔ရက္မ်ားကို ျပန္အမွတ္ရေစ၏။

တကယ္ကို သူတို႔အႀကိဳက္ႏွင့္ ကိုက္လြန္းလွသည့္ဂိမ္းတစ္ခုပင္။

"Port M ဘက္မွာ ကားရွိတယ္။ Port M ဘက္ သြားတာေပါ့။" ပိုင္ရွင္းယြီ zone အေနအထားကို လွမ္းၾကည့္ၿပီးေျပာလိုက္သည္။ "ျမန္ျမန္သြားရေအာင္။"

သူတို႔ ေရွ႕ဆင့္ေနာက္ဆင့္ေျပးေနရင္း ယြီဖုန္းခ်န္က ပိုင္ရွင္းယြီအဆင္တန္ဆာမ်ားကို လွမ္းၾကည့္လိုက္သည္။ "မင္း ဘာလို႔ အခုထိ Lvl 1 က်ည္ကာ ဝတ္ထားရေသးတာလဲ။ မင္း ပစၥည္းကို ဘယ္လိုမ်ားရွာလဲ။"

"ခုနတုန္းက ေနရာက အရမ္းမြဲေတေနတာေလ။ မင္း ေလထီးခုန္တဲ့ေနရာ အဆင္မေျပျဖစ္သြားတာက် ဘာလို႔မေျပာလဲ။" ပိုင္ရွင္းယြီ ႏွုတ္ခမ္းဆူေထာ္သြားသည္။ "အစြမ္းအစရွိရင္ မင္းမွာရွိတဲ့ဟာ ခၽြတ္ၿပီး ငါ့ေပးလိုက္။"

"ရတယ္ေလ၊ မင္း ငါ့ကိုခၽြတ္ခိုင္းသမၽွ ငါခၽြတ္ေပးမယ္။" ယြီဖုန္းခ်န္ ရွူးရွူးရွဲရွဲႏွင့္ျပန္ေျပာသည္။ "ေဘာင္းဘီခၽြတ္ရတာေတာ့ အျမန္ဆုံးပဲ။"

ပိုင္ရွင္းယြီ ရယ္ရင္းဆူေငါက္လိုက္သည္။ "အခုထိ ေကာင္းေကာင္းမေဆာ့နိုင္ေသးဘူးလား။ အားေနရင္ မင္းရဲ့စေကးကိုသာ တိုးတက္ေအာင္လုပ္ေနလိုက္။ အေျပာပဲ တိုးတက္ေအာင္လုပ္မေနနဲ႔။"

"ငါ Super Ace အဆင့္ေတာင္ ေရာက္သြားၿပီ။ မင္းက ငါ့ကို ဘာစေကးမ်ား ေလ့က်င့္ေစခ်င္ေသးတာလဲ။" ယြီဖုန္းခ်န္ သက္ျပင္းခ်သံထြက္လာေတာ့သည္။ "မင္းအစ္ကိုသာ မပါလာရင္ ငါ ပြဲတိုင္းေတာင္ ၾကက္သားစားလို႔ရတယ္။"

"ငါ့အစ္ကိုက အစိမ္းသက္သက္ေလ၊ ဒါေပမယ့္ သူေဆာ့တာ ေပ်ာ္ဖို႔ေကာင္းပါတယ္ကြ။" ပိုင္ရွင္းယြီ ဂိမ္းေဆာ့ရင္း က်န္းေဆြ႕ယင္းေျပာခဲ့ဖူးသည့္ဟာသမ်ိဳးစုံကို ျပန္ေတြးမိၿပီး မရယ္ဘဲမေနနိုင္ေတာ့။ "ဂိမ္းေဆာ့တယ္ဆိုတာ အေရးအႀကီးဆုံးက ေပ်ာ္ရႊင္ဖို႔ပဲ။ အနိုင္အရွုံးဆိုတာ အဲ့ေလာက္ အေရးမႀကီးဘူး။ ဟုတ္တယ္မလား။"

"အို႔၊ ဒါျဖင့္ မင္း အခုတေလာ ဘာလို႔ သူ႔ကို ေခၚမေဆာ့တာလဲ။"

"ဖာ့ခ္၊ ငါ သူ႔ကိုေခၚေဆာ့ရင္ Rank ထပ္က်ဖို႔ပဲ ရွိတယ္။ Season က ကုန္ေတာ့မွာ၊ ေလာေလာဆယ္ေတာ့ သူ႔ကို လီယြီ အေဖာ္ျပဳၿပီး ေဆာ့ေပးပါလိမ့္မယ္။"

"သူ ..." စကားေျပာလို႔ မဆုံးေသးခင္မွာပဲ ေသနတ္သံမ်ား အစီအတန္းလိုက္ ထြက္လာေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ျမင္ကြင္းကို လွည့္ၾကည့္လိုက္ရာ သူ႔အေရွ႕၌ အစိမ္းေရာင္ေသတၱာေလးတစ္ခုေပၚလာေတာ့သည္။

"Bot" ယြီဖုန္းခ်န္ အနားေလၽွာက္လာၿပီး စေနာက္လာသည္။ "ငါ့ေလာင္ေဖာ္မွာ Level 3 က်ည္ကာ မရွိဘူးဆိုၿပီး ရင္နာေန႐ုံရွိေသးတယ္။ မိုင္ေပါင္းေထာင္ေက်ာ္ကေနေတာင္ deli အသင့္ေရာက္လာတာပဲ။ ျမန္ျမန္လာလဲေတာ့။"

ပိုင္ရွင္းယြီ က်ည္ကာကို ေပ်ာ္ေပ်ာ္ႀကီးလဲဝတ္လိုက္ေတာ့သည္။ "ဟုတ္ပါၿပီ၊ ခုနက ငါ head shot ျဖစ္ဖို႔ အခြင့္လြတ္သြား႐ုံပါ။"

"ဒီဘက္မွာ ကားရွိတယ္။ သြားရေအာင္။ ဇုန္လာေနၿပီ။"

သူတို႔ႏွစ္ေယာက္ ကားအေသးေလးေပၚတက္၍ ေက်ာင္းအထိ ေမာင္းသြားလိုက္ၾကသည္။

ပိုင္ရွင္းယြီ ပ်င္းပ်င္းႏွင့္ ကားထဲတြင္ မွန္ေျပာင္းျဖင့္ ကစားေနရင္း ႐ုတ္တရက္ဆန္ဆန္ေျပာလာသည္။ "ပိတ္ရက္ေရာက္ဖို႔ သုံးရက္ေတာင္ လိုေသးတယ္ကြာ။"

ယြီဖုန္းခ်န္ တစ္ခဏမၽွတိတ္ဆိတ္သြားေတာ့သည္။ "ငါ့ကိုလြမ္းေနၿပီလား။"

"ငါတို႔က တစ္ၿမိဳ႕ထဲမွာ။ ကားေမာင္းလာရင္လည္း ၁၅ မိနစ္ပဲၾကာတယ္။ ဒါေပမယ့္ နယ္ေျမေဝးရည္းစားေတြလိုျဖစ္ေနတယ္။" ပိုင္ရွင္းယြီ သက္ျပင္းခ်လိုက္သည္။ "မင္းေျပာ၊ ငါက တစ္ေန႔တစ္ေန႔ မင္းအိမ္ျပန္လာမွာကို ေစာင့္ေနတဲ့ က်န္ရစ္အမ်ိဳးသမီးနဲ႔ မတူေနဘူးလား။"

"ဟားဟားဟား-"

"ခ်ီးကိုရယ္" ပိုင္ရွင္းယြီ အတူလိုက္ရယ္ရင္းေအာ္ေငါက္ေတာ့သည္။ "မင္း ငါ့ကို မလြမ္းေနပါဘူးကြာ။"

"မင္းေျပာၾကည့္ေလ။" ယြီဖုန္းခ်န္ အသံတိုးတိုးျဖင့္ ဖုန္းစပီကာအနားကပ္လို႔ေျပာလိုက္သည္။ "ေန႔တိုင္း မင္းကိုလြမ္းေနတာ။ ေန႔တိုင္းပဲ မင္းကိုလုပ္ခ်င္ေနတာ။"

ပိုင္ရွင္းယြီလည္း ႏွုတ္ခမ္းသပ္ရင္း အေရာင္လက္သြားတဲ့မ်က္ဝန္းမ်ားႏွင့္အတူ အသံတိုးေလ်ာ့လို႔ျပန္ေျပာလာသည္။ "ငါ အရမ္းမာသြားၿပီ။ မင္း တကယ္ငါ့လာလုပ္ေလ။"

"ဘယ္ေလာက္မာတာလဲ။ ငါ့ထက္ ပိုမာနိုင္လို႔လား။"

"ဒါမ်ိဳးက ကိုယ္တိုင္ ထိၾကည့္ၿပီးမွ သိနိုင္မွာ။"

သူတို႔ႏွစ္ေယာက္ စကားေျပာရင္းႏွင့္ ေျပာသမၽွက အဓိပၸါယ္ႏွစ္ခြမ်ားႏွင့္ ပိုလို႔ ပိုလို႔ညစ္ညမ္းလာေတာ့သည္။

ႏွေျမာစရာက မ်က္လုံးဖြင့္မၾကည့္ဘဲ သူတို႔ရဲ့ခ်ိဳခ်ိဳၿမိန္ၿမိန္အခ်ိန္ေလးကိုမွ လာဖ်က္ဆီးသြားတဲ့လူရွိေနသည္။ ကားတစ္စီးက ေဘးမွ အရွိန္ျဖင့္ေရာက္လာၿပီး သူတို႔ထံ က်ည္ဆန္မ်ားပစ္ခြင္းလာေလသည္။

"ရို႔၊ သခင္ေလး ရိုေနတာကို လာေႏွာင့္ယွက္ရဲတယ္ေပါ့၊ ဟုတ္လား။" ပိုင္ရွင္းယြီ သူတို႔ကားကို ခ်ိန္၍ အရင္ဆုံး က်ည္တစ္ကတ္ကုန္ေအာင္ ပစ္ခ်လိုက္သည္။

ယြီဖုန္းခ်န္က သူတို႔ကို အိမ္မ်ားစုေနတဲ့ေနရာအတြင္းသို႔ ေမာင္းေခၚခ်သြားၿပီး တစ္ေယာက္ကိုတစ္ေယာက္ က်ည္မ်ားျဖင့္ပစ္ခတ္လိုက္၊ တစ္ဖက္မွ က်ည္ဆန္မ်ားကိုေရွာင္လိုက္ႏွင့္ ေသြးအနည္းငယ္ေလ်ာ့နည္းသြားၿပီးေနာက္ ကားကို ကားဂိုေဒါင္အေရွ႕တြင္ရပ္လ်က္ ကားထဲမွ အလ်င္စလိုထြက္၍ အိမ္ထဲ အေျပးဝင္သြားလိုက္ၾကသည္။

တစ္ဖက္အသင္းက နည္းဗ်ဴဟာရွိပုံ မေပၚဘဲ သူတို႔အေနာက္မွ လိုက္ဝင္လာသည္။

ယြီဖုန္းခ်န္ Painkiller တစ္ဘူး ေသာက္ၿပီးတာႏွင့္ ျပတင္းေပါက္မွ ခုန္ခ်သြားသည္။ ပိုင္ရွင္းယြီ ေဆးေသာက္လို႔ မၿပီးေသးခင္မွာပဲ ေသနတ္သံထြက္ေပၚလာၿပီးေနာက္ ယြီဖုန္းခ်န္က ထိုလူႏွစ္ေယာက္ကို ရွင္းထုတ္လိုက္ၿပီးျဖစ္ေနေတာ့သည္။

"ငါ့အတြက္ တစ္ေယာက္ေလာက္ေတာင္ မခ်န္ထားဘူး။" ပိုင္ရွင္းယြီ ညီးတြားေျပာလာသည္။

"ငါ မင္းကို သူတို႔ေသတၱာေတြ ေပးမယ္ေလ။" ယြီဖုန္းခ်န္ သူတို႔ပစၥည္းမ်ားကို လွန္ေလွာၾကည့္ေနလိုက္သည္။ "မဆိုးဘူး၊ ဒီေကာင္ေတြမွာ 98K နဲ႔ Level 3 ဦးထုပ္ပါလာတယ္။ ေသြးေတာ့ နည္းနည္းေလ်ာ့ေနၿပီဆိုေပမယ့္ေပါ့။"

"ဒီလိုပစၥည္းအေရာက္ပို႔က အခ်ိန္ကိုက္ေရာက္လာတာပဲ။" ပိုင္ရွင္းယြီက ဂိမ္းထဲမွာလည္း စနိုက္ပါသုံးရတာကို ႀကိဳက္လွသည္။ တကယ့္လက္ေတြ႕ဘဝတြင္ စနိုက္ပါသမားျဖစ္ဖို႔ဆိုတာ သူ႔အတြက္ မလြယ္ကူေတာ့ေပမယ့္ ဂိမ္းထဲမွာေတာ့ သူ စနိုက္ပါသမားအျဖစ္ ေနရာယူလို႔ရေနေသးသည္။ စနိုက္ပါသာ ရလာခဲ့ရင္ ေသခ်ာေပါက္ အသုံးျပဳရမည္ျဖစ္ၿပီး သူ႔လက္တည့္မွုကလည္း အေတာ္ေလးတိက်လွသည္။ တစ္ခါတစ္ရံဆို airdrop မွ ခ်ေပးလာတဲ့ AWM ႏွင့္ေတာင္ သူက မိမိုက္ေနတတ္ေသးသည္။

ထို႔အျပင္ ယြီဖုန္းခ်န္ကလည္း ႏွင္းက်ားသစ္တပ္မဟာတုန္းက တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ တကယ့္ေနရာအစစ္ ; ဦးေဆာင္ပစ္ခတ္သူေနရာမွာပဲ ဝင္ကစားေလသည္။ သူ႔ရဲ့ဒူေပနာေပခံနိုင္မွု၊ ေလ့လာအာ႐ုံခံနိုင္စြမ္း၊ ဆုံးျဖတ္နိုင္စြမ္း၊ တုံ႔ျပန္နိုင္စြမ္းမ်ားက ပိုင္ရွင္းယြီထက္ ျမင့္လွသည္။ တိက်လွတဲ့ေသနတ္ပစ္ခ်က္မ်ားျဖင့္ သူတို႔ႏွစ္ေယာက္ရဲ့ပူးေပါင္းေဆာင္ရြက္နိုင္ပုံက အံ့မခမ္းပင္။

ပိုင္ရွင္းယြီ Level 3 ဦးထုပ္လဲၿပီး စကၠန႔္အနည္းငယ္အတြင္းမွာတင္ ေခ်ာင္းေျမာင္းတိုက္ခိုက္ခ်က္ျဖင့္ လဲက်သြားေတာ့သည္။

"ငါလူး၊ ငါ knock သြားၿပီ။" ပိုင္ရွင္းယြီ ေျပာရင္း အိမ္ထဲကို တြားသြားဝင္လာရသည္။

ယြီဖုန္းခ်န္ အျခားတစ္ဖက္မွ အေျပးျပန္လာၿပီး အိမ္ထဲဝင္လ်က္ သူ႔ကို ျပန္ကယ္ေပးလိုက္သည္။ ထို႔ေနာက္မွာေတာ့ သူ ျပတင္းေပါက္ႏွင့္နံရံအၾကားတြင္ ပုန္းကြယ္လ်က္ ျပတင္းေပါက္မွ ေခါင္းျပဴထြက္လို႔ ေခ်ာင္းေျမာင္းပစ္သြားသူကို စတင္ရွာေဖြေတာ့သည္။

ပိုင္ရွင္းယြီ အေရးေပၚေသြးအိတ္ျဖည့္ၿပီးတာႏွင့္ ယြီဖုန္းခ်န္ႏွင့္အတူ အေပၚလိုက္တက္သြားၿပီး စိတ္ညစ္ညဴးသလိုေျပာလိုက္သည္။ "Level 3 ဦးထုပ္က ငါ့ေခါင္းေပၚမွာ သုံးစကၠန႔္ေတာင္ မခံလိုက္ဘူး။ ေဒါသထြက္လိုက္တာ။ မင္း လူရွာေတြ႕ၿပီလား။"

"ျဖစ္နိုင္တာ ျမႇားလက္တံ ၇၅ ဘက္မွာ၊ အဲ့တိုက္အေပၚထပ္။ ငါ အခုရွာေနတယ္။"

"ၾကည့္ရတာ ေနာက္ဆုံးဇုန္က ေက်ာင္းဘက္ကို က်ဥ္းမယ့္ပုံပဲ။ လူကလည္း အေယာက္ ၂၀ ေလာက္ပဲ က်န္ေတာ့တယ္။" ပိုင္ရွင္းယြီ အသက္ျပန္ျပည့္သြားတာႏွင့္ ျပတင္းေပါက္ေပၚတက္လို႔ သူ႔ကို လဲက်သြားေအာင္ လုပ္ခဲ့တဲ့စနိုက္ပါသမားကို လိုက္ရွာေပမယ့္ အေတာ္ၾကာရွာၿပီးတာေတာင္မွ ဘယ္သူမွ ေပၚမလာ။

Zone က တစ္ဖန္ထပ္က်ဥ္းသြားျပန္ၿပီး ေနာက္ဆုံးဇုန္က တကယ္ကို ေက်ာင္းဘက္၌ျဖစ္သြားေလသည္။ က်န္ရွိေနေသးသည့္ကစားသမားအေရအတြက္ကလည္း တျဖည္းျဖည္းေလ်ာ့နည္းေနေတာ့သည္။

ဇုန္အတြင္းကို ေျပးဝင္ေနတဲ့လူတစ္ေယာက္ကိုေတြ႕တာႏွင့္ ပိုင္ရွင္းယြီ ခ်က္ခ်င္း မွန္ေျပာင္းကိုဖြင့္လို႔ပစ္ခ်လိုက္ေတာ့သည္။ ထိုလူရဲ့အသင္းသားမွာ သူ႔ကို ကယ္ဖို႔အခ်ိန္မရွိေတာ့တာမို႔ ဇုန္ထဲကိုသာ ေျပးဝင္သြားရေလသည္။ ယြီဖုန္းခ်န္ကလည္း ပစ္မွတ္ေသခ်ာခ်ိန္ထားၿပီးတာႏွင့္ ေသနတ္စတင္ပစ္ခတ္လိုက္ရာ က်ည္တစ္ဝက္ မကုန္ေသးခင္မွာပဲ ထိုအသင္းသားပါ ေသသြားရသည္။

လူေျခာက္ေယာက္သာ က်န္ေတာ့ၿပီး အဖြဲ႕အားျဖင့္ဆို သုံးဖြဲ႕။

"ေလာင္ကုန္း၊ ငါတို႔ Top 3 ထဲေတာ့ ဝင္သြားၿပီ။ ဒီပြဲ ၾကက္သားစားနိုင္မယ္လို႔ မင္းထင္လား။" ပိုင္ရွင္းယြီ မွန္ေျပာင္းဖြင့္၍ ရန္သူရွိမရွိ ရွာေနလိုက္ေသးသည္။

"မင္း ေလာင္းခ်င္လို႔လား။ ငါ့အထင္ေတာ့ စားနိုင္တယ္။"

"ငါ့အထင္ ငါတို႔ ဒုတိယပဲ ရေလာက္မယ္။ စိတ္ထင္ေနတာ။"

"မင္းက ဘာစိတ္အထင္မ်ားရွိသြားတာလဲ။"

"ငါ့စိတ္ထင္ ခုနက ငါ့ကို knock သြားတဲ့တစ္ေယာက္က ဆရာႀကီးပဲ။ ၿပီးေတာ့ ဇုန္က ငါတို႔ေနရာယူထားတဲ့ဘက္ ထပ္က်ဥ္းဖို႔ မျဖစ္နိုင္ဘူး။ အဲ့ေတာ့ ငါတို႔ ဒီကေန ထြက္တာနဲ႔ ကိစၥျပတ္ၿပီ။"

"ဒါဆိုလည္း ေလာင္းတာေပါ့။"

"ဘာေၾကးလဲ။"

ယြီဖုန္းခ်န္ ႏွုတ္ခမ္းတစ္ဖက္ တြန႔္ေကြးလို႔ျပဳံးလိုက္သည္။ "မင္းနိုင္ရင္ မင္း ဘာလုပ္လုပ္ႀကိဳက္တာလုပ္။ ငါနိုင္ရင္ ၾကက္သားကို မင္းႀကိဳက္သေလာက္စားလို႔ရၿပီ။ မင္း ငါ့ရဲ့ၾကက္ေပါက္ေလး ..."

"လာေနၿပီ!" ပိုင္ရွင္းယြီ တစ္ခ်က္ေအာ္လိုက္ၿပီးေနာက္ က်ည္ဆန္မ်ား စတင္ပစ္ခတ္ေတာ့သည္။ ထို႔ေနာက္ အေဝးတစ္ေနရာရွိ အျပာေရာင္အေဆာက္အအုံထဲ ျမဴခိုးမ်ား ပိတ္ဖုံးသြားေလသည္။ System က လူတစ္ေယာက္ လဲက်သြားေၾကာင္း ေၾကညာလာေပမယ့္ ပိုင္ရွင္းယြီ စိတ္ပ်က္လက္ပ်က္ျဖစ္သြားရသည္။ "သြားၿပီ။ မေသဘူး။ သူ႔အသင္းသားက သူ႔ကို ျပန္ကယ္ေပးၿပီးေလာက္ၿပီ။"

"ေလာင္းေၾကးထပ္ဖို႔ သေဘာတူထားတယ္ေနာ္။" ယြီဖုန္းခ်န္ ဒုတိယထပ္ျပတင္းေပါက္မွ ခုန္ခ်၍ အျပာေရာင္အေဆာက္အဦးဆီသို႔ ေျပးသြားေတာ့သည္။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ ခုနက ေျပာသြားသမၽွကို အမွတ္ရလာၿပီး ရယ္ရင္းေအာ္ေငါက္လိုက္သည္။ "မင္းဆိုတဲ့လူရမ္းကားကေတာ့။ နိုင္မွ ေျပာစမ္းပါ။"

"ဒါဆို သေဘာတူတာပဲ။" ယြီဖုန္းခ်န္ သူ႔အျပဳံးကိုေတာင္ မဖုံးဖိထားနိုင္ေတာ့ဘဲ အျပာေရာင္အေဆာက္အဦးဘက္ အကာအကြယ္ မရွိ၊ ေျပးတက္သြားေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ကို အေနာက္မွ ေသနတ္ျဖင့္ ကာထားေပးေနရင္း ဗုံးႏွစ္လုံးေပါက္ကြဲသံႏွင့္အတူ ေသနတ္သံမ်ားၾကားလိုက္ရၿပီး ထို႔ေနာက္မွာေတာ့ ကစားသမား ေလးေယာက္သာ က်န္ေတာ့ေၾကာင္း System ေၾကညာလာျခင္းကို ျမင္လိုက္ရေလသည္။

"ဟားဟားဟား ေနာက္ထပ္တစ္သင္းက်န္ေသးတယ္။" ပိုင္ရွင္းယြီေျပာလိုက္သည္။ "မင္းျမန္ျမန္ျပန္လာေတာ့။"

"ဟင့္အင္း၊ ငါ ဒီမွာပဲ ေစာင့္ေနလိုက္မယ္။ အကယ္၍ ဇုန္က မင္းဘက္ကို က်ဥ္းရင္ ငါ သူတို႔ကို မင္းအတြက္ျမႇားေခၚလာေပးမယ္။ အကယ္၍ ဇုန္က ငါ့ဘက္က်ဥ္းရင္ေတာ့ မင္းက ငါးမၽွားစာအေနနဲ႔ ဒီလာခဲ့။ ငါ သူတို႔ကို ပစ္မယ္။ သူတို႔က ေသခ်ာသေလာက္ အေရွ႕ဘက္အိမ္မွာ ရွိေနတာ။"

"OK"

ေနာက္ထပ္ ဇုန္က်ဥ္းရန္ ၃၀ စကၠန႔္အလို။

ယြီဖုန္းခ်န္ တိုးတိုးေျပာလာသည္။ "ေပါင္ေပ့၊ ငါ မင္းအသံကိုၾကားရေလ မင္းကိုပိုလြမ္းေလပဲ။"

"အိုက္ယား၊ ငါတို႔ၾကား ၁၅ မိနစ္ေလာက္ပဲ ေဝးတာ။ ဒီေလာက္ အကဲပိုျပေနဖို႔ မလိုဘူး။" ပိုင္ရွင္းယြီ သူ႔တစ္ကိုယ္လုံးရွိအေၾကာအာ႐ုံမ်ား ေတာင့္တင္းေနေတာ့သည္။ ေျပာရလၽွင္ ကစားပြဲရဲ့အနိုင္အရွုံးက ခ်က္ခ်င္းဆိုသလို သိရေတာ့မွာျဖစ္ၿပီး အခုလိုအခ်ိန္မ်ိဳးတြင္ သူ ယြီဖုန္းခ်န္ရဲ့အလြမ္းသယ္မွုမ်ားေၾကာင့္ အာ႐ုံမပ်ံ႕သြားခ်င္။

"ဒါဆို မင္း ငါ့ကိုေတြ႕ခ်င္လား။"

"ေတြ႕ခ်င္တာေပါ့။"

"အခုကို ေတြ႕ခ်င္ေနၿပီလား။"

"မင္းအဘႀကီးကို အခုေတြးေနလိုက္။ ဇုန္က က်ဥ္းေတာ့မယ္။ ျပင္ဆင္ထားေတာ့။"

"မင္း ငါ့ကို ေတြ႕ခ်င္လား၊ မေတြ႕ခ်င္ဘူးလား၊ အခု"

"ေတြ႕ခ်င္တယ္၊ ေတြ႕ခ်င္တယ္၊ ေတြ႕ခ်င္တယ္"

"ဝတ္ေက်တန္းေက်နိုင္လိုက္တာ။ မင္း ရွုံးမွာေၾကာက္ၿပီး ငါ့ကို မေျပာျပခ်င္တာလား။"

"ငါလူး၊ ငါ ဂိမ္းေဆာ့ေနတယ္ေလ။ မင္း နည္းနည္းေလာက္အေလးအနက္ထားၿပီး ေဆာ့လို႔မရဘူးလား။ ငါ့ဘက္က်ဥ္းတာ၊ ေျပးလာ!"

ယြီဖုန္းခ်န္ အိမ္ထဲမွ ခ်က္ခ်င္းေျပးထြက္ကာ ခုန္လ်က္ေျပးလ်က္ႏွင့္ ဇုန္ႏွင့္အတူ အေျပးလာေလသည္။ ေသနတ္က်ည္ဆန္မ်ားကလည္း သူ႔အေနာက္မွ လိုက္လံလို႔ေနၿပီး ပိုင္ရွင္းယြီလည္း ပုန္းကြယ္ေနရာမွ ထ၍ ျပတင္းေပါက္မွတစ္ဆင့္ တစ္ဖက္ရန္သူ႔ေခါင္းကို တစ္ခ်က္တည္းႏွင့္ပစ္ခ်လိုက္ေတာ့သည္။

ရန္သူ႔အသင္းသားက ေၾကာက္လန႔္တႀကီးႏွင့္ ျပန္ေပၚလာျခင္း မရွိ၊ ပုန္းကြယ္ေနေတာ့သည္။ ယြီဖုန္းခ်န္လည္း အိမ္အတြင္းသို႔ ေနာက္ဆုံးေသြးလက္က်န္ေလးျဖင့္ ေျပးဝင္လာခဲ့သည္။

ဇုန္က သူတို႔ႏွင့္ ရန္သူ႔အၾကားကို ထပ္က်ဥ္းျပန္သည္။ ဒီအခ်ိန္မွေတာ့ တိုက္ခိုက္ရန္ အသုံးမဝင္လွေတာ့။ ႏွစ္ဖက္စလုံး ေဆးဝါးမ်ား အၿပိဳင္စားၾကေတာ့သည္။ ယြီဖုန္းခ်န္ကေတာ့ ေသြးအေရအတြက္နည္းထားၿပီးသားလူျဖစ္တာမို႔ အရင္ဆုံးေသသြားခဲ့ၿပီး ပိုင္ရွင္းယြီကေတာ့ ေဆးအိတ္တစ္ခုၿပီးတစ္ခု ထိုးထည့္ေနေလသည္။

အဆုံးမွာေတာ့ ဂိမ္းရလဒ္မ်ားေပၚလာၿပီး သူတို႔ ၾကက္သားစားလိုက္ရ၏!

"အာဟားဟားဟား-" ပိုင္ရွင္းယြီ အရယ္မရပ္နိုင္ေတာ့။ "နိုင္ၿပီ၊ နိုင္ၿပီ၊ နိုင္သြားၿပီ!"

ယြီဖုန္းခ်န္လည္း အူျမဴးသြားေတာ့သည္။ "မင္း အရွုံးကို ဝန္ခံေတာ့မွာလား။"

"ဟုတ္တယ္။ ဒီေန႔ကိစၥက ဒီေန႔တင္ၿပီးၿပီ .. ေဟးေဟး" ပိုင္ရွင္းယြီ ရယ္တာ မရပ္လိုက္နိုင္ေသး။

"ဒါဆို တံခါးဖြင့္"

ပိုင္ရွင္းယြီ ခဏမၽွ ေတာင့္တင္းသြားေတာ့သည္။ "ဘာႀကီး?"

"မင္း တံခါးလာဖြင့္ေပးလို႔။"

"မင္း ... ေနာက္ေနတာမလား။ မင္းေက်ာင္းမွာေလ။"

"မင္းတံခါးဖြင့္ၾကည့္လိုက္ရင္ သိရမွာပဲ။"

"ဘာလို႔ မင္းမွာ ေသာ့မရွိတာလဲ။"

"ငါ အျမန္ထြက္လာတာမို႔ ယူဖို႔ေမ့ခဲ့တယ္။"

"မင္း ငါ့ကို စေနတာမလား။" ပိုင္ရွင္းယြီ သူ႔ဖုန္းကို ပစ္ခ်ရင္း ႏွလုံးခုန္သံမ်ားလည္း ျပင္းထန္လာေတာ့သည္။

"မင္း ေၾကာက္ေနတာလား၊ ဘာလား။ အျပင္မွာ သရဲရွိေနမွာေၾကာက္ၿပီး တံခါးေတာင္ မဖြင့္ေပးရဲဘူးလား။"

ပိုင္ရွင္းယြီ အိပ္ရာေပၚမွ ခုန္ဆင္းကာ အိမ္ေနရင္းဖိနပ္ေတာင္ မဝတ္ေတာ့ဘဲ ဧည့္ခန္းကိုေက်ာ္ျဖတ္လို႔ တံခါးကို ဖြင့္ခ်လိုက္သည္။ ယြီဖုန္းခ်န္က ညဝတ္အကၤ်ီႏွင့္ ဖုန္းကိုင္ထားလ်က္ အျပင္မွာရပ္ေနၿပီး သူ႔ကို ျပဳံးလို႔ၾကည့္ေနေလသည္။

ပိုင္ရွင္းယြီ ႏွာမွုတ္ထုတ္ရင္း အေျပးသြားၿပီး တရွိုက္တမက္နမ္းလိုက္ေတာ့သည္။

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီခါးတစ္ဝိုက္တြင္ လက္ခ်ိတ္ထားလ်က္ ျပင္းျပင္းထန္ထန္တုန႔္ျပန္နမ္းရွိုက္ေနရင္းႏွင့္ ပိုင္ရွင္းယြီကို အိမ္ထဲ သယ္မခ်ီသြားၿပီး တစ္ဖက္ကလည္း တံခါးကို ကန္၍ပိတ္ခဲ့ေလသည္။

"ႏွုတ္ခမ္းႏွင့္လၽွာဖ်ား ဆက္သြယ္ေနရင္းမွ ပိုင္ရွင္းယြီ ဗလုံးဗေထြးေမးလာသည္။ "မင္း ဘယ္လိုျဖစ္ၿပီး .. ျပန္လာတာလဲ.."

"မင္းကို လြမ္းလို႔။ ငါ ခြင့္ယူခဲ့လိုက္တယ္။" ယြီဖုန္းခ်န္ ပိုင္ရွင္းယြီရဲ့ညဝတ္အကၤ်ီကို ဆြဲခၽြတ္ရင္း ျပန္ေျဖလ်က္ ေခ်ာေမြ႕ေနတဲ့အသားအရည္ေလးကို သူ႔လက္ဝါးႀကီးျဖင့္ ပြတ္သပ္ေနလို႔ တိုးတိုးရယ္သြားသည္။ "ေလာင္းေၾကးရဲ့အရွုံးကို လက္ခံဖို႔ဆႏၵရွိလား။ ဒီေန႔ကိစၥ ဒီေန႔တင္ၿပီးမွာလား၊ ဟမ္?"

ပိုင္ရွင္းယြီ သူ႔ေအာက္မွ အားမာန္တက္ႂကြမွုကို ခံစားလို႔ရေနၿပီး လွိမ့္ခ်ကာ ယြီဖုန္းခ်န္ကို ဆိုဖာေပၚဖိခ်ထားရင္း ႏွုတ္ခမ္းသပ္လို႔ လူယုတ္မာဆန္ဆန္ျပဳံးလ်က္ သူ႔အေရွ႕ ဒူးတစ္ဝက္ေထာက္အေနအထားျဖင့္ ျပန္ေျပာလိုက္သည္။ "အင္း၊ ငါ အရွုံးကိုလက္ခံဖို႔ဆႏၵရွိတယ္။"

ဒီညအတြက္ကေတာ့ ဒါကို 'ေအာင္ပြဲခံည'လို႔ တြက္ၾကတာေပါ့.. ???

KittyKitling

T/N : Long time no see TT

Continue Reading

You'll Also Like

344K 6.2K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
532K 29.6K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
792K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့