Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 259K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

113

13.8K 1.9K 277
By callme__kitty

[Unicode]

'မင်းဘာပြောလိုက်တယ်'

ပိုင်ရှင်းယွီ အိမ်ပြန်လာရောက်သည့်အချိန် သူ့မိဘများ TV ကြည့်နေတာကို မြင်လိုက်ရသည်။ သူ့အဖေကလည်း စိတ်အခြေအနေကောင်းနေပုံပေါ်လှသည်။ "သား၊ ပြန်လာပြီလား။"

"ပါး" သူ ပြုံးပြကာ အနားလျှောက်သွားပြီး သူ့အဖေဘေး ထိုင်ချလိုက်သည်။ "ဒီနေ့ ဘာအလုပ်ကိစ္စတွေ့ဆုံပွဲမှ မရှိဘူးပေါ့။"

"ဟုတ်ပါ့ကွာ။ ဒီရက်ပိုင်းအတွင်း အတော်လေးပင်ပန်းနေတာ။ တရားရုံးကိစ္စလည်း ဖြေရှင်းပြီးသွားပြီဆိုတော့ ငါလည်း ရက်နည်းနည်းလောက် အနားယူမလားလို့လေ။" ပိုင်ချင်းမင်ပြောလာသည်။ "ကျုံးဝေနဲ့ ပူးပေါင်းလုပ်တဲ့ပရောဂျက်ကရော ဘယ်လိုအခြေအနေရှိလဲ။ ငါ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ လုပ်ငန်းတိုးတက်မှုနှုန်းတောင် သတိမထားမိဘူး။ မင်းနဲ့ မန်နေဂျာရွှီက ရင်းနှီးနေလို့တော်သေးတယ်။ ငါ့ကို အဲ့အကြောင်းတွေ ပြောပြပါဦး။"

ပိုင်ရှင်းယွီက လတ်တလော တိုးတက်မှုများအကြောင်း ပြောပြလာပြီး ပိုင်ချင်းမင်လည်း ခေါင်းတငြိမ့်ငြိမ့်နှင့် အရမ်းကျေနပ်လို့သွားသည်။ "ဒီပရောဂျက်သာ အဆင်ပြေသွားရင် မင်းရဲ့လုံခြုံရေးကုမ္ပဏီအတွက်လည်း အရင်းအနှီးတွေ အများကြီးရှိလာလိမ့်မယ်။ အဲ့တာကြောင့် မင်းအစ်ကိုနောက်ကလိုက်ပြီး အလုပ်ကောင်းကောင်းလုပ်။ ယွီမိသားစုနဲ့လည်း ဆက်ဆံရေးကောင်းတစ်ခုရှိနေအောင် ထိန်းထား။ ဒီကိစ္စမှာ သူတို့ဆီက အထောက်အပံ့တွေလိုလိမ့်မယ်။"

"ဟုတ်၊ ကျွန်တော် နားလည်ပါတယ်။" ပိုင်ရှင်းယွီ သူ့အဖေကို ကြည့်ရင်း ဆက်ပြောဖို့ တုန့်ဆိုင်းနေမိသည်။

ပိုင်ချင်းမင် သက်ပြင်းချသွားသည်။ "အခုခေတ်မှာ ပိုက်ဆံချမ်းသာရုံတဲ့လူတွေနဲ့ အဲ့အာဏာပိုင်တွေလောက် ပါဝါအာဏာမရှိဘူး။ အဲ့လိုလူတွေထဲကတစ်ယောက်ကို မင်းရဲ့သူငယ်ချင်း ဖြစ်အောင်လုပ်လာနိုင်ခဲ့တာ မင်းရဲ့စစ်မှုထမ်းကာလထဲမှာ အကြီးမားဆုံးအောင်မြင်မှုကြီးပဲ။ အနာဂတ်ကျ ငါတို့မိသားစုရဲ့တက်လမ်းက ဖြောင့်ဖြူးသထက် ဖြောင့်ဖြူးသွားတော့မှာ။ မင်း မင်းအစ်ကို ကို ကျေးဇူးတင်သင့်တယ်။ သူသာ မင်းကို အတင်းအကြပ် တပ်ထဲ မပို့ခဲ့ရင် ဒီနေ့ မင်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။"

ပိုင်ရှင်ယွီ ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ "အဟုတ်ပဲ။"

သူ သူ့အမေကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူ့အမေလည်း သဘောပေါက်သွားပုံပေါ်လှပြီး အလျင်အမြန်ပင် သူ့ကို မျက်စိမှိတ် အချက်ပြလာသည်။ သူ့နှလုံးခုန်သံက ဒရမ်တစ်ခုလို မြည်ဟီးနေပြီး စကားပြောဖို့ကိုလည်း တုန့်ဆိုင်းနေမိသည်။ လွန်ခဲ့တဲ့ နှစ် နှစ်အတွင်း သူ့ရဲ့အရေထူးနိုင်စွမ်းများ လျော့ပါးသွားတာ တကယ်ကို ထူးဆန်းပါရဲ့။ သူ အရင်ကဆို သူ့အဖေထံမှ ပိုက်ဆံတောင်းရာတွင်ဖြစ်စေ၊ အမှားကို ခွင့်လွှတ်ပေးဖို့ အသနားခံရာတွင်ဖြစ်စေ၊ အရှက်မရှိသူတစ်ယောက်လို ပြုမူခဲ့ဖူးသည်။ အခုတော့ သူ စိတ်ပိုင်းဆိုင်ရာလည်း ပြင်ဆင်မှု ပြုလုပ်လာပေမယ့် သူနှင့်ယွီဖုန်းချန်အကြောင်းကို ထုတ်မပြောပြနိုင်။ တကယ်တော့ သူက အငေါက်ခံ၊ အရိုက်ခံရမှာကို ကြောက်ရွံ့နေတာ မဟုတ်၊ သူ့အဖေရဲ့ စိတ်ပျက်သလိုအကြည့်များကို မြင်ရမှာ ကြောက်နေမိတာပင်။

"မင်း ဘာဖြစ်နေတာလဲ။" ပိုင်ချင်းမင် အမေနှင့်သားကိုကြည့်ရင်း တစ်ခုခုမှားနေမှန်း သတိထားမိသွားသည်။

ပိုင်ရှင်းယွီ တံတွေးမြိုချရင်း ခက်ခက်ခဲခဲနှင့် ပြောလာရသည်။ "ပါး၊ ကျွန်တော့်မှာ ပါးကို ဝန်ခံပြောပြချင်တဲ့ ကိစ္စတစ်ခုရှိတယ်။"

ပိုင်ချင်းမင် မျက်မှောင်ကြုတ်သွားပြီး သတိတကြီးထား၍မေးလာသည်။ "မင်း ထပ်ပြီး လောင်းကစားတွေ လုပ်နေပြန်တာလား။"

ပိုင်ရှင်းယွီ ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ "မဟုတ်ဘူး၊ ကျွန်တော် အဲ့တာတွေ နောက်ထပ် ထပ်မထိတော့တာမို့ ပါး စိတ်ချထားပါ။"

ပိုင်ချင်းမင် စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ "ဒါဆိုရပြီ။ မင်း စစ်တပ်ထဲ ဝင်လာပြီးမှ အရမ်းလိမ္မာလာတာကို ငါ ကျေးဇူးတင်ပေမယ့် အရင်ပုံစံအတိုင်းတော့ ပြန်ဖြစ်သွားလို့ မရဘူး။"

ပိုင်ရှင်းယွီ ဆက်ပြောသည်။ "ပါး၊ ကျွန်တော့်ကောက နောက် နှစ် နှစ်လောက်နေရင် ကလေးယူတော့မလို့တဲ့။"

"အို့၊ ကိစ္စကောင်းပဲ။" ပိုင်ချင်းမင် စိတ်မပါ့တပါ ပြန်ပြောသည်။ "ဒါဆို သူနဲ့ လီယွီက ကလေးတစ်ယောက်ဆီ ယူကြမှာပေါ့။"

"ဟုတ်၊ ပြောတာတော့ သူတို့နှစ်ယောက်လုံးအတွက် အစားထိုးမွေးပေးမယ့်လူကို ရှာနေတယ်ဆိုပဲ။ အဲ့ဒါမှ ကလေးတွေ မွေးလာရင် သွေးချင်းနီးပြီး နောက်ဆို ရင်းရင်းနှီးနှီး ပိုရှိသွားမှာတဲ့။"

"အိုး၊ ကောင်းပါတယ်။"

"ကျွန်တော့်အထင်တော့ သူတို့ ဒီလိုလေး နေ နေကြတာ အဆင်ပြေနေတာပဲ။ နေ့စဉ်ဘဝမှာလည်း လစ်ဟင်းသွားတာမျိုး မရှိဘူး။"

ပိုင်ချင်းမင်ကို TV ကို အကြည့်မပြတ် ငေးနေရင်း စိတ်မပါသလိုပြန်ဖြေသည်။ "မရဘူးလည်း မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးက အလုပ်ကြိုးစားကြတာကိုး။ လီယွီ၊ ငါ အစပိုင်းတုန်းက သူ့ကို အရမ်းအားကိုးရလိမ့်မယ်လို့ မထင်ထားပေမယ့် ကြာလာတော့ အဲ့ကောင်လေးက သိပ်မဆိုးလှပါဘူး။"

"ဟုတ်တယ်နော်၊ အခုဆို ယောက်ျားချင်းကြိုက်တဲ့လူတွေလည်း များလာတော့ လူတော်တော်များများလည်း ကျင့်သားရနေကြပြီ။" ပိုင်ရှင်းယွီ သူ့အဖေကို အသည်းအသန် စကားပုလ္လင်ခံထားပေမယ့် စိတ်ထဲတော့ စိုးရိမ်နေဆဲပင်။

ပိုင်ချင်းမင်မှ သံယောင်လိုက်ပေးရင်းနှင့် ရုတ်တရက် ထပြောသည်။ "မင်း ဒီနေ့ကျမှ ဘာလို့ အဲ့အကြောင်းတွေပြောနေတာလဲ။"

ပိုင်ရှင်းယွီ သူ့အမေဘက်ကို လှမ်းကြည့်ပြီး မျက်မှောင် နည်းနည်းကြုတ်ပြလိုက်ရာ လီဝေ့ကျီက မတ်တပ်ထရပ်သွားသည်။ "ရှင် သစ်သီးစားဦးမလား၊ ကျွန်မ အခုသွားလှီးလိုက်မယ်။"

ပိုင်ချင်းမင် တစ်ခုခုကို အာရုံခံမိလာသည်။ "မင်းတို့နှစ်ယောက် ငါ့ကို ဖုံးထားတဲ့ကိစ္စရှိနေတာလား။ ဘာကိစ္စလဲ။ ဘာကိုဖုံးထားတာလဲ။"

ပိုင်ရှင်းယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ "ပါး၊ ကျွန်တော် ပြောပြစရာ .. ကိစ္စတစ်ခုရှိတယ်။"

ပိုင်ချင်းမင် မျက်မှောင်ကြုတ်သွားပြီး TV ကို လှမ်းပိတ်ရင်း မျက်နှာတည်ထားလျက် ပြောလာသည်။ "မင်းပြော။"

ပိုင်ရှင်းယွီရဲ့နှုတ်ခမ်းများ တုန်ယင်သွားပြီး စကားတစ်ခွန်းချင်းစီ ပြောပြလိုက်သည်။ "ကျွန်တော် .. ကျွန်တော် ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေတယ်။"

ပိုင်ချင်းမင်းမှာ သူ့မျက်လုံးများပင် ပြူးကျယ်သွားရသည်။ "မင်း နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း?"

လီဝေ့ကျီ မျက်နှာလွှဲထားမိတော့သည်။

"ကျွန်တော် ယောက်ျားတစ်ယောက်နဲ့ တွဲနေတယ်။ ယွီဖုန်းချန်နဲ့။"

ပိုင်ချင်းမင်မှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့ခေါင်းအထက်မှ မီးခိုးငွေ့တွေ ထွက်လာတော့မည့်အလား မျက်နှာကလည်း အပြာရောင်နှင့် အဖြူရောင်အကြား အရောင်ပြေးလျက်ရှိနေသည်။ သူပုံစံက ထိတ်လန့်အံ့ဩခြင်းများမှ မလွတ်မြောက်သေးသလိုပင်၊ လက်မြှောက်ကာ ပိုင်ရှင်းယွီ၏မျက်နှာကို ခပ်ကြမ်းကြမ်း လွှဲရိုက်လို့လာသည်။

ပိုင်ရှင်းယွီ မျက်တောင် တောင် မခပ်သွား။ သူ့စိတ်ထဲ သူ့အဖေရိုက်ချက်က အားမပြင်းလှသလိုဖြစ်နေသည်။ သူ့မှတ်ဉာဏ်ထဲက အရိုက်ခံရတိုင်း နာလွန်းလို့ အော်ငိုမိသည့်သံလက်ဝါးဆိုတာက သူ စစ်တပ်ထဲ လက်ဝှေ့လေ့ကျင့်ရချိန် ရဲဘော်အချင်းချင်း ထိုးကြိတ်ရတဲ့လက်သီးချက်များလောက်တောင် မနာတော့။ ဒီရိုက်ချက်က သူ့အပြစ်ရှိစိတ်များ ပျောက်ကွယ်သွားစေဖို့ မတတ်နိုင်။ သူ့အနေနှင့် သူ့အဖေ သူ့ကို ဒီ့ထက် ပိုနာအောင်ရိုက်ပေးဖို့ မျှော်လင့်နေမိသည်။ မဟုတ်ပါက သူ သူ့အဖေရဲ့မျက်နှာအမူအရာကို မော့ကြည့်ရဲမှာ မဟုတ်။

ပိုင်ချင်းမင် အေးစက်စက်ပြောလာသည်။ "မင်းတို့နှစ်ယောက် ငါ့ကို လာကစားနေတာလား။ ငါက နောက်ဆုံးမှသိရတဲ့လူလား။"

လီဝေ့ကျီ တိုးတိုးပြန်ပြောသည်။ "ချင်းမင်၊ ရှင့်ကို တမင် မသိရအောင်ဆိုပြီး မပြောပဲ ထားတာ မဟုတ် .."

"ပါးစပ်ပိတ်ထား!" ပိုင်ချင်းမင် ဒေါသတကြီး အော်ဟစ်ကာ ပိုင်ရှင်းယွီကို ခပ်ကြမ်းကြမ်း ပိတ်ကန်ပြီး အပေါ်ထပ်သို့ တက်သွားသည်။

အပေါ်ထပ်ရှိစာကြည့်ခန်းတံခါးက ဘန်းကနဲ ပိတ်သွားပြီး ဧည့်ခန်းတွင် ကျန်ခဲ့သည့် အမေနှင့်သားကတော့ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်ငြိမ်သက်လျက် ငေးကြည့်နေမိကြသည်။

အချိန်အတော်ကြာမှ ပိုင်ရှင်းယွီ သက်ပြင်းချလိုက်သည်။ "မား၊ ဒီကြားထဲ တစ်ရက်နှစ်ရက်လောက် ကျွန်တော့်ဦးလေးအိမ် သွားနေလိုက်ပါလား။ မမြင်နေရတော့ စိတ်ပူစရာလည်း မလိုတော့ဘူးလေ။"

ဒီအချိန်ရောက်လာမှတော့ သူ့အမေကိုပါ ဒီအိမ်မှာ သူနှင့်အတူ သူ့အဖေရဲ့ဒေါသကို ခံစားခိုင်းမည့်အစား သူတစ်ယောက်တည်း ခံယူလိုက်မည်သာ။

လီဝေ့ကျီ ခေါင်းငြိမ့်ပြလာသည်။ "ဟုတ်ပြီ။"

"မား၊ တောင်းပန်ပါတယ်။"

လီဝေ့ကျီ သူ့မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။ "မင်း အဲ့စကားပြောတာကို နားထောင်ရတာ ပင်ပန်းလှပြီ။ ငယ်ငယ်ကတည်းက မင်း အမှားလုပ်ပြီးပြီဆို အမှားကို ဝန်ခံလာပေမယ့် တစ်ခါမှ ပြင်သွားတယ်ဆိုတာ မရှိဘူး။ ဒီတစ်ကြိမ်တော့ မင်း အမှားလုပ်တာ နောက်ဆုံးဖြစ်ဖို့ မျှော်လင့်တယ်။ မင်းလည်း အသက်ကြီးနေပြီ၊ မား ထပ်ပြီး စိတ်မပူချင်တော့ဘူး။"

ပိုင်ရှင်းယွီ သူ့အမေလက်ကို ဆွဲထားရင်း အလေးအနက်ထား ပြန်ပြော၏။ "ဒါ နောက်ဆုံးပါပဲ။"

လီဝေ့ကျီ သူ့ရဲ့ယောင်ကိုင်းနေတဲ့ပါးကို ထိကြည့်ရင်း အနည်းငယ်မျှ စိတ်သောကရောက်သွားရသည်။ "နာနေလား။"

ပိုင်ရှင်းယွီ ခေါင်းခါပြလိုက်သည်။ "ဘယ်လောက်မှ မခံစားလိုက်ရဘူး။"

လီဝေ့ကျီ နောက်ထပ်တစ်ကြိမ် သက်ပြင်းချရင်း သူမမျက်နှာတွင် အားကိုးရာမဲ့ခြင်းများ ပေါ်လာတော့သည်။ ပိုင်ရှင်းယွီ ရင်ထဲလည်း ခံစားချက်များ ရောထွေးနေသည်။ ဘယ်လိုပဲဖြစ်နေပါစေ သူ ဝန်ခံလိုက်ပြီးပြီမို့ သူ့ရင်ထဲ ဖိစီးထားသည့်ကျောက်တုံးက ဖယ်ရှားခံလိုက်ရသလိုပင်။ ဘဝဆိုတာ ပြဿနာတွေ ဆက်တိုက်ပေါ်ပေါက်နေပြီး အမြဲလိုလို အဖြေရှာ၊ ဖြေရှင်းနေရတာမျိုးဖြစ်သည်။ သူ့အနေနှင့်လည်း ဒီလိုအခက်အခဲတိုင်းကို ရင်ဆိုင်နိုင်ဖို့အထိ ရင့်ကျက်ပြီးဖြစ်၏။

နောက်တစ်နေ့မှာတော့ သူ့အဖေက မနက်အစောကြီးကတည်းက အိမ်မှ ထွက်သွားသည်။ သူလည်း ကားသမားကို သူ့အမေအား ဦးလေးအိမ် လိုက်ပို့ပေးဖို့ မှာထားလိုက်သည်။ အခု သူ့အဖေက စိတ်ရှုပ်ထွေးလွန်းနေတဲ့အခြေအနေတစ်ခုမှာ ရှိနေမှန်း သူ သိထားသည်။ သူလည်း သူ့အဖေရဲ့အင်အားမဲ့သလိုခံစားချက်ကို နားလည်ပေးနိုင်သည်။ ပြောရပါက မွေးလာကတည်းက အခုချိန်အထိ သူ့အဖေ သူ့ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့။ အရင်က ပွေလီနေခဲ့လို့ ထိန်းချုပ်ရခက်ခဲ့သည်ဆိုပါလျှင် အခုကတော့ သူ တစ်ကိုယ်တည်းရပ်တည်နိုင်နေပြီမို့ ထိန်းချုပ်ရန် ပိုခက်ခဲသွားခြင်းပင်။

စနေနေ့ မနက်စောစောတွင် ယွီဖုန်းချန်က ဖုန်းခေါ်ပြီး သူနှင့်အတူ ယာတောအိမ်များဆီ သွားဖို့ခေါ်လာသည်။

ပိုင်ရှင်းယွီလည်း စိတ်ညစ်နေရတာကြောင့် စိတ်ပြေလက်ပျောက် အပြင်သွားချင်မိတာမို့ သဘောတူလိုက်သည်။ ထို့နောက် သူ တွေးကြည့်ရင်း ကျန်းဆွေ့ယင်းနှင့် လီယွီကိုပါ လိုက်မလားဟု မေးဖို့လုပ်လိုက်သည်။ အရင်တစ်ခေါက်က သူ ကျန်းဆွေ့ယင်းနှင့် ငါးမျှားသွားမယ့်အကြောင်း ပြောထားခဲ့ပေမယ့် သူ့မှာ အချိန် မအားလပ်ဖြစ်သွားရသည်။ ဒီတစ်ခေါက်တော့ သူတို့ လိုက်မလား မသိပေမယ့် ပိုင်ရှင်းယွီ စမ်းခေါ်ကြည့်ဖို့တော့ ဆုံးဖြတ်ထားလိုက်သည်။

မထင်မှတ်ထားစွာ သူဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြီးချိန်မှာပဲ ကျန်းဆွေ့ယင်းက ချက်ချင်းဆိုသလိုသဘောတူလာသည်။ "သွားမယ်လေ။ ဘာလို့မသွားရမှာလဲ။ အခု အဲ့ကောင်လေးက ခြေကျိုးနေတာမလား။ ငါ့ကို ဘယ်လိုစိတ်မကြည်အောင် လုပ်နိုင်မလဲ ကြည့်ဦးမယ်။"

ပိုင်ရှင်းယွီ သူ Urumqi ကို အလုပ်ခရီးသွားရတုန်းက အဖျားတက်သွားချိန် ယွီဖုန်းချန်က ဟော်တယ်ခန်းထဲ လိုက်စောင့်ပေးရင်း ပြန်ဖို့ငြင်းဆိုခဲ့တာကို အမှတ်ရလာသည်။ ထိုအချိန်က သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီး ရန်ဖြစ်သွားကြပုံပင်။ ကျန်း​ဆွေ့ယင်းဆိုတာ သဘောထားကြီးလှသူမဟုတ်၊ လက်စားပြန်ချေဖို့ အခွင့်အရေးကို စောင့်နေတာဖြစ်၏။

ပိုင်ရှင်းယွီ ယွီဖုန်းချန်ကို ဖုန်းပြန်ခေါ်ပြီး သူ့အစ်ကိုနှင့် လီယွီပါ လိုက်မယ့်အကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ပါ ပြောလိုက်သည်။ ယွီဖုန်းချန်ရဲ့တုန့်ပြန်လာမှုက ထူးခြားသွားတာမျိုး မရှိ၊ တည်တည်ငြိမ်ငြိမ်နှင့်သာ ပြန်ပြောလာသည်။ "ကောင်းတာပဲ၊ လာခဲ့ကြလေ။"

သူတို့ သုန့်ကျို့ဘက်ရှိ လယ်ယာအိမ်လေးဆီကို မောင်းသွားလိုက်ကြသည်။ ထိုနေရာက လူသူအသွားအလာနည်းပါးလှတာမို့ လေကောင်းလေသန့်ပေါများပြီး မျက်စိအေးဖွယ် မြင်ကွင်းများလည်းရှိနေသည်။ ယွီဖုန်းချန် ဒီလိုနေရာမျိုးကို ဘယ်လိုရှာတွေ့လာသလဲ သူ မသိ။

ကျန်းဆွေ့ယင်းက ယွီဖုန်းချန်ကို မြင်တာနှင့် လှောင်ပြောင်ရန်အသင့်အနေအထားကို ပြင်လိုက်သည်။ "ရို့၊ ဒီခြေတစ်ဖက်က ကောင်းလာနိုင်ရဲ့လား။ ငါ့ညီကိုတော့ တစ်သက်လုံး ခြေကျိုးတစ်ယောက် စောင့်ရှောက်သွားရအောင် မလုပ်နဲ့ဦး။"

ယွီဖုန်းချန်ကတော့ စိတ်အနှောင့်အယှက်ဖြစ်သွားတာမျိုး လုံးဝ မရှိ။ "သုံးလေးလလောက်နေရင် ကောင်းလာမှာပါ။ နောက်နှစ်ဆို ပြေးတာ၊ ခုန်တာမျိုး လုပ်နိုင်သွားပြီ။ ကော၊ မပူပါနဲ့ဗျ။"

"ဘယ်သူက မင်း 'ကော' လဲ။ မခေါ်စမ်းနဲ့။" ကျန်းဆွေ့ယင်း သူ့ကို မျက်နှာသေဖြင့်ကြည့်လာသည်။

ယွီဖုန်းချန်ကတော့ ဖော်ဖော်သီသီပြုံးနေဆဲ။ "ကောက ရှင်းယွီရဲ့အစ်ကိုပဲ။ အဲ့တော့ သေချာပေါက် ကျွန်တော့် 'ကော' ပေါ့။"

"လာ မဖားနေစမ်းနဲ့။ ငါ့ညီနှစ်ယောက်မှာ တစ်ယောက်က ခွေးသား၊ တစ်ယောက်က အရူး*၊ ငါ မင်းကို ပိုလို့တောင် မကြည့်ချင်ဘူး။"

[T/N : တရုတ်လိုဆို အရူးနေရာမှာ 二百五 (250) လို့ သုံးထားတာပါ။ သူတို့ဘက်က ခေါင်းမကောင်းတဲ့လူကို ခေါ်တဲ့ slang တစ်ခုပါ။]

ကျန်းဆွေ့ယင်း ပိုင်ရှင်းယွီကို ဆွဲခေါ်သွားတော့သည်။ "သွား၊ အထဲဝင်ပြီး ညစာသွားစားမယ်။"

ပိုင်ရှင်းယွီမှာ ယွီဖုန်းချန်ကို အထဲတွဲကူပြီး ခေါ်သွားချင်ပေမယ့် ယွီဖုန်းချန်က ပြုံးရင်းပြောလာသည်။ "ဘာမှမဖြစ်ဘူး။ ငါ့မှာ ချိုင်းထောက်ပါတယ်။ မင်း ဝင်သွားနှင့်။"

ဒီလယ်ယာတည်းခိုအိမ်လေးက လာရောက်လည်ပတ်သူ နည်းလှတာမို့ သူတို့ ဟင်းပွဲအချို့မှာပြီးတာနှင့် အလျင်အမြန်ပင် လာချပေးလာပြီး အရသာကလည်း အတော်လေး ကောင်းမွန်နေသည်။

စားနေစဉ်အတွင်း ကျန်းဆွေ့ယင်းက မကြာမကြာဆိုသလို ယွီဖုန်းချန်ရဲ့စကားများကို အထအနကောက်၍ ပြန်ပြောလို့နေသည်။ ယွီဖုန်းချန်ရဲ့စည်းမစောင့်တတ်တဲ့ပါးစပ်ဖြင့် သူသာ တကယ် ကျန်းဆွေ့ယင်းနှင့်ယှဉ်ပြိုင်ဖြစ်ချင်ပါက ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပိုင်ရှင်းယွီ မခန့်မှန်းတတ်။ သို့သော် ယွီဖုန်းချန်က အတော်လေးကို ချုပ်တည်းနိုင်လှပြီး ဖြစ်စဉ်တစ်လျှောက်လုံး ခပ်လျှိုလျှိုသာ နေ နေသည်။ ပိုင်ရှင်းယွီနှင့် လီယွီကတော့ ဘေးမှာထိုင်ရင်းသာ ပွဲကြည့်နေရပြီး ကျန်းဆွေ့ယင်းလည်း အကြိမ်ရေ အနည်းငယ်မျှ ကလိပြီးနောက် တဖြည်းဖြည်းပျင်းသွားတာမို့ စကားဆက်မပြောလာတော့။

စားပြီးနောက်မှာတော့ သူတို့ ရေကန်ဘေး ငါးမျှားဖို့ သွားလိုက်ကြသည်။ ပိုင်ရှင်းယွီမှာ ရေကန်ပြင်ကို စူးစူးရဲရဲ အာရုံစိုက်ကြည့်နေချိန် ရုတ်တရက်မြည်လာသည့်ဖုန်းသံကြောင့် အလန့်တကြားဖြစ်သွားရသည်။ သူ ဖုန်းထုတ်ကြည့်လိုက်ချိန် ခေါ်ဆိုလာသူက သူ့အဖေဖြစ်နေမှန်း တွေ့လိုက်ရလေသည်။ သူ စိတ်လှုပ်ရှားမှုများဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဖုန်းပြန်ဖြေဆိုလိုက်သည်။ "ဟယ်လို၊ ပါး"

"မင်း ဘယ်သွားနေတာလဲ။" ပိုင်ချင်းမင် သုန်သုန်မှုန်မှုန်ပြောလာသည်။

"ကျွန်တော် ကျွန်တော့်ကောနဲ့ ငါးသွားမျှားတယ်။"

"မင်းအမေကရော?"

"မားက ကျွန်တော့်ဦးလေးအိမ် သွားနေတယ်။"

ပိုင်ချင်းမင် ဒေါသပုံထသွားသည်။ "မင်းတို့နှစ်ယောက်က ဘာသဘောလဲ။ ငါ့ကို ရှောင်တာလား။"

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော့်အန်တီ လွန်ခဲ့တဲ့နှစ်ရက်လောက်က ခြေထောက်ကျိုးသွားလို့ မားက သွားကြည့်တာ။"

"မင်း ယွီဖုန်းချန်နဲ့အတူရှိနေတာတော့ မဟုတ်ဘူးမလား။"

ပိုင်ရှင်းယွီ သူ့ဘေးတွင်ရှိနေသည့်လူကို လှမ်းကြည့်လိုက်သည်။ ယွီဖုန်းချန်ကလည်း သူ့ကို နင့်နင့်နဲနဲငေးစိုက်ကြည့်နေ၏။ သူ တုန့်ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။ "ဟုတ်"

"မင်း မင်းအစ်ကိုဆီက ကောင်းကွက်တွေကျ မသင်ပဲ ဘာလို့ အဲ့လိုပြဿနာကွက်တွေချည်း သင်လာရတာလဲ။"

ပိုင်ရှင်းယွီ ထရပ်ကာ အဝေးလျှောက်သွားလိုက်သည်။ သူ့မိဘတွေရဲ့ ဒီကိစ္စအပေါ် ပထမဆုံးတုန့်ပြန်ချက်က သူ့အစ်ကိုရဲ့လွှမ်းမိုးမှုခံရတယ်ဆိုတာပင်။ သူ ဒီကိစ္စကိုတော့ သေချာရှင်းပြမှရလိမ့်မည်။ "ပါး၊ ကျွန်တော် ကျိန်ရဲတယ်။ ဒီကိစ္စက ကျွန်တော့်ကောနဲ့ ဘာမှဆိုင်မနေဘူး။ သူနဲ့ ကျွန်တော်က စစ်တပ်ထဲမှာကတည်းက .. တွဲလာတာကြာပြီ။"

ပြောပြီးနောက် သူ့သွားများပင် ချဉ်စူးလာပေမယ့် တွေးကြည့်ပါက ဟုတ်မှန်နေတာပင်။ "ပါး၊ လက်မခံနိုင်သေးတာ ကျွန်တော် သိတယ်။ ဒါပေမယ့် မနေ့ညက ပါးပြောသလိုပဲလေ။ ကျွန်တော့်ကောနဲ့ လီယွီတောင် သူတို့ဘာသာလေး အဆင်ပြေနေကြတာပဲ .."

"မနေ့ညက မင်း တမင် စကားလမ်းကြောင်းတာလေ!" ပိုင်ချင်းမင် ဒေါသတကြီး ပြောလာသည်။ "ငါ မနေ့ညက အိပ်လို့တောင် မပျော်ဘူး။ ငါ့မှာတော့ မင်း အရွယ်ရောက်လာလို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တတ်နေပြီလို့ ထင်ထားတာ။ ငါလည်း မင်းရဲ့အတွေးကို လက်ခံပေးသင့်ပါတယ်လို့ တွေးမိပေမယ့် တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ စဉ်းစားပြီးတာတောင် ငါ့သားက ယောက်ျားတစ်ယောက်နဲ့ အတူရှိနေမှာကို လက်မခံနိုင်သေးဘူး။ မင်း အခုအိမ်ပြန်လာခဲ့။ ငါ ယွီဖုန်းချန်ရဲ့မိဘတွေနဲ့ စကားပြောချင်တယ်။"

ပိုင်ရှင်းယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ "ပါး၊ သူတို့သိတယ်။"

"မင်း ဘာပြောလိုက်တယ်။"

"ကျွန်တော်ပြောတာ .. သူတို့အကုန်သိတယ်။ အဲ့တာကြောင့် .."

ပိုင်ချင်းမင်လည်း သေချာသလောက် သူ့မိန်းမကဲ့သို့ပင် ထိတ်လန့်အံ့ဩပြီး စကားပြန်မပြောနိုင်ဖြစ်သွားသည်။

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "ပါး၊ ကျွန်တော် နောက်မှ ဖုန်းပြန်ခေါ်လိုက်မယ်။ ကျွန်တော့်ကို ရိုက်ချင်ရိုက်၊ အော်ချင်အော်။ ပါး ကြိုက်သလိုသာလုပ်။ ကျွန်တော် ပုန်းရှောင်မှာ မဟုတ်ဘူး။"

ပိုင်ချင်းမင် ဖုန်းချလို့သွားပြီး ပိုင်ရှင်းယွီမှာ တစ်ဖက်က ဖုန်းလိုင်းပြတ်သွားသည့်အသံကို နားထောင်ရင်း သူ့စိတ်ထဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတော့သည်။

သူ့အနောက်မှ ချိုင်းထောက်သံပေါ်လာပြီး ပိုင်ရှင်းယွီ လှည့်ကြည့်လိုက်ချိန် ယွီဖုန်းချန်က သူ့အနောက်တွင်ရပ်နေလျက် သူ့အား တိတ်တိတ်လေးကြည့်နေတာကို မြင်လိုက်ရလေသည်။

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "မင်း ကြားသွားတာလား။"

ယွီဖုန်းချန် ခေါင်းငြိမ့်ပြသည်။ "ငါ မင်းရဲ့ပါးယောင်နေတာကို မြင်နေတာကြာလှပြီ။ မင်းရဲ့အစ်ကိုရှေ့မို့သာ ငါ မမေးတာ။" သူ အနားလျှောက်လာကာ ပိုင်ရှင်းယွီပါးကို ဖွဖွလေး တို့ထိလာသည်။ "တော်သေးတယ်။ နှစ်ရက်လောက်နေရင် အရောင်ကျသွားမှာ။"

"အင်း၊ ငါ့အဖေက ငါ့ကို တကယ်ရိုက်ချင်ခဲ့တာမှ မဟုတ်တာ။ ဘာမှမဖြစ်ဘူး။"

"ဒီနေ့ည ငါ မင်းနဲ့အတူ အိမ်လိုက်ခဲ့လို့ရလား။"

ပိုင်ရှင်းယွီ ကြောင်အသွားသည်။ "ငါ့အိမ်ကိုလား။"

"အင်းလေ။" ယွီဖုန်းချန် တည်တည်ငြိမ်ငြိမ် ပြောလာသည်။ "ငါ မင်းရဲ့အဖေနဲ့ တွေ့ဖို့ကိုလည်း မကြောက်ဘူး။"

"လုပ်စမ်းပါ၊ မင်း အခုလိုက်လာရင် ငါ့အဖေကို သွားဆွသလိုဖြစ်နေမယ်။"

ယွီဖုန်းချန် မျက်မှောင်ကြုတ်ရင်း တိုးတိုးရေရွတ်လေသည်။ "ဘယ်လိုလုပ်မှ သူ့သားကို ငါ့ပေးဖို့ ဆန္ဒရှိလာမှာပါလိမ့်။"

ပိုင်ရှင်းယွီ စိတ်ပျော်ရွှင်သွားရသည်။ "ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။"

ယွီဖုန်းချန် သူ့ချိုင်းထောက်ကို မြှောက်ပြီး ပိုင်ရှင်းယွီရဲ့ခြေထောက်ကို တို့ထိလာသည်။ "ဒါဆို မနက်ဖြန်ရော ငါ မင်းနဲ့တွေ့လို့ရမလား။"

ပိုင်ရှင်းယွီ သူ့ကို တမင် စနောက်လိုက်သည်။ "မင်း ငါ့ကို နေ့တိုင်းမြင်နေရတာ မပင်ပန်းဘူးလား။"

ယွီဖုန်းချန် အသံမြှင့်ပြောလာသည်။ "ငါတို့ ဘယ်တုန်းကများ နေ့တိုင်းတွေ့ဖြစ်လို့လဲ! ငါကလည်း ပထမနှစ်ပြီးတာနဲ့ အားတော့မှာ မဟုတ်ဘူး။ စစ်တပ်ထဲဝင်သွားရပြီဆို တစ်လမှာ ခဏတိုင်းတွေ့ဖို့တောင် ခက်တော့မယ်။ တပ်ထဲကို မိသားစုဝင် ခေါ်လာခွင့် ရဖို့ဆိုတာလည်း နှစ်ကြာအောင်ကြိုးစားရဦးမှာ။ ငါတို့မှာ အတူရှိဖို့အချိန်ဆိုတာ သိပ်မကျန်တော့ဘူး။ ငါ ငါ့မှာရှိသမျှအချိန်တိုင်းကို မဖြုန်းတီးလိုက်ချင်ဘူး။"

ပိုင်ရှင်းယွီ နှလုံးသားလည်း ရုတ်တရက် ပျော့ပျောင်းသွားရသည်။ "ဟုတ်ပါပြီ။ မနက်ဖြန် ငါထွက်လာလို့ရရင် ချက်ချင်း မင်းဆီလာခဲ့မယ်။"

ယွီဖုန်းချန်လည်း ထိုအခါမှသာ ပြုံးသွားတော့သည်။

ရာသီဥတုသာယာခဲ့သည်ဟု ပြောရမလားတောင် သူ မသိ။ ညနေစောင်းပိုင်းတွင် မိုးသည်းသည်းထန်ထန်ရွာချလာ၏။ သူတို့မှာ လယ်ယာတည်းခိုအိမ်ကို ပြန်လာဖို့တောင် ရွံ့ဗွက်ထနေတဲ့လမ်းညစ်ပတ်ထဲ လျှောက်ခဲ့ရသေးသည်။ ဒီလိုလမ်းမျိုးက မိုးရွာနေတဲ့အချိန် ကားမောင်းဖို့ အတော်လေးခက်ခဲလှသည်၊ ကားတိုင်ယာများက ရွံ့ဗွက်ထဲ နစ်ဝင်သွားနိုင်တာမို့ပင်။ တည်းခိုအိမ်ပိုင်ရှင်က ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နှင့် သူတို့အား ပြောဆိုလာတာမို့ နောက်ဆုံးမှာတော့ သူတို့အကုန် တစ်ညအိပ်ဖို့ဖြစ်သွားရသည်။

ညဘက် သူတို့ ဧည့်ခန်းထဲတွင် ထိုင်နေရင်း အပူပေးစက်ကို မှီထားလျက် အရက်လေး သောက်ပြီး ဆိုဖာပေါ်တွင် စကားတပြောပြောလုပ်နေလိုက်ကြသည်။ သူတို့လေးယောက်လုံး စီးပွါးရေးအကြောင်းများ ပြောဖြစ်ကြကာ ခေါင်းစဉ်တွေဆိုတာလည်း အဆုံးမသတ်နိုင်တော့။ ယွီဖုန်းချန်ကလည်း ပေါ့ပေါ့ပါးပါး စကားဝင်ပြောလာပြီး ကျန်းဆွေ့ယင်းကို အရင်းအမြစ်များစွာဖြင့် မိတ်ဆက်ပေးလာတာမို့ ကျန်းဆွေ့ယင်းမှာ အတော်လေး စိတ်ကျေနပ်လာရသည်။ ပိုင်ရှင်းယွီအနေနှင့်လည်း ယွီဖုန်းချန် သူ့အစ်ကို စိတ်ကျေနပ်သွားအောင် အစွမ်းကုန်ကြိုးစားပေးနေမှန်း မြင်နေရသည်။ ကျန်းဆွေ့ယင်းကလည်း တုံးအသူ မဟုတ်၊ သူ့အတွက် အကျိုးအမြတ်ရလာတာကို မြင်ချိန်တွင် ယွီဖုန်းချန်အပေါ် ဆက်ဆံပုံကလည်း အရင်ကလောက် ခက်ထန်မနေတော့။

သူတို့ ညနက်တဲ့အထိ စကားပြောပြီးမှ အိပ်ရာဝင်ဖြစ်ကြသည်။

ပိုင်ရှင်းယွီ ယွီဖုန်းချန်ကို အိပ်ရာပေါ်အထိ ကူခေါ်သွားလိုက်ပြီး သူ့ကျောက်ပတ်တီးကို လက်ဖြင့် တတောက်တောက်ခေါက်လျက် ပြုံးရင်းပြောလိုက်သည်။ "ငါ အခု မင်းကို အနိုင်ကျင့်ရတာ ဂိမ်းဆော့နေရသလိုပဲ။ လေ့ကျင့်ရေးစခန်းမှာတုန်းက မင်းလည်း ငါ့ကို အများကြီးအနိုင်ကျင့်ဖူးထားတယ်လေ။ ပြန်လက်စားချေလိုက်ရမလား။"

ယွီဖုန်းချန်က သူ့လက်နှစ်ဖက်ကို ဘေးဖြန့်ထားရင်း သူ့နှုတ်ခမ်းများကလည်း ညစ်ကျယ်ကျယ်အပြုံးတစ်ခုအသွင် တွန့်ကွေးလို့သွားပြီး တက်မက်စိတ်များဖြင့်ရီဝေနေသည့်အကြည့်များဖြင့် ပြောလာသည်။ "လာလေ၊ မင်း ငါ့အပေါ်လုပ်ချင်တာ မှန်သမျှ လုပ်လို့ရတယ်။"

"ဖာ့ခ်!" ပိုင်ရှင်းယွီ သူ့ကို တစ်ချက်ရိုက်ပြီးမှ အိပ်ရာပေါ် တက်လာလိုက်သည်။

ယွီဖုန်းချန် သူ့ပခုံးမှ လှမ်းဆွဲထားပြီး အိပ်ရာပေါ်ဖိချကာ ဘာစကားတစ်ခွန်းမှ မပြောလာပဲ နှုတ်ခမ်းပါးများကိုသာ နမ်းရှိုက်ရင်း ညင်ညင်သာသာ ဆုပ်ယူလို့နေသည်။ အနမ်းတစ်ချက်သာဆိုပေမယ့် ပြင်းပြစိတ်များတော့ ကြီးမားလွန်းကြောင်း ဖော်ပြနေ၏။

ပိုင်ရှင်းယွီ ယွီဖုန်းချန်ရဲ့လည်ပင်းကို သိုင်းဖက်ထားရင်း သူ့ကို ဆိတ်ဆိတ်ငြိမ်သက်လျက် ကြည့်နေမိသည်။ "ယွီဖုန်းချန်၊ မင်း ကလေးယူဖို့အကြောင်း တွေးဖူးလား။"

"မင်း ကြိုက်သလိုလုပ်။" ယွီဖုန်းချန် သူ့နားရွက်ကို ဖိကိုက်၊ ကစားနေရင်း အမှုမထားသလို ပြန်ဖြေသည်။

ပိုင်ရှင်းယွီ အားကိုးရာမဲ့သလိုပြန်ပြောမိသည်။ "မင်းကတော့ တကယ် ဘာကိုမှစိတ်ပူမနေဘူး။ မင်းမိဘတွေ ဘယ်လိုလုပ်ပြီး မင်းကို လွှတ်ထားတာလဲ။"

"ငယ်ငယ်တုန်းက တစ်ရက်ကို သုံးခေါက် အရိုက်ခံရတယ်။ အမှားကိုလည်း ဝန်မခံဘူး၊ ပြောင်းလဲမယ်လည်း မရှိဘူး။ အိမ်က တစ်ခါထွက်သွားတိုင်း လကျော်တယ်။ ဆေးရုံကိုလည်း ခဏခဏရောက်တယ်။ ဆယ်ကျော်သက်ပုန်ကန်ချင်စိတ်ကလည်း စိုးရိမ်အဆင့်မှာရှိနေတယ်။ မင်းသာ အဲ့လိုကလေးမျိုးမွေးထားမိရင် ကြာလာတာနဲ့ လွှတ်ထားပေးမိမှာပဲ။"

ပိုင်ရှင်းယွီ လှောင်ရယ်လိုက်သည်။ "မင်းမှာ ပြန်ပြောပြရဲတဲ့မျက်နှာတော့ ရှိသေးသားပဲ။"

"ငါ ငယ်ငယ်တုန်းက မသိမိုက်မဲလေးလေ။" ယွီဖုန်းချန်က အပြစ်ကင်းစင်သူတစ်ယောက်လို ပြောလာသည်။ "ငါ့အမေက ပြောတယ်၊ အနာဂတ်ကျ ထိန်းပေးနိုင်မယ့် မိန်းမကိုရှာတဲ့။ အခု ဒီမှာ မင်းရှိနေပြီပဲ။"

"ငါကတော့ မင်းကို အာရုံနောက်ခံပြီး ဂရုစိုက်မနေဘူး။"

"မင်း ဂရုစိုက်မစိုက်က အရေးမကြီးဘူး။ မင်းသာ ငါ့အနားရှိနေရင် ငါ အတော်လေး လုံခြုံနေလိမ့်မယ်။ ငါ့မိဘတွေလည်း အဲ့တာကို သိထားတယ်။" ယွီဖုန်းချန်က သူ့ခါးကို တင်းတင်းကျပ်ကျပ်နှင့် ဖက်လာသည်။ "အနာဂတ်ကျ ငါ့ဘေးကလူတွေ အန္တရာယ် မများရအောင် မင်း ငါ့အနား အမြဲရှိနေမှ ရမယ်။"

ပိုင်ရှင်းယွီ အောင်ပွဲခံသူတစ်ယောက်လို ပြောလိုက်သည်။ "မင်းရဲ့အပြုအမူကို ကြည့်ဦးမယ်။"

ပိုင်ရှင်းယွီ လေ့ကျင့်ရေးစခန်းတုန်းက အချိန်များကို ပြန်မတွေးပဲ မနေနိုင်တော့။ ထိုအချိန်က ယွီဖုန်းချန် သူ့ကို စနောက်ကျီစယ်လာတိုင်း သူ့မှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ရသည်။ သို့ပေမယ့် နှစ် နှစ်၊ သုံးနှစ်အကြာတွင် သူတို့နှစ်ယောက်က အခုလိုဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားပါအံ့။

သူသာ အချိန်နောက်ပြန်ဆုတ်လို့ရခဲ့လျှင် ထိုအချိန်က သူ့ကိုယ်သူ ပြောပြမိချင်ပါ၏။ 'မကြောက်နဲ့။ ဒီကောင်လေးက တစ်နေ့ကျရင် မင်းရဲ့ထိန်းချုပ်တာကို လိုလိုလားလားနဲ့ နာခံလာမှာ။ အဲ့အချိန်တုန်းက ဘယ်လောက်ပဲ မကျေနပ်ချက်တွေ ရှိခဲ့ပါစေ၊ မြိုသိပ်ထားပြီး တစ်နေ့ သူတောင်းပန်လာအောင် လုပ်။' ဟူ၍ပင်။

ထိုကဲ့သို့ တွေးမိချိန် ပိုင်ရှင်းယွီမှာ စိတ်ပျော်ရွှင်လာရပြီး ယွီဖုန်းချန်ကို သိုင်းဖက်ထားရင်း သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးနေသည့်အပြုံးလေးကလည်း ထိန်းချုပ်လို့တောင် မရတော့။

KittyKitling

_____///_____

[Zawgyi]

'မင္းဘာေျပာလိုက္တယ္'

ပိုင္ရွင္းယြီ အိမ္ျပန္လာေရာက္သည့္အခ်ိန္ သူ႔မိဘမ်ား TV ၾကည့္ေနတာကို ျမင္လိုက္ရသည္။ သူ႔အေဖကလည္း စိတ္အေျခအေနေကာင္းေနပုံေပၚလွသည္။ "သား၊ ျပန္လာၿပီလား။"

"ပါး" သူ ျပဳံးျပကာ အနားေလၽွာက္သြားၿပီး သူ႔အေဖေဘး ထိုင္ခ်လိုက္သည္။ "ဒီေန႔ ဘာအလုပ္ကိစၥေတြ႕ဆုံပြဲမွ မရွိဘူးေပါ့။"

"ဟုတ္ပါ့ကြာ။ ဒီရက္ပိုင္းအတြင္း အေတာ္ေလးပင္ပန္းေနတာ။ တရား႐ုံးကိစၥလည္း ေျဖရွင္းၿပီးသြားၿပီဆိုေတာ့ ငါလည္း ရက္နည္းနည္းေလာက္ အနားယူမလားလို႔ေလ။" ပိုင္ခ်င္းမင္ေျပာလာသည္။ "က်ဳံးေဝနဲ႔ ပူးေပါင္းလုပ္တဲ့ပေရာဂ်က္ကေရာ ဘယ္လိုအေျခအေနရွိလဲ။ ငါ ဒီရက္ပိုင္း အလုပ္ရွုပ္ေနတာနဲ႔ လုပ္ငန္းတိုးတက္မွုႏွုန္းေတာင္ သတိမထားမိဘူး။ မင္းနဲ႔ မန္ေနဂ်ာရႊီက ရင္းႏွီးေနလို႔ေတာ္ေသးတယ္။ ငါ့ကို အဲ့အေၾကာင္းေတြ ေျပာျပပါဦး။"

ပိုင္ရွင္းယြီက လတ္တေလာ တိုးတက္မွုမ်ားအေၾကာင္း ေျပာျပလာၿပီး ပိုင္ခ်င္းမင္လည္း ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ အရမ္းေက်နပ္လို႔သြားသည္။ "ဒီပေရာဂ်က္သာ အဆင္ေျပသြားရင္ မင္းရဲ့လုံျခဳံေရးကုမၸဏီအတြက္လည္း အရင္းအႏွီးေတြ အမ်ားႀကီးရွိလာလိမ့္မယ္။ အဲ့တာေၾကာင့္ မင္းအစ္ကိုေနာက္ကလိုက္ၿပီး အလုပ္ေကာင္းေကာင္းလုပ္။ ယြီမိသားစုနဲ႔လည္း ဆက္ဆံေရးေကာင္းတစ္ခုရွိေနေအာင္ ထိန္းထား။ ဒီကိစၥမွာ သူတို႔ဆီက အေထာက္အပံ့ေတြလိုလိမ့္မယ္။"

"ဟုတ္၊ ကၽြန္ေတာ္ နားလည္ပါတယ္။" ပိုင္ရွင္းယြီ သူ႔အေဖကို ၾကည့္ရင္း ဆက္ေျပာဖို႔ တုန့္ဆိုင္းေနမိသည္။

ပိုင္ခ်င္းမင္ သက္ျပင္းခ်သြားသည္။ "အခုေခတ္မွာ ပိုက္ဆံခ်မ္းသာ႐ုံတဲ့လူေတြနဲ႔ အဲ့အာဏာပိုင္ေတြေလာက္ ပါဝါအာဏာမရွိဘူး။ အဲ့လိုလူေတြထဲကတစ္ေယာက္ကို မင္းရဲ့သူငယ္ခ်င္း ျဖစ္ေအာင္လုပ္လာနိုင္ခဲ့တာ မင္းရဲ့စစ္မွုထမ္းကာလထဲမွာ အႀကီးမားဆုံးေအာင္ျမင္မွုႀကီးပဲ။ အနာဂတ္က် ငါတို႔မိသားစုရဲ့တက္လမ္းက ေျဖာင့္ျဖဴးသထက္ ေျဖာင့္ျဖဴးသြားေတာ့မွာ။ မင္း မင္းအစ္ကို ကို ေက်းဇူးတင္သင့္တယ္။ သူသာ မင္းကို အတင္းအၾကပ္ တပ္ထဲ မပို႔ခဲ့ရင္ ဒီေန႔ မင္းဆိုတာ ရွိလာမွာ မဟုတ္ဘူး။"

ပိုင္ရွင္ယြီ ေခါင္းၿငိမ့္ျပၿပီး ေျပာလိုက္သည္။ "အဟုတ္ပဲ။"

သူ သူ႔အေမကို တစ္ခ်က္ခိုးၾကည့္လိုက္သည္။ သူ႔အေမလည္း သေဘာေပါက္သြားပုံေပၚလွၿပီး အလ်င္အျမန္ပင္ သူ႔ကို မ်က္စိမွိတ္ အခ်က္ျပလာသည္။ သူ႔ႏွလုံးခုန္သံက ဒရမ္တစ္ခုလို ျမည္ဟီးေနၿပီး စကားေျပာဖို႔ကိုလည္း တုန့္ဆိုင္းေနမိသည္။ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္အတြင္း သူ႔ရဲ့အေရထူးနိုင္စြမ္းမ်ား ေလ်ာ့ပါးသြားတာ တကယ္ကို ထူးဆန္းပါရဲ့။ သူ အရင္ကဆို သူ႔အေဖထံမွ ပိုက္ဆံေတာင္းရာတြင္ျဖစ္ေစ၊ အမွားကို ခြင့္လႊတ္ေပးဖို႔ အသနားခံရာတြင္ျဖစ္ေစ၊ အရွက္မရွိသူတစ္ေယာက္လို ျပဳမူခဲ့ဖူးသည္။ အခုေတာ့ သူ စိတ္ပိုင္းဆိုင္ရာလည္း ျပင္ဆင္မွု ျပဳလုပ္လာေပမယ့္ သူႏွင့္ယြီဖုန္းခ်န္အေၾကာင္းကို ထုတ္မေျပာျပနိုင္။ တကယ္ေတာ့ သူက အေငါက္ခံ၊ အရိုက္ခံရမွာကို ေၾကာက္ရြံ႕ေနတာ မဟုတ္၊ သူ႔အေဖရဲ့ စိတ္ပ်က္သလိုအၾကည့္မ်ားကို ျမင္ရမွာ ေၾကာက္ေနမိတာပင္။

"မင္း ဘာျဖစ္ေနတာလဲ။" ပိုင္ခ်င္းမင္ အေမႏွင့္သားကိုၾကည့္ရင္း တစ္ခုခုမွားေနမွန္း သတိထားမိသြားသည္။

ပိုင္ရွင္းယြီ တံေတြးၿမိဳခ်ရင္း ခက္ခက္ခဲခဲႏွင့္ ေျပာလာရသည္။ "ပါး၊ ကၽြန္ေတာ့္မွာ ပါးကို ဝန္ခံေျပာျပခ်င္တဲ့ ကိစၥတစ္ခုရွိတယ္။"

ပိုင္ခ်င္းမင္ မ်က္ေမွာင္ၾကဳတ္သြားၿပီး သတိတႀကီးထား၍ေမးလာသည္။ "မင္း ထပ္ၿပီး ေလာင္းကစားေတြ လုပ္ေနျပန္တာလား။"

ပိုင္ရွင္းယြီ ရယ္ရခက္ငိုရခက္ျဖစ္သြားသည္။ "မဟုတ္ဘူး၊ ကၽြန္ေတာ္ အဲ့တာေတြ ေနာက္ထပ္ ထပ္မထိေတာ့တာမို႔ ပါး စိတ္ခ်ထားပါ။"

ပိုင္ခ်င္းမင္ စိတ္ေအးသြားသလို သက္ျပင္းခ်လိုက္သည္။ "ဒါဆိုရၿပီ။ မင္း စစ္တပ္ထဲ ဝင္လာၿပီးမွ အရမ္းလိမၼာလာတာကို ငါ ေက်းဇူးတင္ေပမယ့္ အရင္ပုံစံအတိုင္းေတာ့ ျပန္ျဖစ္သြားလို႔ မရဘူး။"

ပိုင္ရွင္းယြီ ဆက္ေျပာသည္။ "ပါး၊ ကၽြန္ေတာ့္ေကာက ေနာက္ ႏွစ္ ႏွစ္ေလာက္ေနရင္ ကေလးယူေတာ့မလို႔တဲ့။"

"အို႔၊ ကိစၥေကာင္းပဲ။" ပိုင္ခ်င္းမင္ စိတ္မပါ့တပါ ျပန္ေျပာသည္။ "ဒါဆို သူနဲ႔ လီယြီက ကေလးတစ္ေယာက္ဆီ ယူၾကမွာေပါ့။"

"ဟုတ္၊ ေျပာတာေတာ့ သူတို႔ႏွစ္ေယာက္လုံးအတြက္ အစားထိုးေမြးေပးမယ့္လူကို ရွာေနတယ္ဆိုပဲ။ အဲ့ဒါမွ ကေလးေတြ ေမြးလာရင္ ေသြးခ်င္းနီးၿပီး ေနာက္ဆို ရင္းရင္းႏွီးႏွီး ပိုရွိသြားမွာတဲ့။"

"အိုး၊ ေကာင္းပါတယ္။"

"ကၽြန္ေတာ့္အထင္ေတာ့ သူတို႔ ဒီလိုေလး ေန ေနၾကတာ အဆင္ေျပေနတာပဲ။ ေန႔စဥ္ဘဝမွာလည္း လစ္ဟင္းသြားတာမ်ိဳး မရွိဘူး။"

ပိုင္ခ်င္းမင္ကို TV ကို အၾကည့္မျပတ္ ေငးေနရင္း စိတ္မပါသလိုျပန္ေျဖသည္။ "မရဘူးလည္း မဟုတ္ဘူး။ သူတို႔ႏွစ္ေယာက္လုံးက အလုပ္ႀကိဳးစားၾကတာကိုး။ လီယြီ၊ ငါ အစပိုင္းတုန္းက သူ႔ကို အရမ္းအားကိုးရလိမ့္မယ္လို႔ မထင္ထားေပမယ့္ ၾကာလာေတာ့ အဲ့ေကာင္ေလးက သိပ္မဆိုးလွပါဘူး။"

"ဟုတ္တယ္ေနာ္၊ အခုဆို ေယာက္်ားခ်င္းႀကိဳက္တဲ့လူေတြလည္း မ်ားလာေတာ့ လူေတာ္ေတာ္မ်ားမ်ားလည္း က်င့္သားရေနၾကၿပီ။" ပိုင္ရွင္းယြီ သူ႔အေဖကို အသည္းအသန္ စကားပုလႅင္ခံထားေပမယ့္ စိတ္ထဲေတာ့ စိုးရိမ္ေနဆဲပင္။

ပိုင္ခ်င္းမင္မွ သံေယာင္လိုက္ေပးရင္းႏွင့္ ႐ုတ္တရက္ ထေျပာသည္။ "မင္း ဒီေန႔က်မွ ဘာလို႔ အဲ့အေၾကာင္းေတြေျပာေနတာလဲ။"

ပိုင္ရွင္းယြီ သူ႔အေမဘက္ကို လွမ္းၾကည့္ၿပီး မ်က္ေမွာင္ နည္းနည္းၾကဳတ္ျပလိုက္ရာ လီေဝ့က်ီက မတ္တပ္ထရပ္သြားသည္။ "ရွင္ သစ္သီးစားဦးမလား၊ ကၽြန္မ အခုသြားလွီးလိုက္မယ္။"

ပိုင္ခ်င္းမင္ တစ္ခုခုကို အာ႐ုံခံမိလာသည္။ "မင္းတို႔ႏွစ္ေယာက္ ငါ့ကို ဖုံးထားတဲ့ကိစၥရွိေနတာလား။ ဘာကိစၥလဲ။ ဘာကိုဖုံးထားတာလဲ။"

ပိုင္ရွင္းယြီ အသက္ျပင္းျပင္းရွူလိုက္သည္။ "ပါး၊ ကၽြန္ေတာ္ ေျပာျပစရာ .. ကိစၥတစ္ခုရွိတယ္။"

ပိုင္ခ်င္းမင္ မ်က္ေမွာင္ၾကဳတ္သြားၿပီး TV ကို လွမ္းပိတ္ရင္း မ်က္ႏွာတည္ထားလ်က္ ေျပာလာသည္။ "မင္းေျပာ။"

ပိုင္ရွင္းယြီရဲ့ႏွုတ္ခမ္းမ်ား တုန္ယင္သြားၿပီး စကားတစ္ခြန္းခ်င္းစီ ေျပာျပလိုက္သည္။ "ကၽြန္ေတာ္ .. ကၽြန္ေတာ္ ေယာက္်ားေလးတစ္ေယာက္နဲ႔ တြဲေနတယ္။"

ပိုင္ခ်င္းမင္းမွာ သူ႔မ်က္လုံးမ်ားပင္ ျပဴးက်ယ္သြားရသည္။ "မင္း ေနာက္တစ္ေခါက္ ထပ္ေျပာၾကည့္စမ္း?"

လီေဝ့က်ီ မ်က္ႏွာလႊဲထားမိေတာ့သည္။

"ကၽြန္ေတာ္ ေယာက္်ားတစ္ေယာက္နဲ႔ တြဲေနတယ္။ ယြီဖုန္းခ်န္နဲ႔။"

ပိုင္ခ်င္းမင္မွာ တစ္ကိုယ္လုံး တုန္ယင္ေနၿပီး သူ႔ေခါင္းအထက္မွ မီးခိုးေငြ႕ေတြ ထြက္လာေတာ့မည့္အလား မ်က္ႏွာကလည္း အျပာေရာင္ႏွင့္ အျဖဴေရာင္အၾကား အေရာင္ေျပးလ်က္ရွိေနသည္။ သူပုံစံက ထိတ္လန့္အံ့ဩျခင္းမ်ားမွ မလြတ္ေျမာက္ေသးသလိုပင္၊ လက္ေျမႇာက္ကာ ပိုင္ရွင္းယြီ၏မ်က္ႏွာကို ခပ္ၾကမ္းၾကမ္း လႊဲရိုက္လို႔လာသည္။

ပိုင္ရွင္းယြီ မ်က္ေတာင္ ေတာင္ မခပ္သြား။ သူ႔စိတ္ထဲ သူ႔အေဖရိုက္ခ်က္က အားမျပင္းလွသလိုျဖစ္ေနသည္။ သူ႔မွတ္ဉာဏ္ထဲက အရိုက္ခံရတိုင္း နာလြန္းလို႔ ေအာ္ငိုမိသည့္သံလက္ဝါးဆိုတာက သူ စစ္တပ္ထဲ လက္ေဝွ႕ေလ့က်င့္ရခ်ိန္ ရဲေဘာ္အခ်င္းခ်င္း ထိုးႀကိတ္ရတဲ့လက္သီးခ်က္မ်ားေလာက္ေတာင္ မနာေတာ့။ ဒီရိုက္ခ်က္က သူ႔အျပစ္ရွိစိတ္မ်ား ေပ်ာက္ကြယ္သြားေစဖို႔ မတတ္နိုင္။ သူ႔အေနႏွင့္ သူ႔အေဖ သူ႔ကို ဒီ့ထက္ ပိုနာေအာင္ရိုက္ေပးဖို႔ ေမၽွာ္လင့္ေနမိသည္။ မဟုတ္ပါက သူ သူ႔အေဖရဲ့မ်က္ႏွာအမူအရာကို ေမာ့ၾကည့္ရဲမွာ မဟုတ္။

ပိုင္ခ်င္းမင္ ေအးစက္စက္ေျပာလာသည္။ "မင္းတို႔ႏွစ္ေယာက္ ငါ့ကို လာကစားေနတာလား။ ငါက ေနာက္ဆုံးမွသိရတဲ့လူလား။"

လီေဝ့က်ီ တိုးတိုးျပန္ေျပာသည္။ "ခ်င္းမင္၊ ရွင့္ကို တမင္ မသိရေအာင္ဆိုၿပီး မေျပာပဲ ထားတာ မဟုတ္ .."

"ပါးစပ္ပိတ္ထား!" ပိုင္ခ်င္းမင္ ေဒါသတႀကီး ေအာ္ဟစ္ကာ ပိုင္ရွင္းယြီကို ခပ္ၾကမ္းၾကမ္း ပိတ္ကန္ၿပီး အေပၚထပ္သို႔ တက္သြားသည္။

အေပၚထပ္ရွိစာၾကည့္ခန္းတံခါးက ဘန္းကနဲ ပိတ္သြားၿပီး ဧည့္ခန္းတြင္ က်န္ခဲ့သည့္ အေမႏွင့္သားကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ တိတ္ဆိတ္ၿငိမ္သက္လ်က္ ေငးၾကည့္ေနမိၾကသည္။

အခ်ိန္အေတာ္ၾကာမွ ပိုင္ရွင္းယြီ သက္ျပင္းခ်လိုက္သည္။ "မား၊ ဒီၾကားထဲ တစ္ရက္ႏွစ္ရက္ေလာက္ ကၽြန္ေတာ့္ဦးေလးအိမ္ သြားေနလိုက္ပါလား။ မျမင္ေနရေတာ့ စိတ္ပူစရာလည္း မလိုေတာ့ဘူးေလ။"

ဒီအခ်ိန္ေရာက္လာမွေတာ့ သူ႔အေမကိုပါ ဒီအိမ္မွာ သူႏွင့္အတူ သူ႔အေဖရဲ့ေဒါသကို ခံစားခိုင္းမည့္အစား သူတစ္ေယာက္တည္း ခံယူလိုက္မည္သာ။

လီေဝ့က်ီ ေခါင္းၿငိမ့္ျပလာသည္။ "ဟုတ္ၿပီ။"

"မား၊ ေတာင္းပန္ပါတယ္။"

လီေဝ့က်ီ သူ႔မ်က္ႏွာကို တစ္ဖက္သို႔ လွည့္ထားလိုက္သည္။ "မင္း အဲ့စကားေျပာတာကို နားေထာင္ရတာ ပင္ပန္းလွၿပီ။ ငယ္ငယ္ကတည္းက မင္း အမွားလုပ္ၿပီးၿပီဆို အမွားကို ဝန္ခံလာေပမယ့္ တစ္ခါမွ ျပင္သြားတယ္ဆိုတာ မရွိဘူး။ ဒီတစ္ႀကိမ္ေတာ့ မင္း အမွားလုပ္တာ ေနာက္ဆုံးျဖစ္ဖို႔ ေမၽွာ္လင့္တယ္။ မင္းလည္း အသက္ႀကီးေနၿပီ၊ မား ထပ္ၿပီး စိတ္မပူခ်င္ေတာ့ဘူး။"

ပိုင္ရွင္းယြီ သူ႔အေမလက္ကို ဆြဲထားရင္း အေလးအနက္ထား ျပန္ေျပာ၏။ "ဒါ ေနာက္ဆုံးပါပဲ။"

လီေဝ့က်ီ သူ႔ရဲ့ေယာင္ကိုင္းေနတဲ့ပါးကို ထိၾကည့္ရင္း အနည္းငယ္မၽွ စိတ္ေသာကေရာက္သြားရသည္။ "နာေနလား။"

ပိုင္ရွင္းယြီ ေခါင္းခါျပလိုက္သည္။ "ဘယ္ေလာက္မွ မခံစားလိုက္ရဘူး။"

လီေဝ့က်ီ ေနာက္ထပ္တစ္ႀကိမ္ သက္ျပင္းခ်ရင္း သူမမ်က္ႏွာတြင္ အားကိုးရာမဲ့ျခင္းမ်ား ေပၚလာေတာ့သည္။ ပိုင္ရွင္းယြီ ရင္ထဲလည္း ခံစားခ်က္မ်ား ေရာေထြးေနသည္။ ဘယ္လိုပဲျဖစ္ေနပါေစ သူ ဝန္ခံလိုက္ၿပီးၿပီမို႔ သူ႔ရင္ထဲ ဖိစီးထားသည့္ေက်ာက္တုံးက ဖယ္ရွားခံလိုက္ရသလိုပင္။ ဘဝဆိုတာ ျပႆနာေတြ ဆက္တိုက္ေပၚေပါက္ေနၿပီး အျမဲလိုလို အေျဖရွာ၊ ေျဖရွင္းေနရတာမ်ိဳးျဖစ္သည္။ သူ႔အေနႏွင့္လည္း ဒီလိုအခက္အခဲတိုင္းကို ရင္ဆိုင္နိုင္ဖို႔အထိ ရင့္က်က္ၿပီးျဖစ္၏။

ေနာက္တစ္ေန႔မွာေတာ့ သူ႔အေဖက မနက္အေစာႀကီးကတည္းက အိမ္မွ ထြက္သြားသည္။ သူလည္း ကားသမားကို သူ႔အေမအား ဦးေလးအိမ္ လိုက္ပို႔ေပးဖို႔ မွာထားလိုက္သည္။ အခု သူ႔အေဖက စိတ္ရွုပ္ေထြးလြန္းေနတဲ့အေျခအေနတစ္ခုမွာ ရွိေနမွန္း သူ သိထားသည္။ သူလည္း သူ႔အေဖရဲ့အင္အားမဲ့သလိုခံစားခ်က္ကို နားလည္ေပးနိုင္သည္။ ေျပာရပါက ေမြးလာကတည္းက အခုခ်ိန္အထိ သူ႔အေဖ သူ႔ကို ထိန္းခ်ဳပ္နိုင္ျခင္း မရွိခဲ့။ အရင္က ေပြလီေနခဲ့လို႔ ထိန္းခ်ဳပ္ရခက္ခဲ့သည္ဆိုပါလၽွင္ အခုကေတာ့ သူ တစ္ကိုယ္တည္းရပ္တည္နိုင္ေနၿပီမို႔ ထိန္းခ်ဳပ္ရန္ ပိုခက္ခဲသြားျခင္းပင္။

စေနေန႔ မနက္ေစာေစာတြင္ ယြီဖုန္းခ်န္က ဖုန္းေခၚၿပီး သူႏွင့္အတူ ယာေတာအိမ္မ်ားဆီ သြားဖို႔ေခၚလာသည္။

ပိုင္ရွင္းယြီလည္း စိတ္ညစ္ေနရတာေၾကာင့္ စိတ္ေျပလက္ေပ်ာက္ အျပင္သြားခ်င္မိတာမို႔ သေဘာတူလိုက္သည္။ ထို႔ေနာက္ သူ ေတြးၾကည့္ရင္း က်န္းေဆြ႕ယင္းႏွင့္ လီယြီကိုပါ လိုက္မလားဟု ေမးဖို႔လုပ္လိုက္သည္။ အရင္တစ္ေခါက္က သူ က်န္းေဆြ႕ယင္းႏွင့္ ငါးမၽွားသြားမယ့္အေၾကာင္း ေျပာထားခဲ့ေပမယ့္ သူ႔မွာ အခ်ိန္ မအားလပ္ျဖစ္သြားရသည္။ ဒီတစ္ေခါက္ေတာ့ သူတို႔ လိုက္မလား မသိေပမယ့္ ပိုင္ရွင္းယြီ စမ္းေခၚၾကည့္ဖို႔ေတာ့ ဆုံးျဖတ္ထားလိုက္သည္။

မထင္မွတ္ထားစြာ သူဖုန္းေခၚၿပီး အက်ိဳးအေၾကာင္းေျပာၿပီးခ်ိန္မွာပဲ က်န္းေဆြ႕ယင္းက ခ်က္ခ်င္းဆိုသလိုသေဘာတူလာသည္။ "သြားမယ္ေလ။ ဘာလို႔မသြားရမွာလဲ။ အခု အဲ့ေကာင္ေလးက ေျခက်ိဳးေနတာမလား။ ငါ့ကို ဘယ္လိုစိတ္မၾကည္ေအာင္ လုပ္နိုင္မလဲ ၾကည့္ဦးမယ္။"

ပိုင္ရွင္းယြီ သူ Urumqi ကို အလုပ္ခရီးသြားရတုန္းက အဖ်ားတက္သြားခ်ိန္ ယြီဖုန္းခ်န္က ေဟာ္တယ္ခန္းထဲ လိုက္ေစာင့္ေပးရင္း ျပန္ဖို႔ျငင္းဆိုခဲ့တာကို အမွတ္ရလာသည္။ ထိုအခ်ိန္က သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ၿပီး ရန္ျဖစ္သြားၾကပုံပင္။ က်န္း​ေဆြ႕ယင္းဆိုတာ သေဘာထားႀကီးလွသူမဟုတ္၊ လက္စားျပန္ေခ်ဖို႔ အခြင့္အေရးကို ေစာင့္ေနတာျဖစ္၏။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ကို ဖုန္းျပန္ေခၚၿပီး သူ႔အစ္ကိုႏွင့္ လီယြီပါ လိုက္မယ့္အေၾကာင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားဖို႔ပါ ေျပာလိုက္သည္။ ယြီဖုန္းခ်န္ရဲ့တုန့္ျပန္လာမွုက ထူးျခားသြားတာမ်ိဳး မရွိ၊ တည္တည္ၿငိမ္ၿငိမ္ႏွင့္သာ ျပန္ေျပာလာသည္။ "ေကာင္းတာပဲ၊ လာခဲ့ၾကေလ။"

သူတို႔ သုန့္က်ိဳ႕ဘက္ရွိ လယ္ယာအိမ္ေလးဆီကို ေမာင္းသြားလိုက္ၾကသည္။ ထိုေနရာက လူသူအသြားအလာနည္းပါးလွတာမို႔ ေလေကာင္းေလသန့္ေပါမ်ားၿပီး မ်က္စိေအးဖြယ္ ျမင္ကြင္းမ်ားလည္းရွိေနသည္။ ယြီဖုန္းခ်န္ ဒီလိုေနရာမ်ိဳးကို ဘယ္လိုရွာေတြ႕လာသလဲ သူ မသိ။

က်န္းေဆြ႕ယင္းက ယြီဖုန္းခ်န္ကို ျမင္တာႏွင့္ ေလွာင္ေျပာင္ရန္အသင့္အေနအထားကို ျပင္လိုက္သည္။ "ရို႔၊ ဒီေျခတစ္ဖက္က ေကာင္းလာနိုင္ရဲ့လား။ ငါ့ညီကိုေတာ့ တစ္သက္လုံး ေျခက်ိဳးတစ္ေယာက္ ေစာင့္ေရွာက္သြားရေအာင္ မလုပ္နဲ႔ဦး။"

ယြီဖုန္းခ်န္ကေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္သြားတာမ်ိဳး လုံးဝ မရွိ။ "သုံးေလးလေလာက္ေနရင္ ေကာင္းလာမွာပါ။ ေနာက္ႏွစ္ဆို ေျပးတာ၊ ခုန္တာမ်ိဳး လုပ္နိုင္သြားၿပီ။ ေကာ၊ မပူပါနဲ႔ဗ်။"

"ဘယ္သူက မင္း 'ေကာ' လဲ။ မေခၚစမ္းနဲ႔။" က်န္းေဆြ႕ယင္း သူ႔ကို မ်က္ႏွာေသျဖင့္ၾကည့္လာသည္။

ယြီဖုန္းခ်န္ကေတာ့ ေဖာ္ေဖာ္သီသီျပဳံးေနဆဲ။ "ေကာက ရွင္းယြီရဲ့အစ္ကိုပဲ။ အဲ့ေတာ့ ေသခ်ာေပါက္ ကၽြန္ေတာ့္ 'ေကာ' ေပါ့။"

"လာ မဖားေနစမ္းနဲ႔။ ငါ့ညီႏွစ္ေယာက္မွာ တစ္ေယာက္က ေခြးသား၊ တစ္ေယာက္က အ႐ူး*၊ ငါ မင္းကို ပိုလို႔ေတာင္ မၾကည့္ခ်င္ဘူး။"

[T/N : တ႐ုတ္လိုဆို အ႐ူးေနရာမွာ 二百五 (250) လို႔ သုံးထားတာပါ။ သူတို႔ဘက္က ေခါင္းမေကာင္းတဲ့လူကို ေခၚတဲ့ slang တစ္ခုပါ။]

က်န္းေဆြ႕ယင္း ပိုင္ရွင္းယြီကို ဆြဲေခၚသြားေတာ့သည္။ "သြား၊ အထဲဝင္ၿပီး ညစာသြားစားမယ္။"

ပိုင္ရွင္းယြီမွာ ယြီဖုန္းခ်န္ကို အထဲတြဲကူၿပီး ေခၚသြားခ်င္ေပမယ့္ ယြီဖုန္းခ်န္က ျပဳံးရင္းေျပာလာသည္။ "ဘာမွမျဖစ္ဘူး။ ငါ့မွာ ခ်ိဳင္းေထာက္ပါတယ္။ မင္း ဝင္သြားႏွင့္။"

ဒီလယ္ယာတည္းခိုအိမ္ေလးက လာေရာက္လည္ပတ္သူ နည္းလွတာမို႔ သူတို႔ ဟင္းပြဲအခ်ိဳ႕မွာၿပီးတာႏွင့္ အလ်င္အျမန္ပင္ လာခ်ေပးလာၿပီး အရသာကလည္း အေတာ္ေလး ေကာင္းမြန္ေနသည္။

စားေနစဥ္အတြင္း က်န္းေဆြ႕ယင္းက မၾကာမၾကာဆိုသလို ယြီဖုန္းခ်န္ရဲ့စကားမ်ားကို အထအနေကာက္၍ ျပန္ေျပာလို႔ေနသည္။ ယြီဖုန္းခ်န္ရဲ့စည္းမေစာင့္တတ္တဲ့ပါးစပ္ျဖင့္ သူသာ တကယ္ က်န္းေဆြ႕ယင္းႏွင့္ယွဥ္ၿပိဳင္ျဖစ္ခ်င္ပါက ဘယ္သူနိုင္ၿပီး ဘယ္သူရွုံးမလဲ ပိုင္ရွင္းယြီ မခန့္မွန္းတတ္။ သို႔ေသာ္ ယြီဖုန္းခ်န္က အေတာ္ေလးကို ခ်ဳပ္တည္းနိုင္လွၿပီး ျဖစ္စဥ္တစ္ေလၽွာက္လုံး ခပ္လၽွိုလၽွိုသာ ေန ေနသည္။ ပိုင္ရွင္းယြီႏွင့္ လီယြီကေတာ့ ေဘးမွာထိုင္ရင္းသာ ပြဲၾကည့္ေနရၿပီး က်န္းေဆြ႕ယင္းလည္း အႀကိမ္ေရ အနည္းငယ္မၽွ ကလိၿပီးေနာက္ တျဖည္းျဖည္းပ်င္းသြားတာမို႔ စကားဆက္မေျပာလာေတာ့။

စားၿပီးေနာက္မွာေတာ့ သူတို႔ ေရကန္ေဘး ငါးမၽွားဖို႔ သြားလိုက္ၾကသည္။ ပိုင္ရွင္းယြီမွာ ေရကန္ျပင္ကို စူးစူးရဲရဲ အာ႐ုံစိုက္ၾကည့္ေနခ်ိန္ ႐ုတ္တရက္ျမည္လာသည့္ဖုန္းသံေၾကာင့္ အလန့္တၾကားျဖစ္သြားရသည္။ သူ ဖုန္းထုတ္ၾကည့္လိုက္ခ်ိန္ ေခၚဆိုလာသူက သူ႔အေဖျဖစ္ေနမွန္း ေတြ႕လိုက္ရေလသည္။ သူ စိတ္လွုပ္ရွားမွုမ်ားျဖင့္ လက္ႏွစ္ဖက္ကို ပြတ္သပ္ရင္း ဖုန္းျပန္ေျဖဆိုလိုက္သည္။ "ဟယ္လို၊ ပါး"

"မင္း ဘယ္သြားေနတာလဲ။" ပိုင္ခ်င္းမင္ သုန္သုန္မွုန္မွုန္ေျပာလာသည္။

"ကၽြန္ေတာ္ ကၽြန္ေတာ့္ေကာနဲ႔ ငါးသြားမၽွားတယ္။"

"မင္းအေမကေရာ?"

"မားက ကၽြန္ေတာ့္ဦးေလးအိမ္ သြားေနတယ္။"

ပိုင္ခ်င္းမင္ ေဒါသပုံထသြားသည္။ "မင္းတို႔ႏွစ္ေယာက္က ဘာသေဘာလဲ။ ငါ့ကို ေရွာင္တာလား။"

"မဟုတ္ဘူး၊ မဟုတ္ဘူး။ ကၽြန္ေတာ့္အန္တီ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ေျခေထာက္က်ိဳးသြားလို႔ မားက သြားၾကည့္တာ။"

"မင္း ယြီဖုန္းခ်န္နဲ႔အတူရွိေနတာေတာ့ မဟုတ္ဘူးမလား။"

ပိုင္ရွင္းယြီ သူ႔ေဘးတြင္ရွိေနသည့္လူကို လွမ္းၾကည့္လိုက္သည္။ ယြီဖုန္းခ်န္ကလည္း သူ႔ကို နင့္နင့္နဲနဲေငးစိုက္ၾကည့္ေန၏။ သူ တုန့္ဆိုင္းေနၿပီးမွ ျပန္ေျဖလိုက္သည္။ "ဟုတ္"

"မင္း မင္းအစ္ကိုဆီက ေကာင္းကြက္ေတြက် မသင္ပဲ ဘာလို႔ အဲ့လိုျပႆနာကြက္ေတြခ်ည္း သင္လာရတာလဲ။"

ပိုင္ရွင္းယြီ ထရပ္ကာ အေဝးေလၽွာက္သြားလိုက္သည္။ သူ႔မိဘေတြရဲ့ ဒီကိစၥအေပၚ ပထမဆုံးတုန့္ျပန္ခ်က္က သူ႔အစ္ကိုရဲ့လႊမ္းမိုးမွုခံရတယ္ဆိုတာပင္။ သူ ဒီကိစၥကိုေတာ့ ေသခ်ာရွင္းျပမွရလိမ့္မည္။ "ပါး၊ ကၽြန္ေတာ္ က်ိန္ရဲတယ္။ ဒီကိစၥက ကၽြန္ေတာ့္ေကာနဲ႔ ဘာမွဆိုင္မေနဘူး။ သူနဲ႔ ကၽြန္ေတာ္က စစ္တပ္ထဲမွာကတည္းက .. တြဲလာတာၾကာၿပီ။"

ေျပာၿပီးေနာက္ သူ႔သြားမ်ားပင္ ခ်ဥ္စူးလာေပမယ့္ ေတြးၾကည့္ပါက ဟုတ္မွန္ေနတာပင္။ "ပါး၊ လက္မခံနိုင္ေသးတာ ကၽြန္ေတာ္ သိတယ္။ ဒါေပမယ့္ မေန႔ညက ပါးေျပာသလိုပဲေလ။ ကၽြန္ေတာ့္ေကာနဲ႔ လီယြီေတာင္ သူတို႔ဘာသာေလး အဆင္ေျပေနၾကတာပဲ .."

"မေန႔ညက မင္း တမင္ စကားလမ္းေၾကာင္းတာေလ!" ပိုင္ခ်င္းမင္ ေဒါသတႀကီး ေျပာလာသည္။ "ငါ မေန႔ညက အိပ္လို႔ေတာင္ မေပ်ာ္ဘူး။ ငါ့မွာေတာ့ မင္း အရြယ္ေရာက္လာလို႔ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ လုပ္တတ္ေနၿပီလို႔ ထင္ထားတာ။ ငါလည္း မင္းရဲ့အေတြးကို လက္ခံေပးသင့္ပါတယ္လို႔ ေတြးမိေပမယ့္ တစ္ညလုံး ဟိုလွိမ့္ဒီလွိမ့္နဲ႔ စဥ္းစားၿပီးတာေတာင္ ငါ့သားက ေယာက္်ားတစ္ေယာက္နဲ႔ အတူရွိေနမွာကို လက္မခံနိုင္ေသးဘူး။ မင္း အခုအိမ္ျပန္လာခဲ့။ ငါ ယြီဖုန္းခ်န္ရဲ့မိဘေတြနဲ႔ စကားေျပာခ်င္တယ္။"

ပိုင္ရွင္းယြီ အသက္ျပင္းျပင္းရွူလိုက္သည္။ "ပါး၊ သူတို႔သိတယ္။"

"မင္း ဘာေျပာလိုက္တယ္။"

"ကၽြန္ေတာ္ေျပာတာ .. သူတို႔အကုန္သိတယ္။ အဲ့တာေၾကာင့္ .."

ပိုင္ခ်င္းမင္လည္း ေသခ်ာသေလာက္ သူ႔မိန္းမကဲ့သို႔ပင္ ထိတ္လန့္အံ့ဩၿပီး စကားျပန္မေျပာနိုင္ျဖစ္သြားသည္။

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "ပါး၊ ကၽြန္ေတာ္ ေနာက္မွ ဖုန္းျပန္ေခၚလိုက္မယ္။ ကၽြန္ေတာ့္ကို ရိုက္ခ်င္ရိုက္၊ ေအာ္ခ်င္ေအာ္။ ပါး ႀကိဳက္သလိုသာလုပ္။ ကၽြန္ေတာ္ ပုန္းေရွာင္မွာ မဟုတ္ဘူး။"

ပိုင္ခ်င္းမင္ ဖုန္းခ်လို႔သြားၿပီး ပိုင္ရွင္းယြီမွာ တစ္ဖက္က ဖုန္းလိုင္းျပတ္သြားသည့္အသံကို နားေထာင္ရင္း သူ႔စိတ္ထဲ ရွုပ္ရွုပ္ေထြးေထြးျဖစ္ေနေတာ့သည္။

သူ႔အေနာက္မွ ခ်ိဳင္းေထာက္သံေပၚလာၿပီး ပိုင္ရွင္းယြီ လွည့္ၾကည့္လိုက္ခ်ိန္ ယြီဖုန္းခ်န္က သူ႔အေနာက္တြင္ရပ္ေနလ်က္ သူ႔အား တိတ္တိတ္ေလးၾကည့္ေနတာကို ျမင္လိုက္ရေလသည္။

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "မင္း ၾကားသြားတာလား။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္ျပသည္။ "ငါ မင္းရဲ့ပါးေယာင္ေနတာကို ျမင္ေနတာၾကာလွၿပီ။ မင္းရဲ့အစ္ကိုေရွ႕မို႔သာ ငါ မေမးတာ။" သူ အနားေလၽွာက္လာကာ ပိုင္ရွင္းယြီပါးကို ဖြဖြေလး တို႔ထိလာသည္။ "ေတာ္ေသးတယ္။ ႏွစ္ရက္ေလာက္ေနရင္ အေရာင္က်သြားမွာ။"

"အင္း၊ ငါ့အေဖက ငါ့ကို တကယ္ရိုက္ခ်င္ခဲ့တာမွ မဟုတ္တာ။ ဘာမွမျဖစ္ဘူး။"

"ဒီေန႔ည ငါ မင္းနဲ႔အတူ အိမ္လိုက္ခဲ့လို႔ရလား။"

ပိုင္ရွင္းယြီ ေၾကာင္အသြားသည္။ "ငါ့အိမ္ကိုလား။"

"အင္းေလ။" ယြီဖုန္းခ်န္ တည္တည္ၿငိမ္ၿငိမ္ ေျပာလာသည္။ "ငါ မင္းရဲ့အေဖနဲ႔ ေတြ႕ဖို႔ကိုလည္း မေၾကာက္ဘူး။"

"လုပ္စမ္းပါ၊ မင္း အခုလိုက္လာရင္ ငါ့အေဖကို သြားဆြသလိုျဖစ္ေနမယ္။"

ယြီဖုန္းခ်န္ မ်က္ေမွာင္ၾကဳတ္ရင္း တိုးတိုးေရရြတ္ေလသည္။ "ဘယ္လိုလုပ္မွ သူ႔သားကို ငါ့ေပးဖို႔ ဆႏၵရွိလာမွာပါလိမ့္။"

ပိုင္ရွင္းယြီ စိတ္ေပ်ာ္ရႊင္သြားရသည္။ "ဘယ္လိုအဓိပၸါယ္မရွိတာေတြ ေျပာေနတာလဲ။"

ယြီဖုန္းခ်န္ သူ႔ခ်ိဳင္းေထာက္ကို ေျမႇာက္ၿပီး ပိုင္ရွင္းယြီရဲ့ေျခေထာက္ကို တို႔ထိလာသည္။ "ဒါဆို မနက္ျဖန္ေရာ ငါ မင္းနဲ႔ေတြ႕လို႔ရမလား။"

ပိုင္ရွင္းယြီ သူ႔ကို တမင္ စေနာက္လိုက္သည္။ "မင္း ငါ့ကို ေန႔တိုင္းျမင္ေနရတာ မပင္ပန္းဘူးလား။"

ယြီဖုန္းခ်န္ အသံျမႇင့္ေျပာလာသည္။ "ငါတို႔ ဘယ္တုန္းကမ်ား ေန႔တိုင္းေတြ႕ျဖစ္လို႔လဲ! ငါကလည္း ပထမႏွစ္ၿပီးတာနဲ႔ အားေတာ့မွာ မဟုတ္ဘူး။ စစ္တပ္ထဲဝင္သြားရၿပီဆို တစ္လမွာ ခဏတိုင္းေတြ႕ဖို႔ေတာင္ ခက္ေတာ့မယ္။ တပ္ထဲကို မိသားစုဝင္ ေခၚလာခြင့္ ရဖို႔ဆိုတာလည္း ႏွစ္ၾကာေအာင္ႀကိဳးစားရဦးမွာ။ ငါတို႔မွာ အတူရွိဖို႔အခ်ိန္ဆိုတာ သိပ္မက်န္ေတာ့ဘူး။ ငါ ငါ့မွာရွိသမၽွအခ်ိန္တိုင္းကို မျဖဳန္းတီးလိုက္ခ်င္ဘူး။"

ပိုင္ရွင္းယြီ ႏွလုံးသားလည္း ႐ုတ္တရက္ ေပ်ာ့ေပ်ာင္းသြားရသည္။ "ဟုတ္ပါၿပီ။ မနက္ျဖန္ ငါထြက္လာလို႔ရရင္ ခ်က္ခ်င္း မင္းဆီလာခဲ့မယ္။"

ယြီဖုန္းခ်န္လည္း ထိုအခါမွသာ ျပဳံးသြားေတာ့သည္။

ရာသီဥတုသာယာခဲ့သည္ဟု ေျပာရမလားေတာင္ သူ မသိ။ ညေနေစာင္းပိုင္းတြင္ မိုးသည္းသည္းထန္ထန္ရြာခ်လာ၏။ သူတို႔မွာ လယ္ယာတည္းခိုအိမ္ကို ျပန္လာဖို႔ေတာင္ ရြံ႕ဗြက္ထေနတဲ့လမ္းညစ္ပတ္ထဲ ေလၽွာက္ခဲ့ရေသးသည္။ ဒီလိုလမ္းမ်ိဳးက မိုးရြာေနတဲ့အခ်ိန္ ကားေမာင္းဖို႔ အေတာ္ေလးခက္ခဲလွသည္၊ ကားတိုင္ယာမ်ားက ရြံ႕ဗြက္ထဲ နစ္ဝင္သြားနိုင္တာမို႔ပင္။ တည္းခိုအိမ္ပိုင္ရွင္က ေခ်ာ့တစ္လွည့္၊ ေျခာက္တစ္လွည့္ႏွင့္ သူတို႔အား ေျပာဆိုလာတာမို႔ ေနာက္ဆုံးမွာေတာ့ သူတို႔အကုန္ တစ္ညအိပ္ဖို႔ျဖစ္သြားရသည္။

ညဘက္ သူတို႔ ဧည့္ခန္းထဲတြင္ ထိုင္ေနရင္း အပူေပးစက္ကို မွီထားလ်က္ အရက္ေလး ေသာက္ၿပီး ဆိုဖာေပၚတြင္ စကားတေျပာေျပာလုပ္ေနလိုက္ၾကသည္။ သူတို႔ေလးေယာက္လုံး စီးပြါးေရးအေၾကာင္းမ်ား ေျပာျဖစ္ၾကကာ ေခါင္းစဥ္ေတြဆိုတာလည္း အဆုံးမသတ္နိုင္ေတာ့။ ယြီဖုန္းခ်န္ကလည္း ေပါ့ေပါ့ပါးပါး စကားဝင္ေျပာလာၿပီး က်န္းေဆြ႕ယင္းကို အရင္းအျမစ္မ်ားစြာျဖင့္ မိတ္ဆက္ေပးလာတာမို႔ က်န္းေဆြ႕ယင္းမွာ အေတာ္ေလး စိတ္ေက်နပ္လာရသည္။ ပိုင္ရွင္းယြီအေနႏွင့္လည္း ယြီဖုန္းခ်န္ သူ႔အစ္ကို စိတ္ေက်နပ္သြားေအာင္ အစြမ္းကုန္ႀကိဳးစားေပးေနမွန္း ျမင္ေနရသည္။ က်န္းေဆြ႕ယင္းကလည္း တုံးအသူ မဟုတ္၊ သူ႔အတြက္ အက်ိဳးအျမတ္ရလာတာကို ျမင္ခ်ိန္တြင္ ယြီဖုန္းခ်န္အေပၚ ဆက္ဆံပုံကလည္း အရင္ကေလာက္ ခက္ထန္မေနေတာ့။

သူတို႔ ညနက္တဲ့အထိ စကားေျပာၿပီးမွ အိပ္ရာဝင္ျဖစ္ၾကသည္။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ကို အိပ္ရာေပၚအထိ ကူေခၚသြားလိုက္ၿပီး သူ႔ေက်ာက္ပတ္တီးကို လက္ျဖင့္ တေတာက္ေတာက္ေခါက္လ်က္ ျပဳံးရင္းေျပာလိုက္သည္။ "ငါ အခု မင္းကို အနိုင္က်င့္ရတာ ဂိမ္းေဆာ့ေနရသလိုပဲ။ ေလ့က်င့္ေရးစခန္းမွာတုန္းက မင္းလည္း ငါ့ကို အမ်ားႀကီးအနိုင္က်င့္ဖူးထားတယ္ေလ။ ျပန္လက္စားေခ်လိုက္ရမလား။"

ယြီဖုန္းခ်န္က သူ႔လက္ႏွစ္ဖက္ကို ေဘးျဖန့္ထားရင္း သူ႔ႏွုတ္ခမ္းမ်ားကလည္း ညစ္က်ယ္က်ယ္အျပဳံးတစ္ခုအသြင္ တြန့္ေကြးလို႔သြားၿပီး တက္မက္စိတ္မ်ားျဖင့္ရီေဝေနသည့္အၾကည့္မ်ားျဖင့္ ေျပာလာသည္။ "လာေလ၊ မင္း ငါ့အေပၚလုပ္ခ်င္တာ မွန္သမၽွ လုပ္လို႔ရတယ္။"

"ဖာ့ခ္!" ပိုင္ရွင္းယြီ သူ႔ကို တစ္ခ်က္ရိုက္ၿပီးမွ အိပ္ရာေပၚ တက္လာလိုက္သည္။

ယြီဖုန္းခ်န္ သူ႔ပခုံးမွ လွမ္းဆြဲထားၿပီး အိပ္ရာေပၚဖိခ်ကာ ဘာစကားတစ္ခြန္းမွ မေျပာလာပဲ ႏွုတ္ခမ္းပါးမ်ားကိုသာ နမ္းရွိုက္ရင္း ညင္ညင္သာသာ ဆုပ္ယူလို႔ေနသည္။ အနမ္းတစ္ခ်က္သာဆိုေပမယ့္ ျပင္းျပစိတ္မ်ားေတာ့ ႀကီးမားလြန္းေၾကာင္း ေဖာ္ျပေန၏။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ရဲ့လည္ပင္းကို သိုင္းဖက္ထားရင္း သူ႔ကို ဆိတ္ဆိတ္ၿငိမ္သက္လ်က္ ၾကည့္ေနမိသည္။ "ယြီဖုန္းခ်န္၊ မင္း ကေလးယူဖို႔အေၾကာင္း ေတြးဖူးလား။"

"မင္း ႀကိဳက္သလိုလုပ္။" ယြီဖုန္းခ်န္ သူ႔နားရြက္ကို ဖိကိုက္၊ ကစားေနရင္း အမွုမထားသလို ျပန္ေျဖသည္။

ပိုင္ရွင္းယြီ အားကိုးရာမဲ့သလိုျပန္ေျပာမိသည္။ "မင္းကေတာ့ တကယ္ ဘာကိုမွစိတ္ပူမေနဘူး။ မင္းမိဘေတြ ဘယ္လိုလုပ္ၿပီး မင္းကို လႊတ္ထားတာလဲ။"

"ငယ္ငယ္တုန္းက တစ္ရက္ကို သုံးေခါက္ အရိုက္ခံရတယ္။ အမွားကိုလည္း ဝန္မခံဘူး၊ ေျပာင္းလဲမယ္လည္း မရွိဘူး။ အိမ္က တစ္ခါထြက္သြားတိုင္း လေက်ာ္တယ္။ ေဆး႐ုံကိုလည္း ခဏခဏေရာက္တယ္။ ဆယ္ေက်ာ္သက္ပုန္ကန္ခ်င္စိတ္ကလည္း စိုးရိမ္အဆင့္မွာရွိေနတယ္။ မင္းသာ အဲ့လိုကေလးမ်ိဳးေမြးထားမိရင္ ၾကာလာတာနဲ႔ လႊတ္ထားေပးမိမွာပဲ။"

ပိုင္ရွင္းယြီ ေလွာင္ရယ္လိုက္သည္။ "မင္းမွာ ျပန္ေျပာျပရဲတဲ့မ်က္ႏွာေတာ့ ရွိေသးသားပဲ။"

"ငါ ငယ္ငယ္တုန္းက မသိမိုက္မဲေလးေလ။" ယြီဖုန္းခ်န္က အျပစ္ကင္းစင္သူတစ္ေယာက္လို ေျပာလာသည္။ "ငါ့အေမက ေျပာတယ္၊ အနာဂတ္က် ထိန္းေပးနိုင္မယ့္ မိန္းမကိုရွာတဲ့။ အခု ဒီမွာ မင္းရွိေနၿပီပဲ။"

"ငါကေတာ့ မင္းကို အာ႐ုံေနာက္ခံၿပီး ဂ႐ုစိုက္မေနဘူး။"

"မင္း ဂ႐ုစိုက္မစိုက္က အေရးမႀကီးဘူး။ မင္းသာ ငါ့အနားရွိေနရင္ ငါ အေတာ္ေလး လုံျခဳံေနလိမ့္မယ္။ ငါ့မိဘေတြလည္း အဲ့တာကို သိထားတယ္။" ယြီဖုန္းခ်န္က သူ႔ခါးကို တင္းတင္းက်ပ္က်ပ္ႏွင့္ ဖက္လာသည္။ "အနာဂတ္က် ငါ့ေဘးကလူေတြ အႏၲရာယ္ မမ်ားရေအာင္ မင္း ငါ့အနား အျမဲရွိေနမွ ရမယ္။"

ပိုင္ရွင္းယြီ ေအာင္ပြဲခံသူတစ္ေယာက္လို ေျပာလိုက္သည္။ "မင္းရဲ့အျပဳအမူကို ၾကည့္ဦးမယ္။"

ပိုင္ရွင္းယြီ ေလ့က်င့္ေရးစခန္းတုန္းက အခ်ိန္မ်ားကို ျပန္မေတြးပဲ မေနနိုင္ေတာ့။ ထိုအခ်ိန္က ယြီဖုန္းခ်န္ သူ႔ကို စေနာက္က်ီစယ္လာတိုင္း သူ႔မွာ ေၾကာက္ရြံ႕တုန္လွုပ္ေနခဲ့ရသည္။ သို႔ေပမယ့္ ႏွစ္ ႏွစ္၊ သုံးႏွစ္အၾကာတြင္ သူတို႔ႏွစ္ေယာက္က အခုလိုျဖစ္လာလိမ့္မည္ဟု ဘယ္သူက ထင္ထားပါအံ့။

သူသာ အခ်ိန္ေနာက္ျပန္ဆုတ္လို႔ရခဲ့လၽွင္ ထိုအခ်ိန္က သူ႔ကိုယ္သူ ေျပာျပမိခ်င္ပါ၏။ 'မေၾကာက္နဲ႔။ ဒီေကာင္ေလးက တစ္ေန႔က်ရင္ မင္းရဲ့ထိန္းခ်ဳပ္တာကို လိုလိုလားလားနဲ႔ နာခံလာမွာ။ အဲ့အခ်ိန္တုန္းက ဘယ္ေလာက္ပဲ မေက်နပ္ခ်က္ေတြ ရွိခဲ့ပါေစ၊ ၿမိဳသိပ္ထားၿပီး တစ္ေန႔ သူေတာင္းပန္လာေအာင္ လုပ္။' ဟူ၍ပင္။

ထိုကဲ့သို႔ ေတြးမိခ်ိန္ ပိုင္ရွင္းယြီမွာ စိတ္ေပ်ာ္ရႊင္လာရၿပီး ယြီဖုန္းခ်န္ကို သိုင္းဖက္ထားရင္း သူ႔ႏွုတ္ခမ္းေထာင့္က တြန့္ေကြးေနသည့္အျပဳံးေလးကလည္း ထိန္းခ်ဳပ္လို႔ေတာင္ မရေတာ့။

KittyKitling

Continue Reading

You'll Also Like

1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
391K 40.1K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
622K 81.2K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
958K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...