Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 259K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

111

14.1K 2K 620
By callme__kitty

[Unicode]

'မင်းခြေထောက်ကိုသာ မြန်မြန်ကောင်းအောင် လုပ်ပါဦး၊ ထော့ကျိုးလေးရဲ့'

ပိုင်ရှင်းယွီ စားပြီးတာနှင့် အိမ်ပြန်လိုက်ချင်ပေမယ့် ယွီဖုန်းချန်က သူ့ကို ဆွဲထားပြီး ပြန်သွားခွင့် မပေး။ သူ့အနေနှင့် အရင်က ယွီဖုန်းချန် ဒီလောက်ထိ တွယ်ကပ်တတ်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူး။ သူ ပြန်သွားတာနှင့် ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အလား လွှတ်ပေးလာခြင်း မရှိ။ အဆုံး၌ သူ ရယ်ချင်လာတော့သည်။ "မင်း ဘာလုပ်ချင်နေတာလဲ။"

"ငါ ဒီတိုင်းလေး မင်းကိုပဲ ကြည့်နေချင်တာ။" ယွီဖုန်းချန် ဝေ့ဝိုက်ခြင်း မရှိပဲ ပြန်ပြောသည်။

ပိုင်ရှင်းယွီ သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ "မင်း ကျောင်းပြန်သွားရမှာ မဟုတ်ဘူးလား။ မင်းအမေ မင်းကို လိုက်ပို့ဖို့ ပြန်လာမှာလား။"

ယွီဖုန်းချန်က အခြားအကြောင်းအရာများအပေါ်သာ ပိုအာရုံရောက်နေသည်။ "ငါ နောက်သုံးရက်နေရင် ခြေထောက်လေ့ကျင့်ရေးအတွက် ဆေးရုံပြန်လာရမှာ။ မင်း ငါ့ကို လာတွေ့မှာလား။"

ပိုင်ရှင်းယွီ မျက်ခုံးပင့်သွားသည်။ "ငါ အလုပ် အရမ်းရှုပ်နေတယ်။"

"ဒါဆို ငါ မင်းကို လာတွေ့မယ်။"

"မင်း မလာနဲ့။ နောက်ဆို ငါ့ကုမ္ပဏီအရှေ့မှာ မပေါ်လာနဲ့။"

ယွီဖုန်းချန် မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့လဲ။"

"ငါ့အစ်ကိုက မင်းကို မကြည်ဘူး။"

ယွီဖုန်းချန် သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ "မင်းက မင်းအစ်ကို ဘယ်လိုတွေးလဲဆိုတာကို အဲ့လောက်ထိ ဂရုစိုက်နေတာလား။"

ပိုင်ရှင်းယွီ လွှတ်ကနဲပြောလိုက်မိသည်။ "မင်း မင်းဦးလေးငယ်နဲ့ပတ်သတ်ပြီး ဂရုစိုက်တာနဲ့ အတူတူလောက်ပဲပေါ့။"

ယွီဖုန်းချန် မျက်နှာအမူအရာက ပြောင်းလဲလို့သွားပြီး သူ့မျက်ဝန်းများကလည်း အရောင်မှိန်ကျသွားသည်။

ပိုင်ရှင်းယွီ ပြောပြီးတာနှင့် အနည်းငယ်မျှ နောင်တရလို့သွားသည်။ သူက စိတ်သဘောထားကြီးတဲ့လူတစ်ယောက်တော့ မဟုတ်။ သူ့အနေနှင့် အတိတ်က ကိစ္စများကို လုံးဝ မေ့မေ့ပျောက်ပျောက် မဖြစ်သွားနိုင်ပေမယ့် တမင်သက်သက်တော့လည်း သူတို့နှစ်ယောက်ကြား အဖုအထစ်ဖြစ်သွားအောင် မလုပ်ချင်။ သို့သော်ငြား ကျွံသွားတဲ့စကားဆိုတာ ပြန်နှုတ်လို့ မရနေခဲ့။ သူ ယွီဖုန်းချန်ကိုသာ နေရခက်သွားသလို မော့ကြည့်လိုက်မိသည်။ ဖြစ်နိုင်တာ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ယွီဖုန်းချန်ကို စကားဖြင့် အကြိမ်အနည်းငယ်မျှ ထိုးနှက်ပြီး သူ့ကိုယ်သူ စိတ်ပျော်အောင် လုပ်ချင်မိနေပုံပင်။

ယွီဖုန်းချန် ဖျော့တော့တော့ပြုံးလာသည်။ "ငါ့ဦးလေးငယ်က ငါ မင်းကို လောင်ယွီအိမ် ပြန်ခေါ်လာမယ့်ကိစ္စမှာ အရမ်းအားပေးပြီး ထောက်ခံနေတာ။ ဒါပေမယ့် မင်းအစ်ကိုကတော့ ငါ့ကို မင်းအိမ်ပေါ်ကနေ ကန်ချချင်နေတာလေ။ တစ်နေ့ကျ ငါတို့ကို သူ ထောက်ခံချက်ပေးလာအောင် ငါ ကြိုးစားမယ်။"

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "ငါ့အစ်ကို့ကို စိတ်ကျေနပ်သွားအောင် လုပ်ဖို့က လွယ်တာ မဟုတ်ဘူး။ မင်းစိတ်ထဲ သူ့ကို ပရောဂျက် နည်းနည်းလောက် ပစ်ပေးလိုက်ရုံနဲ့ မင်းကို ကောင်းကောင်း ဆက်ဆံလာလိမ့်မယ်လို့ ထင်နေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူက အခွင့်အရေးယူတတ်တဲ့စီးပွါးရေးသမားပဲ မဟုတ်ဘူးလား။"

ယွီဖုန်းချန် မျက်လုံး ပေကလယ်ပေကလယ် လုပ်ရင်း အားကိုးရာမဲ့သလိုပြောလာသည်။ "မင်းနဲ့ငါကြားမှာ ဖြေရှင်းဖို့ ကျန်သေးတဲ့ ကိစ္စဟောင်းတွေရှိနေတာ မှန်ပေမယ့် အကုန်လုံးကို တစ်ပြိုင်တည်းတော့ မသုံးလာနဲ့လေ။"

ပိုင်ရှင်းယွီ နှာမှုတ်ထုတ်လိုက်သည်။ "မင်း ငါ့အစ်ကို ကို ပြောခဲ့တဲ့ကိစ္စ။ ငါ သတိရတိုင်း ပြန်ပြောနေမှာ။"

ယွီဖုန်းချန် သူ့မျက်ဝန်းများကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း ပြောလာသည်။ "တောင်းပန်ပါတယ်။"

ယွီဖုန်းချန်မှာ ဟိုးအရင်ကတည်းက ပိုင်ရှင်းယွီနှင့် မိုင်ပေါင်းထောင်ကျော်ဝေးကွာတဲ့နေရာမှာရှိနေသည့် အစ်ကိုတစ်ဝမ်းကွဲဖြစ်သူကို အမြဲသဝန်တိုနေခဲ့တာဖြစ်သည်။ အခု ပိုင်ရှင်းယွီရဲ့ ထိုသူ့အပေါ် ထားရှိတဲ့ လေးစားနာခံခြင်းများက လျော့ပါးမသွားတာကို မြင်လိုက်ရချိန် ပိုလို့တောင် သဝန်တိုသွားပေမယ့် သူ ရှေ့နောက်မကြည့်ပဲ မပြောရဲတော့။

ပိုင်ရှင်းယွီ ရုတ်တရက် အုံ့မှိုင်းလို့သွားတဲ့သူ့ကိုကြည့်ရင်း နည်းနည်းတော့ နေရခက်သွားသည်။ "ရပြီ။ မင်းကို မနှောင့်ယှက်တော့ဘူး။ ငါ တကယ် ပြန်သွားမှရမယ်။"

"မင်း ဘာလို့ အိမ်ပြန်ဖို့ကို ဒီလောက်ထိလောနေရတာလဲ။"

ပိုင်ရှင်းယွီ ခဏမျှ တိတ်သွားပြီး တဲ့တိုးသာပြောပြလိုက်သည်။ "ငါ့အမေကို အဖော်ပြုပေးမလို့။"

သူ့အမေ နေရခက်သည့်ခံစားချက်များဖြင့် အတွေးဆိုးများ တွေးနေမိမှာကို သူ စိတ်ပူသည်။ သူ့အမေရဲ့စိတ်ပျက်သလိုအကြည့်များကို သူ ပြန်စဉ်းစားမိတဲ့အချိန် သူ့နှလုံးသားထဲရှိ အပြစ်ရှိသလိုခံစားချက်များက ပိုလို့တောင် တိုးပွါးလာတော့သည်။

ယွီဖုန်းချန် တစ်ခုခုပြောဖို့ တွန့်ဆိုင်းနေပုံပေါ်လာပြီးမှ ပြောလေသည်။ "ဒါဆိုလည်း မင်း ပြန်သွားလေ။ ဒါပေမယ့် နောက်တစ်ခေါက်ကျရင် မင်း ငါ့ကို လာတွေ့ရမယ်နော်။"

"သိတယ်။" ပိုင်ရှင်းယွီ ခေါင်းငုံ့၍ သူ့နှုတ်ခမ်းကို ညင်ညင်သာသာ စုပ်ယူလိုက်သည်။ "မြန်မြန်သာ မင်းခြေထောက်ကို ကောင်းအောင်လုပ်။"

ယွီဖုန်းချန် သူ့ကို ပြန်တုန့်ပြန်နမ်းရှိုက်လာသည်။ "မင်းက ထော့ကျိုးနဲ့ဆို မလုပ်ချင်ဘူး ပြောတော့လည်း ငါ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင် ကြိုးစားရမှာပေါ့။" ထို့နောက် သူ မကျေနပ်သလို ထပ်ဖြည့်ပြောသည်။ "ဒါပေမယ့် ငါ ဒဏ်ရာရထားတာ ခြေထောက်လေးပဲလေ။"

ပိုင်ရှင်းယွီ သူ့မျက်လုံးများကို အနည်းငယ်မျှ မှေးကျဉ်းထားရင်းမှ အနားတိုးကပ်လာကာ ယွီဖုန်းချန်ရဲ့နားထဲ ခပ်တိုးတိုးကပ်ပြောလိုက်သည်။ "အားကုန်သုံးမရဘူး။"

ယွီဖုန်းချန် ရုတ်တရက်ဆိုသလို ပိုင်ရှင်းယွီရဲ့လည်ပင်းအနောက်ကို ဖျစ်ညှစ်ထားရင်း သူ့နှုတ်ခမ်းများကလည်း မေးဖျားလေးအနား ဝေ့သီလို့သွားသည်။ "လုံးဝ မဖြစ်စေရဘူး။ ငါတို့ စမ်းကြည့်မယ်လေ။ တကယ်လို့ ငါ ကောင်းကောင်း မလုပ်နိုင်ဘူးဆို အပြစ်ပေးခံတဲ့အနေနဲ့ နောက်တစ်ခေါက် ထပ်လုပ်ပေးမယ်လေ။"

ပိုင်ရှင်းယွီ သူ့ရင်ဘတ်ရဲ့ဒဏ်ရာမရထားသည့်အခြမ်းကို အားသိပ်မထည့်ပဲ တစ်ချက်ထိုးလိုက်သည်။ "မင်းခန္ဓာကိုယ်က အခု ပြဿနာကြီးဖြစ်နေတာကွ။ ထိန်းထိန်းသိမ်းသိမ်း နေစမ်းပါ။"

သူလည်း တစ်နှစ်ကျော်ကြာအောင် အသားရှောင်လာတဲ့လူမို့ ဆာလောင်နေခြင်းတွင် ယွီဖုန်းချန်နှင့်ယှဉ်လိုက်ပါက နည်းပါးနေတာမျိုး မရှိ။ သို့ပေမယ့် သူ စိတ်ပါနေတဲ့အချိန်မှာမှ မတော်တဆဆိုတာမျိုး ထမဖြစ်ချင်။ ထို့ကြောင့် အခုလောလောဆယ် 'တောင့်ခံ' ဆိုသည့်စကားလုံးကိုသာ လက်ကိုင်ထားရတော့သည်။

ယွီဖုန်းချန် စိတ်အားလျော့သွားသလို အိပ်ရာပေါ်တွင် ကျောမှီထိုင်နေရင်း ပိုင်ရှင်းယွီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ သူ့မျက်ဝန်းများကလည်း အဝတ်အစားအကာအရံများအားလုံး ဆွဲချွတ်ပစ်ချင်နေသည့် ပြင်းပြစိတ်များဖြင့် ပြည့်နှက်နေ၏။

ပိုင်ရှင်းယွီ သူ့ပစ္စည်းများကို ယူပြီး အလျင်စလို ထွက်ခွါသွားတော့သည်။

သူ အိမ်ပြန်ရောက်ချိန်မှာတော့ သူ့မိဘများက အိမ်မှာ ရှိမနေ။ သူလည်း အထိန်းတော် ပြင်ဆင်ပေးလာသည့် ဟင်းပွဲများကို စားပြီးနောက် အချိန်ပို အလုပ်လုပ်ဖို့ အပေါ်ထပ်ကို တက်သွားလိုက်သည်။

ည ၉ နာရီ ဝန်းကျင်မှာတော့ သူ့မိဘများ အိမ်ပြန်ရောက်လာသည်။ သူတို့နှစ်ယောက် အတူပြန်လာသည့်အသံများကို ကြားလိုက်ရချိန် ပိုင်ရှင်းယွီ အနည်းငယ်မျှ စိုးရိမ်စိတ်ဝင်သွားသည်။ သူ့အဖေက အမြဲလိုလို အလုပ်ရှုပ်နေတတ်တာမို့ လိုအပ်သည့်အကြောင်းအရာကိစ္စမရှိမချင်း သူ့အမေကို အပြင်ခေါ်ထုတ်သွားတာ ရှားလှသည်။ သူ့အမေက သူနှင့်တူသည်။ ရင်ထဲ မြိုသိပ်ထားသည်များကို ထုတ်မပြောပဲ မနေနိုင်လှ။ သူ့အဖေကိုများ သူ့အမေ ထုတ်ပြောလိုက်လေမလားဟု သူ စိုးရိမ်နေရသည်။ သူ့အနေနှင့် သူ့အဖေကို ထုတ်မပြောခင် အလုပ်အကိုင်ပိုင်းတွင် နေရာတစ်ခုအထိ ရောက်အောင် လုပ်ချင်မိသည်။ ထိုအခါမှ သူ့အဖေကို ပြောပြသည့်အခါ သူ့အပေါ် စိတ်ပျက်သွားခြင်းမျိုး မရှိလာမှာပင်။

သူ အခန်းထဲမှ ထွက်ကာ အပေါ်လှေကားတွင် မတ်တပ်ရပ်ရင်း ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ "ပါး၊ မား၊ ပြန်ရောက်လာပြီပဲ။"

ပိုင်ချင်းမင်က သာမန်အတိုင်းပင်၊ သူက ပိုလို့တောင် ပျော်ရွှင်နေပုံပေါ်၏။ "အင်း၊ မင်း စားပြီးပြီလား။"

"ဟုတ်" ပိုင်ရှင်းယွီ သူ့အမေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့အမေရဲ့မျက်နှာအမူအရာက ထူးဆန်းလို့နေတာမို့ တစ်ခုခုတော့ မှားနေပြီမှန်း သူသိလိုက်ရသည်။

ပိုင်ချင်းမင် အကြောဆန့်ကာ ဆိုဖာပေါ် ထိုင်ချရင်း အောင်ပွဲခံနေသလိုပြောလာသည်။ "ဒီတစ်ခါတော့ ငါ ငါ့မိန်းမနဲ့သားကို အမြတ်ထုတ်လိုက်ရပြီကွာ။"

ပိုင်ရှင်းယွီ နားမလည်ဖြစ်သွားရသည်။ "ပါး၊ ဘာကို ပြောချင်တာလဲ။"

လီဝေ့ကျီက သူ့ကို ရှုပ်ထွေးနေသည့်မျက်နှာအမူအရာဖြင့် မော့ကြည့်လာသည်။ "ငါတို့ ဒီည ဗိုလ်ချုပ်ကြီးယွီတို့နဲ့ ညစာ စားလာခဲ့တယ်။"

ပိုင်ရှင်းယွီ မျက်လုံးများ ပြူးကျယ်သွားရပေမယ့် တည်ငြိမ်ဟန်ဆောင်ရင်းသာ ပြောလိုက်ရသည်။ "အို့၊ ဘာဖြစ်လို့လဲ။"

ပိုင်ချင်းမင် ရယ်ရင်းပြောလာသည်။ "အရင်လက ငါ မင်းကို ပြောပြဖူးတဲ့ ပရောချက်တစ်ခု မှတ်မိလား။ တရားရုံးရဲ့ ပိတ်ဆို့တားဆီးခံလိုက်ရတယ်ဆိုတာလေ။ တကယ်က အဲ့တာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားရုံပဲကို သူတို့ဘက်က အချိန်တွေဆွဲနေပြီး ငါ့မှာ လက်မှတ်ထိုး၊ သဘောတူပေးမယ့်လူကို စောင့်နေရတာ အချိန်အရမ်းကုန်တာပဲ။ ပြီးတော့မှ လွန်ခဲ့တဲ့နှစ်ရက်လောက်က ငါ သိလာတာ။ အဲ့က လက်ထောက်အရာရှိဆိုတာ ဗိုလ်ချုပ်ကြီးယွီရဲ့ ရဲဘော်ဟောင်းတဲ့။ အဲ့တာနဲ့ ငါလည်း မင်းအမေကို ဟော့ကျဲဆီ အကူအညီတောင်းကြည့်ဖို့ ပြောထားတာ။ ငါ မျှော်လင့်ချက်တော့ သိပ်မထား ထားပေမယ့် ဗိုလ်ချုပ်ကြီးယွီက အရေးတယူဂရုစိုက်ပြီး ညစာ စားဖို့ပါ ဖိတ်လိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ။" သူက လက်နှစ်ဖက်ကို ပျော်ပျော်ကြီး ပွတ်နေရင်း ဆက်ပြောသည်။ "တရားရုံးက ထောက်ခံချက်ကို ဒီအပတ်ထဲ အစောဆုံးလောက် ရလိမ့်မယ်တဲ့။"

ပိုင်ရှင်းယွီ ဘယ်လိုတုန့်ပြန်ရမလဲတောင် မသိတော့။ သူ ပျော်ရွှင်သင့်ပေမယ့် ဘာလို့ရယ် မသိ၊ ပိုလို့တောင် စိတ်ပူလာရသည်။

"ဟုတ်သား၊ ဗိုလ်ချုပ်ကြီးယွီနဲ့ သူ့မိန်းမက မင်းနဲ့ ယွီဖုန်းချန် ရင်းနှီးတဲ့အကြောင်း အမြဲပြောနေတာ။ ပြီးတော့ မင်း သူတို့သားအတွက် သေနတ်ကျည်ကာပေးလိုက်တာကိုလည်း ကျေးဇူးတင်နေတာတဲ့။ သားရေ၊ မင်းကတော့ အဆိုးတွေထဲက အကောင်းပဲ။ ဒီလိုအချိတ်အဆက်မျိုးသာ ရှိထားရင် အနာဂတ်ကျ လုပ်ချင်တာတိုင်းကို ချောချောမွေ့မွေ့ လုပ်လို့ရပြီပဲ။"

ပိုင်ရှင်းယွီ ဖျော့တော့တော့ပြုံးလိုက်သည်။ "အို့၊ ဟုတ်တာပဲ။"

ပိုင်ချင်းမင်က ဖော်ပြလို့မရနိုင်အောင် ပျော်ရွှင်နေဆဲ။ "သူတို့တွေက ငါတို့အပေါ် အတော်လေးကောင်းတာပဲကွ။"

လီဝေ့ကျီကတော့ ရှက်သလို ခံစားနေရသည်။ သူမသားက သူတို့သားနဲ့ နောက်ကွယ်မှာ လူးလှိမ့်နေတာကိုတောင် မသိကြပဲ သူတို့နှစ်ယောက်အပေါ် ကောင်းကောင်းဆက်ဆံပေးနေလေခြင်း ဆိုသည့် အပြစ်ရှိသလို ခံစားချက်များက သူမမျက်နှာပေါ် အထင်းသား ရှိနေသည်။

ပိုင်ရှင်းယွီ သူ့အမေ အပြစ်ရှိသလိုခံစားနေရတာကို မကြည့်ရက်တော့တာမို့ အခွင့်အရေးရှာပြီး အမှန်အတိုင်းပြောပြဖို့ ဆုံးဖြတ်ထားလိုက်သည်။ ထို့အပြင် နောက်တစ်ခေါက်ကျ သူ ဟော့ကျဲနှင့် လူချင်းတွေ့ပြီး သူတို့ ဘာတွေတွေးနေသလဲဆိုတာ သိအောင်မေးဖို့ စီစဉ်ထားသည်။ သူ့အဖေက သူနှင့်ယွီဖုန်းချန် သူငယ်ချင်းဆက်ဆံရေးကြောင့် သူ့အပေါ် အမြင်ကြည်လာလေ သူ့ရင်ထဲ သူတို့အကြောင်းသာ သူ့အဖေ သိသွားခဲ့ရင် ပိုစိတ်ပျက်သွားလောက်တယ်ဟု ခံစားရလေ ဖြစ်လာသည်။

ည မအိပ်ခင်မှာပဲ လီဝေ့ကျီက ပိုင်ရှင်းယွီ အခန်းထဲ ဝမ်းနည်းပူပန်နေသလိုမျက်နှာဖြင့် ဝင်လာလေသည်။

ပိုင်ရှင်ယွီမှာ သူ့အမေရဲ့ဒီလိုပုံစံမျိုးကို မြင်နေကျ မဟုတ်တာမို့ အားကိုးရာမဲ့သလို ပြောမိတော့သည်။ "မား၊ မား ဘာတွေ ပြောချင်နေတာလဲ ကျွန်တော် သိပါတယ်ဗျာ။"

လီဝေ့ကျီ သက်ပြင်းချသွားသည်။ "မင်း သိလား။ သူတို့ ငါတို့ကို တက်တက်ကြွကြွ ကူညီပေးနေတာကို ကြည့်ရင်း ဘယ်လောက်ထိ ရှက်နေရလဲ မင်းသိရဲ့လား။"

ပိုင်ရှင်းယွီ သူ့ဆံပင်သူ ထိုးဖွရင်းသာ အပွင့်လင်းဆုံးပြောပြလိုက်သည်။ "မား၊ ကျွန်တော် မားကို ဒီလောက်မြန်မြန်လည်း မပြောပြချင်ဘူး။ ဒါပေမယ့် မား ဘာအကြောင်းမှ မရှိပဲ အပြစ်ရှိသလို ခံစားရအောင်လည်း မလုပ်ချင်ဘူး။"

"ဘာကိုပြောချင်တာလဲ။"

"ဟော့ကျဲနဲ့ဗိုလ်ချုပ်ကြီးယွီ၊ နှစ်ယောက်လုံး ကျွန်တော်တို့အကြောင်း သိထားတယ်။"

လီဝေ့ကျီ မျက်လုံးများပြူးကျယ်လာရသည်။ "မင်း ဘာပြောလိုက်တာ။"

"သူတို့ သိတယ်။ ပြီးတော့ သိထားတာလည်း ကြာပြီ။"

လီဝေ့ကျီ အတော်ကြာတဲ့အထိ ကြားလိုက်သမျှကို အစာမချက်နိုင်သေး။ ဒီကမ္ဘာပေါ်တွင် ဒီလိုမိဘမျိုး ရှိနိုင်သေးတယ်ဆိုတာကို မယုံကြည်ထားပုံပင်။ သူမက ထိတ်လန့်တကြီးပြောလာသည်။ "ဒါဆို .. ဒါဆို သူတို့၊ သူတို့ မင်းနဲ့ပတ်သတ်ပြီး ဂရုမစိုက်ကြဘူးလား။"

ပိုင်ရှင်းယွီ မျက်လုံးပေကလယ်ပေကလယ် ဖြစ်သွားသည်။ "ဒါတွေက ဂရုစိုက်ပေးနေတာပဲ မဟုတ်ဘူးလား။"

လီဝေ့ကျီ၏မျက်နှာထက်တွင် 'မယုံကြည်နိုင်ခြင်း' များက အထင်းသား။ "သူတို့သားက ဂေးဖြစ်နေတာကို သူတို့ ဂရုမစိုက်ကြဘူးလား။"

ပိုင်ရှင်းယွီ ခေါင်းခါပြလိုက်သည်။ "ဂရုမစိုက်ဘူး။"

"ဒါဆို သူတို့ ဒီလိုတွေ လုပ်နေတာ ငါတို့အိမ်နဲ့ အချည်အနှောင်လုပ်ဖို့လား။" လီဝေ့ကျီမှာ သူမဘာသာတွေးနေရင်း မျက်နှာများပင် ဖြူလျော့လာတော့သည်။

ပိုင်ရှင်းယွီ အလွန်အမင်း စိတ်ဓာတ်ကျနေပေမယ့်လည်း နည်းနည်းတော့ ရယ်ချင်သွားသည်။ "ကျွန်တ်ောလည်း သိပ်တော့ မသေချာပေမယ့် ကြည့်ရတာ အဲ့လိုဖြစ်မယ့်ပုံပဲ။"

လီဝေ့ကျီ အသက်ပြင်းပြင်းရှူလိုက်ပြီးမှ တိုးတိုးရေရွတ်လာသည်။ "ဒါ ဘယ်လိုမိသားစုမျိုးပါလိမ့် .. သာမန်မဟုတ်ဘူးပဲ။"

ပိုင်ရှင်းယွီ သူ့အမေအကြောင်းကို ကောင်းကောင်း သိထားသည်။ သူမမှာ ကိုယ်ပိုင် ခံယူချက်ဆိုတာ မရှိပဲ ဘေးလူ၏အထင်အမြင်များဖြင့် ယိမ်းယိုင်လွယ်သူဖြစ်သည်။ သူမ ဘေးရှိလူတိုင်းက တစ်ခုခုကို မှန်တယ်ဟု ယူဆပါက သူမစိတ်ထဲ မှားတယ်ဟု ထင်နေရင်တောင် တဖြည်းဖြည်းချင်း လက်ခံလာနိုင်မျိုးပင်။ ထို့ကြောင့်လည်း ဟော့ကျဲက သူ့အမေကို အရင်ချည်းကပ်ကာ ထို့နောက်တွင်မှ သူ့အဖေဆီ ဦးလှည့်လာတာမျိုးဖြစ်သည်။ ပိုင်ရှင်းယွီ အရင်ကတော့ ဟော့ကျဲရဲ့ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ခဲ့ပေမယ့် ဒီနေ့ ညစာကိစ္စအပြီးတွင် သူ အသေအချာကို နားလည်သွားတော့သည်။ ဟော့ကျဲက သူမရဲ့သားကို ကူညီပေးနေတာဖြစ်သည် .. အာ၊ သူမသားရဲ့ဂေးကိစ္စမှာပေါ့။

ပိုင်ရှင်းယွီ ရယ်ရခက်၊ ငိုရခက်ပင် ဖြစ်သွားသည်။ သူ မနေနိုင်စွာတွေးလိုက်မိသေးသည်၊ သူ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေလို့ မိသားစုဝင်သုံးယောက်လုံး သူ့အတွက် စစ်ချီတက်သလို စုပြုံရောက်လာတာပါလိမ့်။ သူ နည်းနည်းတော့ ဂုဏ်ယူသလို ဖြစ်သွားရသည်။ နောက်ဆို သူက ယွီမိသားစုနှင့် ဘေးချင်းယှဉ်လမ်းလျှောက်ရတော့မှာလား။ သူ ခဏမျှ ထိုမြင်ကွင်းကို ပုံဖော်ကြည့်ရင်း ဘယ်လောက်တောင် မိမိုက်နေမလဲဟု တွေးမိသွားတော့သည်။

လီဝေ့ကျီမှာ အလွန်အမင်း ထိတ်လန့်အံ့အားသင့်သွားပုံပေါ်လှသည်၊ အချိန်အတော်ကြာတဲ့အထိ စကားပြန်မပြောနိုင်ဖြစ်နေသည်။

ပိုင်ရှင်းယွီ သူမကို နှစ်သိမ့်ပေးလိုက်သည်။ "မား၊ ကျွန်တော် မားကို စိတ်မပူစေချင်တဲ့ကိစ္စတွေမှ အများကြီးပဲ။ မားက ပျော်ရွှင်နေရင်ကို ရပြီ။ မားလိုချင်သမျှ မားနဲ့ထိုက်တန်သမျှ အရာရာတိုင်းကို မား ပိုင်ဆိုင်ရနေမှာ။ ကျွန်တော်လည်း ကျွန်တော့်ကိုယ်ပိုင်ဘဝကို ထိန်းကျောင်းနိုင်နေပါပြီ။ ဒီလိုပုံစံကို မား အမြင်ချင်ဆုံးပဲ မဟုတ်ဘူးလား၊ သား အဆင်ပြေပြေရှိနေတာကိုလေ။"

လီဝေ့ကျီ ယောင်ဝါးဝါးနှင့် ခေါင်းငြိမ့်ပြပြီးမှ တစ်ဖန် ထပ်ခေါင်းခါပြမိသွားသည်။ သူမ ဘာပြန်ပြောရမလဲဆိုတာ လုံးဝ မသိနေ။

ပိုင်ရှင်းယွီ အပြစ်ရှိသလို ခံစားလိုက်ရပြီး သူမကို ခဏကြာကြာ ချော့ပြီးတော့မှ အခန်းထဲ ပြန်သွားအိပ်ဖို့ လိုက်ပို့ရတော့သည်။

အခန်းထဲပြန်ဝင်လာသည့်အချိန် သူ့ဖုန်းက ဆက်တိုက်နီးပါး လင်းလာတာကို တွေ့လိုက်ရသည်။ ယွီဖုန်းချန်က WeChat မှ စာတိုများစွာ ပို့ထားပြီး လွန်ခဲ့တဲ့ နှစ် နှစ်တုန်းက ဒီအချိန်တွင် သူတို့ဘာလုပ်နေကြသလဲ မှတ်မိလားလို့လည်း မေးထားသည်။

ပိုင်ရှင်းယွီ တစ်ချက်ပြန်တွေးကြည့်မိသည်။ ထိုအချိန်က သူတို့ တပ်ခွဲ (၃) မှာပဲ ရှိနေသေးတာဖြစ်ပြီး နှင်းကျားသစ်တပ်မဟာရဲ့လူရွေးပွဲတွင် ဝင်ပြိုင်ဖို့အတွက်လည်း ပြင်ဆင်နေကြသည်။ ထိုအချိန်တုန်းက သူတို့ကြား ဆက်ဆံရေးဆိုတာ ရေရေရာရာ မရှိလှသေး။ အပြင်ပန်းတွင်တော့ သူတို့က သူငယ်ချင်းတွေဆိုပေမယ့် မသိလိုက်ခင်မှာပဲ သူက ယွီဖုန်းချန်အပေါ် ကြွေကျနေခဲ့ပြီးဖြစ်သည်။

သူတို့နှစ်ယောက် တပ်ခွဲ (၃) တွင် အတူကုန်ဆုံးခဲ့ကြသည့် အချိန်များကို ပြန်ပြောင်းတွေးတောရင်း စကားစမြည်ပြောဖြစ်နေကြသည်။ သူ သူများနောက်လိုက်ဘဝနှင့် ဟင်းချက်စစ်သားဆိုတာမျိုးမှ တိုးတက်လာပုံ၊ သူတို့ အပျင်းဖြေခဲ့ဖူးသည့် တောအုပ်ငယ်လေး၊ ကွင်းပြင်အနောက်နှင့် အဆောက်အဦး ထောင့်ချိုးလေးတို့အကြောင်း။ စစ်တန်းလျားတစ်လျှောက်လုံးတွင် ရင်ခုန်ဖွယ် အမှတ်တရများဖြင့် ပြည့်နှက်နေပြီး သူတို့နှစ်ယောက်သား စကားပြောနေရင်း ပိုင်ရှင်းယွီရဲ့နှုတ်ခမ်းထောင့်လေးက သတိမထားမိလိုက်ခင်မှာပဲ တွန့်ကွေးလို့သွားမှန်း တွေ့လိုက်ရသည်။ သူနှင့်ယွီဖုန်းချန် ကြားတွင် ပြောစရာစကား များစွာ ရှိပြီး အရသာခံပြန်ပြောလို့ရနိုင်သည့် အမှတ်တရတွေလည်း များလှသည်။ ဒါတွေက အခြားဘယ်သူနှင့်မှ ပြောလို့ ရနိုင်နေတာမျိုး မဟုတ်။

သူတို့နှစ်ယောက် စကားပြောနေရင်း သာမန် ဖုန်းပြောနေသလိုအချိန်တစ်ခု ရောက်လို့သွားချိန် ယွီဖုန်းချန်က ထေ့ငေါ့ပြောလာသည်။ "မင်း အစပိုင်းတုန်းက အရမ်းတုံးတာပဲ။ ဘာကိုမှလည်း ဖုံးဖိထားနိုင်တာ မရှိဘူး။ အဲ့အချိန်တုန်းက ငါတောင် တွေးမိသွားတယ်။ မင်းက အပြင်သွားပြီး မိန်းကလေးတွေနဲ့ ပျော်ပါးတာလား၊ မိန်းကလေးတွေကပဲ မင်းကို အပျော်ကြံသွားတာလားလို့။"

ပိုင်ရှင်းယွီ တစ်ချက်သမ်းဝေလိုက်သည်။ "လူကို အထင်မသေးနဲ့ကွ။ ငါက မူကြိုမှာကတည်းက ရည်းစားထားတာ။ အဲ့အချိန် မင်းက ဒိုက်ပါဝတ်ထားရတုန်းပဲ ရှိသေးတယ်။ မင်း အိပ်ရာထဲမှာ လက်နှစ်ဖက်လုံး သုံးတတ်တယ်ဆိုပြီး တွေးမနေနဲ့။ မင်း လူတစ်ယောက်ကို ဘယ်လိုလိုက်ပိုးရမလဲဆိုတာ လုံးဝ မသိဘူး။"

ယွီဖုန်းချန် နှာရှုံ့ပြသည်။ "မင်းကလွဲပြီး ငါ ဘယ်သူ့ကိုမှ လိုက်မပိုးခဲ့ဘူးလေ။ ငါ ဘယ်လိုလုပ် ထူးပြီးသိနေမှာလဲ။"

"ရို့၊ မင်းအတွက် အရမ်းခက်ခဲသွားမှာပဲ။" ပိုင်ရှင်းယွီ သက်တောင့်သက်သာဖြစ်မယ့် အနေအထားတစ်ခုကို ပြောင်း၍လှဲလိုက်သည်။ ထိုအချိန်က ဖုန်းတစ်ဖက်တွင် ဖြစ်နေမည့် ယွီဖုန်းချန်ရဲ့မျက်နှာအမူအရာကို တွေးကြည့်ရင်း သူ့မျက်ဝန်းများထဲ အပြုံးများဖြင့် ပြည့်နှက်လာတော့သည်။

ယွီဖုန်းချန် တိုးလျလျ တစ်ချက်ရယ်လာသည်။ "မခက်ပါဘူး။ အရှက်မရှိဖို့ပဲ၊ ကျန်တဲ့စကေးတွေ ဘာမှမလိုဘူး။"

"အဲ့တာကိုက မင်းရဲ့အားသာချက်လေ။"

"အေးကွာ၊ ငါ့မှာ အဲ့ဒီအားသာချက်သာ မရှိရင် အစောပိုင်းကတည်းက မင်းက ငါ့ရဲ့လူဖြစ်လာမှာတဲ့လား။" ယွီဖုန်းချန် မရှင်းမရှင်း ဆက်ပြောသည်။ "ဒါပေမယ့် ဒါကလည်း ငါ့ရဲ့ကိုယ်ခန္ဓာကြံခိုင်မှု အားသာချက်နဲ့လည်း ဆိုင်သေးတယ်။"

ပိုင်ရှင်းယွီ ရယ်ရင်း အော်ငေါက်လိုက်သည်။ "မင်းက ဘာတွေအရမ်းဂုဏ်ယူနေတာလဲ။"

"ငါ့မှာ မင်းလိုကောင်းတဲ့မိန်းမတစ်ယောက် ရထားတာကို ဂုဏ်မယူပဲနေရမှာလား။"

ပိုင်ရှင်းယွီ နှာတစ်ချက်မှုတ်လိုက်သည်။ "မင်းပြောတာလည်း အဓိပ္ပါယ်တော့ ရှိသား။"

ယွီဖုန်းချန် ဗလုံးဗထွေးပြောလာသည်။ "ငါ အခု မင်းကို တွေ့ချင်နေတယ်။ မင်းရဲ့အကြောင်းတွေးလေလေ အိပ်မရလေ ဖြစ်နေပြီ။"

"ကျစ်၊ မင်းက အဆောင်ခန်းထဲမှာ heat တက်နေတယ်။ မင်းရဲ့အခန်းဖော်တွေက ဂရုမစိုက်ဘူးလား။"

"သူ ရေချိုးနေတယ်။"

"သူ? အဆောင်ခန်းထဲ မင်းတို့နှစ်ယောက်ပဲ ရှိတာလား။"

"အင်း၊ တစ်ခန်းကို လူလေးယောက် နေရမှာဆိုပေမယ့် အခန်းအတွက် လူခွဲလိုက်တော့ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လေ။"

ပိုင်ရှင်းယွီ အမှုမဲ့အမှတ်မဲ့လိုမျိုး မေးလိုက်သည်။ "အို့၊ ဘယ်ကလာတဲ့သူလဲ။ ချောလား။"

ယွီဖုန်းချန် ပြုံးသွားသည်။ "တောင်ပိုင်းက လာတာ။ ရုပ်ရည်ကတော့ အတော်လေး ချောသလိုပဲ .." သူ နောက်ဆုံးနားတွင် တမင်တောင် အသံရှည်ဆွဲ၍ပြောလာသည်။ "ဒါပေမယ့် မင်းနဲ့တော့ ယှဉ်မရပါဘူး။"

ပိုင်ရှင်းယွီ နည်းနည်းတော့ စိတ်အေးသွားပေမယ့် နေရခက်သလို ခံစားနေရဆဲပင်။ "မင်းက ယောက်ျားချင်းကြိုက်နေတဲ့လူလေ။ ယောက်ျားတစ်ယောက်နဲ့ အခန်းထဲ တစ်ချိန်လုံးရှိနေရမှာ မင်း ဘယ်လိုခံစားရလဲ။"

ယွီဖုန်းချန် ရယ်ရင်းပြောလာသည်။ "သူ့မှာ မင်းလို ဖောင်းအစ်နေတဲ့တင်ပါးမရှိဘူး။"

"ဖာ့ခ်!" ပိုင်ရှင်းယွီလည်း ရယ်ရင်းဆဲရေးလာသည်။ "ဆိုတော့ မင်းက ကြည့်လိုက်သေးတယ်ပေါ့။"

"မင်း သဝန်တိုနေတာလား။"

"မင်းတွေးတာ များသွားပြီ။"

"မင်း သန်ဘက်ခါ ခြေထောက်လေ့ကျင့်ခန်းအတွက် ငါ့ကို လာတွေ့လေ။ မင်း သဝန်တိုနေတယ်ဆို ငါ အပြင်မှာ မြင်ချင်မိတယ်။"

"ပြောတယ်မလား၊ မင်းတွေးတာ များနေပြီ။"

ယွီဖုန်းချန် အသံက သိသိသာသာကို နူးညံ့လို့သွားသည်။ "မင်းသာ သဝန်တိုမယ်ဆို ငါ ပျော်လို့ သေနိုင်တယ်။"

ပိုင်ရှင်းယွီ ပြောလာသည်။ "ငါ တွေးကြည့်ပါဦးမယ်။"

ယွီဖုန်းချန် သူ့ပါးစပ်ကို မိုက်အနား ဖိကပ်၍ ပြောလာရာ သူ့အသံက ရှတတနှင့် စိတ်အလျင်လိုမှုများလည်း ပါဝင်နေ၏။ "ငါ အခုချက်ချင်းတောင် မင်းနဲ့တွေ့ချင်နေတာ။ တစ်မိနစ်လေးတောင် မင်းနဲ့ မခွဲချင်ဘူး။"

ပိုင်ရှင်းယွီလည်း သူ့တစ်ကိုယ်လုံး ဖော်ပြလို့မတတ်အောင် ပူလောင်လာတာမို့ ညစ်ကျယ်ကျယ်ပြုံး၍ပြောလိုက်သည်။ "ငါ မင်းကို ဓာတ်ပုံအချို့ ပို့ပေးရတာပေါ့။"

"ဘာပုံတွေလဲ။"

ပိုင်ရှင်းယွီ ကလူမြူစွယ်၍ပြောလာသည်။ "မင်းကို စောင်အောက်မှာ ပုန်းပြီး ချော့သွားစေမယ့် ဓာတ်ပုံတွေ။"

ယွီဖုန်းချန် ပြုံးနေရင်း ပြန်ပြောသည်။ "အခုချက်ချင်း ပို့လိုက်တော့။"

ပိုင်ရှင်းယွီ ရှက်ကြောက်တွန့်ဆုတ်ခြင်း မရှိ၊ သူ့ဘောင်းဘီကို ချွတ်ချကာ ညီလေးကို ချော့ယူရင်း ဓာတ်ပုံ ၆ ပုံမျှ အဆက်မပြတ် ရိုက်လိုက်သည်။ သူ့ရဲ့ဓာတ်ပုံရိုက်ယူနေသံများကို ကြားချိန်မှာတော့ ယွီဖုန်းချန်ရဲ့ အသက်ရှုနှုန်းကလည်း တဖြည်းဖြည်း ပြတ်တောင်းပြတ်တောင်း ဖြစ်လာ၏။

ပိုင်ရှင်းယွီ ဓာတ်ပုံများ ပို့ပြီးသွားတာနှင့် သူတို့ကြားထဲရှိ စကားများက ပို ပိုပြီး ညစ်ညမ်းလာတော့သည်။ နှစ်ယောက်လုံးက အသက်နှစ်ဆယ်ကျော် ငယ်ရွယ်သန်မာကြသူများဖြစ်ကြတာမို့ ဒီလိုအရာမျိုးထက် သာယာမှု ပိုရရှိစေတာများ မရှိတော့။

ယွီဖုန်းချန် ဗလုံးဗထွေးပြောလာသည်။ "လေ့ကျင့်ရေးစခန်းမှာတုန်းက မင်း စောင်ထဲ ပုန်းပြီးလုပ်ခဲ့တာကို မှတ်မိလား .."

ပိုင်ရှင်းယွီ ပြုံး၍ပြောလိုက်သည်။ "မှတ်မိတယ်။ အမှန်အတိုင်း ပြောတာပေါ့။ အဲ့တုန်းက မင်းသာ ကောင်းကောင်းမလုပ်ခဲ့ရင် ညသန်းခေါင်ယံအချိန် စောင်ထဲ လက်အေးကြီး ဝင်လာတာ ငါ ကြောက်ပြီး ပြန်ပျော့သွားလောက်တယ်။"

ထိုအချိန်တုန်းက သူ စစ်တပ်ထဲ ပထမဆုံး ဝင်ခဲ့ဖူးတာဖြစ်ပြီး ပထမဆုံး သူ့ကိုယ်သူ မချုပ်တည်းထားနိုင်တော့ခြင်းလည်း ဖြစ်သည်။ သူ တိုးတိုးတိတ်တိတ် ချော့မော့ပြီးသွားချင်ပေမယ့် ယွီဖုန်းချန်က သူလုပ်နေသည့်အချိန်မှာမှ မိသွားပြီး သူ့ကို 'ကျီစားမှု' ကောင်းကောင်းလေးတစ်ခု ပေးလာသည်။ ပြန်တွေးကြည့်မိပါက အကယ်၍ သူသာ ယွီဖုန်းချန်ထံမှ အချိုဓာတ်လေးကို မမြည်စမ်းဖူးခဲ့လျှင် 'ကွေးခြင်း' ဆိုတဲ့ လမ်းမပေါ် တစ်လှမ်းချင်းဆီ ရောက်သွားနိုင်မှာ မဟုတ်။

ယွီဖုန်းချန် တိုးလျလျ ရယ်သွားသည်။ "ငါ အခု မင်းရဲ့လက်လေးရှိနေဖို့ တကယ်မျှော်လင့်တယ်။"

"မင်းခြေထောက်ကိုသာ မြန်မြန်ကောင်းအောင် လုပ်ပါဦး၊ ထောင့်ကျိုးလေးရဲ့။"

"ငါ့အခန်းဖော် ထွက်လာပြီ။" ယွီဖုန်းချန် ပြော၏။

ပိုင်ရှင်းယွီ နှုတ်ခမ်းမဲ့ကျသွားပြီး မပြောပဲ မနေနိုင်တော့။ "နောက်နေ့ကျမှ သူ ဘယ်လိုပုံစံရှိလဲ ငါ ကြည့်ရသေးတာပေါ့။ ငါ မင်းကို ပြောထားမယ်နော်။ မင်း ကောင်းကောင်း ဂရုစိုက်ပြီး နေ၊ မဟုတ်ရင် ငါ မင်းရဲ့ခြေထောက်ကို နောက်ထပ်တစ်ကြိမ် ရိုက်ချိုးပစ်မယ်။"

ယွီဖုန်းချန် ကျယ်ကျယ်လောင်လောင် ရယ်သွားသည်။

ဖုန်းတစ်ဖက်မှ ယောက်ျားလေးအသံ ထွက်ပေါ်လို့လာသည်။ "ရို့၊ ဘယ်သူနဲ့ စကားပြောနေတာလဲ။ ကောင်မလေး?"

ယွီဖုန်းချန် တုန့်ဆိုင်းသွားခြင်း မရှိ၊ ပြန်ဖြေ၏။ "မဟုတ်ဘူး၊ ငါ့မိန်းမ"

တစ်ဖက်လူက အံ့ဩသွားရသည်။ "မင်းက လက်ထပ်ပြီးပြီ?"

"မကြာခင်လေ။"

ပိုင်ရှင်းယွီ ပြုံးရယ်သွားပြီး အော်ငေါက်လိုက်သည်။ "မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ။"

ယွီဖုန်းချန် ဖုန်းကို တစ်ချက်အနမ်းပေးလာသည်။ "မိန်းမ၊ မနက်ဖြန်ကျမှ ဆက်ပြောမယ်န်ော။"

ပိုင်ရှင်းယွီရဲ့နှုတ်ခမ်းထောင့်လေးက မတွန့်ကွေးသွားပဲ မနေနိုင်တော့။ သူ့နှလုံးသားထဲ ယားကျိကျိ ခံစားချက်မျိုးရနေသည်။ ဒီလို ချိုမြိန်လှတဲ့ခံစားချက်မျိုးကို ယွီဖုန်းချန်မှလွဲပြီး ဘယ်သူကမှ သူ့ကို ပေးစွမ်းနိုင်ခြင်း မရှိ။

KittyKitling

T/N : ကဲကဲသဲသဲတွေပါ၊ ကြားထဲ မုန်တိုင်းတွေချည်းဆိုတော့ သူတို့ ဘယ်လောက် ကဲသဲထားလဲ မေ့နေတာ။ မျက်နှာတောင် ပူတယ် TT

Btw, ဟော့ကျဲက တကယ် မိုက်လွန်းတယ်!!

မိသားစုကို come out လုပ်ချင်ရင် ဒါက ကိုယ်တစ်ယောက်တည်း မဟုတ်တဲ့အကြောင်း၊ သူလိုငါလို လူတွေအများကြီး ရှိကြောင်း ဘေးက ဝိုင်းထောက်ပံ့ပေးဖို့လည်း လိုတယ်တဲ့၊ [ဒါ အကစ် novel တစ်ခုမှာ ဖတ်ဖူးတဲ့အကြောင်းလေး]

_____///_____

[Zawgyi]

'မင္းေျခေထာက္ကိုသာ ျမန္ျမန္ေကာင္းေအာင္ လုပ္ပါဦး၊ ေထာ့က်ိဳးေလးရဲ့'

ပိုင္ရွင္းယြီ စားၿပီးတာႏွင့္ အိမ္ျပန္လိုက္ခ်င္ေပမယ့္ ယြီဖုန္းခ်န္က သူ႔ကို ဆြဲထားၿပီး ျပန္သြားခြင့္ မေပး။ သူ႔အေနႏွင့္ အရင္က ယြီဖုန္းခ်န္ ဒီေလာက္ထိ တြယ္ကပ္တတ္လိမ့္မည္ဟု တစ္ခါမွ မေတြးထားခဲ့ဖူး။ သူ ျပန္သြားတာႏွင့္ ထြက္ေျပးသြားမွာကို စိုးရိမ္ေနသည့္အလား လႊတ္ေပးလာျခင္း မရွိ။ အဆုံး၌ သူ ရယ္ခ်င္လာေတာ့သည္။ "မင္း ဘာလုပ္ခ်င္ေနတာလဲ။"

"ငါ ဒီတိုင္းေလး မင္းကိုပဲ ၾကည့္ေနခ်င္တာ။" ယြီဖုန္းခ်န္ ေဝ့ဝိုက္ျခင္း မရွိပဲ ျပန္ေျပာသည္။

ပိုင္ရွင္းယြီ သူ႔လက္ပတ္နာရီကို ငုံ႔ၾကည့္လိုက္သည္။ "မင္း ေက်ာင္းျပန္သြားရမွာ မဟုတ္ဘူးလား။ မင္းအေမ မင္းကို လိုက္ပို႔ဖို႔ ျပန္လာမွာလား။"

ယြီဖုန္းခ်န္က အျခားအေၾကာင္းအရာမ်ားအေပၚသာ ပိုအာ႐ုံေရာက္ေနသည္။ "ငါ ေနာက္သုံးရက္ေနရင္ ေျခေထာက္ေလ့က်င့္ေရးအတြက္ ေဆး႐ုံျပန္လာရမွာ။ မင္း ငါ့ကို လာေတြ႕မွာလား။"

ပိုင္ရွင္းယြီ မ်က္ခုံးပင့္သြားသည္။ "ငါ အလုပ္ အရမ္းရွုပ္ေနတယ္။"

"ဒါဆို ငါ မင္းကို လာေတြ႕မယ္။"

"မင္း မလာနဲ႔။ ေနာက္ဆို ငါ့ကုမၸဏီအေရွ႕မွာ မေပၚလာနဲ႔။"

ယြီဖုန္းခ်န္ မ်က္ေမွာင္ၾကဳတ္သြားသည္။ "ဘာလို႔လဲ။"

"ငါ့အစ္ကိုက မင္းကို မၾကည္ဘူး။"

ယြီဖုန္းခ်န္ သူ႔ႏွုတ္ခမ္းကို တင္းတင္းေစ့ထားလိုက္သည္။ "မင္းက မင္းအစ္ကို ဘယ္လိုေတြးလဲဆိုတာကို အဲ့ေလာက္ထိ ဂ႐ုစိုက္ေနတာလား။"

ပိုင္ရွင္းယြီ လႊတ္ကနဲေျပာလိုက္မိသည္။ "မင္း မင္းဦးေလးငယ္နဲ႔ပတ္သတ္ၿပီး ဂ႐ုစိုက္တာနဲ႔ အတူတူေလာက္ပဲေပါ့။"

ယြီဖုန္းခ်န္ မ်က္ႏွာအမူအရာက ေျပာင္းလဲလို႔သြားၿပီး သူ႔မ်က္ဝန္းမ်ားကလည္း အေရာင္မွိန္က်သြားသည္။

ပိုင္ရွင္းယြီ ေျပာၿပီးတာႏွင့္ အနည္းငယ္မၽွ ေနာင္တရလို႔သြားသည္။ သူက စိတ္သေဘာထားႀကီးတဲ့လူတစ္ေယာက္ေတာ့ မဟုတ္။ သူ႔အေနႏွင့္ အတိတ္က ကိစၥမ်ားကို လုံးဝ ေမ့ေမ့ေပ်ာက္ေပ်ာက္ မျဖစ္သြားနိုင္ေပမယ့္ တမင္သက္သက္ေတာ့လည္း သူတို႔ႏွစ္ေယာက္ၾကား အဖုအထစ္ျဖစ္သြားေအာင္ မလုပ္ခ်င္။ သို႔ေသာ္ျငား ကၽြံသြားတဲ့စကားဆိုတာ ျပန္ႏွုတ္လို႔ မရေနခဲ့။ သူ ယြီဖုန္းခ်န္ကိုသာ ေနရခက္သြားသလို ေမာ့ၾကည့္လိုက္မိသည္။ ျဖစ္နိုင္တာ သူ႔ႏွလုံးသားရဲ့အနက္ရွိုင္းဆုံးတစ္ေနရာမွာေတာ့ ယြီဖုန္းခ်န္ကို စကားျဖင့္ အႀကိမ္အနည္းငယ္မၽွ ထိုးႏွက္ၿပီး သူ႔ကိုယ္သူ စိတ္ေပ်ာ္ေအာင္ လုပ္ခ်င္မိေနပုံပင္။

ယြီဖုန္းခ်န္ ေဖ်ာ့ေတာ့ေတာ့ျပဳံးလာသည္။ "ငါ့ဦးေလးငယ္က ငါ မင္းကို ေလာင္ယြီအိမ္ ျပန္ေခၚလာမယ့္ကိစၥမွာ အရမ္းအားေပးၿပီး ေထာက္ခံေနတာ။ ဒါေပမယ့္ မင္းအစ္ကိုကေတာ့ ငါ့ကို မင္းအိမ္ေပၚကေန ကန္ခ်ခ်င္ေနတာေလ။ တစ္ေန႔က် ငါတို႔ကို သူ ေထာက္ခံခ်က္ေပးလာေအာင္ ငါ ႀကိဳးစားမယ္။"

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "ငါ့အစ္ကို႔ကို စိတ္ေက်နပ္သြားေအာင္ လုပ္ဖို႔က လြယ္တာ မဟုတ္ဘူး။ မင္းစိတ္ထဲ သူ႔ကို ပေရာဂ်က္ နည္းနည္းေလာက္ ပစ္ေပးလိုက္႐ုံနဲ႔ မင္းကို ေကာင္းေကာင္း ဆက္ဆံလာလိမ့္မယ္လို႔ ထင္ေနတာလား။ ဘယ္လိုပဲျဖစ္ျဖစ္ သူက အခြင့္အေရးယူတတ္တဲ့စီးပြါးေရးသမားပဲ မဟုတ္ဘူးလား။"

ယြီဖုန္းခ်န္ မ်က္လုံး ေပကလယ္ေပကလယ္ လုပ္ရင္း အားကိုးရာမဲ့သလိုေျပာလာသည္။ "မင္းနဲ႔ငါၾကားမွာ ေျဖရွင္းဖို႔ က်န္ေသးတဲ့ ကိစၥေဟာင္းေတြရွိေနတာ မွန္ေပမယ့္ အကုန္လုံးကို တစ္ၿပိဳင္တည္းေတာ့ မသုံးလာနဲ႔ေလ။"

ပိုင္ရွင္းယြီ ႏွာမွုတ္ထုတ္လိုက္သည္။ "မင္း ငါ့အစ္ကို ကို ေျပာခဲ့တဲ့ကိစၥ။ ငါ သတိရတိုင္း ျပန္ေျပာေနမွာ။"

ယြီဖုန္းခ်န္ သူ႔မ်က္ဝန္းမ်ားကို နက္နက္ရွိုင္းရွိုင္း စိုက္ၾကည့္ရင္း ေျပာလာသည္။ "ေတာင္းပန္ပါတယ္။"

ယြီဖုန္းခ်န္မွာ ဟိုးအရင္ကတည္းက ပိုင္ရွင္းယြီႏွင့္ မိုင္ေပါင္းေထာင္ေက်ာ္ေဝးကြာတဲ့ေနရာမွာရွိေနသည့္ အစ္ကိုတစ္ဝမ္းကြဲျဖစ္သူကို အျမဲသဝန္တိုေနခဲ့တာျဖစ္သည္။ အခု ပိုင္ရွင္းယြီရဲ့ ထိုသူ႔အေပၚ ထားရွိတဲ့ ေလးစားနာခံျခင္းမ်ားက ေလ်ာ့ပါးမသြားတာကို ျမင္လိုက္ရခ်ိန္ ပိုလို႔ေတာင္ သဝန္တိုသြားေပမယ့္ သူ ေရွ႕ေနာက္မၾကည့္ပဲ မေျပာရဲေတာ့။

ပိုင္ရွင္းယြီ ႐ုတ္တရက္ အုံ႔မွိုင္းလို႔သြားတဲ့သူ႔ကိုၾကည့္ရင္း နည္းနည္းေတာ့ ေနရခက္သြားသည္။ "ရၿပီ။ မင္းကို မေႏွာင့္ယွက္ေတာ့ဘူး။ ငါ တကယ္ ျပန္သြားမွရမယ္။"

"မင္း ဘာလို႔ အိမ္ျပန္ဖို႔ကို ဒီေလာက္ထိေလာေနရတာလဲ။"

ပိုင္ရွင္းယြီ ခဏမၽွ တိတ္သြားၿပီး တဲ့တိုးသာေျပာျပလိုက္သည္။ "ငါ့အေမကို အေဖာ္ျပဳေပးမလို႔။"

သူ႔အေမ ေနရခက္သည့္ခံစားခ်က္မ်ားျဖင့္ အေတြးဆိုးမ်ား ေတြးေနမိမွာကို သူ စိတ္ပူသည္။ သူ႔အေမရဲ့စိတ္ပ်က္သလိုအၾကည့္မ်ားကို သူ ျပန္စဥ္းစားမိတဲ့အခ်ိန္ သူ႔ႏွလုံးသားထဲရွိ အျပစ္ရွိသလိုခံစားခ်က္မ်ားက ပိုလို႔ေတာင္ တိုးပြါးလာေတာ့သည္။

ယြီဖုန္းခ်န္ တစ္ခုခုေျပာဖို႔ တြန့္ဆိုင္းေနပုံေပၚလာၿပီးမွ ေျပာေလသည္။ "ဒါဆိုလည္း မင္း ျပန္သြားေလ။ ဒါေပမယ့္ ေနာက္တစ္ေခါက္က်ရင္ မင္း ငါ့ကို လာေတြ႕ရမယ္ေနာ္။"

"သိတယ္။" ပိုင္ရွင္းယြီ ေခါင္းငုံ႔၍ သူ႔ႏွုတ္ခမ္းကို ညင္ညင္သာသာ စုပ္ယူလိုက္သည္။ "ျမန္ျမန္သာ မင္းေျခေထာက္ကို ေကာင္းေအာင္လုပ္။"

ယြီဖုန္းခ်န္ သူ႔ကို ျပန္တုန့္ျပန္နမ္းရွိုက္လာသည္။ "မင္းက ေထာ့က်ိဳးနဲ႔ဆို မလုပ္ခ်င္ဘူး ေျပာေတာ့လည္း ငါ တတ္နိုင္သမၽွ ျမန္ျမန္ျပန္ေကာင္းေအာင္ ႀကိဳးစားရမွာေပါ့။" ထို႔ေနာက္ သူ မေက်နပ္သလို ထပ္ျဖည့္ေျပာသည္။ "ဒါေပမယ့္ ငါ ဒဏ္ရာရထားတာ ေျခေထာက္ေလးပဲေလ။"

ပိုင္ရွင္းယြီ သူ႔မ်က္လုံးမ်ားကို အနည္းငယ္မၽွ ေမွးက်ဥ္းထားရင္းမွ အနားတိုးကပ္လာကာ ယြီဖုန္းခ်န္ရဲ့နားထဲ ခပ္တိုးတိုးကပ္ေျပာလိုက္သည္။ "အားကုန္သုံးမရဘူး။"

ယြီဖုန္းခ်န္ ႐ုတ္တရက္ဆိုသလို ပိုင္ရွင္းယြီရဲ့လည္ပင္းအေနာက္ကို ဖ်စ္ညႇစ္ထားရင္း သူ႔ႏွုတ္ခမ္းမ်ားကလည္း ေမးဖ်ားေလးအနား ေဝ့သီလို႔သြားသည္။ "လုံးဝ မျဖစ္ေစရဘူး။ ငါတို႔ စမ္းၾကည့္မယ္ေလ။ တကယ္လို႔ ငါ ေကာင္းေကာင္း မလုပ္နိုင္ဘူးဆို အျပစ္ေပးခံတဲ့အေနနဲ႔ ေနာက္တစ္ေခါက္ ထပ္လုပ္ေပးမယ္ေလ။"

ပိုင္ရွင္းယြီ သူ႔ရင္ဘတ္ရဲ့ဒဏ္ရာမရထားသည့္အျခမ္းကို အားသိပ္မထည့္ပဲ တစ္ခ်က္ထိုးလိုက္သည္။ "မင္းခႏၶာကိုယ္က အခု ျပႆနာႀကီးျဖစ္ေနတာကြ။ ထိန္းထိန္းသိမ္းသိမ္း ေနစမ္းပါ။"

သူလည္း တစ္ႏွစ္ေက်ာ္ၾကာေအာင္ အသားေရွာင္လာတဲ့လူမို႔ ဆာေလာင္ေနျခင္းတြင္ ယြီဖုန္းခ်န္ႏွင့္ယွဥ္လိုက္ပါက နည္းပါးေနတာမ်ိဳး မရွိ။ သို႔ေပမယ့္ သူ စိတ္ပါေနတဲ့အခ်ိန္မွာမွ မေတာ္တဆဆိုတာမ်ိဳး ထမျဖစ္ခ်င္။ ထို႔ေၾကာင့္ အခုေလာေလာဆယ္ 'ေတာင့္ခံ' ဆိုသည့္စကားလုံးကိုသာ လက္ကိုင္ထားရေတာ့သည္။

ယြီဖုန္းခ်န္ စိတ္အားေလ်ာ့သြားသလို အိပ္ရာေပၚတြင္ ေက်ာမွီထိုင္ေနရင္း ပိုင္ရွင္းယြီကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနကာ သူ႔မ်က္ဝန္းမ်ားကလည္း အဝတ္အစားအကာအရံမ်ားအားလုံး ဆြဲခၽြတ္ပစ္ခ်င္ေနသည့္ ျပင္းျပစိတ္မ်ားျဖင့္ ျပည့္ႏွက္ေန၏။

ပိုင္ရွင္းယြီ သူ႔ပစၥည္းမ်ားကို ယူၿပီး အလ်င္စလို ထြက္ခြါသြားေတာ့သည္။

သူ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ သူ႔မိဘမ်ားက အိမ္မွာ ရွိမေန။ သူလည္း အထိန္းေတာ္ ျပင္ဆင္ေပးလာသည့္ ဟင္းပြဲမ်ားကို စားၿပီးေနာက္ အခ်ိန္ပို အလုပ္လုပ္ဖို႔ အေပၚထပ္ကို တက္သြားလိုက္သည္။

ည ၉ နာရီ ဝန္းက်င္မွာေတာ့ သူ႔မိဘမ်ား အိမ္ျပန္ေရာက္လာသည္။ သူတို႔ႏွစ္ေယာက္ အတူျပန္လာသည့္အသံမ်ားကို ၾကားလိုက္ရခ်ိန္ ပိုင္ရွင္းယြီ အနည္းငယ္မၽွ စိုးရိမ္စိတ္ဝင္သြားသည္။ သူ႔အေဖက အျမဲလိုလို အလုပ္ရွုပ္ေနတတ္တာမို႔ လိုအပ္သည့္အေၾကာင္းအရာကိစၥမရွိမခ်င္း သူ႔အေမကို အျပင္ေခၚထုတ္သြားတာ ရွားလွသည္။ သူ႔အေမက သူႏွင့္တူသည္။ ရင္ထဲ ၿမိဳသိပ္ထားသည္မ်ားကို ထုတ္မေျပာပဲ မေနနိုင္လွ။ သူ႔အေဖကိုမ်ား သူ႔အေမ ထုတ္ေျပာလိုက္ေလမလားဟု သူ စိုးရိမ္ေနရသည္။ သူ႔အေနႏွင့္ သူ႔အေဖကို ထုတ္မေျပာခင္ အလုပ္အကိုင္ပိုင္းတြင္ ေနရာတစ္ခုအထိ ေရာက္ေအာင္ လုပ္ခ်င္မိသည္။ ထိုအခါမွ သူ႔အေဖကို ေျပာျပသည့္အခါ သူ႔အေပၚ စိတ္ပ်က္သြားျခင္းမ်ိဳး မရွိလာမွာပင္။

သူ အခန္းထဲမွ ထြက္ကာ အေပၚေလွကားတြင္ မတ္တပ္ရပ္ရင္း ဧည့္ခန္းထဲသို႔ လွမ္းၾကည့္လိုက္သည္။ "ပါး၊ မား၊ ျပန္ေရာက္လာၿပီပဲ။"

ပိုင္ခ်င္းမင္က သာမန္အတိုင္းပင္၊ သူက ပိုလို႔ေတာင္ ေပ်ာ္ရႊင္ေနပုံေပၚ၏။ "အင္း၊ မင္း စားၿပီးၿပီလား။"

"ဟုတ္" ပိုင္ရွင္းယြီ သူ႔အေမကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ သူ႔အေမရဲ့မ်က္ႏွာအမူအရာက ထူးဆန္းလို႔ေနတာမို႔ တစ္ခုခုေတာ့ မွားေနၿပီမွန္း သူသိလိုက္ရသည္။

ပိုင္ခ်င္းမင္ အေၾကာဆန့္ကာ ဆိုဖာေပၚ ထိုင္ခ်ရင္း ေအာင္ပြဲခံေနသလိုေျပာလာသည္။ "ဒီတစ္ခါေတာ့ ငါ ငါ့မိန္းမနဲ႔သားကို အျမတ္ထုတ္လိုက္ရၿပီကြာ။"

ပိုင္ရွင္းယြီ နားမလည္ျဖစ္သြားရသည္။ "ပါး၊ ဘာကို ေျပာခ်င္တာလဲ။"

လီေဝ့က်ီက သူ႔ကို ရွုပ္ေထြးေနသည့္မ်က္ႏွာအမူအရာျဖင့္ ေမာ့ၾကည့္လာသည္။ "ငါတို႔ ဒီည ဗိုလ္ခ်ဳပ္ႀကီးယြီတို႔နဲ႔ ညစာ စားလာခဲ့တယ္။"

ပိုင္ရွင္းယြီ မ်က္လုံးမ်ား ျပဴးက်ယ္သြားရေပမယ့္ တည္ၿငိမ္ဟန္ေဆာင္ရင္းသာ ေျပာလိုက္ရသည္။ "အို႔၊ ဘာျဖစ္လို႔လဲ။"

ပိုင္ခ်င္းမင္ ရယ္ရင္းေျပာလာသည္။ "အရင္လက ငါ မင္းကို ေျပာျပဖူးတဲ့ ပေရာခ်က္တစ္ခု မွတ္မိလား။ တရား႐ုံးရဲ့ ပိတ္ဆို႔တားဆီးခံလိုက္ရတယ္ဆိုတာေလ။ တကယ္က အဲ့တာ ဥပေဒလုပ္ထုံးလုပ္နည္းအတိုင္း ဆက္လုပ္သြား႐ုံပဲကို သူတို႔ဘက္က အခ်ိန္ေတြဆြဲေနၿပီး ငါ့မွာ လက္မွတ္ထိုး၊ သေဘာတူေပးမယ့္လူကို ေစာင့္ေနရတာ အခ်ိန္အရမ္းကုန္တာပဲ။ ၿပီးေတာ့မွ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ငါ သိလာတာ။ အဲ့က လက္ေထာက္အရာရွိဆိုတာ ဗိုလ္ခ်ဳပ္ႀကီးယြီရဲ့ ရဲေဘာ္ေဟာင္းတဲ့။ အဲ့တာနဲ႔ ငါလည္း မင္းအေမကို ေဟာ့က်ဲဆီ အကူအညီေတာင္းၾကည့္ဖို႔ ေျပာထားတာ။ ငါ ေမၽွာ္လင့္ခ်က္ေတာ့ သိပ္မထား ထားေပမယ့္ ဗိုလ္ခ်ဳပ္ႀကီးယြီက အေရးတယူဂ႐ုစိုက္ၿပီး ညစာ စားဖို႔ပါ ဖိတ္လိမ့္မယ္လို႔ ဘယ္လိုလုပ္ ထင္မွာလဲ။" သူက လက္ႏွစ္ဖက္ကို ေပ်ာ္ေပ်ာ္ႀကီး ပြတ္ေနရင္း ဆက္ေျပာသည္။ "တရား႐ုံးက ေထာက္ခံခ်က္ကို ဒီအပတ္ထဲ အေစာဆုံးေလာက္ ရလိမ့္မယ္တဲ့။"

ပိုင္ရွင္းယြီ ဘယ္လိုတုန့္ျပန္ရမလဲေတာင္ မသိေတာ့။ သူ ေပ်ာ္ရႊင္သင့္ေပမယ့္ ဘာလို႔ရယ္ မသိ၊ ပိုလို႔ေတာင္ စိတ္ပူလာရသည္။

"ဟုတ္သား၊ ဗိုလ္ခ်ဳပ္ႀကီးယြီနဲ႔ သူ႔မိန္းမက မင္းနဲ႔ ယြီဖုန္းခ်န္ ရင္းႏွီးတဲ့အေၾကာင္း အျမဲေျပာေနတာ။ ၿပီးေတာ့ မင္း သူတို႔သားအတြက္ ေသနတ္က်ည္ကာေပးလိုက္တာကိုလည္း ေက်းဇူးတင္ေနတာတဲ့။ သားေရ၊ မင္းကေတာ့ အဆိုးေတြထဲက အေကာင္းပဲ။ ဒီလိုအခ်ိတ္အဆက္မ်ိဳးသာ ရွိထားရင္ အနာဂတ္က် လုပ္ခ်င္တာတိုင္းကို ေခ်ာေခ်ာေမြ႕ေမြ႕ လုပ္လို႔ရၿပီပဲ။"

ပိုင္ရွင္းယြီ ေဖ်ာ့ေတာ့ေတာ့ျပဳံးလိုက္သည္။ "အို႔၊ ဟုတ္တာပဲ။"

ပိုင္ခ်င္းမင္က ေဖာ္ျပလို႔မရနိုင္ေအာင္ ေပ်ာ္ရႊင္ေနဆဲ။ "သူတို႔ေတြက ငါတို႔အေပၚ အေတာ္ေလးေကာင္းတာပဲကြ။"

လီေဝ့က်ီကေတာ့ ရွက္သလို ခံစားေနရသည္။ သူမသားက သူတို႔သားနဲ႔ ေနာက္ကြယ္မွာ လူးလွိမ့္ေနတာကိုေတာင္ မသိၾကပဲ သူတို႔ႏွစ္ေယာက္အေပၚ ေကာင္းေကာင္းဆက္ဆံေပးေနေလျခင္း ဆိုသည့္ အျပစ္ရွိသလို ခံစားခ်က္မ်ားက သူမမ်က္ႏွာေပၚ အထင္းသား ရွိေနသည္။

ပိုင္ရွင္းယြီ သူ႔အေမ အျပစ္ရွိသလိုခံစားေနရတာကို မၾကည့္ရက္ေတာ့တာမို႔ အခြင့္အေရးရွာၿပီး အမွန္အတိုင္းေျပာျပဖို႔ ဆုံးျဖတ္ထားလိုက္သည္။ ထို႔အျပင္ ေနာက္တစ္ေခါက္က် သူ ေဟာ့က်ဲႏွင့္ လူခ်င္းေတြ႕ၿပီး သူတို႔ ဘာေတြေတြးေနသလဲဆိုတာ သိေအာင္ေမးဖို႔ စီစဥ္ထားသည္။ သူ႔အေဖက သူႏွင့္ယြီဖုန္းခ်န္ သူငယ္ခ်င္းဆက္ဆံေရးေၾကာင့္ သူ႔အေပၚ အျမင္ၾကည္လာေလ သူ႔ရင္ထဲ သူတို႔အေၾကာင္းသာ သူ႔အေဖ သိသြားခဲ့ရင္ ပိုစိတ္ပ်က္သြားေလာက္တယ္ဟု ခံစားရေလ ျဖစ္လာသည္။

ည မအိပ္ခင္မွာပဲ လီေဝ့က်ီက ပိုင္ရွင္းယြီ အခန္းထဲ ဝမ္းနည္းပူပန္ေနသလိုမ်က္ႏွာျဖင့္ ဝင္လာေလသည္။

ပိုင္ရွင္ယြီမွာ သူ႔အေမရဲ့ဒီလိုပုံစံမ်ိဳးကို ျမင္ေနက် မဟုတ္တာမို႔ အားကိုးရာမဲ့သလို ေျပာမိေတာ့သည္။ "မား၊ မား ဘာေတြ ေျပာခ်င္ေနတာလဲ ကၽြန္ေတာ္ သိပါတယ္ဗ်ာ။"

လီေဝ့က်ီ သက္ျပင္းခ်သြားသည္။ "မင္း သိလား။ သူတို႔ ငါတို႔ကို တက္တက္ႂကြႂကြ ကူညီေပးေနတာကို ၾကည့္ရင္း ဘယ္ေလာက္ထိ ရွက္ေနရလဲ မင္းသိရဲ့လား။"

ပိုင္ရွင္းယြီ သူ႔ဆံပင္သူ ထိုးဖြရင္းသာ အပြင့္လင္းဆုံးေျပာျပလိုက္သည္။ "မား၊ ကၽြန္ေတာ္ မားကို ဒီေလာက္ျမန္ျမန္လည္း မေျပာျပခ်င္ဘူး။ ဒါေပမယ့္ မား ဘာအေၾကာင္းမွ မရွိပဲ အျပစ္ရွိသလို ခံစားရေအာင္လည္း မလုပ္ခ်င္ဘူး။"

"ဘာကိုေျပာခ်င္တာလဲ။"

"ေဟာ့က်ဲနဲ႔ဗိုလ္ခ်ဳပ္ႀကီးယြီ၊ ႏွစ္ေယာက္လုံး ကၽြန္ေတာ္တို႔အေၾကာင္း သိထားတယ္။"

လီေဝ့က်ီ မ်က္လုံးမ်ားျပဴးက်ယ္လာရသည္။ "မင္း ဘာေျပာလိုက္တာ။"

"သူတို႔ သိတယ္။ ၿပီးေတာ့ သိထားတာလည္း ၾကာၿပီ။"

လီေဝ့က်ီ အေတာ္ၾကာတဲ့အထိ ၾကားလိုက္သမၽွကို အစာမခ်က္နိုင္ေသး။ ဒီကမၻာေပၚတြင္ ဒီလိုမိဘမ်ိဳး ရွိနိုင္ေသးတယ္ဆိုတာကို မယုံၾကည္ထားပုံပင္။ သူမက ထိတ္လန့္တႀကီးေျပာလာသည္။ "ဒါဆို .. ဒါဆို သူတို႔၊ သူတို႔ မင္းနဲ႔ပတ္သတ္ၿပီး ဂ႐ုမစိုက္ၾကဘူးလား။"

ပိုင္ရွင္းယြီ မ်က္လုံးေပကလယ္ေပကလယ္ ျဖစ္သြားသည္။ "ဒါေတြက ဂ႐ုစိုက္ေပးေနတာပဲ မဟုတ္ဘူးလား။"

လီေဝ့က်ီ၏မ်က္ႏွာထက္တြင္ 'မယုံၾကည္နိုင္ျခင္း' မ်ားက အထင္းသား။ "သူတို႔သားက ေဂးျဖစ္ေနတာကို သူတို႔ ဂ႐ုမစိုက္ၾကဘူးလား။"

ပိုင္ရွင္းယြီ ေခါင္းခါျပလိုက္သည္။ "ဂ႐ုမစိုက္ဘူး။"

"ဒါဆို သူတို႔ ဒီလိုေတြ လုပ္ေနတာ ငါတို႔အိမ္နဲ႔ အခ်ည္အေႏွာင္လုပ္ဖို႔လား။" လီေဝ့က်ီမွာ သူမဘာသာေတြးေနရင္း မ်က္ႏွာမ်ားပင္ ျဖဴေလ်ာ့လာေတာ့သည္။

ပိုင္ရွင္းယြီ အလြန္အမင္း စိတ္ဓာတ္က်ေနေပမယ့္လည္း နည္းနည္းေတာ့ ရယ္ခ်င္သြားသည္။ "ကၽြန္တ္ောလည္း သိပ္ေတာ့ မေသခ်ာေပမယ့္ ၾကည့္ရတာ အဲ့လိုျဖစ္မယ့္ပုံပဲ။"

လီေဝ့က်ီ အသက္ျပင္းျပင္းရွူလိုက္ၿပီးမွ တိုးတိုးေရရြတ္လာသည္။ "ဒါ ဘယ္လိုမိသားစုမ်ိဳးပါလိမ့္ .. သာမန္မဟုတ္ဘူးပဲ။"

ပိုင္ရွင္းယြီ သူ႔အေမအေၾကာင္းကို ေကာင္းေကာင္း သိထားသည္။ သူမမွာ ကိုယ္ပိုင္ ခံယူခ်က္ဆိုတာ မရွိပဲ ေဘးလူ၏အထင္အျမင္မ်ားျဖင့္ ယိမ္းယိုင္လြယ္သူျဖစ္သည္။ သူမ ေဘးရွိလူတိုင္းက တစ္ခုခုကို မွန္တယ္ဟု ယူဆပါက သူမစိတ္ထဲ မွားတယ္ဟု ထင္ေနရင္ေတာင္ တျဖည္းျဖည္းခ်င္း လက္ခံလာနိုင္မ်ိဳးပင္။ ထို႔ေၾကာင့္လည္း ေဟာ့က်ဲက သူ႔အေမကို အရင္ခ်ည္းကပ္ကာ ထို႔ေနာက္တြင္မွ သူ႔အေဖဆီ ဦးလွည့္လာတာမ်ိဳးျဖစ္သည္။ ပိုင္ရွင္းယြီ အရင္ကေတာ့ ေဟာ့က်ဲရဲ့ရည္ရြယ္ခ်က္ကို မခန့္မွန္းနိုင္ခဲ့ေပမယ့္ ဒီေန႔ ညစာကိစၥအၿပီးတြင္ သူ အေသအခ်ာကို နားလည္သြားေတာ့သည္။ ေဟာ့က်ဲက သူမရဲ့သားကို ကူညီေပးေနတာျဖစ္သည္ .. အာ၊ သူမသားရဲ့ေဂးကိစၥမွာေပါ့။

ပိုင္ရွင္းယြီ ရယ္ရခက္၊ ငိုရခက္ပင္ ျဖစ္သြားသည္။ သူ မေနနိုင္စြာေတြးလိုက္မိေသးသည္၊ သူ ဘယ္ေလာက္ေတာင္ ဆြဲေဆာင္မွုရွိေနလို႔ မိသားစုဝင္သုံးေယာက္လုံး သူ႔အတြက္ စစ္ခ်ီတက္သလို စုျပဳံေရာက္လာတာပါလိမ့္။ သူ နည္းနည္းေတာ့ ဂုဏ္ယူသလို ျဖစ္သြားရသည္။ ေနာက္ဆို သူက ယြီမိသားစုႏွင့္ ေဘးခ်င္းယွဥ္လမ္းေလၽွာက္ရေတာ့မွာလား။ သူ ခဏမၽွ ထိုျမင္ကြင္းကို ပုံေဖာ္ၾကည့္ရင္း ဘယ္ေလာက္ေတာင္ မိမိုက္ေနမလဲဟု ေတြးမိသြားေတာ့သည္။

လီေဝ့က်ီမွာ အလြန္အမင္း ထိတ္လန့္အံ့အားသင့္သြားပုံေပၚလွသည္၊ အခ်ိန္အေတာ္ၾကာတဲ့အထိ စကားျပန္မေျပာနိုင္ျဖစ္ေနသည္။

ပိုင္ရွင္းယြီ သူမကို ႏွစ္သိမ့္ေပးလိုက္သည္။ "မား၊ ကၽြန္ေတာ္ မားကို စိတ္မပူေစခ်င္တဲ့ကိစၥေတြမွ အမ်ားႀကီးပဲ။ မားက ေပ်ာ္ရႊင္ေနရင္ကို ရၿပီ။ မားလိုခ်င္သမၽွ မားနဲ႔ထိုက္တန္သမၽွ အရာရာတိုင္းကို မား ပိုင္ဆိုင္ရေနမွာ။ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္ကိုယ္ပိုင္ဘဝကို ထိန္းေက်ာင္းနိုင္ေနပါၿပီ။ ဒီလိုပုံစံကို မား အျမင္ခ်င္ဆုံးပဲ မဟုတ္ဘူးလား၊ သား အဆင္ေျပေျပရွိေနတာကိုေလ။"

လီေဝ့က်ီ ေယာင္ဝါးဝါးႏွင့္ ေခါင္းၿငိမ့္ျပၿပီးမွ တစ္ဖန္ ထပ္ေခါင္းခါျပမိသြားသည္။ သူမ ဘာျပန္ေျပာရမလဲဆိုတာ လုံးဝ မသိေန။

ပိုင္ရွင္းယြီ အျပစ္ရွိသလို ခံစားလိုက္ရၿပီး သူမကို ခဏၾကာၾကာ ေခ်ာ့ၿပီးေတာ့မွ အခန္းထဲ ျပန္သြားအိပ္ဖို႔ လိုက္ပို႔ရေတာ့သည္။

အခန္းထဲျပန္ဝင္လာသည့္အခ်ိန္ သူ႔ဖုန္းက ဆက္တိုက္နီးပါး လင္းလာတာကို ေတြ႕လိုက္ရသည္။ ယြီဖုန္းခ်န္က WeChat မွ စာတိုမ်ားစြာ ပို႔ထားၿပီး လြန္ခဲ့တဲ့ ႏွစ္ ႏွစ္တုန္းက ဒီအခ်ိန္တြင္ သူတို႔ဘာလုပ္ေနၾကသလဲ မွတ္မိလားလို႔လည္း ေမးထားသည္။

ပိုင္ရွင္းယြီ တစ္ခ်က္ျပန္ေတြးၾကည့္မိသည္။ ထိုအခ်ိန္က သူတို႔ တပ္ခြဲ (၃) မွာပဲ ရွိေနေသးတာျဖစ္ၿပီး ႏွင္းက်ားသစ္တပ္မဟာရဲ့လူေရြးပြဲတြင္ ဝင္ၿပိဳင္ဖို႔အတြက္လည္း ျပင္ဆင္ေနၾကသည္။ ထိုအခ်ိန္တုန္းက သူတို႔ၾကား ဆက္ဆံေရးဆိုတာ ေရေရရာရာ မရွိလွေသး။ အျပင္ပန္းတြင္ေတာ့ သူတို႔က သူငယ္ခ်င္းေတြဆိုေပမယ့္ မသိလိုက္ခင္မွာပဲ သူက ယြီဖုန္းခ်န္အေပၚ ေႂကြက်ေနခဲ့ၿပီးျဖစ္သည္။

သူတို႔ႏွစ္ေယာက္ တပ္ခြဲ (၃) တြင္ အတူကုန္ဆုံးခဲ့ၾကသည့္ အခ်ိန္မ်ားကို ျပန္ေျပာင္းေတြးေတာရင္း စကားစျမည္ေျပာျဖစ္ေနၾကသည္။ သူ သူမ်ားေနာက္လိုက္ဘဝႏွင့္ ဟင္းခ်က္စစ္သားဆိုတာမ်ိဳးမွ တိုးတက္လာပုံ၊ သူတို႔ အပ်င္းေျဖခဲ့ဖူးသည့္ ေတာအုပ္ငယ္ေလး၊ ကြင္းျပင္အေနာက္ႏွင့္ အေဆာက္အဦး ေထာင့္ခ်ိဳးေလးတို႔အေၾကာင္း။ စစ္တန္းလ်ားတစ္ေလၽွာက္လုံးတြင္ ရင္ခုန္ဖြယ္ အမွတ္တရမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး သူတို႔ႏွစ္ေယာက္သား စကားေျပာေနရင္း ပိုင္ရွင္းယြီရဲ့ႏွုတ္ခမ္းေထာင့္ေလးက သတိမထားမိလိုက္ခင္မွာပဲ တြန့္ေကြးလို႔သြားမွန္း ေတြ႕လိုက္ရသည္။ သူႏွင့္ယြီဖုန္းခ်န္ ၾကားတြင္ ေျပာစရာစကား မ်ားစြာ ရွိၿပီး အရသာခံျပန္ေျပာလို႔ရနိုင္သည့္ အမွတ္တရေတြလည္း မ်ားလွသည္။ ဒါေတြက အျခားဘယ္သူႏွင့္မွ ေျပာလို႔ ရနိုင္ေနတာမ်ိဳး မဟုတ္။

သူတို႔ႏွစ္ေယာက္ စကားေျပာေနရင္း သာမန္ ဖုန္းေျပာေနသလိုအခ်ိန္တစ္ခု ေရာက္လို႔သြားခ်ိန္ ယြီဖုန္းခ်န္က ေထ့ေငါ့ေျပာလာသည္။ "မင္း အစပိုင္းတုန္းက အရမ္းတုံးတာပဲ။ ဘာကိုမွလည္း ဖုံးဖိထားနိုင္တာ မရွိဘူး။ အဲ့အခ်ိန္တုန္းက ငါေတာင္ ေတြးမိသြားတယ္။ မင္းက အျပင္သြားၿပီး မိန္းကေလးေတြနဲ႔ ေပ်ာ္ပါးတာလား၊ မိန္းကေလးေတြကပဲ မင္းကို အေပ်ာ္ႀကံသြားတာလားလို႔။"

ပိုင္ရွင္းယြီ တစ္ခ်က္သမ္းေဝလိုက္သည္။ "လူကို အထင္မေသးနဲ႔ကြ။ ငါက မူႀကိဳမွာကတည္းက ရည္းစားထားတာ။ အဲ့အခ်ိန္ မင္းက ဒိုက္ပါဝတ္ထားရတုန္းပဲ ရွိေသးတယ္။ မင္း အိပ္ရာထဲမွာ လက္ႏွစ္ဖက္လုံး သုံးတတ္တယ္ဆိုၿပီး ေတြးမေနနဲ႔။ မင္း လူတစ္ေယာက္ကို ဘယ္လိုလိုက္ပိုးရမလဲဆိုတာ လုံးဝ မသိဘူး။"

ယြီဖုန္းခ်န္ ႏွာရွုံ႔ျပသည္။ "မင္းကလြဲၿပီး ငါ ဘယ္သူ႔ကိုမွ လိုက္မပိုးခဲ့ဘူးေလ။ ငါ ဘယ္လိုလုပ္ ထူးၿပီးသိေနမွာလဲ။"

"ရို႔၊ မင္းအတြက္ အရမ္းခက္ခဲသြားမွာပဲ။" ပိုင္ရွင္းယြီ သက္ေတာင့္သက္သာျဖစ္မယ့္ အေနအထားတစ္ခုကို ေျပာင္း၍လွဲလိုက္သည္။ ထိုအခ်ိန္က ဖုန္းတစ္ဖက္တြင္ ျဖစ္ေနမည့္ ယြီဖုန္းခ်န္ရဲ့မ်က္ႏွာအမူအရာကို ေတြးၾကည့္ရင္း သူ႔မ်က္ဝန္းမ်ားထဲ အျပဳံးမ်ားျဖင့္ ျပည့္ႏွက္လာေတာ့သည္။

ယြီဖုန္းခ်န္ တိုးလ်လ် တစ္ခ်က္ရယ္လာသည္။ "မခက္ပါဘူး။ အရွက္မရွိဖို႔ပဲ၊ က်န္တဲ့စေကးေတြ ဘာမွမလိုဘူး။"

"အဲ့တာကိုက မင္းရဲ့အားသာခ်က္ေလ။"

"ေအးကြာ၊ ငါ့မွာ အဲ့ဒီအားသာခ်က္သာ မရွိရင္ အေစာပိုင္းကတည္းက မင္းက ငါ့ရဲ့လူျဖစ္လာမွာတဲ့လား။" ယြီဖုန္းခ်န္ မရွင္းမရွင္း ဆက္ေျပာသည္။ "ဒါေပမယ့္ ဒါကလည္း ငါ့ရဲ့ကိုယ္ခႏၶာႀကံခိုင္မွု အားသာခ်က္နဲ႔လည္း ဆိုင္ေသးတယ္။"

ပိုင္ရွင္းယြီ ရယ္ရင္း ေအာ္ေငါက္လိုက္သည္။ "မင္းက ဘာေတြအရမ္းဂုဏ္ယူေနတာလဲ။"

"ငါ့မွာ မင္းလိုေကာင္းတဲ့မိန္းမတစ္ေယာက္ ရထားတာကို ဂုဏ္မယူပဲေနရမွာလား။"

ပိုင္ရွင္းယြီ ႏွာတစ္ခ်က္မွုတ္လိုက္သည္။ "မင္းေျပာတာလည္း အဓိပၸါယ္ေတာ့ ရွိသား။"

ယြီဖုန္းခ်န္ ဗလုံးဗေထြးေျပာလာသည္။ "ငါ အခု မင္းကို ေတြ႕ခ်င္ေနတယ္။ မင္းရဲ့အေၾကာင္းေတြးေလေလ အိပ္မရေလ ျဖစ္ေနၿပီ။"

"က်စ္၊ မင္းက အေဆာင္ခန္းထဲမွာ heat တက္ေနတယ္။ မင္းရဲ့အခန္းေဖာ္ေတြက ဂ႐ုမစိုက္ဘူးလား။"

"သူ ေရခ်ိဳးေနတယ္။"

"သူ? အေဆာင္ခန္းထဲ မင္းတို႔ႏွစ္ေယာက္ပဲ ရွိတာလား။"

"အင္း၊ တစ္ခန္းကို လူေလးေယာက္ ေနရမွာဆိုေပမယ့္ အခန္းအတြက္ လူခြဲလိုက္ေတာ့ ႏွစ္ေယာက္ပဲ က်န္ခဲ့တယ္ေလ။"

ပိုင္ရွင္းယြီ အမွုမဲ့အမွတ္မဲ့လိုမ်ိဳး ေမးလိုက္သည္။ "အို႔၊ ဘယ္ကလာတဲ့သူလဲ။ ေခ်ာလား။"

ယြီဖုန္းခ်န္ ျပဳံးသြားသည္။ "ေတာင္ပိုင္းက လာတာ။ ႐ုပ္ရည္ကေတာ့ အေတာ္ေလး ေခ်ာသလိုပဲ .." သူ ေနာက္ဆုံးနားတြင္ တမင္ေတာင္ အသံရွည္ဆြဲ၍ေျပာလာသည္။ "ဒါေပမယ့္ မင္းနဲ႔ေတာ့ ယွဥ္မရပါဘူး။"

ပိုင္ရွင္းယြီ နည္းနည္းေတာ့ စိတ္ေအးသြားေပမယ့္ ေနရခက္သလို ခံစားေနရဆဲပင္။ "မင္းက ေယာက္်ားခ်င္းႀကိဳက္ေနတဲ့လူေလ။ ေယာက္်ားတစ္ေယာက္နဲ႔ အခန္းထဲ တစ္ခ်ိန္လုံးရွိေနရမွာ မင္း ဘယ္လိုခံစားရလဲ။"

ယြီဖုန္းခ်န္ ရယ္ရင္းေျပာလာသည္။ "သူ႔မွာ မင္းလို ေဖာင္းအစ္ေနတဲ့တင္ပါးမရွိဘူး။"

"ဖာ့ခ္!" ပိုင္ရွင္းယြီလည္း ရယ္ရင္းဆဲေရးလာသည္။ "ဆိုေတာ့ မင္းက ၾကည့္လိုက္ေသးတယ္ေပါ့။"

"မင္း သဝန္တိုေနတာလား။"

"မင္းေတြးတာ မ်ားသြားၿပီ။"

"မင္း သန္ဘက္ခါ ေျခေထာက္ေလ့က်င့္ခန္းအတြက္ ငါ့ကို လာေတြ႕ေလ။ မင္း သဝန္တိုေနတယ္ဆို ငါ အျပင္မွာ ျမင္ခ်င္မိတယ္။"

"ေျပာတယ္မလား၊ မင္းေတြးတာ မ်ားေနၿပီ။"

ယြီဖုန္းခ်န္ အသံက သိသိသာသာကို ႏူးညံ့လို႔သြားသည္။ "မင္းသာ သဝန္တိုမယ္ဆို ငါ ေပ်ာ္လို႔ ေသနိုင္တယ္။"

ပိုင္ရွင္းယြီ ေျပာလာသည္။ "ငါ ေတြးၾကည့္ပါဦးမယ္။"

ယြီဖုန္းခ်န္ သူ႔ပါးစပ္ကို မိုက္အနား ဖိကပ္၍ ေျပာလာရာ သူ႔အသံက ရွတတႏွင့္ စိတ္အလ်င္လိုမွုမ်ားလည္း ပါဝင္ေန၏။ "ငါ အခုခ်က္ခ်င္းေတာင္ မင္းနဲ႔ေတြ႕ခ်င္ေနတာ။ တစ္မိနစ္ေလးေတာင္ မင္းနဲ႔ မခြဲခ်င္ဘူး။"

ပိုင္ရွင္းယြီလည္း သူ႔တစ္ကိုယ္လုံး ေဖာ္ျပလို႔မတတ္ေအာင္ ပူေလာင္လာတာမို႔ ညစ္က်ယ္က်ယ္ျပဳံး၍ေျပာလိုက္သည္။ "ငါ မင္းကို ဓာတ္ပုံအခ်ိဳ႕ ပို႔ေပးရတာေပါ့။"

"ဘာပုံေတြလဲ။"

ပိုင္ရွင္းယြီ ကလူျမဴစြယ္၍ေျပာလာသည္။ "မင္းကို ေစာင္ေအာက္မွာ ပုန္းၿပီး ေခ်ာ့သြားေစမယ့္ ဓာတ္ပုံေတြ။"

ယြီဖုန္းခ်န္ ျပဳံးေနရင္း ျပန္ေျပာသည္။ "အခုခ်က္ခ်င္း ပို႔လိုက္ေတာ့။"

ပိုင္ရွင္းယြီ ရွက္ေၾကာက္တြန့္ဆုတ္ျခင္း မရွိ၊ သူ႔ေဘာင္းဘီကို ခၽြတ္ခ်ကာ ညီေလးကို ေခ်ာ့ယူရင္း ဓာတ္ပုံ ၆ ပုံမၽွ အဆက္မျပတ္ ရိုက္လိုက္သည္။ သူ႔ရဲ့ဓာတ္ပုံရိုက္ယူေနသံမ်ားကို ၾကားခ်ိန္မွာေတာ့ ယြီဖုန္းခ်န္ရဲ့ အသက္ရွုႏွုန္းကလည္း တျဖည္းျဖည္း ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္လာ၏။

ပိုင္ရွင္းယြီ ဓာတ္ပုံမ်ား ပို႔ၿပီးသြားတာႏွင့္ သူတို႔ၾကားထဲရွိ စကားမ်ားက ပို ပိုၿပီး ညစ္ညမ္းလာေတာ့သည္။ ႏွစ္ေယာက္လုံးက အသက္ႏွစ္ဆယ္ေက်ာ္ ငယ္ရြယ္သန္မာၾကသူမ်ားျဖစ္ၾကတာမို႔ ဒီလိုအရာမ်ိဳးထက္ သာယာမွု ပိုရရွိေစတာမ်ား မရွိေတာ့။

ယြီဖုန္းခ်န္ ဗလုံးဗေထြးေျပာလာသည္။ "ေလ့က်င့္ေရးစခန္းမွာတုန္းက မင္း ေစာင္ထဲ ပုန္းၿပီးလုပ္ခဲ့တာကို မွတ္မိလား .."

ပိုင္ရွင္းယြီ ျပဳံး၍ေျပာလိုက္သည္။ "မွတ္မိတယ္။ အမွန္အတိုင္း ေျပာတာေပါ့။ အဲ့တုန္းက မင္းသာ ေကာင္းေကာင္းမလုပ္ခဲ့ရင္ ညသန္းေခါင္ယံအခ်ိန္ ေစာင္ထဲ လက္ေအးႀကီး ဝင္လာတာ ငါ ေၾကာက္ၿပီး ျပန္ေပ်ာ့သြားေလာက္တယ္။"

ထိုအခ်ိန္တုန္းက သူ စစ္တပ္ထဲ ပထမဆုံး ဝင္ခဲ့ဖူးတာျဖစ္ၿပီး ပထမဆုံး သူ႔ကိုယ္သူ မခ်ဳပ္တည္းထားနိုင္ေတာ့ျခင္းလည္း ျဖစ္သည္။ သူ တိုးတိုးတိတ္တိတ္ ေခ်ာ့ေမာ့ၿပီးသြားခ်င္ေပမယ့္ ယြီဖုန္းခ်န္က သူလုပ္ေနသည့္အခ်ိန္မွာမွ မိသြားၿပီး သူ႔ကို 'က်ီစားမွု' ေကာင္းေကာင္းေလးတစ္ခု ေပးလာသည္။ ျပန္ေတြးၾကည့္မိပါက အကယ္၍ သူသာ ယြီဖုန္းခ်န္ထံမွ အခ်ိဳဓာတ္ေလးကို မျမည္စမ္းဖူးခဲ့လၽွင္ 'ေကြးျခင္း' ဆိုတဲ့ လမ္းမေပၚ တစ္လွမ္းခ်င္းဆီ ေရာက္သြားနိုင္မွာ မဟုတ္။

ယြီဖုန္းခ်န္ တိုးလ်လ် ရယ္သြားသည္။ "ငါ အခု မင္းရဲ့လက္ေလးရွိေနဖို႔ တကယ္ေမၽွာ္လင့္တယ္။"

"မင္းေျခေထာက္ကိုသာ ျမန္ျမန္ေကာင္းေအာင္ လုပ္ပါဦး၊ ေထာင့္က်ိဳးေလးရဲ့။"

"ငါ့အခန္းေဖာ္ ထြက္လာၿပီ။" ယြီဖုန္းခ်န္ ေျပာ၏။

ပိုင္ရွင္းယြီ ႏွုတ္ခမ္းမဲ့က်သြားၿပီး မေျပာပဲ မေနနိုင္ေတာ့။ "ေနာက္ေန႔က်မွ သူ ဘယ္လိုပုံစံရွိလဲ ငါ ၾကည့္ရေသးတာေပါ့။ ငါ မင္းကို ေျပာထားမယ္ေနာ္။ မင္း ေကာင္းေကာင္း ဂ႐ုစိုက္ၿပီး ေန၊ မဟုတ္ရင္ ငါ မင္းရဲ့ေျခေထာက္ကို ေနာက္ထပ္တစ္ႀကိမ္ ရိုက္ခ်ိဳးပစ္မယ္။"

ယြီဖုန္းခ်န္ က်ယ္က်ယ္ေလာင္ေလာင္ ရယ္သြားသည္။

ဖုန္းတစ္ဖက္မွ ေယာက္်ားေလးအသံ ထြက္ေပၚလို႔လာသည္။ "ရို႔၊ ဘယ္သူနဲ႔ စကားေျပာေနတာလဲ။ ေကာင္မေလး?"

ယြီဖုန္းခ်န္ တုန့္ဆိုင္းသြားျခင္း မရွိ၊ ျပန္ေျဖ၏။ "မဟုတ္ဘူး၊ ငါ့မိန္းမ"

တစ္ဖက္လူက အံ့ဩသြားရသည္။ "မင္းက လက္ထပ္ၿပီးၿပီ?"

"မၾကာခင္ေလ။"

ပိုင္ရွင္းယြီ ျပဳံးရယ္သြားၿပီး ေအာ္ေငါက္လိုက္သည္။ "မင္း ဘာမဟုတ္တာေတြ ေျပာေနတာလဲ။"

ယြီဖုန္းခ်န္ ဖုန္းကို တစ္ခ်က္အနမ္းေပးလာသည္။ "မိန္းမ၊ မနက္ျဖန္က်မွ ဆက္ေျပာမယ္န္ော။"

ပိုင္ရွင္းယြီရဲ့ႏွုတ္ခမ္းေထာင့္ေလးက မတြန့္ေကြးသြားပဲ မေနနိုင္ေတာ့။ သူ႔ႏွလုံးသားထဲ ယားက်ိက်ိ ခံစားခ်က္မ်ိဳးရေနသည္။ ဒီလို ခ်ိဳၿမိန္လွတဲ့ခံစားခ်က္မ်ိဳးကို ယြီဖုန္းခ်န္မွလြဲၿပီး ဘယ္သူကမွ သူ႔ကို ေပးစြမ္းနိုင္ျခင္း မရွိ။

KittyKitling

T/N : ကဲကဲသဲသဲေတြပါ၊ ၾကားထဲ မုန္တိုင္းေတြခ်ည္းဆိုေတာ့ သူတို႔ ဘယ္ေလာက္ ကဲသဲထားလဲ ေမ့ေနတာ။ မ်က္ႏွာေတာင္ ပူတယ္ TT

Btw, ေဟာ့က်ဲက တကယ္ မိုက္လြန္းတယ္!!

မိသားစုကို come out လုပ္ခ်င္ရင္ ဒါက ကိုယ္တစ္ေယာက္တည္း မဟုတ္တဲ့အေၾကာင္း၊ သူလိုငါလို လူေတြအမ်ားႀကီး ရွိေၾကာင္း ေဘးက ဝိုင္းေထာက္ပံ့ေပးဖို႔လည္း လိုတယ္တဲ့၊ [ဒါ အကစ္ novel တစ္ခုမွာ ဖတ္ဖူးတဲ့အေၾကာင္းေလး]

Continue Reading

You'll Also Like

531K 29.5K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
270K 42.7K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့
42.5K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...