Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

94

13.8K 1.9K 390
By callme__kitty

[Unicode]

'ဘော့စဝါးနားသို့သွားခြင်း'

မန်နေဂျာရွှီ ကျန်းဆွေ့ယင်း၏ရုံးခန်းထဲ တစ်နာရီကျော်မျှ ထိုင်သွားပြီး သူတို့လေးယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုလျက် ပါတနာအဖြစ် ပူးပေါင်းရေး အကြမ်းပုံစံဆွဲဖြစ်သွားကြသည်။ ကျန်းဆွေ့ယင်းက တစ်လျှောက်လုံး ပြုံးလျက်ရှိနေပေမယ့် ပိုင်ရှင်းယွီ သူနှင့်အကြည့်ချင်းဆုံချိန်တိုင်း ကျန်းဆွေ့ယင်း၏မျက်ဝန်းများက သူ့ကို ချွေးအေးများ ကျလာစေသည်။

ဆွေးနွေးပြီးသည်နှင့် မန်နေဂျာရွှီမှ နှုတ်ဆက်စကား ပြောလာပြီး သူတို့သုံးယောက်လည်း သူ့ကို ဓာတ်လှေကားရှိရာအထိ လိုက်ပို့ပေးလိုက်ကြသည်။ ဓာတ်လှေကားတံကားပိတ်သွားသည်နှင့်တပြိုင်နက် ကျန်းဆွေ့ယင်းမျက်နှာပေါ်မှ ယဉ်ယဉ်ကျေးကျေး အပြုံးလေးက အစအနရှာမရအောင် ပျောက်ကွယ်သွားပြီး ပိုင်ရှင်းယွီကို လှည့်ကြည့်လာတော့သည်။

ပိုင်ရှင်းယွီ သူ့မျက်လုံးဝိုင်းဝိုင်းများဖြင့် အပြစ်ကင်းစင်သူတစ်ယောက်လို ကြည့်နေလိုက်သည်။ "ကော၊ ကျွန်တော် ဘာမှ မသိဘူး။"

ကျန်းဆွေ့ယင်း ဩရှရှပြောလာသည်။ "ရုံးခန်းထဲရောက်မှ ပြောမယ်။"

ပြောပြီးတာနှင့် ကျန်းဆွေ့ယင်း သူတို့နှစ်ယောက်ကို ဖြတ်ကျော်၍ ရုံးခန်းထဲ လျှောက်ဝင်သွားတော့သည်။

ပိုင်ရှင်းယွီ လီယွီကို လှမ်းဆွဲထားပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ငါ မရောက်လာခင်တုန်းက မင်းတို့ ဘာတွေ ပြောနေကြတာလဲ။"

"ကျွန်တော် ခင်ဗျားအစ်ကိုရဲ့ ငယ်ငယ်တုန်းကဓာတ်ပုံ လိုချင်တယ်။" လီယွီ သူ့ကို ငုံ့ကြည့်လာသည်။

ပိုင်ရှင်းယွီ ကြောင်အလို့သွားသည်။ "ဟမ်?"

"ခင်ဗျားအစ်ကို ငယ်ငယ်တုန်းက ဓာတ်ပုံ၊ ခင်ဗျားအိမ်မှာ ရှိတယ်။"

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။ "မင်းမှာ မရှိဘူးလား။"

"ခင်ဗျားအိမ်မှာရှိနေတဲ့ပုံတော့ ကျွန်တော့်မှာ မရှိသေးဘူးပေါ့။"

ပိုင်ရှင်းယွီ၏မျက်လုံးများ မှေးကျဉ်းလို့သွားသည်။ "ရတယ်။ ငါ မင်းအတွက် ကော်ပီတစ်ပုံ ကူးပေးလာမယ်။ ပြောတော့။ မင်းတို့ ဘာအကြောင်းတွေ ပြောဖြစ်ကြလဲ။"

"မန်နေဂျာရွှီက ခင်ဗျားနဲ့ တွေ့ဖြစ်တဲ့အကြောင်းရယ်၊ ခင်ဗျား ကုမ္ပဏီထောင်ဖို့ကိစ္စရယ်၊ ခင်ဗျား အာဖရိက သွားလေ့လာချင်တဲ့အကြောင်းတွေရယ် ပြောပြတယ်။"

"အဲ့ဒါပဲလား။"

"ပြီးတော့ အမှုမဲ့အမှတ်မဲ့ ယွီဖုန်းချန်ကို ချီးကျူးပေးသလို စကားတွေပြောလာတယ်။"

ပိုင်ရှင်းယွီ တံတွေးမြိုချမိသွားသည်။ "ဒီကိစ္စနဲ့ ငါ့ကို စိတ်မတိုလောက်ဘူးမလား။"

"ခင်ဗျားက ကျွန်တော့်ကို လာမေးနေတာလား။" လီယွီမျက်နှာပေါ်တွင် 'သေချာရဲ့လား' ဟူသည့် အမူအရာက အခန့်သားရှိနေလျက်။

ပိုင်ရှင်းယွီ သက်ပြင်းချလျက် ဥက္ကဌရုံးခန်းထဲသာ ဝင်သွားလိုက်ရသည်။

ရုံးခန်းထဲ ဝင်သွားလိုက်သည်နှင့် ကျန်းဆွေ့ယင်းက သူ့ကုလားထိုင်ပေါ်တွင် ခြေချိတ်လျက်သား ထိုင်နေပြီး ပိုင်ရှင်းယွီကို စွေစောင်း၍ကြည့်လာသည်။

ပိုင်ရှင်းယွီ ပြုံးလျက်ပြောလိုက်သည်။ "ကော၊ မန်နေဂျာရွှီက မဆိုးဘူးမလား။ တော်တော်လေး အားကိုးရပါတယ်။"

"အို့၊ မဆိုးဘူး။ ပိုက်ဆံပေးဖို့ အပြေးရောက်လာသလိုပဲ။ သူ့မျက်နှာ ဘယ်လိုပုံစံလဲဆိုတာတောင် ငါ မမှတ်မိတော့ဘူး။ မျက်နှာအစား ပိုက်ဆံတွေပဲ ငါ မြင်နေရတယ်။"

"ကော၊ ကျွန်တော် ကျိန်ရဲတယ်၊ ကျွန်တော် ဘာဆိုဘာမှ မသိဘူး။"

"မင်း မသိမှန်း ငါ သိတယ်။ ဒါပေမယ့် မင်း ရည်းစားဟောင်းလေး ဘာလုပ်ဖို့ကြံနေတာလဲဆိုတာတော့ မင်း သိထားသင့်ပြီမလား။"

ပိုင်ရှင်းယွီ ကြောင်အသွားပြီး 'ရည်းစားဟောင်း' ဟူသည့် စကားလုံးသုံးလုံးကြောင့် စိတ်ထဲ နည်းနည်း နေရခက်သွားတော့သည်။ ကြားလိုက်ရုံနှင့်ကို သူ့တစ်ကိုယ်လုံးပေါ်တွင် ကြက်သီးများ ထလာတာမို့ သူ ခေါင်းခါပြရင်း ပြောလိုက်သည်။ "ကျွန်တော် မသိဘူး။"

"သောက်ချီးကို မသိနဲ့လေ။ ဒါ ငါ့ကို မျက်နှာချိုသွေးဖို့ လုပ်နေတာ မဟုတ်ဘူးလား။ မဆိုးဘူး။ နောက်ဆုံးတော့ အကျိုးရှိမယ့်ကိစ္စမျိုး သူ လုပ်ပေးလာပြီ။ လိုချင်တာကို ရဖို ဘာလုပ်ရမလဲ သိသွားပြီ။"

"ကော၊ အဲ့ဒါဆို ကော ဘယ်လိုလုပ်ဖို့ .."

"ဘာကို ဘာလိုလုပ်ဖို့ကြံရမှာလဲ။ ပိုက်ဆံတွေ လာပေးနေတာကို ငြင်းလွှတ်ရအောင် ငါက ရူးနေလို့လား။ ဒါပေမယ့် ဟွမ့် သူက ငါ့ကို ဒါလေးနဲ့ စိတ်ကျေနပ်အောင် လုပ်နိုင်မယ်ထင်နေတယ်ပေါ့။ ရိုးအလွန်းတယ်။"

ပိုင်ရှင်းယွီ သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။ "ဒါဆို ကျွန်တော် .."

"မင်းကတော့ မသိသလိုနေရင်ရပြီ။"

"ဖာ့ခ်၊ ကျွန်တော်က ဘယ်လိုလုပ် မသိချင်ယောင်ဆောင် နေရမှာလဲ။"

"အရင်စပြီး သွားမပြောနဲ့လေ။ သူ့ဘက်က ပြောလာရင်လည်း စကားလမ်းကြောင်းလွှဲပစ်။ အတိုချုဉ်းပြောရရင် သူ့ကို အမှတ်သွားမပေးနဲ့။ မင်းဘက်က သူ့အပေါ် တစ်ခုခုအကြွေးတင်သွားသလိုလည်း ခံစား မနေနဲ့။ ဒါ သူ လိုလိုလားလားလုပ်ပေးတာ။ ဘာအကြောင်းမှ မရှိပဲ မလိုချင်ဘူးလို့ မတွေးနဲ့။ မင်း သူ့အတွက် ကျည်ဆံကာပေးထားရုံနဲ့တင် ဒီအကျိုးတွေ ပြန်ခံစားဖို့ ထိုက်တန်တယ်။" ကျန်းဆွေ့ယင်းက ဖြစ်သင့်တဲ့ကိစ္စတစ်ခုလို မေးငေါ့၍ပြောလာသည်။

ပိုင်ရှင်းယွီမှာ သူ့အစ်ကို၏စိတ်ဓာတ်ကြံ့ခိုင်မှုကို မလေးစားပဲ မနေနိုင်တော့။ သူ အားကြိုးမာန်တက် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့ ကော။ ကော စိတ်ကြိုက်သာ ပိုက်ဆံရှာပစ်။"

"ခရီးသွားရင်လည်း သတိထားဦး၊ သိရဲ့လား။"

ပိုင်ရှင်းယွီ ပြုံး၍ပြောလိုက်သည်။ "စိတ်မပူပါနဲ့ဗျာ။"

ညနေရုံးဆင်းတာနှင့် ပိုင်ရှင်းယွီ ဖုန်းသုန့်ယွမ်နှင့် ညစာ သွားစားဖို့စီစဉ်ထားပေမယ့် ဖုန်းသုန့်ယွမ်က အချိန်ပိုဆင်းရမှာမို့ သူ့ဘာသာ ရုံးဆင်းခဲ့ရတော့သည်။

မြေအောက်ကားပါကင်သို့ရောက်တာနှင့် သူ့ကားဘေးတွင် အရပ်ရှည်ရှည်ယောက်ျားတစ်ယောက် ရပ်နေတာကို မြင်လိုက်ရသည်။ ထိုသူက အားကစားဝတ်စုံကို ဝတ်ထားပြီး ဦးထုပ်ကို ခေါင်းငိုက်စိုက် စောင်းထားလျက် သူ့ခြေတံရှည်များကို အချင်းချင်းယှက်ထပ်ထားရင်း ကားပေါ် လက်ပိုက်မှီထား၍ မလှုပ်မယှက်ရှိနေ၏။

ပိုင်ရှင်းယွီ အနားသို့လျှောက်သွားရင်း မျက်မှောင်ကြုတ်သွားသည်။ "မင်း ဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။"

ယွီဖုန်းချန် မော့ကြည့်လာသည်။ ဦးထုပ်အောက်မှ သူ့မျက်ဝန်းများကတော့ ကြယ်ပွင့်များအလား။ သူ သူ့နှုတ်ခမ်းကို တွန့်ကွေးသွားအောင် ပြုံးလိုက်သည်။ "နှစ်နာရီ၊ သုံးနာရီလောက်ပေါ့။"

"ငါ မင်းနဲ့ အရက်သောက်၊ ထမင်းစား မလိုက်ဘူး။ အိမ်တန်းပြန်မှာ။"

ယွီဖုန်းချန်က သူနှင့်ကားအကြား ဝင်ရပ်ပြီး သူ့ကို စူးစူးနင့်နင့် ငေးစိုက်ကြည့်လာသည်။ "ငါ သိတယ်။ ငါ ဒီတိုင်း မင်း အလုပ်ခရီးမသွားခင်လေး တွေ့ချင်မိလို့။ ဒီတစ်ခေါက် မင်းသွားရမယ့်ခရီးက တစ်ပတ်ကျော် ကြာမှာမလား။"

"မင်းမှာ အခြားဘာမှလုပ်စရာမရှိတော့ဘူးလား။"

"ငါ မနေ့ကတောင် မစ်ရှင်သွားလုပ်ရသေးတယ်။ ကြည့်ရတာ နောက်နှစ်အနည်းငယ်ကတော့ စစ်တက္ကသိုလ်မှာ စာလုပ်ရင်းပဲ အချိန်ကုန်ရမယ့်ပုံပဲ။" ယွီဖုန်းချန် သူ့အားကစားဝတ်အင်္ကျီ၏ဇစ်ကို ဆွဲချလိုက်သည်။ ထိုအပေါ်ထပ်အောက်တွင် ဘာမှ မရှိနေ။ ရင်ဘတ်ကြွက်သားတစ်ဝိုက်တွင် ပတ်စည်းထားသည့် အဖြူရောင်ပတ်တီးများကိုသာ ရေးရေးမျှမြင်နေရလေသည်။

ပိုင်ရှင်းယွီ မျက်စိကျိန်းဖွယ်ပတ်တီးကို လှမ်းကြည့်နေမိသည်။

"ဒဏ်ရာသေးသေးလေးပါ။ ဒါလေးနဲ့ ငါ့ကို ဆေးရုံမှာ အကဲခတ်စောင့်ကြည့်ခံပြီး နေခိုင်းနေလို့ ထွက်ပြေးလာတာ။"

ယွီဖုန်းချန်၏မျက်နှာ အနည်းငယ်မျှဖျော့တော့နေတာကို ပိုင်ရှင်းယွီ သတိထားမိသွားသည်။ တစ်ချိန်လုံး ဖုန်းခေါ်၊ စာပို့မပျက်ဖြစ်နေတဲ့သူက မနေ့ကမှ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားတာ အံ့ဖွယ်မဟုတ်တော့။ ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "လျှောက်သွားမနေနဲ့။ ဆေးရုံကို ပြန်တော့။"

ယွီဖုန်းချန်က ကားတံခါးကို မှီထားရင်း သူ့ကို ပြုံးကြည့်လို့နေသည်။ "မင်းကို ကြည့်နေရတာလောက် မြန်မြန်သက်သာစေတဲ့နည်းလမ်းမရှိဘူး။"

ပိုင်ရှင်းယွီ ထေ့ငေါ့သလိုပြုံးလိုက်သည်။ "မင်း ဒီလောက်နှစ်တွေအများကြီး လူဆိုးသွမ်းတစ်ယောက်ဖြစ်နေတာလည်း အကျိုးမယုတ်သွားဘူးပဲ။ ဒါပေမယ့် အဲ့လိုမဟုတ်တရုတ်ပြောတတ်တဲ့အကျင့် ငါ့မှာ မရှိတာတော့ နှမျောစရာပေါ့။"

"မင်း အခုမှ စသင်ချင်လည်း နောက်မကျသေးပါဘူး။"

ပိုင်ရှင်းယွီ သူ့ကို ဘေးသို့တွန်းထုတ်လိုက်သည်။ "ငါ အိမ်ပြန်တော့မယ်။"

ရုတ်တရက်ဆိုသလို ယွီဖုန်းချန်က အနောက်မှနေပြီး သူ့ခါးကို လှမ်းဆွဲဖက်လေသည်။ ပိုင်ရှင်းယွီ လက်မြှောက်ကာ တံတောင်ဖြင့်ထိုးနှက်ဖို့ လုပ်ချင်ခဲ့ပေမယ့် ယွီဖုန်းချန်မှ တိုးလျလျပြောလာသည်။ "မင်းရဲ့ဒီတစ်ချက်က ငါ့ကို ဆေးရုံမှာ တစ်ပတ်တိတိ လှဲသွားဖို့ လုံလောက်တယ်။"

ပိုင်ရှင်းယွီ၏လက်မောင်းက တောင့်တင်းလို့သွားသည်။ ဒါလေးအတွက်နဲ့ ယွီဖုန်းချန်ကို ဆေးရုံလိုက်ပို့နေရတယ်ဆိုတာ ကိစ္စကြီးတစ်ခုဖြစ်သွားစေမှာပင်။

ယွီဖုန်းချန်ရဲ့လက်မောင်းအားက ပိုတင်းကျပ်လာပြီး သူ့နှုတ်ခေါင်းချွန်ချွန်လေးက ပိုင်ရှင်းယွီ၏လည်ပင်းကို ဖိကပ်ထားလျက်ရှိနေသည်။ "အခြား ဘာမှမရှိဘူး။ ငါ ဒီတိုင်း မင်းကို ဖက်ထားချင်လို့။ မင်းရဲ့ခါးလေးက အခုထက်ထိ ပိန်သေးသေးလေးရှိနေတုန်း။ ကြည့်ရတာ မင်း လေ့ကျင့်ရမှာတွေကို လျစ်လျူရှုထားပုံပဲ။"

ပိုင်ရှင်းယွီ စိတ်မဝင်စားသလိုပြောလိုက်သည်။ "မင်း မလွတ်သေးဘူးလား။"

"၁၀ စက္ကန့်၊ ရတယ်မလား။" ယွီဖုန်းချန် သူ့မျက်လုံးများကို မှိတ်ထားရင်း ပိုင်ရှင်းယွီ၏လည်ပင်းထက်မှ ရင်းနှီးနေကြ သင်းရနံ့လေးကို ရှူရှိူက်လို့နေသည်မှာ သူ့အသက်ရှူမှုထဲတွင် ပုံဖော်ပြလို့မရသည့် လွမ်းဆွတ်ခြင်းများ ပါဝင်နေသည့်အလား။

ပိုင်ရှင်းယွီ တစ်ကိုယ်လုံး တောင့်တင်းနေပြီး မလှုပ်မယှက်ဖြစ်သွားရသည်။ ယွီဖုန်းချန်ရဲ့အားကောင်းမောင်းသန်လက်မောင်းများ၊ ရင်ခွင်ကျယ်တစ်ခုနှင့် ကိုယ်တွင်းအနွေးဓာတ်လေး။ အရာရာတိုင်းက ရင်းနှီးလို့နေပြီး ထိုရင်းနှီးနေကြကိစ္စရပ်များက အဆုံးမသတ်နိုင်သည့် မှတ်ဉာဏ်များစွာကို တူးဆွပေးလာသည်။ သူလည်း အရင်က သူတို့အတူရှိခဲ့ဖူးသည့် အမှတ်တရများကို ထိန်းချုပ်နိုင်ခြင်း မရှိ၊ သတိရလာတော့သည်။

ယွီဖုန်းချန်က သူ့နား,နားကပ်၍ တိုးတိုးရေရွတ်လို့နေသည်။ "တစ်ဆယ်၊ ကိုး၊ ရှစ်၊ .."

ပိုင်ရှင်းယွီ ခေါင်းငုံ့ရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။ ထိုခဏလေးအတွင်း အချိန်စီးကြောင်းက ရပ်တန့်သွားပြီး သူတို့နှစ်ယောက်အကြား သီးသန့်နေရာလေးတစ်ခုဖြစ်တည်လာကာ အပြင်ကမ္ဘာနှင့် အဆက်ပြတ်သွားသည့်အလား။ သူ့နားထဲတွင် ယွီဖုန်းချန်၏တိုးလျလျနံပါတ်ရွတ်နေသံကိုသာ ကြားနေရလေသည်။ ပြီးဆုံးသွားဖို့ နီးကပ်လာတာနှင့်အမျှ သူတို့မှာ အသက်ရှူဖို့ပင် အတော်လေး ခက်ခဲသွားစေတော့သည်။

ပိုင်ရှင်းယွီ၏နှုတ်ခမ်းက ခပ်ရေးရေးတုန်လှုပ်လို့နေပြီး သူ့ရင်ထဲတွင်လည်း အနည်းငယ်မျှ နာကျင်နေရသည်။

ယွီဖုန်းချန် သူ့မျက်လုံးများကို ပြန်ဖွင့်လို့လာသည်။ အနက်ရောင်မျက်ဆံလေးများက ရီဝေဝေနှင့် ရင်နင့်ဖွယ်လွမ်းဆွေးမှုများကို ဖော်ညွှန်းနေလျက်။ "သုံး၊ နှစ်၊ တစ်။"

ပိုင်ရှင်းယွီ ယွီဖုန်းချန်ကို အဝေးတွန်းထုတ်ပြီး ကားတံခါးကို ဆွဲဖွင့်လျက် ကားထဲဝင်သွားတော့သည်။

ယွီဖုန်းချန်၏လက်မောင်းအတွင်း လစ်ဟာမှုနှင့်အတူ ထိုခဏအတွင်း နွေးထွေးမှုဆိုတာက ရုတ်ချည်း လုယူခံလိုက်ရသည့်အလား။ သူ့လက်ကို မိန်းမောတွေဝေမှုများဖြင့် ငုံ့ကြည့်နေမိပြီး နောက်ဆုံးမှာတော့ ဖြည်းဖြည်းချင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိလေသည်။

ပိုင်ရှင်းယွီ ကားပါကင်မှ ထွက်လာပြီး ကားအတွင်းသို့ နေရောင်ခြည်များ ထိုးဖောက်ဝင်လာသည်နှင့် သူ့အပေါ် အုပ်မိုးနေသည့်တိမ်ဆိုင်များ ကွယ်ပျောက်သွားသည့်အလား။ သူ အသက်ပြင်းပြင်းရှူရင်း ကားထဲရှိ ရော့ခ်သီချင်းကို အသံဂိတ်ဆုံးထိ တင်ထားလိုက်တော့သည်။ နားအူဖွယ် ရော့ခ်ဂီတသံများ သူ့နားအတွင်းသို့ ဝင်လာတာနှင့် အခုနက နစ်မြှုပ်သွားတော့မတတ်ဖြစ်နေသည့် ခံစားရခြင်းများမှ ပြန်ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ ယွီဖုန်းချန်နှင့် တွေ့သည့်အချိန်တိုင်း အဆင်ပြေပြေ ပြန်ဖြစ်နိုင်ဖို့ အချိန်အတော်ယူရသည်။ သို့ပေမယ့် သူ ရှောင်လွှဲလို့လည်း မရနိုင်။ ယွီဖုန်းချန်၏ထိပ်တန်းအဆင့် အလျော့မပေး နောက်ယောင်ခံလိုက်ခြင်းများက စစ်ပွဲထဲမှာပင် အသုံးပြုတာ မဟုတ်၊ သူ့အပေါ်လည်း အသုံးပြုလို့ထားသည်။ သူလည်း သူ့ကိုယ်သူ သဲနွံထဲ ပိတ်မိနေသလို ခံစားနေရသည်။ မနစ်မြှုပ်သွားချင်ပေမယ့် လွတ်မြောက်ဖို့ကလည်း မဖြစ်နိုင်။ သူ ယွီဖုန်းချန်ကို ရှင်းပစ်လို့ရနိုင်မယ့်နည်းလမ်းမျိုး စဉ်းစားမိခြင်း မရှိ။ သူ သူ့ကိုယ်သူ ဒီလို နစ်မြှပ်သွားတာကို ထိုင်ကြည့်နေရမှာများလား။ သူ ကားစတီယာတိုင်ကို ခပ်ကြမ်းကြမ်း ပိတ်ထုရင်း မျက်ဝန်းအတွင်း ရုန်းကန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သူ၏စီးပွါးရေးဗီဇာ စာရွက်စာတမ်းများပြီးဆုံးသွားတာနှင့် ပိုင်ရှင်းယွီ မန်နေဂျာရွှီနှင့် ခရီးထွက်ခွါသွားလိုက်သည်။

မန်နေဂျာရွှီက အမြဲလိုလို ဖော်ဖော်ရွေရွေနှင့် ဗဟုသုတလည်း စုံလင်စွာ စကားများလွန်းသူဖြစ်၏။ သူတို့နှစ်ယောက်လုံးကလည်း စစ်တပ်မှ ထွက်လာကြသူများဖြစ်တာမို့ လမ်းတစ်လျှောက် ပြောစရာစကားများက အဆုံးမသတ်နိုင်အောင် ရှိနေပြီး မသိလိုက်ခင်မှာပဲ တစ်ယောက်ကိုတစ်ယောက် 'တာ့ကော၊ ရှောင်းတိ' ဟု ခေါ်နေကြပြီဖြစ်သည်။

ဒီတစ်ခေါက်ခရီးကို ကျုံးဝေမှ ခေါင်းဆောင် နှစ်ယောက်နှင့်အတူ လုံခြုံရေးဝန်ထမ်း ငါးယောက် ပါလာလေသည်။ သူတို့ငါးယောက်လုံးက စစ်မှုထမ်း နားခဲ့ကြသည့်စစ်သားဟောင်းများဖြစ်ပြီး သူတို့ထဲက တစ်ယောက်မှ ရိုးရိုးတပ်ရင်းမှ ထွက်လာသူများ မဟုတ်။ ကြည့်ရသလောက် မန်နေဂျာရွှီက အရည်အချင်းရှိသူ တော်တ်ောများများကို စုဆောင်းထားနိုင်ပုံပင်။ သို့သော် တစ်ဖက်တွင်လည်း ဒီတစ်ခေါက် ကျုံးဝေရဲ့လေ့လာရေးခရီးက ဘယ်လောက် အန္တရာယ်များသလဲဆိုတာကို ဖော်ပြလို့နေသည်။

လူတွေအမြင်မှာတော့ ကျုံးဝေက ဆက်သွယ်ရေး လျှပ်စစ်ပစ္စည်းများ ထုတ်ဝေသည့်ကုမ္ပဏီတစ်ခုသာဖြစ်သည်။ တကယ်တမ်း နောက်ကွယ်မှာတော့ အခြားနိုင်ငံများတွင် 'စပိုင်' အဖြစ်ထားရှိနိုင်သည့် သူတို့စစ်တပ်၏မျက်လုံးများပင်။ ဆက်သွယ်ရေး အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရတိုင်း နောက်ကွယ်တွင် အရေးပါလှသည့် မဟာဗျူဟာများ ပါဝင်လို့နေသည်။ ကျုံးဝေကုမ္ပဏီအကြောင်းက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်။ လူတော်တော်များများ သိထားသည်၊ အထူးသဖြင့် တစ်ခြားနိုင်ငံများရှိ လုံခြုံရေးကုမ္ပဏီများ။

ကျုံးဝေရဲ့ အဓိက အမြတ်များစေသည့်ထုတ်ကုန်များက အလားအလာကောင်းလှသည့်စျေးကွက်တစ်ခု ဖြစ်နေပေမယ့် နိုင်ငံကြီးများ၏စျေးကွက်ကိုတော့ ထိုးဖောက်ဝင်ဖို့ ခက်နေဆဲ။ စီးပွါး မဖွံ့ဖြိုးသေးသည့်နိုင်ငံများကသာ ကျုံးဝေကို အကျိုးအမြတ်အချို့အတွက် လာရောက်ဖို့ ခွင့်ပြုထားပေမယ့် ထိုနိုင်ငံများကလည်း နိုင်ငံရေးအရ တည်ငြိမ်ခြင်း မရှိတာ များလှသည်။ ကျုံးဝေ၏အလုပ်ရုံများတွင် လက်နက်ကိုင်၍ရော၊ လက်နက်ကိုင် မဟုတ်သူများရော မကြာခဏ လာရောက်ချိန်းခြောက်တာများ ရှိတတ်သည်။ ထို့ကြောင့်လည်း ကျုံးဝေတွင် နိုင်ငံတကာ လုံခြုံရေးဌာနဆိုတာမျိုး ရှိနေခဲ့တာပင်။

ပိုင်ရှင်းယွီသာ လုံခြုံရေးလုပ်ငန်းပိုင်း လုပ်ချင်ပါက ဒီလိုမတည်မငြိမ်ဖြစ်နေသည့်နိုင်ငံများတွင် အလုပ် လုပ်ရမှာ သေချာလှသည်။ ထို့ကြောင့်လည်း သူတို့ မထွက်ခွါခင် မန်နေဂျာရွှီ၏ ထပ်တလဲလဲ ပြောလာသည့် 'အန္တရာယ်ဖြစ်လာနိုင်ချေဆိုတာ အစိုးမရဘူး' ဟူသည့် စကားကို ဂရုမစိုက်ပဲ နေခဲ့သည်။ သေချာသလောက် အန္တရာယ်များမယ်မှန်း သူ သိထားပြီးသားပင်။ အန္တရာယ်ဆိုတာ မရှိပါပဲ လုံခြုံရေးကုမ္ပဏီတွေက ဘာနဲ့ သွားရှာစားရမှာတဲ့လဲ။

ဘော့စဝါးနားကို လေယာဉ်ဆင်းချိန် ညနက်လို့နေပြီးဖြစ်သည်။ တရုတ်မှာကတော့ မနက်စောစောဖြစ်နေတာမို့ သူ သူ့အိမ်နှင့် အစ်ကိုဖြစ်သူထံ ဖုန်းခေါ်ပြီး ထို့နောက်မှာတော့ စောစော အိပ်ရာဝင်ဖို့ လုပ်လိုက်တော့သည်။

လှဲပြီး နှစ်မိနစ်အကြာမှာပဲ သူ့ဖုန်းမှ အသံမြည်လာပြီး သူ လှမ်းယူကြည့်လိုက်ချိန် ယွီဖုန်းချန်မှ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူ တစ်ညလုံး နှောင့်ယှက် မခံချင်တာမို့ ဖုန်းပြန်ဖြေလိုက်မိသည်။

"ရှင်းယွီ၊ မင်း ရောက်ပြီလား။"

"အင်း၊ အခုပဲ။"

"မန်နေဂျာရွှီနဲ့ပဲ အမြဲအတူရှိနေနော်၊ လျှောက် မသွားနဲ့ဦး။ လုံခြုံရေးကို ဂရုစိုက်။"

"ငါ သိတယ်။"

"အိပ်တော့လေ၊ ဂွတ်နိုက်။"

ပိုင်ရှင်းယွီ တုန့်ဆိုင်းလို့သွားသည်။ "အင်း"

"ရှင်းယွီ" ယွီဖုန်းချန် ပြုံးလျက်ပြောလာသည်။ "ငါ ကျောင်းစတက်မယ့်နေ့ကျရင် မင်း လာကြည့်လို့ ရမလား။ ကြားရသလောက် ပျော်ဖို့လည်းကောင်းတယ်တဲ့။ ပြီးတော့ ငါ ကျောင်းသားသစ်တွေကိုယ်စား မိန့်ခွန်းတက်ပြောပေးရမှာ။"

မျှော်လင့်ချက်များဖြင့်ပြည့်နေသည့် သူ့အသံက ပိုင်ရှင်းယွီ၏ငြင်းဆိုမည့်စကားများကို လည်ချောင်းထိပ်တွင် တစ်ဆို့လို့သွားစေသည်။ သူ့မှာ ထုတ်ပြောလို့လည်း မရ၊ မြိုသိပ်လို့လည်း မရတာမို့ ခဏတာမျှ မွန်းကြပ်လို့သွားစေတော့သည်။

"ငါ သုန့်ယွမ်နဲ့ ရှောင်းကျင်းကိုလည်း ဖိတ်မှာ။ မင်းတို့တွေ ရဲဘော်တစ်ယောက်ရဲ့ဝင်ခွင့် အခမ်းအနားပွဲ လာတက်တယ်လို့ပဲ သဘောထားလိုက်လေ၊ ဟုတ်ပြီလား။"

ပိုင်ရှင်းယွီ ခက်ခက်ခဲခဲပြောလိုက်ရသည်။ "ဟုတ်ပြီ။ ငါတို့လာခဲ့မယ်။"

ယွီဖုန်းချန် ပြုံးနေရင်းဖြင့်ပြောလာသည်။ "ငါ အဲ့နေ့ကျရင် သေချာပေါက် ကြည့်ကောင်းနေမှာ။"

"ငါ .. ငါ ပင်ပန်းနေပြီ။ အိပ်တော့မယ်။"

"အိပ်တော့။" ယွီဖုန်းချန် ဖုန်းကို လှမ်းနမ်းရင်း ခပ်တိုးတိုးရယ်သွားသည်။ "မင်း ဒီညတော့ ငါ့အကြောင်း အိပ်မက် မက်ရတော့မယ်။"

ပိုင်ရှင်းယွီ ဖုန်းချပြီးတာနှင့် ဖုန်းမျက်နှာပြင်ကို လက်ခလည်ထောင်ပြလိုက်သည်။ "မင်းအဘကြီး အိပ်မက်ကိုပဲ မက်။"

နောက်တစ်နေ့မှာတော့ ပိုင်ရှင်းယွီက မန်နေဂျာရွှီနဲ့ ဘော့စဝါးနားမြို့ထဲ စတင်လေ့လာရေးကွင်းဆင်းတော့သည်။ အချိန်အများစုကတော့ သူတို့ ကုမ္ပဏီမှာပဲ အချိန်ကုန်ဖြစ်ပြီး ပိုင်ရှင်းယွီကလည်း အစည်းအဝေးတက်လိုက်၊ ကန်တင်းတွင် နေ့လည်စာ စားလိုက် လုပ်ဖြစ်နေသည်။ ဒါက ယွီမိသားစုကြောင့်လားတော့ သူ မသိ။ သူ တွေးထားမိသည်ထက်ကို ပိုလွန်းသည့် ပျူငှါမှုများဖြင့် ဆက်ဆံခံနေရလေသည်။

ကုမ္ပဏီမှ သူ့ကို မြို့အနှံ့ပတ်ကြည့်လို့ရအောင် ကားစီစဉ်ပေးလေသည်။ ကားထဲ ရောက်ချိန်မှာတော့ မန်နေဂျာရွှီမှာ ပြောလာသည်။ "ဒီနေ့နဲ့ မနက်ဖြန်ပဲ ငါတို့ မြို့ထဲမှာ ရှိမှာ။ ငါ့မှာ ကိုင်တွယ်စရာကိစ္စအချို့နဲ့ ထိန်းသိမ်းထားဖို့လိုတဲ့ အချိတ်အဆက်တွေလည်း ရှိသေးတယ်။ သန်ဘက်ခါကျလို့ရှိရင် ငါ အခြားမြို့တွေမှာ ဆောက်ထားတဲ့ ဆက်သွယ်ရေးအခြေစိုက် စခန်းတွေဆီ သွားပတ်ကြည့်မလို့။ မင်းလည်း ဒီမှာ ငါတို့လုံခြုံရေးတွေ ဘယ်လိုအလုပ်လုပ်လဲ မြင်ထားပြီပဲ။ တကယ်တော့ ဒီမှာက လွတ်လွတ်လပ်လပ် ပိုရှိတယ်။ စစ်သားဖြစ်ခဲ့ဖူးရင် လစာတောင် ပိုရသေးတယ်။ နည်းနည်းခက်ခဲပြီး အန္တရာယ်ရှိရုံလေးပဲ။"

"ဆက်သွယ်ရေးအခြေစိုက်စခန်းတွေက အမြဲတမ်း အစောင့်ရှိနေဖို့ လိုလား။"

"အဲ့လိုရယ်လည်း မဟုတ်ဘူး။ တော်တော်များများ ခြိမ်းခြောက်ခံရတဲ့အတွေ့အကြုံတွေက အခြေစိုက် စခန်း စဆောက်တဲ့အချိန်မျိုးမှာပဲ။ မကြာမကြာဆိုသလို အမျိုးမျိုး လာနှောင့်ယှက်ကြတာပေါ့။ အချို့က ဂန်းစတားတွေ၊ အချို့က ပိုက်ဆံလုယက်တဲ့သူတွေ၊ အချို့ကကျ လျှို့ဝှက်ကြံစည်တဲ့သူတွေ။ တစ်ခါတစ်ရံကျ ငါတို့ မြို့ခံတွေရဲ့ ခြိမ်းခြောက်တာတောင် ခံရတယ်။ ငါတို့နေရာအနှံ့မှာ ဆောက်ခဲ့ရတဲ့ ဆက်သွယ်ရေး စခန်းတွေဆိုတာ လက်နက်ကိုင်ပြီး စောင့်ခဲ့ရတာချည်းပဲ။ ဒါပေမယ့် များသောအားဖြင့်တော့ ဆောက်ပြီးတဲ့အချိန်ကျ အဆင်ပြေသွားတယ်။ ပထမဆုံး ဆက်သွယ်ရေးတိုင်တွေက ဖြိုရခက်တယ်လေ။ ဒုတိယအချက်က ငါတို့အကုန်လုံး အဲ့နေရာမှာ မရှိတော့ဘူး။ သူတို့လည်း အပြစ်ရှာစရာ နေရာမရှိတော့ဘူးဆိုတော့ တော်တော်များများက လူစုကွဲသွားကြတာပဲ။ အခြေခံစခန်းကို ဝင်တိုက်မယ်ဆိုတဲ့ ရုတ်ရုတ်သဲသဲ သတင်းတွေမကြားသ၍ကတော့ အစောင့်ထားဖြစ်တာ ရှားတယ်။ ငါကလည်း မင်းကို စွန့်စားရလွန်းမယ့်နေရာတွေ ခေါ်မသွားပါဘူး။ မင်းက ငါ့နောက်က လိုက်ခဲ့တာမို့ မင်းကို မထိမခိုက်ပဲ ပြန်ပို့ပေးရမှာ ငါ့တာဝန်လေ။"

ပိုင်ရှင်းယွီ ပြုံး၍ပြောလိုက်သည်။ "ရွှီကော၊ ကျွန်တော်က နှင်းကျားသစ်တပ်မဟာကဆိုတာလည်း မမေ့နဲ့လေဗျာ။ ကျွန်တော်သာ လုံခြုံရေးကုမ္ပဏီ ထောင်ချင်နေရင် ကျွန်တော် အန္တရာယ်တွေကြားထဲ နေနိုင်ရမှာပေါ့။ အဲ့တာမို့ အဆင်ပြေရင် ကျွန်တော့်ကို ပိုအသိများအာင် လုပ်ပေးပါဗျာ။"

မန်နေဂျာရွှီ ပြုံးသွားသည်။ "ဒါလည်း ဟုတ်တာပဲ။ ငါ တွေးကြည့်ဦးမယ်။"

"ဟုတ်ပြီဗျာ၊ ရွှီကော အဆင်ပြေသလိုလုပ်။"

မြို့ထဲတွင် နှစ်ရက်မျှနေပြီးနောက်မှာတော့ ပိုင်ရှင်းယွီ အာဖရိကနိုင်ငံရှိ မြို့များ၏ မြင်ကွင်းအရသာကို ရရှိလာတော့သည်။ သူ့စိတ်ထဲ စွဲထင်လို့သွားသည့် အကြီးမားဆုံးခံစားချက်ကတော့ 'ဆင်းရဲခြင်း' ဆိုတာပင်။ ကုမ္ပဏီရှိလူတွေက သူ ပျင်းရိနေမှာစိုးတာမို့ သူ့ကိုစိတ်ပျော်စေမည့်နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းပေးလို့နေသည်။ တကယ်တော့ သူဆိုသည်မှာ ခွန်းလွန်းတောင်လို ထီးတည်းဆန်လှသည့်နေရာမှာတောင် ရှင်သန်လာခဲ့ပြီးဖြစ်တာမို့ ဘယ်သူကမှ အထီးကျန်ဆန်မှုကို သူ့လောက် ခံနိုင်ရည်မရှိ။

နှစ်ရက်အကြာမှာတော့ မန်နေဂျာရွှီက သူနှင့်အတူ လူငါးယောက်ကိုခေါ်ပြီး မြို့တော်နှင့် ၂၀၀ ကီလိုမျှ ဝေးသည့်မြို့တစ်မြို့ကို ကားမောင်းသွားတော့သည်။ ကားထဲတွင်တော့ ပိုင်ရှင်းယွီ တကယ့်သေနတ်အစစ်များကို တွေ့လိုက်ရလေသည်။

"ဖာ့ခ်၊ အနီးပစ်တွေ၊ Ak47, mp7, ခင်ဗျားတို့ အကောင်းစားတွေ ရှိထားတာပဲ။" ပိုင်ရှင်းယွီ ဂျာမနီထုတ် Mp7 ကို လှမ်းယူရင်း သေနတ်ကိုယ်ထည်ကို ထိကိုင်ကြည့်နေရင်း လက်ထဲတွင် လေးလံနေသလို ခံစားချက်က ခံစားလို့ မဝနိုင်ဖြစ်နေစေသည်။ တစ်နှစ်ကျော် ကြာပြီးသည့်နောက် သူ သေနတ်ပြန်ကိုင်မိချိန် စစ်တပ်ထဲတွင် ရှိခဲ့စဉ်အချိန်များအကြောင်း ပြန်အမှတ်ရလာတော့သည်။ သူ ပထမဆုံး စနိုက်ပါတစ်လက်နှင့် ပစ်ကွင်း ၁၀ချက် ထိအောင်ပစ်ပြီး ၉၅ မှတ် ရခဲ့တဲ့အချိန်၊ သူ ပထမဆုံး သေနတ်ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်တဲ့အချိန်၊ ပထဆုံး ရန်သူ့ခေါင်းကို ကျည်ဆံမှန်အောင် ပစ်လိုက်နိုင်တဲ့အချိန်တွေ ... ဒီမှတ်ဉာဏ်တွေက သူ့အတွေးယာဉ်ထဲ စီးဝင်လို့လာပြီး ရင်ထဲတွင် ဂုဏ်ယူမိသလို ခံစားချက်လေး ထိုးထွက်လာတော့သည်။

သူက သေနတ်တွေကို အရမ်းလွမ်းနေမိပြီး သူ့ရဲ့ယုံကြည်မှု၊ အများတကာရဲ့ လက်ခံပေးမှုကို တည်ဆောက်ပေးခဲ့တဲ့ ဒီရတနာလေးတွေကို သတိရနေမိခဲ့ပုံပင်။ သူသာ သေနတ်ပစ်ခတ်မှုတွင် မထူးချွန်ခဲ့ပါက ဒီနေ့သူဆိုတာ ရှိလာမှာ မဟုတ်။ သူ့ရဲ့ပြောင်မြောက်နေသည့်သေနတ်ပစ်ချက်ရလဒ်များကသာ သူ့ကို နိမ့်ကျခြင်း၊ ကြောက်ရွံခြင်းများကြားထဲမှ ဆွဲထုတ်ပေးနိုင်ခဲ့တာဖြစ်သည်။ သူ နာမည်တစ်ခု ရတဲ့အထိ တိုက်ခိုက်ချင်သည်ဟု တွေးလိုက်မိသည်။ သူ လုံခြုံရေးကုမ္ပဏီထောင်ဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့ပြီ။ သူလည်း ပြည်ပမှာ သေနတ်ပြန်ကိုင်ချင်မိသည်!

မန်နေဂျာရွှီက သူ့ပခုံးကို ဖက်ထားရင်း ခပ်ကြမ်းကြမ်း ပုတ်ပေးပြီး ရယ်သွားသည်။ "ရှင်းယွီ၊ မင်း ဘယ်လို ခံစားနေရလဲ ငါ အသေအချာကြီး သိတယ်။ ငါလည်း တကယ်တော့ ကျုံးဝေကိုလာတာ မင်းနဲ့အကြံတူတူပဲ။ ငါ စစ်ပွဲတွေကို လွမ်းတယ်။ ငါ သေနတ်တွေကို လွမ်းတယ်။ ငါလည်း ငါ့ရဲဘော်တွေကို အခြားရွေးချယ်စရာလေးတွေ လုပ်ပေးချင်မိတယ်။ အဲ့တာကြောင့်လည်း ငါ မင်းကို သဘောကျတာ။ မင်းက ငယ်သေးတယ်။ ကြိုးကြိုးစားစားလုပ်။ မင်း ဒီနေရာမှာ မင်းပြန်လိုချင်နေတဲ့ကမ္ဘာသေးလေးတစ်ခုကို ရနိုင်လိမ့်မယ်။"

ပိုင်ရှင်းယွီ အားကြိုးမာန်တက်ခေါင်းငြိမ့်ပြရင်း သူ့မျက်လုံးများကတော့ ပြတ်သားခြင်းအပြည့်နှင့် တောက်ပနေတော့သည်။

KittyKitling

T/N : Good Night ><

_____///_____

[Zawgyi]

'ေဘာ့စဝါးနားသို႔သြားျခင္း'

မန္ေနဂ်ာရႊီ က်န္းေဆြ႕ယင္း၏႐ုံးခန္းထဲ တစ္နာရီေက်ာ္မၽွ ထိုင္သြားၿပီး သူတို႔ေလးေယာက္သား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာဆိုလ်က္ ပါတနာအျဖစ္ ပူးေပါင္းေရး အၾကမ္းပုံစံဆြဲျဖစ္သြားၾကသည္။ က်န္းေဆြ႕ယင္းက တစ္ေလၽွာက္လုံး ျပဳံးလ်က္ရွိေနေပမယ့္ ပိုင္ရွင္းယြီ သူႏွင့္အၾကည့္ခ်င္းဆုံခ်ိန္တိုင္း က်န္းေဆြ႕ယင္း၏မ်က္ဝန္းမ်ားက သူ႔ကို ေခၽြးေအးမ်ား က်လာေစသည္။

ေဆြးေႏြးၿပီးသည္ႏွင့္ မန္ေနဂ်ာရႊီမွ ႏွုတ္ဆက္စကား ေျပာလာၿပီး သူတို႔သုံးေယာက္လည္း သူ႔ကို ဓာတ္ေလွကားရွိရာအထိ လိုက္ပို႔ေပးလိုက္ၾကသည္။ ဓာတ္ေလွကားတံကားပိတ္သြားသည္ႏွင့္တၿပိဳင္နက္ က်န္းေဆြ႕ယင္းမ်က္ႏွာေပၚမွ ယဥ္ယဥ္ေက်းေက်း အျပဳံးေလးက အစအနရွာမရေအာင္ ေပ်ာက္ကြယ္သြားၿပီး ပိုင္ရွင္းယြီကို လွည့္ၾကည့္လာေတာ့သည္။

ပိုင္ရွင္းယြီ သူ႔မ်က္လုံးဝိုင္းဝိုင္းမ်ားျဖင့္ အျပစ္ကင္းစင္သူတစ္ေယာက္လို ၾကည့္ေနလိုက္သည္။ "ေကာ၊ ကၽြန္ေတာ္ ဘာမွ မသိဘူး။"

က်န္းေဆြ႕ယင္း ဩရွရွေျပာလာသည္။ "႐ုံးခန္းထဲေရာက္မွ ေျပာမယ္။"

ေျပာၿပီးတာႏွင့္ က်န္းေဆြ႕ယင္း သူတို႔ႏွစ္ေယာက္ကို ျဖတ္ေက်ာ္၍ ႐ုံးခန္းထဲ ေလၽွာက္ဝင္သြားေတာ့သည္။

ပိုင္ရွင္းယြီ လီယြီကို လွမ္းဆြဲထားၿပီး ခပ္တိုးတိုးေျပာလိုက္သည္။ "ငါ မေရာက္လာခင္တုန္းက မင္းတို႔ ဘာေတြ ေျပာေနၾကတာလဲ။"

"ကၽြန္ေတာ္ ခင္ဗ်ားအစ္ကိုရဲ့ ငယ္ငယ္တုန္းကဓာတ္ပုံ လိုခ်င္တယ္။" လီယြီ သူ႔ကို ငုံ႔ၾကည့္လာသည္။

ပိုင္ရွင္းယြီ ေၾကာင္အလို႔သြားသည္။ "ဟမ္?"

"ခင္ဗ်ားအစ္ကို ငယ္ငယ္တုန္းက ဓာတ္ပုံ၊ ခင္ဗ်ားအိမ္မွာ ရွိတယ္။"

ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္လ်က္ေျပာလိုက္သည္။ "မင္းမွာ မရွိဘူးလား။"

"ခင္ဗ်ားအိမ္မွာရွိေနတဲ့ပုံေတာ့ ကၽြန္ေတာ့္မွာ မရွိေသးဘူးေပါ့။"

ပိုင္ရွင္းယြီ၏မ်က္လုံးမ်ား ေမွးက်ဥ္းလို႔သြားသည္။ "ရတယ္။ ငါ မင္းအတြက္ ေကာ္ပီတစ္ပုံ ကူးေပးလာမယ္။ ေျပာေတာ့။ မင္းတို႔ ဘာအေၾကာင္းေတြ ေျပာျဖစ္ၾကလဲ။"

"မန္ေနဂ်ာရႊီက ခင္ဗ်ားနဲ႔ ေတြ႕ျဖစ္တဲ့အေၾကာင္းရယ္၊ ခင္ဗ်ား ကုမၸဏီေထာင္ဖို႔ကိစၥရယ္၊ ခင္ဗ်ား အာဖရိက သြားေလ့လာခ်င္တဲ့အေၾကာင္းေတြရယ္ ေျပာျပတယ္။"

"အဲ့ဒါပဲလား။"

"ၿပီးေတာ့ အမွုမဲ့အမွတ္မဲ့ ယြီဖုန္းခ်န္ကို ခ်ီးက်ဴးေပးသလို စကားေတြေျပာလာတယ္။"

ပိုင္ရွင္းယြီ တံေတြးၿမိဳခ်မိသြားသည္။ "ဒီကိစၥနဲ႔ ငါ့ကို စိတ္မတိုေလာက္ဘူးမလား။"

"ခင္ဗ်ားက ကၽြန္ေတာ့္ကို လာေမးေနတာလား။" လီယြီမ်က္ႏွာေပၚတြင္ 'ေသခ်ာရဲ့လား' ဟူသည့္ အမူအရာက အခန့္သားရွိေနလ်က္။

ပိုင္ရွင္းယြီ သက္ျပင္းခ်လ်က္ ဥကၠဌ႐ုံးခန္းထဲသာ ဝင္သြားလိုက္ရသည္။

႐ုံးခန္းထဲ ဝင္သြားလိုက္သည္ႏွင့္ က်န္းေဆြ႕ယင္းက သူ႔ကုလားထိုင္ေပၚတြင္ ေျခခ်ိတ္လ်က္သား ထိုင္ေနၿပီး ပိုင္ရွင္းယြီကို ေစြေစာင္း၍ၾကည့္လာသည္။

ပိုင္ရွင္းယြီ ျပဳံးလ်က္ေျပာလိုက္သည္။ "ေကာ၊ မန္ေနဂ်ာရႊီက မဆိုးဘူးမလား။ ေတာ္ေတာ္ေလး အားကိုးရပါတယ္။"

"အို႔၊ မဆိုးဘူး။ ပိုက္ဆံေပးဖို႔ အေျပးေရာက္လာသလိုပဲ။ သူ႔မ်က္ႏွာ ဘယ္လိုပုံစံလဲဆိုတာေတာင္ ငါ မမွတ္မိေတာ့ဘူး။ မ်က္ႏွာအစား ပိုက္ဆံေတြပဲ ငါ ျမင္ေနရတယ္။"

"ေကာ၊ ကၽြန္ေတာ္ က်ိန္ရဲတယ္၊ ကၽြန္ေတာ္ ဘာဆိုဘာမွ မသိဘူး။"

"မင္း မသိမွန္း ငါ သိတယ္။ ဒါေပမယ့္ မင္း ရည္းစားေဟာင္းေလး ဘာလုပ္ဖို႔ႀကံေနတာလဲဆိုတာေတာ့ မင္း သိထားသင့္ၿပီမလား။"

ပိုင္ရွင္းယြီ ေၾကာင္အသြားၿပီး 'ရည္းစားေဟာင္း' ဟူသည့္ စကားလုံးသုံးလုံးေၾကာင့္ စိတ္ထဲ နည္းနည္း ေနရခက္သြားေတာ့သည္။ ၾကားလိုက္႐ုံႏွင့္ကို သူ႔တစ္ကိုယ္လုံးေပၚတြင္ ၾကက္သီးမ်ား ထလာတာမို႔ သူ ေခါင္းခါျပရင္း ေျပာလိုက္သည္။ "ကၽြန္ေတာ္ မသိဘူး။"

"ေသာက္ခ်ီးကို မသိနဲ႔ေလ။ ဒါ ငါ့ကို မ်က္ႏွာခ်ိဳေသြးဖို႔ လုပ္ေနတာ မဟုတ္ဘူးလား။ မဆိုးဘူး။ ေနာက္ဆုံးေတာ့ အက်ိဳးရွိမယ့္ကိစၥမ်ိဳး သူ လုပ္ေပးလာၿပီ။ လိုခ်င္တာကို ရဖို ဘာလုပ္ရမလဲ သိသြားၿပီ။"

"ေကာ၊ အဲ့ဒါဆို ေကာ ဘယ္လိုလုပ္ဖို႔ .."

"ဘာကို ဘာလိုလုပ္ဖို႔ႀကံရမွာလဲ။ ပိုက္ဆံေတြ လာေပးေနတာကို ျငင္းလႊတ္ရေအာင္ ငါက ႐ူးေနလို႔လား။ ဒါေပမယ့္ ဟြမ့္ သူက ငါ့ကို ဒါေလးနဲ႔ စိတ္ေက်နပ္ေအာင္ လုပ္နိုင္မယ္ထင္ေနတယ္ေပါ့။ ရိုးအလြန္းတယ္။"

ပိုင္ရွင္းယြီ သူ႔ကိုယ္သူ လက္ညႇိုးထိုးျပလိုက္သည္။ "ဒါဆို ကၽြန္ေတာ္ .."

"မင္းကေတာ့ မသိသလိုေနရင္ရၿပီ။"

"ဖာ့ခ္၊ ကၽြန္ေတာ္က ဘယ္လိုလုပ္ မသိခ်င္ေယာင္ေဆာင္ ေနရမွာလဲ။"

"အရင္စၿပီး သြားမေျပာနဲ႔ေလ။ သူ႔ဘက္က ေျပာလာရင္လည္း စကားလမ္းေၾကာင္းလႊဲပစ္။ အတိုခ်ဳဥ္းေျပာရရင္ သူ႔ကို အမွတ္သြားမေပးနဲ႔။ မင္းဘက္က သူ႔အေပၚ တစ္ခုခုအေႂကြးတင္သြားသလိုလည္း ခံစား မေနနဲ႔။ ဒါ သူ လိုလိုလားလားလုပ္ေပးတာ။ ဘာအေၾကာင္းမွ မရွိပဲ မလိုခ်င္ဘူးလို႔ မေတြးနဲ႔။ မင္း သူ႔အတြက္ က်ည္ဆံကာေပးထား႐ုံနဲ႔တင္ ဒီအက်ိဳးေတြ ျပန္ခံစားဖို႔ ထိုက္တန္တယ္။" က်န္းေဆြ႕ယင္းက ျဖစ္သင့္တဲ့ကိစၥတစ္ခုလို ေမးေငါ့၍ေျပာလာသည္။

ပိုင္ရွင္းယြီမွာ သူ႔အစ္ကို၏စိတ္ဓာတ္ႀကံ့ခိုင္မွုကို မေလးစားပဲ မေနနိုင္ေတာ့။ သူ အားႀကိဳးမာန္တက္ ေခါင္းၿငိမ့္ျပလိုက္သည္။ "ဟုတ္ကဲ့ ေကာ။ ေကာ စိတ္ႀကိဳက္သာ ပိုက္ဆံရွာပစ္။"

"ခရီးသြားရင္လည္း သတိထားဦး၊ သိရဲ့လား။"

ပိုင္ရွင္းယြီ ျပဳံး၍ေျပာလိုက္သည္။ "စိတ္မပူပါနဲ႔ဗ်ာ။"

ညေန႐ုံးဆင္းတာႏွင့္ ပိုင္ရွင္းယြီ ဖုန္းသုန့္ယြမ္ႏွင့္ ညစာ သြားစားဖို႔စီစဥ္ထားေပမယ့္ ဖုန္းသုန့္ယြမ္က အခ်ိန္ပိုဆင္းရမွာမို႔ သူ႔ဘာသာ ႐ုံးဆင္းခဲ့ရေတာ့သည္။

ေျမေအာက္ကားပါကင္သို႔ေရာက္တာႏွင့္ သူ႔ကားေဘးတြင္ အရပ္ရွည္ရွည္ေယာက္်ားတစ္ေယာက္ ရပ္ေနတာကို ျမင္လိုက္ရသည္။ ထိုသူက အားကစားဝတ္စုံကို ဝတ္ထားၿပီး ဦးထုပ္ကို ေခါင္းငိုက္စိုက္ ေစာင္းထားလ်က္ သူ႔ေျခတံရွည္မ်ားကို အခ်င္းခ်င္းယွက္ထပ္ထားရင္း ကားေပၚ လက္ပိုက္မွီထား၍ မလွုပ္မယွက္ရွိေန၏။

ပိုင္ရွင္းယြီ အနားသို႔ေလၽွာက္သြားရင္း မ်က္ေမွာင္ၾကဳတ္သြားသည္။ "မင္း ဒီမွာေစာင့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။"

ယြီဖုန္းခ်န္ ေမာ့ၾကည့္လာသည္။ ဦးထုပ္ေအာက္မွ သူ႔မ်က္ဝန္းမ်ားကေတာ့ ၾကယ္ပြင့္မ်ားအလား။ သူ သူ႔ႏွုတ္ခမ္းကို တြန့္ေကြးသြားေအာင္ ျပဳံးလိုက္သည္။ "ႏွစ္နာရီ၊ သုံးနာရီေလာက္ေပါ့။"

"ငါ မင္းနဲ႔ အရက္ေသာက္၊ ထမင္းစား မလိုက္ဘူး။ အိမ္တန္းျပန္မွာ။"

ယြီဖုန္းခ်န္က သူႏွင့္ကားအၾကား ဝင္ရပ္ၿပီး သူ႔ကို စူးစူးနင့္နင့္ ေငးစိုက္ၾကည့္လာသည္။ "ငါ သိတယ္။ ငါ ဒီတိုင္း မင္း အလုပ္ခရီးမသြားခင္ေလး ေတြ႕ခ်င္မိလို႔။ ဒီတစ္ေခါက္ မင္းသြားရမယ့္ခရီးက တစ္ပတ္ေက်ာ္ ၾကာမွာမလား။"

"မင္းမွာ အျခားဘာမွလုပ္စရာမရွိေတာ့ဘူးလား။"

"ငါ မေန႔ကေတာင္ မစ္ရွင္သြားလုပ္ရေသးတယ္။ ၾကည့္ရတာ ေနာက္ႏွစ္အနည္းငယ္ကေတာ့ စစ္တကၠသိုလ္မွာ စာလုပ္ရင္းပဲ အခ်ိန္ကုန္ရမယ့္ပုံပဲ။" ယြီဖုန္းခ်န္ သူ႔အားကစားဝတ္အကၤ်ီ၏ဇစ္ကို ဆြဲခ်လိုက္သည္။ ထိုအေပၚထပ္ေအာက္တြင္ ဘာမွ မရွိေန။ ရင္ဘတ္ႂကြက္သားတစ္ဝိုက္တြင္ ပတ္စည္းထားသည့္ အျဖဴေရာင္ပတ္တီးမ်ားကိုသာ ေရးေရးမၽွျမင္ေနရေလသည္။

ပိုင္ရွင္းယြီ မ်က္စိက်ိန္းဖြယ္ပတ္တီးကို လွမ္းၾကည့္ေနမိသည္။

"ဒဏ္ရာေသးေသးေလးပါ။ ဒါေလးနဲ႔ ငါ့ကို ေဆး႐ုံမွာ အကဲခတ္ေစာင့္ၾကည့္ခံၿပီး ေနခိုင္းေနလို႔ ထြက္ေျပးလာတာ။"

ယြီဖုန္းခ်န္၏မ်က္ႏွာ အနည္းငယ္မၽွေဖ်ာ့ေတာ့ေနတာကို ပိုင္ရွင္းယြီ သတိထားမိသြားသည္။ တစ္ခ်ိန္လုံး ဖုန္းေခၚ၊ စာပို႔မပ်က္ျဖစ္ေနတဲ့သူက မေန႔ကမွ တိတ္တိတ္ဆိတ္ဆိတ္ျဖစ္သြားတာ အံ့ဖြယ္မဟုတ္ေတာ့။ ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေျပာလိုက္သည္။ "ေလၽွာက္သြားမေနနဲ႔။ ေဆး႐ုံကို ျပန္ေတာ့။"

ယြီဖုန္းခ်န္က ကားတံခါးကို မွီထားရင္း သူ႔ကို ျပဳံးၾကည့္လို႔ေနသည္။ "မင္းကို ၾကည့္ေနရတာေလာက္ ျမန္ျမန္သက္သာေစတဲ့နည္းလမ္းမရွိဘူး။"

ပိုင္ရွင္းယြီ ေထ့ေငါ့သလိုျပဳံးလိုက္သည္။ "မင္း ဒီေလာက္ႏွစ္ေတြအမ်ားႀကီး လူဆိုးသြမ္းတစ္ေယာက္ျဖစ္ေနတာလည္း အက်ိဳးမယုတ္သြားဘူးပဲ။ ဒါေပမယ့္ အဲ့လိုမဟုတ္တ႐ုတ္ေျပာတတ္တဲ့အက်င့္ ငါ့မွာ မရွိတာေတာ့ ႏွေမ်ာစရာေပါ့။"

"မင္း အခုမွ စသင္ခ်င္လည္း ေနာက္မက်ေသးပါဘူး။"

ပိုင္ရွင္းယြီ သူ႔ကို ေဘးသို႔တြန္းထုတ္လိုက္သည္။ "ငါ အိမ္ျပန္ေတာ့မယ္။"

႐ုတ္တရက္ဆိုသလို ယြီဖုန္းခ်န္က အေနာက္မွေနၿပီး သူ႔ခါးကို လွမ္းဆြဲဖက္ေလသည္။ ပိုင္ရွင္းယြီ လက္ေျမႇာက္ကာ တံေတာင္ျဖင့္ထိုးႏွက္ဖို႔ လုပ္ခ်င္ခဲ့ေပမယ့္ ယြီဖုန္းခ်န္မွ တိုးလ်လ်ေျပာလာသည္။ "မင္းရဲ့ဒီတစ္ခ်က္က ငါ့ကို ေဆး႐ုံမွာ တစ္ပတ္တိတိ လွဲသြားဖို႔ လုံေလာက္တယ္။"

ပိုင္ရွင္းယြီ၏လက္ေမာင္းက ေတာင့္တင္းလို႔သြားသည္။ ဒါေလးအတြက္နဲ႔ ယြီဖုန္းခ်န္ကို ေဆး႐ုံလိုက္ပို႔ေနရတယ္ဆိုတာ ကိစၥႀကီးတစ္ခုျဖစ္သြားေစမွာပင္။

ယြီဖုန္းခ်န္ရဲ့လက္ေမာင္းအားက ပိုတင္းက်ပ္လာၿပီး သူ႔ႏွုတ္ေခါင္းခၽြန္ခၽြန္ေလးက ပိုင္ရွင္းယြီ၏လည္ပင္းကို ဖိကပ္ထားလ်က္ရွိေနသည္။ "အျခား ဘာမွမရွိဘူး။ ငါ ဒီတိုင္း မင္းကို ဖက္ထားခ်င္လို႔။ မင္းရဲ့ခါးေလးက အခုထက္ထိ ပိန္ေသးေသးေလးရွိေနတုန္း။ ၾကည့္ရတာ မင္း ေလ့က်င့္ရမွာေတြကို လ်စ္လ်ဴရွုထားပုံပဲ။"

ပိုင္ရွင္းယြီ စိတ္မဝင္စားသလိုေျပာလိုက္သည္။ "မင္း မလြတ္ေသးဘူးလား။"

"၁၀ စကၠန့္၊ ရတယ္မလား။" ယြီဖုန္းခ်န္ သူ႔မ်က္လုံးမ်ားကို မွိတ္ထားရင္း ပိုင္ရွင္းယြီ၏လည္ပင္းထက္မွ ရင္းႏွီးေနၾက သင္းရနံ႔ေလးကို ရွူရွိူက္လို႔ေနသည္မွာ သူ႔အသက္ရွူမွုထဲတြင္ ပုံေဖာ္ျပလို႔မရသည့္ လြမ္းဆြတ္ျခင္းမ်ား ပါဝင္ေနသည့္အလား။

ပိုင္ရွင္းယြီ တစ္ကိုယ္လုံး ေတာင့္တင္းေနၿပီး မလွုပ္မယွက္ျဖစ္သြားရသည္။ ယြီဖုန္းခ်န္ရဲ့အားေကာင္းေမာင္းသန္လက္ေမာင္းမ်ား၊ ရင္ခြင္က်ယ္တစ္ခုႏွင့္ ကိုယ္တြင္းအေႏြးဓာတ္ေလး။ အရာရာတိုင္းက ရင္းႏွီးလို႔ေနၿပီး ထိုရင္းႏွီးေနၾကကိစၥရပ္မ်ားက အဆုံးမသတ္နိုင္သည့္ မွတ္ဉာဏ္မ်ားစြာကို တူးဆြေပးလာသည္။ သူလည္း အရင္က သူတို႔အတူရွိခဲ့ဖူးသည့္ အမွတ္တရမ်ားကို ထိန္းခ်ဳပ္နိုင္ျခင္း မရွိ၊ သတိရလာေတာ့သည္။

ယြီဖုန္းခ်န္က သူ႔နား,နားကပ္၍ တိုးတိုးေရရြတ္လို႔ေနသည္။ "တစ္ဆယ္၊ ကိုး၊ ရွစ္၊ .."

ပိုင္ရွင္းယြီ ေခါင္းငုံ႔ရင္း လက္သီးက်စ္က်စ္ဆုပ္ထားမိသည္။ ထိုခဏေလးအတြင္း အခ်ိန္စီးေၾကာင္းက ရပ္တန့္သြားၿပီး သူတို႔ႏွစ္ေယာက္အၾကား သီးသန့္ေနရာေလးတစ္ခုျဖစ္တည္လာကာ အျပင္ကမၻာႏွင့္ အဆက္ျပတ္သြားသည့္အလား။ သူ႔နားထဲတြင္ ယြီဖုန္းခ်န္၏တိုးလ်လ်နံပါတ္ရြတ္ေနသံကိုသာ ၾကားေနရေလသည္။ ၿပီးဆုံးသြားဖို႔ နီးကပ္လာတာႏွင့္အမၽွ သူတို႔မွာ အသက္ရွူဖို႔ပင္ အေတာ္ေလး ခက္ခဲသြားေစေတာ့သည္။

ပိုင္ရွင္းယြီ၏ႏွုတ္ခမ္းက ခပ္ေရးေရးတုန္လွုပ္လို႔ေနၿပီး သူ႔ရင္ထဲတြင္လည္း အနည္းငယ္မၽွ နာက်င္ေနရသည္။

ယြီဖုန္းခ်န္ သူ႔မ်က္လုံးမ်ားကို ျပန္ဖြင့္လို႔လာသည္။ အနက္ေရာင္မ်က္ဆံေလးမ်ားက ရီေဝေဝႏွင့္ ရင္နင့္ဖြယ္လြမ္းေဆြးမွုမ်ားကို ေဖာ္ညႊန္းေနလ်က္။ "သုံး၊ ႏွစ္၊ တစ္။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ကို အေဝးတြန္းထုတ္ၿပီး ကားတံခါးကို ဆြဲဖြင့္လ်က္ ကားထဲဝင္သြားေတာ့သည္။

ယြီဖုန္းခ်န္၏လက္ေမာင္းအတြင္း လစ္ဟာမွုႏွင့္အတူ ထိုခဏအတြင္း ေႏြးေထြးမွုဆိုတာက ႐ုတ္ခ်ည္း လုယူခံလိုက္ရသည့္အလား။ သူ႔လက္ကို မိန္းေမာေတြေဝမွုမ်ားျဖင့္ ငုံ႔ၾကည့္ေနမိၿပီး ေနာက္ဆုံးမွာေတာ့ ျဖည္းျဖည္းခ်င္း လက္သီးက်စ္က်စ္ဆုပ္ထားမိေလသည္။

ပိုင္ရွင္းယြီ ကားပါကင္မွ ထြက္လာၿပီး ကားအတြင္းသို႔ ေနေရာင္ျခည္မ်ား ထိုးေဖာက္ဝင္လာသည္ႏွင့္ သူ႔အေပၚ အုပ္မိုးေနသည့္တိမ္ဆိုင္မ်ား ကြယ္ေပ်ာက္သြားသည့္အလား။ သူ အသက္ျပင္းျပင္းရွူရင္း ကားထဲရွိ ေရာ့ခ္သီခ်င္းကို အသံဂိတ္ဆုံးထိ တင္ထားလိုက္ေတာ့သည္။ နားအူဖြယ္ ေရာ့ခ္ဂီတသံမ်ား သူ႔နားအတြင္းသို႔ ဝင္လာတာႏွင့္ အခုနက နစ္ျမႇုပ္သြားေတာ့မတတ္ျဖစ္ေနသည့္ ခံစားရျခင္းမ်ားမွ ျပန္ဆြဲထုတ္ခံလိုက္ရသလို ခံစားလိုက္ရသည္။

သူ ယြီဖုန္းခ်န္ႏွင့္ ေတြ႕သည့္အခ်ိန္တိုင္း အဆင္ေျပေၿပ ျပန္ျဖစ္နိုင္ဖို႔ အခ်ိန္အေတာ္ယူရသည္။ သို႔ေပမယ့္ သူ ေရွာင္လႊဲလို႔လည္း မရနိုင္။ ယြီဖုန္းခ်န္၏ထိပ္တန္းအဆင့္ အေလ်ာ့မေပး ေနာက္ေယာင္ခံလိုက္ျခင္းမ်ားက စစ္ပြဲထဲမွာပင္ အသုံးျပဳတာ မဟုတ္၊ သူ႔အေပၚလည္း အသုံးျပဳလို႔ထားသည္။ သူလည္း သူ႔ကိုယ္သူ သဲႏြံထဲ ပိတ္မိေနသလို ခံစားေနရသည္။ မနစ္ျမႇုပ္သြားခ်င္ေပမယ့္ လြတ္ေျမာက္ဖို႔ကလည္း မျဖစ္နိုင္။ သူ ယြီဖုန္းခ်န္ကို ရွင္းပစ္လို႔ရနိုင္မယ့္နည္းလမ္းမ်ိဳး စဥ္းစားမိျခင္း မရွိ။ သူ သူ႔ကိုယ္သူ ဒီလို နစ္ျမႇပ္သြားတာကို ထိုင္ၾကည့္ေနရမွာမ်ားလား။ သူ ကားစတီယာတိုင္ကို ခပ္ၾကမ္းၾကမ္း ပိတ္ထုရင္း မ်က္ဝန္းအတြင္း ႐ုန္းကန္မွုမ်ားျဖင့္ ျပည့္ႏွက္ေနေတာ့သည္။

သူ၏စီးပြါးေရးဗီဇာ စာရြက္စာတမ္းမ်ားၿပီးဆုံးသြားတာႏွင့္ ပိုင္ရွင္းယြီ မန္ေနဂ်ာရႊီႏွင့္ ခရီးထြက္ခြါသြားလိုက္သည္။

မန္ေနဂ်ာရႊီက အျမဲလိုလို ေဖာ္ေဖာ္ေရြေရြႏွင့္ ဗဟုသုတလည္း စုံလင္စြာ စကားမ်ားလြန္းသူျဖစ္၏။ သူတို႔ႏွစ္ေယာက္လုံးကလည္း စစ္တပ္မွ ထြက္လာၾကသူမ်ားျဖစ္တာမို႔ လမ္းတစ္ေလၽွာက္ ေျပာစရာစကားမ်ားက အဆုံးမသတ္နိုင္ေအာင္ ရွိေနၿပီး မသိလိုက္ခင္မွာပဲ တစ္ေယာက္ကိုတစ္ေယာက္ 'တာ့ေကာ၊ ေရွာင္းတိ' ဟု ေခၚေနၾကၿပီျဖစ္သည္။

ဒီတစ္ေခါက္ခရီးကို က်ဳံးေဝမွ ေခါင္းေဆာင္ ႏွစ္ေယာက္ႏွင့္အတူ လုံျခဳံေရးဝန္ထမ္း ငါးေယာက္ ပါလာေလသည္။ သူတို႔ငါးေယာက္လုံးက စစ္မွုထမ္း နားခဲ့ၾကသည့္စစ္သားေဟာင္းမ်ားျဖစ္ၿပီး သူတို႔ထဲက တစ္ေယာက္မွ ရိုးရိုးတပ္ရင္းမွ ထြက္လာသူမ်ား မဟုတ္။ ၾကည့္ရသေလာက္ မန္ေနဂ်ာရႊီက အရည္အခ်င္းရွိသူ ေတာ္တ္ောမ်ားမ်ားကို စုေဆာင္းထားနိုင္ပုံပင္။ သို႔ေသာ္ တစ္ဖက္တြင္လည္း ဒီတစ္ေခါက္ က်ဳံးေဝရဲ့ေလ့လာေရးခရီးက ဘယ္ေလာက္ အႏၲရာယ္မ်ားသလဲဆိုတာကို ေဖာ္ျပလို႔ေနသည္။

လူေတြအျမင္မွာေတာ့ က်ဳံးေဝက ဆက္သြယ္ေရး လၽွပ္စစ္ပစၥည္းမ်ား ထုတ္ေဝသည့္ကုမၸဏီတစ္ခုသာျဖစ္သည္။ တကယ္တမ္း ေနာက္ကြယ္မွာေတာ့ အျခားနိုင္ငံမ်ားတြင္ 'စပိုင္' အျဖစ္ထားရွိနိုင္သည့္ သူတို႔စစ္တပ္၏မ်က္လုံးမ်ားပင္။ ဆက္သြယ္ေရး အေျခစိုက္စခန္းတစ္ခု တည္ေဆာက္ရတိုင္း ေနာက္ကြယ္တြင္ အေရးပါလွသည့္ မဟာဗ်ဴဟာမ်ား ပါဝင္လို႔ေနသည္။ က်ဳံးေဝကုမၸဏီအေၾကာင္းက လၽွို႔ဝွက္ခ်က္တစ္ခုေတာ့ မဟုတ္။ လူေတာ္ေတာ္မ်ားမ်ား သိထားသည္၊ အထူးသျဖင့္ တစ္ျခားနိုင္ငံမ်ားရွိ လုံျခဳံေရးကုမၸဏီမ်ား။

က်ဳံးေဝရဲ့ အဓိက အျမတ္မ်ားေစသည့္ထုတ္ကုန္မ်ားက အလားအလာေကာင္းလွသည့္ေစ်းကြက္တစ္ခု ျဖစ္ေနေပမယ့္ နိုင္ငံႀကီးမ်ား၏ေစ်းကြက္ကိုေတာ့ ထိုးေဖာက္ဝင္ဖို႔ ခက္ေနဆဲ။ စီးပြါး မဖြံ႕ၿဖိဳးေသးသည့္နိုင္ငံမ်ားကသာ က်ဳံးေဝကို အက်ိဳးအျမတ္အခ်ိဳ႕အတြက္ လာေရာက္ဖို႔ ခြင့္ျပဳထားေပမယ့္ ထိုနိုင္ငံမ်ားကလည္း နိုင္ငံေရးအရ တည္ၿငိမ္ျခင္း မရွိတာ မ်ားလွသည္။ က်ဳံးေဝ၏အလုပ္႐ုံမ်ားတြင္ လက္နက္ကိုင္၍ေရာ၊ လက္နက္ကိုင္ မဟုတ္သူမ်ားေရာ မၾကာခဏ လာေရာက္ခ်ိန္းေျခာက္တာမ်ား ရွိတတ္သည္။ ထို႔ေၾကာင့္လည္း က်ဳံးေဝတြင္ နိုင္ငံတကာ လုံျခဳံေရးဌာနဆိုတာမ်ိဳး ရွိေနခဲ့တာပင္။

ပိုင္ရွင္းယြီသာ လုံျခဳံေရးလုပ္ငန္းပိုင္း လုပ္ခ်င္ပါက ဒီလိုမတည္မၿငိမ္ျဖစ္ေနသည့္နိုင္ငံမ်ားတြင္ အလုပ္ လုပ္ရမွာ ေသခ်ာလွသည္။ ထို႔ေၾကာင့္လည္း သူတို႔ မထြက္ခြါခင္ မန္ေနဂ်ာရႊီ၏ ထပ္တလဲလဲ ေျပာလာသည့္ 'အႏၲရာယ္ျဖစ္လာနိုင္ေခ်ဆိုတာ အစိုးမရဘူး' ဟူသည့္ စကားကို ဂ႐ုမစိုက္ပဲ ေနခဲ့သည္။ ေသခ်ာသေလာက္ အႏၲရာယ္မ်ားမယ္မွန္း သူ သိထားၿပီးသားပင္။ အႏၲရာယ္ဆိုတာ မရွိပါပဲ လုံျခဳံေရးကုမၸဏီေတြက ဘာနဲ႔ သြားရွာစားရမွာတဲ့လဲ။

ေဘာ့စဝါးနားကို ေလယာဥ္ဆင္းခ်ိန္ ညနက္လို႔ေနၿပီးျဖစ္သည္။ တ႐ုတ္မွာကေတာ့ မနက္ေစာေစာျဖစ္ေနတာမို႔ သူ သူ႔အိမ္ႏွင့္ အစ္ကိုျဖစ္သူထံ ဖုန္းေခၚၿပီး ထို႔ေနာက္မွာေတာ့ ေစာေစာ အိပ္ရာဝင္ဖို႔ လုပ္လိုက္ေတာ့သည္။

လွဲၿပီး ႏွစ္မိနစ္အၾကာမွာပဲ သူ႔ဖုန္းမွ အသံျမည္လာၿပီး သူ လွမ္းယူၾကည့္လိုက္ခ်ိန္ ယြီဖုန္းခ်န္မွ ျဖစ္ေၾကာင္း ေတြ႕လိုက္ရေလသည္။ သူ တစ္ညလုံး ေႏွာင့္ယွက္ မခံခ်င္တာမို႔ ဖုန္းျပန္ေျဖလိုက္မိသည္။

"ရွင္းယြီ၊ မင္း ေရာက္ၿပီလား။"

"အင္း၊ အခုပဲ။"

"မန္ေနဂ်ာရႊီနဲ႔ပဲ အျမဲအတူရွိေနေနာ္၊ ေလၽွာက္ မသြားနဲ႔ဦး။ လုံျခဳံေရးကို ဂ႐ုစိုက္။"

"ငါ သိတယ္။"

"အိပ္ေတာ့ေလ၊ ဂြတ္နိုက္။"

ပိုင္ရွင္းယြီ တုန့္ဆိုင္းလို႔သြားသည္။ "အင္း"

"ရွင္းယြီ" ယြီဖုန္းခ်န္ ျပဳံးလ်က္ေျပာလာသည္။ "ငါ ေက်ာင္းစတက္မယ့္ေန႔က်ရင္ မင္း လာၾကည့္လို႔ ရမလား။ ၾကားရသေလာက္ ေပ်ာ္ဖို႔လည္းေကာင္းတယ္တဲ့။ ၿပီးေတာ့ ငါ ေက်ာင္းသားသစ္ေတြကိုယ္စား မိန့္ခြန္းတက္ေျပာေပးရမွာ။"

ေမၽွာ္လင့္ခ်က္မ်ားျဖင့္ျပည့္ေနသည့္ သူ႔အသံက ပိုင္ရွင္းယြီ၏ျငင္းဆိုမည့္စကားမ်ားကို လည္ေခ်ာင္းထိပ္တြင္ တစ္ဆို႔လို႔သြားေစသည္။ သူ႔မွာ ထုတ္ေျပာလို႔လည္း မရ၊ ၿမိဳသိပ္လို႔လည္း မရတာမို႔ ခဏတာမၽွ မြန္းၾကပ္လို႔သြားေစေတာ့သည္။

"ငါ သုန့္ယြမ္နဲ႔ ေရွာင္းက်င္းကိုလည္း ဖိတ္မွာ။ မင္းတို႔ေတြ ရဲေဘာ္တစ္ေယာက္ရဲ့ဝင္ခြင့္ အခမ္းအနားပြဲ လာတက္တယ္လို႔ပဲ သေဘာထားလိုက္ေလ၊ ဟုတ္ၿပီလား။"

ပိုင္ရွင္းယြီ ခက္ခက္ခဲခဲေျပာလိုက္ရသည္။ "ဟုတ္ၿပီ။ ငါတို႔လာခဲ့မယ္။"

ယြီဖုန္းခ်န္ ျပဳံးေနရင္းျဖင့္ေျပာလာသည္။ "ငါ အဲ့ေန႔က်ရင္ ေသခ်ာေပါက္ ၾကည့္ေကာင္းေနမွာ။"

"ငါ .. ငါ ပင္ပန္းေနၿပီ။ အိပ္ေတာ့မယ္။"

"အိပ္ေတာ့။" ယြီဖုန္းခ်န္ ဖုန္းကို လွမ္းနမ္းရင္း ခပ္တိုးတိုးရယ္သြားသည္။ "မင္း ဒီညေတာ့ ငါ့အေၾကာင္း အိပ္မက္ မက္ရေတာ့မယ္။"

ပိုင္ရွင္းယြီ ဖုန္းခ်ၿပီးတာႏွင့္ ဖုန္းမ်က္ႏွာျပင္ကို လက္ခလည္ေထာင္ျပလိုက္သည္။ "မင္းအဘႀကီး အိပ္မက္ကိုပဲ မက္။"

ေနာက္တစ္ေန႔မွာေတာ့ ပိုင္ရွင္းယြီက မန္ေနဂ်ာရႊီနဲ႔ ေဘာ့စဝါးနားၿမိဳ႕ထဲ စတင္ေလ့လာေရးကြင္းဆင္းေတာ့သည္။ အခ်ိန္အမ်ားစုကေတာ့ သူတို႔ ကုမၸဏီမွာပဲ အခ်ိန္ကုန္ျဖစ္ၿပီး ပိုင္ရွင္းယြီကလည္း အစည္းအေဝးတက္လိုက္၊ ကန္တင္းတြင္ ေန႔လည္စာ စားလိုက္ လုပ္ျဖစ္ေနသည္။ ဒါက ယြီမိသားစုေၾကာင့္လားေတာ့ သူ မသိ။ သူ ေတြးထားမိသည္ထက္ကို ပိုလြန္းသည့္ ပ်ဴငွါမွုမ်ားျဖင့္ ဆက္ဆံခံေနရေလသည္။

ကုမၸဏီမွ သူ႔ကို ၿမိဳ႕အႏွံ့ပတ္ၾကည့္လို႔ရေအာင္ ကားစီစဥ္ေပးေလသည္။ ကားထဲ ေရာက္ခ်ိန္မွာေတာ့ မန္ေနဂ်ာရႊီမွာ ေျပာလာသည္။ "ဒီေန႔နဲ႔ မနက္ျဖန္ပဲ ငါတို႔ ၿမိဳ႕ထဲမွာ ရွိမွာ။ ငါ့မွာ ကိုင္တြယ္စရာကိစၥအခ်ိဳ႕နဲ႔ ထိန္းသိမ္းထားဖို႔လိုတဲ့ အခ်ိတ္အဆက္ေတြလည္း ရွိေသးတယ္။ သန္ဘက္ခါက်လို႔ရွိရင္ ငါ အျခားၿမိဳ႕ေတြမွာ ေဆာက္ထားတဲ့ ဆက္သြယ္ေရးအေျခစိုက္ စခန္းေတြဆီ သြားပတ္ၾကည့္မလို႔။ မင္းလည္း ဒီမွာ ငါတို႔လုံျခဳံေရးေတြ ဘယ္လိုအလုပ္လုပ္လဲ ျမင္ထားၿပီပဲ။ တကယ္ေတာ့ ဒီမွာက လြတ္လြတ္လပ္လပ္ ပိုရွိတယ္။ စစ္သားျဖစ္ခဲ့ဖူးရင္ လစာေတာင္ ပိုရေသးတယ္။ နည္းနည္းခက္ခဲၿပီး အႏၲရာယ္ရွိ႐ုံေလးပဲ။"

"ဆက္သြယ္ေရးအေျခစိုက္စခန္းေတြက အျမဲတမ္း အေစာင့္ရွိေနဖို႔ လိုလား။"

"အဲ့လိုရယ္လည္း မဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ား ၿခိမ္းေျခာက္ခံရတဲ့အေတြ႕အၾကဳံေတြက အေျခစိုက္ စခန္း စေဆာက္တဲ့အခ်ိန္မ်ိဳးမွာပဲ။ မၾကာမၾကာဆိုသလို အမ်ိဳးမ်ိဳး လာေႏွာင့္ယွက္ၾကတာေပါ့။ အခ်ိဳ႕က ဂန္းစတားေတြ၊ အခ်ိဳ႕က ပိုက္ဆံလုယက္တဲ့သူေတြ၊ အခ်ိဳ႕ကက် လၽွို႔ဝွက္ႀကံစည္တဲ့သူေတြ။ တစ္ခါတစ္ရံက် ငါတို႔ ၿမိဳ႕ခံေတြရဲ့ ၿခိမ္းေျခာက္တာေတာင္ ခံရတယ္။ ငါတို႔ေနရာအႏွံ့မွာ ေဆာက္ခဲ့ရတဲ့ ဆက္သြယ္ေရး စခန္းေတြဆိုတာ လက္နက္ကိုင္ၿပီး ေစာင့္ခဲ့ရတာခ်ည္းပဲ။ ဒါေပမယ့္ မ်ားေသာအားျဖင့္ေတာ့ ေဆာက္ၿပီးတဲ့အခ်ိန္က် အဆင္ေျပသြားတယ္။ ပထမဆုံး ဆက္သြယ္ေရးတိုင္ေတြက ၿဖိဳရခက္တယ္ေလ။ ဒုတိယအခ်က္က ငါတို႔အကုန္လုံး အဲ့ေနရာမွာ မရွိေတာ့ဘူး။ သူတို႔လည္း အျပစ္ရွာစရာ ေနရာမရွိေတာ့ဘူးဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက လူစုကြဲသြားၾကတာပဲ။ အေျခခံစခန္းကို ဝင္တိုက္မယ္ဆိုတဲ့ ႐ုတ္႐ုတ္သဲသဲ သတင္းေတြမၾကားသ၍ကေတာ့ အေစာင့္ထားျဖစ္တာ ရွားတယ္။ ငါကလည္း မင္းကို စြန့္စားရလြန္းမယ့္ေနရာေတြ ေခၚမသြားပါဘူး။ မင္းက ငါ့ေနာက္က လိုက္ခဲ့တာမို႔ မင္းကို မထိမခိုက္ပဲ ျပန္ပို႔ေပးရမွာ ငါ့တာဝန္ေလ။"

ပိုင္ရွင္းယြီ ျပဳံး၍ေျပာလိုက္သည္။ "ရႊီေကာ၊ ကၽြန္ေတာ္က ႏွင္းက်ားသစ္တပ္မဟာကဆိုတာလည္း မေမ့နဲ႔ေလဗ်ာ။ ကၽြန္ေတာ္သာ လုံျခဳံေရးကုမၸဏီ ေထာင္ခ်င္ေနရင္ ကၽြန္ေတာ္ အႏၲရာယ္ေတြၾကားထဲ ေနနိုင္ရမွာေပါ့။ အဲ့တာမို႔ အဆင္ေျပရင္ ကၽြန္ေတာ့္ကို ပိုအသိမ်ားအာင္ လုပ္ေပးပါဗ်ာ။"

မန္ေနဂ်ာရႊီ ျပဳံးသြားသည္။ "ဒါလည္း ဟုတ္တာပဲ။ ငါ ေတြးၾကည့္ဦးမယ္။"

"ဟုတ္ၿပီဗ်ာ၊ ရႊီေကာ အဆင္ေျပသလိုလုပ္။"

ၿမိဳ႕ထဲတြင္ ႏွစ္ရက္မၽွေနၿပီးေနာက္မွာေတာ့ ပိုင္ရွင္းယြီ အာဖရိကနိုင္ငံရွိ ၿမိဳ႕မ်ား၏ ျမင္ကြင္းအရသာကို ရရွိလာေတာ့သည္။ သူ႔စိတ္ထဲ စြဲထင္လို႔သြားသည့္ အႀကီးမားဆုံးခံစားခ်က္ကေတာ့ 'ဆင္းရဲျခင္း' ဆိုတာပင္။ ကုမၸဏီရွိလူေတြက သူ ပ်င္းရိေနမွာစိုးတာမို႔ သူ႔ကိုစိတ္ေပ်ာ္ေစမည့္နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းေပးလို႔ေနသည္။ တကယ္ေတာ့ သူဆိုသည္မွာ ခြန္းလြန္းေတာင္လို ထီးတည္းဆန္လွသည့္ေနရာမွာေတာင္ ရွင္သန္လာခဲ့ၿပီးျဖစ္တာမို႔ ဘယ္သူကမွ အထီးက်န္ဆန္မွုကို သူ႔ေလာက္ ခံနိုင္ရည္မရွိ။

ႏွစ္ရက္အၾကာမွာေတာ့ မန္ေနဂ်ာရႊီက သူႏွင့္အတူ လူငါးေယာက္ကိုေခၚၿပီး ၿမိဳ႕ေတာ္ႏွင့္ ၂၀၀ ကီလိုမၽွ ေဝးသည့္ၿမိဳ႕တစ္ၿမိဳ႕ကို ကားေမာင္းသြားေတာ့သည္။ ကားထဲတြင္ေတာ့ ပိုင္ရွင္းယြီ တကယ့္ေသနတ္အစစ္မ်ားကို ေတြ႕လိုက္ရေလသည္။

"ဖာ့ခ္၊ အနီးပစ္ေတြ၊ Ak47, mp7, ခင္ဗ်ားတို႔ အေကာင္းစားေတြ ရွိထားတာပဲ။" ပိုင္ရွင္းယြီ ဂ်ာမနီထုတ္ Mp7 ကို လွမ္းယူရင္း ေသနတ္ကိုယ္ထည္ကို ထိကိုင္ၾကည့္ေနရင္း လက္ထဲတြင္ ေလးလံေနသလို ခံစားခ်က္က ခံစားလို႔ မဝနိုင္ျဖစ္ေနေစသည္။ တစ္ႏွစ္ေက်ာ္ ၾကာၿပီးသည့္ေနာက္ သူ ေသနတ္ျပန္ကိုင္မိခ်ိန္ စစ္တပ္ထဲတြင္ ရွိခဲ့စဥ္အခ်ိန္မ်ားအေၾကာင္း ျပန္အမွတ္ရလာေတာ့သည္။ သူ ပထမဆုံး စနိုက္ပါတစ္လက္ႏွင့္ ပစ္ကြင္း ၁၀ခ်က္ ထိေအာင္ပစ္ၿပီး ၉၅ မွတ္ ရခဲ့တဲ့အခ်ိန္၊ သူ ပထမဆုံး ေသနတ္ၿပိဳင္ပြဲ ဝင္ၿပိဳင္ျဖစ္တဲ့အခ်ိန္၊ ပထဆုံး ရန္သူ႔ေခါင္းကို က်ည္ဆံမွန္ေအာင္ ပစ္လိုက္နိုင္တဲ့အခ်ိန္ေတြ ... ဒီမွတ္ဉာဏ္ေတြက သူ႔အေတြးယာဥ္ထဲ စီးဝင္လို႔လာၿပီး ရင္ထဲတြင္ ဂုဏ္ယူမိသလို ခံစားခ်က္ေလး ထိုးထြက္လာေတာ့သည္။

သူက ေသနတ္ေတြကို အရမ္းလြမ္းေနမိၿပီး သူ႔ရဲ့ယုံၾကည္မွု၊ အမ်ားတကာရဲ့ လက္ခံေပးမွုကို တည္ေဆာက္ေပးခဲ့တဲ့ ဒီရတနာေလးေတြကို သတိရေနမိခဲ့ပုံပင္။ သူသာ ေသနတ္ပစ္ခတ္မွုတြင္ မထူးခၽြန္ခဲ့ပါက ဒီေန႔သူဆိုတာ ရွိလာမွာ မဟုတ္။ သူ႔ရဲ့ေျပာင္ေျမာက္ေနသည့္ေသနတ္ပစ္ခ်က္ရလဒ္မ်ားကသာ သူ႔ကို နိမ့္က်ျခင္း၊ ေၾကာက္ရြံျခင္းမ်ားၾကားထဲမွ ဆြဲထုတ္ေပးနိုင္ခဲ့တာျဖစ္သည္။ သူ နာမည္တစ္ခု ရတဲ့အထိ တိုက္ခိုက္ခ်င္သည္ဟု ေတြးလိုက္မိသည္။ သူ လုံျခဳံေရးကုမၸဏီေထာင္ဖို႔ စိတ္ပိုင္းျဖတ္နိုင္ခဲ့ၿပီ။ သူလည္း ျပည္ပမွာ ေသနတ္ျပန္ကိုင္ခ်င္မိသည္!

မန္ေနဂ်ာရႊီက သူ႔ပခုံးကို ဖက္ထားရင္း ခပ္ၾကမ္းၾကမ္း ပုတ္ေပးၿပီး ရယ္သြားသည္။ "ရွင္းယြီ၊ မင္း ဘယ္လို ခံစားေနရလဲ ငါ အေသအခ်ာႀကီး သိတယ္။ ငါလည္း တကယ္ေတာ့ က်ဳံးေဝကိုလာတာ မင္းနဲ႔အႀကံတူတူပဲ။ ငါ စစ္ပြဲေတြကို လြမ္းတယ္။ ငါ ေသနတ္ေတြကို လြမ္းတယ္။ ငါလည္း ငါ့ရဲေဘာ္ေတြကို အျခားေရြးခ်ယ္စရာေလးေတြ လုပ္ေပးခ်င္မိတယ္။ အဲ့တာေၾကာင့္လည္း ငါ မင္းကို သေဘာက်တာ။ မင္းက ငယ္ေသးတယ္။ ႀကိဳးႀကိဳးစားစားလုပ္။ မင္း ဒီေနရာမွာ မင္းျပန္လိုခ်င္ေနတဲ့ကမၻာေသးေလးတစ္ခုကို ရနိုင္လိမ့္မယ္။"

ပိုင္ရွင္းယြီ အားႀကိဳးမာန္တက္ေခါင္းၿငိမ့္ျပရင္း သူ႔မ်က္လုံးမ်ားကေတာ့ ျပတ္သားျခင္းအျပည့္ႏွင့္ ေတာက္ပေနေတာ့သည္။

KittyKitling

T/N : Good Night ><

Continue Reading

You'll Also Like

271K 42.8K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
293K 37.7K 82
This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. All credit to original author and Englis...
23.7K 4.9K 121
multiple personality disorder واتە نەخۆشی چەند کەسایەتی کە باس لە کارەکتەری سەرەکی ئەکا ئەم نەخۆشیەی هەیە بەدەستیەوە ئەناڵێنێ قوتابی زانکۆیە و کە...
977K 79.4K 37
"သမီး မေမြးခင္ကတည္းက ထားခဲ့တဲ့ကတိေၾကာင့္လား...အေဖ...?'' ...... "ငါ့ခ်စ္သူကလြဲရင္ ဘယ္သူ႔ကိုမွ မယူဘူး...'' .... "သခင္မေလး...ကြၽန္...ကြၽန္ေတာ္က ေယာက်္ား...