Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

83

16.6K 2.2K 910
By callme__kitty

[Unicode]

'နှစ်သစ်ကူး .. နောက်ယောင်ခံလိုက်သူတစ်ယောက်'

နှင်းကျားသစ်တပ်မဟာမှ ထွက်လာပြီး ခြောက်လအကြာမှာတော့ သူ့ဘဝသစ်က လမ်းကြောင်းမှန်ပေါ် လုံးလုံးလျားလျားရောက်နေခဲ့ပြီ။

တစ်အိမ်သားလုံး သူ့ပြောင်းလဲသွားမှုနှင့်ပတ်သတ်ပြီး အလွန်ပျော်ရွှင်နေကြပေမယ့် သူ့မိဘများကတော့ သူ့အပြုအမူများကို ပိုလွန်းသည်ဟု ထင်လာကြသည်။ အရင်တုန်းက သူတို့သားရဲ့ ပွေလီရှုပ်ထွေးလွန်းတဲ့ ဆက်ဆံရေးများကြောင့် တစ်နေ့ အိမ်ကို ဗိုက်တစ်လုံးနှင့်မိန်းမတစ်ယောက် ရောက်ချလာမှာတောင် သူတို့အနေနှင့် စိုးရိမ်ခဲ့ရသည်။ အခုတော့ သူတို့သားမှာ အရာရာပုံစံပြောင်းသွားလွန်းတာမို့ စိုးရိမ်တကြီးနှင့် လူချင်းတွေ့ဆုံခြင်းများ ပြုလုပ်ခိုင်းတော့သည်။ သို့ပေမယ့် သူကတော့ ထိုအရာများတွင် စိတ်ဝင်စားခြင်း မရှိ။ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် စာရင်းဇယားပိုင်းများကိုသာ လေ့လာရင်း နေ့တိုင်း သူ့ဘဝကို စိတ်ကျေနပ်ဖွယ်အတိဖြတ်သန်းလျက်ရှိနေသည်။

စစ်တပ်ထဲနေရသည့်ဘဝနှင့် ရဲဘော်ရဲဘက်များကို သတိရလွန်းခြင်းက သူ့စိတ်ထဲ အကြံတစ်ခုပေါ်လာစေသည်။ လုံခြုံရေးကုမ္ပဏီတစ်ခု သူ ထောင်ချင်သည်။ သူ ပိုက်ဆံနည်းနည်းသုံးကာ ဒီနေရာတစ်ဝိုက်တွင်ရှိသည့် အကြံပေးဆွေးနွေးရေးကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းတိုင်ပင်ကြည့်ရာ စျေးကွက်အခြေအနေအရလည်း ကောင်းမွန်နေမှန်း သိလာသည်။ တစ်ခါတစ်ရံဆိုပါက ပြည်တွင်း လုံခြုံရေးလိုအပ်ချက်များအပြင် ငြိမ်သက်မှုမရှိလှသည့်နိုင်ငံများတွင် ကုမ္ပဏီအခွဲဖွင့်ချင်သည့် ကုမ္ပဏီကြီးများအတွက်လည်း လုံခြုံရေး တာဝန်ယူလိုက်ပို့ပေးရခြင်းများ ရှိတတ်ကြောင်း သိလိုက်ရသည်။ သူ တွေးကြည့်မိသည်။ နှစ်အနည်းငယ်အတွင်း သူ့ရဲဘော်ရဲဘက်များကလည်း စစ်မှုထမ်းနားတော့မည်။ နယ်ရွာများမှ စစ်သားအများစုကလည်း ဘွဲ့နှင့် ကျောထောက်နောက်ခံဆိုတာ မရှိလှ။ လူ့အသိုင်းအဝိုင်းအတွင်း အလုပ်တစ်ခု ပြန်ရှာဖို့ အလွန်ခက်ခဲလွန်းလှသည်။

သူသာ သူတို့အင်အားများကို အစွမ်းကုန် အသုံးပြုနိုင်တဲ့ ကုမ္ပဏီတစ်ခုထောင်နိုင်ခဲ့ပါက သူ့ရဲဘော်ရဲဘက်များကိုလည်း တစ်နေရာတည်းတွင် စုစည်းလိုက်နိုင်ပြီး ပိုက်ဆံလည်းရှာနိုင်မှာပင်။ တကယ်ကို တစ်ချက်တည်းနှင့် အကျိုးများစွာရနိုင်မည့်အစီအစဉ်ဖြစ်၏။

သူ အစီအစဉ်များ ရေးဆွဲပြီး သူ့အစ်ကိုနှင့် စကားသွားပြောလိုက်သည်။

ကျန်းဆွေ့ယင်း မေးထောက်လျက် အချိန်အတော်ကြာ ဖတ်နေရင်းမှ သူ့ကို မော့ကြည့်လာသည်။ "မင်းကတော့ သေနတ် မကိုင်ရ မနေနိုင်ဖြစ်နေတာလား။"

ပိုင်ရှင်းယွီ ပြုံးလျက်ပြောလိုက်သည်။ "ထင်ပါရဲ့ဗျာ။ ပြည်ပရောက်နေရင် သေနတ် ပြန်ကိုင်လို့ရတယ်လေ။"

ကျန်းဆွေ့ယင်း စားပွဲပေါ်မှ စာရွက်များကို လက်ဖြင့် တို့ခေါက်နေသည်။ "ဒီလိုအန္တရာယ်များတဲ့အလုပ်ကို မင်းလုပ်ဖို့ အန်တီနဲ့ ဦးလေးက သဘောတူမှာ မဟုတ်ဘူး။"

"အဲ့လောက်လည်း အန္တရာယ်မများပါဘူး။ ကျူးကျော်ဝင်ရောက်တဲ့ကိစ္စတွေက နေ့တိုင်းနီးပါးဖြစ်နေတာမှ မဟုတ်တာ။ အလုပ်အများစုကလည်း နာမည်ကြီးအနုပညာရှင်တွေကို ကာကွယ်ပေးရတာတို့၊ ကျောက်မျက်ရတနာပါတဲ့ကုန်တွေ ပို့ပေးရတာလောက်ပဲ။ ပြီးတော့ ကျွန်တော်က သူဌေးလေ။ အန္တရာယ်များတယ်ဆို မသွားဘူးပေါ့။" ပိုင်ရှင်းယွီ စိတ်ချစေရန်ပြောဆိုလိုက်သည်။

ကျန်းဆွေ့ယင်း ခဏကြာအောင် တွေးနေမိသည်။ "မင်း ငါ့ကုမ္ပဏီမှာ အလုပ်သင် ဝင်လုပ်နေတဲ့ ၆လအတွင်း မြေကွက်ရှာပြီး အိမ်ရာစီမံကိန်းလုပ်တာတွေလည်း သိသင့်သလောက် သိနေပါပြီ။ ကောင်းကျိုး ဘယ်လောက်များလဲ၊ ပိုက်ဆံဝင်တာလည်း မြန်တယ်။ ဒါတောင် မင်းက အဲ့လုပ်ငန်းကို သွားလုပ်ချင်တုန်းလား။"

ပိုင်ရှင်းယွီ အနားကပ်သွားကာ သူ့အစ်ကိုပခုံးကို နှိပ်ပေးနေရင်း ချွဲပြောလိုက်သည်။ "ကော၊ ဒါကမှ ကျွန်တော်လုပ်ချင်တာလေဗျာ။ ကောလည်း စိန်ခေါ်ရတာတွေ ကြိုက်တယ်မလား။ ပြီးတော့ ဒီလုပ်ငန်းက ကော တစ်ခါမှ ခြေမချဖူးသေးတဲ့နယ်ပယ်မျိုး။ ဒါပေမယ့် ကောမှာ အချိတ်အဆက်တွေ ရှိတယ်လေ။ ကျွန်တော့်ကို ကူပေးပါဗျာ။"

ကျန်းဆွေ့ယင်း 'ကျစ်' သပ်လိုက်သည်။ "ညင်ညင်သာသာ လုပ်၊ မင်းလက်က အားပြင်းလွန်းတယ်။"

ပိုင်ရှင်းယွီ အလျင်အမြန်ပဲ အားထည့်ထားခြင်းကို လျော့ချလိုက်သည်။

ကျန်းဆွေ့ယင်း စားပွဲကို ကြည့်နေရင်း ခေါင်းငြိမ့်ပြလိုက်သည်။ "ငါ စဉ်းစားကြည့်ဦးမယ်။ နားထောင်ကြည့်ရသလောက်တော့ စိတ်ဝင်စားစရာပဲ။"

"ကျေးဇူးပါ၊ ကော"

"ဟုတ်သား၊ အန်တီ မင်းကို သွားတွေ့ဖို့ မိတ်ဆက်ပေးထားတဲ့ကောင်မလေးတွေ .. သွားတွေ့ပြီးပြီလား။"

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်သွားသည်။ "ကျွန်တော့်အသက်က အခုမှ ၂၅ရှိသေးတယ်။ ဘာလို့အလျင်လိုနေမှာလဲ။"

"ငါလည်း အလျင်လိုသင့်တယ်လို့ မထင်ဘူး။ ဒါပေမယ့် အန်တီလည်း ဘာဖြစ်နေလဲ မသိ။ ယောက်ျားဆိုတာ အလုပ်အကိုင် အတည်အကျဖြစ်အောင် အရင်လုပ်သင့်တာပေါ့။"

"ကျွန်တော့်ကောက အမြော်အမြင်အရှိဆုံးပဲ။"

"ဒါနဲ့ မင်းရဲ့ကား ... တကယ် မလဲတော့ဘူးလား။" ကျန်းဆွေ့ယင်း ပိုင်ရှင်းယွီ၏ကားအကြောင်း တွေးမိသည်နှင့် မျက်မှောင်ကြုတ်သွားတော့သည်။

"ဘာလို့ လဲရမှာလဲ။ ပျက်သေးတာမှ မဟုတ်တာ။"

"ငါမှာထားတဲ့ Lamborghini ရောက်လာတော့မှာ။ မင်း မလိုချင်ဘူးလား။"

ပိုင်ရှင်းယွီ ပြုံးဖြီးဖြီး ဖြစ်သွားသည်။ "အဲ့ကားကို ကော မှာထားတာ လီယွီ သိရဲ့လား။"

"သူ သိသိ၊ မသိသိ ဘယ်သူဂရုစိုက်နေလဲ။" ကျန်းဆွေ့ယင်းမျက်ဝန်းထဲတွင်တော့ ရွှင်မြူးရိပ်များ စွန်းထင်းလို့။

"ဒါဆို ရောက်လာမှပဲ ကျွန်တော့်ကို တစ်ခေါက်၊ နှစ်ခေါက် ပေးစီးဗျာ။"

ကျန်းဆွေ့ယင်း ပြုံးသွားပြီး ပိုင်ရှင်းယွီကို လှမ်းကြည့်သည်။ "အရင်က အဲ့တာ မင်းရဲ့ အဖြစ်ချင်ဆုံးအိပ်မက် မဟုတ်ဘူးလား။"

ပိုင်ရှင်းယွီလည်း ပြုံး၍ပြန်ပြောသည်။ "အိပ်မက်လည်း ပြောင်းလဲတတ်ပါတယ်။"

ကျန်းဆွေ့ယင်း သက်ပြင်းဖွဖွချသည်။ "တစ်ခါတစ်ရံကျ မင်းကို စစ်တပ်ထဲ လွှတ်လိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့တောင် ငါ မပြောနိုင်တော့ဘူး။ မင်းက ငါတို့ တွေးထားတာထက် ပိုကောင်းလာလို့ ... ကျင့်သားရသွားဖို့တောင် ခက်ခဲနေတယ်။"

"သေချာပေါက် ကောင်းတဲ့ကိစ္စပါဗျာ။ မဟုတ်ရင် ကျွန်တော် အခုအချိန် ဒီလိုဖြောင့်မတ်နေမှာ မဟုတ်ဘူး။"

ကျန်းဆွေ့ယင်း နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ "အခုက ပိုလွန်းနေပြီ။"

"ကော၊ ကောရဲ့ဆုံးဖြတ်ချက်တိုင်းက အမြဲ ချင့်ချင့်ချိန်ချိန်ရှိပြီး မှန်ကန်တယ်။ ဒီကိစ္စမှာလည်း ဒီလိုပဲ။" ပိုင်ရှင်းယွီ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ "ကျွန်တော့်လို ရုပ်ချောပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကောင်လေးက လူတိုင်းမှာ ရှိနေနိုင်တာမျိုး မဟုတ်ဘူး။"

ကျန်းဆွေ့ယင်း ရယ်ရင်းနှင့် အော်ငေါက်လိုက်သည်။ "ဒါလည်း နှစ် နှစ်ပဲရှိသေးတယ်ကွ။"

သူတို့ အချိန်အတော်ကြာ စကားစမြည်ပြောနေပြီးမှ ပိုင်ရှင်းယွီ ရုံးဆင်းကာ အိမ်ပြန်ဖို့ လုပ်လိုက်သည်။

ဒီအချိန်က ပေ့ကျင်းမြို့တွင် ကားလမ်းအရှုပ်ဆုံးအချိန်ဖြစ်တာမို့ ပိုင်ရှင်းယွီ သီချင်းဖွင့်ထားကာ ပြတင်းပေါက်အပြင်မှ မိုးစက်များကို ကြည့်နေလျက် စိတ်ထဲ အေးချမ်းတည်ငြိမ်လို့နေသည်။

ပြီးခဲ့တဲ့ခြောက်လအတွင်း သူ အထူးတပ်ဖွဲ့ဝင်ဆိုသည့်ဂုဏ်ရာထူးကို ဆွဲထုတ်လိုက်နိုင်ခဲ့ပြီး သာမန်လူနေမှုဘဝဆီသို့ ပြန်သွားနိုင်ခဲ့သည်။ သူ သူ့ရဲဘော်ရဲဘက်များနှင့်လည်း အဆက်အသွယ် ပြတ်သွားခြင်း မရှိ။ အတောမသတ်နိုင်သည့် ဖုန်းခေါ်ဆိုမှုနှင့် လက်ရေးစာများ ရရှိနေဆဲ။ သူ ဝမ်ဝမ့်-ကော ကိုတောင် တစ်ကြိမ်သွားတွေ့လိုက်သေးသည်။ အနောက်မြောက်ပိုင်းတွင် ဖွင့်ထားသည့် စားသောက်ဆိုင်ငယ်လေးက အောင်မြင်စည်ကားလို့နေပြီး အသက်တစ်လပြည့်ပြီဖြစ်တဲ့ ကလေးလေးကလည်း ချစ်စရာကောင်းလွန်းလှသည်။

သူ သူ့ရဲဘော်ရဲဘက်များနှင့် အဆက်အသွယ်ရလိုက်တိုင်း သူ့နှလုံးသားကို ချိတ်ဆွဲထားသကဲ့သို့ ခံစားနေရသည်။ သူတို့နှင့်ပတ်သတ်သည့် သတင်းဆိုးများ ကြားလာရမည်ကို သူ ကြောက်နေမိသည်။ အထူးသဖြင့် သူနှင့် ရင်းနှီးခင်မင်လှသည့်သူများ။ ကံကောင်းချင်တော့ အခုအချိန်အထိ ချန်းကျင်း၊ ယန့်ရှောင်းကျင်း၊ ဟော့ချောင်နှင့် လောင်-ရှားတို့ အကုန်လုံး လုံခြုံဘေးကင်းနေဆဲပင်။ သေချာပေါက် .. ယွီဖုန်းချန်လည်းပေါ့။

လွန်ခဲ့တဲ့ခြောက်လအတွင်း ယွီဖုန်းချန် သူ့ကို အကြိမ်ရေများစွာ ဖုန်းခေါ်ဆိုခဲ့သည်။ သူ ဖုန်းပြန်မဖြေတာလည်း ရှိသလို စကားအနည်းငယ်ပြော၍ တန်းချပစ်လိုက်ခြင်းများလည်း ရှိသည်။ အချိန်ခြောက်လကျော် ကုန်ဆုံးသွားပြီးနောက်တွင် ယွီဖုန်းချန်အကြောင်း တွေးမိခြင်းက အရင်လို သူ့ကို နေရခက်စေတာမျိုး မဖြစ်တော့။ အနည်းဆုံးတော့ သူ ယွီဖုန်းချန်အကြောင်း တစ်ညလုံး အိပ်မက် မက်နေတာမျိုး မရှိတော့။ ဒီတိုင်း သူ့နှလုံးသားကို အခြားလူတစ်ယောက်အတွက် မဖွင့်ပေးနိုင်သေးရုံသာ။ သူ့အမေ မိတ်ဆက်ပေးသည့် ကောင်မလေးတိုင်းက လှပပြီး မိသားစု ကောင်းကောင်းမှ လာကြတာဆိုပေမယ့် သူ စိတ်ဝင်စားသွားခြင်း မရှိ။ တစ်ခါတစ်လေကျ သူ့ကိုယ်သူ ယွီဖုန်းချန်ကြောင့် ယောက်ျားချင်းကြိုက်သူတစ်ယောက်ဖြစ်သွားပြီလားဟု သံသယဝင်မိပေမယ့် သူ အခြားယောက်ျားလေးများအပေါ်တွင်တော့ ဘာခံစားချက်မှ ထားလို့ မရ။

သူ တွေးမိသည်၊ သူနှင့်ယွီဖုန်းချန် အကြားရှိ ဆက်ဆံရေးက စစ်တပ်ဟူသည့် ထူးထူးခြားခြား ပတ်ဝန်းကျင်အောက်တွင် ချွေး၊ သွေးများဖြင့် တည်ဆောက်ထားခဲ့ကြတာဖြစ်သည်။ ထို့အပြင် မေ့မရနိုင်လောက်သည့် အတွေ့အကြုံများ၊ အမှတ်တရများစွာကလည်း မရေမတွက်နိုင်လောက်အောင် သူတို့ကြားရှိနေပြီး အများစုက ခံနိုင်ရည်ကို စမ်းသပ်စိန်ခေါ်ခြင်း၊ သေရေးရှင်ရေးကိစ္စများ စသည်တို့ဖြင့်ဆက်စပ်နေသည်။ ဒီလိုအတွေ့အကြုံများနှင့် တစ်သားတည်းဖြစ်နေသည့် ခံစားချက်များက မေ့ပျောက်ဖျောက်ဖျက်ပစ်လို့ မရနိုင်။ ဒီဘဝတွင်တော့ သူ့အနေနှင့် အခြားလူတစ်ယောက်အပေါ် ထိုမျှ နက်ရှိုင်းလေးနက်လှသည့် ခံစားချက်မျိုး ရှိလာဖို့ မဖြစ်နိုင်။

တွေးနေချိန်လေးမှာပဲ သူ့ဖုန်းသံ ထွက်ပေါ်လာသည်။ ပိုင်ရှင်းယွီ ခေါ်ဆိုသူကို လှမ်းကြည့်လိုက်ချိန် 'နှင်းကျားသစ်တပ်မဟာ' ဟု မြင်လိုက်ရတာကြောင့် သူ့နှလုံးသားထဲ တလှပ်လှပ်ဖြစ်သွားရသည်။

'ယွီဖုန်းချန်များဖြစ်လောက်လား။'

ပြတင်းပေါက်အပြင်ဘက်ရှိ မိုးရွာနှုန်းက တဖြည်းဖြည်း သည်းလို့လာပြီး ကားအတွင်း စီးမျောနေသည့် သီချင်းသံစဉ်တိုးတိုးလေးကလည်း သူ့ကို ကမ္ဘာတစ်ခုလုံးနှင့် အကန့်ခြားထားလိုက်သလိုမျိုး လုံခြုံနေသည့် စိတ်ခံစားချက်အား ပေးစွမ်းနေသည်။ ဒီအချိန်အတွင်း ယွီဖုန်းချန်အသံကြားလိုက်ရရင် ကောင်းမှာပဲဟူသည့်အတွေးလေးက သူ့စိတ်ထဲ ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။

သူ ဖုန်းကို လက်ခံယူလိုက်ချိန် ယန့်ရှောင်းကျင်းအသံက တစ်ဖက်မှ ထွက်ပေါ်လို့လာလေသည်။ "ရှင်းယွီ"

ပိုင်ရှင်းယွီ ထိုခဏအတွင်း သူခံစားလိုက်ရသည့် စိတ်ပျက်သွားမှုကို လျစ်လျူရှုထားရင်း ရွှင်မြူးသံဖြင့်ပြောလိုက်သည်။ "ရှောင်းကျန့်၊ အဆက်အသွယ်မရတာ ကြာပြီကွာ။ မင်းတို့တွေ မစ်ရှင်သွားနေရတာလား။"

"ဟုတ်တယ်။ ပြန်ရောက်တာ မကြာသေးဘူး။ မင်းကော အခြေအနေဘယ်လိုလဲ။"

"ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ အလုပ်ရှုပ်နေတာပါပဲ။" ပိုင်ရှင်းယွီ စိတ်လှုပ်ရှားတကြီးပြောလိုက်သည်။ "ငါ အခုတလော အကြံပေါ်လာတာလေး ရှိတယ်။ မင်း ဘယ်လိုထင်လဲ ငါ ကြားချင်မိသား။"

"မင်း ပြောလေ။"

ပိုင်ရှင်းယွီ လုံခြုံရေးကုမ္ပဏီတည်ထောင်ရန် စဉ်းစားမိသည့်အကြောင်းကို ရှင်းပြလိုက်သည်။

ယန့်ရှောင်းကျင်း ပြုံးရင်းပြောသည်။ "ဒီအကြံက အတော်လေးကောင်းတာပဲ။ စစ်တပ်ကနေ စစ်မှုထမ်းနားခဲ့ရတဲ့လူတွေ လာလို့ကောင်းမယ်နေရာပဲ။ သူတို့ကျွမ်းကျင်ရာကိုလည်း ကောင်းကောင်းအသုံးချနိုင်တယ်။"

"ဟုတ်တယ်။ ငါလည်း အဲ့လိုပဲတွေးမိတာ။" ပိုင်ရှင်းယွီ ပေါ်လာသမျှ သူ့ကိုယ်ပိုင်အကြံများကို အမြောက်အမြား ပြောပြနေလိုက်မိသည်။

ယန့်ရှောင်းကျင်းကတော့ တိတ်တဆိတ်သာ နားထောင်ရင်း တစ်ခါတစ်ရံကျမှ မှတ်ချက်များ ဝင်ပေးလာသည်။ သူတို့နှစ်ယောက် စကား တပြောပြောရှိနေတာမို့ လမ်းပိတ်နေခြင်းကလည်း ပျင်းရိဖွယ် မဟုတ်တော့။

နောက်ဆုံးမှာတော့ ယန့်ရှောင်းကျင်း ရယ်သံတစ်ခုနှင့်ပြောလာသည်။ "ငါ့မှာလည်း မင်းကို ပြောပြဖို့ သတင်းကောင်းတစ်ခုရှိတယ်။"

"အိုး, ဘာသတင်းလဲ။"

"ငါ နှစ်ကူးပွဲတော်ပြီးရင် ပေ့ကျင်းကို ပြောင်းရွေ့ဖို့ အမိန့်ကျလာပြီ။"

"ဝေါင်း၊ အဲ့တာဆို လနည်းနည်းပဲ လိုတော့တာပဲ။"

"ဟုတ်တယ်။ ငါတို့နောက်ဆို ချက်ချင်း ပြေးတွေ့လို့ရပြီ။"

ပိုင်ရှင်းယွီ ပြုံးပြီးပြောလိုက်သည်။ "ငါ မင်းနဲ့အတူ မသောက်ရတာတောင် ကြာပြီ။"

"ငါ ရောက်လာတဲ့အချိန်ကျ အတူသောက်တာပေါ့။"

ပိုင်ရှင်းယွီ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ "ကောင်းတာပဲ!"

သူ ခဏတာမျှ တွေးနေပြီးမှ အမှုမဲ့အမှတ်မဲ့ မေးသလို ပြောလိုက်သည်။ "ဒါနဲ့ ကျန်တဲ့သူတွေကော အခြေအနေ ဘယ်လိုရှိလဲ။ ခေါင်းဆောင်တို့၊ ဒုခေါင်းဆောင်တို့၊ လောင်-ရှားနဲ့ အခြားသူတွေကော။"

ယန့်ရှောင်းကျင်း ပြုံးသွားသည်။ "သူတို့အကုန် အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း အမေးချင်ဆုံးသူက ယွီဖုန်းချန် မလား။"

ပိုင်ရှင်းယွီ အနည်းငယ်မျှတော့ ရှက်ရွံ့သွားသည်။ "အာ .. သူလည်း အဆင်ပြေနေမှာပါ။"

"ငါ ပေ့ကျင်းကို ပြန်ပြောင်းတော့မယ်ဆိုတဲ့အကြောင်း ကြားသွားတုန်းက သူ့မျက်နှာ အတော်လေး ကြည့်ရဆိုးသွားတယ်။" ယန့်ရှောင်းကျင်း အောင်နိုင်သူတစ်ယောက်လို ပြောလာသည်။

"အမှန်အတိုင်းပြောရရင် မင်း မရှိတော့တဲ့ ခြောက်လအတွင်း သူ အများကြီး ပြောင်းလဲသွားတယ်။ သူ့အပြုအမူတွေကလည်း အရင်ကထက် ပိုပြီးတည်တည်ငြိမ်ငြိမ်ရှိလာတယ်။ မစ်ရှင်အတွက် သွားရတဲ့အချိန်တိုင်းလိုလို သူ့ လုပ်ဆောင်မှုတွေက ထူးထူးချွန်ချွန်ဖြစ်နေလို့ ငါတောင် အံ့အားသင့်နေတာ။ ဒါပေမယ့်လည်း ငါက အရင်ကတည်းက သူ့ထက် ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိနေတာလေ။"

ပိုင်ရှင်းယွီ ရယ်သံတစ်ခု အစ်အောက်ထုတ်လိုက်ရသည်။ "ကောင်းတာပဲ။"

'ဒါက ယွီဖုန်းချန် လိုချင်နေတဲ့ ဘဝပဲလေ။'

ဖုန်းချပြီးသည့်နောက် ကားလမ်းလည်း ရှင်းသွားပြီမို့ ပိုင်ရှင်းယွီ အရှိန်တင်မောင်းလျက် လမ်းဘေးနှစ်ဘက်ရှိ ရှုခင်းများကို ကြည့်နေရင်း အတွေးနယ်ချဲ့မိတော့သည်။ သူတို့နှစ်ယောက် ကွဲကွာနေတာ မကြာသေး၍ဖြစ်နိုင်သည်၊ ၆လ ကုန်ဆုံးပြီးတာတောင်မှ ယွီဖုန်းချန် သတင်းများကြားရချိန် သူ ရင်မအေးနိုင်သေး။ 'နောက်ထပ် နှစ် နှစ်လောက်နေရင်တော့ အဆင်ပြေသွားမှာပါ။ သူလည်း ဒီကြားထဲကနေ ထွက်သွားနိုင်မှာပါ။'

စစ်တပ်မှ ထွက်ခွါပြီးနောက် ပထမဆုံးကျော်ဖြတ်ရမည့် တရုတ်နှစ်ကူးက နီးကပ်လို့ လာလေပြီ။

ပိုင်ရှင်းယွီ လမ်းမအထက်နှင့် လမ်းကြိုလမ်းကြားများအတွင်းရှိ မီးအလင်းရောင်များနှင့် အလှဆင်ထားသည်များကို ကြည့်ရင်း တပ်ခွဲ(၃)တွင် ဖြတ်သန်းခဲ့သည့် တရုတ်နှစ်ကူးအကြောင်း ပြန်အမှတ်ရလာတော့သည်။ ဒါက သူ စစ်တပ်အတွင်း ကုန်ဆုံးခဲ့ရသည့် တစ်ခုတည်းသော တရုတ်နှစ်ကူးပွဲတော်ပင်။ ဒုတိယမြောက် နှစ်ကူးပွဲတွင်တော့ ပခုံးဒဏ်ရာကြောင့် သူ ဆေးရုံတွင် သတိမေ့နေခဲ့သည်။ သူ ထိုနေ့က တရုတ်နှစ်ကူးပွဲအကြောင်း မှတ်မိနေသေးသည်။ လူတိုင်း အတူသန့်ရှင်းရေးလုပ်ကြသည်၊ တရုတ်နှစ်ကူးပစ္စည်းများ သွားဝယ်ကြသည်၊ ဟင်းချက်ကာ ဖက်ထုပ်ပေါင်းလည်း လုပ်ကြပြီး ရဲဘော်ရဲဘက်များအကြား ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပလို့ အမြှောက်နှင့် သေနတ်သံများကိုလည်း မီးရှူးမီးပန်းများအဖြစ် သူတို့ အသုံးပြုခဲ့ကြသည်။

ပထမဆုံးအကြိမ် သူ့မိသားစုနှင့် ခွဲခွါခဲ့ရတာဆိုပေမယ့် သူ အထီးကျန်သည်ဟု မခံစားခဲ့ရ။ ၁၂နာရီအတိ နာရီသံမြည်လာတာနှင့် မီးရှူးမီးပန်းများ ငေးကြည့်ရန် သူတို့ အပြင်သို့ ပြေးထွက်ခဲ့ကြသည်။ ယွီဖုန်းချန်ကလည်း သူ့လက်ကို တိတ်တခိုး ကိုင်ထားခဲ့သည်။ သူအနေနှင့် ခွန်းလွန်းတောင်ပေါ်က မြင်ရသည့် ညကောင်းကင်က ဘယ်လောက်မှောင်မှိုက်ပြီး ကြယ်အရောင်တွေက ဘယ်လောက် ထိန်လင်းလိုက်သလဲဆိုတာမျိုး ဘယ်တော့မှ မေ့သွားမှာ မဟုတ်။ အခုချိန်အထိ သူ့ရဲဘော်ရဲဘက်များ၏ ရွှင်ရွှင်မြူးမြူးအော်ဟစ်သံများကို နားထဲကြားနေရပြီး လက်ဝါးထက်တွင် ရရှိခဲ့သည့်အနွေးဓာတ်ကိုလည်း ခံစားနိုင်နေသေးသလိုပင်။

ထိုညက ပိုင်ရှင်းယွီ အရက် လွန်လွန်ကြူးကြူး သောက်မိသွားသည်။ စစ်တပ်မှ ထွက်လာပြီးကတည်းက သူ့ကိုယ်သူ အမြဲ စည်းကမ်းတင်းကြပ်လို့ထားခဲ့တာမို့ ဒါပထမဆုံး အရက်များစွာ သောက်မိခြင်းပင်။ သူ ကျန်းဆွေ့ယင်းကို လှမ်းဖက်ပြီး ပြောလိုက်သည်။ "ကော၊ ကျွန်တော် ကောကို အားကျတယ်။"

ကျန်းဆွေ့ယင်း နားလည်ရခက်သလို ပြောလာသည်။ "ဒါ ဘယ်လိုအရက်မူးနည်းလဲ။"

ပိုင်ရှင်းယွီ ရီဝေဝေနှင့် ရယ်ရင်း ခေါင်းခါပြလိုက်သည်။ "ဒီတိုင်း အားကျတာ။"

"ကားလိုချင်တာဆိုရင် ပြော၊ မင်း မမောင်းရဘူးလို့လည်း ငါ မပြောဘူး။"

ပိုင်ရှင်းယွီ သူ့ခေါင်းကို ထပ်ခါပြသည်။ "ကော၊ ကျွန်တော့်ကို ချီပေးလေ။"

"ချီ မနိုင်ဘူး။"

"ချီနိုင်တယ်။"

"ချီ မနိုင်ဘူး။"

"စမ်းကြည့် ကြည့်ပါ။ သူတောင် သယ်နိုင်တာ ..." ပိုင်ရှင်းယွီ ပြောလိုက်သည်။

"ဘယ်သူလဲ။"

ပိုင်ရှင်းယွီ 'ကျွတ်'တစ်ချက် ထိုးလိုက်သည်။ "ခေါင်းဆောင် .. ခေါင်းဆောင်လည်း သယ်နိုင်တယ်။"

ကျန်းဆွေ့ယင်း သူ့နဖူးကို ပိတ်ရိုက်လိုက်သည်။ "မင်း စိတ်ရှုပ်ဖို့ကောင်းလွန်းမနေဘူးလား။"

"ကော ကျွန်တော့်ကို တစ်ချက် သယ်ကြည့်လေ၊ လမ်းလျှောက်တာ .. ဆယ်လှမ်း။ ဆယ်လှမ်းပဲ။" ပိုင်ရှင်းယွီ သူ့လက်ချောင်းများအကုန် ထောင်ပြလိုက်သည်။

လီဝေ့ကျီ ချော့ပြောလာသည်။ "ရှင်းယွီ၊ ပြဿနာမရှာနဲ့တော့နော်။ အခန်းထဲ ပြန်သွားအိပ်တော့။"

လီယွီ သူ့ဝိုင်ခွက်ကို စားပွဲပေါ်လှမ်းတင်လိုက်သည်။ "ခင်ဗျားအစ်ကို အများကြီး သောက်ထားရတယ်။ ကျွန်တော်ပဲ ခင်ဗျားကို အခန်းထဲ သယ်ပို့ပေးမယ်။"

"မလိုဘူး၊ မင်းကို မလိုဘူး။ ငါက ငါ့အစ်ကို ကိုပဲ လိုတာ။" ပိုင်ရှင်းယွီ ကျန်းဆွေ့ယင်း၏လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ "ကော၊ ငယ်ငယ်ကလည်း ကျွန်တော့်ကို ကျောပိုးဖူးတယ်လေဗျာ။"

"မင်း အဲ့တုန်းက ပေါင်ချိန်က နည်းနည်းလေးလေ။" ကျန်းဆွေ့ယင်းမှာ ဒီအမူးကေကာင်နှင့်ပတ်သတ်ပြီး ရွေးချယ်စရာမရှိ ဖြစ်နေတော့သည်။

"ထားတော့။ ငါပဲ သူ့ကို သယ်သွားလိုက်မယ်။" ပြောပြီးသည်နှင့် ပိုင်ရှင်းယွီကို သူ့ကျောပေါ် တကယ် ချီသယ်သွားလိုက်သည်။

ပိုင်ရှင်းယွီဆိုသည်မှာ အရပ်ရှည်ပြီး ကြွက်သားများဖြင့် တောင့်တင်းသန်မာလှတာမို့ ကိုယ်အလေးချိန်အားဖြင့်လည်း ပေါ့ပါးခြင်း မရှိ။ ထို့အပြင် ကျန်းဆွေ့ယင်း ဝိုင်သောက်ထားသည်ကလည်း နည်းနည်းများနေတာကြောင့် ခြေထောက်များက ပျော့ခွေနေပြီး မတ်တပ်ထရပ်လိုက်ချိန် ယိမ်းထိုးသွားတော့သည်။

လီယွီ အလျင်အမြန် ထရပ်၍ မှုန်ကုပ်ကုပ်နှင့် ပြောလာသည်။ "ကျွန်တော် လုပ်လိုက်မယ်။"

"ဘာမှမဖြစ်ဘူး။ အခန်းရောက်ဖို့ ခြေလှမ်းနည်းနည်းပဲ လျှောက်ရမှာ။ မင်း ငါ့အဘိုးနဲ့ သွားနှင့်လေ။"

သူ ပိုင်ရှင်းယွီကို အခန်းထဲအထိ ချီသွားပေးလိုက်သည်။ ပိုင်ရှင်းယွီက သူ့လည်ပင်းကို ပါးဖြင့် ပွတ်သပ်လို့နေတာမို့ သွားရည်များက သူ့လည်ပင်းပေါ် စီးကျလာတော့သည်။ ကျန်းဆွေ့ယင်း စိတ်ရှုပ်လွန်းလာတာကြောင့် လူကို မြေပေါ် ပစ်ချထားခဲ့ချင်မိသည်အထိ။

"မင်းရဲ့ အကျိုးနည်း သွားရည်တွေ ဆက်ကျနေရင် ငါ ရိုက်တော့မှာ။"

ပိုင်ရှင်းယွီ ခန္ဓာကိုယ်က တစ်ချက်တုန်သွားပြီး ရုတ်တရက် ရှိုက်ငိုလာတော့သည်။

ကျန်းဆွေ့ယင်း မျက်ဆန်လန်သွားသည်။ "မင်းကို မရိုက်ဘူး၊ မငိုနဲ့တော့!"

ပိုင်ရှင်းယွီ စစ်တပ်မှ ပြန်ရောက်လာကတည်းက အရွယ်ရောက်ပြီးတဲ့ လူကြီးတစ်ယောက်လို ပုံစံအတိုင်းသာ ရှိနေခဲ့သည်။ အခု အရက်သောက်တာ များသွားမှသာ သူ့အသက် ပြန်ငယ်သွားသလို ခံစားချက်မျိုး ရလာတော့သည်။ ကျန်းဆွေ့ယင်း ရင်ထဲအတွေးတစ်ခု ဝင်လာသည်။ ဒီလိုဖြစ်နေတာ သူ့ညီလေးလို့ တွေးလိုက်မိတိုင်း အရမ်းအပြစ်ရှိသလို ခံစားလာရသလိုပဲ။

ပိုင်ရှင်းယွီ ရှိုက်သံတစ်ခုနှင့်အတူ ပြောလာသည်။ "ဖုန်းချန် ..."

ကျန်းဆွေ့ယင်း သေသေချာချာ မကြားလိုက်။ "ဘာလဲ။"

ပိုင်ရှင်းယွီ ဘာမှ ဆက်မပြောတော့။ တိုးဖွဖွ နှာရှုံ့ရင်းသာ ရှိနေသည်။ ထိုအသံကို ကြားလိုက်ရသလောက်ဆိုရင်ဖြင့် အနည်းငယ်မျှ သနားသဖွယ်ဖြစ်နေသည်။

ကျန်းဆွေ့ယင်း အချိန်အတော်ကြာတွေးနေမိသည်။ ပိုင်ရှင်းယွီ ပြောလိုက်သည်စာလုံးနှစ်လုံးကို သူ ရင်းရင်းနှီးနှီးကြားဖူးသလို ဖြစ်နေပေမယ့် ထိုခဏအတွင်း ဘယ်လိုမှ မှတ်မိလာခြင်း မရှိ။ သူ ခေါင်းခါယမ်းရင်းသာ ပိုင်ရှင်းယွီကို အခန်းထဲထိ လိုက်ပို့ပြီး အိပ်ရာထက် ပစ်ချလိုက်တော့သည်။

ပိုင်ရှင်းယွီ စောင်ကြားထဲ ကွေးနေရင်း မူးနောက်နောက် ရီဝေဝေဖြစ်နေသည်။ ထိုအချိန်မှာပဲ သူ့အိတ်ကပ်ထဲရှိနေသည့် ဖုန်းက ထမြည်လာသည်။ ကျန်းဆွေ့ယင်း အခန်းအပြင်ထွက်ခါနီးမှ ပြန်ဝင်လာပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်၍ ခေါ်ဆိုလာသူကို လှမ်းကြည့်လိုက်သည်။

'နှင်းကျားသစ်တပ်မဟာ'မှ ခေါ်လာခြင်းဖြစ်သည်။ ကျန်းဆွေ့ယင်း တုန့်ဆိုင်းနေပြီးမှ ပိုင်ရှင်းယွီကို လှမ်းတွန်းနိုးလိုက်သည်။ "ရှင်းယွီ၊ ဖုန်းလာတယ်။ 'နှင်းကျားသစ်တပ်မဟာ' တဲ့။"

ပိုင်ရှင်းယွီ 'နှင်းကျားသစ်တပ်မဟာ' ဟူသည့် စကားသံကိုကြားလိုက်တာနှင့် သူ့မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး ဖုန်းကို ဆက်ကနဲ လုယူသွားတော့သည်။ သူ့လုပ်ဆောင်ချက်များက လျန်မြန်ပြီး အားပြင်းလွန်းတာမို့ အရက်မူးနေသည့်လူနှင့်တောင် မတူလှ။

ကျန်းဆွေ့ယင်း ဒေါသတကြီး ထထိုးတော့သည်။ "မင်းက ဒါကို အရက်မူးတာတဲ့လား။ ငါ့ကို လာကစားနေတာလား။"

အခန်းထဲ လိုက်ဝင်လာသည့် လီယွီကပဲ ကျန်းဆွေ့ယင်းကို အပြင်ဆွဲခေါ်ထုတ်သွားရတော့သည်။

ပိုင်ရှင်းယွီ ဖုန်းလက်ခံပြီး နား,နားကပ်ထားလျက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ဟယ်လို?"

"ရှင်းယွီ၊ ပျော်စရာနှစ်ကူးပါ!" ချန်းကျင်း၏ပျော်မြူးနေသည့်အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လို့လာသည်။

ပိုင်ရှင်းယွီ ရင်ထဲနွေးထွေးသွားရသည်။ "ခေါင်းဆောင်၊ ပျော်စရာနှစ်ကူးပါ။ ကျွန်တော် ခေါင်းဆောင်ကို အရမ်းသတိရနေတာ။"

ချန်းကျင်း ရယ်ပြီးပြောလာသည်။ "ငါတို့လည်း မင်းကို လွမ်းနေတာ။ မင်းအသံ ကြားရသလောက်တော့ မင်းလည်း သောက်တာများသွားတယ်မလား။ ငါတို့အကုန်လုံးလည်း သောက်တာများသွားတယ်။ ဒါပေမယ့် ပျော်တယ်ကွာ။ တစ်နှစ်လုံးနေမှ ဒီတစ်ခါလေးပဲ နှစ်ကူးအတွက် အတူသောက်ရတာ။ ပျော်ဖို့ကောင်းတယ်။" ချန်းကျင်းစကားများက အနည်းငယ်မျှ ဗလုံးဗထွေးဖြစ်လာသည်။

ပိုင်ရှင်းယွီလည်း ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ "ခေါင်းဆောင်၊ ကျွန်တော် သတိရတယ်။ ကျွန်တော် အကုန်လုံးကို သတိရတယ်။"

ချန်းကျင်း နှာရှုံ့လို့သွားသည်။ "ငါတို့လည်း မင်းကို လွမ်းတယ်။"

ပိုင်ရှင်းယွီ ရှိုက်သံနှင့်အတူပြောလာသည်။ "ခေါင်းဆောင်၊ ကျွန်တော့်ကို မမေ့သေးဘူးမလား။ ကျွန်တော်တို့က ဒီ့လောက်ဝေးကွာနေတာ၊ ကျွန်တော့်ကို မေ့သွားကြပြီလား။"

"မဖြစ်နိုင်တာ၊ ဘယ်တော့မှ မမေ့သွားဘူး။"

"ကျွန်တော်လည်း မေ့မသွားဘူး။ ကျွန်တော် အကုန်လုံးကို အမြဲတမ်း သတိရနေတာ။" ပိုင်ရှင်းယွီ ရီဝေဝေဖြစ်မှုများအကြား သူ အခုထိ စစ်တပ်ကို လွမ်းနေသေးကြောင်း သိလိုက်ရသည်။ ဒီအမှတ်တရများက သူ့ဘဝရဲ့ အဖိုးအတန်ဆုံးအချိန်တွေပင်။

"ဝေ့၊ ဖုန်းချန်က မင်းနဲ့ စကားပြောချင်လို့တဲ့။"

ပိုင်ရှင်းယွီ နှလုံးသားထဲ တုန်ခါသွားသလို ဖုန်းကိုင်ထားသည့်လက်ကလည်း တုန်ခါလို့လာသည်။

ယွီဖုန်းချန်၏ ညှို့ဓာတ်ပါသည့် ဩရှရှအသံက ဖုန်းအတွင်းမှ နှလုံးသားထဲအထိ တိုးဝင်လာတော့သည်။ "ရှင်းယွီ၊ မင်း အဆင်ပြေနေရဲ့လား။"

ပိုင်ရှင်းယွီ ခဏတာမျှ တိတ်ဆိတ်နေပြီးမှ မျက်ရည်များကို ချုပ်တည်းလျက် တိုးတိုးပြောလိုက်သည်။ "ပြေတယ်။"

"ငါ သန်ဘက်ခါ အိမ်ပြန်ရောက်မှာ။ မိသားစုနဲ့ပြန်တွေ့ဖို့ဆိုပြီး ခွင့်တိုင်ထားတယ်။"

ပိုင်ရှင်းယွီ ကြောင်အသွားပြီး စိုးထိတ်မှုအပြည့်နှင့် စိတ်လှုပ်ရှားလာပြီး စကားတောင် မပြောနိုင်တော့။

"ငါ မင်းကို လာရှာမယ်။"

ပိုင်ရှင်းယွီ အံတင်းတင်းကြိတ်ထားရင်း တုန်ခါချင်နေသည့် အသံဖြင့် ပြောလိုက်သည်။ "မလာနဲ့။ ငါ့မှာ မင်းနဲ့တွေ့ဖို့ အစီအစဉ်မရှိဘူး။"

ယွီဖုန်းချန် ခဏတာမျှ တိတ်ဆိတ်လို့သွားသည်။ "အဲ့လိုဆိုလည်း ငါမင်းကို လာရှာဦးမှာပဲ။"

ပိုင်ရှင်းယွီ အသက်ပြင်းပြင်းရှူလိုက်ရသည်။ "ဒုခေါင်းဆောင်ဆီ ဖုန်းပြန်ပေးလိုက်။"

ယွီဖုန်းချန် တစ်ဖန် ပြန်တိတ်ဆိတ်လို့သွားပြီးမှ ချန်းကျင်းထံ ဖုန်းပြန်လွှဲပေးလိုက်သည်။ ပိုင်ရှင်းယွီ သူ့ရဲဘော်ရဲဘက်များ တစ်ယောက်ချင်းဆီကို နှုတ်ဆက်စကားဆိုပြီး အချိန်အတော်ကြာ စကားစမြည်ပြောကြရင်း သတင်းကောင်းများစွာကို သိလာရသည်။ ချန်းကျင်းက ရာထူးတစ်ဆင့်တိုးသွားပြီး ဟော့ချောင်ရဲ့ကဗျာပေါင်းစုစာအုပ်ကိုလည်း ထုတ်ဝေနိုင်ခဲ့ပြီ။ လောင်-ရှား ချွေးမလေးက ဒုတိယကလေးကို ကိုယ်ဝန်လွယ်ထားရပြီး အားစစ်ရဲ့ ပြောဆိုဆက်ဆံရေးဘာသာပိုင်းတွင် PhD. Thesis ရေးခြင်းကလည်း စာအုပ်အဖြစ်ထုတ်နိုင်ခဲ့သည်။ ဝမ်းမြောက်ဖွယ်သတင်းများက သူ၏မှိုင်တွေနေစိတ်ကို အနည်းငယ်မျှ ကြည်လင်သွားစေပေမယ့် ယွီဖုန်းချန် အိမ်ပြန်လာမည့်သတင်းက သူ့အတွေးအာရုံကြောကို သက်ရောက်မှုရှိနေဆဲ။

'နှင်းကျားသစ်တပ်မဟာ' မှ ရဲဘော်ရဲဘက်များနှင့် စကားပြောပြီးသည့်နောက် သူ တပ်ခွဲ(၃)ကို ဖုန်းပြန်ခေါ်ဆိုလိုက်ရာ အတော်လေး စည်စည်ကားကားရှိလှသည်။ ဖုန်းသုန့်ယွမ်က စိတ်လှုပ်ရှားမှုများဖြင့် ပိုင်ရှင်းယွီကို ပြောလာသည်။ "ရှင်းယွီ၊ ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်။"

"ဟားဟား၊ ဒီနေ့တော့ သတင်းကောင်းတွေချည်းပဲကွာ။"

"ငါတို့အိမ်အခြေအနေ အဆင်ပြေလာပြီကွ။ လူတစ်ယောက်က ငါ့ညီမလေးကို ကျောင်းဆက်တက်နိုင်အောင် ထောက်ပံ့ပေးလာတယ်။ ပြီးတော့ ငါ့အဖေရဲ့ဒဏ်ရာအတွက်လည်း လျော်ကြေးငွေတွေ လက်ခံရထားတယ်တဲ့။ ငါ စစ်မှုထမ်းနားပြီး ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီ!"

ပိုင်ရှင်းယွီ စိတ်လှုပ်ရှားတကြီး ပြောလိုက်သည်။ "ကောင်းလိုက်တာ။ မင်း ပေ့ကျင်းကို လာမှာလား။"

ဖုန်းသုန့်ယွမ် ပြုံးပြီး ပြောလိုက်သည်။ "ငါ အကောင်းဆုံးကြိုးစားမယ်။"

"မင်း ပေ့ကျင်းကို ရအောင်လာခဲ့။ ငါ့ရဲ့ အဖော်အဖြစ်နေပေး။"

"ငါလည်း မင်းဆီ လာခဲ့ချင်ပါတယ်။ ပေ့ကျင်းမှာက တက္ကသိုလ်ကောင်းတွေ အများကြီးပဲလေ။ ငါ သေချာပေါက် အစွမ်းကုန်ကြိုးစားမယ်။"

ပိုင်ရှင်းယွီ သူ့ကို စကားအနည်းငယ်ပြောကာ အားပေးပြီးနောက် ချန်းလျန်၊ ခေါင်းဆောင်ဝူ၊ ရွှီချွမ်တို့ အဆင်ပြေပြေရှိကြရဲ့လားဆိုသည့်အကြောင်းများ မေးမြန်းလိုက်သည်။ လူတိုင်း အဆင်ပြေနေကြောင်း ကြားသိရခြင်းက သူ့ရင်ထဲ တကယ်ကို သက်သာရာရစေသည်။

ဖုန်းချပြီးသည့်နောက် သူ သက်ပြင်းချလိုက်မိသည်။ ဒီနေ့တော့ သူ အိပ်မက်ကောင်းကောင်း မက်တော့မည်ဟူသည့် ခံစားချက်များရနေသည်။ ထို့နောက်တွင်တော့ သူ့အိပ်မက်ထဲတွင် သူက ခွန်းလွန်းတောင်ပေါ် ပြန်ရောက်နေပြီး စနိုက်ပါတစ်လက်ကို ကိုင်ဆောင်ထားလျက် စစ်ပွဲ၏ မမြင်ကွယ်ရာတစ်နေရာမှ ထိန်းချုပ်သူဖြစ်နေလေသည်။

ယွီဖုန်းချန် ပြန်လာမည်ဟူသည့်သတင်းက ပိုင်ရှင်းယွီကို အနည်းငယ်မျှတော့ အအိပ်အစားမမှန်ဖြစ်သွားစေသည်။ သူက အရင်ကတည်းက စိတ်ခံစားချက်လွယ်ကူပြီး အခြားသူများ၏လွမ်းမိုးမှုကိုလည်း အလွယ်တကူခံရသူဖြစ်သည်။ အကျိုးနည်း စကားစုနှင့်ပြောပြရမည်ဆိုပါက 'ငိုလိုက်ရယ်လိုက်' လူမျိုးဖြစ်သည်။ နှင်းကျားသစ်တပ်မဟာအတွင်း အတွေ့အကြုံများက သူ့ကို အတော်လေး တည်တည်ငြိမ်ငြိမ်ဖြစ်သွားစေပေမယ့် နဂိုရှိစိတ်ဓာတ်များကတော့ ထိုမျှ အလွယ်တကူပြောင်းလဲသွားနိုင်ခြင်း မရှိ။

ထိုနေ့လည်က ကုမ္ပဏီရှိ ကားပါကင်အတွင်းလျှောက်ဝင်သွားလိုက်သည်နှင့် သူ့နောက်မှ တစ်ယောက်ယောက် လိုက်လာတာကို ခံစားလိုက်ရသည်။ သူ အနောက်သို့ ပြန်လှည့်မကြည့်ပဲ အိတ်အတွင်းမှ စစ်တပ်သုံး ဓားတိုလေးကို ဆွဲထုတ်လိုက်သည်။ ကားပါကင်တွင် ရှိတတ်သည့် မှန်အဝိုင်းကို အသုံးပြုကာ အနောက်သို့ အလျင်အမြန် တစ်ချက်အကြည့်ပို့လိုက်ချိန် အရိပ်မည်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။

ပိုင်ရှင်းယွီ တွေးလိုက်မိသည်။ ဘယ်သူကများ သူ့နောက်ကို လိုက်မှာလဲ။ သူ ပြန်လာကတည်းက အလောင်းအစားလည်း မလုပ်သလို မိန်းမလိုက်ပိုးခြင်းလည်း မရှိ။ သူ့ဘာသာသူ နေခဲ့သည်။ သူ့အကြွေးများကလည်း ပြီးခဲ့တဲ့နှစ်ကတည်းက အကုန်ချေပြီးဖြစ်၏။

သူ စိတ်ငြိမ်ကျသွားပြီး နှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်၊၊ 'လေ့ကျင့်ခန်းမလုပ်တာ ကြာပြီဆိုပေမယ့်လည်း ဒီသခင်လေးက မင်း ဘာလိုချင်နေတာလဲ တစ်ချက်ကြည့်ရသေးတာပေါ့။'

သူ တမင်ကို ကားများအကြား ကွေ့ပတ်သွားကာ ဝင်လိုက်ထွက်လိုက်နှင့် သွားနေသည့်လမ်းကြောင်းကို ရှုပ်ထွေးစေလျက် ကားများအကြား သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ကိုယ်ယောင်ဖျောက်လိုက်ပြီး နောက်ဆုံးတွင် ကားတစ်စီး၏နောက်တွင် ဆက်ကနဲငုံ့ပုန်းလိုက်တော့သည်။

ခြေသံများက တဖြည်းဖြည်းနီးလာပြီး ပိုင်ရှင်းယွီလည်း အသက်ပြင်းပြင်းရှူလျက် ကားအနောက်မှ ရုတ်တရက် ခုန်ထွက်ကာ ထိုသူ့မျက်နှာကို ပိတ်ကန်လိုက်လေသည်။

ထိုသူက ခေါင်းကို ဆက်ကနဲလှုပ်ရှားပြီး ကန်ချက်အား အလွယ်တကူ ရှောင်ရှားသွားသည်။

ပိုင်ရှင်းယွီ ထိုကန်ချက်အတွက် အနည်းငယ်မျှ နောင်တရချင်သွားသည်။ အကြောင်းကား သူ့နောက်ကို လိုက်လာသူမှာ အခြားသူ မဟုတ်၊ ယွီဖုန်းချန် ဖြစ်နေသည်။

ယွီဖုန်းချန် ခြေနှစ်လှမ်းမျှ နောက်ဆုတ်ပြီး ခပ်ရေးရေးပြုံးသည်။ "မတွေ့ဖြစ်တဲ့ တစ်နှစ်နီးပါးအတွင်း မင်း လက်ရည်နည်းနည်းကျသွားတာပဲ။"

ပိုင်ရှင်းယွီ နှလုံးခုန်သံက လျင်မြန်နေပေမယ့် အပြင်ဘက်တွင်တော့ တည်ငြိမ်နေလျက်။ သူ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "မင်း .. ဘာလို့ ငါ့နောက်လိုက်နေတာလဲ။"

"မင်းရဲ့သတိထားနိုင်စွမ်းကို စမ်းချင်လို့။"

"ငါ့ရဲ့သတိထားနိုင်စွမ်းကို စမ်းဖို့ ခြေရာ လက်ရာတွေ ချန်ထားပေးတယ်? မင်း လူကို အထင်သေးလွန်းသွားပြီ။"

"အတည်ပေါက် ကစားနေတာမှ မဟုတ်ပဲ။"

ယွီဖုန်းချန် မျက်လုံးများကို ပိုင်ရှင်းယွီကို စတွေ့ချိန်ကတည်းက ပိုင်ရှင်းယွီ မျက်နှာပေါ်မှ အကြည့်ခွါသွားခြင်း မရှိ။ မလှုပ်မရှားနှင့် ရပ်တန့်နေလျက်။ ပိုင်ရှင်းယွီ အသားအရည်က အရင်ကထက် ပိုဖြူဖွေးလာပြီး သူ့နဖူးလေးကလည်း ပြောင်ပြောင်လက်လက်ဖြစ်နေသည်။ သူ့ဆံပင်ကေ ကတော့ စစ်တပ်တုန်းက အလေ့အထအတိုင်းပင်။ ခပ်တိုတိုညှပ်လို့ထားကာ သူ့အရိုးအသားထဲထိ စိမ့်ဝင်နေသည့် ခံ့ညားနေမှုကတော့ အနောက်တိုင်းအင်္ကျီနှင့် ရှူးဖိနပ် ဝတ်ထားချိန်မှာတောင် အရှိန်အဝါတစ်မျိုး ပေးစွမ်းနေဆဲ။ သူ ပိုင်ရှင်းယွီကို တစ်ကြိမ် ထပ်မြင်တွေ့ခွင့် ရမည့်အကြောင်း ခဏခဏ စိတ်ကူးယဉ်ကြည့်ရင်း ပြောရမည့်စကားများကိုပါ တွေးတောခဲ့ပေမယ့် တကယ် လူချင်းတွေ့လိုက်ရသည့်အချိန် သူ့စိတ်ထဲ တင်းတင်းကျပ်ကျပ် ပြေးဖက်ချင်စိတ်ကလွဲလို့ မရှိတော့မှန်း သိလာရသည်။

ပိုင်ရှင်းယွီလည်း ယွီဖုန်းချန်ကို ကြည့်နေမိသည်။ မတွေ့ရတာ ဆယ်လနီးပါးရှိပြီးနောက် ယွီဖုန်းချန်မျက်ဝန်းများက ပိုမိုစူးရှလာပြီး သူ့အရှိန်အဝါကလည်း ခိုင်မာမှုအပြည့်နှင့် နက်ရှိုင်းနေတော့သည်။ လူတစ်ကိုယ်လုံးက အိပ်ပျော်နေသည့် ကျားသစ်နက်တစ်ကောင်အလား။ ဘယ်အချိန်များ ရုတ်တရက် လျပ်စီးလိုအလျင်နှင့် ခုန်အုပ်လာမလဲ ဘယ်သူမှ မသိရ။ သူ့ဘေးရပ်နေရင်တောင်မှ ကျောစိမ့်သလို ခံစားချက်မျိုး ပေးစွမ်းနေသည်။

ထိုနှစ်က သူ ယွီဖုန်းချန်နှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်အမှတ်ရလာသည်။ ထိုအချိန်က ယွီဖုန်းချန်တွင် လူငယ်ဆိုတာနှင့် ငယ်ရွယ်မှုအကြား စိမ်းသက်မှုအချို့ရှိနေသေးသည်။ သွားဖြူဖြူလေးများ ပေါ်အောင်လည်း ရယ်တတ်သည်။ သူ့ကို အမြဲစနောက်နေရတာလည်း ကြိုက်သလို အောင်မြင်သွားရင်လည်း မုန်းတီးဖွယ် အပြုံးတစ်ခု ပြုံးပြလာလိမ့်ရှိသည်။ အခုတော့ ယွီဖုန်းချန်က ယောက်ျားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ တည်ငြိမ်ပြီးအနေအေးလှသည့် ယောက်ျားတစ်ယောက်။

ပိုင်ရှင်းယွီ ရှင်းရှင်းလင်းလင်း သိလာရသည်က စစ်တပ်က သူတစ်ယောက်တည်းကိုပဲ ပြောင်းလဲသွားစေတာ မဟုတ်။ ယွီဖုန်းချန်ကိုလည်း ပြောင်းလဲသွားစေခဲ့သည်။ ပြောင်းလဲနေသည့် ကြားကာလအတွင်း ဆုံတွေ့ခဲ့ကြသည့် သူတို့နှစ်ယောက်။ ဖြစ်နိုင်တာတော့ အစကတည်းက မှားယွင်းတွေ့ဆုံခဲ့ကြတာပင်။ ပြောရပါက ထိုအချိန်အတွင်း သူတို့နှစ်ယောက်ကြားတွင် ရေရေရာရာ ဘာဆိုဘာမှ မရှိသေး။

ပိုင်ရှင်းယွီ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "မင်း ဘာလို့ ငါ့လာရှာတာလဲ။"

"ထမင်းသွားစားမလို့၊ ဒါမှမဟုတ်လည်း အတူသောက်တာဖြစ်ဖြစ်ပေါ့။"

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "ညကျ လုပ်စရာကိစ္စတွေရှိသေးတယ်။"

ယွီဖုန်းချန် နှုတ်ခမ်းထောင့်လေးက တွန့်ကွေးသွားသည်။ "ရှင်းယွီ၊ ကျန်တာတွေ ဘေးဖယ်ထားလိုက်ရင်တောင် ငါက မင်းရဲ့ရဲဘော်ရဲဘက်လေ။"

ပိုင်ရှင်းယွီ ထိုစာကြောင်းကို ပြိုင်မငြင်းနိုင်။ ထို့အပြင် ယွီဖုန်းချန်ကို အမြဲလိုလိုရှောင်ရှားနေရခြင်းကလည်း အလွန်နေရခက်စေသည်။ မှန်၏။ ဘယ်လိုပဲဖြစ်နေပါစေ ယွီဖုန်းချန်က သူ့ရဲဘော်ရဲဘက်တစ်ယောက်ဖြစ်နေဆဲ။

သူ ပြောလိုက်သည်။ "ကားပေါ်တက်။ ငါ မင်းကို ညစာလိုက်ကျွေးမယ်။" ထို့နောက်မှာတော့ သူ တစ်ဖက်လှည့်ကာ တံခါးဖွင့်လိုက်သည်။

ရုတ်တရက် ယွီဖုန်းချန် ပိုင်ရှင်းယွီရှိရာသို့ အပြေးရောက်လာပြီး ပိုင်ရှင်းယွီ မတုန့်ပြန်နိုင်လိုက်ခင်မှာပဲ အနောက်မှ သိုင်းဖက်ထားတော့သည်။

ပိုင်ရှင်းယွီ ကြောင်အသွားပြီး မာမာထန်ထန်မေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ!"

ယွီဖုန်းချန် သူ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ပခုံးထက် နဖူးတင်ထားလျက် ဝေဝေဝါးဝါးပြောလာသည်။ "ခဏလောက်ပဲ မင်းကို ပေးဖက်ပါ။ ရှင်းယွီ၊ ငါ မင်းကို အရမ်းသတိရနေတာ။"

ပိုင်ရှင်းယွီ နှလုံးသားထဲ ဆွဲညှစ်ခံရသလို ခံစားချက်နှင့် တစ်ဖန်ပြန်နာကျင်လာရသည်။ အားပါလွန်းတဲ့ ပွေ့ဖက်မှု .. တကယ်တော့ ရင်းနှီးလွန်းနေခဲ့သည် ... သူ စိတ်ငြိမ်အောင် လုပ်ရင်း ယွီဖုန်းချန် ဝမ်းဗိုက်ကို တံတောင်ဖြင့် တွန်းထိုးချလိုက်သည်။ ယွီဖုန်းချန် နာကျင်မှုဖြင့် သူ့ကို လွှတ်ပေးလာသည့်အချိန် သူ အေးစက်စက်ပြောလိုက်သည်။ "သွားသေလိုက်တော့ မင်း"

သူ ကားပေါ်တက်ပြီးသည်နှင့် တန်းမောင်းထွက်ဖို့ လုပ်လိုက်သည်။

ယွီဖုန်းချန် ကားတံခါးကို လှမ်းဆွဲပြီးမှ မျက်မှောင်ကြုတ်သွားပြီး သူ့ဗိုက်သူ ပြန်ဖိထားလိုက်သည်။ "မလုပ်နဲ့။ ငါ ညစာ စားချင်သေးတယ်။"

သူတို့နှစ်ယောက် အချိန်အတော်ကြာ အားပြိုင်လျက် ရှိနေပြီးမှ ယွီဖုန်းချန် ကားပေါ်သို့ တက်ခွင့်ရတော့သည်။

ယွီဖုန်းချန် ကားအတွင်းပိုင်းကို လိုက်ကြည့်နေသည်။ "မင်း ဒီလိုကားမျိုး မောင်းနေလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။"

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "အင်း၊ ပိုက်ဆံ မရှိလို့။"

"ငါ့ကားကို မင်း ပေးခဲ့မယ်လေ။ ငါလည်း မောင်းဖြစ်တာမှ မဟုတ်တာ။"

ပိုင်ရှင်းယွီ သူ့ကို မျက်နှာသေဖြင့် လှမ်းကြည့်လိုက်သည်။ "သိမ်းထားလိုက်။"

"မင်း ကျောင့်ကောနဲ့ ရွှေလင်းယုန်တို့ မိသားစုဆီ ပိုက်ဆံပို့ပေးခဲ့တာ၊ ငါတို့အကုန်သိတယ်။"

ပိုင်ရှင်းယွီ အံ့အားသင့်သွားတယ်။ "ဘယ်လို သိတာလဲ။" သူ အမည်မဖော်လိုသူအဖြစ် လွှဲပေးခဲ့တာပင်။

"စုံစမ်းချင်ရင် စစ်ဆေးကြည့်လို့ရတဲ့နည်းက ရှိနေမြဲလေ။" ယွီဖုန်းချန် မေးထောက်ထားရင်း ပိုင်ရှင်းယွီ၏ ဘေးတစ်စောင်းမျက်နှာကို ငေးကြည့်နေသည်။

"ငါ အရင်ကတည်းက မင်းကို အမြဲပြောပြချင်နေခဲ့တာ၊ ငါတို့ရန်ဖြစ်တုန်းက ငါပြောခဲ့သမျှ စကားတော်တော်များများက စိတ်ရင်းနဲ့ ပြောခဲ့တာမျိုး မဟုတ်ဘူးဆိုတာကိုပေါ့။ အရင်တုန်းက ပိုင်ရှင်းယွီက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခု မင်းက အရမ်းကောင်းတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီ။ ပြီးတော့ မင်းအစ်ကိုအနေနဲ့ မင်းကို သွန်သင်ရိုက်သွင်းပေးထားတာတစ်ခု ရှိတယ်လို့ ငါ ယုံတယ်။ အဲ့ဒီ ယောက်ျားတစ်ယောက်ရဲ့တာဝန်ယူချင်တဲ့စိတ်။"

ပိုင်ရှင်းယွီ မှင်သေသွားပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။ "ပြီးခဲ့တာတွေက ပြီးပြီ။ ငါတောင် မေ့နေပြီ။"

"ငါ မမေ့ဘူး။" ယွီဖုန်းချန် သူ့ကို နက်နက်နဲနဲ စိုက်ကြည့်လာသည်။ "ရှင်းယွီ၊ မင်းနဲ့အတူဖြတ်သန်းခဲ့တဲ့ ကိစ္စတိုင်းကို ငါ မှတ်မိနေဆဲပဲ။"

ပိုင်ရှင်းယွီ၏နှုတ်ခမ်းများက အနည်းငယ်မျှ တုန်ယင်သွားသည်။ သူ ခေါင်းလှည့်ပြီး ယွီဖုန်းချန်၏ အကြည့်စူးစူးများကို လှမ်းမကြည့်ရင်တောင်မှ လောင်မြိုက်နေသည့် အကြည့်များကို ခံစားနေရဆဲ။

KittyKitling

T/N : ကော .. ကျွန်တော့်ကို ချီ

>< Hai ! Monday ပြန်တွေ့မယ်။

They've changed so much ..

_____///_____

[Zawgyi]

'ႏွစ္သစ္ကူး .. ေနာက္ေယာင္ခံလိုက္သူတစ္ေယာက္'

ႏွင္းက်ားသစ္တပ္မဟာမွ ထြက္လာၿပီး ေျခာက္လအၾကာမွာေတာ့ သူ႔ဘဝသစ္က လမ္းေၾကာင္းမွန္ေပၚ လုံးလုံးလ်ားလ်ားေရာက္ေနခဲ့ၿပီ။

တစ္အိမ္သားလုံး သူ႔ေျပာင္းလဲသြားမွုႏွင့္ပတ္သတ္ၿပီး အလြန္ေပ်ာ္ရႊင္ေနၾကေပမယ့္ သူ႔မိဘမ်ားကေတာ့ သူ႔အျပဳအမူမ်ားကို ပိုလြန္းသည္ဟု ထင္လာၾကသည္။ အရင္တုန္းက သူတို႔သားရဲ့ ေပြလီရွုပ္ေထြးလြန္းတဲ့ ဆက္ဆံေရးမ်ားေၾကာင့္ တစ္ေန႔ အိမ္ကို ဗိုက္တစ္လုံးႏွင့္မိန္းမတစ္ေယာက္ ေရာက္ခ်လာမွာေတာင္ သူတို႔အေနႏွင့္ စိုးရိမ္ခဲ့ရသည္။ အခုေတာ့ သူတို႔သားမွာ အရာရာပုံစံေျပာင္းသြားလြန္းတာမို႔ စိုးရိမ္တႀကီးႏွင့္ လူခ်င္းေတြ႕ဆုံျခင္းမ်ား ျပဳလုပ္ခိုင္းေတာ့သည္။ သို႔ေပမယ့္ သူကေတာ့ ထိုအရာမ်ားတြင္ စိတ္ဝင္စားျခင္း မရွိ။ စီမံခန့္ခြဲေရး၊ ဘ႑ာေရးႏွင့္ စာရင္းဇယားပိုင္းမ်ားကိုသာ ေလ့လာရင္း ေန႔တိုင္း သူ႔ဘဝကို စိတ္ေက်နပ္ဖြယ္အတိျဖတ္သန္းလ်က္ရွိေနသည္။

စစ္တပ္ထဲေနရသည့္ဘဝႏွင့္ ရဲေဘာ္ရဲဘက္မ်ားကို သတိရလြန္းျခင္းက သူ႔စိတ္ထဲ အႀကံတစ္ခုေပၚလာေစသည္။ လုံျခဳံေရးကုမၸဏီတစ္ခု သူ ေထာင္ခ်င္သည္။ သူ ပိုက္ဆံနည္းနည္းသုံးကာ ဒီေနရာတစ္ဝိုက္တြင္ရွိသည့္ အႀကံေပးေဆြးေႏြးေရးကုမၸဏီတစ္ခုႏွင့္ ညႇိႏွိုင္းတိုင္ပင္ၾကည့္ရာ ေစ်းကြက္အေျခအေနအရလည္း ေကာင္းမြန္ေနမွန္း သိလာသည္။ တစ္ခါတစ္ရံဆိုပါက ျပည္တြင္း လုံျခဳံေရးလိုအပ္ခ်က္မ်ားအျပင္ ၿငိမ္သက္မွုမရွိလွသည့္နိုင္ငံမ်ားတြင္ ကုမၸဏီအခြဲဖြင့္ခ်င္သည့္ ကုမၸဏီႀကီးမ်ားအတြက္လည္း လုံျခဳံေရး တာဝန္ယူလိုက္ပို႔ေပးရျခင္းမ်ား ရွိတတ္ေၾကာင္း သိလိုက္ရသည္။ သူ ေတြးၾကည့္မိသည္။ ႏွစ္အနည္းငယ္အတြင္း သူ႔ရဲေဘာ္ရဲဘက္မ်ားကလည္း စစ္မွုထမ္းနားေတာ့မည္။ နယ္ရြာမ်ားမွ စစ္သားအမ်ားစုကလည္း ဘြဲ႕ႏွင့္ ေက်ာေထာက္ေနာက္ခံဆိုတာ မရွိလွ။ လူ႔အသိုင္းအဝိုင္းအတြင္း အလုပ္တစ္ခု ျပန္ရွာဖို႔ အလြန္ခက္ခဲလြန္းလွသည္။

သူသာ သူတို႔အင္အားမ်ားကို အစြမ္းကုန္ အသုံးျပဳနိုင္တဲ့ ကုမၸဏီတစ္ခုေထာင္နိုင္ခဲ့ပါက သူ႔ရဲေဘာ္ရဲဘက္မ်ားကိုလည္း တစ္ေနရာတည္းတြင္ စုစည္းလိုက္နိုင္ၿပီး ပိုက္ဆံလည္းရွာနိုင္မွာပင္။ တကယ္ကို တစ္ခ်က္တည္းႏွင့္ အက်ိဳးမ်ားစြာရနိုင္မည့္အစီအစဥ္ျဖစ္၏။

သူ အစီအစဥ္မ်ား ေရးဆြဲၿပီး သူ႔အစ္ကိုႏွင့္ စကားသြားေျပာလိုက္သည္။

က်န္းေဆြ႕ယင္း ေမးေထာက္လ်က္ အခ်ိန္အေတာ္ၾကာ ဖတ္ေနရင္းမွ သူ႔ကို ေမာ့ၾကည့္လာသည္။ "မင္းကေတာ့ ေသနတ္ မကိုင္ရ မေနနိုင္ျဖစ္ေနတာလား။"

ပိုင္ရွင္းယြီ ျပဳံးလ်က္ေျပာလိုက္သည္။ "ထင္ပါရဲ့ဗ်ာ။ ျပည္ပေရာက္ေနရင္ ေသနတ္ ျပန္ကိုင္လို႔ရတယ္ေလ။"

က်န္းေဆြ႕ယင္း စားပြဲေပၚမွ စာရြက္မ်ားကို လက္ျဖင့္ တို႔ေခါက္ေနသည္။ "ဒီလိုအႏၲရာယ္မ်ားတဲ့အလုပ္ကို မင္းလုပ္ဖို႔ အန္တီနဲ႔ ဦးေလးက သေဘာတူမွာ မဟုတ္ဘူး။"

"အဲ့ေလာက္လည္း အႏၲရာယ္မမ်ားပါဘူး။ က်ဴးေက်ာ္ဝင္ေရာက္တဲ့ကိစၥေတြက ေန႔တိုင္းနီးပါးျဖစ္ေနတာမွ မဟုတ္တာ။ အလုပ္အမ်ားစုကလည္း နာမည္ႀကီးအႏုပညာရွင္ေတြကို ကာကြယ္ေပးရတာတို႔၊ ေက်ာက္မ်က္ရတနာပါတဲ့ကုန္ေတြ ပို႔ေပးရတာေလာက္ပဲ။ ၿပီးေတာ့ ကၽြန္ေတာ္က သူေဌးေလ။ အႏၲရာယ္မ်ားတယ္ဆို မသြားဘူးေပါ့။" ပိုင္ရွင္းယြီ စိတ္ခ်ေစရန္ေျပာဆိုလိုက္သည္။

က်န္းေဆြ႕ယင္း ခဏၾကာေအာင္ ေတြးေနမိသည္။ "မင္း ငါ့ကုမၸဏီမွာ အလုပ္သင္ ဝင္လုပ္ေနတဲ့ ၆လအတြင္း ေျမကြက္ရွာၿပီး အိမ္ရာစီမံကိန္းလုပ္တာေတြလည္း သိသင့္သေလာက္ သိေနပါၿပီ။ ေကာင္းက်ိဳး ဘယ္ေလာက္မ်ားလဲ၊ ပိုက္ဆံဝင္တာလည္း ျမန္တယ္။ ဒါေတာင္ မင္းက အဲ့လုပ္ငန္းကို သြားလုပ္ခ်င္တုန္းလား။"

ပိုင္ရွင္းယြီ အနားကပ္သြားကာ သူ႔အစ္ကိုပခုံးကို ႏွိပ္ေပးေနရင္း ခၽြဲေျပာလိုက္သည္။ "ေကာ၊ ဒါကမွ ကၽြန္ေတာ္လုပ္ခ်င္တာေလဗ်ာ။ ေကာလည္း စိန္ေခၚရတာေတြ ႀကိဳက္တယ္မလား။ ၿပီးေတာ့ ဒီလုပ္ငန္းက ေကာ တစ္ခါမွ ေျခမခ်ဖူးေသးတဲ့နယ္ပယ္မ်ိဳး။ ဒါေပမယ့္ ေကာမွာ အခ်ိတ္အဆက္ေတြ ရွိတယ္ေလ။ ကၽြန္ေတာ့္ကို ကူေပးပါဗ်ာ။"

က်န္းေဆြ႕ယင္း 'က်စ္' သပ္လိုက္သည္။ "ညင္ညင္သာသာ လုပ္၊ မင္းလက္က အားျပင္းလြန္းတယ္။"

ပိုင္ရွင္းယြီ အလ်င္အျမန္ပဲ အားထည့္ထားျခင္းကို ေလ်ာ့ခ်လိုက္သည္။

က်န္းေဆြ႕ယင္း စားပြဲကို ၾကည့္ေနရင္း ေခါင္းၿငိမ့္ျပလိုက္သည္။ "ငါ စဥ္းစားၾကည့္ဦးမယ္။ နားေထာင္ၾကည့္ရသေလာက္ေတာ့ စိတ္ဝင္စားစရာပဲ။"

"ေက်းဇူးပါ၊ ေကာ"

"ဟုတ္သား၊ အန္တီ မင္းကို သြားေတြ႕ဖို႔ မိတ္ဆက္ေပးထားတဲ့ေကာင္မေလးေတြ .. သြားေတြ႕ၿပီးၿပီလား။"

ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္သြားသည္။ "ကၽြန္ေတာ့္အသက္က အခုမွ ၂၅ရွိေသးတယ္။ ဘာလို႔အလ်င္လိုေနမွာလဲ။"

"ငါလည္း အလ်င္လိုသင့္တယ္လို႔ မထင္ဘူး။ ဒါေပမယ့္ အန္တီလည္း ဘာျဖစ္ေနလဲ မသိ။ ေယာက္်ားဆိုတာ အလုပ္အကိုင္ အတည္အက်ျဖစ္ေအာင္ အရင္လုပ္သင့္တာေပါ့။"

"ကၽြန္ေတာ့္ေကာက အေျမာ္အျမင္အရွိဆုံးပဲ။"

"ဒါနဲ႔ မင္းရဲ့ကား ... တကယ္ မလဲေတာ့ဘူးလား။" က်န္းေဆြ႕ယင္း ပိုင္ရွင္းယြီ၏ကားအေၾကာင္း ေတြးမိသည္ႏွင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။

"ဘာလို႔ လဲရမွာလဲ။ ပ်က္ေသးတာမွ မဟုတ္တာ။"

"ငါမွာထားတဲ့ Lamborghini ေရာက္လာေတာ့မွာ။ မင္း မလိုခ်င္ဘူးလား။"

ပိုင္ရွင္းယြီ ျပဳံးၿဖီးၿဖီး ျဖစ္သြားသည္။ "အဲ့ကားကို ေကာ မွာထားတာ လီယြီ သိရဲ့လား။"

"သူ သိသိ၊ မသိသိ ဘယ္သူဂ႐ုစိုက္ေနလဲ။" က်န္းေဆြ႕ယင္းမ်က္ဝန္းထဲတြင္ေတာ့ ရႊင္ျမဴးရိပ္မ်ား စြန္းထင္းလို႔။

"ဒါဆို ေရာက္လာမွပဲ ကၽြန္ေတာ့္ကို တစ္ေခါက္၊ ႏွစ္ေခါက္ ေပးစီးဗ်ာ။"

က်န္းေဆြ႕ယင္း ျပဳံးသြားၿပီး ပိုင္ရွင္းယြီကို လွမ္းၾကည့္သည္။ "အရင္က အဲ့တာ မင္းရဲ့ အျဖစ္ခ်င္ဆုံးအိပ္မက္ မဟုတ္ဘူးလား။"

ပိုင္ရွင္းယြီလည္း ျပဳံး၍ျပန္ေျပာသည္။ "အိပ္မက္လည္း ေျပာင္းလဲတတ္ပါတယ္။"

က်န္းေဆြ႕ယင္း သက္ျပင္းဖြဖြခ်သည္။ "တစ္ခါတစ္ရံက် မင္းကို စစ္တပ္ထဲ လႊတ္လိုက္တာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ပဲလို႔ေတာင္ ငါ မေျပာနိုင္ေတာ့ဘူး။ မင္းက ငါတို႔ ေတြးထားတာထက္ ပိုေကာင္းလာလို႔ ... က်င့္သားရသြားဖို႔ေတာင္ ခက္ခဲေနတယ္။"

"ေသခ်ာေပါက္ ေကာင္းတဲ့ကိစၥပါဗ်ာ။ မဟုတ္ရင္ ကၽြန္ေတာ္ အခုအခ်ိန္ ဒီလိုေျဖာင့္မတ္ေနမွာ မဟုတ္ဘူး။"

က်န္းေဆြ႕ယင္း ႏွုတ္ခမ္းမ်ား တြန့္ေကြးသြားသည္။ "အခုက ပိုလြန္းေနၿပီ။"

"ေကာ၊ ေကာရဲ့ဆုံးျဖတ္ခ်က္တိုင္းက အျမဲ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ရွိၿပီး မွန္ကန္တယ္။ ဒီကိစၥမွာလည္း ဒီလိုပဲ။" ပိုင္ရွင္းယြီ သူ႔ပခုံးကို ပုတ္ေပးလိုက္သည္။ "ကၽြန္ေတာ့္လို ႐ုပ္ေခ်ာၿပီး စိတ္ဓာတ္ခြန္အားအျပည့္နဲ႔ ေကာင္ေလးက လူတိုင္းမွာ ရွိေနနိုင္တာမ်ိဳး မဟုတ္ဘူး။"

က်န္းေဆြ႕ယင္း ရယ္ရင္းႏွင့္ ေအာ္ေငါက္လိုက္သည္။ "ဒါလည္း ႏွစ္ ႏွစ္ပဲရွိေသးတယ္ကြ။"

သူတို႔ အခ်ိန္အေတာ္ၾကာ စကားစျမည္ေျပာေနၿပီးမွ ပိုင္ရွင္းယြီ ႐ုံးဆင္းကာ အိမ္ျပန္ဖို႔ လုပ္လိုက္သည္။

ဒီအခ်ိန္က ေပ့က်င္းၿမိဳ႕တြင္ ကားလမ္းအရွုပ္ဆုံးအခ်ိန္ျဖစ္တာမို႔ ပိုင္ရွင္းယြီ သီခ်င္းဖြင့္ထားကာ ျပတင္းေပါက္အျပင္မွ မိုးစက္မ်ားကို ၾကည့္ေနလ်က္ စိတ္ထဲ ေအးခ်မ္းတည္ၿငိမ္လို႔ေနသည္။

ၿပီးခဲ့တဲ့ေျခာက္လအတြင္း သူ အထူးတပ္ဖြဲ႕ဝင္ဆိုသည့္ဂုဏ္ရာထူးကို ဆြဲထုတ္လိုက္နိုင္ခဲ့ၿပီး သာမန္လူေနမွုဘဝဆီသို႔ ျပန္သြားနိုင္ခဲ့သည္။ သူ သူ႔ရဲေဘာ္ရဲဘက္မ်ားႏွင့္လည္း အဆက္အသြယ္ ျပတ္သြားျခင္း မရွိ။ အေတာမသတ္နိုင္သည့္ ဖုန္းေခၚဆိုမွုႏွင့္ လက္ေရးစာမ်ား ရရွိေနဆဲ။ သူ ဝမ္ဝမ့္-ေကာ ကိုေတာင္ တစ္ႀကိမ္သြားေတြ႕လိုက္ေသးသည္။ အေနာက္ေျမာက္ပိုင္းတြင္ ဖြင့္ထားသည့္ စားေသာက္ဆိုင္ငယ္ေလးက ေအာင္ျမင္စည္ကားလို႔ေနၿပီး အသက္တစ္လျပည့္ၿပီျဖစ္တဲ့ ကေလးေလးကလည္း ခ်စ္စရာေကာင္းလြန္းလွသည္။

သူ သူ႔ရဲေဘာ္ရဲဘက္မ်ားႏွင့္ အဆက္အသြယ္ရလိုက္တိုင္း သူ႔ႏွလုံးသားကို ခ်ိတ္ဆြဲထားသကဲ့သို႔ ခံစားေနရသည္။ သူတို႔ႏွင့္ပတ္သတ္သည့္ သတင္းဆိုးမ်ား ၾကားလာရမည္ကို သူ ေၾကာက္ေနမိသည္။ အထူးသျဖင့္ သူႏွင့္ ရင္းႏွီးခင္မင္လွသည့္သူမ်ား။ ကံေကာင္းခ်င္ေတာ့ အခုအခ်ိန္အထိ ခ်န္းက်င္း၊ ယန့္ေရွာင္းက်င္း၊ ေဟာ့ေခ်ာင္ႏွင့္ ေလာင္-ရွားတို႔ အကုန္လုံး လုံျခဳံေဘးကင္းေနဆဲပင္။ ေသခ်ာေပါက္ .. ယြီဖုန္းခ်န္လည္းေပါ့။

လြန္ခဲ့တဲ့ေျခာက္လအတြင္း ယြီဖုန္းခ်န္ သူ႔ကို အႀကိမ္ေရမ်ားစြာ ဖုန္းေခၚဆိုခဲ့သည္။ သူ ဖုန္းျပန္မေျဖတာလည္း ရွိသလို စကားအနည္းငယ္ေျပာ၍ တန္းခ်ပစ္လိုက္ျခင္းမ်ားလည္း ရွိသည္။ အခ်ိန္ေျခာက္လေက်ာ္ ကုန္ဆုံးသြားၿပီးေနာက္တြင္ ယြီဖုန္းခ်န္အေၾကာင္း ေတြးမိျခင္းက အရင္လို သူ႔ကို ေနရခက္ေစတာမ်ိဳး မျဖစ္ေတာ့။ အနည္းဆုံးေတာ့ သူ ယြီဖုန္းခ်န္အေၾကာင္း တစ္ညလုံး အိပ္မက္ မက္ေနတာမ်ိဳး မရွိေတာ့။ ဒီတိုင္း သူ႔ႏွလုံးသားကို အျခားလူတစ္ေယာက္အတြက္ မဖြင့္ေပးနိုင္ေသး႐ုံသာ။ သူ႔အေမ မိတ္ဆက္ေပးသည့္ ေကာင္မေလးတိုင္းက လွပၿပီး မိသားစု ေကာင္းေကာင္းမွ လာၾကတာဆိုေပမယ့္ သူ စိတ္ဝင္စားသြားျခင္း မရွိ။ တစ္ခါတစ္ေလက် သူ႔ကိုယ္သူ ယြီဖုန္းခ်န္ေၾကာင့္ ေယာက္်ားခ်င္းႀကိဳက္သူတစ္ေယာက္ျဖစ္သြားၿပီလားဟု သံသယဝင္မိေပမယ့္ သူ အျခားေယာက္်ားေလးမ်ားအေပၚတြင္ေတာ့ ဘာခံစားခ်က္မွ ထားလို႔ မရ။

သူ ေတြးမိသည္၊ သူႏွင့္ယြီဖုန္းခ်န္ အၾကားရွိ ဆက္ဆံေရးက စစ္တပ္ဟူသည့္ ထူးထူးျခားျခား ပတ္ဝန္းက်င္ေအာက္တြင္ ေခၽြး၊ ေသြးမ်ားျဖင့္ တည္ေဆာက္ထားခဲ့ၾကတာျဖစ္သည္။ ထို႔အျပင္ ေမ့မရနိုင္ေလာက္သည့္ အေတြ႕အၾကဳံမ်ား၊ အမွတ္တရမ်ားစြာကလည္း မေရမတြက္နိုင္ေလာက္ေအာင္ သူတို႔ၾကားရွိေနၿပီး အမ်ားစုက ခံနိုင္ရည္ကို စမ္းသပ္စိန္ေခၚျခင္း၊ ေသေရးရွင္ေရးကိစၥမ်ား စသည္တို႔ျဖင့္ဆက္စပ္ေနသည္။ ဒီလိုအေတြ႕အၾကဳံမ်ားႏွင့္ တစ္သားတည္းျဖစ္ေနသည့္ ခံစားခ်က္မ်ားက ေမ့ေပ်ာက္ေဖ်ာက္ဖ်က္ပစ္လို႔ မရနိုင္။ ဒီဘဝတြင္ေတာ့ သူ႔အေနႏွင့္ အျခားလူတစ္ေယာက္အေပၚ ထိုမၽွ နက္ရွိုင္းေလးနက္လွသည့္ ခံစားခ်က္မ်ိဳး ရွိလာဖို႔ မျဖစ္နိုင္။

ေတြးေနခ်ိန္ေလးမွာပဲ သူ႔ဖုန္းသံ ထြက္ေပၚလာသည္။ ပိုင္ရွင္းယြီ ေခၚဆိုသူကို လွမ္းၾကည့္လိုက္ခ်ိန္ 'ႏွင္းက်ားသစ္တပ္မဟာ' ဟု ျမင္လိုက္ရတာေၾကာင့္ သူ႔ႏွလုံးသားထဲ တလွပ္လွပ္ျဖစ္သြားရသည္။

'ယြီဖုန္းခ်န္မ်ားျဖစ္ေလာက္လား။'

ျပတင္းေပါက္အျပင္ဘက္ရွိ မိုးရြာႏွုန္းက တျဖည္းျဖည္း သည္းလို႔လာၿပီး ကားအတြင္း စီးေမ်ာေနသည့္ သီခ်င္းသံစဥ္တိုးတိုးေလးကလည္း သူ႔ကို ကမၻာတစ္ခုလုံးႏွင့္ အကန့္ျခားထားလိုက္သလိုမ်ိဳး လုံျခဳံေနသည့္ စိတ္ခံစားခ်က္အား ေပးစြမ္းေနသည္။ ဒီအခ်ိန္အတြင္း ယြီဖုန္းခ်န္အသံၾကားလိုက္ရရင္ ေကာင္းမွာပဲဟူသည့္အေတြးေလးက သူ႔စိတ္ထဲ ႐ုတ္တရက္ ျဖတ္ေျပးသြားေတာ့သည္။

သူ ဖုန္းကို လက္ခံယူလိုက္ခ်ိန္ ယန့္ေရွာင္းက်င္းအသံက တစ္ဖက္မွ ထြက္ေပၚလို႔လာေလသည္။ "ရွင္းယြီ"

ပိုင္ရွင္းယြီ ထိုခဏအတြင္း သူခံစားလိုက္ရသည့္ စိတ္ပ်က္သြားမွုကို လ်စ္လ်ဴရွုထားရင္း ရႊင္ျမဴးသံျဖင့္ေျပာလိုက္သည္။ "ေရွာင္းက်န့္၊ အဆက္အသြယ္မရတာ ၾကာၿပီကြာ။ မင္းတို႔ေတြ မစ္ရွင္သြားေနရတာလား။"

"ဟုတ္တယ္။ ျပန္ေရာက္တာ မၾကာေသးဘူး။ မင္းေကာ အေျခအေနဘယ္လိုလဲ။"

"ေက်ာင္းတစ္ဖက္၊ အလုပ္တစ္ဖက္နဲ႔ အလုပ္ရွုပ္ေနတာပါပဲ။" ပိုင္ရွင္းယြီ စိတ္လွုပ္ရွားတႀကီးေျပာလိုက္သည္။ "ငါ အခုတေလာ အႀကံေပၚလာတာေလး ရွိတယ္။ မင္း ဘယ္လိုထင္လဲ ငါ ၾကားခ်င္မိသား။"

"မင္း ေျပာေလ။"

ပိုင္ရွင္းယြီ လုံျခဳံေရးကုမၸဏီတည္ေထာင္ရန္ စဥ္းစားမိသည့္အေၾကာင္းကို ရွင္းျပလိုက္သည္။

ယန့္ေရွာင္းက်င္း ျပဳံးရင္းေျပာသည္။ "ဒီအႀကံက အေတာ္ေလးေကာင္းတာပဲ။ စစ္တပ္ကေန စစ္မွုထမ္းနားခဲ့ရတဲ့လူေတြ လာလို႔ေကာင္းမယ္ေနရာပဲ။ သူတို႔ကၽြမ္းက်င္ရာကိုလည္း ေကာင္းေကာင္းအသုံးခ်နိုင္တယ္။"

"ဟုတ္တယ္။ ငါလည္း အဲ့လိုပဲေတြးမိတာ။" ပိုင္ရွင္းယြီ ေပၚလာသမၽွ သူ႔ကိုယ္ပိုင္အႀကံမ်ားကို အေျမာက္အျမား ေျပာျပေနလိုက္မိသည္။

ယန့္ေရွာင္းက်င္းကေတာ့ တိတ္တဆိတ္သာ နားေထာင္ရင္း တစ္ခါတစ္ရံက်မွ မွတ္ခ်က္မ်ား ဝင္ေပးလာသည္။ သူတို႔ႏွစ္ေယာက္ စကား တေျပာေျပာရွိေနတာမို႔ လမ္းပိတ္ေနျခင္းကလည္း ပ်င္းရိဖြယ္ မဟုတ္ေတာ့။

ေနာက္ဆုံးမွာေတာ့ ယန့္ေရွာင္းက်င္း ရယ္သံတစ္ခုႏွင့္ေျပာလာသည္။ "ငါ့မွာလည္း မင္းကို ေျပာျပဖို႔ သတင္းေကာင္းတစ္ခုရွိတယ္။"

"အိုး, ဘာသတင္းလဲ။"

"ငါ ႏွစ္ကူးပြဲေတာ္ၿပီးရင္ ေပ့က်င္းကို ေျပာင္းေရြ႕ဖို႔ အမိန့္က်လာၿပီ။"

"ေဝါင္း၊ အဲ့တာဆို လနည္းနည္းပဲ လိုေတာ့တာပဲ။"

"ဟုတ္တယ္။ ငါတို႔ေနာက္ဆို ခ်က္ခ်င္း ေျပးေတြ႕လို႔ရၿပီ။"

ပိုင္ရွင္းယြီ ျပဳံးၿပီးေျပာလိုက္သည္။ "ငါ မင္းနဲ႔အတူ မေသာက္ရတာေတာင္ ၾကာၿပီ။"

"ငါ ေရာက္လာတဲ့အခ်ိန္က် အတူေသာက္တာေပါ့။"

ပိုင္ရွင္းယြီ က်ယ္က်ယ္ေလာင္ေလာင္ ေျပာလိုက္သည္။ "ေကာင္းတာပဲ!"

သူ ခဏတာမၽွ ေတြးေနၿပီးမွ အမွုမဲ့အမွတ္မဲ့ ေမးသလို ေျပာလိုက္သည္။ "ဒါနဲ႔ က်န္တဲ့သူေတြေကာ အေျခအေန ဘယ္လိုရွိလဲ။ ေခါင္းေဆာင္တို႔၊ ဒုေခါင္းေဆာင္တို႔၊ ေလာင္-ရွားနဲ႔ အျခားသူေတြေကာ။"

ယန့္ေရွာင္းက်င္း ျပဳံးသြားသည္။ "သူတို႔အကုန္ အဆင္ေျပပါတယ္။ ဒါေပမယ့္ မင္း အေမးခ်င္ဆုံးသူက ယြီဖုန္းခ်န္ မလား။"

ပိုင္ရွင္းယြီ အနည္းငယ္မၽွေတာ့ ရွက္ရြံ႕သြားသည္။ "အာ .. သူလည္း အဆင္ေျပေနမွာပါ။"

"ငါ ေပ့က်င္းကို ျပန္ေျပာင္းေတာ့မယ္ဆိုတဲ့အေၾကာင္း ၾကားသြားတုန္းက သူ႔မ်က္ႏွာ အေတာ္ေလး ၾကည့္ရဆိုးသြားတယ္။" ယန့္ေရွာင္းက်င္း ေအာင္နိုင္သူတစ္ေယာက္လို ေျပာလာသည္။

"အမွန္အတိုင္းေျပာရရင္ မင္း မရွိေတာ့တဲ့ ေျခာက္လအတြင္း သူ အမ်ားႀကီး ေျပာင္းလဲသြားတယ္။ သူ႔အျပဳအမူေတြကလည္း အရင္ကထက္ ပိုၿပီးတည္တည္ၿငိမ္ၿငိမ္ရွိလာတယ္။ မစ္ရွင္အတြက္ သြားရတဲ့အခ်ိန္တိုင္းလိုလို သူ႔ လုပ္ေဆာင္မွုေတြက ထူးထူးခၽြန္ခၽြန္ျဖစ္ေနလို႔ ငါေတာင္ အံ့အားသင့္ေနတာ။ ဒါေပမယ့္လည္း ငါက အရင္ကတည္းက သူ႔ထက္ ပိုၿပီး တည္တည္ၿငိမ္ၿငိမ္ရွိေနတာေလ။"

ပိုင္ရွင္းယြီ ရယ္သံတစ္ခု အစ္ေအာက္ထုတ္လိုက္ရသည္။ "ေကာင္းတာပဲ။"

'ဒါက ယြီဖုန္းခ်န္ လိုခ်င္ေနတဲ့ ဘဝပဲေလ။'

ဖုန္းခ်ၿပီးသည့္ေနာက္ ကားလမ္းလည္း ရွင္းသြားၿပီမို႔ ပိုင္ရွင္းယြီ အရွိန္တင္ေမာင္းလ်က္ လမ္းေဘးႏွစ္ဘက္ရွိ ရွုခင္းမ်ားကို ၾကည့္ေနရင္း အေတြးနယ္ခ်ဲ့မိေတာ့သည္။ သူတို႔ႏွစ္ေယာက္ ကြဲကြာေနတာ မၾကာေသး၍ျဖစ္နိုင္သည္၊ ၆လ ကုန္ဆုံးၿပီးတာေတာင္မွ ယြီဖုန္းခ်န္ သတင္းမ်ားၾကားရခ်ိန္ သူ ရင္မေအးနိုင္ေသး။ 'ေနာက္ထပ္ ႏွစ္ ႏွစ္ေလာက္ေနရင္ေတာ့ အဆင္ေျပသြားမွာပါ။ သူလည္း ဒီၾကားထဲကေန ထြက္သြားနိုင္မွာပါ။'

စစ္တပ္မွ ထြက္ခြါၿပီးေနာက္ ပထမဆုံးေက်ာ္ျဖတ္ရမည့္ တ႐ုတ္ႏွစ္ကူးက နီးကပ္လို႔ လာေလၿပီ။

ပိုင္ရွင္းယြီ လမ္းမအထက္ႏွင့္ လမ္းႀကိဳလမ္းၾကားမ်ားအတြင္းရွိ မီးအလင္းေရာင္မ်ားႏွင့္ အလွဆင္ထားသည္မ်ားကို ၾကည့္ရင္း တပ္ခြဲ(၃)တြင္ ျဖတ္သန္းခဲ့သည့္ တ႐ုတ္ႏွစ္ကူးအေၾကာင္း ျပန္အမွတ္ရလာေတာ့သည္။ ဒါက သူ စစ္တပ္အတြင္း ကုန္ဆုံးခဲ့ရသည့္ တစ္ခုတည္းေသာ တ႐ုတ္ႏွစ္ကူးပြဲေတာ္ပင္။ ဒုတိယေျမာက္ ႏွစ္ကူးပြဲတြင္ေတာ့ ပခုံးဒဏ္ရာေၾကာင့္ သူ ေဆး႐ုံတြင္ သတိေမ့ေနခဲ့သည္။ သူ ထိုေန႔က တ႐ုတ္ႏွစ္ကူးပြဲအေၾကာင္း မွတ္မိေနေသးသည္။ လူတိုင္း အတူသန့္ရွင္းေရးလုပ္ၾကသည္၊ တ႐ုတ္ႏွစ္ကူးပစၥည္းမ်ား သြားဝယ္ၾကသည္၊ ဟင္းခ်က္ကာ ဖက္ထုပ္ေပါင္းလည္း လုပ္ၾကၿပီး ရဲေဘာ္ရဲဘက္မ်ားအၾကား ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား က်င္းပလို႔ အေျမႇာက္ႏွင့္ ေသနတ္သံမ်ားကိုလည္း မီးရွူးမီးပန္းမ်ားအျဖစ္ သူတို႔ အသုံးျပဳခဲ့ၾကသည္။

ပထမဆုံးအႀကိမ္ သူ႔မိသားစုႏွင့္ ခြဲခြါခဲ့ရတာဆိုေပမယ့္ သူ အထီးက်န္သည္ဟု မခံစားခဲ့ရ။ ၁၂နာရီအတိ နာရီသံျမည္လာတာႏွင့္ မီးရွူးမီးပန္းမ်ား ေငးၾကည့္ရန္ သူတို႔ အျပင္သို႔ ေျပးထြက္ခဲ့ၾကသည္။ ယြီဖုန္းခ်န္ကလည္း သူ႔လက္ကို တိတ္တခိုး ကိုင္ထားခဲ့သည္။ သူအေနႏွင့္ ခြန္းလြန္းေတာင္ေပၚက ျမင္ရသည့္ ညေကာင္းကင္က ဘယ္ေလာက္ေမွာင္မွိုက္ၿပီး ၾကယ္အေရာင္ေတြက ဘယ္ေလာက္ ထိန္လင္းလိုက္သလဲဆိုတာမ်ိဳး ဘယ္ေတာ့မွ ေမ့သြားမွာ မဟုတ္။ အခုခ်ိန္အထိ သူ႔ရဲေဘာ္ရဲဘက္မ်ား၏ ရႊင္ရႊင္ျမဴးျမဴးေအာ္ဟစ္သံမ်ားကို နားထဲၾကားေနရၿပီး လက္ဝါးထက္တြင္ ရရွိခဲ့သည့္အေႏြးဓာတ္ကိုလည္း ခံစားနိုင္ေနေသးသလိုပင္။

ထိုညက ပိုင္ရွင္းယြီ အရက္ လြန္လြန္ၾကဴးၾကဴး ေသာက္မိသြားသည္။ စစ္တပ္မွ ထြက္လာၿပီးကတည္းက သူ႔ကိုယ္သူ အျမဲ စည္းကမ္းတင္းၾကပ္လို႔ထားခဲ့တာမို႔ ဒါပထမဆုံး အရက္မ်ားစြာ ေသာက္မိျခင္းပင္။ သူ က်န္းေဆြ႕ယင္းကို လွမ္းဖက္ၿပီး ေျပာလိုက္သည္။ "ေကာ၊ ကၽြန္ေတာ္ ေကာကို အားက်တယ္။"

က်န္းေဆြ႕ယင္း နားလည္ရခက္သလို ေျပာလာသည္။ "ဒါ ဘယ္လိုအရက္မူးနည္းလဲ။"

ပိုင္ရွင္းယြီ ရီေဝေဝႏွင့္ ရယ္ရင္း ေခါင္းခါျပလိုက္သည္။ "ဒီတိုင္း အားက်တာ။"

"ကားလိုခ်င္တာဆိုရင္ ေျပာ၊ မင္း မေမာင္းရဘူးလို႔လည္း ငါ မေျပာဘူး။"

ပိုင္ရွင္းယြီ သူ႔ေခါင္းကို ထပ္ခါျပသည္။ "ေကာ၊ ကၽြန္ေတာ့္ကို ခ်ီေပးေလ။"

"ခ်ီ မနိုင္ဘူး။"

"ခ်ီနိုင္တယ္။"

"ခ်ီ မနိုင္ဘူး။"

"စမ္းၾကည့္ ၾကည့္ပါ။ သူေတာင္ သယ္နိုင္တာ ..." ပိုင္ရွင္းယြီ ေျပာလိုက္သည္။

"ဘယ္သူလဲ။"

ပိုင္ရွင္းယြီ 'ကၽြတ္'တစ္ခ်က္ ထိုးလိုက္သည္။ "ေခါင္းေဆာင္ .. ေခါင္းေဆာင္လည္း သယ္နိုင္တယ္။"

က်န္းေဆြ႕ယင္း သူ႔နဖူးကို ပိတ္ရိုက္လိုက္သည္။ "မင္း စိတ္ရွုပ္ဖို႔ေကာင္းလြန္းမေနဘူးလား။"

"ေကာ ကၽြန္ေတာ့္ကို တစ္ခ်က္ သယ္ၾကည့္ေလ၊ လမ္းေလၽွာက္တာ .. ဆယ္လွမ္း။ ဆယ္လွမ္းပဲ။" ပိုင္ရွင္းယြီ သူ႔လက္ေခ်ာင္းမ်ားအကုန္ ေထာင္ျပလိုက္သည္။

လီေဝ့က်ီ ေခ်ာ့ေျပာလာသည္။ "ရွင္းယြီ၊ ျပႆနာမရွာနဲ႔ေတာ့ေနာ္။ အခန္းထဲ ျပန္သြားအိပ္ေတာ့။"

လီယြီ သူ႔ဝိုင္ခြက္ကို စားပြဲေပၚလွမ္းတင္လိုက္သည္။ "ခင္ဗ်ားအစ္ကို အမ်ားႀကီး ေသာက္ထားရတယ္။ ကၽြန္ေတာ္ပဲ ခင္ဗ်ားကို အခန္းထဲ သယ္ပို႔ေပးမယ္။"

"မလိုဘူး၊ မင္းကို မလိုဘူး။ ငါက ငါ့အစ္ကို ကိုပဲ လိုတာ။" ပိုင္ရွင္းယြီ က်န္းေဆြ႕ယင္း၏လည္ပင္းကို သိုင္းဖက္ထားလိုက္သည္။ "ေကာ၊ ငယ္ငယ္ကလည္း ကၽြန္ေတာ့္ကို ေက်ာပိုးဖူးတယ္ေလဗ်ာ။"

"မင္း အဲ့တုန္းက ေပါင္ခ်ိန္က နည္းနည္းေလးေလ။" က်န္းေဆြ႕ယင္းမွာ ဒီအမူးေကကာင္ႏွင့္ပတ္သတ္ၿပီး ေရြးခ်ယ္စရာမရွိ ျဖစ္ေနေတာ့သည္။

"ထားေတာ့။ ငါပဲ သူ႔ကို သယ္သြားလိုက္မယ္။" ေျပာၿပီးသည္ႏွင့္ ပိုင္ရွင္းယြီကို သူ႔ေက်ာေပၚ တကယ္ ခ်ီသယ္သြားလိုက္သည္။

ပိုင္ရွင္းယြီဆိုသည္မွာ အရပ္ရွည္ၿပီး ႂကြက္သားမ်ားျဖင့္ ေတာင့္တင္းသန္မာလွတာမို႔ ကိုယ္အေလးခ်ိန္အားျဖင့္လည္း ေပါ့ပါးျခင္း မရွိ။ ထို႔အျပင္ က်န္းေဆြ႕ယင္း ဝိုင္ေသာက္ထားသည္ကလည္း နည္းနည္းမ်ားေနတာေၾကာင့္ ေျခေထာက္မ်ားက ေပ်ာ့ေခြေနၿပီး မတ္တပ္ထရပ္လိုက္ခ်ိန္ ယိမ္းထိုးသြားေတာ့သည္။

လီယြီ အလ်င္အျမန္ ထရပ္၍ မွုန္ကုပ္ကုပ္ႏွင့္ ေျပာလာသည္။ "ကၽြန္ေတာ္ လုပ္လိုက္မယ္။"

"ဘာမွမျဖစ္ဘူး။ အခန္းေရာက္ဖို႔ ေျခလွမ္းနည္းနည္းပဲ ေလၽွာက္ရမွာ။ မင္း ငါ့အဘိုးနဲ႔ သြားႏွင့္ေလ။"

သူ ပိုင္ရွင္းယြီကို အခန္းထဲအထိ ခ်ီသြားေပးလိုက္သည္။ ပိုင္ရွင္းယြီက သူ႔လည္ပင္းကို ပါးျဖင့္ ပြတ္သပ္လို႔ေနတာမို႔ သြားရည္မ်ားက သူ႔လည္ပင္းေပၚ စီးက်လာေတာ့သည္။ က်န္းေဆြ႕ယင္း စိတ္ရွုပ္လြန္းလာတာေၾကာင့္ လူကို ေျမေပၚ ပစ္ခ်ထားခဲ့ခ်င္မိသည္အထိ။

"မင္းရဲ့ အက်ိဳးနည္း သြားရည္ေတြ ဆက္က်ေနရင္ ငါ ရိုက္ေတာ့မွာ။"

ပိုင္ရွင္းယြီ ခႏၶာကိုယ္က တစ္ခ်က္တုန္သြားၿပီး ႐ုတ္တရက္ ရွိုက္ငိုလာေတာ့သည္။

က်န္းေဆြ႕ယင္း မ်က္ဆန္လန္သြားသည္။ "မင္းကို မရိုက္ဘူး၊ မငိုနဲ႔ေတာ့!"

ပိုင္ရွင္းယြီ စစ္တပ္မွ ျပန္ေရာက္လာကတည္းက အရြယ္ေရာက္ၿပီးတဲ့ လူႀကီးတစ္ေယာက္လို ပုံစံအတိုင္းသာ ရွိေနခဲ့သည္။ အခု အရက္ေသာက္တာ မ်ားသြားမွသာ သူ႔အသက္ ျပန္ငယ္သြားသလို ခံစားခ်က္မ်ိဳး ရလာေတာ့သည္။ က်န္းေဆြ႕ယင္း ရင္ထဲအေတြးတစ္ခု ဝင္လာသည္။ ဒီလိုျဖစ္ေနတာ သူ႔ညီေလးလို႔ ေတြးလိုက္မိတိုင္း အရမ္းအျပစ္ရွိသလို ခံစားလာရသလိုပဲ။

ပိုင္ရွင္းယြီ ရွိုက္သံတစ္ခုႏွင့္အတူ ေျပာလာသည္။ "ဖုန္းခ်န္ ..."

က်န္းေဆြ႕ယင္း ေသေသခ်ာခ်ာ မၾကားလိုက္။ "ဘာလဲ။"

ပိုင္ရွင္းယြီ ဘာမွ ဆက္မေျပာေတာ့။ တိုးဖြဖြ ႏွာရွုံ႔ရင္းသာ ရွိေနသည္။ ထိုအသံကို ၾကားလိုက္ရသေလာက္ဆိုရင္ျဖင့္ အနည္းငယ္မၽွ သနားသဖြယ္ျဖစ္ေနသည္။

က်န္းေဆြ႕ယင္း အခ်ိန္အေတာ္ၾကာေတြးေနမိသည္။ ပိုင္ရွင္းယြီ ေျပာလိုက္သည္စာလုံးႏွစ္လုံးကို သူ ရင္းရင္းႏွီးႏွီးၾကားဖူးသလို ျဖစ္ေနေပမယ့္ ထိုခဏအတြင္း ဘယ္လိုမွ မွတ္မိလာျခင္း မရွိ။ သူ ေခါင္းခါယမ္းရင္းသာ ပိုင္ရွင္းယြီကို အခန္းထဲထိ လိုက္ပို႔ၿပီး အိပ္ရာထက္ ပစ္ခ်လိုက္ေတာ့သည္။

ပိုင္ရွင္းယြီ ေစာင္ၾကားထဲ ေကြးေနရင္း မူးေနာက္ေနာက္ ရီေဝေဝျဖစ္ေနသည္။ ထိုအခ်ိန္မွာပဲ သူ႔အိတ္ကပ္ထဲရွိေနသည့္ ဖုန္းက ထျမည္လာသည္။ က်န္းေဆြ႕ယင္း အခန္းအျပင္ထြက္ခါနီးမွ ျပန္ဝင္လာၿပီး ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကို ဆြဲထုတ္၍ ေခၚဆိုလာသူကို လွမ္းၾကည့္လိုက္သည္။

'ႏွင္းက်ားသစ္တပ္မဟာ'မွ ေခၚလာျခင္းျဖစ္သည္။ က်န္းေဆြ႕ယင္း တုန့္ဆိုင္းေနၿပီးမွ ပိုင္ရွင္းယြီကို လွမ္းတြန္းနိုးလိုက္သည္။ "ရွင္းယြီ၊ ဖုန္းလာတယ္။ 'ႏွင္းက်ားသစ္တပ္မဟာ' တဲ့။"

ပိုင္ရွင္းယြီ 'ႏွင္းက်ားသစ္တပ္မဟာ' ဟူသည့္ စကားသံကိုၾကားလိုက္တာႏွင့္ သူ႔မ်က္လုံးမ်ားက ႐ုတ္တရက္ ပြင့္လာၿပီး ဖုန္းကို ဆက္ကနဲ လုယူသြားေတာ့သည္။ သူ႔လုပ္ေဆာင္ခ်က္မ်ားက လ်န္ျမန္ၿပီး အားျပင္းလြန္းတာမို႔ အရက္မူးေနသည့္လူႏွင့္ေတာင္ မတူလွ။

က်န္းေဆြ႕ယင္း ေဒါသတႀကီး ထထိုးေတာ့သည္။ "မင္းက ဒါကို အရက္မူးတာတဲ့လား။ ငါ့ကို လာကစားေနတာလား။"

အခန္းထဲ လိုက္ဝင္လာသည့္ လီယြီကပဲ က်န္းေဆြ႕ယင္းကို အျပင္ဆြဲေခၚထုတ္သြားရေတာ့သည္။

ပိုင္ရွင္းယြီ ဖုန္းလက္ခံၿပီး နား,နားကပ္ထားလ်က္ အသံတိုးတိုးျဖင့္ေျပာလိုက္သည္။ "ဟယ္လို?"

"ရွင္းယြီ၊ ေပ်ာ္စရာႏွစ္ကူးပါ!" ခ်န္းက်င္း၏ေပ်ာ္ျမဴးေနသည့္အသံက ဖုန္းတစ္ဖက္မွ ထြက္ေပၚလို႔လာသည္။

ပိုင္ရွင္းယြီ ရင္ထဲေႏြးေထြးသြားရသည္။ "ေခါင္းေဆာင္၊ ေပ်ာ္စရာႏွစ္ကူးပါ။ ကၽြန္ေတာ္ ေခါင္းေဆာင္ကို အရမ္းသတိရေနတာ။"

ခ်န္းက်င္း ရယ္ၿပီးေျပာလာသည္။ "ငါတို႔လည္း မင္းကို လြမ္းေနတာ။ မင္းအသံ ၾကားရသေလာက္ေတာ့ မင္းလည္း ေသာက္တာမ်ားသြားတယ္မလား။ ငါတို႔အကုန္လုံးလည္း ေသာက္တာမ်ားသြားတယ္။ ဒါေပမယ့္ ေပ်ာ္တယ္ကြာ။ တစ္ႏွစ္လုံးေနမွ ဒီတစ္ခါေလးပဲ ႏွစ္ကူးအတြက္ အတူေသာက္ရတာ။ ေပ်ာ္ဖို႔ေကာင္းတယ္။" ခ်န္းက်င္းစကားမ်ားက အနည္းငယ္မၽွ ဗလုံးဗေထြးျဖစ္လာသည္။

ပိုင္ရွင္းယြီလည္း ထပ္ခါတလဲလဲ ေရရြတ္ေနမိသည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ္ သတိရတယ္။ ကၽြန္ေတာ္ အကုန္လုံးကို သတိရတယ္။"

ခ်န္းက်င္း ႏွာရွုံ႔လို႔သြားသည္။ "ငါတို႔လည္း မင္းကို လြမ္းတယ္။"

ပိုင္ရွင္းယြီ ရွိုက္သံႏွင့္အတူေျပာလာသည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ့္ကို မေမ့ေသးဘူးမလား။ ကၽြန္ေတာ္တို႔က ဒီ့ေလာက္ေဝးကြာေနတာ၊ ကၽြန္ေတာ့္ကို ေမ့သြားၾကၿပီလား။"

"မျဖစ္နိုင္တာ၊ ဘယ္ေတာ့မွ မေမ့သြားဘူး။"

"ကၽြန္ေတာ္လည္း ေမ့မသြားဘူး။ ကၽြန္ေတာ္ အကုန္လုံးကို အျမဲတမ္း သတိရေနတာ။" ပိုင္ရွင္းယြီ ရီေဝေဝျဖစ္မွုမ်ားအၾကား သူ အခုထိ စစ္တပ္ကို လြမ္းေနေသးေၾကာင္း သိလိုက္ရသည္။ ဒီအမွတ္တရမ်ားက သူ႔ဘဝရဲ့ အဖိုးအတန္ဆုံးအခ်ိန္ေတြပင္။

"ေဝ့၊ ဖုန္းခ်န္က မင္းနဲ႔ စကားေျပာခ်င္လို႔တဲ့။"

ပိုင္ရွင္းယြီ ႏွလုံးသားထဲ တုန္ခါသြားသလို ဖုန္းကိုင္ထားသည့္လက္ကလည္း တုန္ခါလို႔လာသည္။

ယြီဖုန္းခ်န္၏ ညႇို႔ဓာတ္ပါသည့္ ဩရွရွအသံက ဖုန္းအတြင္းမွ ႏွလုံးသားထဲအထိ တိုးဝင္လာေတာ့သည္။ "ရွင္းယြီ၊ မင္း အဆင္ေျပေနရဲ့လား။"

ပိုင္ရွင္းယြီ ခဏတာမၽွ တိတ္ဆိတ္ေနၿပီးမွ မ်က္ရည္မ်ားကို ခ်ဳပ္တည္းလ်က္ တိုးတိုးေျပာလိုက္သည္။ "ေျပတယ္။"

"ငါ သန္ဘက္ခါ အိမ္ျပန္ေရာက္မွာ။ မိသားစုနဲ႔ျပန္ေတြ႕ဖို႔ဆိုၿပီး ခြင့္တိုင္ထားတယ္။"

ပိုင္ရွင္းယြီ ေၾကာင္အသြားၿပီး စိုးထိတ္မွုအျပည့္ႏွင့္ စိတ္လွုပ္ရွားလာၿပီး စကားေတာင္ မေျပာနိုင္ေတာ့။

"ငါ မင္းကို လာရွာမယ္။"

ပိုင္ရွင္းယြီ အံတင္းတင္းႀကိတ္ထားရင္း တုန္ခါခ်င္ေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ "မလာနဲ႔။ ငါ့မွာ မင္းနဲ႔ေတြ႕ဖို႔ အစီအစဥ္မရွိဘူး။"

ယြီဖုန္းခ်န္ ခဏတာမၽွ တိတ္ဆိတ္လို႔သြားသည္။ "အဲ့လိုဆိုလည္း ငါမင္းကို လာရွာဦးမွာပဲ။"

ပိုင္ရွင္းယြီ အသက္ျပင္းျပင္းရွူလိုက္ရသည္။ "ဒုေခါင္းေဆာင္ဆီ ဖုန္းျပန္ေပးလိုက္။"

ယြီဖုန္းခ်န္ တစ္ဖန္ ျပန္တိတ္ဆိတ္လို႔သြားၿပီးမွ ခ်န္းက်င္းထံ ဖုန္းျပန္လႊဲေပးလိုက္သည္။ ပိုင္ရွင္းယြီ သူ႔ရဲေဘာ္ရဲဘက္မ်ား တစ္ေယာက္ခ်င္းဆီကို ႏွုတ္ဆက္စကားဆိုၿပီး အခ်ိန္အေတာ္ၾကာ စကားစျမည္ေျပာၾကရင္း သတင္းေကာင္းမ်ားစြာကို သိလာရသည္။ ခ်န္းက်င္းက ရာထူးတစ္ဆင့္တိုးသြားၿပီး ေဟာ့ေခ်ာင္ရဲ့ကဗ်ာေပါင္းစုစာအုပ္ကိုလည္း ထုတ္ေဝနိုင္ခဲ့ၿပီ။ ေလာင္-ရွား ေခၽြးမေလးက ဒုတိယကေလးကို ကိုယ္ဝန္လြယ္ထားရၿပီး အားစစ္ရဲ့ ေျပာဆိုဆက္ဆံေရးဘာသာပိုင္းတြင္ PhD. Thesis ေရးျခင္းကလည္း စာအုပ္အျဖစ္ထုတ္နိုင္ခဲ့သည္။ ဝမ္းေျမာက္ဖြယ္သတင္းမ်ားက သူ၏မွိုင္ေတြေနစိတ္ကို အနည္းငယ္မၽွ ၾကည္လင္သြားေစေပမယ့္ ယြီဖုန္းခ်န္ အိမ္ျပန္လာမည့္သတင္းက သူ႔အေတြးအာ႐ုံေၾကာကို သက္ေရာက္မွုရွိေနဆဲ။

'ႏွင္းက်ားသစ္တပ္မဟာ' မွ ရဲေဘာ္ရဲဘက္မ်ားႏွင့္ စကားေျပာၿပီးသည့္ေနာက္ သူ တပ္ခြဲ(၃)ကို ဖုန္းျပန္ေခၚဆိုလိုက္ရာ အေတာ္ေလး စည္စည္ကားကားရွိလွသည္။ ဖုန္းသုန့္ယြမ္က စိတ္လွုပ္ရွားမွုမ်ားျဖင့္ ပိုင္ရွင္းယြီကို ေျပာလာသည္။ "ရွင္းယြီ၊ ငါ့မွာ မင္းအတြက္ သတင္းေကာင္းတစ္ခုရွိတယ္။"

"ဟားဟား၊ ဒီေန႔ေတာ့ သတင္းေကာင္းေတြခ်ည္းပဲကြာ။"

"ငါတို႔အိမ္အေျခအေန အဆင္ေျပလာၿပီကြ။ လူတစ္ေယာက္က ငါ့ညီမေလးကို ေက်ာင္းဆက္တက္နိုင္ေအာင္ ေထာက္ပံ့ေပးလာတယ္။ ၿပီးေတာ့ ငါ့အေဖရဲ့ဒဏ္ရာအတြက္လည္း ေလ်ာ္ေၾကးေငြေတြ လက္ခံရထားတယ္တဲ့။ ငါ စစ္မွုထမ္းနားၿပီး ဒီႏွစ္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို ဝင္ေျဖဖို႔ ဆုံးျဖတ္လိုက္ၿပီ!"

ပိုင္ရွင္းယြီ စိတ္လွုပ္ရွားတႀကီး ေျပာလိုက္သည္။ "ေကာင္းလိုက္တာ။ မင္း ေပ့က်င္းကို လာမွာလား။"

ဖုန္းသုန့္ယြမ္ ျပဳံးၿပီး ေျပာလိုက္သည္။ "ငါ အေကာင္းဆုံးႀကိဳးစားမယ္။"

"မင္း ေပ့က်င္းကို ရေအာင္လာခဲ့။ ငါ့ရဲ့ အေဖာ္အျဖစ္ေနေပး။"

"ငါလည္း မင္းဆီ လာခဲ့ခ်င္ပါတယ္။ ေပ့က်င္းမွာက တကၠသိုလ္ေကာင္းေတြ အမ်ားႀကီးပဲေလ။ ငါ ေသခ်ာေပါက္ အစြမ္းကုန္ႀကိဳးစားမယ္။"

ပိုင္ရွင္းယြီ သူ႔ကို စကားအနည္းငယ္ေျပာကာ အားေပးၿပီးေနာက္ ခ်န္းလ်န္၊ ေခါင္းေဆာင္ဝူ၊ ရႊီခၽြမ္တို႔ အဆင္ေျပေျပရွိၾကရဲ့လားဆိုသည့္အေၾကာင္းမ်ား ေမးျမန္းလိုက္သည္။ လူတိုင္း အဆင္ေျပေနေၾကာင္း ၾကားသိရျခင္းက သူ႔ရင္ထဲ တကယ္ကို သက္သာရာရေစသည္။

ဖုန္းခ်ၿပီးသည့္ေနာက္ သူ သက္ျပင္းခ်လိုက္မိသည္။ ဒီေန႔ေတာ့ သူ အိပ္မက္ေကာင္းေကာင္း မက္ေတာ့မည္ဟူသည့္ ခံစားခ်က္မ်ားရေနသည္။ ထို႔ေနာက္တြင္ေတာ့ သူ႔အိပ္မက္ထဲတြင္ သူက ခြန္းလြန္းေတာင္ေပၚ ျပန္ေရာက္ေနၿပီး စနိုက္ပါတစ္လက္ကို ကိုင္ေဆာင္ထားလ်က္ စစ္ပြဲ၏ မျမင္ကြယ္ရာတစ္ေနရာမွ ထိန္းခ်ဳပ္သူျဖစ္ေနေလသည္။

ယြီဖုန္းခ်န္ ျပန္လာမည္ဟူသည့္သတင္းက ပိုင္ရွင္းယြီကို အနည္းငယ္မၽွေတာ့ အအိပ္အစားမမွန္ျဖစ္သြားေစသည္။ သူက အရင္ကတည္းက စိတ္ခံစားခ်က္လြယ္ကူၿပီး အျခားသူမ်ား၏လြမ္းမိုးမွုကိုလည္း အလြယ္တကူခံရသူျဖစ္သည္။ အက်ိဳးနည္း စကားစုႏွင့္ေျပာျပရမည္ဆိုပါက 'ငိုလိုက္ရယ္လိုက္' လူမ်ိဳးျဖစ္သည္။ ႏွင္းက်ားသစ္တပ္မဟာအတြင္း အေတြ႕အၾကဳံမ်ားက သူ႔ကို အေတာ္ေလး တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားေစေပမယ့္ နဂိုရွိစိတ္ဓာတ္မ်ားကေတာ့ ထိုမၽွ အလြယ္တကူေျပာင္းလဲသြားနိုင္ျခင္း မရွိ။

ထိုေန႔လည္က ကုမၸဏီရွိ ကားပါကင္အတြင္းေလၽွာက္ဝင္သြားလိုက္သည္ႏွင့္ သူ႔ေနာက္မွ တစ္ေယာက္ေယာက္ လိုက္လာတာကို ခံစားလိုက္ရသည္။ သူ အေနာက္သို႔ ျပန္လွည့္မၾကည့္ပဲ အိတ္အတြင္းမွ စစ္တပ္သုံး ဓားတိုေလးကို ဆြဲထုတ္လိုက္သည္။ ကားပါကင္တြင္ ရွိတတ္သည့္ မွန္အဝိုင္းကို အသုံးျပဳကာ အေနာက္သို႔ အလ်င္အျမန္ တစ္ခ်က္အၾကည့္ပို႔လိုက္ခ်ိန္ အရိပ္မည္းတစ္ခုကို လွမ္းျမင္လိုက္ရသည္။

ပိုင္ရွင္းယြီ ေတြးလိုက္မိသည္။ ဘယ္သူကမ်ား သူ႔ေနာက္ကို လိုက္မွာလဲ။ သူ ျပန္လာကတည္းက အေလာင္းအစားလည္း မလုပ္သလို မိန္းမလိုက္ပိုးျခင္းလည္း မရွိ။ သူ႔ဘာသာသူ ေနခဲ့သည္။ သူ႔အေႂကြးမ်ားကလည္း ၿပီးခဲ့တဲ့ႏွစ္ကတည္းက အကုန္ေခ်ၿပီးျဖစ္၏။

သူ စိတ္ၿငိမ္က်သြားၿပီး ႏွုတ္ခမ္းထက္တြင္ ေအးစက္စက္အျပဳံးတစ္ခုကို ခ်ိတ္ဆြဲလိုက္သည္၊၊ 'ေလ့က်င့္ခန္းမလုပ္တာ ၾကာၿပီဆိုေပမယ့္လည္း ဒီသခင္ေလးက မင္း ဘာလိုခ်င္ေနတာလဲ တစ္ခ်က္ၾကည့္ရေသးတာေပါ့။'

သူ တမင္ကို ကားမ်ားအၾကား ေကြ႕ပတ္သြားကာ ဝင္လိုက္ထြက္လိုက္ႏွင့္ သြားေနသည့္လမ္းေၾကာင္းကို ရွုပ္ေထြးေစလ်က္ ကားမ်ားအၾကား သူ႔ခႏၶာကိုယ္ကို တျဖည္းျဖည္း ကိုယ္ေယာင္ေဖ်ာက္လိုက္ၿပီး ေနာက္ဆုံးတြင္ ကားတစ္စီး၏ေနာက္တြင္ ဆက္ကနဲငုံ႔ပုန္းလိုက္ေတာ့သည္။

ေျခသံမ်ားက တျဖည္းျဖည္းနီးလာၿပီး ပိုင္ရွင္းယြီလည္း အသက္ျပင္းျပင္းရွူလ်က္ ကားအေနာက္မွ ႐ုတ္တရက္ ခုန္ထြက္ကာ ထိုသူ႔မ်က္ႏွာကို ပိတ္ကန္လိုက္ေလသည္။

ထိုသူက ေခါင္းကို ဆက္ကနဲလွုပ္ရွားၿပီး ကန္ခ်က္အား အလြယ္တကူ ေရွာင္ရွားသြားသည္။

ပိုင္ရွင္းယြီ ထိုကန္ခ်က္အတြက္ အနည္းငယ္မၽွ ေနာင္တရခ်င္သြားသည္။ အေၾကာင္းကား သူ႔ေနာက္ကို လိုက္လာသူမွာ အျခားသူ မဟုတ္၊ ယြီဖုန္းခ်န္ ျဖစ္ေနသည္။

ယြီဖုန္းခ်န္ ေျခႏွစ္လွမ္းမၽွ ေနာက္ဆုတ္ၿပီး ခပ္ေရးေရးျပဳံးသည္။ "မေတြ႕ျဖစ္တဲ့ တစ္ႏွစ္နီးပါးအတြင္း မင္း လက္ရည္နည္းနည္းက်သြားတာပဲ။"

ပိုင္ရွင္းယြီ ႏွလုံးခုန္သံက လ်င္ျမန္ေနေပမယ့္ အျပင္ဘက္တြင္ေတာ့ တည္ၿငိမ္ေနလ်က္။ သူ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေမးလိုက္သည္။ "မင္း .. ဘာလို႔ ငါ့ေနာက္လိုက္ေနတာလဲ။"

"မင္းရဲ့သတိထားနိုင္စြမ္းကို စမ္းခ်င္လို႔။"

"ငါ့ရဲ့သတိထားနိုင္စြမ္းကို စမ္းဖို႔ ေျခရာ လက္ရာေတြ ခ်န္ထားေပးတယ္? မင္း လူကို အထင္ေသးလြန္းသြားၿပီ။"

"အတည္ေပါက္ ကစားေနတာမွ မဟုတ္ပဲ။"

ယြီဖုန္းခ်န္ မ်က္လုံးမ်ားကို ပိုင္ရွင္းယြီကို စေတြ႕ခ်ိန္ကတည္းက ပိုင္ရွင္းယြီ မ်က္ႏွာေပၚမွ အၾကည့္ခြါသြားျခင္း မရွိ။ မလွုပ္မရွားႏွင့္ ရပ္တန့္ေနလ်က္။ ပိုင္ရွင္းယြီ အသားအရည္က အရင္ကထက္ ပိုျဖဴေဖြးလာၿပီး သူ႔နဖူးေလးကလည္း ေျပာင္ေျပာင္လက္လက္ျဖစ္ေနသည္။ သူ႔ဆံပင္ေက ကေတာ့ စစ္တပ္တုန္းက အေလ့အထအတိုင္းပင္။ ခပ္တိုတိုညႇပ္လို႔ထားကာ သူ႔အရိုးအသားထဲထိ စိမ့္ဝင္ေနသည့္ ခံ့ညားေနမွုကေတာ့ အေနာက္တိုင္းအကၤ်ီႏွင့္ ရွူးဖိနပ္ ဝတ္ထားခ်ိန္မွာေတာင္ အရွိန္အဝါတစ္မ်ိဳး ေပးစြမ္းေနဆဲ။ သူ ပိုင္ရွင္းယြီကို တစ္ႀကိမ္ ထပ္ျမင္ေတြ႕ခြင့္ ရမည့္အေၾကာင္း ခဏခဏ စိတ္ကူးယဥ္ၾကည့္ရင္း ေျပာရမည့္စကားမ်ားကိုပါ ေတြးေတာခဲ့ေပမယ့္ တကယ္ လူခ်င္းေတြ႕လိုက္ရသည့္အခ်ိန္ သူ႔စိတ္ထဲ တင္းတင္းက်ပ္က်ပ္ ေျပးဖက္ခ်င္စိတ္ကလြဲလို႔ မရွိေတာ့မွန္း သိလာရသည္။

ပိုင္ရွင္းယြီလည္း ယြီဖုန္းခ်န္ကို ၾကည့္ေနမိသည္။ မေတြ႕ရတာ ဆယ္လနီးပါးရွိၿပီးေနာက္ ယြီဖုန္းခ်န္မ်က္ဝန္းမ်ားက ပိုမိုစူးရွလာၿပီး သူ႔အရွိန္အဝါကလည္း ခိုင္မာမွုအျပည့္ႏွင့္ နက္ရွိုင္းေနေတာ့သည္။ လူတစ္ကိုယ္လုံးက အိပ္ေပ်ာ္ေနသည့္ က်ားသစ္နက္တစ္ေကာင္အလား။ ဘယ္အခ်ိန္မ်ား ႐ုတ္တရက္ လ်ပ္စီးလိုအလ်င္ႏွင့္ ခုန္အုပ္လာမလဲ ဘယ္သူမွ မသိရ။ သူ႔ေဘးရပ္ေနရင္ေတာင္မွ ေက်ာစိမ့္သလို ခံစားခ်က္မ်ိဳး ေပးစြမ္းေနသည္။

ထိုႏွစ္က သူ ယြီဖုန္းခ်န္ႏွင့္ ပထမဆုံး ေတြ႕ဆုံခဲ့သည့္အခ်ိန္ကို ျပန္အမွတ္ရလာသည္။ ထိုအခ်ိန္က ယြီဖုန္းခ်န္တြင္ လူငယ္ဆိုတာႏွင့္ ငယ္ရြယ္မွုအၾကား စိမ္းသက္မွုအခ်ိဳ႕ရွိေနေသးသည္။ သြားျဖဴျဖဴေလးမ်ား ေပၚေအာင္လည္း ရယ္တတ္သည္။ သူ႔ကို အျမဲစေနာက္ေနရတာလည္း ႀကိဳက္သလို ေအာင္ျမင္သြားရင္လည္း မုန္းတီးဖြယ္ အျပဳံးတစ္ခု ျပဳံးျပလာလိမ့္ရွိသည္။ အခုေတာ့ ယြီဖုန္းခ်န္က ေယာက္်ားတစ္ေယာက္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီ။ တည္ၿငိမ္ၿပီးအေနေအးလွသည့္ ေယာက္်ားတစ္ေယာက္။

ပိုင္ရွင္းယြီ ရွင္းရွင္းလင္းလင္း သိလာရသည္က စစ္တပ္က သူတစ္ေယာက္တည္းကိုပဲ ေျပာင္းလဲသြားေစတာ မဟုတ္။ ယြီဖုန္းခ်န္ကိုလည္း ေျပာင္းလဲသြားေစခဲ့သည္။ ေျပာင္းလဲေနသည့္ ၾကားကာလအတြင္း ဆုံေတြ႕ခဲ့ၾကသည့္ သူတို႔ႏွစ္ေယာက္။ ျဖစ္နိုင္တာေတာ့ အစကတည္းက မွားယြင္းေတြ႕ဆုံခဲ့ၾကတာပင္။ ေျပာရပါက ထိုအခ်ိန္အတြင္း သူတို႔ႏွစ္ေယာက္ၾကားတြင္ ေရေရရာရာ ဘာဆိုဘာမွ မရွိေသး။

ပိုင္ရွင္းယြီ တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္သည္။ "မင္း ဘာလို႔ ငါ့လာရွာတာလဲ။"

"ထမင္းသြားစားမလို႔၊ ဒါမွမဟုတ္လည္း အတူေသာက္တာျဖစ္ျဖစ္ေပါ့။"

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "ညက် လုပ္စရာကိစၥေတြရွိေသးတယ္။"

ယြီဖုန္းခ်န္ ႏွုတ္ခမ္းေထာင့္ေလးက တြန့္ေကြးသြားသည္။ "ရွင္းယြီ၊ က်န္တာေတြ ေဘးဖယ္ထားလိုက္ရင္ေတာင္ ငါက မင္းရဲ့ရဲေဘာ္ရဲဘက္ေလ။"

ပိုင္ရွင္းယြီ ထိုစာေၾကာင္းကို ၿပိဳင္မျငင္းနိုင္။ ထို႔အျပင္ ယြီဖုန္းခ်န္ကို အျမဲလိုလိုေရွာင္ရွားေနရျခင္းကလည္း အလြန္ေနရခက္ေစသည္။ မွန္၏။ ဘယ္လိုပဲျဖစ္ေနပါေစ ယြီဖုန္းခ်န္က သူ႔ရဲေဘာ္ရဲဘက္တစ္ေယာက္ျဖစ္ေနဆဲ။

သူ ေျပာလိုက္သည္။ "ကားေပၚတက္။ ငါ မင္းကို ညစာလိုက္ေကၽြးမယ္။" ထို႔ေနာက္မွာေတာ့ သူ တစ္ဖက္လွည့္ကာ တံခါးဖြင့္လိုက္သည္။

႐ုတ္တရက္ ယြီဖုန္းခ်န္ ပိုင္ရွင္းယြီရွိရာသို႔ အေျပးေရာက္လာၿပီး ပိုင္ရွင္းယြီ မတုန့္ျပန္နိုင္လိုက္ခင္မွာပဲ အေနာက္မွ သိုင္းဖက္ထားေတာ့သည္။

ပိုင္ရွင္းယြီ ေၾကာင္အသြားၿပီး မာမာထန္ထန္ေမးလိုက္သည္။ "မင္း ဘာလုပ္ေနတာလဲ!"

ယြီဖုန္းခ်န္ သူ႔ကို တင္းတင္းက်ပ္က်ပ္ဖက္ထားရင္း ပခုံးထက္ နဖူးတင္ထားလ်က္ ေဝေဝဝါးဝါးေျပာလာသည္။ "ခဏေလာက္ပဲ မင္းကို ေပးဖက္ပါ။ ရွင္းယြီ၊ ငါ မင္းကို အရမ္းသတိရေနတာ။"

ပိုင္ရွင္းယြီ ႏွလုံးသားထဲ ဆြဲညႇစ္ခံရသလို ခံစားခ်က္ႏွင့္ တစ္ဖန္ျပန္နာက်င္လာရသည္။ အားပါလြန္းတဲ့ ေပြ႕ဖက္မွု .. တကယ္ေတာ့ ရင္းႏွီးလြန္းေနခဲ့သည္ ... သူ စိတ္ၿငိမ္ေအာင္ လုပ္ရင္း ယြီဖုန္းခ်န္ ဝမ္းဗိုက္ကို တံေတာင္ျဖင့္ တြန္းထိုးခ်လိုက္သည္။ ယြီဖုန္းခ်န္ နာက်င္မွုျဖင့္ သူ႔ကို လႊတ္ေပးလာသည့္အခ်ိန္ သူ ေအးစက္စက္ေျပာလိုက္သည္။ "သြားေသလိုက္ေတာ့ မင္း"

သူ ကားေပၚတက္ၿပီးသည္ႏွင့္ တန္းေမာင္းထြက္ဖို႔ လုပ္လိုက္သည္။

ယြီဖုန္းခ်န္ ကားတံခါးကို လွမ္းဆြဲၿပီးမွ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ႔ဗိုက္သူ ျပန္ဖိထားလိုက္သည္။ "မလုပ္နဲ႔။ ငါ ညစာ စားခ်င္ေသးတယ္။"

သူတို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာ အားၿပိဳင္လ်က္ ရွိေနၿပီးမွ ယြီဖုန္းခ်န္ ကားေပၚသို႔ တက္ခြင့္ရေတာ့သည္။

ယြီဖုန္းခ်န္ ကားအတြင္းပိုင္းကို လိုက္ၾကည့္ေနသည္။ "မင္း ဒီလိုကားမ်ိဳး ေမာင္းေနလိမ့္မယ္လို႔ ငါ တကယ္ မထင္ထားဘူး။"

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "အင္း၊ ပိုက္ဆံ မရွိလို႔။"

"ငါ့ကားကို မင္း ေပးခဲ့မယ္ေလ။ ငါလည္း ေမာင္းျဖစ္တာမွ မဟုတ္တာ။"

ပိုင္ရွင္းယြီ သူ႔ကို မ်က္ႏွာေသျဖင့္ လွမ္းၾကည့္လိုက္သည္။ "သိမ္းထားလိုက္။"

"မင္း ေက်ာင့္ေကာနဲ႔ ေရႊလင္းယုန္တို႔ မိသားစုဆီ ပိုက္ဆံပို႔ေပးခဲ့တာ၊ ငါတို႔အကုန္သိတယ္။"

ပိုင္ရွင္းယြီ အံ့အားသင့္သြားတယ္။ "ဘယ္လို သိတာလဲ။" သူ အမည္မေဖာ္လိုသူအျဖစ္ လႊဲေပးခဲ့တာပင္။

"စုံစမ္းခ်င္ရင္ စစ္ေဆးၾကည့္လို႔ရတဲ့နည္းက ရွိေနျမဲေလ။" ယြီဖုန္းခ်န္ ေမးေထာက္ထားရင္း ပိုင္ရွင္းယြီ၏ ေဘးတစ္ေစာင္းမ်က္ႏွာကို ေငးၾကည့္ေနသည္။

"ငါ အရင္ကတည္းက မင္းကို အျမဲေျပာျပခ်င္ေနခဲ့တာ၊ ငါတို႔ရန္ျဖစ္တုန္းက ငါေျပာခဲ့သမၽွ စကားေတာ္ေတာ္မ်ားမ်ားက စိတ္ရင္းနဲ႔ ေျပာခဲ့တာမ်ိဳး မဟုတ္ဘူးဆိုတာကိုေပါ့။ အရင္တုန္းက ပိုင္ရွင္းယြီက ဘယ္လိုပဲျဖစ္ခဲ့ျဖစ္ခဲ့၊ အခု မင္းက အရမ္းေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာခဲ့ၿပီ။ ၿပီးေတာ့ မင္းအစ္ကိုအေနနဲ႔ မင္းကို သြန္သင္ရိုက္သြင္းေပးထားတာတစ္ခု ရွိတယ္လို႔ ငါ ယုံတယ္။ အဲ့ဒီ ေယာက္်ားတစ္ေယာက္ရဲ့တာဝန္ယူခ်င္တဲ့စိတ္။"

ပိုင္ရွင္းယြီ မွင္ေသသြားၿပီးမွ ခပ္တိုးတိုးေျပာလိုက္သည္။ "ၿပီးခဲ့တာေတြက ၿပီးၿပီ။ ငါေတာင္ ေမ့ေနၿပီ။"

"ငါ မေမ့ဘူး။" ယြီဖုန္းခ်န္ သူ႔ကို နက္နက္နဲနဲ စိုက္ၾကည့္လာသည္။ "ရွင္းယြီ၊ မင္းနဲ႔အတူျဖတ္သန္းခဲ့တဲ့ ကိစၥတိုင္းကို ငါ မွတ္မိေနဆဲပဲ။"

ပိုင္ရွင္းယြီ၏ႏွုတ္ခမ္းမ်ားက အနည္းငယ္မၽွ တုန္ယင္သြားသည္။ သူ ေခါင္းလွည့္ၿပီး ယြီဖုန္းခ်န္၏ အၾကည့္စူးစူးမ်ားကို လွမ္းမၾကည့္ရင္ေတာင္မွ ေလာင္ၿမိဳက္ေနသည့္ အၾကည့္မ်ားကို ခံစားေနရဆဲ။

KittyKitling

T/N : ေကာ .. ကၽြန္ေတာ့္ကို ခ်ီ

>< Hai ! Monday ျပန္ေတြ႕မယ္။

They've changed so much ...

_____///_____

Continue Reading

You'll Also Like

792K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...
774K 125K 61
Type - Web Novel Title - Wife, Children and Warm Bed (老婆孩子热炕头/ 灰大叔与混血王子) Author - Shui Qian Cheng (水千丞) Genre - Adult, Drama, Romance, Mature,Yaoi St...
624K 81.3K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...