Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 259K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

78

12.6K 1.9K 1.5K
By callme__kitty

[Unicode]

'နှလုံးသားအချင်းချင်း အရင်းခံ၍ သဘောကွဲလွဲခြင်း'

"သုန့်ယွမ်၊ အိုက်ရား၊ မင်း ဘာလို့ငါ့အင်္ကျီတွေ လျှော်နေရပြန်တာလဲ ..." ပိုင်ရှင်းယွီ ရေချိုးခန်းထဲသို့ ပြေးလာချိန် ဖုန်းသုန့်ယွမ် သူ့အင်္ကျီများကို လျှော်ဖွတ်ပေးနေတာကို မြင်လိုက်ရပြီး သူ့ဘွတ်ဖိနပ်များကတောင် သန့်ရှင်းအောင် တိုက်ထားပြီးဖြစ်နေလေသည်။

ဖုန်းသုန့်ယွမ် နောက်ပြန်လှည့်မကြည့်ပဲ ပြောလာသည်။ "ဘာမှမဖြစ်ဘူး။ ငါလည်း ဒီနေ့မှ ဘာမှလုပ်စရာမရှိဖြစ်နေတာ။"

"ငါ အခုဆို အဝတ်လျှော်တာ မင်းထက်တောင် မြန်နေပြီ။ မင်း ဒီလိုတွေ လုပ်ပေးဖို့ မလိုပါဘူးကွာ။" ပိုင်ရှင်းယွီ ပြောရင်းနှင့် အဝတ်လျှော်ဇလုံကို လှမ်းဆွဲယူဖို့ လုပ်လိုက်သည်။

ဖုန်းသုန့်ယွမ် သူ့လက်ကို တားထားရင်း ခပ်ရေးရေးပြုံးပြသည်။ "မင်းက အကြာကြီး နေရမှာလည်း မဟုတ်ဘူး။ နောက်ဆို မင်း ငါ့ကို အဝတ်လျှော်ခိုင်းချင်ရင်တောင် ငါ လာလျှော်ပေးလို့ မရတော့ဘူး။"

ပိုင်ရှင်းယွီ တိုးဖွဖွရယ်လိုက်သည်။ "မင်း ပြောပုံက ဘယ်လိုလုပ် သမီးကို လက်ထပ်ပေးလိုက်ရတဲ့ပုံစံဖြစ်နေတာလဲ။"

ဖုန်းသုန့်ယွမ် ရယ်ရင်းဆဲရေးလာသည်။ "ငါလူး"

ပိုင်ရှင်းယွီ အင်္ကျီလက်ခေါက်၍ သူနှင့်အတူ အင်္ကျီလျှော်ဖွတ်လိုက်သည်။ "ငါ့အဝတ်တွေက ဘယ်လိုလုပ်ပြီး အရမ်းညစ်ပတ်နေရတာလဲ။"

"မင်းက ငါ့ကိုပြန်မေးနေတယ်?"

"ဝေ့၊ နှင်းဖုံးနေတဲ့တောင်တွေကြားနေခဲ့ရတဲ့ ရက်တွေအကြောင်း မင်း မသိလို့ ..."

သူတို့နှစ်ယောက် စကားတပြောပြောနှင့် အဝတ်လျှော်နေလိုက်ကြပြီး ပိုင်ရှင်းယွီမှာ တပ်ခွဲ(၃)သို့ တစ်ဖန်ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ အရင်က ဘယ်လိုဖြစ်ပြီးတော့များ တပ်ခွဲ(၃)မှာ နေရတာ ပင်ပန်းလွန်းတယ်လို့ ညီးတွားခဲ့မိတာပါလိမ့်။ ဒီက သူ့အတွက် သေချာသလောက် စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာဖြစ်စေသော နေရာလေးပင်။

ရုတ်တရက် လူတစ်ယောက် တံခါးပေါက်မှ ဖြတ်ဝင်လာသည်။ "ခင်ဗျားက ဒီရောက်နေတာကိုး။"

သူတို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်ချိန် အသိတစ်ခုက ပိုင်ရှင်းယွီခေါင်းထဲ ဖြတ်ပြေးဝင်လာသည်။ ဒီကောင်လေးက ဖုန်းသုန့်ယွမ်၏ 'အထူးဂရုစိုက်ခံ' စစ်သားလေးဖြစ်၏။ မတွေ့ရတာ တစ်နှစ်ကြာပြီးသည့်နောက် အရင်ကထက် ပိုမိုဖြောင့်မတ်တည်ကြည်လာပုံပင်။

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "မင်း ငါ့ကို ကိစ္စရှိလို့ ရှာတာလား။"

ထိုကောင်လေးက အနားလျှောက်လာပြီး ပိုင်ရှင်းယွီကို တစ်ချက်လှမ်းကြည့်ကာ ဇလုံထဲမှ အဝတ်များထံသို့ အကြည့်ရောက်သွားလေသည်။ သူ့မျက်ခုံးများက ချက်ချင်းဆိုသလို တွန့်ကြုတ်သွားပြီး ပိုင်ရှင်းယွီကို ကြည့်သည့်အကြည့်များကလည်း ခုနကလောက် တရင်းတနှီး မရှိတော့။ "ကိစ္စမရှိရင် ခင်ဗျားကို လာရှာလို့မရတော့ဘူးလား။"

ဖုန်းသုန့်ယွမ် ပြုံးပြီးပြောလိုက်သည်။ "ငါတို့ စကားပြောနေတာ။ မင်းကော အဝတ်လျှော်မလို့လား။"

"မလျှော်ဘူး။"

ပိုင်ရှင်းယွီ မျက်ခုံးပင့်ကြည့်လိုက်သည်။ "မင်းတို့က တန်းခွဲတစ်ခုတည်းလား။"

ဖုန်းသုန့်ယွမ် ပြောလာ၏။ "မဟုတ်ဘူး။ သူက တန်းခွဲ(၂)က။"

သူတို့လည်း အာရုံမထားတော့ပဲ စကားဆက်ပြောနေလိုက်ကြသည်။ ထိုကောင်လေးက သူ့ဘေးတွင်ရပ်နေပြီး အဝတ်လည်း မလျှော်သလို စကားလည်း ဝင်မပြော၊ ဖုန်းသုန့်ယွမ် လက်ကိုသာ ငေးကြည့်နေတာမို့ ပိုင်ရှင်းယွီမှာ တဖြည်းထက် တဖြည်း နေရခက်လာတော့သည်။ အဝတ်များလျှော်ပြီးသည်နှင့် ပိုင်ရှင်းယွီလည်း အဆောင်သို့ ပြန်သွားလိုက်လေသည်။

ဟော့ချောင်အဖျားက အကင်းမပျောက်သေး။ သူက ဆေးချိတ်ထားရင်း အိပ်ရာပေါ်ထိုင်နေလျက် လောင်-ရှားနှင့်အတူ သတင်းအချက်အလက်များ လေ့လာနေသည်။ ပိုင်ရှင်းယွီ အဆောင်ခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဟော့ချောင်ဘေးတွင် စောင့်ရှောက်ပေးလျက်ရှိနေသည့် ယွီဖုန်းချန် ပြောလာတာကို ကြားလိုက်ရသည်။

"ဦးလေးငယ် တပ်ထဲဝင်သွားတာ နှစ်ပေါက်နေပြီ။ ကျွန်တော့်ထက် ပိုနားလည်မှာပါ။ အဖျားရှိနေရက်နဲ့ နှင်းတောင်ပေါ် တက်လို့ရလား။ အဲ့ဒါက သေကြောင်းကြံနေတာနဲ့အတူတူပဲမလား။"

ဟော့ချောင် အမှုမထားသလို လက်ခါပြလိုက်သည်။ "ငါ့အဖျားက မနက်ဖြန်ဆို သေချာပေါက်ကျပြီ။"

လောင်-ရှားလည်း ဝင်ပြောသည်။ "အဖျား အကင်းပျောက်မှ ဆက်ပြောရအောင်။"

ဟော့ချောင် စူးကနဲကြည့်လိုက်သည်။ "အဲ့လူတွေက ငါ့အဖျားပျောက်တဲ့အထိ စောင့်မှာလား။"

လောင်-ရှားလည်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ "မင်း အဖျားမပျောက်သေးရင် ငါ ဦးဆောင်သွားမယ်။ ဘာထပ်ပြောချင်သေးလဲ၊ မင်း တကယ်သွားသေချင်နေတာလား။"

ဟော့ချောင် နှုတ်ခမ်းမဲ့ကျသွားသည်။ "ငါ အချိန်မီ အဖျားကျနိုင်တယ်။"

"တကယ် အဖျားကျသွားရင်တောင် ပြန်ဖြစ်နိုင်ချေရှိတယ်လေ။ ဦးလေးငယ်၊ ဒီတစ်ခေါက် မသွားပါနဲ့။ အန္တရာယ်များလွန်းတယ်။" ယွီဖုန်းချန် ဟော့ချောင်လက်ထဲမှ စာရွက်ဖိုင်ကို ဖိချထားရင်း အလေးအနက်ကြည့်လိုက်သည်။

ဟော့ချောင် ဘေးဘီလှည့်ကြည့်ရင်း ဟင်းချက်ဆောင်မှစစ်သားတိုင်း အလုပ်သွားကြပြီး သူတို့ အထူးတပ်ဖွဲ့သားများသာ ကျန်တော့တာကို တွေ့လိုက်ရမှ သက်ပြင်းချလျက် တိုးတိုးပြောလာသည်။

"ငါတို့ ဒီတစ်ခေါက် ထိပ်တိုက်တွေ့ရမှာ ဘယ်သူတွေလဲ မင်းတို့သိလား။ သတင်းအတိအကျရထားတာ အာဖရိကန် တောင်ဘက်ပိုင်းက ကြေးစားစစ်သားတွေပဲ။ သူတို့က အမေရိကမှာ စစ်ပညာသင်ထားကြတာ။ ဒီအသင်းထဲမှာ ငါကလွဲပြီး အဲ့လိုလေ့ကျင့်ထားတဲ့စစ်သားမျိုးနဲ့ ထိပ်တိုက်တွေ့ဖူးတဲ့သူ မရှိဘူး။ ဟန်ကျိုးနဲ့ အခြားဗိုလ်မှူးနှစ်ယောက်ကလည်း အဝေးမှာ မစ်ရှင်လုပ်နေရတယ်။ ပြန်လာပြီး အသင်းကို ဦးဆောင်ပေးဖို့က မဖြစ်နိုင်ဘူး။ လောင်-ရှား၊ ငါ မင်းကို မယုံတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းမှာ သူတို့နဲ့ပတ်သတ်တဲ့ အတွေ့အကြုံ မရှိသေးဘူး။ ငါ့ဘက်ကလည်း မင်းကို ဒီလို အရှုံးဘက် အားသာနေတဲ့တိုက်ပွဲမျိုး ဦးမဆောင်စေချင်ဘူး။ အဖျားရှိနေလို့ ရှေ့တန်းမထွက်ခဲ့တဲ့ နှင်းကျားသစ်တပ်မဟာက ဗိုလ်မှုးတဲ့၊ မင်း ကြားဖူးရဲ့လား။"

လောင်-ရှား မာမာထန်ထန် ပြောလိုက်သည်။ "အဲ့တော့ကော ဘာဖြစ်လဲ။ နှင်းတောင်ပေါ် အဖျားနဲ့ တက်မှာ၊ မင်း ပြန်ဆင်းလာနိုင်မှာလား။"

ဟော့ချောင် သူ့ပခုံးကို ပုတ်ပေးလာသည်။ "ငါ ပြောပြီးပြီလေ။ မနက်ဖြန်ဆို ပျောက်ပြီလို့။"

"မင်း ..."

ယွီဖုန်းချန် ဟော့ချောင်ကို စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ပိုင်ရှင်းယွီလည်း ဘေးမှနားထောင်နေရင်း စိတ်ပူလာရသည်။ အကယ်၍ အသင်းကို ဟော့ချောင်သာ ဦးမဆောင်ခဲ့ပါက သူတို့ ရှုံးနိမ့်နိုင်ချေက ပိုတိုးသွားမှာဖြစ်သည်။ သို့သော် ဟော့ချောင် အဖျားက သက်သာလာခြင်းမရှိပါက တောင်ပေါ်တက်ခြင်းက မဖြစ်နိုင်သလောက်ပင်။ စစ်ဆင်ရေးမှာ မစတင်ခင်ကတည်းက အန္တရာယ်ကြုံနေရပေသည်။

လူတိုင်း ဖျောင်းဖျဖို့ကြိုးစားပေမယ့် ဟော့ချောင်က လက်ဝှေ့ယမ်းပြပြီး တားဆီးလိုက်သည်။ "ရပြီ၊ ရပြီ။ မပြောနဲ့တော့။ ငါ ဘာလုပ်နေလဲ ငါ သိတယ်။"

ယွီဖုန်းချန် စိတ်ရှုပ်ထွေးမှုများဖြင့် ဆံပင်ထိုးဖွရင်း ထရပ်ကာ ထွက်သွားတော့သည်။ ပိုင်ရှင်းယွီလည်း သူ့အနောက်မှ အလျင်အမြန်လိုက်သွားဖို့လုပ်လိုက်သည်။

"ဖုန်းချန်"

ယွီဖုန်းချန် နားနေရာဆီသို့ လျှောက်သွားပြီး ထိုင်ချကာ သက်ပြင်းရှည်ချလာသည်။

ပိုင်ရှင်းယွီလည်း သူနှင့်အတူ ထိုင်ချလိုက်သည်။ "ဘယ်စစ်သားကများ ခေါင်းမမာတာရှိလဲ။ မင်း သူ့ကို ဖျောင်းဖျလို့ရမှာ မဟုတ်ဘူး။"

ယွီဖုန်းချန် လက်သီးကျစ်ကျစ်ဆုပ်လို့ထား၏။ "သူ မသက်သာသေးရင်တော့ ငါ သေတောင် တောင်ပေါ်တက်ခွင့်မပေးဘူး။"

ပိုင်ရှင်းယွီ သူ့ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။ "လူတိုင်း သူ့ကို တားကြမှာပါကွာ။"

ယွီဖုန်းချန် ခေါင်းငြိမ့်ပြလာ၏။

ပိုင်ရှင်းယွီ သာမန်ကာလျှံကာပြောသလို ပြောလိုက်သည်။ "မင်းနဲ့ ဒုခေါင်းဆောင် ဆက်ဆံရေးက တော်တော်ကောင်းတာပဲ။ ငယ်ငယ်တုန်းက အတူကြီးလာတာလား။"

"အဲ့လိုရယ်လည်း မဟုတ်ဘူး။ သူ ငါ့အိမ်မှာနေခဲ့တာ သုံးနှစ်။ အဲ့နှစ်တွေအတွင်း ဘယ်လိုစာလေ့လာရမလဲ၊ ဘယ်လိုတိုက်ခိုက်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုလုပ်ကိုင်ရမလဲ၊ အစစအရာရာ သူပဲငါ့ကို သင်ပေးခဲ့တာ။" ယွီဖုန်းချန် အကြည့်များက အဝေးတစ်နေရာသို့ မျောလွင့်နေသည်။ "ငါ့ရဲ့အတွေးတွေ၊ စိတ်ကူးတွေ အများစုက ငယ်ငယ်ကတည်းက ဦးလေးငယ် ပုံဖော်ပေးခဲ့တာချည်းပဲ။"

"အဲ့တာကြောင့် မင်း သူ့ခြေရာနောက်လိုက်နင်းရမယ်လို့ အမြဲတွေးနေတာပေါ့။"

ယွီဖုန်းချန် ပခုံးတွ့န်ပြသည်။ "ငါတစ်ယောက်တည်း မဟုတ်ဘူး။ အိမ်က ကလေးတိုင်း သူ့လို ပြုမူနေထိုင်ဖို့ သင်ကြားခံထားရတာ။ ဒါပေမယ့် ငါကတော့ သူနဲ့ အရင်းနှီးဆုံးပဲ။"

ယွီဖုန်းချန်၏အသံတွင် ဂုဏ်ယူနေခြင်းက အနည်းငယ်ရောယှက်လျက်။

ပိုင်ရှင်းယွီ သူ့ဘာသာ တွေးလိုက်မိသည်။ 'တစ်ဖက်သူရဲ့ 'ဘဝကိုသင်ကြောင်းပေးခဲ့သူ'နှင့် ဘယ်လိုလုပ် ယှဉ်ပြိုင်လို့ရနိုင်မှာလဲ။ ယှဉ်ပြိုင်စရာကော ဘာအကြောင်းများ ရှိလို့လဲ။'

သူ ပြုံးပြီး ပြောလိုက်သည်။ "ဒါကတော့ ငါ့အစ်ကိုနဲ့ တူတူလောက်ပဲ။"

ယွီဖုန်းချန် မျက်မှောင်ကြုတ်သွားပြီး ဗြုန်းစား ထပြောသည်။ "ငါ့ဦးလေးငယ်ကို မင်းအစ်ကိုနဲ့ အမြဲ လာလာယှဉ်မနေနဲ့။"

ပိုင်ရှင်းယွီ စူးကနဲကြည့်လိုက်သည်။ "မင်း ဘာသဘောပြောတာလဲ။"

ယွီဖုန်းချန် အေးစက်စက်နှာမှုတ်သည်။ "ငါ့ဦးလေးငယ်က တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့စစ်သား။ ဒီနိုင်ငံကို ကာကွယ်ဖို့အတွက်နဲ့ ချွေးနဲ့သွေးတွေ ဘယ်လောက်ကျဆင်းခဲ့ရမလဲ မသိဘူး။ မင်းအစ်ကို? အခွင့်အရေးယူတတ်တဲ့စီးပွါးရေးသမားပဲမလား။ ဘာများယှဉ်စရာရှိလဲ။"

ပိုင်ရှင်းယွီ မတ်တပ်ထရပ်ရင်း ဒေါသတကြီးပြောလိုက်သည်။ "မင်း သောက်ကျိုးနည်း စကားပြောမတတ်တာပဲ။ ဟုတ်တယ်၊ ငါ့အစ်ကိုက အဲ့အပိုင်းမှာတော့ ဒုခေါင်းဆောင်ကို ယှဉ်လို့မရဘူး။ ဒါပေမယ့် ငါ့အတွက်ပြောရရင် ငါ့အစ်ကိုက ငါ ငယ်ကတည်းက လေးစားလာရတဲ့လူ။ သူကတော်တယ်၊ သန်မာတယ်။ တစ်မိသားစုလုံးရဲ့ဝန်ကို သူပဲ ထမ်းထားရတာ။ မင်းမျက်လုံးထဲမှာတော့ ဒုခေါင်းဆောင်က ပြိုင်ဘက်ကင်း။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာလည်း ငါ့အစ်ကို ကို ဘယ်သူမှ လာယှဉ်လို့မရဘူးကွ!"

[T/N : 目标 : [target, ရည်မှန်းချက် ပန်းတိုင် ဆိုပေမယ့် ပိုင်ရှင်းယွီ ပြောနေတဲ့နေရာမှာကျ 'ပြိုင်ဘက်ကင်း'ဆိုတဲ့သဘောမျိုး ပိုပါသလိုပဲ၊ ဒါပေမယ့် ယွီဖုန်းချန်ကတော့ အဲ့ဒါကို ရည်မှန်းချက်ပန်းတိုင်လို့ပဲ နားထဲကြားသွားတာပါ။]

ယွီဖုန်းချန် နဖူးသွေးကြောများ ထင်းကနဲပေါ်လာပြီး ထေ့ငေါ့ရယ်သွားသည်။ "မင်းက ကျန်းဆွေ့ယင်းကို ရည်မှန်းချက်ပန်းတိုင်အဖြစ် ထား ထားတယ်ပေါ့။ အဆုံးသတ်မှာ မင်း သူ့လိုဖြစ်လာလား။ မင်း ပျင်းရိခိုကပ်တတ်တာကလွဲရင် ဘာများသင်ယူနိုင်ခဲ့လို့လဲ။ မင်းသာ တပ်ထဲမလာခဲ့ရင် တစ်ဘဝလုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တဲ့လူအဖြစ်ရှိသွားမှာ။ စစ်တပ်ကသာ မင်းကို ပြောင်းပေးခဲ့တာ၊ မင်းအစ်ကို မဟုတ်ဘူး။ မင်းကိုယ်မင်း ကြည့်ပြီး ငါ့ကို ပြန်ကြည့်လိုက်။ မင်းအစ်ကိုက ငါ့ဦးလေးငယ်ကို ယှဉ်လို့ရမယ်လို့ ထင်နေတုန်းလား။"

ယွီဖုန်းချန် ပြောလိုက်သမျှစကားတိုင်းက ဓားချက်များနှင့်တူလှပြီး သူ့ရင်အနက်ဆုံးနေရာအထိ ထိုးစိုက်နေသလို ပိုင်ရှင်းယွီ ခံစားလိုက်ရသည်။ သူ့ရင်ထဲနင့်အောင် လေးစားအားကျရသည့်အစ်ကိုဖြစ်သူက ယွီဖုန်းချန် မျက်လုံးထဲတွင်တော့ ပမွှားသာသာမျှဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့။ ထို့အပြင် သူ့အစ်ကိုက ဟော့ချောင်နှင့် နှိုင်းယှဉ်ပြဖို့တောင် မထိုက်တန်သူတဲ့။ သူ့ကို ဝမ်းအနည်းစေဆုံးကိစ္စက ယွီဖုန်းချန်မှာ ရည်မှန်းချက်ပန်းတိုင် ထား ထားသလောက် အလွန်ပြီးပြည့်စုံလှသူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး သူကတော့ ဇက်လိမ်နေသည့် မိုးမခပင်ခြောက်လိုပင်။ ဒီလိုနှိုင်းယှဉ်ခံလိုက်ရခြင်းက သူ့အစ်ကို ဂုဏ်ကို ချလိုက်မိသည်နှင့် တူလှသည်။ သူ ယွီဖုန်းချန် ပြောလာသမျှကို မငြင်းဆိုနိုင်။ သူ အခုပြောင်းလဲသွားခဲ့ရင်တောင်မှ အရင်က အရိပ်ဆိုးကို ဖျောက်ဖျက်နိုင်ခြင်း မရှိသေး။ ယွီဖုန်းချန်၏နှလုံးသားတစ်နေရာမှာတော့ သူ့ကို အနည်းငယ်မျှ အထင်သေးနေဆဲဖြစ်ကာ သူ့အစ်ကို ကိုလည်း အမြင်ကြည်လှခြင်း မရှိပေ။ ထိုသို့ဖြစ်နေခြင်းက သူ့ကို ခံရခက်စေသည်။ သူ လက်သီးကို ကျစ်ကျစ်ဆုပ်ထားရင်း မျက်လုံးများကလည်း နီရဲနေကာ ပေါက်ကွဲထွက်တော့မတတ် ဒေါသများက ဝမ်းဗိုက်အတွင်း ဗလောင်ဆူနေတော့သည်။

ပိုင်ရှင်းယွီ၏ ဝမ်းနည်းမှုများဖြင့် ဒေါသထွက်သည့် မျက်နှာကို မြင်လိုက်ချိန် ယွီဖုန်းချန်လည်း နောင်တရသွားပြီး ပိုင်ရှင်းယွီ လက်ကို လှမ်းဆွဲလိုက်သည်။ "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီကိစ္စအတွက်နဲ့ ရန်မဖြစ်ရအောင်။ ငါ .."

ပိုင်ရှင်းယွီ သူ့လက်ကို ခါထုတ်ပြီး ထေ့ငေါ့မှုအပြည့်နှင့် ပြောလိုက်သည်။ "အနည်းဆုံးတော့ ငါ့အစ်ကိုက ငါ့ကိုယောက်ျားချင်း ကြိုက်အောင် မသင်ပေးထားဘူး။ မင်းကကော? အဲ့တာလည်း ဦးလေးငယ် သင်ပေးထားတာလား။ ထပ်ပြောရရင် ဟော့ချောင်ကိုယ်တိုင်ကိုက ဂေးနေတာလား။ မင်းမှာ တစ်နေ့တစ်နေ့ ဒါဆိုလည်း ဦးလေးငယ်၊ ဟိုဟာဆိုလည်း ဦးလေးငယ်၊ မင်း သူ့ကို ကြိုက်နေတာများလား။ မင်း သူနဲ့ပတ်သတ်ပြီးကော အိပ်မက်စိုတွေ မက်သွားသေးလား။ မဟုတ်မှလွဲ အဲ့ဒါကကော သူ သင်ပေးထားတာ ..."

ပိုင်ရှင်းယွီ ဆက်မပြောနိုင်တော့။ အကြောင်းကား ယွီဖုန်းချန်၏မျက်နှာအမူအရာမှာ တစ်စုံတစ်ယောက်ကို အစိမ်းလိုက်ဝါးစားတော့မတတ် ဖြစ်လာတာမို့ပင်။ ယွီဖုန်းချန် ဗြုန်းစား ထရပ်ပြီး ပိုင်ရှင်းယွီကို ကော်လံမှတစ်ဆင့် ဆွဲကိုင်ကာ သစ်ပင်ပေါ် ဖိကပ်ထားလိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ဒေါသမီးများ လောင်မြိုက်လို့နေပြီး သူ့ပုံစံက အချိန်မရွေး လူကောင်လုံးလိုက် ဗိုက်ထဲမြိုချတော့မည့် ဒေါသပုန်ထနေသည့် ဝက်ဝံကြီးနှင့် တူလှပေသည်။ သူက အေးစက်စက် ပြောလာသည်။ "သောက်ကျိုးနည်း ဘာမဟုတ်တာတွေ လာပြောနေတာလဲ။"

ပိုင်ရှင်းယွီကလည်း အလျော့မပေး သူ့လည်ပင်းကော်လံကို ပြန်ဆွဲထားလိုက်သည်။ "ငါပြောတဲ့အထဲ သောက်ကျိုးနည်း ဘာမဟုတ်တာများ ပါသွားလဲ။ မင်းမှာ ငါ့အစ်ကို ကို ပြောပိုင်ခွင့် မရှိဘူး။"

ဒီရက်ပိုင်းအတွင်း ဖုံးဖိသိုသိပ်ထားရသည့် သံသယများနှင့် သဝန်တိုမှုများက ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်လာလေသည်။ သူ့စိတ်ရှုပ်ထွေးမှုများကြားထဲ စဉ်းစားခြင်းတောင် မရှိ​၊ ထိုစကားများကို ထုတ်ပြောလိုက်မိသွားတော့သည်။ "အနည်းဆုံးတော့ ငါ့အစ်ကိုက ငါ့ကို ယောက်ျားချင်းကြိုက်အောင် မသင်ပေးထားဘူး၊ ဟော့ချောင်က မင်းကို ကိုယ့်ဦးလေးကိုယ် ပြန်ကြိုက်ဖို့ သင်ပေးထားတာလား!?"

ယွီဖုန်းချန် မျက်လုံးများက သွေးချင်းချင်းတောက် နီရဲနေပြီး ပိုင်ရှင်းယွီ ဝမ်းဗိုက်ပေါ်သို့ လက်သီးတစ်ချက် ပစ်ထိုးလိုက်လေသည်။ ပိုင်ရှင်းယွီ သူ့အတွင်းအင်္ဂါများ နေရာရွေ့သွားသည့်အလား နာကျင်မှုကို ခံစားလိုက်ရ၏။ သူ အော်ဟစ်ရင်း ယွီဖုန်းချန် ခါးကို သိုင်းဖက်ထားလျက် မြေပေါ်သို့ ပစ်လှဲချလိုက်တော့သည်။ တူထုသည်နှင့် ဆင်တူလှသည့် ထိုးနှက်မှုက ယွီဖုန်းချန် မျက်နှာပေါ်သို့ ကျရောက်လို့လာသည်။ ယွီဖုန်းချန် လက်နှင့်ကာထားလိုက်သည်မို့ သူ့လက်ချောင်းများပင် တုန်ကျဉ်လို့သွားတော့သည်။ ပိုင်ရှင်းယွီ နောက်လက်တစ်ဖက်ဖြင့် ယွီဖုန်းချန် မျက်နှာကို ထပ်ထိုးလိုက်ရာ ယွီဖုန်းချန်မှာ ရုတ်တရက် အနည်းငယ်မျှပင် မူးဝေသွားတော့သည်။ သူ ဘေးသို့ လှိမ့်ချကာ ပိုင်ရှင်းယွီကို ပိတ်ကန်ပြီး လျင်လျင်မြန်မြန် ထရပ်လျက် နောက်တစ်ချက် ထပ်ကန်လိုက်လေသည်။ အကန်ခံရပြီးသည့်နောက် ပိုင်ရှင်းယွီလည်း မတ်တပ်ထရပ်ပြီး သူ့ဆီသို့ အရှိန်အဟုန်နှင့် တိုးဝင်သွားလိုက်တော့သည်။

နှစ်ယောက်လုံးက ဒေါသတကြီးနှင့် မျက်လုံးထဲတွင်လည်း ဘာဆိုဘာမှ မမြင်တော့။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့နှစ်ယောက်လုံးက 'နှင်းကျားသစ်တပ်မဟာ'၏ အပြင်းထန်ဆုံးသော လေ့ကျင့်ရေးများကို လက်ခံရရှိထားသူများဖြစ်၏။ သူတို့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက ထိပ်တန်းအဆင့်များဖြစ်ကြသည်။ သို့သော် ပိုင်ရှင်းယွီက ယွီဖုန်းချန်နှင့် ယှဉ်လိုက်လျှင်တော့ ခြေတစ်လှမ်းနောက်ကျနေဆဲပင်။ ရန်ပွဲကို လူစုခွဲရန် အုပ်စုလိုက် ရောက်လာချိန်တွင်တော့ ပိုင်ရှင်းယွီ အကြိမ်ရေအနည်းငယ်မျှ ထိုးခံထားရပြီးဖြစ်နေသည်။ ယွီဖုန်းချန်လည်း ပိုင်ရှင်းယွီထက် ပိုပြီးအဆင်ပြေနေတာတော့ မဟုတ်။ သူ့မျက်နှာတစ်ခြမ်းလုံး ယောင်ကိုင်း​နေလေသည်။

"အကျိုးနည်း ခွေးကောင်တွေ၊ ငါ့မျက်စိရှေ့မှာမှ ရန်လာဖြစ်ရဲတယ်ပေါ့!" ရွှီချွမ်မှ ဦးဆုံး ပြေးဝင်လာကာ ယွီဖုန်းချန်ကို ခြေကန်ချက် တစ်ချက်တည်းနှင့် မြေပေါ်လဲကျသွားအောင် ပြုလုပ်လျက် ပိုင်ရှင်းယွီ ခါးကို ဆွဲဖက်ထားပြီး ချန်းကျင်းနှင်အတူ လှုပ်ရှားရုန်းကန်နေသည့် ပိုင်ရှင်းယွီကို မြေပေါ် ဖိကျချုပ်ထားလိုက်တော့သည်။

လောင်-ရှားနှင့် အခြားစစ်သားများလည်း ယွီဖုန်းချန်ကို အဝေးဆွဲခေါ်ဖို့ လုပ်လိုက်ကြပြီး ထိုအချိန်လေးအတွင်း မှားယွင်းထိုးနှက်မှုအချို့ကို ခံစားလိုက်ရလေသည်။

အချိန်တစ်ခုကြာပြီးသည့်နောက် သူတို့နှစ်ယောက်ကို လူချင်းဆွဲခွါနိုင်လိုက်ပြီး မီတာအနည်းငယ်မျှ ကွာဝေးနေကြပေမယ့် သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီး စိုက်ကြည့်နေဆဲပင်။

ပိုင်ရှင်းယွီ ဆဲရေးလိုက်သည်။ "ယွီဖုန်းချန်၊ ငါလူးပဲ!" သူ့ပါးစပ်ဖွင့်ဟလိုက်ချိန် ပါးစောင်က နာကျင်လွန်းတာမို့ မျက်ရည်များပင် စီးကျလာတော့သည်။

ချန်းကျင်း သူ့မျက်နှာကို နှစ်ချက်ပိတ်ရိုက်ရင်း ခပ်ထန်ထန် ပြောလာသည်။ "ပါးစပ်ပိတ်ထား!"

ဟော့ချောင်လည်း အပြေးရောက်လာပြီး သူတို့နှစ်ယောက်ကို မှုန်မှိုင်းမှိုင်းမျက်နှာအနေအထားဖြင့် စူးစိုက်ကြည့်နေလျက် ဒေါသတကြီး အံကြိတ်ပြောလာသည်။ "မင်းတို့နှစ်ယောက် မရှက်ကြဘူးလား၊ ဟမ်? လူတွေကို ပြချင်တဲ့ နှင်းကျားသစ်တပ်မဟာရဲ့ အရည်အချင်းလေးတွေဆိုတာ ဒါမျိုးလား။"

ရွှီချွမ်လည်း အေးစက်စက်မျက်နှာနှင့် ပြောလာသည်။ "အလုံပိတ်အခန်းထဲ ခေါ်သွား။ ဒီနေ့ကိစ္စအကြောင်း ဘယ်သူမှ ပြန်ပြောခွင့်မရှိဘူး။ မြန်မြန်ရှင်း။"

ယွီဖုန်းချန်က စိတ်တည်ငြိမ်သွားပြီဖြစ်ကာ သူ ပိုင်ရှင်းယွီကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။

ပိုင်ရှင်းယွီ မျက်ဝန်းများအတွင်း ပူစပ်စပ်ဖြစ်လာပြီး သူ့နှုတ်ခမ်းများလည်း တုန်ယင်လာတော့သည်။ ချန်းကျင်း သူ့ကို ဆွဲခေါ်သွားပြီး ဝေးဝေးမရောက်သေးခင်မှာပဲ ပိုင်ရှင်းယွီ ချန်းကျင်းကို ဆွဲဖက်ကာ မချိတင်ကဲ ငိုရှိုက်လာတော့သည်။

ချန်းကျင်းမှာ ဒေါသထွက်နေဆဲဆိုပေမယ့် ပိုင်ရှင်းယွီ ငိုလာချိန်တွင်တော့ အားကိုးရာမဲ့ဖြစ်သွားတော့သည်။ "မင်းကတော့ တကယ် လူတွေကို စိတ်မပူ ပူအောင် လုပ်တယ်။"

ပိုင်ရှင်းယွီ တအိအိနှင့် ငိုနေသည်။ "ခေါင်းဆောင် ဝူးးး.. သူ့ကို ဖာ့ခ်ပဲ ..."

ချန်းကျင်း သူ့နောက်ကျောကို ပုတ်ပေးလာသည်။ "တော်တော့၊ မင်းလည်း။"

ရွှီချွမ် သူ့ခေါင်းကို ပိတ်ရိုက်၍ပြောလာသည်။ "မင်းကိုယ်မင်း ဘာများထင်နေလဲ။ ခွေးကောင်လေး၊ မင်းကို လေးစားထားသမျှ အကုန်ရေထဲမျောကုန်လောက်ပြီ။"

ပိုင်ရှင်းယွီ ငိုလိုက်၊ အော်လိုက်နှင့် အလုံပိတ်အခန်းထဲ ဆွဲခေါ်သွားခံလိုက်ရသည်။ တံခါးပိတ်သွားသည်နှင့် စိတ်ပိုင်းဆိုင်ရာခွဲထုတ်ခြင်း စစ်ဆေးပွဲ၏ ထိတ်လန့်ဖွယ်အမှတ်တရများက ရုတ်ချည်းဆိုသလို ခေါင်းထဲ အစီအရီပြန်ပေါ်လို့ လာတာမို့ ငိုတောင် မငိုနိုင်တော့ပဲ စတင် အော်ဟစ်မိလေသည်။ "တပ်မှုး၊ ခေါင်းဆောင်၊ ကျွန်တော့်ကို ဘယ်နှစ်ရက်ပိတ်ထားမှာလဲ!"

ရွှီချွမ် ဒေါသတကြီး ပြောလာသည်။ "မင်းတစ်သက်လုံး ထွက်မလာနဲ့တော့။"

ချန်းကျင်း တိုးတိုးကပ်ပြောလေသည်။ "သုံးရက်။"

ရွှီချွမ် ဒေါသတကြီး ထအော်သည်။ "ငါ့လာမတောင်းဆိုနဲ့။ လစ်စမ်း။"

"တပ်မှုး.."

အသံများ တရွေ့ရွေ့ မှေးမှိန်သွားသည်နှင့် အမှောင်ထုနှင့် ကြောက်ခမန်းလီလီ တိတ်ဆိတ်မှုသာ ကျန်ခဲ့လေသည်။

ပိုင်ရှင်းယွီ နံရံထောင့်တစ်နေရာတွင် ထိုင်နေရင်း သူ့မျက်နှာသူ ထိကြည့်လိုက်ရာ နှာရည်နှင့် မျက်ရည်များကို ခံစားလို့ရလာသည်။ သူ့နှလုံးသားက နာကျင်လို့နေပေမယ့် သူ မငိုနိုင်တော့။ အခု သူ့အနား မည်သူမှ မရှိတာမို့ ဘယ်သူ့အတွက်များ သူ ငိုကြွေးရမှာပါလိမ့်။ ဘယ်သူကမှ သူ့အစား စိတ်ညစ်သောကရောက်ပေးမှာ မဟုတ်။

သူ ခေါင်းနှင့်နံရံကို တိုက်နေရင်း ဒီနေ့ဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြန်စဉ်းစားမိကာ ဒီလောက်ထိ စိတ်လက်မာန်ပါဖြစ်ခဲ့သည်ဟု မယုံနိုင်သေး။ သူ့အစ်ကို အထင်သေးခံရ၍လား၊ ဟော့ချောင်အပေါ် မနာလိုခြင်းကြောင့်လား ရေရေရာရာ မရှိလှပေမယ့် ထပ်ပြောရမည်ဆိုပါက သူ ဒီမကျေနပ်ချက်များကို မြိုသိပ်ထားရတာ ကြာသွား၍ဖြစ်နိုင်သည်။ သို့ပေမယ့် သူ့မှာ ပြောဖို့ အခွင့်အရေးလည်း မရှိသလို ပြောရဲသည့်သတ္တိလည်း မရှိခဲ့။ ဒီနေ့ဖြစ်သွားသည့် ပြဿနာက သူ့စိတ်အတွင်း ချုပ်တည်းထားရသမျှကို ထွက်ပေါက်ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ သူ့အတွက် လုံးလုံးလျားလျား ထိန်းချုပ်ရာမဲ့သွားစေတော့သည်။

သူ ယွီဖုန်းချန်ကို ဘယ်နှစ်ချက်မျှ ထိုးကြိတ်လိုက်တာပါလိမ့်။ သုံးချက်လား၊ ငါးချက်လား၊ ထို့အပြင် အနည်းငယ်လည်း ကန်ကျောက်ခဲ့သေးသည်။ သူ ခပ်များများ မထိုးနိုင်ခဲ့ခြင်းအတွက် တကယ်နောင်တရနေမိသည်။ ထို့အပြင် ယွီဖုန်းချန် ထိုးချက်များကလည်း ညှာတာမှုရှိမနေ။ မကောင်းတဲ့ကောင် .. တကယ်ညှာညှာတာတာမရှိဘူး ..

ပိုင်ရှင်းယွီ ဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ် လှဲလျောင်းချလိုက်သည်။ သူ့နဖူးထက်ရှိ အထိုးခံထားရသည့်နေရာက အခုမှ ကွဲပြဲမတတ် နာကျင်လာတော့သည်။ တကယ်တမ်း ဒီနာကျင်မှုလောက်က သူကြုံတွေ့ခဲ့ရသည့် လေ့ကျင့်ရေးများနှင့်ယှဉ်လိုက်ပါက ဘာမှမပြောပလောက်ပေမယ့် ထိုးနှက်သူက ယွီဖုန်းချန်ဖြစ်နေတာမို့ တကယ် နာလှသည် ...

သူ နှာရှုံ့လိုက်မိသည်။ သူ့အား ဝန်းရံထားသည့် အမှောင်ထုနှင့် အထီးကျန်ဆန်မှုအား မွန်းကြပ်ခြင်းဟူသည့် အရိပ်အယောင်များ ပေးစွမ်းနေလေသည်။ သူ စမ်းသပ်ပွဲများအကြောင်းပါ တွေးမိလာတော့သည်။ ဘာကများ သူ့ကို အဆုံးထိ တောင့်ခံသွားစေတာပါလိမ့်။ ယွီဖုန်းချန်က သူ၏အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်လောက်သည်။ အခု ပြန်တွေးကြည့်ကာမှ ဒါက တကယ်ကော တန်ရဲ့လား။ ယွီဖုန်းချန် အရင်ကတည်းက သူ့ကို ကြိုက်တယ်ဟု ပြောခဲ့ခြင်း မရှိ။ သူ့ဦးလေးအကြောင်းပြောကာ ရန်ဖြစ်ခဲ့ခြင်းကတော့ ရက်စက်လှပေမယ့် ...

ယွီဖုန်းချန်က တကယ် ဟော့ချောင်ကို ကြိုက်နေတာလား။ သူ ဝန်ခံခြင်း မရှိပေမယ့် ငြင်းဆန်ခဲ့ခြင်းလည်း မရှိ။ ဒီလိုနှင့် သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြသည်။

ပိုင်ရှင်းယွီ သူ့ခေါင်းသူ ကိုင်ထားရင်း နှစ်ကြိမ်မျှ အော်ဟစ်ချလိုက်သည်။ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားလာရသည်။ သူ ဒီကနေ ထွက်တာနှင့် ယွီဖုန်းချန်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သွားမေးရမည်။ သူဆိုသည်မှာ အရင်ကတည်းက ပြောချင်တာများကို မြိုသိပ်ထားတတ်သူမဟုတ်၊ ထို့ကြောင့် ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသား သွားပြောရမည်!

နောက်ဆုံးတစ်ခေါက်က အတွေ့အကြုံများကြောင့် ပိုင်ရှင်းယွီမှာ ဒီအလုံပိတ်အခန်းလေးအတွင်း တည်တည်ငြိမ်ငြိမ် ပိုရှိလာသည်။ ထို့အပြင် ဒီတစ်ခေါက်အလုံပိတ်ခန်းက စည်းကမ်းတင်းကြပ်လှခြင်း မရှိ။ ထို့အပြင် သူနှင့်အတူ လက်ပတ်နာရီလည်း ပါလာသည်။ သူအချိန်ကို ကြည့်နေမိသည်။ နှစ်ရက်နှင့် နေ့လည်ခင်းတစ်ခင်း ပြီးသည်နှင့် အလုံပိတ်အခန်းတံခါးက ပွင့်လာပြီး အလင်းရောင်ကလည်း စူးကနဲဝင်ရောက်လာတော့သည်။ ပိုင်ရှင်းယွီ သူ့မျက်လုံးသူ လက်နှင့်အလျင်အမြန် ကာဆီးထားလိုက်သည်။

ချန်းကျင်း တံခါးကို မှီလျက် ပြောလာသည်။ "ငါတို့ ခဏနေ ထွက်ခွါတော့မှာ။ မြန်မြန် ပြင်ဆင်တော့။"

ပိုင်ရှင်းယွီ ချန်းကျင်းနောက်မှ လိုက်ထွက်လာပြီး အချိန်အတော်ကြာအောင် အလင်းရောင်ကို အသားမကျနိုင်သေး။ ထို့ကြောင့် သူ မျက်စိတစ်ဝက်မျှသာ ဖွင့်ထားရလေသည်။ သူ အရှေ့ဆက်လမ်းလျှောက်နေရင်း ချန်းကျင်း အင်္ကျီလက်ကို ဆွဲကိုင်ထားလျက် တိုးတိုးပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။"

ချန်းကျင်းပြောလာသည်။ "ဒီကိစ္စမှာ ငါလည်း ဒေါသထွက်ပိုင်ခွင့် မရှိပါဘူး။ ငါက မင်းရဲ့ခေါင်းဆောင်လည်း မဟုတ်တော့ဘူး။"

"ခေါင်းဆောင်က အမြဲတမ်း ကျွန်တော့်ခေါင်းဆောင်ဖြစ်နေမှာ။"

ချန်းကျင်း သက်ပြင်းချလိုက်သည်။ "ရှင်းယွီ၊ မင်းနဲ့ဖုန်းချန်တို့ရဲ့ ဆက်ဆံရေးကို လူတိုင်း မမြင်ချင်ယောင်ဆောင်ပေးထားတယ်။ ဒါပေမယ့် တစ်ခုရှိတာက မင်းတို့အကြား ဘယ်လိုအဆင်မပြေမှုတွေပဲဖြစ်လာလာ ပေါ်ပေါ်ထင်ထင် အငြင်းပွါးတာတွေ မလုပ်သင့်ဘူး။ ကိစ္စသေးသေးလေးဆိုရင်တော့ ငါတို့အကြား အနေခက်ရုံပေါ့။ ဒါပေမယ့် ကိစ္စက ကြီးလွန်းနေရင်ကွာ၊ မင်းတို့နှစ်ယောက်လုံးက စစ်ပွဲအတူသွားရမယ့် ရဲဘော်ရဲဘက်တွေ။ မတည်ငြိမ်မှုလေးဖြစ်သွားရုံနဲ့ တိုက်ပွဲကျသွားနိုင်တယ်။ ဒါက သေရေးရှင်ရေး ကိစ္စလေ။ ဒီလိုပြဿနာ ထဖြစ်တော့ ဘယ်သူက စိတ်အေးတော့မှာလဲ။"

ပိုင်ရှင်းယွီ တိုးတိုးပြောသည်။ "ခေါင်းဆောင်၊ ကျွန်တော်မှားပါတယ်။"

"မင်း အမှားကို ငါ့ဝန်ခံလည်း အသုံးမဝင်ဘူး။ ဒီတစ်ခေါက်ပြဿနာက ကြီးသလား၊ သေးသလားဆိုတာ ဒုခေါင်းဆောင် ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်ရင်း ဟော့ချောင်အကြောင်းတွေးလိုက်မိကာ ရင်ထဲနေရခက်လာတော့သည်။ သူကိုယ်တိုင်က ဟော့ချောင်ကို လေးစားမှုမရှိတာ မဟုတ်။ နှင်းကျားသစ်တပ်မဟာမှ လူများစုကဲ့သို့ လေးစားခြင်းတောင် ရှိသေးသည်။ သို့ပေမယ့် ဒီတစ်ခေါက်တော့ ဟော့ချောင်နှင့် ဘယ်လို မျက်နှာချင်းဆိုင်ရလေမလဲ သူ မသိတော့။ ဒါတွေအကုန်လုံးက အရူးကောင် ယွီဖုန်းချန် အပြစ်တွေပင်။

အဆောင်သို့ ပြန်ရောက်ချိန် လူတိုင်းက အထုတ်အပိုးပြင်နေကြသည်။ ယွီဖုန်းချန် ခေါင်းမော့ကြည့်လိုက်သည်နှင့် သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး ခဏတာမျှ ကြောင်အငေးမောနေရင်းမှ နှစ်ယောက်လုံး အကြည့်လွှဲလိုက်ကြလေသည်။

ပိုင်ရှင်းယွီ ယွီဖုန်းချန်၏ ယောင်ကိုင်းနေသည့်မျက်နှာကို ကြည့်ရင်း သူ့မျက်နှာလည်း ဘယ်လောက်အခြေအနေဆိုးနေမလဲ မှန်းဆကြည့်လို့ရနေသည်။ သူ မှန်တောင် သွားကြည့်ဖို့ အာရုံမရ၊ အလျင်အမြန် ထုတ်ပိုးသိမ်းဆည်းရတော့သည်။

ဟော့ချောင် ပစ္စည်းများ ကျောပေါ် လွယ်သယ်လို့ အပြင်ထွက်ရန် သူ့ဘေးမှ ဖြတ်သွားရချိန် စကားပြောလို့လာသည်။ "ဒီမစ်ရှင်ပြီးသွားတာနဲ့ ငါ မင်းနဲ့ စကား ကောင်းကောင်းပြောချင်တယ်။"

ပိုင်ရှင်းယွီ စိတ်မပါလက်မပါ အသံပြုလိုက်သည်။ လူတော်တော်များများ သိထားသည်ဟု ချန်းကျင်းပြောလာပုံအရ ဟော့ချောင်လည်း သိနေမှာပင်။ ဟော့ချောင်က သူတို့နှစ်ယောက်ကို ဘယ်လိုထင်မြင်လေမလဲ သူ မသိ။ ဘယ်လိုပြောရပါ့၊ ဟော့ချောင်ကလည်း ယွီဖုန်းချန်၏အကြီးအကဲတစ်ယောက်ပင် .. ဒီလိုအရေးမပါမှုတွေက ဘာတွေလဲ။ စိတ်ရှုပ်လိုက်တာ။

ပိုင်ရှင်းယွီ ဝူချင်း၊ ဖုန်းသုန့်ယွမ်နှင့် ချန်းလျန်တို့ကို နှုတ်ဆက်ဖို့သွားလိုက်သည်။ ဒီတစ်ခေါက်တော့ သူတို့အကုန်လုံး တည်တည်ငြိမ်ငြိမ်ပင်။ အရင်တစ်နှစ်ခွဲကလောက် ဝမ်းနည်းနေခြင်း မရှိတော့။ သို့သော်ငြား သူတို့မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကတော့ ဆတိုးလို့ရှိနေသည်။

ဖုန်းသုန့်ယွမ် ပင်ပန်းသွားခြင်းမရှိ တတွတ်တွတ်မှာနေသည်။ "ရှင်းယွီ၊ မင်း သေသေချာချာ ဂရုစိုက်ရမယ်နော်။ သေသေချာချာ ဂရုစိုက်။"

ပိုင်ရှင်းယွီ သူ့ပခုံးကို ပုတ်ပေးရင်း ပြုံးလိုက်သည်။ "မပူပါနဲ့။ ငါ့အသက်ကို ဂရုမစိုက်ပဲ နေစရာလား။"

ဝူချင်းကလည်း အလေးအနက်ထားပြောလာသည်။ "ဒီတစ်ခေါက်မစ်ရှင်ကြည့်ရတာ ခက်ပုံပဲ။ အကျိုးမရှိတာတွေ မပြောတော့ဘူး။ ခရီးလမ်းသာယာပါစေ။"

ပိုင်ရှင်းယွီ အားကြိုးမာန်တက် ခေါင်းငြိမ့်ပြလိုက်သည်။ "ခေါင်းဆောင်ဝူ၊ ကျွန်တော် ခေါင်းဆောင်ရဲ့လေ့ကျင့်ပေးမှုတွေကို ကောင်းကောင်းအသုံးချခဲ့ပါ့မယ်။"

ဝူချင်း ပြုံးသွားသည်။ "သွားတော့။"

ပိုင်ရှင်းယွီ သူတို့ကို မခွဲမခွါနိုင်သလို ကြည့်နေပြီးတော့မှ ရဟတ်ယာဉ်ပေါ်သို့ ကြိုးဆွဲတက်သွားလိုက်သည်။

ထိုင်ချပြီးသည့်နောက် သူ ယွီဖုန်းချန်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့ အမြဲလိုလို အတူထိုင်တတ်ပေမယ့် အခုတော့ အဝေးဆုံးတွင် တကွဲတပြားထိုင်နေကြသည်။ သူ စိတ်ထဲ သက်ပြင်းခိုးချလိုက်မိသည်။ အမှောင်အတွင်း နှစ်ရက်ကြာအောင် တွေးတောပြီးသည့်နောက် သူလည်း စိတ်အတော်ငြိမ်ကျသွားပြီဖြစ်သည်။ ကိစ္စအားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားစေမယ့် အခွင့်အရေးတစ်ခုဖန်တီးရမည်။ သူလည်း ဒီလိုမရှင်းမရှင်းဖြစ်နေတာမျိုး မလိုချင်။ သူ့နှလုံးသားကို ချိတ်နှင့် ဆွဲချိတ်ထားခံရသလို ခံစားချက်က နည်းနည်းလေးတောင် အဆင်ပြေမနေ။ သူတစ်ယောက်တည်းက အဆင်မပြေနေတာဆိုပါက ဒါက မျှတခြင်းမရှိတော့။ အကယ်၍ ယွီဖုန်းချန်ကသာ သူ့ကို စိတ်သက်သာရာ မရစေဘူးဆို သူ .. သူလည်း လွယ်ကူနေတဲ့လူမဟုတ်။ သူလည်း ယွီဖုန်းချန် ဘယ်သူ့ကိုကြိုက်နေတာလဲဆိုသည့် အူကြောင်ကြားမေးခွန်းများနှင့် အချိန်ဖြုန်းမနေချင်။ ယွီဖုန်းချန် သဘောကျသူမှာ သူတစ်ယောက်တည်းသာ ဖြစ်ရမည်၊ မဟုတ်ပါကလည်း နှစ်ယောက်သား နှုတ်ဆက်ခွဲခွါရုံသာရှိ၏။

ယန့်ရှောင်းကျင်း သူ့ဘေး ဝင်ထိုင်ပြီး လိမ္မော်သီးတစ်ဝက််ခွဲပေးလာသည်။

ပိုင်ရှင်းယွီ လှမ်းယူပြီး သူ့ပါးစပ်ထဲ အကုန်ပစ်ထည့်လိုက်သည်။ ရလဒ်အနေနှင့်ကတော့ သူ အစာနင်တော့သည်။ လိမ္မော်သီးတစ်ဝက်က သူ့လည်ပင်းတွင် တစ်ဆို့နေပြီး မျက်နှာတစ်ခုလုံးလည်း ချောင်းဆိုးမှုကြောင့် နီရဲလာလေသည်။ ယန့်ရှောင်းကျင်း အားကိုးရာမဲ့သလို ပြုံးရင်း ပိုင်ရှင်းယွီ ကျောကိုပွတ်ပေးနေလိုက်သည်။ ပိုင်ရှင်းယွီ သူ့လက်မောင်းကို ဆွဲထားရင်း လက်ညှိုးတထိုးထိုးနှင့် ပြောလိုက်သည်။ "မင်း .. အဟွတ် .. မင်း လူသတ်ချင်နေတာပဲ.."

"ငါသာ လူသတ်ချင်ရင် လိမ္မော်သီးကို သုံးနေမလား။" ယန့်ရှောင်းကျင်း သူ့ကို ရေကမ်းပေးလိုက်သည်။ "ရော့၊ ရေကျင်းလိုက်။"

ယွီဖုန်းချန်က သူတို့နှင့် ထောင့်ချိုးအနေအထားအတိုင်း ထိုင်နေတာဖြစ်ပြီး အသံများ ကြားရချိန် ခန္ဓာကိုယ်ကော ခေါင်းပါ လှုပ်ရှားမလာပေမယ့် သူ့မျက်လုံးကတော့ စွေစောင်းလျက် သူတို့အား အေးစက်စက် စိုက်ကြည့်လာလေသည်။

ယန့်ရှောင်းကျင်း မော့ကြည့်ရင်း ယွီဖုန်းချန်ကို ရေးရေးမျှ ပြုံးပြလိုက်သည်။ ထို့နောက် တစ်ဖက်ပြန်လှည့်သွားကာ သူ့လက်ကို ပိုင်ရှင်းယွီကျောပေါ် တင်ထားလိုက်လေသည်။ ယွီဖုန်းချန် မျက်ဝန်းများ ကျဉ်းမြောင်းလို့သွားပြီး လက်သီးများလည်း ကျစ်ကျစ်ဆုပ်ထားမိတော့သည်။

ပိုင်ရှင်းယွီကတော့ အလျော့ပေးခြင်းမရှိ၊ လိမ္မော်သီး ဆက်စားလိုက်သည်။ သူ ရေအနည်းငယ်မျှ သောက်ပြီး စိတ်အေးသွားရချိန် မေးမြန်လိုက်တော့သည်။ "ဘယ်ကနေ လိမ္မော်သီးတွေ ရလာတာလဲ။"

"ဟင်းချက်ဆောင်က ဝါရင့်စစ်သားတစ်ယောက်ပေးလိုက်တာ။" ယန့်ရှောင်းကျင်း ပြုံးသွားသည်။ "မင်းကိုယ်မင်း နေလောင်ခံအသားအရည်ဖြစ်နေပြီလို့ မထင်ဘူးလား။ အသားဖြူဖို့ ဒါစားတဲ့။"

ပိုင်ရှင်းယွီ ရယ်ရင်း ပြောလိုက်သည်။ "ဒါဆို ငါ ပြန်ဖြူဖို့ ခွန်းလွန်းတောင်ပေါ်က လိမ္မော်သီးတွေ တောင်းလိုက်စားရမှာပဲ။"

"ပြန်ဖြူသွားဖို့ မလိုတာလည်း ကောင်းတာပါပဲ။"

ပိုင်ရှင်းယွီ သူ့အားတစ်ချက်လှမ်းကြည့်ရင်း သူ့အပြုံးနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသလိုပဲဟု အမြဲခံစားနေရသည်။ သို့သော် ထွေထွေထူးထူး တွေးမနေပဲ ပြောလိုက်သည်။ "ယွီဖုန်းချန်နဲ့ငါ ဘာလို့ ရန်ဖြစ်တာလဲ သိချင်လို့ လာတာလား။ မမေးနဲ့၊ မပြောဘူး။"

ယန့်ရှောင်းကျင်း ရယ်သွားသည်။ "ငါ မခန့်မှန်းမိဘူးလို့ မင်း ထင်နေတာလား။"

ပိုင်ရှင်းယွီ သူ့အား မျက်စိဆွေကြည့်ရင်း ဒီကောင်လေးပြောပြခဲ့လို့ သူ သံသယဝင်ဖြစ်သွားမှန်း ရုတ်တရက် သတိရလာသည်။ ယန့်ရှောင်းကျင်းသာ သူ့ကို မပြောခဲ့ပါက သူ့ဘဝတစ်လျှောက်လုံး အဲ့လိုအတွေးမျိုး ဝင်မိမှာတောင် မဟုတ်။ သို့သော်လည်း သူ ယန့်ရှောင်းကျင်းကို ကျေးဇူးတင်သင့်သည်။ မဟုတ်ပါက သူ အချိန်အတော်ကြာသည်အထိ တုံးအနေမိမှာပင်။ သူ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ "အိုး၊ ဟုတ်သားပဲ။"

ယန့်ရှောင်းကျင်း သူ့အနားသို မှီကပ်လာပြီး တိုးတိုးပြောလာသည်။ "ဒါပေမယ့် မင်းတို့ တကယ် ရန်ထဖြစ်မယ်လို့ ငါ မထင်ထားဘူး။"

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့ မင်းအသံက ပီတိဖြာနေသလို ဖြစ်နေရတာလဲ။"

ယန့်ရှောင်းကျင်း ပေကလယ်ပေကလယ် လုပ်ပြသည်။ "ဟုတ်လား။"

ပိုင်ရှင်းယွီ စိတ်ရှုပ်သလို လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ "ငါ့ကို အဲ့အကြောင်း လာမပြောနဲ့တော့။ စိတ်ရှုပ်တယ်။"

ယန့်ရှောင်းကျင်း သူ့ပခုံးကို ပုတ်ပေးလာသည်။ "မင်း ပြောချင်တာရှိရင် ငါ့ကို လာပြောလို့ရတယ်။ အချိန်မရွေး။"

ပိုင်ရှင်းယွီ ဝတ်ကျေတမ်းကျေပြုံးပြလိုက်သည်။ "ဟုတ်ပြီ။"

"ဒါပေမယ့် တကယ်ပြောရရင် မင်းတို့နှစ်ယောက်ကို ကြာကြာတွဲနိုင်လိမ့်မယ်လို့လည်း ငါ မထင်ထားဘူး။"

ပိုင်ရှင်းယွီ မျက်ခုံးပင်သွားသည်။ "အဲ့အတွေးကကော ဘယ်ကရလာပြန်တာလဲ။"

သူတို့နှစ်ယောက်က လေယာဉ်တောင်ပံအနားထိုင်နေကြတာဖြစ်ပြီး အသံအားဖြင့်ဆူညံလွန်းတာမို့ စကားပြောဆိုရာတွင် တစ်ယောက်ကိုတစ်ယောက် မျက်နှာထိကပ်မတတ်ဖြစ်နေလေသည်။ ယွီဖုန်းချန်မှာ ဆူးအပ်များအပေါ် ထိုင်ချထားရသည့်အလား၊ အကြိမ်ကြိမ် သွားရောက်ဆွဲခွါလိုက်ချင်ပေမယ့် ချုပ်တည်းထားရသည်မို့ သူ့မျက်နှာက တဖြည်းဖြည်း အရုပ်ဆိုးလာတော့သည်။

ယန့်ရှောင်းကျင်း လျှို့ဝှက်နက်နဲသော အပြုံးတစ်ခုကို ပြုံးပြလာသည်။ "သူ့စိတ်ထဲမှာတော့ မင်းက ဒုခေါင်းဆောင်လောက် ကောင်းတဲ့သူ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ မင်း သည်းခံနိုင်မှာလား။"

ပိုင်ရှင်းယွီ မျက်နှာက အနည်းငယ်မျှ အရောင်ပြောင်းသွားတော့သည်။ သူ့နှုတ်ခမ်းကို တင်းတင်းစိထားလျက် အတော်လေး စိတ်ထဲ အဆင်မပြေဖြစ်လာလေသည်။ ယန့်ရှောင်းကျင်း ပြောတာမှန်သည်။ ယွီဖုန်းချန်အနေနှင့် ဟော့ချောင်အပေါ် ယုတ္တိမဆန်လှသည့် ချစ်ခြင်းမေတ္တာများမရှိရင်တောင်မှ သူ့အနေနှင့် ဟော့ချောင်ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်။ သူ သည်းခံနိုင်ရဲ့လားဟူ၍ မေးခွန်းထုတ်သင့်တာမျိုး မဟုတ် ... ဒါပေမယ့် ဘာလို့ သူက ခံစားနေရမှာလဲ။ ဘာလို့ သူက အခြားတစ်ယောက်ရဲ့ ဦးလေးနဲ့ လိုက်ပြိုင်နေရမှာလဲ! ယန့်ရှောင်းကျင်း ပြောသလိုပင်ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်က ကြာရှည်မြဲမှာ မဟုတ်။ သူတို့ နှင်းကျားသစ်တပ်မဟာက ထွက်လာရင်တောင် ဘယ်လမ်းကို ဆက်လျှောက်ရမလဲဆိုတာ အခုထိ သိသေးတာ မဟုတ်ပေ။ သို့ပေမယ့် ဒီနေရာတွင် အဆုံးသတ်ပြီလား။ သူ အဆုံးမသတ်ချင်သေး။ သူ့ဘဝမှာ ပထမဆုံးအနေနှင့် လူတစ်ယောက်ကို နှစ်နှစ်ကာကာ ကြိုက်မိတာကို ဘယ်လိုဖြစ်လို့ ဒီလို မကောင်းတာတွေနဲ့ ကြုံရတာပါလိမ့်။

ပိုင်ရှင်းယွီ သူ့ခေါင်းကို ဖိကိုင်ထားရင်း အတွေးများက တောင်ရောက်မြောက်ရောက် ဖြစ်နေတော့သည်။

ရဟတ်ယာဉ်က နယ်နမိတ်အခြေစိုက်စခန်း၌ ဆင်းသက်သွားသည်။ သူတို့ရဟတ်ယာဉ်အတွင်းမှ ခုန်ဆင်းလိုက်သည်နှင့် လေနှင့်အတူရောနှောပါလာသည့် နှင်းမှုန်များက လာရိုက်ခတ်သွားတာမို့ သူတို့ပါးများပင် နာကျင်လာတော့သည်။ ဆောင်းရာသီထဲသို့ ဝင်ရောက်ခဲ့ပြီ။ နှင်းဖုံးရာခွန်းလွန်းတောင်ကတော့ မကောင်းသူများ ကျက်စားရာနေရာဖြစ်လို့ ..။

KittyKitling

T/N : Audio Drama for 'မင်းအစ်ကိုထက် ငါ့ဦးလေးက ပိုမိုက်တယ် ဟျောင့်' :3

ဘာရယ်မဟုတ်၊ Moodတွေက မှိုင်းနေတော့ နည်းနည်းလေးတော့ ရယ်စေချင်တာ။ ဒီ Vdထဲက Memes ပုံတွေကတော့ အသက်ပဲ။ Kitပါ စိတ်ညစ်နေရာက ထရယ်မိ ..

>< Here's a fan art of Yu Feng Cheng ..

Kitကို မက်ဆင်ဂျာက လာပို့ပေးတာလေး TT vibeလေးကို သဘောကျလိုက်တာလေ။

_____///_____

[Zawgyi]

'ႏွလုံးသားအခ်င္းခ်င္း အရင္းခံ၍ သေဘာကြဲလြဲျခင္း'

"သုန့္ယြမ္၊ အိုက္ရား၊ မင္း ဘာလို႔ငါ့အကၤ်ီေတြ ေလၽွာ္ေနရျပန္တာလဲ ..." ပိုင္ရွင္းယြီ ေရခ်ိဳးခန္းထဲသို႔ ေျပးလာခ်ိန္ ဖုန္းသုန့္ယြမ္ သူ႔အကၤ်ီမ်ားကို ေလၽွာ္ဖြတ္ေပးေနတာကို ျမင္လိုက္ရၿပီး သူ႔ဘြတ္ဖိနပ္မ်ားကေတာင္ သန့္ရွင္းေအာင္ တိုက္ထားၿပီးျဖစ္ေနေလသည္။

ဖုန္းသုန့္ယြမ္ ေနာက္ျပန္လွည့္မၾကည့္ပဲ ေျပာလာသည္။ "ဘာမွမျဖစ္ဘူး။ ငါလည္း ဒီေန႔မွ ဘာမွလုပ္စရာမရွိျဖစ္ေနတာ။"

"ငါ အခုဆို အဝတ္ေလၽွာ္တာ မင္းထက္ေတာင္ ျမန္ေနၿပီ။ မင္း ဒီလိုေတြ လုပ္ေပးဖို႔ မလိုပါဘူးကြာ။" ပိုင္ရွင္းယြီ ေျပာရင္းႏွင့္ အဝတ္ေလၽွာ္ဇလုံကို လွမ္းဆြဲယူဖို႔ လုပ္လိုက္သည္။

ဖုန္းသုန့္ယြမ္ သူ႔လက္ကို တားထားရင္း ခပ္ေရးေရးျပဳံးျပသည္။ "မင္းက အၾကာႀကီး ေနရမွာလည္း မဟုတ္ဘူး။ ေနာက္ဆို မင္း ငါ့ကို အဝတ္ေလၽွာ္ခိုင္းခ်င္ရင္ေတာင္ ငါ လာေလၽွာ္ေပးလို႔ မရေတာ့ဘူး။"

ပိုင္ရွင္းယြီ တိုးဖြဖြရယ္လိုက္သည္။ "မင္း ေျပာပုံက ဘယ္လိုလုပ္ သမီးကို လက္ထပ္ေပးလိုက္ရတဲ့ပုံစံျဖစ္ေနတာလဲ။"

ဖုန္းသုန့္ယြမ္ ရယ္ရင္းဆဲေရးလာသည္။ "ငါလူး"

ပိုင္ရွင္းယြီ အကၤ်ီလက္ေခါက္၍ သူႏွင့္အတူ အကၤ်ီေလၽွာ္ဖြတ္လိုက္သည္။ "ငါ့အဝတ္ေတြက ဘယ္လိုလုပ္ၿပီး အရမ္းညစ္ပတ္ေနရတာလဲ။"

"မင္းက ငါ့ကိုျပန္ေမးေနတယ္?"

"ေဝ့၊ ႏွင္းဖုံးေနတဲ့ေတာင္ေတြၾကားေနခဲ့ရတဲ့ ရက္ေတြအေၾကာင္း မင္း မသိလို႔ ..."

သူတို႔ႏွစ္ေယာက္ စကားတေျပာေျပာႏွင့္ အဝတ္ေလၽွာ္ေနလိုက္ၾကၿပီး ပိုင္ရွင္းယြီမွာ တပ္ခြဲ(၃)သို႔ တစ္ဖန္ျပန္ေရာက္သြားသလို ခံစားလိုက္ရသည္။ အရင္က ဘယ္လိုျဖစ္ၿပီးေတာ့မ်ား တပ္ခြဲ(၃)မွာ ေနရတာ ပင္ပန္းလြန္းတယ္လို႔ ညီးတြားခဲ့မိတာပါလိမ့္။ ဒီက သူ႔အတြက္ ေသခ်ာသေလာက္ စိတ္ေအးလက္ေအးႏွင့္ သက္ေတာင့္သက္သာျဖစ္ေစေသာ ေနရာေလးပင္။

႐ုတ္တရက္ လူတစ္ေယာက္ တံခါးေပါက္မွ ျဖတ္ဝင္လာသည္။ "ခင္ဗ်ားက ဒီေရာက္ေနတာကိုး။"

သူတို႔ႏွစ္ေယာက္လုံး လွည့္ၾကည့္လိုက္ခ်ိန္ အသိတစ္ခုက ပိုင္ရွင္းယြီေခါင္းထဲ ျဖတ္ေျပးဝင္လာသည္။ ဒီေကာင္ေလးက ဖုန္းသုန့္ယြမ္၏ 'အထူးဂ႐ုစိုက္ခံ' စစ္သားေလးျဖစ္၏။ မေတြ႕ရတာ တစ္ႏွစ္ၾကာၿပီးသည့္ေနာက္ အရင္ကထက္ ပိုမိုေျဖာင့္မတ္တည္ၾကည္လာပုံပင္။

ဖုန္းသုန့္ယြမ္ ေျပာလိုက္သည္။ "မင္း ငါ့ကို ကိစၥရွိလို႔ ရွာတာလား။"

ထိုေကာင္ေလးက အနားေလၽွာက္လာၿပီး ပိုင္ရွင္းယြီကို တစ္ခ်က္လွမ္းၾကည့္ကာ ဇလုံထဲမွ အဝတ္မ်ားထံသို႔ အၾကည့္ေရာက္သြားေလသည္။ သူ႔မ်က္ခုံးမ်ားက ခ်က္ခ်င္းဆိုသလို တြန့္ၾကဳတ္သြားၿပီး ပိုင္ရွင္းယြီကို ၾကည့္သည့္အၾကည့္မ်ားကလည္း ခုနကေလာက္ တရင္းတႏွီး မရွိေတာ့။ "ကိစၥမရွိရင္ ခင္ဗ်ားကို လာရွာလို႔မရေတာ့ဘူးလား။"

ဖုန္းသုန့္ယြမ္ ျပဳံးၿပီးေျပာလိုက္သည္။ "ငါတို႔ စကားေျပာေနတာ။ မင္းေကာ အဝတ္ေလၽွာ္မလို႔လား။"

"မေလၽွာ္ဘူး။"

ပိုင္ရွင္းယြီ မ်က္ခုံးပင့္ၾကည့္လိုက္သည္။ "မင္းတို႔က တန္းခြဲတစ္ခုတည္းလား။"

ဖုန္းသုန့္ယြမ္ ေျပာလာ၏။ "မဟုတ္ဘူး။ သူက တန္းခြဲ(၂)က။"

သူတို႔လည္း အာ႐ုံမထားေတာ့ပဲ စကားဆက္ေျပာေနလိုက္ၾကသည္။ ထိုေကာင္ေလးက သူ႔ေဘးတြင္ရပ္ေနၿပီး အဝတ္လည္း မေလၽွာ္သလို စကားလည္း ဝင္မေျပာ၊ ဖုန္းသုန့္ယြမ္ လက္ကိုသာ ေငးၾကည့္ေနတာမို႔ ပိုင္ရွင္းယြီမွာ တျဖည္းထက္ တျဖည္း ေနရခက္လာေတာ့သည္။ အဝတ္မ်ားေလၽွာ္ၿပီးသည္ႏွင့္ ပိုင္ရွင္းယြီလည္း အေဆာင္သို႔ ျပန္သြားလိုက္ေလသည္။

ေဟာ့ေခ်ာင္အဖ်ားက အကင္းမေပ်ာက္ေသး။ သူက ေဆးခ်ိတ္ထားရင္း အိပ္ရာေပၚထိုင္ေနလ်က္ ေလာင္-ရွားႏွင့္အတူ သတင္းအခ်က္အလက္မ်ား ေလ့လာေနသည္။ ပိုင္ရွင္းယြီ အေဆာင္ခန္းအတြင္းသို႔ ဝင္လိုက္သည္ႏွင့္ ေဟာ့ေခ်ာင္ေဘးတြင္ ေစာင့္ေရွာက္ေပးလ်က္ရွိေနသည့္ ယြီဖုန္းခ်န္ ေျပာလာတာကို ၾကားလိုက္ရသည္။

"ဦးေလးငယ္ တပ္ထဲဝင္သြားတာ ႏွစ္ေပါက္ေနၿပီ။ ကၽြန္ေတာ့္ထက္ ပိုနားလည္မွာပါ။ အဖ်ားရွိေနရက္နဲ႔ ႏွင္းေတာင္ေပၚ တက္လို႔ရလား။ အဲ့ဒါက ေသေၾကာင္းႀကံေနတာနဲ႔အတူတူပဲမလား။"

ေဟာ့ေခ်ာင္ အမွုမထားသလို လက္ခါျပလိုက္သည္။ "ငါ့အဖ်ားက မနက္ျဖန္ဆို ေသခ်ာေပါက္က်ၿပီ။"

ေလာင္-ရွားလည္း ဝင္ေျပာသည္။ "အဖ်ား အကင္းေပ်ာက္မွ ဆက္ေျပာရေအာင္။"

ေဟာ့ေခ်ာင္ စူးကနဲၾကည့္လိုက္သည္။ "အဲ့လူေတြက ငါ့အဖ်ားေပ်ာက္တဲ့အထိ ေစာင့္မွာလား။"

ေလာင္-ရွားလည္း သူ႔ကို စိန္းစိန္းဝါးဝါးၾကည့္လိုက္သည္။ "မင္း အဖ်ားမေပ်ာက္ေသးရင္ ငါ ဦးေဆာင္သြားမယ္။ ဘာထပ္ေျပာခ်င္ေသးလဲ၊ မင္း တကယ္သြားေသခ်င္ေနတာလား။"

ေဟာ့ေခ်ာင္ ႏွုတ္ခမ္းမဲ့က်သြားသည္။ "ငါ အခ်ိန္မီ အဖ်ားက်နိုင္တယ္။"

"တကယ္ အဖ်ားက်သြားရင္ေတာင္ ျပန္ျဖစ္နိုင္ေခ်ရွိတယ္ေလ။ ဦးေလးငယ္၊ ဒီတစ္ေခါက္ မသြားပါနဲ႔။ အႏၲရာယ္မ်ားလြန္းတယ္။" ယြီဖုန္းခ်န္ ေဟာ့ေခ်ာင္လက္ထဲမွ စာရြက္ဖိုင္ကို ဖိခ်ထားရင္း အေလးအနက္ၾကည့္လိုက္သည္။

ေဟာ့ေခ်ာင္ ေဘးဘီလွည့္ၾကည့္ရင္း ဟင္းခ်က္ေဆာင္မွစစ္သားတိုင္း အလုပ္သြားၾကၿပီး သူတို႔ အထူးတပ္ဖြဲ႕သားမ်ားသာ က်န္ေတာ့တာကို ေတြ႕လိုက္ရမွ သက္ျပင္းခ်လ်က္ တိုးတိုးေျပာလာသည္။

"ငါတို႔ ဒီတစ္ေခါက္ ထိပ္တိုက္ေတြ႕ရမွာ ဘယ္သူေတြလဲ မင္းတို႔သိလား။ သတင္းအတိအက်ရထားတာ အာဖရိကန္ ေတာင္ဘက္ပိုင္းက ေၾကးစားစစ္သားေတြပဲ။ သူတို႔က အေမရိကမွာ စစ္ပညာသင္ထားၾကတာ။ ဒီအသင္းထဲမွာ ငါကလြဲၿပီး အဲ့လိုေလ့က်င့္ထားတဲ့စစ္သားမ်ိဳးနဲ႔ ထိပ္တိုက္ေတြ႕ဖူးတဲ့သူ မရွိဘူး။ ဟန္က်ိဳးနဲ႔ အျခားဗိုလ္မွူးႏွစ္ေယာက္ကလည္း အေဝးမွာ မစ္ရွင္လုပ္ေနရတယ္။ ျပန္လာၿပီး အသင္းကို ဦးေဆာင္ေပးဖို႔က မျဖစ္နိုင္ဘူး။ ေလာင္-ရွား၊ ငါ မင္းကို မယုံတာေတာ့ မဟုတ္ဘူး၊ ဒါေပမယ့္ မင္းမွာ သူတို႔နဲ႔ပတ္သတ္တဲ့ အေတြ႕အၾကဳံ မရွိေသးဘူး။ ငါ့ဘက္ကလည္း မင္းကို ဒီလို အရွုံးဘက္ အားသာေနတဲ့တိုက္ပြဲမ်ိဳး ဦးမေဆာင္ေစခ်င္ဘူး။ အဖ်ားရွိေနလို႔ ေရွ႕တန္းမထြက္ခဲ့တဲ့ ႏွင္းက်ားသစ္တပ္မဟာက ဗိုလ္မွုးတဲ့၊ မင္း ၾကားဖူးရဲ့လား။"

ေလာင္-ရွား မာမာထန္ထန္ ေျပာလိုက္သည္။ "အဲ့ေတာ့ေကာ ဘာျဖစ္လဲ။ ႏွင္းေတာင္ေပၚ အဖ်ားနဲ႔ တက္မွာ၊ မင္း ျပန္ဆင္းလာနိုင္မွာလား။"

ေဟာ့ေခ်ာင္ သူ႔ပခုံးကို ပုတ္ေပးလာသည္။ "ငါ ေျပာၿပီးၿပီေလ။ မနက္ျဖန္ဆို ေပ်ာက္ၿပီလို႔။"

"မင္း ..."

ယြီဖုန္းခ်န္ ေဟာ့ေခ်ာင္ကို စိုးရိမ္မွုမ်ားႏွင့္ ျပည့္ႏွက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။

ပိုင္ရွင္းယြီလည္း ေဘးမွနားေထာင္ေနရင္း စိတ္ပူလာရသည္။ အကယ္၍ အသင္းကို ေဟာ့ေခ်ာင္သာ ဦးမေဆာင္ခဲ့ပါက သူတို႔ ရွုံးနိမ့္နိုင္ေခ်က ပိုတိုးသြားမွာျဖစ္သည္။ သို႔ေသာ္ ေဟာ့ေခ်ာင္ အဖ်ားက သက္သာလာျခင္းမရွိပါက ေတာင္ေပၚတက္ျခင္းက မျဖစ္နိုင္သေလာက္ပင္။ စစ္ဆင္ေရးမွာ မစတင္ခင္ကတည္းက အႏၲရာယ္ၾကဳံေနရေပသည္။

လူတိုင္း ေဖ်ာင္းဖ်ဖို႔ႀကိဳးစားေပမယ့္ ေဟာ့ေခ်ာင္က လက္ေဝွ႕ယမ္းျပၿပီး တားဆီးလိုက္သည္။ "ရၿပီ၊ ရၿပီ။ မေျပာနဲ႔ေတာ့။ ငါ ဘာလုပ္ေနလဲ ငါ သိတယ္။"

ယြီဖုန္းခ်န္ စိတ္ရွုပ္ေထြးမွုမ်ားျဖင့္ ဆံပင္ထိုးဖြရင္း ထရပ္ကာ ထြက္သြားေတာ့သည္။ ပိုင္ရွင္းယြီလည္း သူ႔အေနာက္မွ အလ်င္အျမန္လိုက္သြားဖို႔လုပ္လိုက္သည္။

"ဖုန္းခ်န္"

ယြီဖုန္းခ်န္ နားေနရာဆီသို႔ ေလၽွာက္သြားၿပီး ထိုင္ခ်ကာ သက္ျပင္းရွည္ခ်လာသည္။

ပိုင္ရွင္းယြီလည္း သူႏွင့္အတူ ထိုင္ခ်လိုက္သည္။ "ဘယ္စစ္သားကမ်ား ေခါင္းမမာတာရွိလဲ။ မင္း သူ႔ကို ေဖ်ာင္းဖ်လို႔ရမွာ မဟုတ္ဘူး။"

ယြီဖုန္းခ်န္ လက္သီးက်စ္က်စ္ဆုပ္လို႔ထား၏။ "သူ မသက္သာေသးရင္ေတာ့ ငါ ေသေတာင္ ေတာင္ေပၚတက္ခြင့္မေပးဘူး။"

ပိုင္ရွင္းယြီ သူ႔ပခုံးကို ပုတ္ေပးရင္း ေျပာလိုက္သည္။ "လူတိုင္း သူ႔ကို တားၾကမွာပါကြာ။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္ျပလာ၏။

ပိုင္ရွင္းယြီ သာမန္ကာလၽွံကာေျပာသလို ေျပာလိုက္သည္။ "မင္းနဲ႔ ဒုေခါင္းေဆာင္ ဆက္ဆံေရးက ေတာ္ေတာ္ေကာင္းတာပဲ။ ငယ္ငယ္တုန္းက အတူႀကီးလာတာလား။"

"အဲ့လိုရယ္လည္း မဟုတ္ဘူး။ သူ ငါ့အိမ္မွာေနခဲ့တာ သုံးႏွစ္။ အဲ့ႏွစ္ေတြအတြင္း ဘယ္လိုစာေလ့လာရမလဲ၊ ဘယ္လိုတိုက္ခိုက္ရမလဲ၊ ဘယ္လိုေနထိုင္ရမလဲ၊ ဘယ္လိုလုပ္ကိုင္ရမလဲ၊ အစစအရာရာ သူပဲငါ့ကို သင္ေပးခဲ့တာ။" ယြီဖုန္းခ်န္ အၾကည့္မ်ားက အေဝးတစ္ေနရာသို႔ ေမ်ာလြင့္ေနသည္။ "ငါ့ရဲ့အေတြးေတြ၊ စိတ္ကူးေတြ အမ်ားစုက ငယ္ငယ္ကတည္းက ဦးေလးငယ္ ပုံေဖာ္ေပးခဲ့တာခ်ည္းပဲ။"

"အဲ့တာေၾကာင့္ မင္း သူ႔ေျခရာေနာက္လိုက္နင္းရမယ္လို႔ အျမဲေတြးေနတာေပါ့။"

ယြီဖုန္းခ်န္ ပခုံးတြ႕န္ျပသည္။ "ငါတစ္ေယာက္တည္း မဟုတ္ဘူး။ အိမ္က ကေလးတိုင္း သူ႔လို ျပဳမူေနထိုင္ဖို႔ သင္ၾကားခံထားရတာ။ ဒါေပမယ့္ ငါကေတာ့ သူနဲ႔ အရင္းႏွီးဆုံးပဲ။"

ယြီဖုန္းခ်န္၏အသံတြင္ ဂုဏ္ယူေနျခင္းက အနည္းငယ္ေရာယွက္လ်က္။

ပိုင္ရွင္းယြီ သူ႔ဘာသာ ေတြးလိုက္မိသည္။ 'တစ္ဖက္သူရဲ့ 'ဘဝကိုသင္ေၾကာင္းေပးခဲ့သူ'ႏွင့္ ဘယ္လိုလုပ္ ယွဥ္ၿပိဳင္လို႔ရနိုင္မွာလဲ။ ယွဥ္ၿပိဳင္စရာေကာ ဘာအေၾကာင္းမ်ား ရွိလို႔လဲ။'

သူ ျပဳံးၿပီး ေျပာလိုက္သည္။ "ဒါကေတာ့ ငါ့အစ္ကိုနဲ႔ တူတူေလာက္ပဲ။"

ယြီဖုန္းခ်န္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ျဗဳန္းစား ထေျပာသည္။ "ငါ့ဦးေလးငယ္ကို မင္းအစ္ကိုနဲ႔ အျမဲ လာလာယွဥ္မေနနဲ႔။"

ပိုင္ရွင္းယြီ စူးကနဲၾကည့္လိုက္သည္။ "မင္း ဘာသေဘာေျပာတာလဲ။"

ယြီဖုန္းခ်န္ ေအးစက္စက္ႏွာမွုတ္သည္။ "ငါ့ဦးေလးငယ္က တိုင္းျပည္ကို ကာကြယ္ေပးေနတဲ့စစ္သား။ ဒီနိုင္ငံကို ကာကြယ္ဖို႔အတြက္နဲ႔ ေခၽြးနဲ႔ေသြးေတြ ဘယ္ေလာက္က်ဆင္းခဲ့ရမလဲ မသိဘူး။ မင္းအစ္ကို? အခြင့္အေရးယူတတ္တဲ့စီးပြါးေရးသမားပဲမလား။ ဘာမ်ားယွဥ္စရာရွိလဲ။"

ပိုင္ရွင္းယြီ မတ္တပ္ထရပ္ရင္း ေဒါသတႀကီးေျပာလိုက္သည္။ "မင္း ေသာက္က်ိဳးနည္း စကားေျပာမတတ္တာပဲ။ ဟုတ္တယ္၊ ငါ့အစ္ကိုက အဲ့အပိုင္းမွာေတာ့ ဒုေခါင္းေဆာင္ကို ယွဥ္လို႔မရဘူး။ ဒါေပမယ့္ ငါ့အတြက္ေျပာရရင္ ငါ့အစ္ကိုက ငါ ငယ္ကတည္းက ေလးစားလာရတဲ့လူ။ သူကေတာ္တယ္၊ သန္မာတယ္။ တစ္မိသားစုလုံးရဲ့ဝန္ကို သူပဲ ထမ္းထားရတာ။ မင္းမ်က္လုံးထဲမွာေတာ့ ဒုေခါင္းေဆာင္က ၿပိဳင္ဘက္ကင္း။ ဒါေပမယ့္ ငါ့မ်က္လုံးထဲမွာလည္း ငါ့အစ္ကို ကို ဘယ္သူမွ လာယွဥ္လို႔မရဘူးကြ!"

[T/N : 目标 : [target, ရည္မွန္းခ်က္ ပန္းတိုင္ ဆိုေပမယ့္ ပိုင္ရွင္းယြီ ေျပာေနတဲ့ေနရာမွာက် 'ၿပိဳင္ဘက္ကင္း'ဆိုတဲ့သေဘာမ်ိဳး ပိုပါသလိုပဲ၊ ဒါေပမယ့္ ယြီဖုန္းခ်န္ကေတာ့ အဲ့ဒါကို ရည္မွန္းခ်က္ပန္းတိုင္လို႔ပဲ နားထဲၾကားသြားတာပါ။]

ယြီဖုန္းခ်န္ နဖူးေသြးေၾကာမ်ား ထင္းကနဲေပၚလာၿပီး ေထ့ေငါ့ရယ္သြားသည္။ "မင္းက က်န္းေဆြ႕ယင္းကို ရည္မွန္းခ်က္ပန္းတိုင္အျဖစ္ ထား ထားတယ္ေပါ့။ အဆုံးသတ္မွာ မင္း သူ႔လိုျဖစ္လာလား။ မင္း ပ်င္းရိခိုကပ္တတ္တာကလြဲရင္ ဘာမ်ားသင္ယူနိုင္ခဲ့လို႔လဲ။ မင္းသာ တပ္ထဲမလာခဲ့ရင္ တစ္ဘဝလုံး ကိုယ့္ေျခေထာက္ေပၚကိုယ္မရပ္နိုင္တဲ့လူအျဖစ္ရွိသြားမွာ။ စစ္တပ္ကသာ မင္းကို ေျပာင္းေပးခဲ့တာ၊ မင္းအစ္ကို မဟုတ္ဘူး။ မင္းကိုယ္မင္း ၾကည့္ၿပီး ငါ့ကို ျပန္ၾကည့္လိုက္။ မင္းအစ္ကိုက ငါ့ဦးေလးငယ္ကို ယွဥ္လို႔ရမယ္လို႔ ထင္ေနတုန္းလား။"

ယြီဖုန္းခ်န္ ေျပာလိုက္သမၽွစကားတိုင္းက ဓားခ်က္မ်ားႏွင့္တူလွၿပီး သူ႔ရင္အနက္ဆုံးေနရာအထိ ထိုးစိုက္ေနသလို ပိုင္ရွင္းယြီ ခံစားလိုက္ရသည္။ သူ႔ရင္ထဲနင့္ေအာင္ ေလးစားအားက်ရသည့္အစ္ကိုျဖစ္သူက ယြီဖုန္းခ်န္ မ်က္လုံးထဲတြင္ေတာ့ ပမႊားသာသာမၽွျဖစ္ေနလိမ့္မည္ဟု သူ တစ္ခါမွ မထင္ထားခဲ့။ ထို႔အျပင္ သူ႔အစ္ကိုက ေဟာ့ေခ်ာင္ႏွင့္ ႏွိုင္းယွဥ္ျပဖို႔ေတာင္ မထိုက္တန္သူတဲ့။ သူ႔ကို ဝမ္းအနည္းေစဆုံးကိစၥက ယြီဖုန္းခ်န္မွာ ရည္မွန္းခ်က္ပန္းတိုင္ ထား ထားသေလာက္ အလြန္ၿပီးျပည့္စုံလွသူတစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့ၿပီး သူကေတာ့ ဇက္လိမ္ေနသည့္ မိုးမခပင္ေျခာက္လိုပင္။ ဒီလိုႏွိုင္းယွဥ္ခံလိုက္ရျခင္းက သူ႔အစ္ကို ဂုဏ္ကို ခ်လိုက္မိသည္ႏွင့္ တူလွသည္။ သူ ယြီဖုန္းခ်န္ ေျပာလာသမၽွကို မျငင္းဆိုနိုင္။ သူ အခုေျပာင္းလဲသြားခဲ့ရင္ေတာင္မွ အရင္က အရိပ္ဆိုးကို ေဖ်ာက္ဖ်က္နိုင္ျခင္း မရွိေသး။ ယြီဖုန္းခ်န္၏ႏွလုံးသားတစ္ေနရာမွာေတာ့ သူ႔ကို အနည္းငယ္မၽွ အထင္ေသးေနဆဲျဖစ္ကာ သူ႔အစ္ကို ကိုလည္း အျမင္ၾကည္လွျခင္း မရွိေပ။ ထိုသို႔ျဖစ္ေနျခင္းက သူ႔ကို ခံရခက္ေစသည္။ သူ လက္သီးကို က်စ္က်စ္ဆုပ္ထားရင္း မ်က္လုံးမ်ားကလည္း နီရဲေနကာ ေပါက္ကြဲထြက္ေတာ့မတတ္ ေဒါသမ်ားက ဝမ္းဗိုက္အတြင္း ဗေလာင္ဆူေနေတာ့သည္။

ပိုင္ရွင္းယြီ၏ ဝမ္းနည္းမွုမ်ားျဖင့္ ေဒါသထြက္သည့္ မ်က္ႏွာကို ျမင္လိုက္ခ်ိန္ ယြီဖုန္းခ်န္လည္း ေနာင္တရသြားၿပီး ပိုင္ရွင္းယြီ လက္ကို လွမ္းဆြဲလိုက္သည္။ "ဟုတ္ၿပီ၊ ဟုတ္ၿပီ။ ဒီကိစၥအတြက္နဲ႔ ရန္မျဖစ္ရေအာင္။ ငါ .."

ပိုင္ရွင္းယြီ သူ႔လက္ကို ခါထုတ္ၿပီး ေထ့ေငါ့မွုအျပည့္ႏွင့္ ေျပာလိုက္သည္။ "အနည္းဆုံးေတာ့ ငါ့အစ္ကိုက ငါ့ကိုေယာက္်ားခ်င္း ႀကိဳက္ေအာင္ မသင္ေပးထားဘူး။ မင္းကေကာ? အဲ့တာလည္း ဦးေလးငယ္ သင္ေပးထားတာလား။ ထပ္ေျပာရရင္ ေဟာ့ေခ်ာင္ကိုယ္တိုင္ကိုက ေဂးေနတာလား။ မင္းမွာ တစ္ေန႔တစ္ေန႔ ဒါဆိုလည္း ဦးေလးငယ္၊ ဟိုဟာဆိုလည္း ဦးေလးငယ္၊ မင္း သူ႔ကို ႀကိဳက္ေနတာမ်ားလား။ မင္း သူနဲ႔ပတ္သတ္ၿပီးေကာ အိပ္မက္စိုေတြ မက္သြားေသးလား။ မဟုတ္မွလြဲ အဲ့ဒါကေကာ သူ သင္ေပးထားတာ ..."

ပိုင္ရွင္းယြီ ဆက္မေျပာနိုင္ေတာ့။ အေၾကာင္းကား ယြီဖုန္းခ်န္၏မ်က္ႏွာအမူအရာမွာ တစ္စုံတစ္ေယာက္ကို အစိမ္းလိုက္ဝါးစားေတာ့မတတ္ ျဖစ္လာတာမို႔ပင္။ ယြီဖုန္းခ်န္ ျဗဳန္းစား ထရပ္ၿပီး ပိုင္ရွင္းယြီကို ေကာ္လံမွတစ္ဆင့္ ဆြဲကိုင္ကာ သစ္ပင္ေပၚ ဖိကပ္ထားလိုက္သည္။ သူ႔မ်က္ဝန္းမ်ားထဲတြင္ ေဒါသမီးမ်ား ေလာင္ၿမိဳက္လို႔ေနၿပီး သူ႔ပုံစံက အခ်ိန္မေရြး လူေကာင္လုံးလိုက္ ဗိုက္ထဲၿမိဳခ်ေတာ့မည့္ ေဒါသပုန္ထေနသည့္ ဝက္ဝံႀကီးႏွင့္ တူလွေပသည္။ သူက ေအးစက္စက္ ေျပာလာသည္။ "ေသာက္က်ိဳးနည္း ဘာမဟုတ္တာေတြ လာေျပာေနတာလဲ။"

ပိုင္ရွင္းယြီကလည္း အေလ်ာ့မေပး သူ႔လည္ပင္းေကာ္လံကို ျပန္ဆြဲထားလိုက္သည္။ "ငါေျပာတဲ့အထဲ ေသာက္က်ိဳးနည္း ဘာမဟုတ္တာမ်ား ပါသြားလဲ။ မင္းမွာ ငါ့အစ္ကို ကို ေျပာပိုင္ခြင့္ မရွိဘူး။"

ဒီရက္ပိုင္းအတြင္း ဖုံးဖိသိုသိပ္ထားရသည့္ သံသယမ်ားႏွင့္ သဝန္တိုမွုမ်ားက ႐ုတ္ခ်ည္းဆိုသလို ေပါက္ကြဲထြက္လာေလသည္။ သူ႔စိတ္ရွုပ္ေထြးမွုမ်ားၾကားထဲ စဥ္းစားျခင္းေတာင္ မရွိ​၊ ထိုစကားမ်ားကို ထုတ္ေျပာလိုက္မိသြားေတာ့သည္။ "အနည္းဆုံးေတာ့ ငါ့အစ္ကိုက ငါ့ကို ေယာက္်ားခ်င္းႀကိဳက္ေအာင္ မသင္ေပးထားဘူး၊ ေဟာ့ေခ်ာင္က မင္းကို ကိုယ့္ဦးေလးကိုယ္ ျပန္ႀကိဳက္ဖို႔ သင္ေပးထားတာလား!?"

ယြီဖုန္းခ်န္ မ်က္လုံးမ်ားက ေသြးခ်င္းခ်င္းေတာက္ နီရဲေနၿပီး ပိုင္ရွင္းယြီ ဝမ္းဗိုက္ေပၚသို႔ လက္သီးတစ္ခ်က္ ပစ္ထိုးလိုက္ေလသည္။ ပိုင္ရွင္းယြီ သူ႔အတြင္းအဂၤါမ်ား ေနရာေရြ႕သြားသည့္အလား နာက်င္မွုကို ခံစားလိုက္ရ၏။ သူ ေအာ္ဟစ္ရင္း ယြီဖုန္းခ်န္ ခါးကို သိုင္းဖက္ထားလ်က္ ေျမေပၚသို႔ ပစ္လွဲခ်လိုက္ေတာ့သည္။ တူထုသည္ႏွင့္ ဆင္တူလွသည့္ ထိုးႏွက္မွုက ယြီဖုန္းခ်န္ မ်က္ႏွာေပၚသို႔ က်ေရာက္လို႔လာသည္။ ယြီဖုန္းခ်န္ လက္ႏွင့္ကာထားလိုက္သည္မို႔ သူ႔လက္ေခ်ာင္းမ်ားပင္ တုန္က်ဥ္လို႔သြားေတာ့သည္။ ပိုင္ရွင္းယြီ ေနာက္လက္တစ္ဖက္ျဖင့္ ယြီဖုန္းခ်န္ မ်က္ႏွာကို ထပ္ထိုးလိုက္ရာ ယြီဖုန္းခ်န္မွာ ႐ုတ္တရက္ အနည္းငယ္မၽွပင္ မူးေဝသြားေတာ့သည္။ သူ ေဘးသို႔ လွိမ့္ခ်ကာ ပိုင္ရွင္းယြီကို ပိတ္ကန္ၿပီး လ်င္လ်င္ျမန္ျမန္ ထရပ္လ်က္ ေနာက္တစ္ခ်က္ ထပ္ကန္လိုက္ေလသည္။ အကန္ခံရၿပီးသည့္ေနာက္ ပိုင္ရွင္းယြီလည္း မတ္တပ္ထရပ္ၿပီး သူ႔ဆီသို႔ အရွိန္အဟုန္ႏွင့္ တိုးဝင္သြားလိုက္ေတာ့သည္။

ႏွစ္ေယာက္လုံးက ေဒါသတႀကီးႏွင့္ မ်က္လုံးထဲတြင္လည္း ဘာဆိုဘာမွ မျမင္ေတာ့။ ဘယ္လိုပဲျဖစ္ေနပါေစ သူတို႔ႏွစ္ေယာက္လုံးက 'ႏွင္းက်ားသစ္တပ္မဟာ'၏ အျပင္းထန္ဆုံးေသာ ေလ့က်င့္ေရးမ်ားကို လက္ခံရရွိထားသူမ်ားျဖစ္၏။ သူတို႔ တိုက္ခိုက္ေရးကၽြမ္းက်င္မွုက ထိပ္တန္းအဆင့္မ်ားျဖစ္ၾကသည္။ သို႔ေသာ္ ပိုင္ရွင္းယြီက ယြီဖုန္းခ်န္ႏွင့္ ယွဥ္လိုက္လၽွင္ေတာ့ ေျခတစ္လွမ္းေနာက္က်ေနဆဲပင္။ ရန္ပြဲကို လူစုခြဲရန္ အုပ္စုလိုက္ ေရာက္လာခ်ိန္တြင္ေတာ့ ပိုင္ရွင္းယြီ အႀကိမ္ေရအနည္းငယ္မၽွ ထိုးခံထားရၿပီးျဖစ္ေနသည္။ ယြီဖုန္းခ်န္လည္း ပိုင္ရွင္းယြီထက္ ပိုၿပီးအဆင္ေျပေနတာေတာ့ မဟုတ္။ သူ႔မ်က္ႏွာတစ္ျခမ္းလုံး ေယာင္ကိုင္း​ေနေလသည္။

"အက်ိဳးနည္း ေခြးေကာင္ေတြ၊ ငါ့မ်က္စိေရွ႕မွာမွ ရန္လာျဖစ္ရဲတယ္ေပါ့!" ရႊီခၽြမ္မွ ဦးဆုံး ေျပးဝင္လာကာ ယြီဖုန္းခ်န္ကို ေျခကန္ခ်က္ တစ္ခ်က္တည္းႏွင့္ ေျမေပၚလဲက်သြားေအာင္ ျပဳလုပ္လ်က္ ပိုင္ရွင္းယြီ ခါးကို ဆြဲဖက္ထားၿပီး ခ်န္းက်င္းႏွင္အတူ လွုပ္ရွား႐ုန္းကန္ေနသည့္ ပိုင္ရွင္းယြီကို ေျမေပၚ ဖိက်ခ်ဳပ္ထားလိုက္ေတာ့သည္။

ေလာင္-ရွားႏွင့္ အျခားစစ္သားမ်ားလည္း ယြီဖုန္းခ်န္ကို အေဝးဆြဲေခၚဖို႔ လုပ္လိုက္ၾကၿပီး ထိုအခ်ိန္ေလးအတြင္း မွားယြင္းထိုးႏွက္မွုအခ်ိဳ႕ကို ခံစားလိုက္ရေလသည္။

အခ်ိန္တစ္ခုၾကာၿပီးသည့္ေနာက္ သူတို႔ႏွစ္ေယာက္ကို လူခ်င္းဆြဲခြါနိုင္လိုက္ၿပီး မီတာအနည္းငယ္မၽွ ကြာေဝးေနၾကေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဒါသတႀကီး စိုက္ၾကည့္ေနဆဲပင္။

ပိုင္ရွင္းယြီ ဆဲေရးလိုက္သည္။ "ယြီဖုန္းခ်န္၊ ငါလူးပဲ!" သူ႔ပါးစပ္ဖြင့္ဟလိုက္ခ်ိန္ ပါးေစာင္က နာက်င္လြန္းတာမို႔ မ်က္ရည္မ်ားပင္ စီးက်လာေတာ့သည္။

ခ်န္းက်င္း သူ႔မ်က္ႏွာကို ႏွစ္ခ်က္ပိတ္ရိုက္ရင္း ခပ္ထန္ထန္ ေျပာလာသည္။ "ပါးစပ္ပိတ္ထား!"

ေဟာ့ေခ်ာင္လည္း အေျပးေရာက္လာၿပီး သူတို႔ႏွစ္ေယာက္ကို မွုန္မွိုင္းမွိုင္းမ်က္ႏွာအေနအထားျဖင့္ စူးစိုက္ၾကည့္ေနလ်က္ ေဒါသတႀကီး အံႀကိတ္ေျပာလာသည္။ "မင္းတို႔ႏွစ္ေယာက္ မရွက္ၾကဘူးလား၊ ဟမ္? လူေတြကို ျပခ်င္တဲ့ ႏွင္းက်ားသစ္တပ္မဟာရဲ့ အရည္အခ်င္းေလးေတြဆိုတာ ဒါမ်ိဳးလား။"

ရႊီခၽြမ္လည္း ေအးစက္စက္မ်က္ႏွာႏွင့္ ေျပာလာသည္။ "အလုံပိတ္အခန္းထဲ ေခၚသြား။ ဒီေန႔ကိစၥအေၾကာင္း ဘယ္သူမွ ျပန္ေျပာခြင့္မရွိဘူး။ ျမန္ျမန္ရွင္း။"

ယြီဖုန္းခ်န္က စိတ္တည္ၿငိမ္သြားၿပီျဖစ္ကာ သူ ပိုင္ရွင္းယြီကို စူးစူးစိုက္စိုက္ တစ္ခ်က္ၾကည့္ၿပီး လွည့္ထြက္သြားေလသည္။

ပိုင္ရွင္းယြီ မ်က္ဝန္းမ်ားအတြင္း ပူစပ္စပ္ျဖစ္လာၿပီး သူ႔ႏွုတ္ခမ္းမ်ားလည္း တုန္ယင္လာေတာ့သည္။ ခ်န္းက်င္း သူ႔ကို ဆြဲေခၚသြားၿပီး ေဝးေဝးမေရာက္ေသးခင္မွာပဲ ပိုင္ရွင္းယြီ ခ်န္းက်င္းကို ဆြဲဖက္ကာ မခ်ိတင္ကဲ ငိုရွိုက္လာေတာ့သည္။

ခ်န္းက်င္းမွာ ေဒါသထြက္ေနဆဲဆိုေပမယ့္ ပိုင္ရွင္းယြီ ငိုလာခ်ိန္တြင္ေတာ့ အားကိုးရာမဲ့ျဖစ္သြားေတာ့သည္။ "မင္းကေတာ့ တကယ္ လူေတြကို စိတ္မပူ ပူေအာင္ လုပ္တယ္။"

ပိုင္ရွင္းယြီ တအိအိႏွင့္ ငိုေနသည္။ "ေခါင္းေဆာင္ ဝူးးး.. သူ႔ကို ဖာ့ခ္ပဲ ..."

ခ်န္းက်င္း သူ႔ေနာက္ေက်ာကို ပုတ္ေပးလာသည္။ "ေတာ္ေတာ့၊ မင္းလည္း။"

ရႊီခၽြမ္ သူ႔ေခါင္းကို ပိတ္ရိုက္၍ေျပာလာသည္။ "မင္းကိုယ္မင္း ဘာမ်ားထင္ေနလဲ။ ေခြးေကာင္ေလး၊ မင္းကို ေလးစားထားသမၽွ အကုန္ေရထဲေမ်ာကုန္ေလာက္ၿပီ။"

ပိုင္ရွင္းယြီ ငိုလိုက္၊ ေအာ္လိုက္ႏွင့္ အလုံပိတ္အခန္းထဲ ဆြဲေခၚသြားခံလိုက္ရသည္။ တံခါးပိတ္သြားသည္ႏွင့္ စိတ္ပိုင္းဆိုင္ရာခြဲထုတ္ျခင္း စစ္ေဆးပြဲ၏ ထိတ္လန့္ဖြယ္အမွတ္တရမ်ားက ႐ုတ္ခ်ည္းဆိုသလို ေခါင္းထဲ အစီအရီျပန္ေပၚလို႔ လာတာမို႔ ငိုေတာင္ မငိုနိုင္ေတာ့ပဲ စတင္ ေအာ္ဟစ္မိေလသည္။ "တပ္မွုး၊ ေခါင္းေဆာင္၊ ကၽြန္ေတာ့္ကို ဘယ္ႏွစ္ရက္ပိတ္ထားမွာလဲ!"

ရႊီခၽြမ္ ေဒါသတႀကီး ေျပာလာသည္။ "မင္းတစ္သက္လုံး ထြက္မလာနဲ႔ေတာ့။"

ခ်န္းက်င္း တိုးတိုးကပ္ေျပာေလသည္။ "သုံးရက္။"

ရႊီခၽြမ္ ေဒါသတႀကီး ထေအာ္သည္။ "ငါ့လာမေတာင္းဆိုနဲ႔။ လစ္စမ္း။"

"တပ္မွုး.."

အသံမ်ား တေရြ႕ေရြ႕ ေမွးမွိန္သြားသည္ႏွင့္ အေမွာင္ထုႏွင့္ ေၾကာက္ခမန္းလီလီ တိတ္ဆိတ္မွုသာ က်န္ခဲ့ေလသည္။

ပိုင္ရွင္းယြီ နံရံေထာင့္တစ္ေနရာတြင္ ထိုင္ေနရင္း သူ႔မ်က္ႏွာသူ ထိၾကည့္လိုက္ရာ ႏွာရည္ႏွင့္ မ်က္ရည္မ်ားကို ခံစားလို႔ရလာသည္။ သူ႔ႏွလုံးသားက နာက်င္လို႔ေနေပမယ့္ သူ မငိုနိုင္ေတာ့။ အခု သူ႔အနား မည္သူမွ မရွိတာမို႔ ဘယ္သူ႔အတြက္မ်ား သူ ငိုေႂကြးရမွာပါလိမ့္။ ဘယ္သူကမွ သူ႔အစား စိတ္ညစ္ေသာကေရာက္ေပးမွာ မဟုတ္။

သူ ေခါင္းႏွင့္နံရံကို တိုက္ေနရင္း ဒီေန႔ျဖစ္ခဲ့သည့္အေၾကာင္းအရာမ်ားကို ျပန္စဥ္းစားမိကာ ဒီေလာက္ထိ စိတ္လက္မာန္ပါျဖစ္ခဲ့သည္ဟု မယုံနိုင္ေသး။ သူ႔အစ္ကို အထင္ေသးခံရ၍လား၊ ေဟာ့ေခ်ာင္အေပၚ မနာလိုျခင္းေၾကာင့္လား ေရေရရာရာ မရွိလွေပမယ့္ ထပ္ေျပာရမည္ဆိုပါက သူ ဒီမေက်နပ္ခ်က္မ်ားကို ၿမိဳသိပ္ထားရတာ ၾကာသြား၍ျဖစ္နိုင္သည္။ သို႔ေပမယ့္ သူ႔မွာ ေျပာဖို႔ အခြင့္အေရးလည္း မရွိသလို ေျပာရဲသည့္သတၱိလည္း မရွိခဲ့။ ဒီေန႔ျဖစ္သြားသည့္ ျပႆနာက သူ႔စိတ္အတြင္း ခ်ဳပ္တည္းထားရသမၽွကို ထြက္ေပါက္ေပးလိုက္သကဲ့သို႔ ျဖစ္သြားကာ သူ႔အတြက္ လုံးလုံးလ်ားလ်ား ထိန္းခ်ဳပ္ရာမဲ့သြားေစေတာ့သည္။

သူ ယြီဖုန္းခ်န္ကို ဘယ္ႏွစ္ခ်က္မၽွ ထိုးႀကိတ္လိုက္တာပါလိမ့္။ သုံးခ်က္လား၊ ငါးခ်က္လား၊ ထို႔အျပင္ အနည္းငယ္လည္း ကန္ေက်ာက္ခဲ့ေသးသည္။ သူ ခပ္မ်ားမ်ား မထိုးနိုင္ခဲ့ျခင္းအတြက္ တကယ္ေနာင္တရေနမိသည္။ ထို႔အျပင္ ယြီဖုန္းခ်န္ ထိုးခ်က္မ်ားကလည္း ညႇာတာမွုရွိမေန။ မေကာင္းတဲ့ေကာင္ .. တကယ္ညႇာညႇာတာတာမရွိဘူး ..

ပိုင္ရွင္းယြီ ျဖည္းျဖည္းခ်င္း ၾကမ္းျပင္ေပၚ လွဲေလ်ာင္းခ်လိုက္သည္။ သူ႔နဖူးထက္ရွိ အထိုးခံထားရသည့္ေနရာက အခုမွ ကြဲျပဲမတတ္ နာက်င္လာေတာ့သည္။ တကယ္တမ္း ဒီနာက်င္မွုေလာက္က သူၾကဳံေတြ႕ခဲ့ရသည့္ ေလ့က်င့္ေရးမ်ားႏွင့္ယွဥ္လိုက္ပါက ဘာမွမေျပာပေလာက္ေပမယ့္ ထိုးႏွက္သူက ယြီဖုန္းခ်န္ျဖစ္ေနတာမို႔ တကယ္ နာလွသည္ ...

သူ ႏွာရွုံ႔လိုက္မိသည္။ သူ႔အား ဝန္းရံထားသည့္ အေမွာင္ထုႏွင့္ အထီးက်န္ဆန္မွုအား မြန္းၾကပ္ျခင္းဟူသည့္ အရိပ္အေယာင္မ်ား ေပးစြမ္းေနေလသည္။ သူ စမ္းသပ္ပြဲမ်ားအေၾကာင္းပါ ေတြးမိလာေတာ့သည္။ ဘာကမ်ား သူ႔ကို အဆုံးထိ ေတာင့္ခံသြားေစတာပါလိမ့္။ ယြီဖုန္းခ်န္က သူ၏အေၾကာင္းျပခ်က္မ်ားထဲမွ တစ္ခုျဖစ္ေလာက္သည္။ အခု ျပန္ေတြးၾကည့္ကာမွ ဒါက တကယ္ေကာ တန္ရဲ့လား။ ယြီဖုန္းခ်န္ အရင္ကတည္းက သူ႔ကို ႀကိဳက္တယ္ဟု ေျပာခဲ့ျခင္း မရွိ။ သူ႔ဦးေလးအေၾကာင္းေျပာကာ ရန္ျဖစ္ခဲ့ျခင္းကေတာ့ ရက္စက္လွေပမယ့္ ...

ယြီဖုန္းခ်န္က တကယ္ ေဟာ့ေခ်ာင္ကို ႀကိဳက္ေနတာလား။ သူ ဝန္ခံျခင္း မရွိေပမယ့္ ျငင္းဆန္ခဲ့ျခင္းလည္း မရွိ။ ဒီလိုႏွင့္ သူတို႔ႏွစ္ေယာက္ ရန္ျဖစ္ခဲ့ၾကသည္။

ပိုင္ရွင္းယြီ သူ႔ေခါင္းသူ ကိုင္ထားရင္း ႏွစ္ႀကိမ္မၽွ ေအာ္ဟစ္ခ်လိုက္သည္။ သူ႔ေခါင္းတစ္ခုလုံး ေပါက္ကြဲထြက္ေတာ့မလို ခံစားလာရသည္။ သူ ဒီကေန ထြက္တာႏွင့္ ယြီဖုန္းခ်န္ကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ သြားေမးရမည္။ သူဆိုသည္မွာ အရင္ကတည္းက ေျပာခ်င္တာမ်ားကို ၿမိဳသိပ္ထားတတ္သူမဟုတ္၊ ထို႔ေၾကာင့္ ရွင္းရွင္းလင္းလင္းႏွင့္ ျပတ္ျပတ္သားသား သြားေျပာရမည္!

ေနာက္ဆုံးတစ္ေခါက္က အေတြ႕အၾကဳံမ်ားေၾကာင့္ ပိုင္ရွင္းယြီမွာ ဒီအလုံပိတ္အခန္းေလးအတြင္း တည္တည္ၿငိမ္ၿငိမ္ ပိုရွိလာသည္။ ထို႔အျပင္ ဒီတစ္ေခါက္အလုံပိတ္ခန္းက စည္းကမ္းတင္းၾကပ္လွျခင္း မရွိ။ ထို႔အျပင္ သူႏွင့္အတူ လက္ပတ္နာရီလည္း ပါလာသည္။ သူအခ်ိန္ကို ၾကည့္ေနမိသည္။ ႏွစ္ရက္ႏွင့္ ေန႔လည္ခင္းတစ္ခင္း ၿပီးသည္ႏွင့္ အလုံပိတ္အခန္းတံခါးက ပြင့္လာၿပီး အလင္းေရာင္ကလည္း စူးကနဲဝင္ေရာက္လာေတာ့သည္။ ပိုင္ရွင္းယြီ သူ႔မ်က္လုံးသူ လက္ႏွင့္အလ်င္အျမန္ ကာဆီးထားလိုက္သည္။

ခ်န္းက်င္း တံခါးကို မွီလ်က္ ေျပာလာသည္။ "ငါတို႔ ခဏေန ထြက္ခြါေတာ့မွာ။ ျမန္ျမန္ ျပင္ဆင္ေတာ့။"

ပိုင္ရွင္းယြီ ခ်န္းက်င္းေနာက္မွ လိုက္ထြက္လာၿပီး အခ်ိန္အေတာ္ၾကာေအာင္ အလင္းေရာင္ကို အသားမက်နိုင္ေသး။ ထို႔ေၾကာင့္ သူ မ်က္စိတစ္ဝက္မၽွသာ ဖြင့္ထားရေလသည္။ သူ အေရွ႕ဆက္လမ္းေလၽွာက္ေနရင္း ခ်န္းက်င္း အကၤ်ီလက္ကို ဆြဲကိုင္ထားလ်က္ တိုးတိုးေျပာလိုက္သည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ့္ကို စိတ္မဆိုးပါနဲ႔။"

ခ်န္းက်င္းေျပာလာသည္။ "ဒီကိစၥမွာ ငါလည္း ေဒါသထြက္ပိုင္ခြင့္ မရွိပါဘူး။ ငါက မင္းရဲ့ေခါင္းေဆာင္လည္း မဟုတ္ေတာ့ဘူး။"

"ေခါင္းေဆာင္က အျမဲတမ္း ကၽြန္ေတာ့္ေခါင္းေဆာင္ျဖစ္ေနမွာ။"

ခ်န္းက်င္း သက္ျပင္းခ်လိုက္သည္။ "ရွင္းယြီ၊ မင္းနဲ႔ဖုန္းခ်န္တို႔ရဲ့ ဆက္ဆံေရးကို လူတိုင္း မျမင္ခ်င္ေယာင္ေဆာင္ေပးထားတယ္။ ဒါေပမယ့္ တစ္ခုရွိတာက မင္းတို႔အၾကား ဘယ္လိုအဆင္မေျပမွုေတြပဲျဖစ္လာလာ ေပၚေပၚထင္ထင္ အျငင္းပြါးတာေတြ မလုပ္သင့္ဘူး။ ကိစၥေသးေသးေလးဆိုရင္ေတာ့ ငါတို႔အၾကား အေနခက္႐ုံေပါ့။ ဒါေပမယ့္ ကိစၥက ႀကီးလြန္းေနရင္ကြာ၊ မင္းတို႔ႏွစ္ေယာက္လုံးက စစ္ပြဲအတူသြားရမယ့္ ရဲေဘာ္ရဲဘက္ေတြ။ မတည္ၿငိမ္မွုေလးျဖစ္သြား႐ုံနဲ႔ တိုက္ပြဲက်သြားနိုင္တယ္။ ဒါက ေသေရးရွင္ေရး ကိစၥေလ။ ဒီလိုျပႆနာ ထျဖစ္ေတာ့ ဘယ္သူက စိတ္ေအးေတာ့မွာလဲ။"

ပိုင္ရွင္းယြီ တိုးတိုးေျပာသည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ္မွားပါတယ္။"

"မင္း အမွားကို ငါ့ဝန္ခံလည္း အသုံးမဝင္ဘူး။ ဒီတစ္ေခါက္ျပႆနာက ႀကီးသလား၊ ေသးသလားဆိုတာ ဒုေခါင္းေဆာင္ ဆုံးျဖတ္ခ်က္အေပၚမွာပဲ မူတည္တယ္။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္ရင္း ေဟာ့ေခ်ာင္အေၾကာင္းေတြးလိုက္မိကာ ရင္ထဲေနရခက္လာေတာ့သည္။ သူကိုယ္တိုင္က ေဟာ့ေခ်ာင္ကို ေလးစားမွုမရွိတာ မဟုတ္။ ႏွင္းက်ားသစ္တပ္မဟာမွ လူမ်ားစုကဲ့သို႔ ေလးစားျခင္းေတာင္ ရွိေသးသည္။ သို႔ေပမယ့္ ဒီတစ္ေခါက္ေတာ့ ေဟာ့ေခ်ာင္ႏွင့္ ဘယ္လို မ်က္ႏွာခ်င္းဆိုင္ရေလမလဲ သူ မသိေတာ့။ ဒါေတြအကုန္လုံးက အ႐ူးေကာင္ ယြီဖုန္းခ်န္ အျပစ္ေတြပင္။

အေဆာင္သို႔ ျပန္ေရာက္ခ်ိန္ လူတိုင္းက အထုတ္အပိုးျပင္ေနၾကသည္။ ယြီဖုန္းခ်န္ ေခါင္းေမာ့ၾကည့္လိုက္သည္ႏွင့္ သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားၾကၿပီး ခဏတာမၽွ ေၾကာင္အေငးေမာေနရင္းမွ ႏွစ္ေယာက္လုံး အၾကည့္လႊဲလိုက္ၾကေလသည္။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္၏ ေယာင္ကိုင္းေနသည့္မ်က္ႏွာကို ၾကည့္ရင္း သူ႔မ်က္ႏွာလည္း ဘယ္ေလာက္အေျခအေနဆိုးေနမလဲ မွန္းဆၾကည့္လို႔ရေနသည္။ သူ မွန္ေတာင္ သြားၾကည့္ဖို႔ အာ႐ုံမရ၊ အလ်င္အျမန္ ထုတ္ပိုးသိမ္းဆည္းရေတာ့သည္။

ေဟာ့ေခ်ာင္ ပစၥည္းမ်ား ေက်ာေပၚ လြယ္သယ္လို႔ အျပင္ထြက္ရန္ သူ႔ေဘးမွ ျဖတ္သြားရခ်ိန္ စကားေျပာလို႔လာသည္။ "ဒီမစ္ရွင္ၿပီးသြားတာနဲ႔ ငါ မင္းနဲ႔ စကား ေကာင္းေကာင္းေျပာခ်င္တယ္။"

ပိုင္ရွင္းယြီ စိတ္မပါလက္မပါ အသံျပဳလိုက္သည္။ လူေတာ္ေတာ္မ်ားမ်ား သိထားသည္ဟု ခ်န္းက်င္းေျပာလာပုံအရ ေဟာ့ေခ်ာင္လည္း သိေနမွာပင္။ ေဟာ့ေခ်ာင္က သူတို႔ႏွစ္ေယာက္ကို ဘယ္လိုထင္ျမင္ေလမလဲ သူ မသိ။ ဘယ္လိုေျပာရပါ့၊ ေဟာ့ေခ်ာင္ကလည္း ယြီဖုန္းခ်န္၏အႀကီးအကဲတစ္ေယာက္ပင္ .. ဒီလိုအေရးမပါမွုေတြက ဘာေတြလဲ။ စိတ္ရွုပ္လိုက္တာ။

ပိုင္ရွင္းယြီ ဝူခ်င္း၊ ဖုန္းသုန့္ယြမ္ႏွင့္ ခ်န္းလ်န္တို႔ကို ႏွုတ္ဆက္ဖို႔သြားလိုက္သည္။ ဒီတစ္ေခါက္ေတာ့ သူတို႔အကုန္လုံး တည္တည္ၿငိမ္ၿငိမ္ပင္။ အရင္တစ္ႏွစ္ခြဲကေလာက္ ဝမ္းနည္းေနျခင္း မရွိေတာ့။ သို႔ေသာ္ျငား သူတို႔မ်က္ဝန္းထဲမွ စိုးရိမ္ပူပန္မွုမ်ားကေတာ့ ဆတိုးလို႔ရွိေနသည္။

ဖုန္းသုန့္ယြမ္ ပင္ပန္းသြားျခင္းမရွိ တတြတ္တြတ္မွာေနသည္။ "ရွင္းယြီ၊ မင္း ေသေသခ်ာခ်ာ ဂ႐ုစိုက္ရမယ္ေနာ္။ ေသေသခ်ာခ်ာ ဂ႐ုစိုက္။"

ပိုင္ရွင္းယြီ သူ႔ပခုံးကို ပုတ္ေပးရင္း ျပဳံးလိုက္သည္။ "မပူပါနဲ႔။ ငါ့အသက္ကို ဂ႐ုမစိုက္ပဲ ေနစရာလား။"

ဝူခ်င္းကလည္း အေလးအနက္ထားေျပာလာသည္။ "ဒီတစ္ေခါက္မစ္ရွင္ၾကည့္ရတာ ခက္ပုံပဲ။ အက်ိဳးမရွိတာေတြ မေျပာေတာ့ဘူး။ ခရီးလမ္းသာယာပါေစ။"

ပိုင္ရွင္းယြီ အားႀကိဳးမာန္တက္ ေခါင္းၿငိမ့္ျပလိုက္သည္။ "ေခါင္းေဆာင္ဝူ၊ ကၽြန္ေတာ္ ေခါင္းေဆာင္ရဲ့ေလ့က်င့္ေပးမွုေတြကို ေကာင္းေကာင္းအသုံးခ်ခဲ့ပါ့မယ္။"

ဝူခ်င္း ျပဳံးသြားသည္။ "သြားေတာ့။"

ပိုင္ရွင္းယြီ သူတို႔ကို မခြဲမခြါနိုင္သလို ၾကည့္ေနၿပီးေတာ့မွ ရဟတ္ယာဥ္ေပၚသို႔ ႀကိဳးဆြဲတက္သြားလိုက္သည္။

ထိုင္ခ်ၿပီးသည့္ေနာက္ သူ ယြီဖုန္းခ်န္ရွိရာသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ သူတို႔ အျမဲလိုလို အတူထိုင္တတ္ေပမယ့္ အခုေတာ့ အေဝးဆုံးတြင္ တကြဲတျပားထိုင္ေနၾကသည္။ သူ စိတ္ထဲ သက္ျပင္းခိုးခ်လိုက္မိသည္။ အေမွာင္အတြင္း ႏွစ္ရက္ၾကာေအာင္ ေတြးေတာၿပီးသည့္ေနာက္ သူလည္း စိတ္အေတာ္ၿငိမ္က်သြားၿပီျဖစ္သည္။ ကိစၥအားလုံးရွင္းရွင္းလင္းလင္းျဖစ္သြားေစမယ့္ အခြင့္အေရးတစ္ခုဖန္တီးရမည္။ သူလည္း ဒီလိုမရွင္းမရွင္းျဖစ္ေနတာမ်ိဳး မလိုခ်င္။ သူ႔ႏွလုံးသားကို ခ်ိတ္ႏွင့္ ဆြဲခ်ိတ္ထားခံရသလို ခံစားခ်က္က နည္းနည္းေလးေတာင္ အဆင္ေျပမေန။ သူတစ္ေယာက္တည္းက အဆင္မေျပေနတာဆိုပါက ဒါက မၽွတျခင္းမရွိေတာ့။ အကယ္၍ ယြီဖုန္းခ်န္ကသာ သူ႔ကို စိတ္သက္သာရာ မရေစဘူးဆို သူ .. သူလည္း လြယ္ကူေနတဲ့လူမဟုတ္။ သူလည္း ယြီဖုန္းခ်န္ ဘယ္သူ႔ကိုႀကိဳက္ေနတာလဲဆိုသည့္ အူေၾကာင္ၾကားေမးခြန္းမ်ားႏွင့္ အခ်ိန္ျဖဳန္းမေနခ်င္။ ယြီဖုန္းခ်န္ သေဘာက်သူမွာ သူတစ္ေယာက္တည္းသာ ျဖစ္ရမည္၊ မဟုတ္ပါကလည္း ႏွစ္ေယာက္သား ႏွုတ္ဆက္ခြဲခြါ႐ုံသာရွိ၏။

ယန့္ေရွာင္းက်င္း သူ႔ေဘး ဝင္ထိုင္ၿပီး လိေမၼာ္သီးတစ္ဝက္္ခြဲေပးလာသည္။

ပိုင္ရွင္းယြီ လွမ္းယူၿပီး သူ႔ပါးစပ္ထဲ အကုန္ပစ္ထည့္လိုက္သည္။ ရလဒ္အေနႏွင့္ကေတာ့ သူ အစာနင္ေတာ့သည္။ လိေမၼာ္သီးတစ္ဝက္က သူ႔လည္ပင္းတြင္ တစ္ဆို႔ေနၿပီး မ်က္ႏွာတစ္ခုလုံးလည္း ေခ်ာင္းဆိုးမွုေၾကာင့္ နီရဲလာေလသည္။ ယန့္ေရွာင္းက်င္း အားကိုးရာမဲ့သလို ျပဳံးရင္း ပိုင္ရွင္းယြီ ေက်ာကိုပြတ္ေပးေနလိုက္သည္။ ပိုင္ရွင္းယြီ သူ႔လက္ေမာင္းကို ဆြဲထားရင္း လက္ညႇိုးတထိုးထိုးႏွင့္ ေျပာလိုက္သည္။ "မင္း .. အဟြတ္ .. မင္း လူသတ္ခ်င္ေနတာပဲ.."

"ငါသာ လူသတ္ခ်င္ရင္ လိေမၼာ္သီးကို သုံးေနမလား။" ယန့္ေရွာင္းက်င္း သူ႔ကို ေရကမ္းေပးလိုက္သည္။ "ေရာ့၊ ေရက်င္းလိုက္။"

ယြီဖုန္းခ်န္က သူတို႔ႏွင့္ ေထာင့္ခ်ိဳးအေနအထားအတိုင္း ထိုင္ေနတာျဖစ္ၿပီး အသံမ်ား ၾကားရခ်ိန္ ခႏၶာကိုယ္ေကာ ေခါင္းပါ လွုပ္ရွားမလာေပမယ့္ သူ႔မ်က္လုံးကေတာ့ ေစြေစာင္းလ်က္ သူတို႔အား ေအးစက္စက္ စိုက္ၾကည့္လာေလသည္။

ယန့္ေရွာင္းက်င္း ေမာ့ၾကည့္ရင္း ယြီဖုန္းခ်န္ကို ေရးေရးမၽွ ျပဳံးျပလိုက္သည္။ ထို႔ေနာက္ တစ္ဖက္ျပန္လွည့္သြားကာ သူ႔လက္ကို ပိုင္ရွင္းယြီေက်ာေပၚ တင္ထားလိုက္ေလသည္။ ယြီဖုန္းခ်န္ မ်က္ဝန္းမ်ား က်ဥ္းေျမာင္းလို႔သြားၿပီး လက္သီးမ်ားလည္း က်စ္က်စ္ဆုပ္ထားမိေတာ့သည္။

ပိုင္ရွင္းယြီကေတာ့ အေလ်ာ့ေပးျခင္းမရွိ၊ လိေမၼာ္သီး ဆက္စားလိုက္သည္။ သူ ေရအနည္းငယ္မၽွ ေသာက္ၿပီး စိတ္ေအးသြားရခ်ိန္ ေမးျမန္လိုက္ေတာ့သည္။ "ဘယ္ကေန လိေမၼာ္သီးေတြ ရလာတာလဲ။"

"ဟင္းခ်က္ေဆာင္က ဝါရင့္စစ္သားတစ္ေယာက္ေပးလိုက္တာ။" ယန့္ေရွာင္းက်င္း ျပဳံးသြားသည္။ "မင္းကိုယ္မင္း ေနေလာင္ခံအသားအရည္ျဖစ္ေနၿပီလို႔ မထင္ဘူးလား။ အသားျဖဴဖို႔ ဒါစားတဲ့။"

ပိုင္ရွင္းယြီ ရယ္ရင္း ေျပာလိုက္သည္။ "ဒါဆို ငါ ျပန္ျဖဴဖို႔ ခြန္းလြန္းေတာင္ေပၚက လိေမၼာ္သီးေတြ ေတာင္းလိုက္စားရမွာပဲ။"

"ျပန္ျဖဴသြားဖို႔ မလိုတာလည္း ေကာင္းတာပါပဲ။"

ပိုင္ရွင္းယြီ သူ႔အားတစ္ခ်က္လွမ္းၾကည့္ရင္း သူ႔အျပဳံးႏွင့္ ပတ္သတ္၍ တစ္ခုခု မွားေနသလိုပဲဟု အျမဲခံစားေနရသည္။ သို႔ေသာ္ ေထြေထြထူးထူး ေတြးမေနပဲ ေျပာလိုက္သည္။ "ယြီဖုန္းခ်န္နဲ႔ငါ ဘာလို႔ ရန္ျဖစ္တာလဲ သိခ်င္လို႔ လာတာလား။ မေမးနဲ႔၊ မေျပာဘူး။"

ယန့္ေရွာင္းက်င္း ရယ္သြားသည္။ "ငါ မခန့္မွန္းမိဘူးလို႔ မင္း ထင္ေနတာလား။"

ပိုင္ရွင္းယြီ သူ႔အား မ်က္စိေဆြၾကည့္ရင္း ဒီေကာင္ေလးေျပာျပခဲ့လို႔ သူ သံသယဝင္ျဖစ္သြားမွန္း ႐ုတ္တရက္ သတိရလာသည္။ ယန့္ေရွာင္းက်င္းသာ သူ႔ကို မေျပာခဲ့ပါက သူ႔ဘဝတစ္ေလၽွာက္လုံး အဲ့လိုအေတြးမ်ိဳး ဝင္မိမွာေတာင္ မဟုတ္။ သို႔ေသာ္လည္း သူ ယန့္ေရွာင္းက်င္းကို ေက်းဇူးတင္သင့္သည္။ မဟုတ္ပါက သူ အခ်ိန္အေတာ္ၾကာသည္အထိ တုံးအေနမိမွာပင္။ သူ ခပ္တိုးတိုး ေခ်ာင္းဟန႔္လိုက္သည္။ "အိုး၊ ဟုတ္သားပဲ။"

ယန့္ေရွာင္းက်င္း သူ႔အနားသို မွီကပ္လာၿပီး တိုးတိုးေျပာလာသည္။ "ဒါေပမယ့္ မင္းတို႔ တကယ္ ရန္ထျဖစ္မယ္လို႔ ငါ မထင္ထားဘူး။"

ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္သြားသည္။ "ဘာလို႔ မင္းအသံက ပီတိျဖာေနသလို ျဖစ္ေနရတာလဲ။"

ယန့္ေရွာင္းက်င္း ေပကလယ္ေပကလယ္ လုပ္ျပသည္။ "ဟုတ္လား။"

ပိုင္ရွင္းယြီ စိတ္ရွုပ္သလို လက္ႏွစ္ဖက္ကို ပြတ္သပ္လိုက္သည္။ "ငါ့ကို အဲ့အေၾကာင္း လာမေျပာနဲ႔ေတာ့။ စိတ္ရွုပ္တယ္။"

ယန့္ေရွာင္းက်င္း သူ႔ပခုံးကို ပုတ္ေပးလာသည္။ "မင္း ေျပာခ်င္တာရွိရင္ ငါ့ကို လာေျပာလို႔ရတယ္။ အခ်ိန္မေရြး။"

ပိုင္ရွင္းယြီ ဝတ္ေက်တမ္းေက်ျပဳံးျပလိုက္သည္။ "ဟုတ္ၿပီ။"

"ဒါေပမယ့္ တကယ္ေျပာရရင္ မင္းတို႔ႏွစ္ေယာက္ကို ၾကာၾကာတြဲနိုင္လိမ့္မယ္လို႔လည္း ငါ မထင္ထားဘူး။"

ပိုင္ရွင္းယြီ မ်က္ခုံးပင္သြားသည္။ "အဲ့အေတြးကေကာ ဘယ္ကရလာျပန္တာလဲ။"

သူတို႔ႏွစ္ေယာက္က ေလယာဥ္ေတာင္ပံအနားထိုင္ေနၾကတာျဖစ္ၿပီး အသံအားျဖင့္ဆူညံလြန္းတာမို႔ စကားေျပာဆိုရာတြင္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာထိကပ္မတတ္ျဖစ္ေနေလသည္။ ယြီဖုန္းခ်န္မွာ ဆူးအပ္မ်ားအေပၚ ထိုင္ခ်ထားရသည့္အလား၊ အႀကိမ္ႀကိမ္ သြားေရာက္ဆြဲခြါလိုက္ခ်င္ေပမယ့္ ခ်ဳပ္တည္းထားရသည္မို႔ သူ႔မ်က္ႏွာက တျဖည္းျဖည္း အ႐ုပ္ဆိုးလာေတာ့သည္။

ယန့္ေရွာင္းက်င္း လၽွို႔ဝွက္နက္နဲေသာ အျပဳံးတစ္ခုကို ျပဳံးျပလာသည္။ "သူ႔စိတ္ထဲမွာေတာ့ မင္းက ဒုေခါင္းေဆာင္ေလာက္ ေကာင္းတဲ့သူ ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး။ မင္း သည္းခံနိုင္မွာလား။"

ပိုင္ရွင္းယြီ မ်က္ႏွာက အနည္းငယ္မၽွ အေရာင္ေျပာင္းသြားေတာ့သည္။ သူ႔ႏွုတ္ခမ္းကို တင္းတင္းစိထားလ်က္ အေတာ္ေလး စိတ္ထဲ အဆင္မေျပျဖစ္လာေလသည္။ ယန့္ေရွာင္းက်င္း ေျပာတာမွန္သည္။ ယြီဖုန္းခ်န္အေနႏွင့္ ေဟာ့ေခ်ာင္အေပၚ ယုတၱိမဆန္လွသည့္ ခ်စ္ျခင္းေမတၱာမ်ားမရွိရင္ေတာင္မွ သူ႔အေနႏွင့္ ေဟာ့ေခ်ာင္ကို ယွဥ္ၿပိဳင္နိုင္မွာ မဟုတ္။ သူ သည္းခံနိုင္ရဲ့လားဟူ၍ ေမးခြန္းထုတ္သင့္တာမ်ိဳး မဟုတ္ ... ဒါေပမယ့္ ဘာလို႔ သူက ခံစားေနရမွာလဲ။ ဘာလို႔ သူက အျခားတစ္ေယာက္ရဲ့ ဦးေလးနဲ႔ လိုက္ၿပိဳင္ေနရမွာလဲ! ယန့္ေရွာင္းက်င္း ေျပာသလိုပင္ျဖစ္နိုင္သည္။ သူတို႔ႏွစ္ေယာက္က ၾကာရွည္ျမဲမွာ မဟုတ္။ သူတို႔ ႏွင္းက်ားသစ္တပ္မဟာက ထြက္လာရင္ေတာင္ ဘယ္လမ္းကို ဆက္ေလၽွာက္ရမလဲဆိုတာ အခုထိ သိေသးတာ မဟုတ္ေပ။ သို႔ေပမယ့္ ဒီေနရာတြင္ အဆုံးသတ္ၿပီလား။ သူ အဆုံးမသတ္ခ်င္ေသး။ သူ႔ဘဝမွာ ပထမဆုံးအေနႏွင့္ လူတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာ ႀကိဳက္မိတာကို ဘယ္လိုျဖစ္လို႔ ဒီလို မေကာင္းတာေတြနဲ႔ ၾကဳံရတာပါလိမ့္။

ပိုင္ရွင္းယြီ သူ႔ေခါင္းကို ဖိကိုင္ထားရင္း အေတြးမ်ားက ေတာင္ေရာက္ေျမာက္ေရာက္ ျဖစ္ေနေတာ့သည္။

ရဟတ္ယာဥ္က နယ္နမိတ္အေျခစိုက္စခန္း၌ ဆင္းသက္သြားသည္။ သူတို႔ရဟတ္ယာဥ္အတြင္းမွ ခုန္ဆင္းလိုက္သည္ႏွင့္ ေလႏွင့္အတူေရာေႏွာပါလာသည့္ ႏွင္းမွုန္မ်ားက လာရိုက္ခတ္သြားတာမို႔ သူတို႔ပါးမ်ားပင္ နာက်င္လာေတာ့သည္။ ေဆာင္းရာသီထဲသို႔ ဝင္ေရာက္ခဲ့ၿပီ။ ႏွင္းဖုံးရာခြန္းလြန္းေတာင္ကေတာ့ မေကာင္းသူမ်ား က်က္စားရာေနရာျဖစ္လို႔ ..။

KittyKitling

T/N : Audio Drama for 'မင္းအစ္ကိုထက္ ငါ့ဦးေလးက ပိုမိုက္တယ္ ေဟ်ာင့္'

ဘာရယ္မဟုတ္၊ Moodေတြက မွိုင္းေနေတာ့ နည္းနည္းေလးေတာ့ ရယ္ေစခ်င္တာ။ ဒီ Vdထဲက Memes ပုံေတြကေတာ့ အသက္ပဲ။ Kitပါ စိတ္ညစ္ေနရာက ထရယ္မိ ..

>< Here's a fan art of Yu Feng Cheng ..

Kitကို မက္ဆင္ဂ်ာက လာပို႔ေပးတာေလး TT vibeေလးကို သေဘာက်လိုက္တာေလ။

Continue Reading

You'll Also Like

531K 29.5K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
270K 42.7K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
391K 40.1K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...