Xiao Bai Yang ||Myanmar Trans...

Oleh callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... Lebih Banyak

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

71

11.3K 1.8K 280
Oleh callme__kitty

[Unicode]

'နောက်ဆုံးစမ်းသပ်ချက် : အမှောင်ထဲမှာတစ်ယောက်တည်း : ထိတ်လန့်ဖွယ်အတွေးများနှင့်အတူ။'

ပိုင်ရှင်းယွီ ယွီဖုန်းချန်၏ကူတွဲပေးမှုဖြင့် အဆောင်ရှိရာသို့ လမ်းလျှောက်ပြန်ဖို့လုပ်လိုက်သည်။ ယွီဖုန်းချန် ရယ်ရင်း ပြောလာသည်။ "အရက် ကောင်းကောင်းသောက်နိုင်တာလည်း မဟုတ်ဘူး။ အများဆုံးသောက်လိုက်ရင် မင်းပဲ။"

"ငါ အရက်သောက်တယ် .. အဲ့တော့ ဘာဖြစ်လဲ .." ပိုင်ရှင်းယွီ ကြို့ထိုးသွားသည်။ "ငါ ဘယ်လောက်ပဲ သောက်ထားလဲဆိုတာ မင်း မမြင်ပဲနဲ့၊ ငါ .. ငါ မမူးသေးဘူး။"

ပိုင်ရှင်းယွီ ယွီဖုန်းချန် လည်ပင်းကို သိုင်းဖက်ထားရင်း သူ့မျက်နှာကို အနားတိုးကပ်သွားကာ တခစ်ခစ်ရယ်လျက် ပြောလိုက်သည်။ "လာ၊ ဒီသခင်လေးကို အနံ့ခံကြည့်။"

ယွီဖုန်းချန် သူ့မျက်နှာကို ဘေးတွန်းထုတ်လိုက်သည်။ "မင်း မူးနေပြီ၊ ငြိမ်ငြိမ်နေ။"

ပိုင်ရှင်းယွီ သူ့နှုတ်ခမ်းသူ တင်းတင်းစေ့ထားလိုက်သည်။ "မင်း ငါ့ကို ရှောင်တယ်။"

ယွီဖုန်းချန် ပိုင်ရှင်းယွီ၏မေးဖျားကို ဖျစ်ညှစ်ရင်း မျက်နှာလေးကိုပါ လှုပ်ယမ်းလိုက်သေးသည်။ "ရှောင်တယ်။"

ပိုင်ရှင်းယွီ ယွီဖုန်းချန် ကျောထက်သို့ ရုတ်တရက်ခုန်တက်ရင်း ရယ်လိုက်သည်။ "ရှောင်ဖို့ နောက်ကျသွားပြီ။ လာ၊ ပြေးတော့။ ကျား!!"

ယွီဖုန်းချန် မျက်ဆန်လန်ပြလာပေမယ့် ပိုင်ရှင်းယွီကိုတော့ ပစ်မချ။ ကျောအထက် ချီသယ်ထားရင်းသာ လေ့ကျင့်ရေးကွင်းပြင်အနောက်ဘက်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေလိုက်သည်။ မနက် မိုးမသောက်ခင် အစောပိုင်းအချိန်ဖြစ်တာမို့ ဘယ်သူမှ အနီးအနားတွင် ရှိမနေ။ ရှင်းကျန့်တွင် ဆောင်းဦးကုန်ခါနီး ညများ၌ အလွန်ချမ်းအေးတတ်ပေမယ့် သူတို့နှစ်ယောက်လုံး အဝတ်ထူထူများ ဝတ်ထားကြသည်။ အရေးအကြီးဆုံးအချက်ကတော့ သူတို့ ဒုက္ခခံစားခဲ့ရတာ များလွန်းတာမို့ ဘယ်လောက်ပဲ အေးနေ၊ ပူနေပါစေ သူတို့အတွက် ပြဿနာတစ်ရပ် မဟုတ်တော့။ အပူချိန် လျော့ကျနေရင်တောင်မှ သူတို့ ဘာဆိုဘာမှ သိပ်မခံစားရပေ။

ပိုင်ရှင်းယွီ ယွီဖုန်းချန်​ ကျောထက် မျက်နှာအပ်ထားရင်း ဖွဖွလေး ပွတ်သပ်လျက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ငါ့အဖေပြောဖူးတယ်။ ငါ ငယ်ငယ်က မအိပ်ပဲ ငိုနေရင် သူ ဒီလိုမျိုး ချီပြီး ချော့သိပ်ရတာတဲ့။ အခြားသူမှ လာချီလို့လည်း မရဘူးတဲ့။"

"မင်း ငယ်ငယ်က အလေးချိန်ဘယ်လောက်လဲ၊ အခု မင်းအလေးချိန်က ဘယ်လောက်တဲ့လဲ။"

ပိုင်ရှင်းယွီ ရယ်ရင်းပြောလိုက်သည်။ "မင်းငါ့ကို ခဏပဲချီသွားလေ။ မင်းချီပြီးရင် ငါမင်းကိုပြန်ချီမယ်။"

"ဘယ်သူက မင်းကို ချီခိုင်းရဲမှာလဲ။"

ပိုင်ရှင်းယွီ သူ့လည်ဂုတ်ကို နမ်းနေရင်း ပျော်ရွှင်လာတော့သည်။ "တကယ် နေလို့ကောင်းတယ်။ သောက်လို့လည်း ကောင်း ..."

"မင်း ငါ့အပေါ် အန်မချနဲ့။"

"မဖြစ်နိုင်တာ .. ငါ မမူးသေးပါဘူးဆို။" ပိုင်ရှင်းယွီ ဝေဝါးဝါး ပြောလိုက်သည်။ "ဒီကို ရောက်လာတည်းက၊ ဒီနေ့က အကောင်းဆုံးပဲ။"

ယွီဖုန်းချန် ခပ်တိုးတိုး ရေရွတ်လာသည်။ "မြန်မြန် နားတော့။ မနက်ဖြန် စစ်ဆေးပွဲက .."

လေပြေအေးများ တိုက်ခတ်လာသည်နှင့် ပိုင်ရှင်းယွီ အနည်းငယ်မျှ ခေါင်းကြည်သွားတော့သည်။ "ဘာဖြစ်လို့လဲ။ မင်း မနက်ဖြန် စစ်ဆေးပွဲနဲ့ပတ်သတ်ပြီး တစ်ခုခုသိထားလို့လား။"

ယွီဖုန်းချန် ခေါင်းငြိမ့်ပြသည်။ "ငါ နည်းနည်း ခန့်မှန်းကြည့်လို့ရတယ်။ သိပ်တော့ မသေချာပေမယ့်ပေါ့။"

"ဘာတဲ့လဲ။" ပိုင်ရှင်းယွီ သိချင်စိတ်ဖြင့် ပြောလာသည်။

"မင်းကို မပြောပြဘူး။"

"ဘာလို့ ငါ့ကို မပြောပြတာလဲ။" ပိုင်ရှင်းယွီ သူ့လည်ပင်းကို ကိုင်ပြီး လှုပ်ယမ်းလိုက်သည်။ "ဘာလို့ ငါ့ကို မပြောပြတာလဲလို့။"

"ဘာလို့ဆို ပြောပြလည်း မင်းအတွက် ပိုပြီးလွယ်သွားမှာ မဟုတ်ဘူး။ အဲ့အစား ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တာ ပိုကောင်းတယ်။"

"မင်း ဒီလိုတန်းလန်းချန်ခဲ့မှတော့ ငါ အိပ်ပျော်ပါ့မလား။"

"မင်း?" ယွီဖုန်းချန် နှာမှုတ်လိုက်သည်။ "မင်း အသေအချာကြီး အိပ်ပျော်ပါတယ်။"

ပိုင်ရှင်းယွီ ခေါင်းတခါခါနှင့် အော်တော့သည်။ "အားးးးးး ယွီဖုန်းချန်၊ မင်း ငါ့ကို ပြောပြကွာ!"

ယွီဖုန်းချန် ပိုင်ရှင်းယွီ၏တင်ပါးကို သူ့လက်နှင့် လှမ်းရိုက်လိုက်သည်။ "မင်း နောက်တစ်ခေါက် ထပ်အော်တာနဲ့ ငါ မင်းကို ပစ်ချပြီ။"

ပိုင်ရှင်းယွီ ငြိမ်ငြိမ်သက်သက်ဖြစ်သွားပြီး တိုးတိုးလေး ထပ်ပြောသည်။ "မင်း ငါ့ကို ပြောပြလေ။"

ယွီဖုန်းချန် ခဏတဖြုတ် တိတ်ဆိတ်လို့သွားသည်။ "ငါ့အထင် စိတ်ပိုင်းဆိုင်ရာခွဲထုတ်ခြင်း ဖြစ်မယ်။"

"ဘာကို? ဘယ်လို စိတ်ပိုင်းဆိုင်ရာခွဲထုတ်ခြင်းလဲ။"

"ရှင်းရှင်းပြောရရင် မင်းရဲ့ လူ့အသိုင်းအဝိုင်းအပေါ်၊ သူငယ်ချင်းအပေါင်းအဖော်တွေအပေါ် မှီခိုနေတဲ့ စိတ်တွေကို အတင်းအကျပ် ဆွဲထုတ်ပစ်တာမျိုးပဲ။ အဲ့လိုလုပ်တော့မှ မင်းက တစ်ယောက်တည်း ဖြစ်နေရတာကိုလည်း မကြောက်တော့ဘူး။ လုံးဝ သီးခြားဆန်သွားမှာ။"

ပိုင်ရှင်းယွီ မှင်သေသွားသည်။ "အဲ့တာဆို ငါ ဘယ်လိုလုပ်ရမလဲ။"

ဒီအချိန်မှာတော့ ယွီဖုန်းချန်လည်း ဘာစကားမှ ပြန်မပြောလာ။

ပိုင်ရှင်းယွီ သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း နိုးနိုးကြားကြားရှိလာသလို ခံစားလာရသည်။ ယွီဖုန်းချန်စကားများက အနည်းငယ်မျှ ကြောက်ဖို့ကောင်းလှသည်။ လူတစ်ယောက်ရဲ့ မှီခိုလိုစိတ် ကင်းမဲ့သွားအောင် ဘယ်လိုနည်းလမ်းများ ကျင့်သုံးမှာပါလိမ့်။ ဒါက မဖြစ်နိုင်လုနီးပါးပင်။ လူ မပြောနှင့်၊ တိရိစ္ဆာန်ဆိုလျှင်တောင်မှ အစုအဖွဲ့နှင့်နေတာဖြစ်၏။ မှီခိုအားထားမှုကို ဆွဲထုတ်ပစ်ခြင်းဆိုတာက လူတစ်ယောက်၏ ခံစားချက်အားလုံးကို စွန့်လွှတ်ခိုင်းလိုက်သလို ခပ်ကြောင်ကြောင်သဘောတရားတောင် ရှိလှသည်။

ယွီဖုန်းချန်ကတော့ ဂရုတစိုက်မရှိသလို ပြောလာသည်။ "အဲ့အကြောင်းကို တွေးမနေနဲ့။ ငါ ပြောပြီးပြီပဲ၊ မင်း စစ်ဆေးမယ့်ကိစ္စအကြောင်း အလုံးစုံသိထားရင်တောင် အကူအညီဖြစ်နေမှာ မဟုတ်ဘူး။ ညကို ကောင်းကောင်းသာအိပ်လိုက်။"

ပိုင်ရှင်းယွီ တိုးတိုးပြောလိုက်သည်။ "မင်း ကြောက်လား။"

ယွီဖုန်းချန် ခေါင်းငြိမ့်ပြသည်။ "ငါ ကြောက်တယ်။"

ပိုင်ရှင်းယွီအတွက်တော့ ယွီဖုန်းချန် တစ်စုံတစ်ခုကို ကြောက်လန့်နေခြင်းက ဒါပထမဆုံးပင်။ ယွီဖုန်းချန်တောင် ဒီစစ်ဆေးပွဲကို ကြောက်တာ၊ သူကော ... အောင်ပါ့မလား။

သူ နွေးနွေးထွေးထွေးရှိလှသည့် ယွီဖုန်းချန် လည်ဂုတ်အနား မျက်နှာအပ်ထားလိုက်သည်။ "ဒါပေမယ့် မင်းကတော့ သေချာပေါက် အောင်မှာမလား။"

"ငါ အောင်မှာ။"

"ဒါဆို ငါလည်း အောင်မှာ။" ပိုင်ရှင်းယွီ ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ပြောလာသည်။

ယွီဖုန်းချန် မယုတ်မလွန် ပြန်ပြောလာ၏။ "ငါ အဲ့တုန်းက ပြောခဲ့တာကိုပဲ ထပ်ပြောမယ်။ မင်း လုပ်နိုင်သလောက်ပဲလုပ်။"

"ငါလည်း အဲ့စကားကိုပဲ ပြန်ပြောမယ်။ ငါက အကောင်းဆုံးလုပ်သွားမှာ။"

ယွီဖုန်းချန် ခေါင်းခါယမ်းရင်း ပိုင်ရှင်းယွီကို လူအသွားအလာနည်းသည့် လေ့ကျင့်ရေးကွင်းပြင်နောက်သို့ ချီသယ်သွားလိုက်သည်။ သူတို့နှစ်ယောက် လရောင်ဖြာကျရာအောက် တိတ်တဆိတ် လမ်းလျှောက်နေရင်း ပိုင်ရှင်းယွီ ယွီဖုန်းချန်၏ လည်ဂုတ်လေးကို သူ့နှုတ်ခမ်း၊ ပါးများဖြင့် မနားတမ်း ထိတွေ့လျက်ရှိနေ၏။ နွေးထွေးပြီး တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ အချိန်လေးက လူနှစ်ယောက်အတွက် ခွဲခွါချင်စိတ်မရှိတောင် ဖြစ်သွားစေသည်။

ထို့နောက်မှာတော့ ပိုင်ရှင်းယွီ ယွီဖုန်းချန်၏နောက်ကျောထက် အိပ်ပျော်လို့သွားတော့သည်။

သူ နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်စက်ပြီးမှ နိုးလာသည်။ ဆောင်းဦးနေက ပြတင်းပေါက်မှတဆင့် သူ့မျက်နှာပေါ် ထိန်လင်းကျလျက် ရှိနေသည်။ နွေးထွေးလှပြီး လှပလွန်းတဲ့ရက်တစ်ရက်ဖြစ်ဟန်ပင်။ သူ အကြောဆန့်ရင်း အသံကျယ်ကျယ် သမ်းဝေလိုက်သည်။

ယန့်ရှောင်းကျင်း အပေါ်အိပ်ရာမှ ခေါင်းပြူထွက်လာသည်။ "နိုးပြီလား။"

ပိုင်ရှင်းယွီ ပြုံးပြီး ပြောလိုက်သည်။ "ဒီတစ်ခေါက်တော့ ကောင်းကောင်းအိပ်ပျော်သွားတာပဲ။ ဝေ့ .. ခေါင်းဆောင်ကော? ယွီဖုန်းချန်ကော?"

"စားဖို့ သွားယူတယ်။" ယန့်ရှောင်းကျင်း အိပ်ရာထက်မှ ခုန်ဆင်းလာပြီး ကြမ်းပြင်နှင့်ခြေထောက် ထိချိန်တွင် အသံက မထွက်လုနီးပါး။ သူလည်း အပေါ်ဝတ်စွတ်ကျယ်နှင့် ဘောင်းဘီတိုကိုသာ ဝတ်ထားသည်။ သေချာသလောက် ခုနကအထိ အိပ်ရာထဲ လှဲနေခဲ့ပုံပင်။ "ဒီည နောက်ဆုံးစစ်ဆေးပွဲအတွက် သွားရတော့မှာမလား။ ငါတို့အ​ဆောင်မှာပဲ နေ့လည်စာ စားကြမလို့လေ။ ငါတို့လေးယောက်ထဲ။"

ပိုင်ရှင်းယွီ ပျော်ပျော်ကြီးပြောလိုက်သည်။ "ကောင်းတာပဲ။"

သူ မျက်နှာသစ်ရန် ထသွားပြီး ရေဇလုံဖြင့် ပြန်လာသည့်အချိန် ယန့်ရှောင်းကျင်းကလည်း အဝတ်အစားလဲပြီးဖြစ်နေသည်။

ယန့်ရှောင်းကျင်း သူ့ထံ လှမ်းကြည့်ရင်း မှန်းရခက်လှသည့်အပြုံးဖြင့် ပြောလာသည်။ "မင်း မနေ့ညက ဘယ်လိုပြန်လာခဲ့လဲသိလား။"

ပိုင်ရှင်းယွီ ခဏတာမျှ စဉ်းစားပြီးသည့်နောက် သူ့မျက်လုံးများ ပြူးကျယ်လို့သွားသည်။ ဘယ်လိုဖြစ်ရတာလဲ။ သူ့ဦးနှောက်ထဲ ယွီဖုန်းချန် သူ့ကိုချီရင်း လေ့ကျင့်ရေးကွင်း တစ်ပတ်လျှောက်ပေးနေတာအထိသာ အမှတ်ရလို့နေသည်။ သူ တွန့်ဆုတ်ဆုတ်နှင့် ပြောလိုက်သည်။ "ငါ အဲ့တာ .. သောက်တာများသွားလို့။ အများကြီး မမှတ်မိတော့ဘူး။"

ယန့်ရှောင်းကျင်း 'အိုး'ဟု သံရှည်ဆွဲလာသည်။

ပိုင်ရှင်းယွီ သတိတကြီးနှင့် မေးလိုက်သည်။ "ငါ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။"

"ယွီဖုန်းချန် မင်းကို ကျောပိုးသယ်လာတာလေ?"

ပိုင်ရှင်းယွီ တံတွေးမြိုချရင်း ခြောက်ကပ်ကပ် ရယ်လိုက်သည်။ "ဟားဟား၊ သူ တကယ် ပင်ပန်းသွားမှာပဲ။ ငါက နည်းနည်းလေးတယ်။"

ယန့်ရှောင်းကျင်း သူ့လည်ပင်းအနောက်ကို ညွှန်ပြလာသည်။ "သူ့လည်ပင်းတစ်လျှောက်လုံး မင်းသွားရည်တွေချည်းပဲ။"

ပိုင်ရှင်းယွီ မျက်နှာအနည်းငယ်မျှဖြူလျော့သွားသည်။ "... တကယ်ကြီးလား ..."

"တကယ်လေ။"

ပိုင်ရှင်းယွီ မျက်လုံးစုံမှိတ်ထားရင်း သူ့မျက်နှာ အနည်းငယ်မျှ အပူတက်လာတာကို ခံစားနေမိသည်။ 'ငါလူး၊ အရှက်ထပ်ကွဲပြန်ပြီ။ အရမ်း မျက်နှာပျက်ရတာပဲ။'

"အမှတ်ရာတွေလည်း ရှိသေးတယ်။" ယန့်ရှောင်းကျင်း လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလာသည်။

[T/N : hickey]

ပိုင်ရှင်းယွီ မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်ချည်းဆိုသလို ထစ်ထစ်အအဖြစ်သွားတော့သည်။ "ဘာ .. ဘာကို .."

ယန့်ရှောင်းကျင်း သူ့အား နှုတ်ခမ်းတစ်ဖက်သို့ တွန့်ကွေးပြုံးပြရင်း ကြည့်လာသည်။ "အရမ်း သိသာ​နေတာ။ ကော်လံကလည်း တို၊ ဆံပင်ကလည်း တို၊ ဖုံးထားလို့တောင် မရဘူး။"

ပိုင်ရှင်းယွီ အနောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။ "ငါ .. အဲ့တာက .. မင်း ထင်နေသလိုမဟုတ်ဘူး။"

ယန့်ရှောင်းကျင်း အရှေ့သို့ နှစ်လှမ်းတိုးလာပြီး ပြုံးလိုက်သည်။ "ငါက ဘာထင်နေလို့လဲ။"

"ငါ ..ငါကလေ အဲ့လိုလူမျိုး၊ ကလေးတုန်းတည်းကဖြစ်တာ အခုထိ မသက်သာလာသေးဘူး။ အိပ်နေရင်း လက်ချောင်ဆုပ်နေရတာကို သဘောကျတာ၊ မနေ့ကလည်း .. ဟုတ်တယ် .. အကျင့် .. အကျင့်ပါနေလို့။ ပါးစပ်ထဲ တစ်ခုခုကိုက်ထား .."

ပိုင်ရှင်းယွီ နဖူးထက် ချွေးများစိုစွတ်ထွက်လာတော့သည်။ 'သွားပြီ၊ သွားပြီ။ လိမ်မပြောဖြစ်တာကြာနေတော့ ဘာတွေပြောလိုက်မိတာလဲ။ အဆင့််မမီတဲ့ လိမ်လည်ခြင်းကြီးပဲ။'

ယန့်ရှောင်းကျင်း ပိုင်ရှင်းယွီအား ကုတင်စွန်းအထိ တွန်းသွားရင်း သူ၏မက်မွန်ပန်းပွင့်သဏ္ဌာန်မျက်ဝန်းလေးကတော့ ကျီစယ်ချင်မှုအပြည့်။ "အဲ့တာကို ငါ တကယ်ယုံသွားမယ်လို့တော့ မင်း မထင်နေဘူးမလား။"

ပိုင်ရှင်းယွီ ပေကလယ် ပေကလယ်ဖြစ်သွားသည်။ "အာ .."

"မင်းနဲ့ယွီဖုန်းချန်အကြားက ဆက်ဆံရေးကို ငါ မမြင်နိုင်ဘူးလို့ ထင်နေတာလား။"

ပိုင်ရှင်းယွီ သူ့နားထင်သူ ပွတ်နေရင်း ပြောလိုက်သည်။ "အင်း၊ ဟုတ်တယ်။ မင်း ထင်ထားသလိုပဲ။ မင်း ကြည့်၊ ဒီခေတ်ဒီအချိန်မှာ အချစ်ဆိုတာ လွတ်လပ်နေပြီ။ နားလည်မှုနဲ့ ဆက်နေသွားကြရအောင်။" ပြောပြီးသည်နှင့် ပိုင်ရှင်းယွီ မျက်လုံးမှိတ်ပြကာ 'သဘောတူလား'ဟု အချက်ပြလိုက်ပေမယ့် ယန့်ရှောင်းကျင်း အမူအရာက ပြောင်းလဲသွားခြင်းမရှိ။

ပိုင်ရှင်းယွီ နေရခက်သွားသလို လက်ပြန်ချလိုက်သည်။ "ရှောင်းကျင်း၊ မင်းပြောချင်တာ ဘာလဲ။"

"ဘာမှမရှိပါဘူး။ ဒါက တကယ်ကို မင်းတို့ ကိစ္စပဲလေ။" ယန့်ရှောင်းကျင်း နှုတ်ခမ်းထောင့်က ကွေးညွှတ်လို့သွားပေမယ့် သူ့မျက်ဝန်းထဲတွင်တော့ ပြုံးရယ်ခြင်းက ရှိမနေ။

"အမှန်တိုင်းပြောရရင် ငါက မျက်စိ အရမ်းရှင်တယ်။ မင်းရဲ့အကြည့်တွေက သူ့အနောက်ကိုပဲ ကပ်ပါနေတာ။ ငါ ဟိုးအရင်ကတည်းက သတိထားမိတယ်။"

ပိုင်ရှင်းယွီ ရှက်ရွံ့သလို ပြုံးပြလိုက်သည်။

ယန့်ရှောင်းကျင်း သူ့ခေါင်းကို ပုတ်ပေးလာသည်။ "ဒါပေမယ့် သူ့အကြည့်တွေကတော့ အမြဲ အခြားတစ်ယောက်နောက်ကိုပဲ လိုက်နေတာ။ မင်း ဂရုတစိုက်ကြည့်ဖူးရဲ့လား။"

ပိုင်ရှင်းယွီ ထိတ်လန့်မှုနှင့်အတူ မျက်မှောင်ကြုတ်သွားသည်။ "မင်း .. ဘာကိုပြောချင်တာလဲ။"

ယန့်ရှောင်းကျင်း ပြုံးရင်း ပခုံးတွန့်ပြလာသည်။

ထိုအချိန်မှာပဲ ယွီဖုန်းချန်နှင့် ချန်းကျင်းက အစားအသောက်ကောင်းများ ယူလို့ ပြန်လာကြသည်။

ပိုင်ရှင်းယွီ ယွီဖုန်းချန်အား ထူးထူးဆန်းဆန်း မျက်နှာအမူအရာဖြင့် ကြည့်နေမိသည်။

ယွီဖုန်းချန် မျက်ခုံးပင့်တက်သွားသည်။ "ဘာဖြစ်လို့လဲ။"

ပိုင်ရှင်းယွီ ယန့်ရှောင်းကျင်းဘက် တစ်ချက်လှမ်းကြည့်ရင်း ယန့်ရှောင်းကျင်း ပြောခဲ့သမျှ မတွေးမိအောင် ကြိုးစားထိန်းထားလိုက်သည်။ "ကြားတာ မနေ့ညက ငါ မင်းကျောပေါ်မှာ အိပ်ပျော်သွားတယ်ဆို ..."

သူ့အသံက ပြောနေရင်း တဖြည်းဖြည်းနှင့် တိမ်ဝင်သွားတော့သည်။

ယွီဖုန်းချန် နှာမှုတ်လိုက်သည်။ "အမှန်ပြောတာပဲလေ။ သွားရည်တွေက ငါ့လည်ပင်းပေါ် စီးကျနေတာ။"

ချန်းကျင်းလည်း နှာရှုံ့ရင်း ရယ်သွားသည်။ "ရှင်းယွီ၊ မင်း တကယ်ကို ဆန်းသစ်တယ်။ ပေါင် ၁၃၀၊ ၁၄၀ နီးပါး အလေးချိန်နဲ့ တစ်ယောက်ယောက်ကျောပေါ် တက်အိပ်နိုင်သေးတာ၊ သေချာပေါက် မင်းက ပထမဆုံးပဲ။

ပိုင်ရှင်းယွီ ကို့ရို့ကားယား ပြုံးပြလိုက်သည်။

သူတို့နှစ်ယောက်သား အစားအသောက်များကို စားပွဲပေါ် တင်ချ၍ ပြင်ဆင်နေကြသည်။

ပိုင်ရှင်းယွီလည်း ယွီဖုန်းချန်အနောက်သို့ လျှောက်သွားပြီး သူ့လည်ပင်းကို လှမ်းကြည့်လိုက်ပေမယ့် သွယ်လျလျနှင့် ချောမွတ်နေသည့် လည်တိုင်တစ်ခုမှလွဲ၍ ဘာမှရှိမနေ။ ပိုင်ရှင်းယွီ တောင့်တင်းသွားပြီး ယွီဖုန်းချန် ကော်လံကို ဆွဲချပြီး အထဲထိ ကြည့်ဖို့ လုပ်လိုက်သည်။

ယွီဖုန်းချန် သူ့ကို လှည့်ကြည့်လာသည်။ "မင်း ဘာလုပ်နေတာလဲ။"

"ငါ .. ငါ မင်းရဲ့ကော်လံ စိုနေလားကြည့်တာ။"

ယွီဖုန်းချန် သူ့အား စူးကနဲကြည့်လိုက်သည်။ "မင်းသွားရည်တွေ စိုနေတဲ့အင်္ကျီကို ငါက ဆက်ဝတ်ထားမလား။ ရေချိုးခန်းထဲမှာ၊ ခဏနေကျရင် ငါ့ကို သွားလျှော်ပေး။

ပိုင်ရှင်းယွီ စိတ်နှင့်ကိုယ် မကပ်သလို 'အွန်း'ဟု အသံပြုရင်း သူ့အကြည့်များက ယန့်ရှောင်းကျင်းရှိရာသို့ ရွေ့လျားသွားတော့သည်။

ယန့်ရှောင်းကျင်းက အပြစ်ကင်းမဲ့သူတစ်ယောက်လို ပြုံးပြနေလျက်။ ချောမော၊ တောက်ပနေခြင်းကလည်း ပြောစရာကိုမလို။

ပိုင်ရှင်းယွီ နှလုံးသားထဲ အဆဲစကားလုံးများ အစီအတန်းလိုက်ပေါ်လာတော့သည်။ 'ဒီကောင်လေး သောက်ရမ်းဆိုးလွန်းတယ်။ သူက တကယ်ကြီး ငါ့ဆီက စကား အစ်အောက်သွားတာပဲ။'

ပိုင်ရှင်းယွီ သူ့အား ခပ်စူးစူး စိုက်ကြည့်လိုက်ပြီး ယန့်ရှောင်းကျင်း၏အပြုံးကလည်း ပိုမိုနက်ရှိုင်းသွားလေသည်။

တကယ်တမ်း သူတို့ စားနေရသည့် ညစာက ခွဲခွါခြင်းညစာနှင့်တောင် တူညီလုနီးပါး။ ဟော့ချောင် ပြောထားချက်အရ နောက်ဆုံးအဆင့် စမ်းသပ်ပွဲက လူ ထက်ဝက်ခန့်မျှ ထုတ်ပစ်မယ့်ပုံပင်။ ဒီအချိန်ထိ ရောက်လာပြီးသည့်နောက် လေ့ကျင့်ရေးတပ်သားများအနက် အဆောင်ခန်းများထဲ လူစုံကျန်သည်မှာ သူတို့သာ ရှိတော့၏။ ဒီနေရာအထိ လျှောက်လာဖို့က မလွယ်ကူ။ ယွီဖုန်းချန်နှင့်ယန့်ရှောင်းကျင်းအကြား ခပ်တန်းတန်းဖြစ်ပေမယ့်လည်း အနာဂတ်တစ်ချိန်ကျရင် သူတို့က သေတူရှင်တွဲ ရဲဘော်များဖြစ်လာမည်သာ။ ထို့အပြင် ရက် ၈၀လုံး နေ့ညမကွဲအတူရှိကြပြီးနောက် သူတို့လေးယောက်ကြား ခင်မင်ရင်းနှီးမှုက ပို ပိုပြီးနက်ရှိုင်းလာတော့သည်။ ထို့ကြောင့်လည်း သူတို့လေးယောက်အတွက် အတူတူရှိနေရခြင်းက ဒါ နောက်ဆုံးတစ်ကြိမ်ဖြစ်လောက်သည်ဟု တွေးမိချိန် ဝမ်းနည်းမှုခံစားချက်က အနည်းငယ်မျှ တိုးဝင်လာတော့သည်။

သူတို့ အရက်အစား ဖျော်ရည်ကိုသာ သောက်ရင်း ချန်းကျင်းပြောလာသည်။ "နှင်းကျားသစ်တပ်မဟာမှာ ငါတို့အကုန် ပြန်ဆုံရပါစေ။"

"နှင်းကျားသစ်တပ်မဟာမှာ အကုန်ပြန်ဆုံရပါစေ!" သူတို့လေးယောက် ဖန်ခွက်ချင်းတိုက်၍ မော့ချလိုက်သည်။

စားသောက်ပြီးချိန်မှာတော့ သူတို့ အဝတ်အစားများ ထုတ်ပိုးလိုက်ရသည်။ ဟော့ချောင်က 'စမ်းသပ်ချက်ကို အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ ဒီနေ့မှစတင်ကာ သူတို့ ဒီအဆောင်တွင် နေစရာမလိုတော့။' ဟု ပြောထားသည်။ 'နှင်းကျားသစ်တပ်မဟာ'၏ တရားဝင် အဖွဲ့သားဖြစ်လာသူများကတော့ သူတို့ အမိန့်ကျ တာဝန်ထမ်းဆောင်ရာ နေရာသို့ပြောင်းရွေ့ရမည်ဖြစ်ပြီး မအောင်မြင်သူများကတော့ သူတို့လာခဲ့ရာ နေရာများထံသို့ ပြန်ဖို့ခံရမည်သာ။

နေစောင်းသည်နှင့် သူတို့ လေ့ကျင့်ရေးကွင်းပြင်တွင် လူစုလိုက်ကြသည်။ ဟော့ချောင်က သူတို့အား ဘာဆိုဘာမှ ယူမလာဖို့ မှာထားသည်။ သူတို့ခန္ဓာကိုယ်အနှံ့ ရှာဖွေစစ်ဆေးပြီးသည့်နောက် သူတို့ခေါင်းများကို အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်လျက် လူ ၁၅ယောက်ကို ကားပေါ်သို့ တင်ခေါ်သွားတော့သည်။ ထရပ်ကားက ဘယ်ညာယိမ်းလို့ ဖြည်းဖြည်းချင်း မောင်းနှင်လျက်ရှိကာ သူတို့အား ဘယ်ဆီခေါ်သွားတာလဲ ဘယ်သူမှ မသိ။

လူတိုင်းရင်ထဲ စိုးရိမ်ကြောင့်ကြခြင်း အဆင့်၌ ရှိနေကြသည်။ ဟော့ချောင်က သူတို့ကို ဘာလုပ်ရမည်ဆိုတာလည်း မပြောပြသလို၊ ဘယ်သွားနေသည်ဆိုတာကိုလည်း မပြောပြ။ ထို့အပြင် သူတို့အား ပေးတောင် ပေးမကြည့်။ တင်းကြပ်ပြင်းထန်နေသည့် လေထုက တရိပ်ရိပ်တိုးတက်လို့လာပြီး ကားထဲ စကားပြောနေသူမှာ မရှိသလောက်။

ပိုင်ရှင်းယွီနှင့်ယွီဖုန်းချန်ကတော့ တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားလျက် ရှိနေကြသည်။ သူတို့ စကားပြောဆိုနေခြင်း မရှိပေမယ့် သူတို့လက်ဝါးကြားမှ အနွေးဓာတ်က အခြားသူများထက် ပိုမိုလုံခြုံသွားသလို ခံစားရဖို့ လုံလောက်သည်။

တစ်နာရီမျှ မောင်းနှင်ပြီးသည့်နောက် ကားရပ်လို့သွားကာ သူတို့အကုန်လုံး ကားပေါ်မှ ကန်ချခံလိုက်ရသည်။ ဟော့ချောင်အသံက သူတို့အရှေ့မှ ထွက်ပေါ်လာသည်။ "ဒီနောက်ဆုံးအဆင့်က စိတ်ပိုင်းဆိုင်ရာ မှီခိုနေခြင်းကို ဆွဲထုတ်တဲ့စမ်းသပ်ချက်။ မင်းတို့ လုပ်ရမှာ ရှင်းရှင်းလေး။ 'နေရာမှာပဲ နေ။' ဒီနေရာကနေ ထွက်ခွါဖို့ မင်းတို့မှာ နည်းလမ်း နှစ်ခုပဲရှိတယ်။ တစ်၊ စမ်းသပ်ချိန် ပြီးဆုံးသွားရင်။ နှစ်၊ နှုတ်ထွက်ခြင်း။"

နံပါတ် ၉ : သတင်းပို့။

"ပြော။"

"စစ်ဆေးပွဲအချိန်က ဘယ်လောက်ကြာမှာလဲဗျ။"

"မသိဘူး။" ဟော့ချောင် အေးစက်စက်ပြန်ဖြေသည်။

"ဒီနေရာက ဘာနေရာလဲ။"

"ခဏနေကျရင် မင်းတို့ သိလိမ့်မယ်။"

ဟော့ချောင် စကားပြောလို့ ပြီးသွားသည်နှင့် သူတို့အကုန်လုံး အရှေ့သို့ ဆက်သွားဖို့ အတွန်းခံလိုက်ရသည်ကို လူတိုင်း ခံစားမိလိုက်ကြသည်။ ပိုင်ရှင်းယွီ ရုတ်တရက် ထိတ်ထိတ်ပျာပျာနှင့် ယွီဖုန်းချန်လက်ကို လှမ်းရှာပေမယ့် သူ့လက်ချောင်းထိပ်လေးကသာ ယွီဖုန်းချန်၏လက်ဝါးလေးနှင့် ထိတွေ့မိသွားသည်။ နွေးထွေးမှုအနည်းငယ်လေးက လေထဲလွင့်ပျယ် ပျောက်သွားသည်မို့ ပိုင်ရှင်းယွီ အော်လိုက်ချင်ပေမယ့် သူ ချုပ်တည်းထားလိုက်သည်။

ပိုင်ရှင်းယွီ အခန်းတစ်ခုအတွင်းသို့ ခေါ်သွားခံနေရမှန်း သိနေသည်။ တဖြည်းဖြည်း သူကိုယ်တိုင်နှင့် သူ့အနောက်တွင် ရှိနေသည့်လူမှလွဲပြီး အခြားသူများ ရှိနေခြင်းကို မခံစားရတော့တာမို့ သူ စိုးထိတ်မှုဖြင့် ပြောလိုက်သည်။ "တာ့ကော၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ။"

သူ့အနောက်မှလူကြီးက တိတ်ဆိတ်လျက်။

"ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။ အခြားသူတွေနဲ့ တွေ့လို့ရသေးလား။"

ဆက်လက် တိတ်ဆိတ်နေဆဲ။

ပိုင်ရှင်းယွီ စကားထပ်ပြောရန် လုပ်ချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့အနောက်မှလူကြီး၏ အကြမ်းပတမ်း တွန်းလွှတ်ခြင်းကို ခံလိုက်ရ၏။ သူ ခြေလမ်းအနည်းငယ်မျှ ဒယီးဒယိုင်ဖြစ်သွားကာ ဟန်ချက်ညီအောင် ထိန်းနေစဉ်အတွင်း 'ဘန်း'ဆိုသည့်အသံကို ကြားလိုက်ရပြီး သူ့အနောက်မှ လေးလေးလံလံရှိလှတဲ့ သံတံခါးကလည်း ခပ်ကြမ်းကြမ်း စောင့်ပိတ်ခြင်း ခံလိုက်ရလေသည်။ ပိုင်ရှင်းယွီ သူ့ခေါင်းကို အုပ်ထားသည့် အဝတ်စကို အလျင်စလို ဖယ်ရှားလိုက်ချိန် သူ့မျက်စိရှေ့၌ အမှောင်ထုကသာ စောင့်ကြိုလို့ ရှိနေသည်။ သူ တံခါးရှိရာသို့ အပြေးသွားလိုက်ပေမယ့် တံခါးကလည်း သော့ခတ်ပြီးဖြစ်နေ၏။

ပိုင်ရှင်းယွီ ခဏတာမျှ ကြောင်အနေရင်းမှ သူတို့ ဘာလုပ်ရန်ကြံနေသလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဒါက အလုံပိတ် အကျဉ်းထောင်ခန်းဖြစ်၏။ အလုံပိတ်အခန်းအတွင်း အလင်းရောင်လည်း မရှိသလို အသံဗလံများလည်း မရှိ။ နေရာအားဖြင့်လည်း ကျဉ်းကျဉ်းကျပ်ကျပ်နိုင်လှသည်။ ပိုင်ရှင်းယွီ အခန်းတွင်း စမ်းတဝါးဝါး လျှောက်ကြည့်ချိန် အိပ်ရာတစ်ခုကို စမ်းမိသွားသည်။ အိပ်ရာ၏အောက်တွင် အစာခြောက်နှင့်ရေဘူးများ ရှိ၏။ ထို့နောက် ဆက်ထိကြည့်သွားချိန် အခန်းတွင်း၌ မျက်နှာသစ်ဘေစင်နှင့် အိမ်သာလည်း ရှိနေလေသည်။ ပိုင်ရှင်းယွီ အတောမသတ်နိုင်သော ထိတ်လန့်မှုများဖြင့် အိပ်ရာထက် ထိုင်ချလိုက်မိသည်။

ယွီဖုန်းချန်က ဖြစ်လာနိုင်သမျှ အရာရာကို မှန်းဆထားပြီးဖြစ်နိုင်၏။ သို့ပေမယ့် သူ ဘာလို့ မပြောပြခဲ့တာလဲဆိုသည့်အကြောင်းကို ပိုင်ရှင်းယွီ နားလည်ခဲ့ပြီ။ တကယ်ကို၊ သူ သိထားခဲ့ရင်တောင်မှ ပြောင်းလဲလိုက်နိုင်တာ ဘာမှ မရှိ။ သူ ဝတ္ထုများထဲ ဒီလိုအခန်းတွင်း အလုံပိတ်၊ အကျဉ်းချ၍ ညှင်းပန်းနှိပ်စက်မှုများအကြောင်း ဖတ်ဖူးသည်။ အချိန်အတော်ကြာ ပိတ်လှောင်ခံလိုက်ရပြီးနောက် ထိုလူများ ရူးသွပ်သွားဖို့တောင်ဖြစ်နိုင်သည်တဲ့။ သို့ပေမယ့် ကိုယ်တွေ့မကြုံဖူးသူတိုင်း ထိုခံစားချက်အား မှန်းဆကြည့်လို့တောင် မရနိုင်။

ပိုင်ရှင်းယွီ ကြမ်းရှရှဖြစ်နေသည့်နံရံကို ထိကြည့်နေသည်။ အခုလေးတင်မှ ဝင်လာတာဆိုပေမယ့် သူ ဒီနေရာကို စတင် ကြောက်ရွံ့နေမိပြီ။ သူက အမှောင်ထုကို ကြောက်နေတာ မဟုတ်။ သူ ကြောက်နေမိသည်က 'စမ်းသပ်ပွဲက အခုမှ စတင်တာ' ဟူသည့်အချက်ပင်။ ဒီစမ်းသပ်ပွဲတော့ သူ မအောင်နိုင်လောက်တော့ဟူသည့် ခံစားချက်များပင် ရလာတော့သည်။ တစ်ကိုယ်တည်းဖြစ်နေရခြင်းကို သူ ဘယ်လောက်တောင် ကြောက်လိုက်ပါသလဲ။ သူ မချင့်မရဲနှင့် သူ့ကိုယ်သူ ပါးချလိုက်မိသည်။ ဒေါသထွက်လွန်းလာတာမို့ သူ့ခေါင်းသူတောင် နံရံနှင့် ပြေးတိုက်လာချင်မိသည်အထိ။ ဒီအထဲသို့ ရောက်လာတာ ဆယ်မိနစ်မျှပင် ရှိသေးတာကို၊ အခုကတည်းက ဘာလို့ ဒီလိုအတွေးတွေ ဝင်နေရတာလဲ!

သူ အိပ်ရာအောက်ရှိ ခြင်းတောင်းကို လှမ်းထုတ်ယူကာ အစာခြောက်များနှင့် ရေဘူးများကို အိပ်ရာထက် ဖြန့်ကြဲချရင်း အမှောင်ထဲ ပမာဏဘယ်လောက်ရှိလဲ တွက်ကြည့်နေမိသည်။ ဟော့ချောင် သူတို့အား ဘယ်နှစ်ရက်ကြာကြာ လှောင်ပိတ်ထားမလဲဆိုတာကို ခန့််မှန်းနိုင်ရန် ဒီနည်းလမ်းမှ လွဲ၍မရှိ။ အချိန်အတော်ကြာပြီးနောက် ဆယ်ရက်မှ ဆယ့်ငါးရက်ကြားဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်သွားသည်။ အရမ်းခက်ခဲမည့်ပုံ မပေါ်လှ။ နေ့တိုင်း စားလိုက်၊ အိပ်လိုက်၊ ထပ်စားလိုက် လုပ်ရုံနှင့် အလျင်အမြန် ကျော်ဖြတ်နိုင်သွားမှာပင်။

ပိုင်ရှင်းယွီ အိပ်ရာပေါ် လှဲရင်း ထိုအကြောင်းအား တွေးနေမိသည်။

သူသာ ဒီတစ်ခေါက် စမ်းသပ်ပွဲအောင်သွားပါက သူ့မိဘများနှင့် သူ့အစ်ကိုဖြစ်သူကို ပြောရတော့မည်။ သူတို့ သူ့အတွက် ဂုဏ်ယူပေးဖို့တော့ မျှော်လင့်မိသည် .. သို့ပေမယ့် သူ့အစ်ကို စစ်တပ်သို့ ကိုယ်တိုင်ရောက်လာပြီး သူ့ကို ပြန်ခေါ်သွားတာလည်း ဖြစ်နိုင်ပြန်သည်။ သူ ငယ်ငယ်ကတည်းက သူ့အစ်ကို၏ အမြဲလိုလို ရိုက်နှက်တာခံရပေမယ့် သူ့အစ်ကိုက သူ့အပေါ် တကယ်ကောင်းတာဖြစ်သည်။ သူ့အစ်ကိုကတော့ သူ့ကို အန္တရာယ်များလှသည့် အထူးတပ်ဖွဲ့ဝင်သားတစ်ယောက်ဖြစ်လာတာကို ခွင့်ပြုမှာ မဟုတ်ပေမယ့် သူကလည်း ပြန်လိုက်မှာ မဟုတ်။ နောက်ထပ် နှစ် နှစ်နေမှ ယွီဖုန်းချန်နှင့်အတူ သူ ပြန်လာမှာဖြစ်သည်။

ယွီဖုန်းချန် .. အခု ဘာလုပ်နေလောက်လဲ။ ယွီဖုန်းချန်လည်း သူ့လိုမျိုး အစာခြောက်နှင့် ရေဘူးများ ရေတွက်ပြီးနေလောက်ပြီ။ ဒါဆို အခု သူ့အကြောင်းကော တွေးနေမိလောက်ရဲ့လား။ ပိုင်ရှင်းယွီ ခပ်တိုးတိုး ရယ်လိုက်သည်။ ပိန်းပိတ်အောင် မှောင်မည်းနေသည့် အလုံပိတ်အခန်းအတွင်းမှ ရယ်သံက ကြက်သီးထဖွယ်အတိ။ သူ တစ်ဖက်သို့ လှိမ့်ရင်း ယွီဖုန်းချန် တွေးနေ၊ လုပ်နေနိုင်လောက်တာများကို စိတ်ကူးယဉ်ကြည့်ရင်း သူတို့နှစ်ယောက် စတင်သိခဲ့ကြသည့် အချိန်မှစကာ အကြောင်းအရာအကုန်လုံးကို ဖြည်းဖြည်းချင်း ပြန်တွေးရင်း တစ်ခါတစ်လေ ထိုအတွေးများကြောင့် ထရယ်မိတော့သည်။

ထို့နောက်မှာတော့ ညမှောင်သွား၍ ဖြစ်နိုင်သည်၊ ပိုင်ရှင်းယွီ သာမန်ကိစ္စရပ်တစ်ခုလို အိပ်ပျော်သွားတော့သည်။ အလုံပိတ်ခန်း၏ တိတ်ဆိတ်မှောင်မိုက်နေခြင်းက သူ့အား ကောင်းကောင်း အိပ်ပျော်စေသည်။

သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ၊ ပိုင်ရှင်းယွီ ထပ်လှဲမနေနိုင်တော့တာမို့ အိပ်ရာမှ ထွက်ကာ အမှောင်ထဲ မျက်နှာသစ်၊ အပေါ့အပါးသွားပြီးသည့်နောက် စားသောက်ခြင်းကိစ္စရပ်ကို ပြုလုပ်လိုက်သည်။ လုပ်စရာရှိတာများ အကုန်လုပ်ပြီးသွားချိန် သူ အခန်းတွင်း ပျင်းပျင်းရိရိနှင့် ပတ်လျှောက်နေမိတော့သည်။ အလုံပိတ်အခန်းက ကျဉ်းမြောင်းလွန်းပေမယ့် အလုံပိတ်မော်တော်ယာဉ်ကားထက်တော့ ကျယ်ဝန်းပုံပင်။ သူ ခြေလှမ်းကြည့်ရင်းနှင့် တိုင်းတာလိုက်ရာ အဆုံးထိ ခြေလှမ်း ၇လှမ်း၊ ၈လှမ်းမျှ လျှောက်နိုင်လေသည်။ အလျားလိုက် အကွာအဝေးက ပို၍ကျဉ်းမြောင်းသည်။ ဘယ်၊ ညာ နံရံနှစ်ဖက်လုံးကို တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်လုံးနှင့် လှမ်းထိလို့ရပြီး ဒီလိုအခန်းကျဉ်းထဲနေ နေရခြင်းက တမူထူး၍ စိတ်ဓာတ်ကျချင်စဖွယ်ဖြစ်နေ၏။

ဘာလုပ်နေရမလဲ။ ဘာအကြောင်း တွေးနေရမလဲ။ ပိုင်ရှင်းယွီ အချိန်ကုန်သွားအောင် တစ်ခုခုလုပ်နေဖို့ အသည်းအသန် တွေးနေမိသည်။ သူ ရေဘူးများဖြင့် ဆော့ကစားခြင်းကို စတင်လိုက်သည်။ ရေဘူးများကို လေးထောင့်အကွက်သဏ္ဌာန် စီထားရင်း အစာခြောက်ထုတ်များကို ထိုလေးထောင့်ကွက်အတွင်း ဝင်သွားအောင် ပစ်ထည့်ခြင်းမျိုး ပြုလုပ်လျက် ဝင်သွားပါက 'တူတူ' ဟူသည့် အသံကို နှုတ်မှ ရေရွတ်နေလိုက်သည်။ သူ ကစားလို့ ဝသွားချိန်တွင်တော့ နောက်ထပ်တစ်ဖန် အစာခြောက်ထုတ်များကို လေပေါ်မြှောက်တင် ကစားခြင်းမျိုး ပြုလုပ်လိုက်သည်။ ထိုကစားနည်းကလည်း အချိန်အတော်ကြာ ကစားပြီးနောက်တွင် စိတ်ဝင်စားစရာမကောင်းတော့။

ပိုင်ရှင်းယွီ အိပ်ရာထက် လှဲလျောင်းရင်း ကျယ်ကျယ်လောင်လောင် သီချင်းအော်ဆိုနေလိုက်သည်။ သူ သိသည့်စာသားများကော၊ မဆိုနိုင်သည့် စာသားများကိုပါ အသံကွဲအက်မတတ် သီဆိုနေလိုက်ရာ သူ့ခေါင်းများပင် မူးနောက်သွားတော့သည်။ ထို့နောက်မှာတော့ အော်ဟစ်ရခြင်းနှင့်အတူ မောပန်းလာပြီး ပိုင်ရှင်းယွီ တစ်ဖန်အိပ်ပျော်သွားတော့သည်။

ပြန်နိုးလာချိန်တွင်တော့ ဟော့ချောင် သူတို့အား ဘယ်နှစ်ရက် ထိန်းသိမ်းထားမှာလဲဆိုတာကို တွက်နေခြင်းက အကျိုးမရှိလှမှန်း ပိုင်ရှင်းယွီ နားလည်သွားသည်။ အကြောင်းကား သူ အခုဆိုလျှင် အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲ လုံးဝ ခံစားသိရှိနိုင်ခြင်း မရှိတော့။ သူ ဒီမှာ နေ နေရတာ ဘယ်လောက်ကြာသွားပြီလဲ။ တစ်ရက်လား၊ နှစ်ရက်လား။ ဒါမှမဟုတ်လည်း တစ်ညပဲ ရှိသေးတာလား။ အရမ်း ပျင်းဖို့ကောင်းတယ်။ အရမ်းလည်း တိတ်ဆိတ်နေတယ်။ ဘာမှလည်း မရှိသလို ဘာကိုမှလည်း မမြင်ရ။ သူ တကယ် အပြင်ထွက်သွားချင်ပြီ။ စကားပြောဖော်အဖြစ် ခွေးပဲရှိမယ်ဆိုရင်တောင် သူ ပြောနေချင်တယ်!

ယွီဖုန်းချန် ဘာလုပ်နေလောက်လဲ။ ခေါင်းဆောင်ကော ဘာလုပ်နေလောက်လဲ။ ယန့်ရှောင်းကျင်းကော ဘယ်ရောက်နေလဲ။ သူတို့ကော ပျင်းမနေကြဘူးလား။ အခု သူတို့လေးယောက်ကို တစ်ခန်းထဲ အတူပိတ်ထားပေးရင် ဘယ်လောက်ကောင်းမလဲ။ သူတို့အတူ စကားပြောလိုက်၊ သောက်လိုက်၊ စားလိုက် လုပ်နေရတာ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ အတူတူလေ့ကျင့်နေရမယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ သူတစ်ယောက်တည်း မဟုတ်နေ။

သုန့်ယွမ်နဲ့ ချန်းလျန်ကော အခု ဘာလုပ်နေလောက်လဲ။ ခေါင်းဆောင်ဝူကော ဘယ်မှာပါလိမ့်။ ဝမ့်ဝမ်-ကောလည်း ဘယ်ရောက်နေလောက်လဲ။ သူ့ကို လွမ်းတဲ့သူ မရှိကြဘူးလား။ သူကတော့ လူတိုင်းကို လွမ်းနေမိပြီ။ သူ သူ့မိဘနဲ့ သူ့အစ်ကို ကိုလည်း လွမ်းနေမိသည်။ အခုအချိန်ကျမှ ဘာလို့ သူ အိမ်ကို ဆိုးဆိုးရွားရွား ပြန်ပြေးချင်နေရတာလဲ။

ပိုင်ရှင်းယွီ အိပ်ရာထက် လူးလှိမ့်နေမိသည်။ သူ လုံးဝ အိပ်မပျော်။ သူ့ဘေးပတ်ပတ်လည်ရှိ တိတ်ဆိတ်မှောင်မည်းနေမှုများက သူ့အတွက် မမြင်နိုင်သည့် ဖိအားတစ်စုံတစ်ရာလိုပင်။ ထိုအရာက သူ့သွေးကြောများထက် တင်းတင်းကြပ်ကြပ်ဖိထားလျက် ရှိနေပြီး သူ့မှာ အသံရှုဖို့တောင် ခက်ခဲလာတော့သည်။ သူ အပြင်ကို တကယ် ထွက်သွားချင်မိသည်။ သူ အိပ်ရာမှ ခုန်ထွက်ကာ နံရံကို အားပြင်းပြင်းနှင့် ပိတ်ကန်လိုက်သည်။ ဘေးအခန်းမှာ တစ်ယောက်ယောက်တော့ ရှိနေနိုင်ပါရဲ့။ ဘေးအခန်းမှာ ရှိနေတဲ့သူက ယွီဖုန်းချန်လည်း ဖြစ်နိုင်တာပဲ။ သို့ပေမယ့် သူ အချိန်အတော်ကြာ ကန်ကျောက်ပြီးတာတောင်မှ လှုပ်ရှားသွားသံဟူ၍ ဘာဆိုဘာမှ မကြားရ။

သူ နံရံကို ကန်ကျောက်ပြီးသည်နှင့် တံခါးကို သွားကန်ကျောက်တော့သည်။ သံတံခါးကို ထုရိုက်နေသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်။ ဒီလိုအသံကျယ်မျိုး ဆိုပါက သူတို့ကြား 'တရုတ်မဟာတံတိုင်း' ခြားနေရင်တောင်မှ ကြားနေရမှာ မဟုတ်လား။ သို့ပေမယ့် သူ ဘာသံမှ ပြန်မကြားရ။ သူ့မှာ အနားတစ်ဝိုက်တွင် ဘယ်သူမှ ရှိမနေသည့် ကျွန်းတစ်ကျွန်းသို့ ပို့လွှတ်ခံလိုက်ရသလို ခံစားလာရသည်။ သူ့ဘေးတွင် သူကိုယ်တိုင်နှင့် အမှောင်ထုသာ ရှိသည်။ ဒီလိုတစ်ကိုယ်တည်း အထီးကျန်ဆန်မှုက မကြုံစဖူး ဆန်းသစ်လွန်းလှသည်။ သူ သူ့ဘက်က ပြုလုပ်တာမဟုတ်သည့် အသံလေးကို တကယ် ကြားချင်နေမိသည်။ ထိုအသံက တုန့်ပြန်သံတိုးတိုးလေးဆိုရင်တောင်မှ အဆင်ပြေပါ၏။

သူ အချိန်အတော်ကြာ ထုရိုက်နေပြီးနောက် မောမောပန်းပန်းနှင့် ချွေးများ ထွက်လာတော့သည်။ ပင်ပန်းမှုအနည်းငယ်လေးကတော့ စိတ်ပျံ့လွင့်ဖို့ လွယ်နေမှန်း သိလိုက်ရသည်နှင့် သူ စတင်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်တော့သည်။ ပုံမှန် လေ့ကျင့်ရေးပမာဏအတိုင်းဆိုပါက ရပ်နားခြင်းမရှိ ဒိုက်ထိုး ၂၀၀ နှင့် အိပ်ထမတင် ၂၀၀ လုပ်ရမည်ဖြစ်သည်။ သူ တစ်နေကုန်နီးပါး ဘာမှမလုပ်ပဲ ထိုင်နေခဲ့တာမို့ လေ့ကျင့်ခန်းလုပ်ပြီးသည်နှင့် အသက်ရှုရပ်မတတ် မောပန်းသွားတော့သည်။ သူ အိပ်ရာပေါ် ပြန်လှဲချရင်း နောက်ဆုံးမှာတော့ ငိုက်မြည်းလို့လာပြီး အိပ်ပျော်သွားတော့သည်။

ပိုင်ရှင်းယွီ နိုးလာသည့်အချိန်တိုင်း တစ်ခုခုကို ရှာကြံလုပ်နေတတ်သည်။ ရက် မည်မျှ ကုန်ဆုံးသွားပြီလဲ သူ မသိ။ ဒီနေရာတွင် အချိန်ကို အခြေခံထားလို့ရသည်များ မရှိ။ သူ သူ့ကိုယ်သူ တောင့်ခံထားဖို့သာ ပြင်းပြင်းထန်ထန် ပြောနေမိသည်။ အနည်းဆုံးတော့ သူ မရူးသေး။ ဒီအခန်းကျဉ်းလေးထဲ သူ့ပျင်းရိမှုကို ဖြေဖျောက်ဖို့ လုပ်လို့ရနိုင်သမျှ အရာအားလုံးကို လုပ်နေမိသည်။ သူ သူ့အိပ်ရာကို နံရံနှင့် သွားရိုက်သည်။ တံခါးကို ခန္ဓာကိုယ်နှင့် ဝင်တိုက်သည်။ ကင်းမြီးကောက်ထောင် အနေအထားဖြင့် နာရီဝက်ကျော်ကြာအောင် နေသည်။ ရေဘူးအလွတ်များဖြင့် ကစားသည်။ အော်သည်။ သူ့ကိုယ်သူ ဟာသများ ပြန်ပြောရင်း အိပ်ရာခင်းကို အဝတ်စုတ်သဏ္ဌာန်ဖြစ်သွားအောင် စုတ်ဖြဲပစ်သည်။ နောက်ဆုံးမှာတော့ အိမ်သာရေဆွဲခြင်းမှ ထွက်လာသည့်အသံကို နားထောင်ရင်း ပျင်းရိမှုများကို ဖြေဖျောက်၍နေသည်။

သူ ရူးသွားဖို့ သိပ်မလိုတော့ဟု ခံစားနေမိသည်။ သို့ပေမယ့် သူ့မှာ တောင့်ခံနိုင်ဖို့ အင်အားအနေနှင့် ဇွဲလုံလနှင့် ဆင်ခြေတုံတရားက ရှိနေဆဲဖြစ်သည်။

သူ တစ်ဖန် ပြန်နိုးလာချိန် သူ့ခေါင်းအတွင်း အနည်းငယ်မျှ ကြည်လင်လို့သွားပြီး ဟော့ချောင်ပြောခဲ့သည်များကို ပြန်အမှတ်ရလာတော့သည်။ ဒီနေရာကနေ ထွက်ခွါဖို့ နည်းလမ်း၊ ပထမနည်းလမ်းက အချိန်ပြည့်မှ ဆိုပါက ဒုတိယနည်းလမ်းက .. နှုတ်ထွက်ခြင်း။ သူ့စိတ်ထဲ မီးအလင်းရောင်တစ်ခု လင်းလက်သွားသည်။ နှုတ်ထွက်ရမယ်? ဘယ်လို နှုတ်ထွက်ရမှာလဲ။ အပြင်လောကနဲ့ ဆက်သွယ်လို့ရနေတဲ့ နည်းလမ်းဆိုတာမှ မရှိပဲ။ သူ နှုတ်ထွက်ချင်နေပြီဆိုတာကို ဟော့ချောင်က ဘယ်လိုလုပ် သိမှာလဲ။ ဖြစ်နိုင်တာ သူတို့အကုန်လုံး စောင့်ကြည့်ခံနေရတာလား။

ပိုင်ရှင်းယွီ သူ့ကျောရိုးတစ်လျှောက် ကြက်သီးများ ထလာသလိုခံစားလိုက်ရသည်။ ကျဉ်းမြောင်း မဲမှောင်နေတဲ့အခန်းထဲ အပိတ်ခံထားရတာကိုက လုံလုံလောက်လောက် ကြောက်ဖို့ကောင်းနေပြီကို ဒီတစ်ချိန်လုံး သူတို့အား စောင့်ကြည့်၊ နားထောင်နေပါက အတော်လေး မနှစ်မြို့ဖွယ်ပင်။ ဒါဆို ခုနက သူ့ရဲ့ အော်သံတွေ၊ တစ်ယောက်တည်း အသံမျိုးစုံထွက်လို့နေတာတွေ၊ ဒါတွေအကုန် သူတို့မြင်နေတာလား။

ဖာ့ခ် .. ကြက်သီးထဖို့ကောင်းတယ် .. ပိုင်ရှင်းယွီ အိပ်ရာမီ ထကာ အခန်းတွင်းရှိ စောင့်ကြည့်ကင်မရာကို နေရာအနှံ့စတင်ရှာဖွေလိုက်သည်။ သူ ခံစားထိတွေ့လို့ရသည့် ထောင့်တိုင်းကို လှမ်းစမ်းကြည့်ပေမယ့် အပေါ်မြင့်မြင့်ထိ လှမ်းထိလို့ မရ။ ထောင့်ချိုးတိုင်းရဲ့ မျက်နှာကြက်နှင့် ထိတွေ့ရာက အမှောင်ကြားထဲ ပျောက်ကွယ်လို့နေလေသည်။

ပိုင်ရှင်းယွီ ထိန်းမရအောင် ကြောက်စိတ်မွှန်လာတော့သည်။ သူ အိပ်ရာခင်းကို လှမ်းဆွဲယူရင်း အသံများ ကွဲအက်လာသည်အထိ အထိတ်တလန့်အော်ဟစ်နေလိုက်သည်။ ထို့နောက်တွင်မှ သူ အိပ်ရာထက်သို့ ပျော့ခွေလဲကျသွားတော့သည်။

ရက်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲ။ လူ ဘယ်နှစ်ယောက်လောက် လက်လျော့သွားကြပြီလဲ။ ယွီဖုန်းချန်ကော အခု ဘာလုပ်နေလောက်လဲ။ သူကော အရူးတစ်ယောက်လို ပြုမူနေပြီလား။ ပိုင်ရှင်းယွီ သူ ဒီ့ထက်ပို မတောင့်ခံနိုင်တော့သလို ခံစားလာရသည်။ သူ အလင်းရောင်၊ အသံ၊ လူသားတစ်ယောက်ရဲ့ အထိအတွေ့၊ အသက်ရှင်နေသူတစ်ယောက်ရဲ့ အနွေးဓာတ်တို့ကို လိုချင်နေမိသည်။ ဒီမှာက အရမ်းမှောင်တယ်၊ အရမ်းလည်း ကြောက်ဖို့ကောင်းတယ်။ ဒီကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းပဲ ကျန်တော့သလို အရမ်းအထီးကျန်ရတယ်။ ကမ္ဘာကြီးထဲ! သူတစ်ယောက်တည်း!

ကြီးမားလွန်းလှသည့် ကြောက်ရွံ့မှုနှင့် အထီးကျန်ဆန်မှုများက ပိုင်ရှင်းယွီ၏ နှလုံးသားကို ဝါးမျိုလျက် ရှိနေပြီး သူ့အား ပြိုလဲကျသွားတော့မလိုတောင် ခံစားနေရသည် ...

KittyKitling

_____///_____

[Zawgyi]

'ေနာက္ဆုံးစမ္းသပ္ခ်က္ : အေမွာင္ထဲမွာတစ္ေယာက္တည္း : ထိတ္လန့္ဖြယ္အေတြးမ်ားႏွင့္အတူ။'

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္၏ကူတြဲေပးမွုျဖင့္ အေဆာင္ရွိရာသို႔ လမ္းေလၽွာက္ျပန္ဖို႔လုပ္လိုက္သည္။ ယြီဖုန္းခ်န္ ရယ္ရင္း ေျပာလာသည္။ "အရက္ ေကာင္းေကာင္းေသာက္နိုင္တာလည္း မဟုတ္ဘူး။ အမ်ားဆုံးေသာက္လိုက္ရင္ မင္းပဲ။"

"ငါ အရက္ေသာက္တယ္ .. အဲ့ေတာ့ ဘာျဖစ္လဲ .." ပိုင္ရွင္းယြီ ႀကိဳ႕ထိုးသြားသည္။ "ငါ ဘယ္ေလာက္ပဲ ေသာက္ထားလဲဆိုတာ မင္း မျမင္ပဲနဲ႔၊ ငါ .. ငါ မမူးေသးဘူး။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ လည္ပင္းကို သိုင္းဖက္ထားရင္း သူ႔မ်က္ႏွာကို အနားတိုးကပ္သြားကာ တခစ္ခစ္ရယ္လ်က္ ေျပာလိုက္သည္။ "လာ၊ ဒီသခင္ေလးကို အနံ႔ခံၾကည့္။"

ယြီဖုန္းခ်န္ သူ႔မ်က္ႏွာကို ေဘးတြန္းထုတ္လိုက္သည္။ "မင္း မူးေနၿပီ၊ ၿငိမ္ၿငိမ္ေန။"

ပိုင္ရွင္းယြီ သူ႔ႏွုတ္ခမ္းသူ တင္းတင္းေစ့ထားလိုက္သည္။ "မင္း ငါ့ကို ေရွာင္တယ္။"

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီ၏ေမးဖ်ားကို ဖ်စ္ညႇစ္ရင္း မ်က္ႏွာေလးကိုပါ လွုပ္ယမ္းလိုက္ေသးသည္။ "ေရွာင္တယ္။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ ေက်ာထက္သို႔ ႐ုတ္တရက္ခုန္တက္ရင္း ရယ္လိုက္သည္။ "ေရွာင္ဖို႔ ေနာက္က်သြားၿပီ။ လာ၊ ေျပးေတာ့။ က်ား!!"

ယြီဖုန္းခ်န္ မ်က္ဆန္လန္ျပလာေပမယ့္ ပိုင္ရွင္းယြီကိုေတာ့ ပစ္မခ်။ ေက်ာအထက္ ခ်ီသယ္ထားရင္းသာ ေလ့က်င့္ေရးကြင္းျပင္အေနာက္ဘက္တြင္ ျဖည္းျဖည္းခ်င္း လမ္းေလၽွာက္ေနလိုက္သည္။ မနက္ မိုးမေသာက္ခင္ အေစာပိုင္းအခ်ိန္ျဖစ္တာမို႔ ဘယ္သူမွ အနီးအနားတြင္ ရွိမေန။ ရွင္းက်န့္တြင္ ေဆာင္းဦးကုန္ခါနီး ညမ်ား၌ အလြန္ခ်မ္းေအးတတ္ေပမယ့္ သူတို႔ႏွစ္ေယာက္လုံး အဝတ္ထူထူမ်ား ဝတ္ထားၾကသည္။ အေရးအႀကီးဆုံးအခ်က္ကေတာ့ သူတို႔ ဒုကၡခံစားခဲ့ရတာ မ်ားလြန္းတာမို႔ ဘယ္ေလာက္ပဲ ေအးေန၊ ပူေနပါေစ သူတို႔အတြက္ ျပႆနာတစ္ရပ္ မဟုတ္ေတာ့။ အပူခ်ိန္ ေလ်ာ့က်ေနရင္ေတာင္မွ သူတို႔ ဘာဆိုဘာမွ သိပ္မခံစားရေပ။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္​ ေက်ာထက္ မ်က္ႏွာအပ္ထားရင္း ဖြဖြေလး ပြတ္သပ္လ်က္ အျပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။ "ငါ့အေဖေျပာဖူးတယ္။ ငါ ငယ္ငယ္က မအိပ္ပဲ ငိုေနရင္ သူ ဒီလိုမ်ိဳး ခ်ီၿပီး ေခ်ာ့သိပ္ရတာတဲ့။ အျခားသူမွ လာခ်ီလို႔လည္း မရဘူးတဲ့။"

"မင္း ငယ္ငယ္က အေလးခ်ိန္ဘယ္ေလာက္လဲ၊ အခု မင္းအေလးခ်ိန္က ဘယ္ေလာက္တဲ့လဲ။"

ပိုင္ရွင္းယြီ ရယ္ရင္းေျပာလိုက္သည္။ "မင္းငါ့ကို ခဏပဲခ်ီသြားေလ။ မင္းခ်ီၿပီးရင္ ငါမင္းကိုျပန္ခ်ီမယ္။"

"ဘယ္သူက မင္းကို ခ်ီခိုင္းရဲမွာလဲ။"

ပိုင္ရွင္းယြီ သူ႔လည္ဂုတ္ကို နမ္းေနရင္း ေပ်ာ္ရႊင္လာေတာ့သည္။ "တကယ္ ေနလို႔ေကာင္းတယ္။ ေသာက္လို႔လည္း ေကာင္း ..."

"မင္း ငါ့အေပၚ အန္မခ်နဲ႔။"

"မျဖစ္နိုင္တာ .. ငါ မမူးေသးပါဘူးဆို။" ပိုင္ရွင္းယြီ ေဝဝါးဝါး ေျပာလိုက္သည္။ "ဒီကို ေရာက္လာတည္းက၊ ဒီေန႔က အေကာင္းဆုံးပဲ။"

ယြီဖုန္းခ်န္ ခပ္တိုးတိုး ေရရြတ္လာသည္။ "ျမန္ျမန္ နားေတာ့။ မနက္ျဖန္ စစ္ေဆးပြဲက .."

ေလေျပေအးမ်ား တိုက္ခတ္လာသည္ႏွင့္ ပိုင္ရွင္းယြီ အနည္းငယ္မၽွ ေခါင္းၾကည္သြားေတာ့သည္။ "ဘာျဖစ္လို႔လဲ။ မင္း မနက္ျဖန္ စစ္ေဆးပြဲနဲ႔ပတ္သတ္ၿပီး တစ္ခုခုသိထားလို႔လား။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္ျပသည္။ "ငါ နည္းနည္း ခန့္မွန္းၾကည့္လို႔ရတယ္။ သိပ္ေတာ့ မေသခ်ာေပမယ့္ေပါ့။"

"ဘာတဲ့လဲ။" ပိုင္ရွင္းယြီ သိခ်င္စိတ္ျဖင့္ ေျပာလာသည္။

"မင္းကို မေျပာျပဘူး။"

"ဘာလို႔ ငါ့ကို မေျပာျပတာလဲ။" ပိုင္ရွင္းယြီ သူ႔လည္ပင္းကို ကိုင္ၿပီး လွုပ္ယမ္းလိုက္သည္။ "ဘာလို႔ ငါ့ကို မေျပာျပတာလဲလို႔။"

"ဘာလို႔ဆို ေျပာျပလည္း မင္းအတြက္ ပိုၿပီးလြယ္သြားမွာ မဟုတ္ဘူး။ အဲ့အစား ဒီည ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္တာ ပိုေကာင္းတယ္။"

"မင္း ဒီလိုတန္းလန္းခ်န္ခဲ့မွေတာ့ ငါ အိပ္ေပ်ာ္ပါ့မလား။"

"မင္း?" ယြီဖုန္းခ်န္ ႏွာမွုတ္လိုက္သည္။ "မင္း အေသအခ်ာႀကီး အိပ္ေပ်ာ္ပါတယ္။"

ပိုင္ရွင္းယြီ ေခါင္းတခါခါႏွင့္ ေအာ္ေတာ့သည္။ "အားးးးးး ယြီဖုန္းခ်န္၊ မင္း ငါ့ကို ေျပာျပကြာ!"

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီ၏တင္ပါးကို သူ႔လက္ႏွင့္ လွမ္းရိုက္လိုက္သည္။ "မင္း ေနာက္တစ္ေခါက္ ထပ္ေအာ္တာနဲ႔ ငါ မင္းကို ပစ္ခ်ၿပီ။"

ပိုင္ရွင္းယြီ ၿငိမ္ၿငိမ္သက္သက္ျဖစ္သြားၿပီး တိုးတိုးေလး ထပ္ေျပာသည္။ "မင္း ငါ့ကို ေျပာျပေလ။"

ယြီဖုန္းခ်န္ ခဏတျဖဳတ္ တိတ္ဆိတ္လို႔သြားသည္။ "ငါ့အထင္ စိတ္ပိုင္းဆိုင္ရာခြဲထုတ္ျခင္း ျဖစ္မယ္။"

"ဘာကို? ဘယ္လို စိတ္ပိုင္းဆိုင္ရာခြဲထုတ္ျခင္းလဲ။"

"ရွင္းရွင္းေျပာရရင္ မင္းရဲ့ လူ႔အသိုင္းအဝိုင္းအေပၚ၊ သူငယ္ခ်င္းအေပါင္းအေဖာ္ေတြအေပၚ မွီခိုေနတဲ့ စိတ္ေတြကို အတင္းအက်ပ္ ဆြဲထုတ္ပစ္တာမ်ိဳးပဲ။ အဲ့လိုလုပ္ေတာ့မွ မင္းက တစ္ေယာက္တည္း ျဖစ္ေနရတာကိုလည္း မေၾကာက္ေတာ့ဘူး။ လုံးဝ သီးျခားဆန္သြားမွာ။"

ပိုင္ရွင္းယြီ မွင္ေသသြားသည္။ "အဲ့တာဆို ငါ ဘယ္လိုလုပ္ရမလဲ။"

ဒီအခ်ိန္မွာေတာ့ ယြီဖုန္းခ်န္လည္း ဘာစကားမွ ျပန္မေျပာလာ။

ပိုင္ရွင္းယြီ သူ႔လည္ပင္းကို တင္းတင္းၾကပ္ၾကပ္ဖက္ထားရင္း နိုးနိုးၾကားၾကားရွိလာသလို ခံစားလာရသည္။ ယြီဖုန္းခ်န္စကားမ်ားက အနည္းငယ္မၽွ ေၾကာက္ဖို႔ေကာင္းလွသည္။ လူတစ္ေယာက္ရဲ့ မွီခိုလိုစိတ္ ကင္းမဲ့သြားေအာင္ ဘယ္လိုနည္းလမ္းမ်ား က်င့္သုံးမွာပါလိမ့္။ ဒါက မျဖစ္နိုင္လုနီးပါးပင္။ လူ မေျပာႏွင့္၊ တိရိစၧာန္ဆိုလၽွင္ေတာင္မွ အစုအဖြဲ႕ႏွင့္ေနတာျဖစ္၏။ မွီခိုအားထားမွုကို ဆြဲထုတ္ပစ္ျခင္းဆိုတာက လူတစ္ေယာက္၏ ခံစားခ်က္အားလုံးကို စြန့္လႊတ္ခိုင္းလိုက္သလို ခပ္ေၾကာင္ေၾကာင္သေဘာတရားေတာင္ ရွိလွသည္။

ယြီဖုန္းခ်န္ကေတာ့ ဂ႐ုတစိုက္မရွိသလို ေျပာလာသည္။ "အဲ့အေၾကာင္းကို ေတြးမေနနဲ႔။ ငါ ေျပာၿပီးၿပီပဲ၊ မင္း စစ္ေဆးမယ့္ကိစၥအေၾကာင္း အလုံးစုံသိထားရင္ေတာင္ အကူအညီျဖစ္ေနမွာ မဟုတ္ဘူး။ ညကို ေကာင္းေကာင္းသာအိပ္လိုက္။"

ပိုင္ရွင္းယြီ တိုးတိုးေျပာလိုက္သည္။ "မင္း ေၾကာက္လား။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္ျပသည္။ "ငါ ေၾကာက္တယ္။"

ပိုင္ရွင္းယြီအတြက္ေတာ့ ယြီဖုန္းခ်န္ တစ္စုံတစ္ခုကို ေၾကာက္လန့္ေနျခင္းက ဒါပထမဆုံးပင္။ ယြီဖုန္းခ်န္ေတာင္ ဒီစစ္ေဆးပြဲကို ေၾကာက္တာ၊ သူေကာ ... ေအာင္ပါ့မလား။

သူ ေႏြးေႏြးေထြးေထြးရွိလွသည့္ ယြီဖုန္းခ်န္ လည္ဂုတ္အနား မ်က္ႏွာအပ္ထားလိုက္သည္။ "ဒါေပမယ့္ မင္းကေတာ့ ေသခ်ာေပါက္ ေအာင္မွာမလား။"

"ငါ ေအာင္မွာ။"

"ဒါဆို ငါလည္း ေအာင္မွာ။" ပိုင္ရွင္းယြီ ခိုင္မာျပတ္သားမွုအျပည့္ျဖင့္ ေျပာလာသည္။

ယြီဖုန္းခ်န္ မယုတ္မလြန္ ျပန္ေျပာလာ၏။ "ငါ အဲ့တုန္းက ေျပာခဲ့တာကိုပဲ ထပ္ေျပာမယ္။ မင္း လုပ္နိုင္သေလာက္ပဲလုပ္။"

"ငါလည္း အဲ့စကားကိုပဲ ျပန္ေျပာမယ္။ ငါက အေကာင္းဆုံးလုပ္သြားမွာ။"

ယြီဖုန္းခ်န္ ေခါင္းခါယမ္းရင္း ပိုင္ရွင္းယြီကို လူအသြားအလာနည္းသည့္ ေလ့က်င့္ေရးကြင္းျပင္ေနာက္သို႔ ခ်ီသယ္သြားလိုက္သည္။ သူတို႔ႏွစ္ေယာက္ လေရာင္ျဖာက်ရာေအာက္ တိတ္တဆိတ္ လမ္းေလၽွာက္ေနရင္း ပိုင္ရွင္းယြီ ယြီဖုန္းခ်န္၏ လည္ဂုတ္ေလးကို သူ႔ႏွုတ္ခမ္း၊ ပါးမ်ားျဖင့္ မနားတမ္း ထိေတြ႕လ်က္ရွိေန၏။ ေႏြးေထြးၿပီး တိတ္ဆိတ္ၿငိမ္သက္လြန္းတဲ့ အခ်ိန္ေလးက လူႏွစ္ေယာက္အတြက္ ခြဲခြါခ်င္စိတ္မရွိေတာင္ ျဖစ္သြားေစသည္။

ထို႔ေနာက္မွာေတာ့ ပိုင္ရွင္းယြီ ယြီဖုန္းခ်န္၏ေနာက္ေက်ာထက္ အိပ္ေပ်ာ္လို႔သြားေတာ့သည္။

သူ ေနာက္တစ္ေန႔ မြန္းတည့္ခ်ိန္အထိ အိပ္စက္ၿပီးမွ နိုးလာသည္။ ေဆာင္းဦးေနက ျပတင္းေပါက္မွတဆင့္ သူ႔မ်က္ႏွာေပၚ ထိန္လင္းက်လ်က္ ရွိေနသည္။ ေႏြးေထြးလွၿပီး လွပလြန္းတဲ့ရက္တစ္ရက္ျဖစ္ဟန္ပင္။ သူ အေၾကာဆန့္ရင္း အသံက်ယ္က်ယ္ သမ္းေဝလိုက္သည္။

ယန့္ေရွာင္းက်င္း အေပၚအိပ္ရာမွ ေခါင္းျပဴထြက္လာသည္။ "နိုးၿပီလား။"

ပိုင္ရွင္းယြီ ျပဳံးၿပီး ေျပာလိုက္သည္။ "ဒီတစ္ေခါက္ေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္သြားတာပဲ။ ေဝ့ .. ေခါင္းေဆာင္ေကာ? ယြီဖုန္းခ်န္ေကာ?"

"စားဖို႔ သြားယူတယ္။" ယန့္ေရွာင္းက်င္း အိပ္ရာထက္မွ ခုန္ဆင္းလာၿပီး ၾကမ္းျပင္ႏွင့္ေျခေထာက္ ထိခ်ိန္တြင္ အသံက မထြက္လုနီးပါး။ သူလည္း အေပၚဝတ္စြတ္က်ယ္ႏွင့္ ေဘာင္းဘီတိုကိုသာ ဝတ္ထားသည္။ ေသခ်ာသေလာက္ ခုနကအထိ အိပ္ရာထဲ လွဲေနခဲ့ပုံပင္။ "ဒီည ေနာက္ဆုံးစစ္ေဆးပြဲအတြက္ သြားရေတာ့မွာမလား။ ငါတို႔အ​ေဆာင္မွာပဲ ေန႔လည္စာ စားၾကမလို႔ေလ။ ငါတို႔ေလးေယာက္ထဲ။"

ပိုင္ရွင္းယြီ ေပ်ာ္ေပ်ာ္ႀကီးေျပာလိုက္သည္။ "ေကာင္းတာပဲ။"

သူ မ်က္ႏွာသစ္ရန္ ထသြားၿပီး ေရဇလုံျဖင့္ ျပန္လာသည့္အခ်ိန္ ယန့္ေရွာင္းက်င္းကလည္း အဝတ္အစားလဲၿပီးျဖစ္ေနသည္။

ယန့္ေရွာင္းက်င္း သူ႔ထံ လွမ္းၾကည့္ရင္း မွန္းရခက္လွသည့္အျပဳံးျဖင့္ ေျပာလာသည္။ "မင္း မေန႔ညက ဘယ္လိုျပန္လာခဲ့လဲသိလား။"

ပိုင္ရွင္းယြီ ခဏတာမၽွ စဥ္းစားၿပီးသည့္ေနာက္ သူ႔မ်က္လုံးမ်ား ျပဴးက်ယ္လို႔သြားသည္။ ဘယ္လိုျဖစ္ရတာလဲ။ သူ႔ဦးေႏွာက္ထဲ ယြီဖုန္းခ်န္ သူ႔ကိုခ်ီရင္း ေလ့က်င့္ေရးကြင္း တစ္ပတ္ေလၽွာက္ေပးေနတာအထိသာ အမွတ္ရလို႔ေနသည္။ သူ တြန့္ဆုတ္ဆုတ္ႏွင့္ ေျပာလိုက္သည္။ "ငါ အဲ့တာ .. ေသာက္တာမ်ားသြားလို႔။ အမ်ားႀကီး မမွတ္မိေတာ့ဘူး။"

ယန့္ေရွာင္းက်င္း 'အိုး'ဟု သံရွည္ဆြဲလာသည္။

ပိုင္ရွင္းယြီ သတိတႀကီးႏွင့္ ေမးလိုက္သည္။ "ငါ ဘယ္လိုလုပ္ ျပန္ေရာက္လာတာလဲ။"

"ယြီဖုန္းခ်န္ မင္းကို ေက်ာပိုးသယ္လာတာေလ?"

ပိုင္ရွင္းယြီ တံေတြးၿမိဳခ်ရင္း ေျခာက္ကပ္ကပ္ ရယ္လိုက္သည္။ "ဟားဟား၊ သူ တကယ္ ပင္ပန္းသြားမွာပဲ။ ငါက နည္းနည္းေလးတယ္။"

ယန့္ေရွာင္းက်င္း သူ႔လည္ပင္းအေနာက္ကို ညႊန္ျပလာသည္။ "သူ႔လည္ပင္းတစ္ေလၽွာက္လုံး မင္းသြားရည္ေတြခ်ည္းပဲ။"

ပိုင္ရွင္းယြီ မ်က္ႏွာအနည္းငယ္မၽွျဖဴေလ်ာ့သြားသည္။ "... တကယ္ႀကီးလား ..."

"တကယ္ေလ။"

ပိုင္ရွင္းယြီ မ်က္လုံးစုံမွိတ္ထားရင္း သူ႔မ်က္ႏွာ အနည္းငယ္မၽွ အပူတက္လာတာကို ခံစားေနမိသည္။ 'ငါလူး၊ အရွက္ထပ္ကြဲျပန္ၿပီ။ အရမ္း မ်က္ႏွာပ်က္ရတာပဲ။'

"အမွတ္ရာေတြလည္း ရွိေသးတယ္။" ယန့္ေရွာင္းက်င္း လက္ပစ္ဗုံးတစ္လုံး ပစ္သြင္းလာသည္။

[T/N : hickey]

ပိုင္ရွင္းယြီ မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး ႐ုတ္ခ်ည္းဆိုသလို ထစ္ထစ္အအျဖစ္သြားေတာ့သည္။ "ဘာ .. ဘာကို .."

ယန့္ေရွာင္းက်င္း သူ႔အား ႏွုတ္ခမ္းတစ္ဖက္သို႔ တြန့္ေကြးျပဳံးျပရင္း ၾကည့္လာသည္။ "အရမ္း သိသာ​ေနတာ။ ေကာ္လံကလည္း တို၊ ဆံပင္ကလည္း တို၊ ဖုံးထားလို႔ေတာင္ မရဘူး။"

ပိုင္ရွင္းယြီ အေနာက္သို႔ ေျခႏွစ္လွမ္းဆုတ္သြားသည္။ "ငါ .. အဲ့တာက .. မင္း ထင္ေနသလိုမဟုတ္ဘူး။"

ယန့္ေရွာင္းက်င္း အေရွ႕သို႔ ႏွစ္လွမ္းတိုးလာၿပီး ျပဳံးလိုက္သည္။ "ငါက ဘာထင္ေနလို႔လဲ။"

"ငါ ..ငါကေလ အဲ့လိုလူမ်ိဳး၊ ကေလးတုန္းတည္းကျဖစ္တာ အခုထိ မသက္သာလာေသးဘူး။ အိပ္ေနရင္း လက္ေခ်ာင္ဆုပ္ေနရတာကို သေဘာက်တာ၊ မေန႔ကလည္း .. ဟုတ္တယ္ .. အက်င့္ .. အက်င့္ပါေနလို႔။ ပါးစပ္ထဲ တစ္ခုခုကိုက္ထား .."

ပိုင္ရွင္းယြီ နဖူးထက္ ေခၽြးမ်ားစိုစြတ္ထြက္လာေတာ့သည္။ 'သြားၿပီ၊ သြားၿပီ။ လိမ္မေျပာျဖစ္တာၾကာေနေတာ့ ဘာေတြေျပာလိုက္မိတာလဲ။ အဆင့္္မမီတဲ့ လိမ္လည္ျခင္းႀကီးပဲ။'

ယန့္ေရွာင္းက်င္း ပိုင္ရွင္းယြီအား ကုတင္စြန္းအထိ တြန္းသြားရင္း သူ၏မက္မြန္ပန္းပြင့္သဏၭာန္မ်က္ဝန္းေလးကေတာ့ က်ီစယ္ခ်င္မွုအျပည့္။ "အဲ့တာကို ငါ တကယ္ယုံသြားမယ္လို႔ေတာ့ မင္း မထင္ေနဘူးမလား။"

ပိုင္ရွင္းယြီ ေပကလယ္ ေပကလယ္ျဖစ္သြားသည္။ "အာ .."

"မင္းနဲ႔ယြီဖုန္းခ်န္အၾကားက ဆက္ဆံေရးကို ငါ မျမင္နိုင္ဘူးလို႔ ထင္ေနတာလား။"

ပိုင္ရွင္းယြီ သူ႔နားထင္သူ ပြတ္ေနရင္း ေျပာလိုက္သည္။ "အင္း၊ ဟုတ္တယ္။ မင္း ထင္ထားသလိုပဲ။ မင္း ၾကည့္၊ ဒီေခတ္ဒီအခ်ိန္မွာ အခ်စ္ဆိုတာ လြတ္လပ္ေနၿပီ။ နားလည္မွုနဲ႔ ဆက္ေနသြားၾကရေအာင္။" ေျပာၿပီးသည္ႏွင့္ ပိုင္ရွင္းယြီ မ်က္လုံးမွိတ္ျပကာ 'သေဘာတူလား'ဟု အခ်က္ျပလိုက္ေပမယ့္ ယန့္ေရွာင္းက်င္း အမူအရာက ေျပာင္းလဲသြားျခင္းမရွိ။

ပိုင္ရွင္းယြီ ေနရခက္သြားသလို လက္ျပန္ခ်လိုက္သည္။ "ေရွာင္းက်င္း၊ မင္းေျပာခ်င္တာ ဘာလဲ။"

"ဘာမွမရွိပါဘူး။ ဒါက တကယ္ကို မင္းတို႔ ကိစၥပဲေလ။" ယန့္ေရွာင္းက်င္း ႏွုတ္ခမ္းေထာင့္က ေကြးညႊတ္လို႔သြားေပမယ့္ သူ႔မ်က္ဝန္းထဲတြင္ေတာ့ ျပဳံးရယ္ျခင္းက ရွိမေန။

"အမွန္တိုင္းေျပာရရင္ ငါက မ်က္စိ အရမ္းရွင္တယ္။ မင္းရဲ့အၾကည့္ေတြက သူ႔အေနာက္ကိုပဲ ကပ္ပါေနတာ။ ငါ ဟိုးအရင္ကတည္းက သတိထားမိတယ္။"

ပိုင္ရွင္းယြီ ရွက္ရြံ႕သလို ျပဳံးျပလိုက္သည္။

ယန့္ေရွာင္းက်င္း သူ႔ေခါင္းကို ပုတ္ေပးလာသည္။ "ဒါေပမယ့္ သူ႔အၾကည့္ေတြကေတာ့ အျမဲ အျခားတစ္ေယာက္ေနာက္ကိုပဲ လိုက္ေနတာ။ မင္း ဂ႐ုတစိုက္ၾကည့္ဖူးရဲ့လား။"

ပိုင္ရွင္းယြီ ထိတ္လန့္မွုႏွင့္အတူ မ်က္ေမွာင္ၾကဳတ္သြားသည္။ "မင္း .. ဘာကိုေျပာခ်င္တာလဲ။"

ယန့္ေရွာင္းက်င္း ျပဳံးရင္း ပခုံးတြန့္ျပလာသည္။

ထိုအခ်ိန္မွာပဲ ယြီဖုန္းခ်န္ႏွင့္ ခ်န္းက်င္းက အစားအေသာက္ေကာင္းမ်ား ယူလို႔ ျပန္လာၾကသည္။

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္အား ထူးထူးဆန္းဆန္း မ်က္ႏွာအမူအရာျဖင့္ ၾကည့္ေနမိသည္။

ယြီဖုန္းခ်န္ မ်က္ခုံးပင့္တက္သြားသည္။ "ဘာျဖစ္လို႔လဲ။"

ပိုင္ရွင္းယြီ ယန့္ေရွာင္းက်င္းဘက္ တစ္ခ်က္လွမ္းၾကည့္ရင္း ယန့္ေရွာင္းက်င္း ေျပာခဲ့သမၽွ မေတြးမိေအာင္ ႀကိဳးစားထိန္းထားလိုက္သည္။ "ၾကားတာ မေန႔ညက ငါ မင္းေက်ာေပၚမွာ အိပ္ေပ်ာ္သြားတယ္ဆို ..."

သူ႔အသံက ေျပာေနရင္း တျဖည္းျဖည္းႏွင့္ တိမ္ဝင္သြားေတာ့သည္။

ယြီဖုန္းခ်န္ ႏွာမွုတ္လိုက္သည္။ "အမွန္ေျပာတာပဲေလ။ သြားရည္ေတြက ငါ့လည္ပင္းေပၚ စီးက်ေနတာ။"

ခ်န္းက်င္းလည္း ႏွာရွုံ႔ရင္း ရယ္သြားသည္။ "ရွင္းယြီ၊ မင္း တကယ္ကို ဆန္းသစ္တယ္။ ေပါင္ ၁၃၀၊ ၁၄၀ နီးပါး အေလးခ်ိန္နဲ႔ တစ္ေယာက္ေယာက္ေက်ာေပၚ တက္အိပ္နိုင္ေသးတာ၊ ေသခ်ာေပါက္ မင္းက ပထမဆုံးပဲ။

ပိုင္ရွင္းယြီ ကို႔ရို႔ကားယား ျပဳံးျပလိုက္သည္။

သူတို႔ႏွစ္ေယာက္သား အစားအေသာက္မ်ားကို စားပြဲေပၚ တင္ခ်၍ ျပင္ဆင္ေနၾကသည္။

ပိုင္ရွင္းယြီလည္း ယြီဖုန္းခ်န္အေနာက္သို႔ ေလၽွာက္သြားၿပီး သူ႔လည္ပင္းကို လွမ္းၾကည့္လိုက္ေပမယ့္ သြယ္လ်လ်ႏွင့္ ေခ်ာမြတ္ေနသည့္ လည္တိုင္တစ္ခုမွလြဲ၍ ဘာမွရွိမေန။ ပိုင္ရွင္းယြီ ေတာင့္တင္းသြားၿပီး ယြီဖုန္းခ်န္ ေကာ္လံကို ဆြဲခ်ၿပီး အထဲထိ ၾကည့္ဖို႔ လုပ္လိုက္သည္။

ယြီဖုန္းခ်န္ သူ႔ကို လွည့္ၾကည့္လာသည္။ "မင္း ဘာလုပ္ေနတာလဲ။"

"ငါ .. ငါ မင္းရဲ့ေကာ္လံ စိုေနလားၾကည့္တာ။"

ယြီဖုန္းခ်န္ သူ႔အား စူးကနဲၾကည့္လိုက္သည္။ "မင္းသြားရည္ေတြ စိုေနတဲ့အကၤ်ီကို ငါက ဆက္ဝတ္ထားမလား။ ေရခ်ိဳးခန္းထဲမွာ၊ ခဏေနက်ရင္ ငါ့ကို သြားေလၽွာ္ေပး။

ပိုင္ရွင္းယြီ စိတ္ႏွင့္ကိုယ္ မကပ္သလို 'အြန္း'ဟု အသံျပဳရင္း သူ႔အၾကည့္မ်ားက ယန့္ေရွာင္းက်င္းရွိရာသို႔ ေရြ႕လ်ားသြားေတာ့သည္။

ယန့္ေရွာင္းက်င္းက အျပစ္ကင္းမဲ့သူတစ္ေယာက္လို ျပဳံးျပေနလ်က္။ ေခ်ာေမာ၊ ေတာက္ပေနျခင္းကလည္း ေျပာစရာကိုမလို။

ပိုင္ရွင္းယြီ ႏွလုံးသားထဲ အဆဲစကားလုံးမ်ား အစီအတန္းလိုက္ေပၚလာေတာ့သည္။ 'ဒီေကာင္ေလး ေသာက္ရမ္းဆိုးလြန္းတယ္။ သူက တကယ္ႀကီး ငါ့ဆီက စကား အစ္ေအာက္သြားတာပဲ။'

ပိုင္ရွင္းယြီ သူ႔အား ခပ္စူးစူး စိုက္ၾကည့္လိုက္ၿပီး ယန့္ေရွာင္းက်င္း၏အျပဳံးကလည္း ပိုမိုနက္ရွိုင္းသြားေလသည္။

တကယ္တမ္း သူတို႔ စားေနရသည့္ ညစာက ခြဲခြါျခင္းညစာႏွင့္ေတာင္ တူညီလုနီးပါး။ ေဟာ့ေခ်ာင္ ေျပာထားခ်က္အရ ေနာက္ဆုံးအဆင့္ စမ္းသပ္ပြဲက လူ ထက္ဝက္ခန့္မၽွ ထုတ္ပစ္မယ့္ပုံပင္။ ဒီအခ်ိန္ထိ ေရာက္လာၿပီးသည့္ေနာက္ ေလ့က်င့္ေရးတပ္သားမ်ားအနက္ အေဆာင္ခန္းမ်ားထဲ လူစုံက်န္သည္မွာ သူတို႔သာ ရွိေတာ့၏။ ဒီေနရာအထိ ေလၽွာက္လာဖို႔က မလြယ္ကူ။ ယြီဖုန္းခ်န္ႏွင့္ယန့္ေရွာင္းက်င္းအၾကား ခပ္တန္းတန္းျဖစ္ေပမယ့္လည္း အနာဂတ္တစ္ခ်ိန္က်ရင္ သူတို႔က ေသတူရွင္တြဲ ရဲေဘာ္မ်ားျဖစ္လာမည္သာ။ ထို႔အျပင္ ရက္ ၈၀လုံး ေန႔ညမကြဲအတူရွိၾကၿပီးေနာက္ သူတို႔ေလးေယာက္ၾကား ခင္မင္ရင္းႏွီးမွုက ပို ပိုၿပီးနက္ရွိုင္းလာေတာ့သည္။ ထို႔ေၾကာင့္လည္း သူတို႔ေလးေယာက္အတြက္ အတူတူရွိေနရျခင္းက ဒါ ေနာက္ဆုံးတစ္ႀကိမ္ျဖစ္ေလာက္သည္ဟု ေတြးမိခ်ိန္ ဝမ္းနည္းမွုခံစားခ်က္က အနည္းငယ္မၽွ တိုးဝင္လာေတာ့သည္။

သူတို႔ အရက္အစား ေဖ်ာ္ရည္ကိုသာ ေသာက္ရင္း ခ်န္းက်င္းေျပာလာသည္။ "ႏွင္းက်ားသစ္တပ္မဟာမွာ ငါတို႔အကုန္ ျပန္ဆုံရပါေစ။"

"ႏွင္းက်ားသစ္တပ္မဟာမွာ အကုန္ျပန္ဆုံရပါေစ!" သူတို႔ေလးေယာက္ ဖန္ခြက္ခ်င္းတိုက္၍ ေမာ့ခ်လိုက္သည္။

စားေသာက္ၿပီးခ်ိန္မွာေတာ့ သူတို႔ အဝတ္အစားမ်ား ထုတ္ပိုးလိုက္ရသည္။ ေဟာ့ေခ်ာင္က 'စမ္းသပ္ခ်က္ကို ေအာင္ျမင္သည္ျဖစ္ေစ၊ ရွုံးနိမ့္သည္ျဖစ္ေစ၊ ဒီေန႔မွစတင္ကာ သူတို႔ ဒီအေဆာင္တြင္ ေနစရာမလိုေတာ့။' ဟု ေျပာထားသည္။ 'ႏွင္းက်ားသစ္တပ္မဟာ'၏ တရားဝင္ အဖြဲ႕သားျဖစ္လာသူမ်ားကေတာ့ သူတို႔ အမိန့္က် တာဝန္ထမ္းေဆာင္ရာ ေနရာသို႔ေျပာင္းေရြ႕ရမည္ျဖစ္ၿပီး မေအာင္ျမင္သူမ်ားကေတာ့ သူတို႔လာခဲ့ရာ ေနရာမ်ားထံသို႔ ျပန္ဖို႔ခံရမည္သာ။

ေနေစာင္းသည္ႏွင့္ သူတို႔ ေလ့က်င့္ေရးကြင္းျပင္တြင္ လူစုလိုက္ၾကသည္။ ေဟာ့ေခ်ာင္က သူတို႔အား ဘာဆိုဘာမွ ယူမလာဖို႔ မွာထားသည္။ သူတို႔ခႏၶာကိုယ္အႏွံ့ ရွာေဖြစစ္ေဆးၿပီးသည့္ေနာက္ သူတို႔ေခါင္းမ်ားကို အနက္ေရာင္အဝတ္စျဖင့္ ဖုံးအုပ္လ်က္ လူ ၁၅ေယာက္ကို ကားေပၚသို႔ တင္ေခၚသြားေတာ့သည္။ ထရပ္ကားက ဘယ္ညာယိမ္းလို႔ ျဖည္းျဖည္းခ်င္း ေမာင္းႏွင္လ်က္ရွိကာ သူတို႔အား ဘယ္ဆီေခၚသြားတာလဲ ဘယ္သူမွ မသိ။

လူတိုင္းရင္ထဲ စိုးရိမ္ေၾကာင့္ၾကျခင္း အဆင့္၌ ရွိေနၾကသည္။ ေဟာ့ေခ်ာင္က သူတို႔ကို ဘာလုပ္ရမည္ဆိုတာလည္း မေျပာျပသလို၊ ဘယ္သြားေနသည္ဆိုတာကိုလည္း မေျပာျပ။ ထို႔အျပင္ သူတို႔အား ေပးေတာင္ ေပးမၾကည့္။ တင္းၾကပ္ျပင္းထန္ေနသည့္ ေလထုက တရိပ္ရိပ္တိုးတက္လို႔လာၿပီး ကားထဲ စကားေျပာေနသူမွာ မရွိသေလာက္။

ပိုင္ရွင္းယြီႏွင့္ယြီဖုန္းခ်န္ကေတာ့ တစ္ေယာက္လက္ကိုတစ္ေယာက္ ကိုင္ထားလ်က္ ရွိေနၾကသည္။ သူတို႔ စကားေျပာဆိုေနျခင္း မရွိေပမယ့္ သူတို႔လက္ဝါးၾကားမွ အေႏြးဓာတ္က အျခားသူမ်ားထက္ ပိုမိုလုံျခဳံသြားသလို ခံစားရဖို႔ လုံေလာက္သည္။

တစ္နာရီမၽွ ေမာင္းႏွင္ၿပီးသည့္ေနာက္ ကားရပ္လို႔သြားကာ သူတို႔အကုန္လုံး ကားေပၚမွ ကန္ခ်ခံလိုက္ရသည္။ ေဟာ့ေခ်ာင္အသံက သူတို႔အေရွ႕မွ ထြက္ေပၚလာသည္။ "ဒီေနာက္ဆုံးအဆင့္က စိတ္ပိုင္းဆိုင္ရာ မွီခိုေနျခင္းကို ဆြဲထုတ္တဲ့စမ္းသပ္ခ်က္။ မင္းတို႔ လုပ္ရမွာ ရွင္းရွင္းေလး။ 'ေနရာမွာပဲ ေန။' ဒီေနရာကေန ထြက္ခြါဖို႔ မင္းတို႔မွာ နည္းလမ္း ႏွစ္ခုပဲရွိတယ္။ တစ္၊ စမ္းသပ္ခ်ိန္ ၿပီးဆုံးသြားရင္။ ႏွစ္၊ ႏွုတ္ထြက္ျခင္း။"

နံပါတ္ ၉ : သတင္းပို႔။

"ေျပာ။"

"စစ္ေဆးပြဲအခ်ိန္က ဘယ္ေလာက္ၾကာမွာလဲဗ်။"

"မသိဘူး။" ေဟာ့ေခ်ာင္ ေအးစက္စက္ျပန္ေျဖသည္။

"ဒီေနရာက ဘာေနရာလဲ။"

"ခဏေနက်ရင္ မင္းတို႔ သိလိမ့္မယ္။"

ေဟာ့ေခ်ာင္ စကားေျပာလို႔ ၿပီးသြားသည္ႏွင့္ သူတို႔အကုန္လုံး အေရွ႕သို႔ ဆက္သြားဖို႔ အတြန္းခံလိုက္ရသည္ကို လူတိုင္း ခံစားမိလိုက္ၾကသည္။ ပိုင္ရွင္းယြီ ႐ုတ္တရက္ ထိတ္ထိတ္ပ်ာပ်ာႏွင့္ ယြီဖုန္းခ်န္လက္ကို လွမ္းရွာေပမယ့္ သူ႔လက္ေခ်ာင္းထိပ္ေလးကသာ ယြီဖုန္းခ်န္၏လက္ဝါးေလးႏွင့္ ထိေတြ႕မိသြားသည္။ ေႏြးေထြးမွုအနည္းငယ္ေလးက ေလထဲလြင့္ပ်ယ္ ေပ်ာက္သြားသည္မို႔ ပိုင္ရွင္းယြီ ေအာ္လိုက္ခ်င္ေပမယ့္ သူ ခ်ဳပ္တည္းထားလိုက္သည္။

ပိုင္ရွင္းယြီ အခန္းတစ္ခုအတြင္းသို႔ ေခၚသြားခံေနရမွန္း သိေနသည္။ တျဖည္းျဖည္း သူကိုယ္တိုင္ႏွင့္ သူ႔အေနာက္တြင္ ရွိေနသည့္လူမွလြဲၿပီး အျခားသူမ်ား ရွိေနျခင္းကို မခံစားရေတာ့တာမို႔ သူ စိုးထိတ္မွုျဖင့္ ေျပာလိုက္သည္။ "တာ့ေကာ၊ ကၽြန္ေတာ္တို႔ ဘယ္သြားေနတာလဲ။"

သူ႔အေနာက္မွလူႀကီးက တိတ္ဆိတ္လ်က္။

"ကၽြန္ေတာ္တို႔က ဘာလုပ္ရမွာလဲ။ အျခားသူေတြနဲ႔ ေတြ႕လို႔ရေသးလား။"

ဆက္လက္ တိတ္ဆိတ္ေနဆဲ။

ပိုင္ရွင္းယြီ စကားထပ္ေျပာရန္ လုပ္ခ်ိန္မွာပဲ ႐ုတ္တရက္ဆိုသလို သူ႔အေနာက္မွလူႀကီး၏ အၾကမ္းပတမ္း တြန္းလႊတ္ျခင္းကို ခံလိုက္ရ၏။ သူ ေျခလမ္းအနည္းငယ္မၽွ ဒယီးဒယိုင္ျဖစ္သြားကာ ဟန္ခ်က္ညီေအာင္ ထိန္းေနစဥ္အတြင္း 'ဘန္း'ဆိုသည့္အသံကို ၾကားလိုက္ရၿပီး သူ႔အေနာက္မွ ေလးေလးလံလံရွိလွတဲ့ သံတံခါးကလည္း ခပ္ၾကမ္းၾကမ္း ေစာင့္ပိတ္ျခင္း ခံလိုက္ရေလသည္။ ပိုင္ရွင္းယြီ သူ႔ေခါင္းကို အုပ္ထားသည့္ အဝတ္စကို အလ်င္စလို ဖယ္ရွားလိုက္ခ်ိန္ သူ႔မ်က္စိေရွ႕၌ အေမွာင္ထုကသာ ေစာင့္ႀကိဳလို႔ ရွိေနသည္။ သူ တံခါးရွိရာသို႔ အေျပးသြားလိုက္ေပမယ့္ တံခါးကလည္း ေသာ့ခတ္ၿပီးျဖစ္ေန၏။

ပိုင္ရွင္းယြီ ခဏတာမၽွ ေၾကာင္အေနရင္းမွ သူတို႔ ဘာလုပ္ရန္ႀကံေနသလဲဆိုတာကို ႐ုတ္တရက္ သေဘာေပါက္သြားေတာ့သည္။ ဒါက အလုံပိတ္ အက်ဥ္းေထာင္ခန္းျဖစ္၏။ အလုံပိတ္အခန္းအတြင္း အလင္းေရာင္လည္း မရွိသလို အသံဗလံမ်ားလည္း မရွိ။ ေနရာအားျဖင့္လည္း က်ဥ္းက်ဥ္းက်ပ္က်ပ္နိုင္လွသည္။ ပိုင္ရွင္းယြီ အခန္းတြင္း စမ္းတဝါးဝါး ေလၽွာက္ၾကည့္ခ်ိန္ အိပ္ရာတစ္ခုကို စမ္းမိသြားသည္။ အိပ္ရာ၏ေအာက္တြင္ အစာေျခာက္ႏွင့္ေရဘူးမ်ား ရွိ၏။ ထို႔ေနာက္ ဆက္ထိၾကည့္သြားခ်ိန္ အခန္းတြင္း၌ မ်က္ႏွာသစ္ေဘစင္ႏွင့္ အိမ္သာလည္း ရွိေနေလသည္။ ပိုင္ရွင္းယြီ အေတာမသတ္နိုင္ေသာ ထိတ္လန့္မွုမ်ားျဖင့္ အိပ္ရာထက္ ထိုင္ခ်လိုက္မိသည္။

ယြီဖုန္းခ်န္က ျဖစ္လာနိုင္သမၽွ အရာရာကို မွန္းဆထားၿပီးျဖစ္နိုင္၏။ သို႔ေပမယ့္ သူ ဘာလို႔ မေျပာျပခဲ့တာလဲဆိုသည့္အေၾကာင္းကို ပိုင္ရွင္းယြီ နားလည္ခဲ့ၿပီ။ တကယ္ကို၊ သူ သိထားခဲ့ရင္ေတာင္မွ ေျပာင္းလဲလိုက္နိုင္တာ ဘာမွ မရွိ။ သူ ဝတၳဳမ်ားထဲ ဒီလိုအခန္းတြင္း အလုံပိတ္၊ အက်ဥ္းခ်၍ ညႇင္းပန္းႏွိပ္စက္မွုမ်ားအေၾကာင္း ဖတ္ဖူးသည္။ အခ်ိန္အေတာ္ၾကာ ပိတ္ေလွာင္ခံလိုက္ရၿပီးေနာက္ ထိုလူမ်ား ႐ူးသြပ္သြားဖို႔ေတာင္ျဖစ္နိုင္သည္တဲ့။ သို႔ေပမယ့္ ကိုယ္ေတြ႕မၾကဳံဖူးသူတိုင္း ထိုခံစားခ်က္အား မွန္းဆၾကည့္လို႔ေတာင္ မရနိုင္။

ပိုင္ရွင္းယြီ ၾကမ္းရွရွျဖစ္ေနသည့္နံရံကို ထိၾကည့္ေနသည္။ အခုေလးတင္မွ ဝင္လာတာဆိုေပမယ့္ သူ ဒီေနရာကို စတင္ ေၾကာက္ရြံ႕ေနမိၿပီ။ သူက အေမွာင္ထုကို ေၾကာက္ေနတာ မဟုတ္။ သူ ေၾကာက္ေနမိသည္က 'စမ္းသပ္ပြဲက အခုမွ စတင္တာ' ဟူသည့္အခ်က္ပင္။ ဒီစမ္းသပ္ပြဲေတာ့ သူ မေအာင္နိုင္ေလာက္ေတာ့ဟူသည့္ ခံစားခ်က္မ်ားပင္ ရလာေတာ့သည္။ တစ္ကိုယ္တည္းျဖစ္ေနရျခင္းကို သူ ဘယ္ေလာက္ေတာင္ ေၾကာက္လိုက္ပါသလဲ။ သူ မခ်င့္မရဲႏွင့္ သူ႔ကိုယ္သူ ပါးခ်လိုက္မိသည္။ ေဒါသထြက္လြန္းလာတာမို႔ သူ႔ေခါင္းသူေတာင္ နံရံႏွင့္ ေျပးတိုက္လာခ်င္မိသည္အထိ။ ဒီအထဲသို႔ ေရာက္လာတာ ဆယ္မိနစ္မၽွပင္ ရွိေသးတာကို၊ အခုကတည္းက ဘာလို႔ ဒီလိုအေတြးေတြ ဝင္ေနရတာလဲ!

သူ အိပ္ရာေအာက္ရွိ ျခင္းေတာင္းကို လွမ္းထုတ္ယူကာ အစာေျခာက္မ်ားႏွင့္ ေရဘူးမ်ားကို အိပ္ရာထက္ ျဖန့္ၾကဲခ်ရင္း အေမွာင္ထဲ ပမာဏဘယ္ေလာက္ရွိလဲ တြက္ၾကည့္ေနမိသည္။ ေဟာ့ေခ်ာင္ သူတို႔အား ဘယ္ႏွစ္ရက္ၾကာၾကာ ေလွာင္ပိတ္ထားမလဲဆိုတာကို ခန့္္မွန္းနိုင္ရန္ ဒီနည္းလမ္းမွ လြဲ၍မရွိ။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဆယ္ရက္မွ ဆယ့္ငါးရက္ၾကားျဖစ္လိမ့္မည္ဟု ေကာက္ခ်က္ခ်နိုင္သြားသည္။ အရမ္းခက္ခဲမည့္ပုံ မေပၚလွ။ ေန႔တိုင္း စားလိုက္၊ အိပ္လိုက္၊ ထပ္စားလိုက္ လုပ္႐ုံႏွင့္ အလ်င္အျမန္ ေက်ာ္ျဖတ္နိုင္သြားမွာပင္။

ပိုင္ရွင္းယြီ အိပ္ရာေပၚ လွဲရင္း ထိုအေၾကာင္းအား ေတြးေနမိသည္။

သူသာ ဒီတစ္ေခါက္ စမ္းသပ္ပြဲေအာင္သြားပါက သူ႔မိဘမ်ားႏွင့္ သူ႔အစ္ကိုျဖစ္သူကို ေျပာရေတာ့မည္။ သူတို႔ သူ႔အတြက္ ဂုဏ္ယူေပးဖို႔ေတာ့ ေမၽွာ္လင့္မိသည္ .. သို႔ေပမယ့္ သူ႔အစ္ကို စစ္တပ္သို႔ ကိုယ္တိုင္ေရာက္လာၿပီး သူ႔ကို ျပန္ေခၚသြားတာလည္း ျဖစ္နိုင္ျပန္သည္။ သူ ငယ္ငယ္ကတည္းက သူ႔အစ္ကို၏ အျမဲလိုလို ရိုက္ႏွက္တာခံရေပမယ့္ သူ႔အစ္ကိုက သူ႔အေပၚ တကယ္ေကာင္းတာျဖစ္သည္။ သူ႔အစ္ကိုကေတာ့ သူ႔ကို အႏၲရာယ္မ်ားလွသည့္ အထူးတပ္ဖြဲ႕ဝင္သားတစ္ေယာက္ျဖစ္လာတာကို ခြင့္ျပဳမွာ မဟုတ္ေပမယ့္ သူကလည္း ျပန္လိုက္မွာ မဟုတ္။ ေနာက္ထပ္ ႏွစ္ ႏွစ္ေနမွ ယြီဖုန္းခ်န္ႏွင့္အတူ သူ ျပန္လာမွာျဖစ္သည္။

ယြီဖုန္းခ်န္ .. အခု ဘာလုပ္ေနေလာက္လဲ။ ယြီဖုန္းခ်န္လည္း သူ႔လိုမ်ိဳး အစာေျခာက္ႏွင့္ ေရဘူးမ်ား ေရတြက္ၿပီးေနေလာက္ၿပီ။ ဒါဆို အခု သူ႔အေၾကာင္းေကာ ေတြးေနမိေလာက္ရဲ့လား။ ပိုင္ရွင္းယြီ ခပ္တိုးတိုး ရယ္လိုက္သည္။ ပိန္းပိတ္ေအာင္ ေမွာင္မည္းေနသည့္ အလုံပိတ္အခန္းအတြင္းမွ ရယ္သံက ၾကက္သီးထဖြယ္အတိ။ သူ တစ္ဖက္သို႔ လွိမ့္ရင္း ယြီဖုန္းခ်န္ ေတြးေန၊ လုပ္ေနနိုင္ေလာက္တာမ်ားကို စိတ္ကူးယဥ္ၾကည့္ရင္း သူတို႔ႏွစ္ေယာက္ စတင္သိခဲ့ၾကသည့္ အခ်ိန္မွစကာ အေၾကာင္းအရာအကုန္လုံးကို ျဖည္းျဖည္းခ်င္း ျပန္ေတြးရင္း တစ္ခါတစ္ေလ ထိုအေတြးမ်ားေၾကာင့္ ထရယ္မိေတာ့သည္။

ထို႔ေနာက္မွာေတာ့ ညေမွာင္သြား၍ ျဖစ္နိုင္သည္၊ ပိုင္ရွင္းယြီ သာမန္ကိစၥရပ္တစ္ခုလို အိပ္ေပ်ာ္သြားေတာ့သည္။ အလုံပိတ္ခန္း၏ တိတ္ဆိတ္ေမွာင္မိုက္ေနျခင္းက သူ႔အား ေကာင္းေကာင္း အိပ္ေပ်ာ္ေစသည္။

သူ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားသည္ မသိ၊ ပိုင္ရွင္းယြီ ထပ္လွဲမေနနိုင္ေတာ့တာမို႔ အိပ္ရာမွ ထြက္ကာ အေမွာင္ထဲ မ်က္ႏွာသစ္၊ အေပါ့အပါးသြားၿပီးသည့္ေနာက္ စားေသာက္ျခင္းကိစၥရပ္ကို ျပဳလုပ္လိုက္သည္။ လုပ္စရာရွိတာမ်ား အကုန္လုပ္ၿပီးသြားခ်ိန္ သူ အခန္းတြင္း ပ်င္းပ်င္းရိရိႏွင့္ ပတ္ေလၽွာက္ေနမိေတာ့သည္။ အလုံပိတ္အခန္းက က်ဥ္းေျမာင္းလြန္းေပမယ့္ အလုံပိတ္ေမာ္ေတာ္ယာဥ္ကားထက္ေတာ့ က်ယ္ဝန္းပုံပင္။ သူ ေျခလွမ္းၾကည့္ရင္းႏွင့္ တိုင္းတာလိုက္ရာ အဆုံးထိ ေျခလွမ္း ၇လွမ္း၊ ၈လွမ္းမၽွ ေလၽွာက္နိုင္ေလသည္။ အလ်ားလိုက္ အကြာအေဝးက ပို၍က်ဥ္းေျမာင္းသည္။ ဘယ္၊ ညာ နံရံႏွစ္ဖက္လုံးကို တစ္ခ်ိန္တည္းမွာပဲ လက္ႏွစ္ဖက္လုံးႏွင့္ လွမ္းထိလို႔ရၿပီး ဒီလိုအခန္းက်ဥ္းထဲေန ေနရျခင္းက တမူထူး၍ စိတ္ဓာတ္က်ခ်င္စဖြယ္ျဖစ္ေန၏။

ဘာလုပ္ေနရမလဲ။ ဘာအေၾကာင္း ေတြးေနရမလဲ။ ပိုင္ရွင္းယြီ အခ်ိန္ကုန္သြားေအာင္ တစ္ခုခုလုပ္ေနဖို႔ အသည္းအသန္ ေတြးေနမိသည္။ သူ ေရဘူးမ်ားျဖင့္ ေဆာ့ကစားျခင္းကို စတင္လိုက္သည္။ ေရဘူးမ်ားကို ေလးေထာင့္အကြက္သဏၭာန္ စီထားရင္း အစာေျခာက္ထုတ္မ်ားကို ထိုေလးေထာင့္ကြက္အတြင္း ဝင္သြားေအာင္ ပစ္ထည့္ျခင္းမ်ိဳး ျပဳလုပ္လ်က္ ဝင္သြားပါက 'တူတူ' ဟူသည့္ အသံကို ႏွုတ္မွ ေရရြတ္ေနလိုက္သည္။ သူ ကစားလို႔ ဝသြားခ်ိန္တြင္ေတာ့ ေနာက္ထပ္တစ္ဖန္ အစာေျခာက္ထုတ္မ်ားကို ေလေပၚေျမႇာက္တင္ ကစားျခင္းမ်ိဳး ျပဳလုပ္လိုက္သည္။ ထိုကစားနည္းကလည္း အခ်ိန္အေတာ္ၾကာ ကစားၿပီးေနာက္တြင္ စိတ္ဝင္စားစရာမေကာင္းေတာ့။

ပိုင္ရွင္းယြီ အိပ္ရာထက္ လွဲေလ်ာင္းရင္း က်ယ္က်ယ္ေလာင္ေလာင္ သီခ်င္းေအာ္ဆိုေနလိုက္သည္။ သူ သိသည့္စာသားမ်ားေကာ၊ မဆိုနိုင္သည့္ စာသားမ်ားကိုပါ အသံကြဲအက္မတတ္ သီဆိုေနလိုက္ရာ သူ႔ေခါင္းမ်ားပင္ မူးေနာက္သြားေတာ့သည္။ ထို႔ေနာက္မွာေတာ့ ေအာ္ဟစ္ရျခင္းႏွင့္အတူ ေမာပန္းလာၿပီး ပိုင္ရွင္းယြီ တစ္ဖန္အိပ္ေပ်ာ္သြားေတာ့သည္။

ျပန္နိုးလာခ်ိန္တြင္ေတာ့ ေဟာ့ေခ်ာင္ သူတို႔အား ဘယ္ႏွစ္ရက္ ထိန္းသိမ္းထားမွာလဲဆိုတာကို တြက္ေနျခင္းက အက်ိဳးမရွိလွမွန္း ပိုင္ရွင္းယြီ နားလည္သြားသည္။ အေၾကာင္းကား သူ အခုဆိုလၽွင္ အခ်ိန္ဘယ္ေလာက္ ကုန္ဆုံးသြားၿပီလဲ လုံးဝ ခံစားသိရွိနိုင္ျခင္း မရွိေတာ့။ သူ ဒီမွာ ေန ေနရတာ ဘယ္ေလာက္ၾကာသြားၿပီလဲ။ တစ္ရက္လား၊ ႏွစ္ရက္လား။ ဒါမွမဟုတ္လည္း တစ္ညပဲ ရွိေသးတာလား။ အရမ္း ပ်င္းဖို႔ေကာင္းတယ္။ အရမ္းလည္း တိတ္ဆိတ္ေနတယ္။ ဘာမွလည္း မရွိသလို ဘာကိုမွလည္း မျမင္ရ။ သူ တကယ္ အျပင္ထြက္သြားခ်င္ၿပီ။ စကားေျပာေဖာ္အျဖစ္ ေခြးပဲရွိမယ္ဆိုရင္ေတာင္ သူ ေျပာေနခ်င္တယ္!

ယြီဖုန္းခ်န္ ဘာလုပ္ေနေလာက္လဲ။ ေခါင္းေဆာင္ေကာ ဘာလုပ္ေနေလာက္လဲ။ ယန့္ေရွာင္းက်င္းေကာ ဘယ္ေရာက္ေနလဲ။ သူတို႔ေကာ ပ်င္းမေနၾကဘူးလား။ အခု သူတို႔ေလးေယာက္ကို တစ္ခန္းထဲ အတူပိတ္ထားေပးရင္ ဘယ္ေလာက္ေကာင္းမလဲ။ သူတို႔အတူ စကားေျပာလိုက္၊ ေသာက္လိုက္၊ စားလိုက္ လုပ္ေနရတာ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ။ အတူတူေလ့က်င့္ေနရမယ္ဆိုရင္ေတာင္မွ အနည္းဆုံးေတာ့ သူတစ္ေယာက္တည္း မဟုတ္ေန။

သုန့္ယြမ္နဲ႔ ခ်န္းလ်န္ေကာ အခု ဘာလုပ္ေနေလာက္လဲ။ ေခါင္းေဆာင္ဝူေကာ ဘယ္မွာပါလိမ့္။ ဝမ့္ဝမ္-ေကာလည္း ဘယ္ေရာက္ေနေလာက္လဲ။ သူ႔ကို လြမ္းတဲ့သူ မရွိၾကဘူးလား။ သူကေတာ့ လူတိုင္းကို လြမ္းေနမိၿပီ။ သူ သူ႔မိဘနဲ႔ သူ႔အစ္ကို ကိုလည္း လြမ္းေနမိသည္။ အခုအခ်ိန္က်မွ ဘာလို႔ သူ အိမ္ကို ဆိုးဆိုးရြားရြား ျပန္ေျပးခ်င္ေနရတာလဲ။

ပိုင္ရွင္းယြီ အိပ္ရာထက္ လူးလွိမ့္ေနမိသည္။ သူ လုံးဝ အိပ္မေပ်ာ္။ သူ႔ေဘးပတ္ပတ္လည္ရွိ တိတ္ဆိတ္ေမွာင္မည္းေနမွုမ်ားက သူ႔အတြက္ မျမင္နိုင္သည့္ ဖိအားတစ္စုံတစ္ရာလိုပင္။ ထိုအရာက သူ႔ေသြးေၾကာမ်ားထက္ တင္းတင္းၾကပ္ၾကပ္ဖိထားလ်က္ ရွိေနၿပီး သူ႔မွာ အသံရွုဖို႔ေတာင္ ခက္ခဲလာေတာ့သည္။ သူ အျပင္ကို တကယ္ ထြက္သြားခ်င္မိသည္။ သူ အိပ္ရာမွ ခုန္ထြက္ကာ နံရံကို အားျပင္းျပင္းႏွင့္ ပိတ္ကန္လိုက္သည္။ ေဘးအခန္းမွာ တစ္ေယာက္ေယာက္ေတာ့ ရွိေနနိုင္ပါရဲ့။ ေဘးအခန္းမွာ ရွိေနတဲ့သူက ယြီဖုန္းခ်န္လည္း ျဖစ္နိုင္တာပဲ။ သို႔ေပမယ့္ သူ အခ်ိန္အေတာ္ၾကာ ကန္ေက်ာက္ၿပီးတာေတာင္မွ လွုပ္ရွားသြားသံဟူ၍ ဘာဆိုဘာမွ မၾကားရ။

သူ နံရံကို ကန္ေက်ာက္ၿပီးသည္ႏွင့္ တံခါးကို သြားကန္ေက်ာက္ေတာ့သည္။ သံတံခါးကို ထုရိုက္ေနသံက က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလ်က္။ ဒီလိုအသံက်ယ္မ်ိဳး ဆိုပါက သူတို႔ၾကား 'တ႐ုတ္မဟာတံတိုင္း' ျခားေနရင္ေတာင္မွ ၾကားေနရမွာ မဟုတ္လား။ သို႔ေပမယ့္ သူ ဘာသံမွ ျပန္မၾကားရ။ သူ႔မွာ အနားတစ္ဝိုက္တြင္ ဘယ္သူမွ ရွိမေနသည့္ ကၽြန္းတစ္ကၽြန္းသို႔ ပို႔လႊတ္ခံလိုက္ရသလို ခံစားလာရသည္။ သူ႔ေဘးတြင္ သူကိုယ္တိုင္ႏွင့္ အေမွာင္ထုသာ ရွိသည္။ ဒီလိုတစ္ကိုယ္တည္း အထီးက်န္ဆန္မွုက မၾကဳံစဖူး ဆန္းသစ္လြန္းလွသည္။ သူ သူ႔ဘက္က ျပဳလုပ္တာမဟုတ္သည့္ အသံေလးကို တကယ္ ၾကားခ်င္ေနမိသည္။ ထိုအသံက တုန့္ျပန္သံတိုးတိုးေလးဆိုရင္ေတာင္မွ အဆင္ေျပပါ၏။

သူ အခ်ိန္အေတာ္ၾကာ ထုရိုက္ေနၿပီးေနာက္ ေမာေမာပန္းပန္းႏွင့္ ေခၽြးမ်ား ထြက္လာေတာ့သည္။ ပင္ပန္းမွုအနည္းငယ္ေလးကေတာ့ စိတ္ပ်ံ႕လြင့္ဖို႔ လြယ္ေနမွန္း သိလိုက္ရသည္ႏွင့္ သူ စတင္ၿပီး ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေတာ့သည္။ ပုံမွန္ ေလ့က်င့္ေရးပမာဏအတိုင္းဆိုပါက ရပ္နားျခင္းမရွိ ဒိုက္ထိုး ၂၀၀ ႏွင့္ အိပ္ထမတင္ ၂၀၀ လုပ္ရမည္ျဖစ္သည္။ သူ တစ္ေနကုန္နီးပါး ဘာမွမလုပ္ပဲ ထိုင္ေနခဲ့တာမို႔ ေလ့က်င့္ခန္းလုပ္ၿပီးသည္ႏွင့္ အသက္ရွုရပ္မတတ္ ေမာပန္းသြားေတာ့သည္။ သူ အိပ္ရာေပၚ ျပန္လွဲခ်ရင္း ေနာက္ဆုံးမွာေတာ့ ငိုက္ျမည္းလို႔လာၿပီး အိပ္ေပ်ာ္သြားေတာ့သည္။

ပိုင္ရွင္းယြီ နိုးလာသည့္အခ်ိန္တိုင္း တစ္ခုခုကို ရွာႀကံလုပ္ေနတတ္သည္။ ရက္ မည္မၽွ ကုန္ဆုံးသြားၿပီလဲ သူ မသိ။ ဒီေနရာတြင္ အခ်ိန္ကို အေျခခံထားလို႔ရသည္မ်ား မရွိ။ သူ သူ႔ကိုယ္သူ ေတာင့္ခံထားဖို႔သာ ျပင္းျပင္းထန္ထန္ ေျပာေနမိသည္။ အနည္းဆုံးေတာ့ သူ မ႐ူးေသး။ ဒီအခန္းက်ဥ္းေလးထဲ သူ႔ပ်င္းရိမွုကို ေျဖေဖ်ာက္ဖို႔ လုပ္လို႔ရနိုင္သမၽွ အရာအားလုံးကို လုပ္ေနမိသည္။ သူ သူ႔အိပ္ရာကို နံရံႏွင့္ သြားရိုက္သည္။ တံခါးကို ခႏၶာကိုယ္ႏွင့္ ဝင္တိုက္သည္။ ကင္းၿမီးေကာက္ေထာင္ အေနအထားျဖင့္ နာရီဝက္ေက်ာ္ၾကာေအာင္ ေနသည္။ ေရဘူးအလြတ္မ်ားျဖင့္ ကစားသည္။ ေအာ္သည္။ သူ႔ကိုယ္သူ ဟာသမ်ား ျပန္ေျပာရင္း အိပ္ရာခင္းကို အဝတ္စုတ္သဏၭာန္ျဖစ္သြားေအာင္ စုတ္ျဖဲပစ္သည္။ ေနာက္ဆုံးမွာေတာ့ အိမ္သာေရဆြဲျခင္းမွ ထြက္လာသည့္အသံကို နားေထာင္ရင္း ပ်င္းရိမွုမ်ားကို ေျဖေဖ်ာက္၍ေနသည္။

သူ ႐ူးသြားဖို႔ သိပ္မလိုေတာ့ဟု ခံစားေနမိသည္။ သို႔ေပမယ့္ သူ႔မွာ ေတာင့္ခံနိုင္ဖို႔ အင္အားအေနႏွင့္ ဇြဲလုံလႏွင့္ ဆင္ေျခတုံတရားက ရွိေနဆဲျဖစ္သည္။

သူ တစ္ဖန္ ျပန္နိုးလာခ်ိန္ သူ႔ေခါင္းအတြင္း အနည္းငယ္မၽွ ၾကည္လင္လို႔သြားၿပီး ေဟာ့ေခ်ာင္ေျပာခဲ့သည္မ်ားကို ျပန္အမွတ္ရလာေတာ့သည္။ ဒီေနရာကေန ထြက္ခြါဖို႔ နည္းလမ္း၊ ပထမနည္းလမ္းက အခ်ိန္ျပည့္မွ ဆိုပါက ဒုတိယနည္းလမ္းက .. ႏွုတ္ထြက္ျခင္း။ သူ႔စိတ္ထဲ မီးအလင္းေရာင္တစ္ခု လင္းလက္သြားသည္။ ႏွုတ္ထြက္ရမယ္? ဘယ္လို ႏွုတ္ထြက္ရမွာလဲ။ အျပင္ေလာကနဲ႔ ဆက္သြယ္လို႔ရေနတဲ့ နည္းလမ္းဆိုတာမွ မရွိပဲ။ သူ ႏွုတ္ထြက္ခ်င္ေနၿပီဆိုတာကို ေဟာ့ေခ်ာင္က ဘယ္လိုလုပ္ သိမွာလဲ။ ျဖစ္နိုင္တာ သူတို႔အကုန္လုံး ေစာင့္ၾကည့္ခံေနရတာလား။

ပိုင္ရွင္းယြီ သူ႔ေက်ာရိုးတစ္ေလၽွာက္ ၾကက္သီးမ်ား ထလာသလိုခံစားလိုက္ရသည္။ က်ဥ္းေျမာင္း မဲေမွာင္ေနတဲ့အခန္းထဲ အပိတ္ခံထားရတာကိုက လုံလုံေလာက္ေလာက္ ေၾကာက္ဖို႔ေကာင္းေနၿပီကို ဒီတစ္ခ်ိန္လုံး သူတို႔အား ေစာင့္ၾကည့္၊ နားေထာင္ေနပါက အေတာ္ေလး မႏွစ္ၿမိဳ႕ဖြယ္ပင္။ ဒါဆို ခုနက သူ႔ရဲ့ ေအာ္သံေတြ၊ တစ္ေယာက္တည္း အသံမ်ိဳးစုံထြက္လို႔ေနတာေတြ၊ ဒါေတြအကုန္ သူတို႔ျမင္ေနတာလား။

ဖာ့ခ္ .. ၾကက္သီးထဖို႔ေကာင္းတယ္ .. ပိုင္ရွင္းယြီ အိပ္ရာမီ ထကာ အခန္းတြင္းရွိ ေစာင့္ၾကည့္ကင္မရာကို ေနရာအႏွံ့စတင္ရွာေဖြလိုက္သည္။ သူ ခံစားထိေတြ႕လို႔ရသည့္ ေထာင့္တိုင္းကို လွမ္းစမ္းၾကည့္ေပမယ့္ အေပၚျမင့္ျမင့္ထိ လွမ္းထိလို႔ မရ။ ေထာင့္ခ်ိဳးတိုင္းရဲ့ မ်က္ႏွာၾကက္ႏွင့္ ထိေတြ႕ရာက အေမွာင္ၾကားထဲ ေပ်ာက္ကြယ္လို႔ေနေလသည္။

ပိုင္ရွင္းယြီ ထိန္းမရေအာင္ ေၾကာက္စိတ္မႊန္လာေတာ့သည္။ သူ အိပ္ရာခင္းကို လွမ္းဆြဲယူရင္း အသံမ်ား ကြဲအက္လာသည္အထိ အထိတ္တလန့္ေအာ္ဟစ္ေနလိုက္သည္။ ထို႔ေနာက္တြင္မွ သူ အိပ္ရာထက္သို႔ ေပ်ာ့ေခြလဲက်သြားေတာ့သည္။

ရက္ေတြ ဘယ္ေလာက္ေတာင္ ကုန္ဆုံးသြားၿပီလဲ။ လူ ဘယ္ႏွစ္ေယာက္ေလာက္ လက္ေလ်ာ့သြားၾကၿပီလဲ။ ယြီဖုန္းခ်န္ေကာ အခု ဘာလုပ္ေနေလာက္လဲ။ သူေကာ အ႐ူးတစ္ေယာက္လို ျပဳမူေနၿပီလား။ ပိုင္ရွင္းယြီ သူ ဒီ့ထက္ပို မေတာင့္ခံနိုင္ေတာ့သလို ခံစားလာရသည္။ သူ အလင္းေရာင္၊ အသံ၊ လူသားတစ္ေယာက္ရဲ့ အထိအေတြ႕၊ အသက္ရွင္ေနသူတစ္ေယာက္ရဲ့ အေႏြးဓာတ္တို႔ကို လိုခ်င္ေနမိသည္။ ဒီမွာက အရမ္းေမွာင္တယ္၊ အရမ္းလည္း ေၾကာက္ဖို႔ေကာင္းတယ္။ ဒီကမၻာေပၚမွာ သူတစ္ေယာက္တည္းပဲ က်န္ေတာ့သလို အရမ္းအထီးက်န္ရတယ္။ ကမၻာႀကီးထဲ! သူတစ္ေယာက္တည္း!

ႀကီးမားလြန္းလွသည့္ ေၾကာက္ရြံ႕မွုႏွင့္ အထီးက်န္ဆန္မွုမ်ားက ပိုင္ရွင္းယြီ၏ ႏွလုံးသားကို ဝါးမ်ိဳလ်က္ ရွိေနၿပီး သူ႔အား ၿပိဳလဲက်သြားေတာ့မလိုေတာင္ ခံစားေနရသည္ ...

KittyKitling

Lanjutkan Membaca

Kamu Akan Menyukai Ini

50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
774K 125K 61
Type - Web Novel Title - Wife, Children and Warm Bed (老婆孩子热炕头/ 灰大叔与混血王子) Author - Shui Qian Cheng (水千丞) Genre - Adult, Drama, Romance, Mature,Yaoi St...
271K 42.8K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story