Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.7M 258K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

51

13.2K 2.1K 529
By callme__kitty

[Unicode]

'ဆေးရုံခန်းထဲ ဘာဖြစ်ခဲ့တာလဲ။'

ပိုင်ရှင်းယွီ အံ့အားသင့်သွားသည်။ "ခေါင်းဆောင်၊ ခင်ဗျား တကယ်သွားတော့မှာလား။"

ချန်းကျင်း ခေါင်းငြိမ့်လိုက်သည်။ "'နှင်းကျားသစ်တပ်မဟာ'ဆိုတာက စစ်သားတိုင်း အားကျစိတ်ကူးယဉ်ရတဲ့ နေရာပဲလေ။ သူက လုံးဝ ကွဲပြာခြားနားသွားတဲ့ ဘဝတစ်ခုကိုလည်း ကိုယ်စားပြုတယ်။ အစကတော့ ငါ စစ်တက္ကသိုလ်ကျောင်း သွားချင်ခဲ့ပေမယ့် အခုတော့ သွားမရတော့ဘူး။ ဟော့ချောင်ကလည်း ငါ့ကို လာခဲ့ဖို့ ခဏခဏ ခေါ်နေတာဆိုတော့ ငါလည်း အတော်လည်း စိတ်ယိုင်ချင်လာတယ်။ အဲ့တာကြောင့် ငါ စမ်းကြည့်ချင်မိတယ်။ သေတော့မသေချာပါဘူး။ ငါ အထုတ်ခံလိုက်ရရင် ပြန်လာရမှာ။ အဲ့ခါကျရင်တော့ ငါ့ကို မရယ်နဲ့ပေါ့။"

ပိုင်ရှင်းယွီ ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ခေါင်းဆောင်က 'နှင်းကျားသစ်တပ်မဟာ'ကို သွားရပါစေ၊ မသွားရပါစေ တော်နေမှာပဲ .. ဒါပေမယ့် .. အခုက ဟော့ချောင်ကိုယ်တိုင်က ဖိတ်ခေါ်ထားတာဖို့ အဖြုတ်ခံရဖို့က ဖြစ်နိုင်ပါ့မလား။"

"ဖြစ်နိုင်တာပေါ့။ တပ်ရင်းရဲ့ ထောက်ခံစာအပြင် ဟော့ချောင်က မကြာခဏဆိုသလို တပ်ဌာနခွဲတွေ တပ်ရင်းတွေကို သွားလည်ပြီး သူ့စိတ်ထဲ သင့်တော်တယ်လို့ ခံစားရတဲ့ စစ်သားအချို့ကို ရွေးလေ့ရှိတယ်။ တစ်နှစ်ကို နှစ်ကြိမ်၊ ဒါမှမဟုတ် သုံးကြိမ်၊ အဲ့စစ်သားတွေကို .. မဟုတ်သေးဘူး၊ အများစုက စစ်သားတွေ မဟုတ်ဘူး။ တပ်ကြပ်အဆင့်အရာရှိ၊ စစ်ရေးအရာရှိ၊ တစ်ခါတစ်လေ အဲ့ထက်ရာထူးမြင့် စစ်အရာရှိတွေတောင် ပါသေးတယ်၊ သူတို့ကို 'နှင်းကျားသစ်တပ်မဟာ'ရဲ့ လူရွေးပွဲမှာ လာယှဉ်ပြိုင်ခိုင်းတယ်။ အကုန်လုံးက သူတို့တပ်ရင်းကိုယ်စီရဲ့ ထိပ်တန်းစစ်သားတွေပဲမို့လို့ လူရွေးပွဲက အရမ်းတင်းကြပ်တယ်။ ငါ ကြားတာတော့ ဖြတ်ကျော်ရမယ့် အဆင့် သုံးဆင့်နဲ့ လေးဆင့်အကြား ရှိတယ်တဲ့။ ဟော့ချောင်က ငါ့ကို လူရွေးပွဲထဲ ဝင်ယှဉ်ပြိုင်စေချင်တယ်ဆိုပေမယ့် အောင်မြင်မလား၊ အထုတ်ခံရမလားက ငါ့အပေါ် မူတည်သွားပြီ။"

ပိုင်ရှင်းယွီ အသက်ပြင်းပြင်း ရှုလိုက်သည်။ "ခေါင်းဆောင်၊ ယွီဖုန်းချန်လည်း လူရွေးပွဲမှာ ဝင်ပြီးယှဉ်ပြိုင်မှာ ခေါင်းဆောင် သိထားလား။"

ချန်းကျင်း ပြုံးရင်း ပြောလိုက်သည်။ "သူ 'နှင်းကျားသစ်တပ်မဟာ'ကို သွားဖို့ ပန်းတိုင်တည်ထားတာ မသိတဲ့သူ ဘယ်သူများရှိလဲ။ ငါ သူ့ကို အတော်လေး အားကျမိတယ်။ သူက မသွေဖယ်တဲ့ စိတ်ဆုံးဖြတ်ချက်ရှိနေရုံတင် မဟုတ်ဘူး၊ အဲ့စိတ်ဆုံးဖြတ်ရာကို အရောက်သွားနိုင်တဲ့ အစွမ်းအစပါ ရှိတယ်။ ဒီလို မဆုတ်နစ်တဲ့ဇွဲလုံလနဲ့ ပြင်းထန်တဲ့ စိတ်ခွန်အား ရှိနေတဲ့ လူမျိုးက သေချာသလောက် တပ်မဟာက လိုအပ်နေတဲ့ လူမျိုးပဲလေ။"

"ဒါပေမယ့် ခေါင်းဆောင်ပြောသလိုဆို သူ လူရွေးပွဲမအောင်တာလည်း ဖြစ်နိုင်တာပေါ့။"

"ဒါလည်း ဟုတ်တာပေါ့။ ဘယ်လို မတော်တဆကိစ္စမျိုးမဆို ဖြစ်လာနိုင်တာပဲ။ ဒါပေမယ့် အခုလောလောဆယ်တော့ သူက ဖြစ်နိုင်ချေ အလားအလာအရှိဆုံးပဲ။" ချန်းကျင်း ဆက်ပြောသည်။ "မင်းကော 'နှင်းကျားသစ်တပ်မဟာ' အဖွဲ့ဝင်ဖို့ စိတ်ဝင်စားနေတာလား။"

ပိုင်ရှင်းယွီ သူ့ခေါင်းကို ထပ်တလဲလဲ ခါယမ်းလိုက်သည်။ "ကျွန်တော်? ကျွန်တော်က အနောက်မှာ ကျန်ရစ်နေတဲ့ သူပါဗျာ၊ အဲ့အကြောင်း တွေးတောင် မတွေးကြည့်ရဲပါဘူး။"

ချန်းကျင်း ပြုံးလိုက်သည်။ "အဲ့တာက ဘာမှ မဟုတ်ပါဘူး။ လူတော်တော်များများက ဒီနေရာကို ရောက်ဖူးနေချင်ကြတာ။ ပြီးတော့ ပထမအဆင့် လူရွေးပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ တပ်ဖွဲ့က ထောက်ခံချက် ပေးတဲ့သူတွေအပြင်၊ ကိုယ့်ဘာသာလည်း စာရင်း သွားပေးလို့ရတယ်။ ပထမအဆင့် လူရွေးပွဲက သီချင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့ စာရင်းသွင်းသလိုမျိုးပဲ။ ဒါပေမယ့် ယှဉ်ပြိုင်တဲ့သူ အများကြီး မရှိရင်တောင် ထုတ်ပယ်ခံရတာတော့ အမြင့်ဆုံးပဲ။ အထက်ကလည်း တပ်သားသစ်တွေကို အမြင်ကျယ်အောင် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒရှိနေတာမို့ မင်း စိတ်ဝင်စားရင် ငါ လိုက်ပြပေးလို့ ရတယ်။"

ပိုင်ရှင်းယွီ လျှာကိုက်မိမလိုပင် ဖြစ်သွားသည်။ "အာ? အဲ့လောက် လွယ်တာလား။"

ချန်းကျင်း ခေါင်းငြိမ့်ပြလာသည်။ "အဆင့် သတ်မှတ်ချက် ရလဒ်တွေက ဆိုးမနေသ၍ ပုံမှန်အားဖြင့် တပ်ဖွဲ့က သွားခွင့်ပေးတယ်။ ဒါပေမယ့် တော်တော်များများကတော့ မသိကြဘူး၊ သူတို့ထင်တာ ထောက်ခံစာ ရမှ ဝင်ပြိုင်လို့ ရတယ် ထင်နေကြတာ။ ဒါပေမယ့်လည်း ငါ မင်း ဝင်ပြိုင်ဖို့ကို အားမပေးချင်ဘူး။ ဘာလို့ဆို ပထမအဆင့် လူရွေးပွဲက အရမ်း ရက်ရက်စက်စက်နိုင်ပြီး လူတော်တော်များများလည်း အထုတ်ခံရတယ်။ သူတို့ ပြန်ရောက်လာတဲ့အချိန်ကျ စိတ်ထဲ အရိပ်မည်းခြောက်လှန့်ခံရတာမျိုးတွေ အချိန်အတော်ကြာ ခံစားရတာမျိုးတွေ ရှိတယ်တဲ့။"

ပိုင်ရှင်းယွီ တံတွေး မြိုချမိသွားသည်။ "ဘယ်လိုဖြစ်လို့ ကြားရတာ သရဲအိမ်တံခါးကို ဖြတ်သွားရတော့မယ့် ခံစားချက်မျိုးကို ပေးနေတာပါလိမ့်။"

ချန်းကျင်းအသံတွင် စိတ်လှုပ်ရှားခြင်းများ အရိပ်မြွက်ပြ ပါဝင်နေသည်။ "အဲ့တာကြောင့်မို့လို့လည်း 'နှင်းကျားသစ်တပ်မဟာ'က လူတွေကို စိတ်အင်အားတက်ကြွအောင် လုပ်ပေးနေတဲ့ တစ်ခုတည်းသော တပ်မဟာ ဖြစ်နေတာလေ။ ရွေးချယ်ရေး နည်းလမ်းတွေကလည်း တစ်နှစ်နဲ့ တစ်နှစ် တူညီသွားတယ်ကို မရှိဘူး။ ငါ တကယ်ကို မျှော်လင့် စောင့်စားနေမိပြီ။

ပိုင်ရှင်းယွီ ပြုံးပြီး ပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော့်အထင် ခေါင်းဆောင်ရဲ့ ခွန်အားမျိုးနဲ့ဆို အဆင်ပြေမှာပါ။ ကြိုးစားထား။"

တပ်ခွဲ(၃)၏ တန်းခွဲခေါင်းဆောင်တစ်ယောက်ဖြစ်လာခြင်းက သံသယဖြစ်ဖွယ်မရှိ ပြီးပြည့်စုံသော စွမ်းအားများရှိနေခြင်းပေါ်သာ မူတည်သည်။ မဟုတ်ပါက ဘယ်လိုလုပ် ရွှီချွမ်၏ မျက်လုံးထဲ သတိထားစရာဖြင့် ဝင်ရောက်နိုင်မှာလဲ။ ချန်းကျင်း၏ ဖြူဖပ်ဖြူရော် ကျောင်းသားတစ်ယောက်နှင့် တူနေသည့် ရုပ်ရည်ကို မကြည့်သင့်။ သူက ဆိတ်ဆိတ်နေ နေချိန် အနိုင်ကျင့်ခံနေရသူတစ်ယောက်အသွင်ဆောင်နေပေမယ့် တပ်ရင်းတစ်ခုလုံးရှိ လူပေါင်း ၁၂၀၀ကျော်တွင် ချန်းကျင်းက ထိပ်တန်း ဆယ်ယောက်ထဲတွင် ပါဝင်နေသည်။

ချန်းကျင်း ပြုံးလိုက်သည်။ "ဟုတ်ပါပြီ။ သွား အိပ်တော့။ မနက်ဖြန် လေ့ကျင့်ရေးမှာ မင်း ငိုက်နေလို့ မဖြစ်ဘူး။"

"ဟုတ်"

ပိုင်ရှင်းယွီ သူ့ကုတင်သို့ ပြန်ရောက်သည်နှင့် ချန်းကျင်း ပြောခဲ့သည့်အကြောင်းများကို ပြန်တွေးနေမိသည်။ ဒီလို ပထမအဆင့် လူရွေးပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်က ရယူဖို့ မခက်ခဲဘူးဆိုပါက သူကော အမြင်ကျယ်အောင် သွားရောက်ကြည့်သင့်ပါသလား။ သို့ပေမယ့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသူများက တပ်ခွဲ၊ တပ်ရင်းများ၏ ထိပ်တန်း စစ်သားများသာဖြစ်သည်။ သူက ထိုနေရာသို့ သွားရန် မသက်ဆိုင်သူတစ်ယောက်ဖြစ်သည်။ လှောင်ပြောင်ရယ်မောခြင်းတောင် ခံရနိုင်သည်။ သို့ပေမယ့်လည်း အထူးတပ်ဖွဲ့သားများတွင် ဘယ်လို စွမ်းရည်မျိုး ရှိကြပါသလဲ သူ တကယ်ကို သိချင်မိသည်။ ဘာမှတော့ အထူးအဆန်းတော့ မဖြစ်လောက်တန်ရာ .. သူ အမြဲ အရယ်ခံနေရတာပဲ၊ ကိစ္စကြီးဖြစ်လာမှာ မဟုတ်။

ပိုင်ရှင်းယွီ တစ်ညလုံး ထိုပြဿနာအကြောင်းတွေးရင်း အချိန်ကုန်ခဲ့ရာ နားချိန်ကောင်းကောင်း မရခဲ့။ ထို့ကြောင့် သူ နောက်တစ်နေ့ ပြေးရချိန်တွင် ငိုက်မြည်းနေခဲ့သည်။ မျှော်မှန်းထားသည့်အတိုင်း ရွှီချွမ်က သူတို့ကို အသက်ဝဝရှုချိန်လေးတောင် မပေး။ သူ မနေ့ညလယ်က 'အရေးပေါ် လူစုဝေးခြင်း' မလုပ်ခဲ့တာကိုက အတော်လေး ညှာတာပေးရာရောက်နေပြီ ဖြစ်ပြီး လာမည့်နေ့ရက်တွေထဲ လေ့ကျင့်ရမည့် ပမာဏကို လျော့နည်းမပေးထား။ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် လေ့ကျင့်ရပြီးနောက်မှာတော့ အချို့လူများ ဖျားနာကုန်ကြသည်။ ပိုင်ရှင်းယွီလည်း အစကတော့ သူ့ကျန်းမာရေးက အလွန်ကောင်းသည်ဟု ထင်ခဲ့သည်။ စစ်တပ်ထဲ နှစ်ဝက်ကျော်မျှ နေပြီးချိန်တွင်တောင် သူ ဖျားနားခြင်း မရှိခဲ့။ နောက်ဆုံးမှာတော့ သူ အကြောင်းပြချက် ရေရေရာရာမရှိပဲ ထဖျားတော့လေသည်။

မနက်စောစော ဖုန်းသုန့်ယွမ် အိပ်ရာမှ နိုးလာစဉ် ပိုင်ရှင်းယွီ အိပ်ရာပေါ် မလှုပ်မရှားပဲ လှဲနေတာကို မြင်တာမို့ လှုပ်နိုးကြည့်ချိန် ပိုင်ရှင်းယွီ မျက်နှာ တစ်ခုလုံး နီရဲနေပြီး အသက်ရှုရာတွင် ပြဿနာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ပိုင်ရှင်းယွီ နဖူးကို စမ်းကြည့်ရင်း အထိတ်တလန့် ဖြစ်သွားသည်။ "အာ၊ ရှင်းယွီ ဖျားနေပြီ!"

ချန်းကျင်းနှင့် ယွီဖုန်းချန်က ပထမဆုံး အနားကို ရောက်လာကြသူများဖြစ်သည်။ အခြားသူများလည်း ဝိုင်းပြီး လာကြည့်ကြလေသည်။ "အိုက်ရား၊ သူ့မျက်နှာက အဖျားရှိန်နဲ့ နီရဲနေတာပဲ။"

ချန်းကျန်းပြောလိုက်သည်။ "ဒီနားမှာ စုပြုံမနေနဲ့။ မင်းတို့တွေ မြန်မြန် တန်းစီဖို့ သွားတော့။ သုန့်ယွမ်နဲ့ ငါက သူ့ကို ဆေးရုံခန်း ပို့ပေးလိုက်မယ်။

ယွီဖုန်းချန် ဝင်ပြောသည်။ "ကျွန်တော်လည်း သူ့ကို လိုက်ပို့ပေးမယ်။"

ချန်းကျင်း ပြန်ပြောလိုက်သည်။ "မင်းက သွားပြီး အသင်းကို ဦးဆောင်။"

အခုတလော ယွီဖုန်းချန်က တန်းခွဲခေါင်းဆောင်တစ်ယောက်ပုံစံအတိုင်း နေထိုင်နေပြီဖြစ်ကာ ချန်းကျင်း ထိန်းမနိုင်တော့သည့် ကိစ္စရပ်တော်တော်များများကို ယွီဖုန်းချန်အား ကိုင်တွယ်ဖြေရှင်းဖို့ လွဲပြောင်းပေးခြင်း ခံရသည်။ ယွီဖုန်းချန်က တန်းခွဲခေါင်းဆောင်၏ လက်ထောက်နေရာကို ရာထူးတိုးခံရတော့မည်ဟု သတင်းများလည်း ကြားထားမိပြီး သူနှင့် ထိုက်တန်လှသော ရာထူးနေရာပင်။

ယွီဖုန်းချန်မှာ အသင်းကို ဦးဆောင်ပေးရတော့သည်။

ချန်းကျင်းနှင့် ဖုန်းသုန့်ယွမ်က ပိုင်ရှင်းယွီကို အဝတ်အစားလဲပေးပြီးသည်နှင့် သူတို့ သူ့အား ဆေးရုံခန်းဆီသို့ သယ်သွားလိုက်သည်။

အကုန်လုံး ဆောင်ရွက်ပြီးသွားချိန်မှာတော့ ပိုင်ရှင်းယွီ နိုးလာလေသည်။ သူ အဖျားရှိန်ကြောင့် ခေါင်းများ မူးဝေလျက် ရှိနေသည်။

"ဟမ်? ခေါင်းဆောင်? သုန့်ယွမ်?"

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "မင်း နိုးပြီလား။ မနေ့ညက စောင်ကိုများ ကန်ထုတ်ပြီး အိပ်လိုက်လို့လား။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ထဖျားရတာလဲ။"

ပိုင်ရှင်းယွီ ဝေဝါးဝါးနှင့် တွေးနေမိသည်၊ သူ မနေ့ညက ဘာမှမဝတ်ပဲ ရေချိုးခန်းထဲ အဝတ်ထိုင်လျှော်မိနေလို့များလား။ ဆောင်းရာသီမှာ အဝတ်လျှော်ရတာ အရမ်းအေးလွန်းသည်။ ရေချိုးခန်းထဲမှ ရေများ ပူလာဖို့ကလည်း အချိန်အတော်ကြာ စောင့်ယူရသည်။ သူတို့ မနက်မျက်နှာသစ်ရင်လည်း ရေခဲရေနှင့် သစ်ရသလို ညဘက်အဝတ်လျှော်ချိန်တွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ အဝတ်လျှော်ခြင်းက နှေးကွေးနေပါက ရေကုန်သွားတာလည်း မြန်သည်မို့ တော်တော်များများက ရေချိုးရင်းနှင့် တစ်ခါတည်း အဝတ်ပါ လျှော်ရသည်။ သူကိုယ်တိုင်လည်း ဒီလို လျှော်ဖွတ်ခြင်းက ပထမဆုံးအကြိမ်မဟုတ်။ ဘယ်လိုဖြစ်လို့ ထဖျားရတာပါလိမ့်။ ကြည့်ရသည်မှာ အခုတလော သူ ပင်ပန်းလွန်းနေတာမို့ ကိုယ်ခံအား အနည်းငယ် လျော့နည်းသွားပုံပင်။

သူတို့နှစ်ယောက် ဆေးရုံခန်းထဲက အိပ်ရာပေါ် ခေါ်သွားပေးချိန် ပိုင်ရှင်းယွီမှာ ပျော်ပျော်ရွှင်ရွှင် ထရယ်တော့သည်။

ချန်းကျင်း နားမလည်နိုင်ဖြစ်သွားသည်။ "မင်း ဘာကို ရယ်နေတာလဲ။"

ပိုင်ရှင်းယွီ ပလုံးပထွေး ပြောလိုက်သည်။ "ကျွန်တော် နောက်ဆုံးတော့ ရက်အနည်းငယ် အနားယူလို့ရပြီ။"

ချန်းကျင်း သူ့နဖူးကို ပိတ်ရိုက်လိုက်သည်။ "အတွေးထဲ ဒါပဲရှိတယ်။"

ပိုင်ရှင်းယွီ ချန်းကျင်းလက်ကို ဆွဲထားရင်း ချွဲပြီး ပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော် လည်ချောင်းတွေ နာနေတာ။ ကျွန်တော် မှိုဆန်ပြုတ်နဲ့ သစ်တော်သီး စားချင်တယ်ဗျာ။"

ချန်းကျင်းမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ "ပြီးမှ ငါ ဟင်းချက်ဆောင်ကို သွားပြီး မင်းအတွက် လုပ်ပေးနိုင်မလား မေးပေးမယ်။"

ပိုင်ရှင်းယွီ ချန်းကျင်းလက်မောင်းကို ဆွဲခါရင်း မျက်ရည်အဝဲသားနှင့် မျှော်လင့်ချက်များစွာ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင် အခုသွားမေးပေးလေ။"

ထိုအချိန် တာဝန်ကျရာ ဆရာဝန် ရောက်လာပြီး ပြောလာသည်။ "ရို့၊ ဒါ ဘယ်သူ့ကလေးလဲ။ ဘာလို့ နို့ကျတော့ မသောက်လဲ။"

ချန်းကျင်း အနည်းငယ်မှ ရှက်ရွံ့သွားသည်။ "သူ ပုံမှန်ဆို ဒီလို လုပ်လေ့မရှိပါဘူး။ သူ့ဦးနှောက်ပါ အဖျားရိုက်သွားပုံပဲ။"

ဆရာဝန်က ပိုင်ရှင်းယွီကို သာမိုမီတာ တိုင်းလိုက်သည်။ "လူကို ငါနဲ့ထားခဲ့လိုက်လေ၊ မင်းတို့တွေ ပြန်နှင့်တော့။"

ပိုင်ရှင်းယွီ ချန်းကျင်းလက်ကို မလွှတ်တမ်း ဆွဲကိုင်ထားသည်။ "ခေါင်းဆောင် ..."

ချန်းကျင်း ပြောလိုက်သည်။ "ငါ သွားမေးပေးမယ်။"

ပိုင်ရှင်းယွီ ထိုအခါမှ လွှတ်ပေးလိုက်သည်။

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "ရှင်းယွီ၊ ငါ နားချိန်ရောက်ရင် လာတွေ့မယ်။"

ပိုင်ရှင်းယွီ ဖုန်းသုန့်ယွမ်ကို လက်ယက်ခေါ်ကာ သူ့ပါးစပ်ကို လက်နှင့်အုပ်ပြီး တိုးတိုးပြောလိုက်သည်။ "ဟင်းချက်ဆောင်ရဲ့ ရေခဲသေတ္တာထဲမှာ ရေခဲမုန့်တွေရှိတယ်။"

ဖုန်းသုန့်ယွမ် မရယ်ပဲ မနေနိုင်တော့။

သူတို့နှစ်ယောက် ထွက်သွားတာနှင့် ဆရာဝန်က ပိုင်ရှင်းယွီအား ဆေးထိုးပေးလိုက်ပြီး ထို့နောက်တွင်တော့ သူလည်း အိပ်ပျော်သွားတော့သည်။

သူ နိုးလာချိန်တော့ ချန်းဝမ့်ဝမ်၏ မျက်နှာကြီးကြီးက သူ့မျက်စိရှေ့ ပေါ်လာလေသည်။

"မင်းသမီးလေး ပိုင်? အိုက်ယား၊ မင်း နိုးလာပြီပဲ။ မင်းသာ မနိုးလာသေးဘူးဆို ငါ့ကိုယ်ငါ အနစ်နာခံပြီး အနမ်းတစ်ပွင့်နဲ့ နိုးပေးရုံပဲ ရှိတော့မှာ။"

ချန်းဝမ့်ဝမ် တီးတိုးဆက်ပြောသည်။ "ငါ့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ အဲ့ဒါကို ခေါင်းဆောင်က မင်းစားပြီးတဲ့အထိ စောင့်ပြီးမှ ပြန်ခဲ့တဲ့။ လာ လာ လာ၊ စျေးကြီးကြီး အစားကောင်းတွေတော့ မရှိတော့ဘူး။ မှိုဆန်ပြုတ်လေး၊ ပူတုန်း လာစား။"

ပိုင်ရှင်းယွီ ထထိုင်ပြီး ပြုံးလိုက်သည်။ "ဝမ့်ဝမ်-ကော၊ ကျွန်တော် ခင်ဗျားကို မတွေ့တာတောင် အတော်ကြာပြီ။"

"မင်းက အရှက်မရှိ ပြောရဲသေးတယ်ပေါ့။ ပြောတော့ မကြာခဏ လာလည်ပါ့မယ်ဆိုပြီး တစ်လကျော်ကြာတာတောင် တစ်ကြိမ်လာမလည်ဘူး။ ဟိုဝက်ပေါက်လေးတွေတောင် ဟိုဟိုဒီဒီ ပြေးလွှားတတ်နေပြီ။"

ချန်းဝမ့်ဝမ် အပူခံဘူးထဲမှ ဆန်ပြုတ်ကို ထုတ်ပြီး ပိုင်ရှင်းယွီကို လှမ်းပေးလိုက်သည်။ သို့ပေမယ့် ပိုင်ရှင်းယွီ လှမ်းမယူပြုပဲ ချန်းဝမ့်ဝမ်ကိုသာ အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ချန်းဝမ့်ဝမ် ခေါင်းစောင်းကြည့်ပြီး ပြောလိုက်သည်။ "ငါ မင်းကို ခွံ့ကျွေးရမှာလား။"

ပိုင်ရှင်းယွီ အမှုမထားသလို ခေါင်းငြိမ့်ပြလိုက်သည်။ သူ ငယ်ငယ်က ဖျားနာရခြင်းကို သဘောကျသည်။ သူ့မိသားစုတစ်ခုလုံးကို ဖြောင်းဆန်အောင် လုပ်မိပေမယ့်လည်း သူ့အတွက်တော့ သက်တောင့်သက်သာ ရှိလှသည်။ သူ စားချင်သည့် အစားအစာကို လက်ညှိုးထိုးပြရင်း ပါးစပ် ဟထားရန်သာ လိုသည်။ သူ အမှားတစ်ခုခုလုပ်ထားရင်တောင်မှ ဖျားနေချိန်တွင် သူ့အဖေက ရိုက်လေ့မရှိ။ အတိုချုပ် ပြောရပါက ဖျားနေပါက သူ ဖွထားသမျှ ပြဿနာများကို ရှင်းထုတ်ရ လွယ်ကူပြီး သူ နေချင်သလိုလည်း နေလို့ရလေသည်။

ချန်းဝမ့်ဝမ် သက်ပြင်းချလိုက်ပြီး သူ ပိုင်ရှင်းယွီအား ဆန်ပြုတ်စတင် ခွံ့ကျွေးတော့သည်။ "ငါ မင်းကို ပြောမယ်။ ငါ ဒါမျိုးကို ငါ့မိန်းမကိုပဲ လုပ်ပေးဖူးတာ။ ထားပါတော့။ ငါတို့ ရှောင်းပိုင်လေးကို မင်းသမီးတစ်ယောက်လို ဘယ်သူက ဖြစ်လာခိုင်းရတာလဲ။"

ပိုင်ရှင်းယွီ ပြုံးလိုက်သည်။ "ကျွန်တော် မရီးရဲ့ ဓာတ်ပုံကို မြင်ဖူးတယ်။ အတော်လေး ချောတယ်။"

"ဒါပေါ့၊ ငါတို့နှစ်ယောက်တုန်း ငယ်ရွယ်တုန်းကလေ။" ချန်းဝမ့်ဝမ် အထီးကျန်မှု အနည်းငယ်ပါဝင်သည့် အပြုံးလေး ပြုံးလိုက်သည်။ "ရှင်းယွီရေ၊ ငါ စစ်ထဲက ထွက်တော့မယ်။"

ပိုင်ရှင်းယွီ ထိတ်လန့်သွားသည်။ "ဘာလို့လဲ။"

"မင်းရဲ့ မရီးကလေ ကလေးလိုချင်တယ်တဲ့။ အကယ်၍ ငါသာ ပြန်မလာဘူးဆို သူ အခြားတစ်ယောက်ရှာပြီး ယူလိုက်တော့မယ်တဲ့။ ဟေး ဟေး၊ အဲ့လိုမျိုး ငါ ဘယ်လိုလုပ်အဖြစ်ခံနိုင်မှာလဲ။ ငါလည်း တပ်ထဲ ရောက်နေတာ နှစ်တော်တော်ကြာပြီ။ အခုတော့ အိမ်ပြန်ဖို့ အချိန်ကျပြီ ထင်ပါတယ်။"

ပိုင်ရှင်းယွီ နည်းနည်းတော့ ဝမ်းနည်းသွားသည်။ ချန်းဝမ့်ဝမ်သာ စစ်ထဲက ထွက်သွားပါက သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ရပါ့မလား မသေချာတော့။ သူများတွေက နေရာအနှံ့လေယာဉ်စိုက်လို့ ရနေတဲ့ ခေတ်ကြီးမှာ လူတစ်ယောက်ကို ပြန်တွေ့ဖို့က အလွယ်လေးလို့ ဆိုကြပေမယ့်လည်း လူတစ်ယောက်နှင့် တစ်ယောက် ကွဲကွာသွားကြသည်နှင့် ကိုယ်စီဘဝတစ်ခုမှာ ကြိုးစားရုန်းကန်နေထိုင်ရတော့သည်မို့ ပြန်တွေ့ဖို့က ခဲယဉ်းလှလေသည်။ ကွဲကွာသွားခြင်းက ရင်ထဲက ခံစားချက်များကို အေးခဲအနည်ထိုင်သွားစေသည်။ ဒီအချက်ကို လူတိုင်း မပြောလည်း သိကြသည်သာ။

ပိုင်ရှင်းယွီ သက်ပြင်းချလိုက်သည်။ "ဝမ့်ဝမ်-ကော၊ ဒီမှာ ကျွန်တော် ဖျားနေတာလေဗျာ။ ဘာလို့ ကျွန်တော့်ကို စိတ်မကောင်းစရာ အကြောင်းတွေ လာပြောနေရတာလဲ။"

"ဘယ်သူက မင်းကို ငါ့မိန်းမအကြောင်း အစဖော်ခိုင်းလဲ။"

"ကိုယ့်ဘာသာ အစဖော်လိုက်တာ မဟုတ်ဘူးလား။"

"ဟုတ်လား၊ ငါ့ဘာသာ အစဖော်မိသွားတာလား။" ချန်းဝမ့်ဝမ် နှုတ်ခမ်းများက မဲ့ကျသွားသည်။ "လာ၊ မင်း ဒါကိုစားဦး။"

ဖျားနေခြင်းက လူတစ်ယောက်ကို စိတ်ထိခိုက်လွယ်စေသည်နှင့် တူပါသည်။ ပိုင်ရှင်းယွီ ဝမ်းနည်းတကြီး ပြောလိုက်သည်။ "ဝမ့်ဝမ်-ကော၊ ကျွန်တော် သေချာပေါက် လာလည်မယ်။ တကယ်။"

"ဒီတစ်ခါတော့ အတည်နော်၊ သေချာပေါက် လာလည်ရမယ်။"

"သေချာပေါက် လာခဲ့မယ်။"

ချန်းဝမ့်ဝမ် ပြုံးပြီး ပြောလိုက်သည်။ "ငါ မင်းကို အရင်က ပြောဖူးတယ်လေ။ ငါ မွေးရပ်မြေမှာ စားသောက်ဆိုင်ဖွင့်မယ်လို့။ ငါ 'ရှင်းကျန့်'ဟင်းလျာရောင်းတဲ့ စားသောက်ဆိုင်ဖွင့်မယ်။ ငါတို့မြို့မှာ အဲ့လို စားသောက်ဆိုင်တွေ သိပ်မရှိဘူး။ သေချာသလောက် ရောင်းကောင်းမှာပဲ။"

"သေချာပေါက်ပေါ့။"

"ဝေ့၊ အဲ့အကြောင်း ဆက်မပြောတော့ဘူး။ မင်း မြန်မြန် နေကောင်းလာ။ မင်း နေပြန်ကောင်းရင် အားတဲ့အချိန်လေး လာပြီး အခြားသူတွေကို ဝက်စာ ဘယ်လိုကျွေးရမလဲ သင်ပေးလိုက်ဦး။ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး မရှိတော့တဲ့အခါကျ ဘယ်သူတွေက ဒီဝက်လေးတွေကို ဂရုစိုက်မှာလဲ။"

ပိုင်ရှင်းယွီ ပြုံးနေပေမယ့် သူ့စိတ်ထဲ ဝမ်းနည်းလျက် ရှိနေသည်။ ချန်းဝမ့်ဝမ့်က သူ့အသိအကျွမ်း ရဲဘော်များထဲ ပထမဆုံး ထွက်သွားသူဖြစ်ခဲ့ပြီ။ နောက်ထပ် ဘယ်သူများ ထွက်သွားဦးမှာပါလိမ့်။ တစ်နေ့ကျရင် သူ့သူငယ်ချင်းတွေ အကုန်လုံး ကိုယ်စီ လမ်းကို လျှောက်ရတော့မည်ဖြစ်သည်။ ဖုန်းသုန့်ယွမ်၊ ချန်းလျန်၊ ချန်းကျင်း၊ ယွီဖုန်းချန် ... ယွီဖုန်းချန်က ပထမဆုံး ထွက်သွားမည့်သူဖြစ်ပြီး ထို့နောက်မှာလည်း သူတို့နှစ်ယောက်ကြား တွေ့စရာအကြောင်းဆိုတာ မရှိတော့။

မှိုဆန်ပြုတ် စားပြီးနောက်မှာတော့ ချန်းဝမ့်ဝမ် ပြန်သွားသည်။ မွန်းတည့်ချိန် နီးကပ်လာချိန် ဖုန်းသုန့်ယွမ်နှင့် ချန်းလျန်တို့ သူ့အား အပြေးလာတွေ့ကြလေသည်။

ပိုင်ရှင်းယွီ ခေါင်းမူးလျက်ရှိနေပြီး သူ ဖုန်းသုန့်ယွမ်ကို မြင်ချိန်မှာတော့ မေးလာသည်။ "ရေခဲမုန့်ကော။"

ချန်းလျန့် သူ့ခေါင်းကို ပုတ်​လိုက်သည်။ "ရေခဲမုန့်ကို ပြန်ပေးခဲ့ပြီ။ အခုချိန် စားလို့ အဖျားက ကျမှာလား။"

"အဲ့ဒါက အဆိပ်ကို အဆိပ်နဲ့ တိုက်ထုတ်တာမျိုး မဟုတ်ဘူးလား။ ငါ ကြားဖူးတာတော့ ရေခဲမုန့် စားရင် အဖျားကျ လွယ်တယ်တဲ့။"

"မင်းကို ဘယ်သူပြောတာလဲ။"

"ငါ့အစ်ကို ပြောတာ။"

ဖုန်းသုန့်ယွမ် ရယ်လိုက်သည်။ "မင်းအစ်ကိုက မင်းကို စနေတာ။ ဘယ်လိုနေလဲ၊ မနက်က မှိုဆန်ပြုတ် စားပြီးပြီလား။ ခေါင်းဆောင်ဝူက မင်း နေမကောင်းဘူးဆိုတာလည်း ကြားကော သူ တကယ်ကြီး မှိုသွားတူးပြီး မင်းတစ်ယောက်တည်းအတွက် ချက်ပေးလိုက်တာ။"

ပိုင်ရှင်းယွီ ပြုံးဖြီးသွားပြီး သူ အတော်လေး နာမည်ကျော်တာပဲဟု တွေးလိုက်မိသည်။ ဒါပေမယ့် .. ဘယ်လိုဖြစ်လို့ တစ်ယောက်သောလူက အခုထိ မပေါ်လာရသေးတာလဲ။ သူတို့နှစ်ယောက်က အရင်က အတူတောင် အိပ်ဖူးထားတာကို ဒီလိုအချိန်မျိုးကျ မပေါ်လာဘူးတဲ့လား။ အတော်လေး အလေးမထားတာပဲ။

ချန်းလျန့် သူ့အနောက်မှ ပိုင်ရှင်းယွီ၏ iPadကို ဆွဲထုတ်လိုက်သည်။ "လာ လာ လာ၊ ညီအစ်ကိုချင်း မင်းကို ငါ သိတယ်။ လိုင်းတော့ တက်လို့မရပေမယ့် အပျင်းပြေအောင် ဂိမ်းလေးဆော့ပေါ့။" သူ အနားတိုးကပ်၍ တိုးတိုးပြောလိုက်သည်။ "မြန်မြန် ပြန်သက်သာမလာနဲ့။"

ဖုန်းသုန့်ယွမ်က သဘောမတူသလို စူးစိုက်ကြည့်လိုက်သည်။ "မင်း ဘယ်လိုတွေ ပြောနေတာလဲ။"

ချန်းလျန် ပြောလိုက်သည်။ "ဒါလေးတောင် မင်း နားမလည်ဘူးလား။ ရက်အနည်းငယ်လောက် လှဲပြီးနေရတာ ဘယ်လောက်မိုက်လဲ။ ငါတောင် ဖျားချင်တယ်။"

ပိုင်ရှင်းယွီ ပျော်ပျော်ကြီး လှမ်းယူလိုက်သည်။ "ငါ နောက်ဆုံးတော့ ပျော်ပါးဖို့ အချိန်ရခဲ့ပြီ။"

ဆရာဝန် ပြောလိုက်သည်။ "အတွေးကတော့ လှနေတာပဲ။ မင်း သက်သာလာတာနဲ့ ပြန်သွားရမယ်။ မင်းတို့ တပ်မှုးသာ မင်း အိပ်ရာထဲ ဂိမ်းဆော့နေမှန်း သိရင် ပိတ်ကန်ခံရမှာပဲ။"

ပိုင်ရှင်းယွီ ခါးသက်သက် ရယ်လိုက်သည်။ "တော်သေးလို့၊ ကျွန်တော့်အဖျား အခုထိ မကျသေးတာ .."

သူတို့သုံးယောက် ခဏကြာအောင် စကားပြောဆိုနေကြပြီးမှ ညနေစာ စားချိန် ရောက်လာသည်နှင့် ဆရာဝန်နှင့်အတူ သူတို့ ညစာသွားစားကြသည်။ ပိုင်ရှင်းယွီကတော့ ဆေးရုံခန်းထဲတွင်သာ နေခဲ့ပြီး သူ့အတွက် စားစရာယူလာပေးမှာကို စောင့်နေလိုက်သည်။

iPadနှင့် ဂိမ်းကစားလျက် ရှိနေဆဲမှာပဲ အခန်းတံခါးက ဆွဲဖွင့်ခံလိုက်ရသည်။ "အဲ့လောက် မြန် .."

သူ မော့ကြည့်လိုက်ချိန် ရောက်လာသူမှာ ယွီဖုန်းချန် ဖြစ်နေလေသည်။

ယွီဖုန်းချန် သူ့ကို ကြည့်လာသည်။ "အဖျားရှိတာတောင် ဂိမ်းဆော့နေတုန်းလား။"

ပိုင်ရှင်းယွီ iPadကို ဘေးပစ်ချလိုက်သည်။ "ငါ အကြာကြီး အိပ်ပြီးသွားပြီ၊ ထပ်မအိပ်နိုင်တော့ဘူး။ ဒီတိုင်း လှဲနေရတာလည်း ပျင်းဖို့ကောင်းတယ်။"

ယွီဖုန်းချန် သစ်သီးထုတ်ကို ခေါင်းရင်းဘေးချပြီး အိပ်ရာပေါ် ထိုင်ချလိုက်သည်။ "နေရ သက်သာရဲ့လား။"

ပိုင်ရှင်းယွီ ခေါင်းခါပြရင်းနှင့် သူ့အကြည့်က ဘေးက မက်မွန်သီးများအပေါ် ရောက်သွားသည်။

ယွီဖုန်းချန် ပြောလာသည်။ "စားချင်လို့လား။"

"မင်း ငါ့အတွက် နွှာပေး။"

ယွီဖုန်းချန် ပြုံးပြီး သစ်သီးလှီးဓားကို ယူကာ အခွံနွှာပြီးနောက် အစိတ်များ လှီးဖြတ်နေရင်း ပိုင်ရှင်းယွီ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ပိုင်ရှင်းယွီလည်း ပါးစပ်ဟထားရင်း စားလိုက်သည်။ ဒီနေ့ သူ့ပါးစပ်က အရမ်းကို ခါးနေတာဖြစ်ပြီး အခုမှ အချိုလေး စားလိုက်ရသည်မို့ အလွန်ကို နေရထိုင်ရကောင်းသွားသည်။

ယွီဖုန်းချန် ပိုင်ရှင်းယွီ တစ်ကိုယ်လုံး မလှုပ်မယှက်နှင့် အိပ်ယာပေါ် လှဲနေရင်း ပါးစပ်တစ်ခုတည်းကသာ ဟလာလိုက် ပိတ်သွားလိုက်နှင့် တမြုံမြုံဝါးနေလျက် ပါးများဖောင်းလာသည်ကို မြင်ချိန်တွင် သူက အလွန်အပျင်းတစ်နေပေမယ့် အတော်လေး ရယ်ချင်ဖွယ်ဖြစ်နေသည်။

မက်မွန်သီး တစ်ဝက်မျှ စားပြီးနောက်မှာတော့ ပိုင်ရှင်းယွီ ဗိုက်ပြည့်သွားပြီး ခေါင်းခါပြလိုက်သည်။ "မစားတော့ဘူး။"

ယွီဖုန်းချန် မက်မွန်သီးကို ဘေးချရင်း သူ့နဖူးကို ထိကိုင်ကြည့်လိုက်သည်။ "ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ထဖျားရတာလဲ။"

ပိုင်ရှင်းယွီ နှုတ်ခမ်းများက မဲ့ကျသွားသည်။ "ငါ မနေ့ညက ရေချိုးခန်းထဲ အဝတ်လျှော်လိုက်မိတာ။"

ယွီဖုန်းချန် ငုံ့ကိုင်းလိုက်ပြီး ခပ်ဖွဖွ ရယ်လိုက်သည်။ "ဒါဆို ငါ မင်းကို နမ်းရင် ငါ့ကိုကော အဖျားကူးလောက်လား။"

ပိုင်ရှင်းယွီ ယွီဖုန်းချန်အား စူးစိုက်ကြည့်နေရင်း သူ့အရှေ့ကော်လံကို ကိုင်ကာ အနားဆွဲခေါ်ပြီး သူ့နှုတ်ခမ်းများအား ပိတ်တားဆီးလိုက်သည်။ ပိုင်ရှင်းယွီက ဖျားနေတာမို့ သူ့နှုတ်ခမ်းအပူချိန်ကလည်း မြင့်တက်လျက် ရှိနေလေသည်။ ဒီအနမ်းလေးက ပြင်းပြမှုအပြည့်နှင့် ပူလောင်လှသည်။ သူ့နှုတ်ခမ်းအနားတစ်ဝှိက်က အပူချိန်က သူ့ကိုတောင် ပူလောင်လာစေသလို ယွီဖုန်းချန် ခံစားလိုက်ရသည်။ သူ ပိုင်ရှင်းယွီကိုယ်မှ ထုတ်လွှင့်နေသည့် အပူလှိုင်းများကိုပါ ခံစားနေမိသည်။ ထိုအပူလှိုင်းများက သူ့ခန္ဓာကိုယ်အတွင်းကိုပါ ထိုးဖောက်ဝင်လာရင်း သူ့တကိုယ်လုံးကိုပါ ပူလောင်လာစေသည်။

နမ်းပြီးချိန်မှာတော့ ပိုင်ရှင်းယွီမှာ အမောလွန်ကာ အသက်လုရှုနေရင်းနှင့် ရယ်ပြီး ပြောလိုက်သည်။ "သေအောင် အဖျားကူးသွားလည်း ကောင်းတာပဲ။"

"လုပ်စမ်းပါ၊ ငါလည်း နှစ်ရက်လောက် နားလို့ ရတာပေါ့။"

ပိုင်ရှင်းယွီ မမျှော်လင့်ထားသလို မျက်ခုံးပင့်သွားသည်။ "မင်းက နားချင်တယ်။ မင်းက စူပါမန်း မဟုတ်ဘူးလား။ နှစ်ရက်ကျော် နားတာက မင်း လေ့ကျင့်ရေးကို ထိခိုက်သွားမယ်လေ။"

ယွီဖုန်းချန် သူ၏ ထေ့ငေါ့ပြောမှုကို မကြားချင်ယောင်ဆောင်ထားပြီး ပိုင်ရှင်းယွီ၏ နှုတ်ခမ်းအား လက်မဖြင့် ဖိသုတ်ပေးရင်း ပြောလိုက်သည်။ "အလုပ်လုပ်ပြီး နားရမှာပေါ့။"

ပိုင်ရှင်းယွီ သူ့လက်ကို တွန်းထုတ်လိုက်သည်။ "မင်း ညစာ သွားမစားဘူးလား။ ဘာလို့ ဒီရောက်နေတာလဲ။"

"အဓိပ္ပါယ်မရှိ၊ မင်းကို လာတွေ့တာ မဟုတ်ရင် ငါက ဘာလို့ ဒီရောက်နေရမှာလဲ။"

"အခု တွေ့ပြီးပြီပဲ၊ မင်း ပြန်တော့။ ငါ ဂိမ်းဆော့စရာ ရှိသေးတယ်။"

ယွီဖုန်းချန် သမ်းဝေလိုက်သည်။ "ငါ အခုတလော ကောင်းကောင်းမအိပ်ပျော်ဘူး။" ပြောပြီးသည်နှင့် သူ ဖိနပ်ချွတ်ကာ စောင်ကို လှပ်မပြီး အိပ်ရာထဲ ဝင်လှဲလိုက်သည်။ "ငါ့ကို ခဏလောက် ပေးလှဲ။"

ပိုင်ရှင်းယွီ ထိတ်လန့်သွားသည်။ "မင်း ရူးနေတာပဲ။ ဒါက ဆေးခန်း၊ ခဏနေကြရင် ဆရာဝန် ပြန်လာတော့မှာ။"

"ငါ တံခါး လော့ချခဲ့တယ်။"

"အဲ့တာ ဘယ်လို အကြောင်းပြချက်မျိုးလဲ။"

"မင်း စိတ်ပူမနေနဲ့။" ယွီဖုန်းချန် သူ့အား ဝက်ဝံကြီးတစ်ကောင်လို သိုင်းဖက်လာသည်။ "မင်းကို ဖက်ထားရတာ အရမ်းနွေးတာပဲ။ ငါ့ကို ခဏ ပေးဖက်ကွာ။"

ပိုင်ရှင်းယွီ ကြောင်အသွားပြီး သူ ဘာမှ မတုန့်ပြန်နိုင်သေးခင်မှာပဲ ယွီဖုန်းချန် လက်မောင်းများအကြား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားလိုက်ရသည်။ သူ ဆိတ်ငြိမ်လျက် ယွီဖုန်းချန် ရင်ခွင်ထဲ အချိန်ခဏတာမျှ နေပြီးကာမှ ယွီဖုန်းချန် တိုးတိုးလေး ပြောလာသည်။

"နေမကောင်းဖြစ်ရင် ခါးနာတတ်လား။"

"ထင်တာပဲ။"

"ဒါဆို ငါ မင်းကို နှိပ်ပေးမယ်။"

ယွီဖုန်းချန် တကယ်ကို သူ့နောက်ကျောကို ပွတ်ပေးလာသည်၊ ဖွဖွလေးလည်း မဟုတ်သလို ကြမ်းတမ်းနေတာမျိုးလည်း မဟုတ်ပဲ သက်တောင့်သက်သာ ရှိလှသည်။

ပိုင်ရှင်းယွီလည်း သမ်းဝေလိုက်ရင်း တစ်ဖန် ပြန်အိပ်ချင်လာသလို ခံစားလိုက်ရသည်။ သူ့ခေါင်းကလည်း မူးဝေဝေဖြစ်လာသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ "မင်း သိလား။ အဖွဲ့ခေါင်းဆောင်ကလည်း 'နှင်းကျားသစ်တပ်မဟာ'ကို သွားတော့မှာတဲ့။"

"သိတယ်။" ယွီဖုန်းချန် ညင်ညင်သာသာပြန်ဖြေလာသည်။

"အင်း၊ သွားပါ၊ အကုန်လုံး သွားကြ .."

ယွီဖုန်းချန် ပိုင်ရှင်းယွီခေါင်းကို သူ့လည်ပင်း ညှပ်ရိုးအနား မှီစေပြီး တိုးတိုး ကပ်ပြောလိုက်သည်။ "အိပ်စရာရှိတာ အိပ်။"

ပိုင်ရှင်းယွီ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ "ယွီဖုန်းချန်"

"ဟင်"

"မင်းက အရူးပဲ။

ယွီဖုန်းချန် မျက်ဆန်လှန်လိုက်သည်။

ပိုင်ရှင်းယွီလည်း မျက်လုံး မှိတ်ထားလိုက်ရင်း တဖြည်းဖြည်းနှင့် အိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားတော့သည်။

နှစ်ရက်ကြာမျှ အိပ်ရာထဲ လှဲရင်း ဆေးထိုး၊ ဆေးသောက်လုပ်ပြီးနောက်မှာတော့ ပိုင်ရှင်းယွီ၏ အဖျားလည်း တဖြည်းဖြည်း လျော့ကျလာပြီး သူလည်း အဆောင်ကို အပြေးပြန်လာတော့သည်။ စစ်တပ်က သူ နားနေတာကို စောင့်ဆိုင်းနေမှာ မဟုတ်။ သူ သက်သာလာသည်နှင့် လေ့ကျင့်ရေးများ စတင်လုပ်ဆောင်ရတော့သည်။

ရက်အနည်းငယ်အတွင်းမှာပဲ သူ၊ ယွီဖုန်းချန်၊ ဖုန်းသုန့်ယွမ်၊ တာ့ရှုန်းနှင့် လျန်းရှောင်းမောင်းတို့ အတူတကွ ချန်းကျင်း၏ သီးသန့် ခေါ်ထုတ်ခြင်းကို ခံလိုက်ရသည်။ သေချာသလောက် သူတို့ကို ပြောစရာရှိလို့ ခေါ်တာ ဆိုပေမယ့် ချန်းကျင်း ပြောလာသည့်စကားက သူတို့အားလုံးကို တအံ့တဩဖြစ်သွားစေသည်။

"စစ်သင်တန်း?" ပိုင်ရှင်းယွီ မျက်လုံးများက ပြူးကျယ်သွားသည်။

"ဟုတ်တယ်၊ ဒီရှင်းကျန့်မြို့ရဲ့ အလယ်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ စစ်သင်တန်းဖွင့်လှစ်ပေးမှုကို ငါတို့ စစ်တပ်ကပဲ တာဝန်ပေးရတာ။ ဒီတစ်ခေါက် Korlaမှာ စစ်သင်တန်းတက်ဖို့လိုနေတဲ့ ပထမတန်းနှစ်အဖွဲ့တွေ ရောက်လာလို့ နည်းပြ အယောက် ၃၀လိုနေတယ်။ တပ်ရင်းခေါင်းဆောင်က တပ်ခွဲခေါင်းဆောင်ကို အစီအစဉ် ဆွဲခိုင်းလိုက်ပြီး တပ်ခွဲခေါင်းဆောင်က ငါ့ကို တာဝန်လွှဲသွားတယ်။ အဲ့တော့ ငါ ငါတို့တန်းခွဲထဲက မင်းတို့လေးယောက်ကို နှစ်ပတ် အပြင်ခေါ်သွားမယ်။ အတော်လေး ရိုးရှင်းတယ်ဆိုပေမယ့် အလေးအနက်ထားပြီးတော့ မင်းတို့ လုပ်ရမယ်။"

တာ့ရှုန်း စိတ်လှုပ်ရှားတကြီး ပြောလိုက်သည်။ "လူသစ်လေးတွေလား။ ကျွန်တော်တို့နဲ့လည်း အသက်သိပ်မကွာလောက်ဘူး။ မိန်းမလှလေးတွေလည်း ရှိနေမှာပဲ။"

ချန်းကျင်း သူ့အား စူးကနဲ ကြည့်လိုက်သည်။ "ကျောင်းသူတွေကို လက်လွတ်စပယ် သွားမထိပါးနဲ့။"

တာ့ရှုန်း ပြုံးပြီး ပြောလိုက်သည်။ "အိုက်ရား၊ ခေါင်းဆောင်။ ဘာလို့အဲ့လောက် အလေးအနက်ထားနေရတာလဲ။ ကျွန်တော်က ဒီတိုင်း ပြောလိုက်တာ။ ကျွန်တော်လည်း အဲ့လိုလုပ်တာ ကောင်းတယ်လို့ မတွေးပါဘူး။ ဒါပေမယ့် နေ့တိုင်း ယောက်ျားအိုကြီးတွေကို မြင်နေရတာထက် မိန်းကလေးတွေကို မြင်ရတာ ပိုမကောင်းဘူးလား။"

လျန်းရှောင်းမောင်းလည်း အရမ်း စိတ်လှုပ်ရှားသွားသည်။ "ကောင်းလိုက်တာ၊ ကျွန်တော်တို့က သူများတွေကို ပြန်သင်ပေးရတော့မယ်။"

ပိုင်ရှင်းယွီလည်း ပျော်ရွှင်တကြီး ပြောလိုက်သည်။ "ခေါင်းဆောင်၊ Korlaမှာ စိတ်ဝင်စားစရာလေး ဘာများရှိလဲ။"

ချန်းကျင်း တံခါးကို ပုတ်လိုက်သည်။ "လေးလေးနက်နက်လုပ်စမ်းပါ။ မင်းတို့တွေက ကျောင်းသူ၊ကျောင်းသားတွေကို စစ်သင်တန်း ပြန်ပေးရမှာ။ မင်းတို့အကုန်လုံး ဘာတွေ တွေးနေကြတာလဲ!"

သူတို့အကုန်လုံး ချက်ချင်းဆိုသလို စကားပြောနေခြင်း ရပ်သွားကြသည်။

ယွီဖုန်းချန် ပြောလာသည်။ "ခေါင်းဆောင်၊ မသွားလို့ ရမလား။ ကျွန်တော် စိတ်မဝင်စားဘူး။"

ချန်းကျင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ "ငါတော့ မင်းကို အနားယူစေချင်တယ်။ အမြဲတမ်းကြီး စိတ်ကို တင်းထားတာ မကောင်းဘူး။ သွားလိုက်။"

ယွီဖုန်းချန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်"

ချန်းကျင်း ဖုန်းသုန့်ယွမ်ကို လှမ်းကြည့်လိုက်သည်။ "သုန့်ယွမ်၊ မင်းကော ပြောချင်တာများ ရှိလား။ မင်းတစ်ယောက်ပဲ ဘာမှ မပြောရသေးတာ။"

ဖုန်းသုန့်ယွမ် ပြုံးလိုက်သည်။ "ကျွန်တော် မျှော်လင့်တကြီး ဖြစ်နေတာ။ တက္ကသိုလ်တစ်ခုက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်တော် အမြဲ မြင်ချင်နေခဲ့တာ။"

"ဒါဆို အဆင်ပြေပြီပဲ။ မင်းတို့တွေ အသင့်ပြင်ထားကြ၊ ငါတို့ သန်ဘက်ခါ သွားကြမယ်။"

ချန်းကျင်း ထွက်သွားပြီးနောက် ပိုင်ရှင်းယွီ ဖုန်းသုန့်ယွမ် ပခုံးကို ဖက်ပြီး ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ "ကောင်းလိုက်တာ၊ နောက်ဆုံးတော့ ငါတို့ တကယ့်မြို့ကြီးကို သွားလို့ ရခဲ့ပြီ။ သုန့်ယွမ်၊ ဒီတစ်ခါတော့ မင်း ပျော်လို့ရအောင် ငါ သေသေချာချာ ခေါ်သွားပေးမယ်။"

လျန်းမောင်းမောင်း နှာရှုံ့လိုက်သည်။ "ခေါင်းဆောင်က ပြောနေတယ်၊ အပျော်အပါးအတွက် သွားတာ မဟုတ်ဘူးလို့။"

ပိုင်ရှင်းယွီ နှုတ်ခမ်းမဲ့ပြပြီး ပြောလိုက်သည်။ "ငါလည်း မင်းကို ခေါ်မသွားပါဘူး။"

တာ့ရှုန်းကတော့ လက်နှစ်ဖက်ကို ပွတ်ရင်း ပြောလာသည်။ "အား၊ ငါတော့ မိန်းမလှလေးတွေ အများကြီး ရှိတဲ့အခန်းမှာ တာဝန်ကျရင် ကောင်းမှာပဲ။" ပြောပြီးသည်နှင့် သူ လေတချွန်ချွန်နှင့် ပျော်ပျော်ကြီး အပြင်လျှောက်ထွက်သွားတော့သည်။

ယွီဖုန်းချန် တစ်ယောက်တည်းကသာ မျက်မှောင်ကြုတ်သွားသည်။ "အချိန် သက်သက်ဖြုန်းတယ်။"

ပိုင်ရှင်းယွီ တွေးလိုက်မိသည်။ သူ ဘာလို့များ အဲ့လောက်ကြီး လေ့ကျင့်ရတာကို ကြိုက်နေရတာလဲ။ သေတဲ့အထိသာ လေ့ကျင့်နေလိုက်ပါတော့လား။ သူကိုယ်တိုင်၏ ရလဒ်များကလည်း ထိုးထိုးထောင်ထောင် တက်နေတာဖြစ်သည်။ အတော်ဆုံးတော့ မဟုတ်ပေမယ့် အလယ်အလတ်တန်းဝင်နေပြီ ဖြစ်၏၊ အခြားသူများကို အမှီလိုက်နိုင်ဖို့ သူ နေ့တိုင်း အင်အားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း ကြိုးစားနေသည်ဆိုပေမယ့် သူ့လေ့ကျင့်နှုန်းထားနှင့် ယွီဖုန်းချန်အကြား ကွာဟချက် ကြီးမားနေသေးသလို ခံစားနေရသည်။ သူ တကယ်ပဲ ယွီဖုန်းချန်၏ ဇွဲလုံလကြီးမှုကို အမှီမလိုက်နိုင်။

ဖုန်းသုန့်ယွမ် နှစ်သိမ့်ပေးလိုက်သည်။ "ဖုန်းချန်၊ ငါ့အထင် ခေါင်းဆောင်ပြောတာ မှန်တယ်ကွ။ မင်းလည်း ခဏတဖြုတ်တော့ နားသင့်တယ်။"

ယွီဖုန်းချန် ခေါင်းငြိမ့်ပြလိုက်သည်။ "အဲ့လိုလုပ်ဖို့ပဲ ရှိတော့တာပေါ့။"

နောက်တစ်နေ့မနက်မှာတော့ တပ်သားအယောက်သုံးဆယ် ထရပ်ကားကြီးထဲဝင်ကာ လေယာဉ်ကွင်းဆီ ခရီးနှင်ကြသည်။ သူတို့ စစ်တပ်လေ့ကျင့်ရေးကနေ အနားရရုံတင်မကဘဲ တပ်ကလည်း ထောက်ပံ့ကြေးရသလို၊ သင်တန်းကျောင်းက တပ်သားတွေ လေးစားတာလည်းခံရသည်။ တစ်နှစ်နှစ်ခါရတတ်တဲ့ အခွင့်အရေးပေမယ့် အမြဲတမ်းရတာမဟုတ်တော့ တပ်သားအုပ်စုလည်း စိတ်လှုပ်ရှားနေကြသည်။ တကယ်တမ်းကျတော့လည်း သူတို့အားလုံးက နှစ်ဆယ်‌စွန်းစွန်း အရွယ်လေးတွေဖြစ်ပြီး အားလပ်ရက်ကိုမျှော်လင့်ကြသည်သာ။

သူတို့ လေယာဉ်စီးပြီးနောက် ကို့အာလဲ့ကို ပျံသန်းသွားလိုက်ကြသည်။ ကျောင်းမှ သူတို့အား လာကြိုဖို့ ဘတ်စ်ကားတစ်စီး လွှတ်ပေးထားလေသည်။ အဖွဲ့၏ ခေါင်းဆောင်က စီနီယာအမျိုးသမီး ကောင်မလေး ဖြစ်ပြီး သူမပုံစံက ဖြူစင်ချိုမြိန်ပုံပေါ်လှသည်။ သူတို့ကို ကားပေါ်မှတစ်ဆင့် ကို့အာလဲ့မြို့အကြောင်း ရှင်းပြပေးနေချိန် စစ်သားတော်တော်များများက သူမအကြောင်း တိတ်တခိုး တီးတိုးပြောလျက်ရှိနေကြသည်။ သို့ပေမယ့် အပြင်ပမ်းမှာတော့ သူတို့အကုန်လုံးက အရာရာကို အလေးအနက်ထားနေသလို ဟန်ဆောင်နေရသည်။ မဟုတ်ပါက သူတို့ကို လူတွေ မလေးစားကြတော့မှာ ကြောက်ရွံ့ကြ၍ဖြစ်သည်။ ပိုင်ရှင်းယွီက သူတို့အထဲ အသက်အကြီးဆုံးဖြစ်ကာ ဒီစစ်သားငယ်လေးများကို အတော်လေး ချစ်စရာကောင်းသည်ဟု တွေးနေမိနေသည်။

သူတို့အကုန်လုံးအတွက် ကျောင်းအနီးရှိ ဟော်တယ်တစ်ခုတွင် အခန်းငှါးထားပေးသည်။ အခန်းခွဲယူရမည့်အချိန်ရောက်ချိန်မှာတော့ ဖုန်းသုန့်ယွမ်က အခန်းကတ်နှစ်ခုကို ယူပြီး ပိုင်ရှင်းယွီအား ပြောလာသည်။ "ရှင်းယွီ၊ ငါတို့ တစ်ခန်းနေမယ်။ သွားစို့။"

ပိုင်ရှင်းယွီ မနေနိုင်စွာ ယွီဖုန်းချန်ကို လှမ်းကြည့်မိလိုက်ပြီး ယွီဖုန်းချန်ကလည်း သူ့ကို ကြည့်လျက်ရှိနေတာကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီးနောက် ပိုင်ရှင်းယွီ အတော်လေး ရှက်ရွံ့သွားသည်။ သူ ဘာတွေများ တွေးနေမိတာလဲ။ သူ ဘယ်လိုလုပ် ယွီဖုန်းချန်နှင့် အိပ်လို့ရမှာလဲ။ အဲ့ဒါက သူ့တင်ပါး ပွင့်အာလာဖို့ အခွင့်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်နေမှာ မဟုတ်ဘူးလား။ သူ သူ့လက်ဆွဲအိတ်ကို ယူပြီး ဖုန်းသုန့်ယွမ်ကို ဆွဲခေါ်သွားလိုက်သည်။

"သွားရအောင်။"

KittyKitling

T/N : တစ်ပိုင်း တစ်ပိုင်း အရှည်ကြီးတွေ ဖြစ်လာပြီ။

_____///_____

[Zawgyi]

'ေဆး႐ုံခန္းထဲ ဘာျဖစ္ခဲ့တာလဲ။'

ပိုင္ရွင္းယြီ အံ့အားသင့္သြားသည္။ "ေခါင္းေဆာင္၊ ခင္ဗ်ား တကယ္သြားေတာ့မွာလား။"

ခ်န္းက်င္း ေခါင္းၿငိမ့္လိုက္သည္။ "'ႏွင္းက်ားသစ္တပ္မဟာ'ဆိုတာက စစ္သားတိုင္း အားက်စိတ္ကူးယဥ္ရတဲ့ ေနရာပဲေလ။ သူက လုံးဝ ကြဲျပာျခားနားသြားတဲ့ ဘဝတစ္ခုကိုလည္း ကိုယ္စားျပဳတယ္။ အစကေတာ့ ငါ စစ္တကၠသိုလ္ေက်ာင္း သြားခ်င္ခဲ့ေပမယ့္ အခုေတာ့ သြားမရေတာ့ဘူး။ ေဟာ့ေခ်ာင္ကလည္း ငါ့ကို လာခဲ့ဖို႔ ခဏခဏ ေခၚေနတာဆိုေတာ့ ငါလည္း အေတာ္လည္း စိတ္ယိုင္ခ်င္လာတယ္။ အဲ့တာေၾကာင့္ ငါ စမ္းၾကည့္ခ်င္မိတယ္။ ေသေတာ့မေသခ်ာပါဘူး။ ငါ အထုတ္ခံလိုက္ရရင္ ျပန္လာရမွာ။ အဲ့ခါက်ရင္ေတာ့ ငါ့ကို မရယ္နဲ႔ေပါ့။"

ပိုင္ရွင္းယြီ ေခါင္းခါယမ္းလိုက္ၿပီး ေျပာလိုက္သည္။ "ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။ ေခါင္းေဆာင္က 'ႏွင္းက်ားသစ္တပ္မဟာ'ကို သြားရပါေစ၊ မသြားရပါေစ ေတာ္ေနမွာပဲ .. ဒါေပမယ့္ .. အခုက ေဟာ့ေခ်ာင္ကိုယ္တိုင္က ဖိတ္ေခၚထားတာဖို႔ အျဖဳတ္ခံရဖို႔က ျဖစ္နိုင္ပါ့မလား။"

"ျဖစ္နိုင္တာေပါ့။ တပ္ရင္းရဲ့ ေထာက္ခံစာအျပင္ ေဟာ့ေခ်ာင္က မၾကာခဏဆိုသလို တပ္ဌာနခြဲေတြ တပ္ရင္းေတြကို သြားလည္ၿပီး သူ႔စိတ္ထဲ သင့္ေတာ္တယ္လို႔ ခံစားရတဲ့ စစ္သားအခ်ိဳ႕ကို ေရြးေလ့ရွိတယ္။ တစ္ႏွစ္ကို ႏွစ္ႀကိမ္၊ ဒါမွမဟုတ္ သုံးႀကိမ္၊ အဲ့စစ္သားေတြကို .. မဟုတ္ေသးဘူး၊ အမ်ားစုက စစ္သားေတြ မဟုတ္ဘူး။ တပ္ၾကပ္အဆင့္အရာရွိ၊ စစ္ေရးအရာရွိ၊ တစ္ခါတစ္ေလ အဲ့ထက္ရာထူးျမင့္ စစ္အရာရွိေတြေတာင္ ပါေသးတယ္၊ သူတို႔ကို 'ႏွင္းက်ားသစ္တပ္မဟာ'ရဲ့ လူေရြးပြဲမွာ လာယွဥ္ၿပိဳင္ခိုင္းတယ္။ အကုန္လုံးက သူတို႔တပ္ရင္းကိုယ္စီရဲ့ ထိပ္တန္းစစ္သားေတြပဲမို႔လို႔ လူေရြးပြဲက အရမ္းတင္းၾကပ္တယ္။ ငါ ၾကားတာေတာ့ ျဖတ္ေက်ာ္ရမယ့္ အဆင့္ သုံးဆင့္နဲ႔ ေလးဆင့္အၾကား ရွိတယ္တဲ့။ ေဟာ့ေခ်ာင္က ငါ့ကို လူေရြးပြဲထဲ ဝင္ယွဥ္ၿပိဳင္ေစခ်င္တယ္ဆိုေပမယ့္ ေအာင္ျမင္မလား၊ အထုတ္ခံရမလားက ငါ့အေပၚ မူတည္သြားၿပီ။"

ပိုင္ရွင္းယြီ အသက္ျပင္းျပင္း ရွုလိုက္သည္။ "ေခါင္းေဆာင္၊ ယြီဖုန္းခ်န္လည္း လူေရြးပြဲမွာ ဝင္ၿပီးယွဥ္ၿပိဳင္မွာ ေခါင္းေဆာင္ သိထားလား။"

ခ်န္းက်င္း ျပဳံးရင္း ေျပာလိုက္သည္။ "သူ 'ႏွင္းက်ားသစ္တပ္မဟာ'ကို သြားဖို႔ ပန္းတိုင္တည္ထားတာ မသိတဲ့သူ ဘယ္သူမ်ားရွိလဲ။ ငါ သူ႔ကို အေတာ္ေလး အားက်မိတယ္။ သူက မေသြဖယ္တဲ့ စိတ္ဆုံးျဖတ္ခ်က္ရွိေန႐ုံတင္ မဟုတ္ဘူး၊ အဲ့စိတ္ဆုံးျဖတ္ရာကို အေရာက္သြားနိုင္တဲ့ အစြမ္းအစပါ ရွိတယ္။ ဒီလို မဆုတ္နစ္တဲ့ဇြဲလုံလနဲ႔ ျပင္းထန္တဲ့ စိတ္ခြန္အား ရွိေနတဲ့ လူမ်ိဳးက ေသခ်ာသေလာက္ တပ္မဟာက လိုအပ္ေနတဲ့ လူမ်ိဳးပဲေလ။"

"ဒါေပမယ့္ ေခါင္းေဆာင္ေျပာသလိုဆို သူ လူေရြးပြဲမေအာင္တာလည္း ျဖစ္နိုင္တာေပါ့။"

"ဒါလည္း ဟုတ္တာေပါ့။ ဘယ္လို မေတာ္တဆကိစၥမ်ိဳးမဆို ျဖစ္လာနိုင္တာပဲ။ ဒါေပမယ့္ အခုေလာေလာဆယ္ေတာ့ သူက ျဖစ္နိုင္ေခ် အလားအလာအရွိဆုံးပဲ။" ခ်န္းက်င္း ဆက္ေျပာသည္။ "မင္းေကာ 'ႏွင္းက်ားသစ္တပ္မဟာ' အဖြဲ႕ဝင္ဖို႔ စိတ္ဝင္စားေနတာလား။"

ပိုင္ရွင္းယြီ သူ႔ေခါင္းကို ထပ္တလဲလဲ ခါယမ္းလိုက္သည္။ "ကၽြန္ေတာ္? ကၽြန္ေတာ္က အေနာက္မွာ က်န္ရစ္ေနတဲ့ သူပါဗ်ာ၊ အဲ့အေၾကာင္း ေတြးေတာင္ မေတြးၾကည့္ရဲပါဘူး။"

ခ်န္းက်င္း ျပဳံးလိုက္သည္။ "အဲ့တာက ဘာမွ မဟုတ္ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက ဒီေနရာကို ေရာက္ဖူးေနခ်င္ၾကတာ။ ၿပီးေတာ့ ပထမအဆင့္ လူေရြးပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔က ခက္ခဲတဲ့ ကိစၥတစ္ခုမဟုတ္ဘူး။ တပ္ဖြဲ႕က ေထာက္ခံခ်က္ ေပးတဲ့သူေတြအျပင္၊ ကိုယ့္ဘာသာလည္း စာရင္း သြားေပးလို႔ရတယ္။ ပထမအဆင့္ လူေရြးပြဲက သီခ်င္းၿပိဳင္ပြဲ ဝင္ၿပိဳင္ဖို႔ စာရင္းသြင္းသလိုမ်ိဳးပဲ။ ဒါေပမယ့္ ယွဥ္ၿပိဳင္တဲ့သူ အမ်ားႀကီး မရွိရင္ေတာင္ ထုတ္ပယ္ခံရတာေတာ့ အျမင့္ဆုံးပဲ။ အထက္ကလည္း တပ္သားသစ္ေတြကို အျမင္က်ယ္ေအာင္ လုပ္ေပးခ်င္တဲ့ စိတ္ဆႏၵရွိေနတာမို႔ မင္း စိတ္ဝင္စားရင္ ငါ လိုက္ျပေပးလို႔ ရတယ္။"

ပိုင္ရွင္းယြီ လၽွာကိုက္မိမလိုပင္ ျဖစ္သြားသည္။ "အာ? အဲ့ေလာက္ လြယ္တာလား။"

ခ်န္းက်င္း ေခါင္းၿငိမ့္ျပလာသည္။ "အဆင့္ သတ္မွတ္ခ်က္ ရလဒ္ေတြက ဆိုးမေနသ၍ ပုံမွန္အားျဖင့္ တပ္ဖြဲ႕က သြားခြင့္ေပးတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ မသိၾကဘူး၊ သူတို႔ထင္တာ ေထာက္ခံစာ ရမွ ဝင္ၿပိဳင္လို႔ ရတယ္ ထင္ေနၾကတာ။ ဒါေပမယ့္လည္း ငါ မင္း ဝင္ၿပိဳင္ဖို႔ကို အားမေပးခ်င္ဘူး။ ဘာလို႔ဆို ပထမအဆင့္ လူေရြးပြဲက အရမ္း ရက္ရက္စက္စက္နိုင္ၿပီး လူေတာ္ေတာ္မ်ားမ်ားလည္း အထုတ္ခံရတယ္။ သူတို႔ ျပန္ေရာက္လာတဲ့အခ်ိန္က် စိတ္ထဲ အရိပ္မည္းေျခာက္လွန့္ခံရတာမ်ိဳးေတြ အခ်ိန္အေတာ္ၾကာ ခံစားရတာမ်ိဳးေတြ ရွိတယ္တဲ့။"

ပိုင္ရွင္းယြီ တံေတြး ၿမိဳခ်မိသြားသည္။ "ဘယ္လိုျဖစ္လို႔ ၾကားရတာ သရဲအိမ္တံခါးကို ျဖတ္သြားရေတာ့မယ့္ ခံစားခ်က္မ်ိဳးကို ေပးေနတာပါလိမ့္။"

ခ်န္းက်င္းအသံတြင္ စိတ္လွုပ္ရွားျခင္းမ်ား အရိပ္ႁမြက္ၿပ ပါဝင္ေနသည္။ "အဲ့တာေၾကာင့္မို႔လို႔လည္း 'ႏွင္းက်ားသစ္တပ္မဟာ'က လူေတြကို စိတ္အင္အားတက္ႂကြေအာင္ လုပ္ေပးေနတဲ့ တစ္ခုတည္းေသာ တပ္မဟာ ျဖစ္ေနတာေလ။ ေရြးခ်ယ္ေရး နည္းလမ္းေတြကလည္း တစ္ႏွစ္နဲ႔ တစ္ႏွစ္ တူညီသြားတယ္ကို မရွိဘူး။ ငါ တကယ္ကို ေမၽွာ္လင့္ ေစာင့္စားေနမိၿပီ။

ပိုင္ရွင္းယြီ ျပဳံးၿပီး ေျပာလိုက္သည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ့္အထင္ ေခါင္းေဆာင္ရဲ့ ခြန္အားမ်ိဳးနဲ႔ဆို အဆင္ေျပမွာပါ။ ႀကိဳးစားထား။"

တပ္ခြဲ(၃)၏ တန္းခြဲေခါင္းေဆာင္တစ္ေယာက္ျဖစ္လာျခင္းက သံသယျဖစ္ဖြယ္မရွိ ၿပီးျပည့္စုံေသာ စြမ္းအားမ်ားရွိေနျခင္းေပၚသာ မူတည္သည္။ မဟုတ္ပါက ဘယ္လိုလုပ္ ရႊီခၽြမ္၏ မ်က္လုံးထဲ သတိထားစရာျဖင့္ ဝင္ေရာက္နိုင္မွာလဲ။ ခ်န္းက်င္း၏ ျဖဴဖပ္ျဖဴေရာ္ ေက်ာင္းသားတစ္ေယာက္ႏွင့္ တူေနသည့္ ႐ုပ္ရည္ကို မၾကည့္သင့္။ သူက ဆိတ္ဆိတ္ေန ေနခ်ိန္ အနိုင္က်င့္ခံေနရသူတစ္ေယာက္အသြင္ေဆာင္ေနေပမယ့္ တပ္ရင္းတစ္ခုလုံးရွိ လူေပါင္း ၁၂၀၀ေက်ာ္တြင္ ခ်န္းက်င္းက ထိပ္တန္း ဆယ္ေယာက္ထဲတြင္ ပါဝင္ေနသည္။

ခ်န္းက်င္း ျပဳံးလိုက္သည္။ "ဟုတ္ပါၿပီ။ သြား အိပ္ေတာ့။ မနက္ျဖန္ ေလ့က်င့္ေရးမွာ မင္း ငိုက္ေနလို႔ မျဖစ္ဘူး။"

"ဟုတ္"

ပိုင္ရွင္းယြီ သူ႔ကုတင္သို႔ ျပန္ေရာက္သည္ႏွင့္ ခ်န္းက်င္း ေျပာခဲ့သည့္အေၾကာင္းမ်ားကို ျပန္ေတြးေနမိသည္။ ဒီလို ပထမအဆင့္ လူေရြးပြဲအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္က ရယူဖို႔ မခက္ခဲဘူးဆိုပါက သူေကာ အျမင္က်ယ္ေအာင္ သြားေရာက္ၾကည့္သင့္ပါသလား။ သို႔ေပမယ့္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသူမ်ားက တပ္ခြဲ၊ တပ္ရင္းမ်ား၏ ထိပ္တန္း စစ္သားမ်ားသာျဖစ္သည္။ သူက ထိုေနရာသို႔ သြားရန္ မသက္ဆိုင္သူတစ္ေယာက္ျဖစ္သည္။ ေလွာင္ေျပာင္ရယ္ေမာျခင္းေတာင္ ခံရနိုင္သည္။ သို႔ေပမယ့္လည္း အထူးတပ္ဖြဲ႕သားမ်ားတြင္ ဘယ္လို စြမ္းရည္မ်ိဳး ရွိၾကပါသလဲ သူ တကယ္ကို သိခ်င္မိသည္။ ဘာမွေတာ့ အထူးအဆန္းေတာ့ မျဖစ္ေလာက္တန္ရာ .. သူ အျမဲ အရယ္ခံေနရတာပဲ၊ ကိစၥႀကီးျဖစ္လာမွာ မဟုတ္။

ပိုင္ရွင္းယြီ တစ္ညလုံး ထိုျပႆနာအေၾကာင္းေတြးရင္း အခ်ိန္ကုန္ခဲ့ရာ နားခ်ိန္ေကာင္းေကာင္း မရခဲ့။ ထို႔ေၾကာင့္ သူ ေနာက္တစ္ေန႔ ေျပးရခ်ိန္တြင္ ငိုက္ျမည္းေနခဲ့သည္။ ေမၽွာ္မွန္းထားသည့္အတိုင္း ရႊီခၽြမ္က သူတို႔ကို အသက္ဝဝရွုခ်ိန္ေလးေတာင္ မေပး။ သူ မေန႔ညလယ္က 'အေရးေပၚ လူစုေဝးျခင္း' မလုပ္ခဲ့တာကိုက အေတာ္ေလး ညႇာတာေပးရာေရာက္ေနၿပီ ျဖစ္ၿပီး လာမည့္ေန႔ရက္ေတြထဲ ေလ့က်င့္ရမည့္ ပမာဏကို ေလ်ာ့နည္းမေပးထား။ ေန႔စဥ္ရက္ဆက္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ရၿပီးေနာက္မွာေတာ့ အခ်ိဳ႕လူမ်ား ဖ်ားနာကုန္ၾကသည္။ ပိုင္ရွင္းယြီလည္း အစကေတာ့ သူ႔က်န္းမာေရးက အလြန္ေကာင္းသည္ဟု ထင္ခဲ့သည္။ စစ္တပ္ထဲ ႏွစ္ဝက္ေက်ာ္မၽွ ေနၿပီးခ်ိန္တြင္ေတာင္ သူ ဖ်ားနားျခင္း မရွိခဲ့။ ေနာက္ဆုံးမွာေတာ့ သူ အေၾကာင္းျပခ်က္ ေရေရရာရာမရွိပဲ ထဖ်ားေတာ့ေလသည္။

မနက္ေစာေစာ ဖုန္းသုန့္ယြမ္ အိပ္ရာမွ နိုးလာစဥ္ ပိုင္ရွင္းယြီ အိပ္ရာေပၚ မလွုပ္မရွားပဲ လွဲေနတာကို ျမင္တာမို႔ လွုပ္နိုးၾကည့္ခ်ိန္ ပိုင္ရွင္းယြီ မ်က္ႏွာ တစ္ခုလုံး နီရဲေနၿပီး အသက္ရွုရာတြင္ ျပႆနာျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ ပိုင္ရွင္းယြီ နဖူးကို စမ္းၾကည့္ရင္း အထိတ္တလန့္ ျဖစ္သြားသည္။ "အာ၊ ရွင္းယြီ ဖ်ားေနၿပီ!"

ခ်န္းက်င္းႏွင့္ ယြီဖုန္းခ်န္က ပထမဆုံး အနားကို ေရာက္လာၾကသူမ်ားျဖစ္သည္။ အျခားသူမ်ားလည္း ဝိုင္းၿပီး လာၾကည့္ၾကေလသည္။ "အိုက္ရား၊ သူ႔မ်က္ႏွာက အဖ်ားရွိန္နဲ႔ နီရဲေနတာပဲ။"

ခ်န္းက်န္းေျပာလိုက္သည္။ "ဒီနားမွာ စုျပဳံမေနနဲ႔။ မင္းတို႔ေတြ ျမန္ျမန္ တန္းစီဖို႔ သြားေတာ့။ သုန့္ယြမ္နဲ႔ ငါက သူ႔ကို ေဆး႐ုံခန္း ပို႔ေပးလိုက္မယ္။

ယြီဖုန္းခ်န္ ဝင္ေျပာသည္။ "ကၽြန္ေတာ္လည္း သူ႔ကို လိုက္ပို႔ေပးမယ္။"

ခ်န္းက်င္း ျပန္ေျပာလိုက္သည္။ "မင္းက သြားၿပီး အသင္းကို ဦးေဆာင္။"

အခုတေလာ ယြီဖုန္းခ်န္က တန္းခြဲေခါင္းေဆာင္တစ္ေယာက္ပုံစံအတိုင္း ေနထိုင္ေနၿပီျဖစ္ကာ ခ်န္းက်င္း ထိန္းမနိုင္ေတာ့သည့္ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို ယြီဖုန္းခ်န္အား ကိုင္တြယ္ေျဖရွင္းဖို႔ လြဲေျပာင္းေပးျခင္း ခံရသည္။ ယြီဖုန္းခ်န္က တန္းခြဲေခါင္းေဆာင္၏ လက္ေထာက္ေနရာကို ရာထူးတိုးခံရေတာ့မည္ဟု သတင္းမ်ားလည္း ၾကားထားမိၿပီး သူႏွင့္ ထိုက္တန္လွေသာ ရာထူးေနရာပင္။

ယြီဖုန္းခ်န္မွာ အသင္းကို ဦးေဆာင္ေပးရေတာ့သည္။

ခ်န္းက်င္းႏွင့္ ဖုန္းသုန့္ယြမ္က ပိုင္ရွင္းယြီကို အဝတ္အစားလဲေပးၿပီးသည္ႏွင့္ သူတို႔ သူ႔အား ေဆး႐ုံခန္းဆီသို႔ သယ္သြားလိုက္သည္။

အကုန္လုံး ေဆာင္ရြက္ၿပီးသြားခ်ိန္မွာေတာ့ ပိုင္ရွင္းယြီ နိုးလာေလသည္။ သူ အဖ်ားရွိန္ေၾကာင့္ ေခါင္းမ်ား မူးေဝလ်က္ ရွိေနသည္။

"ဟမ္? ေခါင္းေဆာင္? သုန့္ယြမ္?"

ဖုန္းသုန့္ယြမ္ ေျပာလိုက္သည္။ "မင္း နိုးၿပီလား။ မေန႔ညက ေစာင္ကိုမ်ား ကန္ထုတ္ၿပီး အိပ္လိုက္လို႔လား။ ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ႀကီး ထဖ်ားရတာလဲ။"

ပိုင္ရွင္းယြီ ေဝဝါးဝါးႏွင့္ ေတြးေနမိသည္၊ သူ မေန႔ညက ဘာမွမဝတ္ပဲ ေရခ်ိဳးခန္းထဲ အဝတ္ထိုင္ေလၽွာ္မိေနလို႔မ်ားလား။ ေဆာင္းရာသီမွာ အဝတ္ေလၽွာ္ရတာ အရမ္းေအးလြန္းသည္။ ေရခ်ိဳးခန္းထဲမွ ေရမ်ား ပူလာဖို႔ကလည္း အခ်ိန္အေတာ္ၾကာ ေစာင့္ယူရသည္။ သူတို႔ မနက္မ်က္ႏွာသစ္ရင္လည္း ေရခဲေရႏွင့္ သစ္ရသလို ညဘက္အဝတ္ေလၽွာ္ခ်ိန္တြင္လည္း ထိုနည္းတူစြာပင္ျဖစ္သည္။ အဝတ္ေလၽွာ္ျခင္းက ေႏွးေကြးေနပါက ေရကုန္သြားတာလည္း ျမန္သည္မို႔ ေတာ္ေတာ္မ်ားမ်ားက ေရခ်ိဳးရင္းႏွင့္ တစ္ခါတည္း အဝတ္ပါ ေလၽွာ္ရသည္။ သူကိုယ္တိုင္လည္း ဒီလို ေလၽွာ္ဖြတ္ျခင္းက ပထမဆုံးအႀကိမ္မဟုတ္။ ဘယ္လိုျဖစ္လို႔ ထဖ်ားရတာပါလိမ့္။ ၾကည့္ရသည္မွာ အခုတေလာ သူ ပင္ပန္းလြန္းေနတာမို႔ ကိုယ္ခံအား အနည္းငယ္ ေလ်ာ့နည္းသြားပုံပင္။

သူတို႔ႏွစ္ေယာက္ ေဆး႐ုံခန္းထဲက အိပ္ရာေပၚ ေခၚသြားေပးခ်ိန္ ပိုင္ရွင္းယြီမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ထရယ္ေတာ့သည္။

ခ်န္းက်င္း နားမလည္နိုင္ျဖစ္သြားသည္။ "မင္း ဘာကို ရယ္ေနတာလဲ။"

ပိုင္ရွင္းယြီ ပလုံးပေထြး ေျပာလိုက္သည္။ "ကၽြန္ေတာ္ ေနာက္ဆုံးေတာ့ ရက္အနည္းငယ္ အနားယူလို႔ရၿပီ။"

ခ်န္းက်င္း သူ႔နဖူးကို ပိတ္ရိုက္လိုက္သည္။ "အေတြးထဲ ဒါပဲရွိတယ္။"

ပိုင္ရွင္းယြီ ခ်န္းက်င္းလက္ကို ဆြဲထားရင္း ခၽြဲၿပီး ေျပာလိုက္သည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ္ လည္ေခ်ာင္းေတြ နာေနတာ။ ကၽြန္ေတာ္ မွိုဆန္ျပဳတ္နဲ႔ သစ္ေတာ္သီး စားခ်င္တယ္ဗ်ာ။"

ခ်န္းက်င္းမွာ ရယ္ရခက္ ငိုရခက္ျဖစ္သြားသည္။ "ၿပီးမွ ငါ ဟင္းခ်က္ေဆာင္ကို သြားၿပီး မင္းအတြက္ လုပ္ေပးနိုင္မလား ေမးေပးမယ္။"

ပိုင္ရွင္းယြီ ခ်န္းက်င္းလက္ေမာင္းကို ဆြဲခါရင္း မ်က္ရည္အဝဲသားႏွင့္ ေမၽွာ္လင့္ခ်က္မ်ားစြာ ျပည့္ႏွက္ေနေသာ အသံျဖင့္ ေျပာလိုက္သည္။ "ေခါင္းေဆာင္ အခုသြားေမးေပးေလ။"

ထိုအခ်ိန္ တာဝန္က်ရာ ဆရာဝန္ ေရာက္လာၿပီး ေျပာလာသည္။ "ရို႔၊ ဒါ ဘယ္သူ႔ကေလးလဲ။ ဘာလို႔ နို႔က်ေတာ့ မေသာက္လဲ။"

ခ်န္းက်င္း အနည္းငယ္မွ ရွက္ရြံ႕သြားသည္။ "သူ ပုံမွန္ဆို ဒီလို လုပ္ေလ့မရွိပါဘူး။ သူ႔ဦးေႏွာက္ပါ အဖ်ားရိုက္သြားပုံပဲ။"

ဆရာဝန္က ပိုင္ရွင္းယြီကို သာမိုမီတာ တိုင္းလိုက္သည္။ "လူကို ငါနဲ႔ထားခဲ့လိုက္ေလ၊ မင္းတို႔ေတြ ျပန္ႏွင့္ေတာ့။"

ပိုင္ရွင္းယြီ ခ်န္းက်င္းလက္ကို မလႊတ္တမ္း ဆြဲကိုင္ထားသည္။ "ေခါင္းေဆာင္ ..."

ခ်န္းက်င္း ေျပာလိုက္သည္။ "ငါ သြားေမးေပးမယ္။"

ပိုင္ရွင္းယြီ ထိုအခါမွ လႊတ္ေပးလိုက္သည္။

ဖုန္းသုန့္ယြမ္ ေျပာလိုက္သည္။ "ရွင္းယြီ၊ ငါ နားခ်ိန္ေရာက္ရင္ လာေတြ႕မယ္။"

ပိုင္ရွင္းယြီ ဖုန္းသုန့္ယြမ္ကို လက္ယက္ေခၚကာ သူ႔ပါးစပ္ကို လက္ႏွင့္အုပ္ၿပီး တိုးတိုးေျပာလိုက္သည္။ "ဟင္းခ်က္ေဆာင္ရဲ့ ေရခဲေသတၱာထဲမွာ ေရခဲမုန့္ေတြရွိတယ္။"

ဖုန္းသုန့္ယြမ္ မရယ္ပဲ မေနနိုင္ေတာ့။

သူတို႔ႏွစ္ေယာက္ ထြက္သြားတာႏွင့္ ဆရာဝန္က ပိုင္ရွင္းယြီအား ေဆးထိုးေပးလိုက္ၿပီး ထို႔ေနာက္တြင္ေတာ့ သူလည္း အိပ္ေပ်ာ္သြားေတာ့သည္။

သူ နိုးလာခ်ိန္ေတာ့ ခ်န္းဝမ့္ဝမ္၏ မ်က္ႏွာႀကီးႀကီးက သူ႔မ်က္စိေရွ႕ ေပၚလာေလသည္။

"မင္းသမီးေလး ပိုင္? အိုက္ယား၊ မင္း နိုးလာၿပီပဲ။ မင္းသာ မနိုးလာေသးဘူးဆို ငါ့ကိုယ္ငါ အနစ္နာခံၿပီး အနမ္းတစ္ပြင့္နဲ႔ နိုးေပး႐ုံပဲ ရွိေတာ့မွာ။"

ခ်န္းဝမ့္ဝမ္ တီးတိုးဆက္ေျပာသည္။ "ငါ့မွာ လုပ္စရာေတြ အမ်ားႀကီး ရွိေနေသးတယ္။ အဲ့ဒါကို ေခါင္းေဆာင္က မင္းစားၿပီးတဲ့အထိ ေစာင့္ၿပီးမွ ျပန္ခဲ့တဲ့။ လာ လာ လာ၊ ေစ်းႀကီးႀကီး အစားေကာင္းေတြေတာ့ မရွိေတာ့ဘူး။ မွိုဆန္ျပဳတ္ေလး၊ ပူတုန္း လာစား။"

ပိုင္ရွင္းယြီ ထထိုင္ၿပီး ျပဳံးလိုက္သည္။ "ဝမ့္ဝမ္-ေကာ၊ ကၽြန္ေတာ္ ခင္ဗ်ားကို မေတြ႕တာေတာင္ အေတာ္ၾကာၿပီ။"

"မင္းက အရွက္မရွိ ေျပာရဲေသးတယ္ေပါ့။ ေျပာေတာ့ မၾကာခဏ လာလည္ပါ့မယ္ဆိုၿပီး တစ္လေက်ာ္ၾကာတာေတာင္ တစ္ႀကိမ္လာမလည္ဘူး။ ဟိုဝက္ေပါက္ေလးေတြေတာင္ ဟိုဟိုဒီဒီ ေျပးလႊားတတ္ေနၿပီ။"

ခ်န္းဝမ့္ဝမ္ အပူခံဘူးထဲမွ ဆန္ျပဳတ္ကို ထုတ္ၿပီး ပိုင္ရွင္းယြီကို လွမ္းေပးလိုက္သည္။ သို႔ေပမယ့္ ပိုင္ရွင္းယြီ လွမ္းမယူျပဳပဲ ခ်န္းဝမ့္ဝမ္ကိုသာ အေရာင္ေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။ ခ်န္းဝမ့္ဝမ္ ေခါင္းေစာင္းၾကည့္ၿပီး ေျပာလိုက္သည္။ "ငါ မင္းကို ခြံ႕ေကၽြးရမွာလား။"

ပိုင္ရွင္းယြီ အမွုမထားသလို ေခါင္းၿငိမ့္ျပလိုက္သည္။ သူ ငယ္ငယ္က ဖ်ားနာရျခင္းကို သေဘာက်သည္။ သူ႔မိသားစုတစ္ခုလုံးကို ေျဖာင္းဆန္ေအာင္ လုပ္မိေပမယ့္လည္း သူ႔အတြက္ေတာ့ သက္ေတာင့္သက္သာ ရွိလွသည္။ သူ စားခ်င္သည့္ အစားအစာကို လက္ညႇိုးထိုးျပရင္း ပါးစပ္ ဟထားရန္သာ လိုသည္။ သူ အမွားတစ္ခုခုလုပ္ထားရင္ေတာင္မွ ဖ်ားေနခ်ိန္တြင္ သူ႔အေဖက ရိုက္ေလ့မရွိ။ အတိုခ်ဳပ္ ေျပာရပါက ဖ်ားေနပါက သူ ဖြထားသမၽွ ျပႆနာမ်ားကို ရွင္းထုတ္ရ လြယ္ကူၿပီး သူ ေနခ်င္သလိုလည္း ေနလို႔ရေလသည္။

ခ်န္းဝမ့္ဝမ္ သက္ျပင္းခ်လိုက္ၿပီး သူ ပိုင္ရွင္းယြီအား ဆန္ျပဳတ္စတင္ ခြံ႕ေကၽြးေတာ့သည္။ "ငါ မင္းကို ေျပာမယ္။ ငါ ဒါမ်ိဳးကို ငါ့မိန္းမကိုပဲ လုပ္ေပးဖူးတာ။ ထားပါေတာ့။ ငါတို႔ ေရွာင္းပိုင္ေလးကို မင္းသမီးတစ္ေယာက္လို ဘယ္သူက ျဖစ္လာခိုင္းရတာလဲ။"

ပိုင္ရွင္းယြီ ျပဳံးလိုက္သည္။ "ကၽြန္ေတာ္ မရီးရဲ့ ဓာတ္ပုံကို ျမင္ဖူးတယ္။ အေတာ္ေလး ေခ်ာတယ္။"

"ဒါေပါ့၊ ငါတို႔ႏွစ္ေယာက္တုန္း ငယ္ရြယ္တုန္းကေလ။" ခ်န္းဝမ့္ဝမ္ အထီးက်န္မွု အနည္းငယ္ပါဝင္သည့္ အျပဳံးေလး ျပဳံးလိုက္သည္။ "ရွင္းယြီေရ၊ ငါ စစ္ထဲက ထြက္ေတာ့မယ္။"

ပိုင္ရွင္းယြီ ထိတ္လန့္သြားသည္။ "ဘာလို႔လဲ။"

"မင္းရဲ့ မရီးကေလ ကေလးလိုခ်င္တယ္တဲ့။ အကယ္၍ ငါသာ ျပန္မလာဘူးဆို သူ အျခားတစ္ေယာက္ရွာၿပီး ယူလိုက္ေတာ့မယ္တဲ့။ ေဟး ေဟး၊ အဲ့လိုမ်ိဳး ငါ ဘယ္လိုလုပ္အျဖစ္ခံနိုင္မွာလဲ။ ငါလည္း တပ္ထဲ ေရာက္ေနတာ ႏွစ္ေတာ္ေတာ္ၾကာၿပီ။ အခုေတာ့ အိမ္ျပန္ဖို႔ အခ်ိန္က်ၿပီ ထင္ပါတယ္။"

ပိုင္ရွင္းယြီ နည္းနည္းေတာ့ ဝမ္းနည္းသြားသည္။ ခ်န္းဝမ့္ဝမ္သာ စစ္ထဲက ထြက္သြားပါက သူတို႔ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ရပါ့မလား မေသခ်ာေတာ့။ သူမ်ားေတြက ေနရာအႏွံ့ေလယာဥ္စိုက္လို႔ ရေနတဲ့ ေခတ္ႀကီးမွာ လူတစ္ေယာက္ကို ျပန္ေတြ႕ဖို႔က အလြယ္ေလးလို႔ ဆိုၾကေပမယ့္လည္း လူတစ္ေယာက္ႏွင့္ တစ္ေယာက္ ကြဲကြာသြားၾကသည္ႏွင့္ ကိုယ္စီဘဝတစ္ခုမွာ ႀကိဳးစား႐ုန္းကန္ေနထိုင္ရေတာ့သည္မို႔ ျပန္ေတြ႕ဖို႔က ခဲယဥ္းလွေလသည္။ ကြဲကြာသြားျခင္းက ရင္ထဲက ခံစားခ်က္မ်ားကို ေအးခဲအနည္ထိုင္သြားေစသည္။ ဒီအခ်က္ကို လူတိုင္း မေျပာလည္း သိၾကသည္သာ။

ပိုင္ရွင္းယြီ သက္ျပင္းခ်လိုက္သည္။ "ဝမ့္ဝမ္-ေကာ၊ ဒီမွာ ကၽြန္ေတာ္ ဖ်ားေနတာေလဗ်ာ။ ဘာလို႔ ကၽြန္ေတာ့္ကို စိတ္မေကာင္းစရာ အေၾကာင္းေတြ လာေျပာေနရတာလဲ။"

"ဘယ္သူက မင္းကို ငါ့မိန္းမအေၾကာင္း အစေဖာ္ခိုင္းလဲ။"

"ကိုယ့္ဘာသာ အစေဖာ္လိုက္တာ မဟုတ္ဘူးလား။"

"ဟုတ္လား၊ ငါ့ဘာသာ အစေဖာ္မိသြားတာလား။" ခ်န္းဝမ့္ဝမ္ ႏွုတ္ခမ္းမ်ားက မဲ့က်သြားသည္။ "လာ၊ မင္း ဒါကိုစားဦး။"

ဖ်ားေနျခင္းက လူတစ္ေယာက္ကို စိတ္ထိခိုက္လြယ္ေစသည္ႏွင့္ တူပါသည္။ ပိုင္ရွင္းယြီ ဝမ္းနည္းတႀကီး ေျပာလိုက္သည္။ "ဝမ့္ဝမ္-ေကာ၊ ကၽြန္ေတာ္ ေသခ်ာေပါက္ လာလည္မယ္။ တကယ္။"

"ဒီတစ္ခါေတာ့ အတည္ေနာ္၊ ေသခ်ာေပါက္ လာလည္ရမယ္။"

"ေသခ်ာေပါက္ လာခဲ့မယ္။"

ခ်န္းဝမ့္ဝမ္ ျပဳံးၿပီး ေျပာလိုက္သည္။ "ငါ မင္းကို အရင္က ေျပာဖူးတယ္ေလ။ ငါ ေမြးရပ္ေျမမွာ စားေသာက္ဆိုင္ဖြင့္မယ္လို႔။ ငါ 'ရွင္းက်န့္'ဟင္းလ်ာေရာင္းတဲ့ စားေသာက္ဆိုင္ဖြင့္မယ္။ ငါတို႔ၿမိဳ႕မွာ အဲ့လို စားေသာက္ဆိုင္ေတြ သိပ္မရွိဘူး။ ေသခ်ာသေလာက္ ေရာင္းေကာင္းမွာပဲ။"

"ေသခ်ာေပါက္ေပါ့။"

"ေဝ့၊ အဲ့အေၾကာင္း ဆက္မေျပာေတာ့ဘူး။ မင္း ျမန္ျမန္ ေနေကာင္းလာ။ မင္း ေနျပန္ေကာင္းရင္ အားတဲ့အခ်ိန္ေလး လာၿပီး အျခားသူေတြကို ဝက္စာ ဘယ္လိုေကၽြးရမလဲ သင္ေပးလိုက္ဦး။ မဟုတ္ရင္ ငါတို႔ႏွစ္ေယာက္လုံး မရွိေတာ့တဲ့အခါက် ဘယ္သူေတြက ဒီဝက္ေလးေတြကို ဂ႐ုစိုက္မွာလဲ။"

ပိုင္ရွင္းယြီ ျပဳံးေနေပမယ့္ သူ႔စိတ္ထဲ ဝမ္းနည္းလ်က္ ရွိေနသည္။ ခ်န္းဝမ့္ဝမ့္က သူ႔အသိအကၽြမ္း ရဲေဘာ္မ်ားထဲ ပထမဆုံး ထြက္သြားသူျဖစ္ခဲ့ၿပီ။ ေနာက္ထပ္ ဘယ္သူမ်ား ထြက္သြားဦးမွာပါလိမ့္။ တစ္ေန႔က်ရင္ သူ႔သူငယ္ခ်င္းေတြ အကုန္လုံး ကိုယ္စီ လမ္းကို ေလၽွာက္ရေတာ့မည္ျဖစ္သည္။ ဖုန္းသုန့္ယြမ္၊ ခ်န္းလ်န္၊ ခ်န္းက်င္း၊ ယြီဖုန္းခ်န္ ... ယြီဖုန္းခ်န္က ပထမဆုံး ထြက္သြားမည့္သူျဖစ္ၿပီး ထို႔ေနာက္မွာလည္း သူတို႔ႏွစ္ေယာက္ၾကား ေတြ႕စရာအေၾကာင္းဆိုတာ မရွိေတာ့။

မွိုဆန္ျပဳတ္ စားၿပီးေနာက္မွာေတာ့ ခ်န္းဝမ့္ဝမ္ ျပန္သြားသည္။ မြန္းတည့္ခ်ိန္ နီးကပ္လာခ်ိန္ ဖုန္းသုန့္ယြမ္ႏွင့္ ခ်န္းလ်န္တို႔ သူ႔အား အေျပးလာေတြ႕ၾကေလသည္။

ပိုင္ရွင္းယြီ ေခါင္းမူးလ်က္ရွိေနၿပီး သူ ဖုန္းသုန့္ယြမ္ကို ျမင္ခ်ိန္မွာေတာ့ ေမးလာသည္။ "ေရခဲမုန့္ေကာ။"

ခ်န္းလ်န့္ သူ႔ေခါင္းကို ပုတ္​လိုက္သည္။ "ေရခဲမုန့္ကို ျပန္ေပးခဲ့ၿပီ။ အခုခ်ိန္ စားလို႔ အဖ်ားက က်မွာလား။"

"အဲ့ဒါက အဆိပ္ကို အဆိပ္နဲ႔ တိုက္ထုတ္တာမ်ိဳး မဟုတ္ဘူးလား။ ငါ ၾကားဖူးတာေတာ့ ေရခဲမုန့္ စားရင္ အဖ်ားက် လြယ္တယ္တဲ့။"

"မင္းကို ဘယ္သူေျပာတာလဲ။"

"ငါ့အစ္ကို ေျပာတာ။"

ဖုန္းသုန့္ယြမ္ ရယ္လိုက္သည္။ "မင္းအစ္ကိုက မင္းကို စေနတာ။ ဘယ္လိုေနလဲ၊ မနက္က မွိုဆန္ျပဳတ္ စားၿပီးၿပီလား။ ေခါင္းေဆာင္ဝူက မင္း ေနမေကာင္းဘူးဆိုတာလည္း ၾကားေကာ သူ တကယ္ႀကီး မွိုသြားတူးၿပီး မင္းတစ္ေယာက္တည္းအတြက္ ခ်က္ေပးလိုက္တာ။"

ပိုင္ရွင္းယြီ ျပဳံးၿဖီးသြားၿပီး သူ အေတာ္ေလး နာမည္ေက်ာ္တာပဲဟု ေတြးလိုက္မိသည္။ ဒါေပမယ့္ .. ဘယ္လိုျဖစ္လို႔ တစ္ေယာက္ေသာလူက အခုထိ မေပၚလာရေသးတာလဲ။ သူတို႔ႏွစ္ေယာက္က အရင္က အတူေတာင္ အိပ္ဖူးထားတာကို ဒီလိုအခ်ိန္မ်ိဳးက် မေပၚလာဘူးတဲ့လား။ အေတာ္ေလး အေလးမထားတာပဲ။

ခ်န္းလ်န့္ သူ႔အေနာက္မွ ပိုင္ရွင္းယြီ၏ iPadကို ဆြဲထုတ္လိုက္သည္။ "လာ လာ လာ၊ ညီအစ္ကိုခ်င္း မင္းကို ငါ သိတယ္။ လိုင္းေတာ့ တက္လို႔မရေပမယ့္ အပ်င္းေျပေအာင္ ဂိမ္းေလးေဆာ့ေပါ့။" သူ အနားတိုးကပ္၍ တိုးတိုးေျပာလိုက္သည္။ "ျမန္ျမန္ ျပန္သက္သာမလာနဲ႔။"

ဖုန္းသုန့္ယြမ္က သေဘာမတူသလို စူးစိုက္ၾကည့္လိုက္သည္။ "မင္း ဘယ္လိုေတြ ေျပာေနတာလဲ။"

ခ်န္းလ်န္ ေျပာလိုက္သည္။ "ဒါေလးေတာင္ မင္း နားမလည္ဘူးလား။ ရက္အနည္းငယ္ေလာက္ လွဲၿပီးေနရတာ ဘယ္ေလာက္မိုက္လဲ။ ငါေတာင္ ဖ်ားခ်င္တယ္။"

ပိုင္ရွင္းယြီ ေပ်ာ္ေပ်ာ္ႀကီး လွမ္းယူလိုက္သည္။ "ငါ ေနာက္ဆုံးေတာ့ ေပ်ာ္ပါးဖို႔ အခ်ိန္ရခဲ့ၿပီ။"

ဆရာဝန္ ေျပာလိုက္သည္။ "အေတြးကေတာ့ လွေနတာပဲ။ မင္း သက္သာလာတာနဲ႔ ျပန္သြားရမယ္။ မင္းတို႔ တပ္မွုးသာ မင္း အိပ္ရာထဲ ဂိမ္းေဆာ့ေနမွန္း သိရင္ ပိတ္ကန္ခံရမွာပဲ။"

ပိုင္ရွင္းယြီ ခါးသက္သက္ ရယ္လိုက္သည္။ "ေတာ္ေသးလို႔၊ ကၽြန္ေတာ့္အဖ်ား အခုထိ မက်ေသးတာ .."

သူတို႔သုံးေယာက္ ခဏၾကာေအာင္ စကားေျပာဆိုေနၾကၿပီးမွ ညေနစာ စားခ်ိန္ ေရာက္လာသည္ႏွင့္ ဆရာဝန္ႏွင့္အတူ သူတို႔ ညစာသြားစားၾကသည္။ ပိုင္ရွင္းယြီကေတာ့ ေဆး႐ုံခန္းထဲတြင္သာ ေနခဲ့ၿပီး သူ႔အတြက္ စားစရာယူလာေပးမွာကို ေစာင့္ေနလိုက္သည္။

iPadႏွင့္ ဂိမ္းကစားလ်က္ ရွိေနဆဲမွာပဲ အခန္းတံခါးက ဆြဲဖြင့္ခံလိုက္ရသည္။ "အဲ့ေလာက္ ျမန္ .."

သူ ေမာ့ၾကည့္လိုက္ခ်ိန္ ေရာက္လာသူမွာ ယြီဖုန္းခ်န္ ျဖစ္ေနေလသည္။

ယြီဖုန္းခ်န္ သူ႔ကို ၾကည့္လာသည္။ "အဖ်ားရွိတာေတာင္ ဂိမ္းေဆာ့ေနတုန္းလား။"

ပိုင္ရွင္းယြီ iPadကို ေဘးပစ္ခ်လိုက္သည္။ "ငါ အၾကာႀကီး အိပ္ၿပီးသြားၿပီ၊ ထပ္မအိပ္နိုင္ေတာ့ဘူး။ ဒီတိုင္း လွဲေနရတာလည္း ပ်င္းဖို႔ေကာင္းတယ္။"

ယြီဖုန္းခ်န္ သစ္သီးထုတ္ကို ေခါင္းရင္းေဘးခ်ၿပီး အိပ္ရာေပၚ ထိုင္ခ်လိုက္သည္။ "ေနရ သက္သာရဲ့လား။"

ပိုင္ရွင္းယြီ ေခါင္းခါျပရင္းႏွင့္ သူ႔အၾကည့္က ေဘးက မက္မြန္သီးမ်ားအေပၚ ေရာက္သြားသည္။

ယြီဖုန္းခ်န္ ေျပာလာသည္။ "စားခ်င္လို႔လား။"

"မင္း ငါ့အတြက္ ႏႊာေပး။"

ယြီဖုန္းခ်န္ ျပဳံးၿပီး သစ္သီးလွီးဓားကို ယူကာ အခြံႏႊာၿပီးေနာက္ အစိတ္မ်ား လွီးျဖတ္ေနရင္း ပိုင္ရွင္းယြီ ပါးစပ္ထဲ ထည့္ေပးလိုက္သည္။ ပိုင္ရွင္းယြီလည္း ပါးစပ္ဟထားရင္း စားလိုက္သည္။ ဒီေန႔ သူ႔ပါးစပ္က အရမ္းကို ခါးေနတာျဖစ္ၿပီး အခုမွ အခ်ိဳေလး စားလိုက္ရသည္မို႔ အလြန္ကို ေနရထိုင္ရေကာင္းသြားသည္။

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီ တစ္ကိုယ္လုံး မလွုပ္မယွက္ႏွင့္ အိပ္ယာေပၚ လွဲေနရင္း ပါးစပ္တစ္ခုတည္းကသာ ဟလာလိုက္ ပိတ္သြားလိုက္ႏွင့္ တျမဳံျမဳံဝါးေနလ်က္ ပါးမ်ားေဖာင္းလာသည္ကို ျမင္ခ်ိန္တြင္ သူက အလြန္အပ်င္းတစ္ေနေပမယ့္ အေတာ္ေလး ရယ္ခ်င္ဖြယ္ျဖစ္ေနသည္။

မက္မြန္သီး တစ္ဝက္မၽွ စားၿပီးေနာက္မွာေတာ့ ပိုင္ရွင္းယြီ ဗိုက္ျပည့္သြားၿပီး ေခါင္းခါျပလိုက္သည္။ "မစားေတာ့ဘူး။"

ယြီဖုန္းခ်န္ မက္မြန္သီးကို ေဘးခ်ရင္း သူ႔နဖူးကို ထိကိုင္ၾကည့္လိုက္သည္။ "ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ႀကီး ထဖ်ားရတာလဲ။"

ပိုင္ရွင္းယြီ ႏွုတ္ခမ္းမ်ားက မဲ့က်သြားသည္။ "ငါ မေန႔ညက ေရခ်ိဳးခန္းထဲ အဝတ္ေလၽွာ္လိုက္မိတာ။"

ယြီဖုန္းခ်န္ ငုံ႔ကိုင္းလိုက္ၿပီး ခပ္ဖြဖြ ရယ္လိုက္သည္။ "ဒါဆို ငါ မင္းကို နမ္းရင္ ငါ့ကိုေကာ အဖ်ားကူးေလာက္လား။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္အား စူးစိုက္ၾကည့္ေနရင္း သူ႔အေရွ႕ေကာ္လံကို ကိုင္ကာ အနားဆြဲေခၚၿပီး သူ႔ႏွုတ္ခမ္းမ်ားအား ပိတ္တားဆီးလိုက္သည္။ ပိုင္ရွင္းယြီက ဖ်ားေနတာမို႔ သူ႔ႏွုတ္ခမ္းအပူခ်ိန္ကလည္း ျမင့္တက္လ်က္ ရွိေနေလသည္။ ဒီအနမ္းေလးက ျပင္းျပမွုအျပည့္ႏွင့္ ပူေလာင္လွသည္။ သူ႔ႏွုတ္ခမ္းအနားတစ္ဝွိက္က အပူခ်ိန္က သူ႔ကိုေတာင္ ပူေလာင္လာေစသလို ယြီဖုန္းခ်န္ ခံစားလိုက္ရသည္။ သူ ပိုင္ရွင္းယြီကိုယ္မွ ထုတ္လႊင့္ေနသည့္ အပူလွိုင္းမ်ားကိုပါ ခံစားေနမိသည္။ ထိုအပူလွိုင္းမ်ားက သူ႔ခႏၶာကိုယ္အတြင္းကိုပါ ထိုးေဖာက္ဝင္လာရင္း သူ႔တကိုယ္လုံးကိုပါ ပူေလာင္လာေစသည္။

နမ္းၿပီးခ်ိန္မွာေတာ့ ပိုင္ရွင္းယြီမွာ အေမာလြန္ကာ အသက္လုရွုေနရင္းႏွင့္ ရယ္ၿပီး ေျပာလိုက္သည္။ "ေသေအာင္ အဖ်ားကူးသြားလည္း ေကာင္းတာပဲ။"

"လုပ္စမ္းပါ၊ ငါလည္း ႏွစ္ရက္ေလာက္ နားလို႔ ရတာေပါ့။"

ပိုင္ရွင္းယြီ မေမၽွာ္လင့္ထားသလို မ်က္ခုံးပင့္သြားသည္။ "မင္းက နားခ်င္တယ္။ မင္းက စူပါမန္း မဟုတ္ဘူးလား။ ႏွစ္ရက္ေက်ာ္ နားတာက မင္း ေလ့က်င့္ေရးကို ထိခိုက္သြားမယ္ေလ။"

ယြီဖုန္းခ်န္ သူ၏ ေထ့ေငါ့ေျပာမွုကို မၾကားခ်င္ေယာင္ေဆာင္ထားၿပီး ပိုင္ရွင္းယြီ၏ ႏွုတ္ခမ္းအား လက္မျဖင့္ ဖိသုတ္ေပးရင္း ေျပာလိုက္သည္။ "အလုပ္လုပ္ၿပီး နားရမွာေပါ့။"

ပိုင္ရွင္းယြီ သူ႔လက္ကို တြန္းထုတ္လိုက္သည္။ "မင္း ညစာ သြားမစားဘူးလား။ ဘာလို႔ ဒီေရာက္ေနတာလဲ။"

"အဓိပၸါယ္မရွိ၊ မင္းကို လာေတြ႕တာ မဟုတ္ရင္ ငါက ဘာလို႔ ဒီေရာက္ေနရမွာလဲ။"

"အခု ေတြ႕ၿပီးၿပီပဲ၊ မင္း ျပန္ေတာ့။ ငါ ဂိမ္းေဆာ့စရာ ရွိေသးတယ္။"

ယြီဖုန္းခ်န္ သမ္းေဝလိုက္သည္။ "ငါ အခုတေလာ ေကာင္းေကာင္းမအိပ္ေပ်ာ္ဘူး။" ေျပာၿပီးသည္ႏွင့္ သူ ဖိနပ္ခၽြတ္ကာ ေစာင္ကို လွပ္မၿပီး အိပ္ရာထဲ ဝင္လွဲလိုက္သည္။ "ငါ့ကို ခဏေလာက္ ေပးလွဲ။"

ပိုင္ရွင္းယြီ ထိတ္လန့္သြားသည္။ "မင္း ႐ူးေနတာပဲ။ ဒါက ေဆးခန္း၊ ခဏေနၾကရင္ ဆရာဝန္ ျပန္လာေတာ့မွာ။"

"ငါ တံခါး ေလာ့ခ်ခဲ့တယ္။"

"အဲ့တာ ဘယ္လို အေၾကာင္းျပခ်က္မ်ိဳးလဲ။"

"မင္း စိတ္ပူမေနနဲ႔။" ယြီဖုန္းခ်န္ သူ႔အား ဝက္ဝံႀကီးတစ္ေကာင္လို သိုင္းဖက္လာသည္။ "မင္းကို ဖက္ထားရတာ အရမ္းေႏြးတာပဲ။ ငါ့ကို ခဏ ေပးဖက္ကြာ။"

ပိုင္ရွင္းယြီ ေၾကာင္အသြားၿပီး သူ ဘာမွ မတုန့္ျပန္နိုင္ေသးခင္မွာပဲ ယြီဖုန္းခ်န္ လက္ေမာင္းမ်ားအၾကား တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ခံထားလိုက္ရသည္။ သူ ဆိတ္ၿငိမ္လ်က္ ယြီဖုန္းခ်န္ ရင္ခြင္ထဲ အခ်ိန္ခဏတာမၽွ ေနၿပီးကာမွ ယြီဖုန္းခ်န္ တိုးတိုးေလး ေျပာလာသည္။

"ေနမေကာင္းျဖစ္ရင္ ခါးနာတတ္လား။"

"ထင္တာပဲ။"

"ဒါဆို ငါ မင္းကို ႏွိပ္ေပးမယ္။"

ယြီဖုန္းခ်န္ တကယ္ကို သူ႔ေနာက္ေက်ာကို ပြတ္ေပးလာသည္၊ ဖြဖြေလးလည္း မဟုတ္သလို ၾကမ္းတမ္းေနတာမ်ိဳးလည္း မဟုတ္ပဲ သက္ေတာင့္သက္သာ ရွိလွသည္။

ပိုင္ရွင္းယြီလည္း သမ္းေဝလိုက္ရင္း တစ္ဖန္ ျပန္အိပ္ခ်င္လာသလို ခံစားလိုက္ရသည္။ သူ႔ေခါင္းကလည္း မူးေဝေဝျဖစ္လာသည္။ သူ တိုးတိုးေလး ေရရြတ္လိုက္သည္။ "မင္း သိလား။ အဖြဲ႕ေခါင္းေဆာင္ကလည္း 'ႏွင္းက်ားသစ္တပ္မဟာ'ကို သြားေတာ့မွာတဲ့။"

"သိတယ္။" ယြီဖုန္းခ်န္ ညင္ညင္သာသာျပန္ေျဖလာသည္။

"အင္း၊ သြားပါ၊ အကုန္လုံး သြားၾက .."

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီေခါင္းကို သူ႔လည္ပင္း ညႇပ္ရိုးအနား မွီေစၿပီး တိုးတိုး ကပ္ေျပာလိုက္သည္။ "အိပ္စရာရွိတာ အိပ္။"

ပိုင္ရွင္းယြီ ခပ္ဖြဖြ သက္ျပင္းခ်လိုက္သည္။ "ယြီဖုန္းခ်န္"

"ဟင္"

"မင္းက အ႐ူးပဲ။

ယြီဖုန္းခ်န္ မ်က္ဆန္လွန္လိုက္သည္။

ပိုင္ရွင္းယြီလည္း မ်က္လုံး မွိတ္ထားလိုက္ရင္း တျဖည္းျဖည္းႏွင့္ အိပ္မက္ကမၻာထဲသို႔ က်ေရာက္သြားေတာ့သည္။

ႏွစ္ရက္ၾကာမၽွ အိပ္ရာထဲ လွဲရင္း ေဆးထိုး၊ ေဆးေသာက္လုပ္ၿပီးေနာက္မွာေတာ့ ပိုင္ရွင္းယြီ၏ အဖ်ားလည္း တျဖည္းျဖည္း ေလ်ာ့က်လာၿပီး သူလည္း အေဆာင္ကို အေျပးျပန္လာေတာ့သည္။ စစ္တပ္က သူ နားေနတာကို ေစာင့္ဆိုင္းေနမွာ မဟုတ္။ သူ သက္သာလာသည္ႏွင့္ ေလ့က်င့္ေရးမ်ား စတင္လုပ္ေဆာင္ရေတာ့သည္။

ရက္အနည္းငယ္အတြင္းမွာပဲ သူ၊ ယြီဖုန္းခ်န္၊ ဖုန္းသုန့္ယြမ္၊ တာ့ရွုန္းႏွင့္ လ်န္းေရွာင္းေမာင္းတို႔ အတူတကြ ခ်န္းက်င္း၏ သီးသန့္ ေခၚထုတ္ျခင္းကို ခံလိုက္ရသည္။ ေသခ်ာသေလာက္ သူတို႔ကို ေျပာစရာရွိလို႔ ေခၚတာ ဆိုေပမယ့္ ခ်န္းက်င္း ေျပာလာသည့္စကားက သူတို႔အားလုံးကို တအံ့တဩျဖစ္သြားေစသည္။

"စစ္သင္တန္း?" ပိုင္ရွင္းယြီ မ်က္လုံးမ်ားက ျပဴးက်ယ္သြားသည္။

"ဟုတ္တယ္၊ ဒီရွင္းက်န့္ၿမိဳ႕ရဲ့ အလယ္တန္းေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြမွာ စစ္သင္တန္းဖြင့္လွစ္ေပးမွုကို ငါတို႔ စစ္တပ္ကပဲ တာဝန္ေပးရတာ။ ဒီတစ္ေခါက္ Korlaမွာ စစ္သင္တန္းတက္ဖို႔လိုေနတဲ့ ပထမတန္းႏွစ္အဖြဲ႕ေတြ ေရာက္လာလို႔ နည္းၿပ အေယာက္ ၃၀လိုေနတယ္။ တပ္ရင္းေခါင္းေဆာင္က တပ္ခြဲေခါင္းေဆာင္ကို အစီအစဥ္ ဆြဲခိုင္းလိုက္ၿပီး တပ္ခြဲေခါင္းေဆာင္က ငါ့ကို တာဝန္လႊဲသြားတယ္။ အဲ့ေတာ့ ငါ ငါတို႔တန္းခြဲထဲက မင္းတို႔ေလးေယာက္ကို ႏွစ္ပတ္ အျပင္ေခၚသြားမယ္။ အေတာ္ေလး ရိုးရွင္းတယ္ဆိုေပမယ့္ အေလးအနက္ထားၿပီးေတာ့ မင္းတို႔ လုပ္ရမယ္။"

တာ့ရွုန္း စိတ္လွုပ္ရွားတႀကီး ေျပာလိုက္သည္။ "လူသစ္ေလးေတြလား။ ကၽြန္ေတာ္တို႔နဲ႔လည္း အသက္သိပ္မကြာေလာက္ဘူး။ မိန္းမလွေလးေတြလည္း ရွိေနမွာပဲ။"

ခ်န္းက်င္း သူ႔အား စူးကနဲ ၾကည့္လိုက္သည္။ "ေက်ာင္းသူေတြကို လက္လြတ္စပယ္ သြားမထိပါးနဲ႔။"

တာ့ရွုန္း ျပဳံးၿပီး ေျပာလိုက္သည္။ "အိုက္ရား၊ ေခါင္းေဆာင္။ ဘာလို႔အဲ့ေလာက္ အေလးအနက္ထားေနရတာလဲ။ ကၽြန္ေတာ္က ဒီတိုင္း ေျပာလိုက္တာ။ ကၽြန္ေတာ္လည္း အဲ့လိုလုပ္တာ ေကာင္းတယ္လို႔ မေတြးပါဘူး။ ဒါေပမယ့္ ေန႔တိုင္း ေယာက္်ားအိုႀကီးေတြကို ျမင္ေနရတာထက္ မိန္းကေလးေတြကို ျမင္ရတာ ပိုမေကာင္းဘူးလား။"

လ်န္းေရွာင္းေမာင္းလည္း အရမ္း စိတ္လွုပ္ရွားသြားသည္။ "ေကာင္းလိုက္တာ၊ ကၽြန္ေတာ္တို႔က သူမ်ားေတြကို ျပန္သင္ေပးရေတာ့မယ္။"

ပိုင္ရွင္းယြီလည္း ေပ်ာ္ရႊင္တႀကီး ေျပာလိုက္သည္။ "ေခါင္းေဆာင္၊ Korlaမွာ စိတ္ဝင္စားစရာေလး ဘာမ်ားရွိလဲ။"

ခ်န္းက်င္း တံခါးကို ပုတ္လိုက္သည္။ "ေလးေလးနက္နက္လုပ္စမ္းပါ။ မင္းတို႔ေတြက ေက်ာင္းသူ၊ေက်ာင္းသားေတြကို စစ္သင္တန္း ျပန္ေပးရမွာ။ မင္းတို႔အကုန္လုံး ဘာေတြ ေတြးေနၾကတာလဲ!"

သူတို႔အကုန္လုံး ခ်က္ခ်င္းဆိုသလို စကားေျပာေနျခင္း ရပ္သြားၾကသည္။

ယြီဖုန္းခ်န္ ေျပာလာသည္။ "ေခါင္းေဆာင္၊ မသြားလို႔ ရမလား။ ကၽြန္ေတာ္ စိတ္မဝင္စားဘူး။"

ခ်န္းက်င္း သူ႔ကို တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ "ငါေတာ့ မင္းကို အနားယူေစခ်င္တယ္။ အျမဲတမ္းႀကီး စိတ္ကို တင္းထားတာ မေကာင္းဘူး။ သြားလိုက္။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္"

ခ်န္းက်င္း ဖုန္းသုန့္ယြမ္ကို လွမ္းၾကည့္လိုက္သည္။ "သုန့္ယြမ္၊ မင္းေကာ ေျပာခ်င္တာမ်ား ရွိလား။ မင္းတစ္ေယာက္ပဲ ဘာမွ မေျပာရေသးတာ။"

ဖုန္းသုန့္ယြမ္ ျပဳံးလိုက္သည္။ "ကၽြန္ေတာ္ ေမၽွာ္လင့္တႀကီး ျဖစ္ေနတာ။ တကၠသိုလ္တစ္ခုက ဘယ္လိုမ်ိဳးလဲဆိုတာကို ကၽြန္ေတာ္ အျမဲ ျမင္ခ်င္ေနခဲ့တာ။"

"ဒါဆို အဆင္ေျပၿပီပဲ။ မင္းတို႔ေတြ အသင့္ျပင္ထားၾက၊ ငါတို႔ သန္ဘက္ခါ သြားၾကမယ္။"

ခ်န္းက်င္း ထြက္သြားၿပီးေနာက္ ပိုင္ရွင္းယြီ ဖုန္းသုန့္ယြမ္ ပခုံးကို ဖက္ၿပီး ရယ္ရယ္ေမာေမာႏွင့္ ေျပာလိုက္သည္။ "ေကာင္းလိုက္တာ၊ ေနာက္ဆုံးေတာ့ ငါတို႔ တကယ့္ၿမိဳ႕ႀကီးကို သြားလို႔ ရခဲ့ၿပီ။ သုန့္ယြမ္၊ ဒီတစ္ခါေတာ့ မင္း ေပ်ာ္လို႔ရေအာင္ ငါ ေသေသခ်ာခ်ာ ေခၚသြားေပးမယ္။"

လ်န္းေမာင္းေမာင္း ႏွာရွုံ႔လိုက္သည္။ "ေခါင္းေဆာင္က ေျပာေနတယ္၊ အေပ်ာ္အပါးအတြက္ သြားတာ မဟုတ္ဘူးလို႔။"

ပိုင္ရွင္းယြီ ႏွုတ္ခမ္းမဲ့ျပၿပီး ေျပာလိုက္သည္။ "ငါလည္း မင္းကို ေခၚမသြားပါဘူး။"

တာ့ရွုန္းကေတာ့ လက္ႏွစ္ဖက္ကို ပြတ္ရင္း ေျပာလာသည္။ "အား၊ ငါေတာ့ မိန္းမလွေလးေတြ အမ်ားႀကီး ရွိတဲ့အခန္းမွာ တာဝန္က်ရင္ ေကာင္းမွာပဲ။" ေျပာၿပီးသည္ႏွင့္ သူ ေလတခၽြန္ခၽြန္ႏွင့္ ေပ်ာ္ေပ်ာ္ႀကီး အျပင္ေလၽွာက္ထြက္သြားေတာ့သည္။

ယြီဖုန္းခ်န္ တစ္ေယာက္တည္းကသာ မ်က္ေမွာင္ၾကဳတ္သြားသည္။ "အခ်ိန္ သက္သက္ျဖဳန္းတယ္။"

ပိုင္ရွင္းယြီ ေတြးလိုက္မိသည္။ သူ ဘာလို႔မ်ား အဲ့ေလာက္ႀကီး ေလ့က်င့္ရတာကို ႀကိဳက္ေနရတာလဲ။ ေသတဲ့အထိသာ ေလ့က်င့္ေနလိုက္ပါေတာ့လား။ သူကိုယ္တိုင္၏ ရလဒ္မ်ားကလည္း ထိုးထိုးေထာင္ေထာင္ တက္ေနတာျဖစ္သည္။ အေတာ္ဆုံးေတာ့ မဟုတ္ေပမယ့္ အလယ္အလတ္တန္းဝင္ေနၿပီ ျဖစ္၏၊ အျခားသူမ်ားကို အမွီလိုက္နိုင္ဖို႔ သူ ေန႔တိုင္း အင္အားစိုက္ထုတ္ၿပီး ပင္ပင္ပန္းပန္း ႀကိဳးစားေနသည္ဆိုေပမယ့္ သူ႔ေလ့က်င့္ႏွုန္းထားႏွင့္ ယြီဖုန္းခ်န္အၾကား ကြာဟခ်က္ ႀကီးမားေနေသးသလို ခံစားေနရသည္။ သူ တကယ္ပဲ ယြီဖုန္းခ်န္၏ ဇြဲလုံလႀကီးမွုကို အမွီမလိုက္နိုင္။

ဖုန္းသုန့္ယြမ္ ႏွစ္သိမ့္ေပးလိုက္သည္။ "ဖုန္းခ်န္၊ ငါ့အထင္ ေခါင္းေဆာင္ေျပာတာ မွန္တယ္ကြ။ မင္းလည္း ခဏတျဖဳတ္ေတာ့ နားသင့္တယ္။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္ျပလိုက္သည္။ "အဲ့လိုလုပ္ဖို႔ပဲ ရွိေတာ့တာေပါ့။"

ေနာက္တစ္ေန႔မနက္မွာေတာ့ တပ္သားအေယာက္သုံးဆယ္ ထရပ္ကားႀကီးထဲဝင္ကာ ေလယာဥ္ကြင္းဆီ ခရီးႏွင္ၾကသည္။ သူတို႔ စစ္တပ္ေလ့က်င့္ေရးကေန အနားရ႐ုံတင္မကဘဲ တပ္ကလည္း ေထာက္ပံ့ေၾကးရသလို၊ သင္တန္းေက်ာင္းက တပ္သားေတြ ေလးစားတာလည္းခံရသည္။ တစ္ႏွစ္ႏွစ္ခါရတတ္တဲ့ အခြင့္အေရးေပမယ့္ အျမဲတမ္းရတာမဟုတ္ေတာ့ တပ္သားအုပ္စုလည္း စိတ္လွုပ္ရွားေနၾကသည္။ တကယ္တမ္းက်ေတာ့လည္း သူတို႔အားလုံးက ႏွစ္ဆယ္‌စြန္းစြန္း အရြယ္ေလးေတြျဖစ္ၿပီး အားလပ္ရက္ကိုေမၽွာ္လင့္ၾကသည္သာ။

သူတို႔ ေလယာဥ္စီးၿပီးေနာက္ ကို႔အာလဲ့ကို ပ်ံသန္းသြားလိုက္ၾကသည္။ ေက်ာင္းမွ သူတို႔အား လာႀကိဳဖို႔ ဘတ္စ္ကားတစ္စီး လႊတ္ေပးထားေလသည္။ အဖြဲ႕၏ ေခါင္းေဆာင္က စီနီယာအမ်ိဳးသမီး ေကာင္မေလး ျဖစ္ၿပီး သူမပုံစံက ျဖဴစင္ခ်ိဳၿမိန္ပုံေပၚလွသည္။ သူတို႔ကို ကားေပၚမွတစ္ဆင့္ ကို႔အာလဲ့ၿမိဳ႕အေၾကာင္း ရွင္းျပေပးေနခ်ိန္ စစ္သားေတာ္ေတာ္မ်ားမ်ားက သူမအေၾကာင္း တိတ္တခိုး တီးတိုးေျပာလ်က္ရွိေနၾကသည္။ သို႔ေပမယ့္ အျပင္ပမ္းမွာေတာ့ သူတို႔အကုန္လုံးက အရာရာကို အေလးအနက္ထားေနသလို ဟန္ေဆာင္ေနရသည္။ မဟုတ္ပါက သူတို႔ကို လူေတြ မေလးစားၾကေတာ့မွာ ေၾကာက္ရြံ႕ၾက၍ျဖစ္သည္။ ပိုင္ရွင္းယြီက သူတို႔အထဲ အသက္အႀကီးဆုံးျဖစ္ကာ ဒီစစ္သားငယ္ေလးမ်ားကို အေတာ္ေလး ခ်စ္စရာေကာင္းသည္ဟု ေတြးေနမိေနသည္။

သူတို႔အကုန္လုံးအတြက္ ေက်ာင္းအနီးရွိ ေဟာ္တယ္တစ္ခုတြင္ အခန္းငွါးထားေပးသည္။ အခန္းခြဲယူရမည့္အခ်ိန္ေရာက္ခ်ိန္မွာေတာ့ ဖုန္းသုန့္ယြမ္က အခန္းကတ္ႏွစ္ခုကို ယူၿပီး ပိုင္ရွင္းယြီအား ေျပာလာသည္။ "ရွင္းယြီ၊ ငါတို႔ တစ္ခန္းေနမယ္။ သြားစို႔။"

ပိုင္ရွင္းယြီ မေနနိုင္စြာ ယြီဖုန္းခ်န္ကို လွမ္းၾကည့္မိလိုက္ၿပီး ယြီဖုန္းခ်န္ကလည္း သူ႔ကို ၾကည့္လ်က္ရွိေနတာကို ျမင္လိုက္ရသည္။ သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားၿပီးေနာက္ ပိုင္ရွင္းယြီ အေတာ္ေလး ရွက္ရြံ႕သြားသည္။ သူ ဘာေတြမ်ား ေတြးေနမိတာလဲ။ သူ ဘယ္လိုလုပ္ ယြီဖုန္းခ်န္ႏွင့္ အိပ္လို႔ရမွာလဲ။ အဲ့ဒါက သူ႔တင္ပါး ပြင့္အာလာဖို႔ အခြင့္ေပးလိုက္တာနဲ႔ အတူတူပဲ ျဖစ္ေနမွာ မဟုတ္ဘူးလား။ သူ သူ႔လက္ဆြဲအိတ္ကို ယူၿပီး ဖုန္းသုန့္ယြမ္ကို ဆြဲေခၚသြားလိုက္သည္။

"သြားရေအာင္။"

KittyKitling

T/N : တစ္ပိုင္း တစ္ပိုင္း အရွည္ႀကီးေတြ ျဖစ္လာၿပီ။

Continue Reading

You'll Also Like

458K 84.9K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
690K 120K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
336K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိ...
1.2M 131K 141
Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fe...