Xiao Bai Yang ||Myanmar Trans...

Galing kay callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... Higit pa

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

49

13K 1.9K 564
Galing kay callme__kitty

[Unicode]

'ကိုယ်ကာယကြံခိုင် လေ့ကျင့်ရေး'

သွားရမည့် ခရီးလမ်းက ရှည်လျားပြီး ခလုတ် ကန်သင်းများလှတာမို့ ကားပေါ်ရှိ လူတိုင်း သက်တောင့်သက်သာ ဖြစ်မနေ။ ပိုင်ရှင်းယွီ ထိုင်ခုံနောက်ကို မှီရင်း တစ်မှေးအိပ်ရန် လုပ်နေပေမယ့် သူ တကယ် အိပ်မပျော်နိုင်။ သူ သူနှင့် ယွီဖုန်းချန်အကြား ပြောခဲ့သည့် စကားများအကြောင်း ထပ်ခါတလဲလဲ တွေးမိနေသည်။ ထို့နောက်မှာတော့ သူတို့နှစ်ယောက်လုံး အခုအချိန်ထိ ဆိတ်ငြိမ်သက်လျက် ရှိနေကြသည်။

သူ ဘာလို့များ ဒီလိုမေးခွန်းကို အခုမှ တွေးမိရတာလဲ။ ယွီဖုန်းချန်က 'နှင်းကျားသစ် တပ်မဟာ' ကို သွားတော့မှာဖြစ်သည်။ အကယ်၍များ ယွီဖုန်းချန်သာ လူရွေးပွဲကို မအောင်မြင်ဘူးဆိုပါက ကျန်သည့် တပ်ခွဲ စစ်သားများလည်း တစ်ယောက်မှတောင် အောင်မြင်နိုင်မှာ မဟုတ်။ 'နှင်းကျားသစ် တပ်မဟာ'က သူ့အတွက်တော့ အလှမ်းဝေးလွန်းသည့် နေရာဖြစ်သည်။ တကယ့်အကွာအဝေးအနေနှင့်လည်း အရမ်းကို ဝေးလှပါသည် - တပ်မဟာ ရုံးချုပ်က Urumqiမှာ ရှိနေသည်မို့။ သို့ပေမယ့် စိတ်သဘောအရ ခံစားရသည့် အကွာအဝေးက ပို၍တောင် ဝေးနေသည်။ ဒီနေရာက သူ တစ်ခါလေးတောင် မျှော်မှန်း မတွေးရဲခဲ့သည့် နေရာတစ်ခုဖြစ်သည်၊ သို့ပေမယ့် ယွီဖုန်းချန်အတွက်ကတော့ သွေဖယ်ခြင်းရှိလာမှာမဟုတ်သည့် ပန်းတိုင်တစ်ခုဖြစ်သည်။ တခြားတစ်မျိုး ပြောရပါက ယွီဖုန်းချန်က အလွန်ဆုံးရှိ လအနည်းငယ်အတွင်း ခွန်းလွန်းတောင်မှ ထွက်သွားတော့မည်ဖြစ်သည်။ နှစ်အနည်းငယ် ကြာရင် သူကလည်း စစ်မှုထမ်းကာလ ပြီးဆုံးသွားမှာဖြစ်ပြီး ယွီဖုန်းချန်ကလည်း ဘယ်ဆီရောက်နေမလဲ ဘယ်သူမှ မသိ။ သူတို့၏ ရှင်းပြခက်သည့် ဆက်ဆံရေးကလည်း လအနည်းငယ်အတွင်း မရှိခဲ့သလို ပျောက်ကွယ်သွားတော့မှာဖြစ်သည်။

ပိုင်ရှင်းယွီ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ရတာ ကောင်းသည်ဟု တွေးမိသည်။ သူလည်း ယောက်ျားတစ်ယောက်နှင့် အမြဲ ရစ်နှောင် ပတ်သတ်ပြီး နေနိုင်မှာ မဟုတ်၊ သို့ပေမယ့် သူ့နှလုံးသားထဲ ဒေါသနှင့် ခံပြင်းမှုများက ဘယ်လိုပေါ်ပေါက်လာသလဲ သူကိုယ်တိုင်ပင် နားမလည်။ ဖြစ်နိုင်စရာ အကြောင်းကတော့ အစကနေ အဆုံးအထိ ယွီဖုန်းချန်ဘက်ကပဲ သူ့ကို နိုးဆွမြူစွယ်ဖို့ လက်ဦးမှုယူခဲ့တာဆိုပေမယ့် သူ့ကို အလေးအနက်ထားပြီး တွေးထားခဲ့ခြင်း မရှိသောကြောင့်ပင်။ သူ အရူးလုပ်ခံလိုက်ရသလို ခံစားနေရသည်။ ယွီဖုန်းချန်က ဒီနေရာကို ခဏဝင်တည်းခိုရာ နေရာဟုသာ သဘောထားသည်။ သူ မကြာခင် ထွက်သွားရမည်ဆိုတာကို သိနေလျက်နှင့် သူ့အား နှိုးဆွဖို့ လုပ်နေသည်။ ဆိုတော့ သူဆိုသည်မှာ ယွီဖုန်းချန် ဒီနေရာမှာ ခေတ္တခိုနားနေချိန်အတွင်း အပျင်းပြေစေမည့် ပစ္စည်းလေးပင်။

ပိုင်ရှင်းယွီမှာ ပို ပိုပြီး ဒေါသထွက်လာပေမယ့် ဘာတစ်ခွန်းမှတော့ မဆို။ သူ ဒီလို မတွေးသင့်ဟု ခံစားနေမိသည်၊ သူ့ပုံစံက စွန့်ပစ်ခံလိုက်ခံရသည့် မိန်းကလေးတစ်ယောက်လိုဖြစ်နေသည်။ ဘယ်လိုပဲဖြစ်နေပါစေ သူ့ဘက်ကလည်း ဘာမှ ဆုံးရှုံးစရာမရှိ။ သူ တက်လုပ်ခံလိုက်ရတာသာဖြစ်ပြီး အသားပဲ့ပါသွားခြင်းလည်း မဟုတ်။ ထို့အပြင် သူလည်း သာယာခဲ့ရသည်သာ။ အဖော်ကင်းမဲ့ အထီးကျန်ဆန်လှသည့် ညပေါင်းများစွာ ယွီဖုန်းချန် သူ့အား နှစ်သိမ့်မှုကော သာယာမှုထွက်ပေါက်ကိုပါ ပေးခဲ့သည်။ သူနှင့် ပတ်သတ်ပြီး ဒေါသထွက်စရာ ဘာများ ရှိလို့လဲ၊ ယွီဖုန်းချန်ဆိုသည်ကလည်း သူ တစ်ညတာ အတူကုန်ဆုံးခဲ့ဖူးသည့် မိန်းမများလိုပင်။ သူနှင့် ယွီဖုန်းချန်က လိုချင်ရာ အသီးသီးကို ရနေခြင်းဖြစ်သည်။ လိုချင်တာ ယူ၊ အချိန်တန် နှုတ်ဆက်လိုက်ရခြင်းက သူ့အတွက်တော့ ကောင်းပါသည်။ ထိုနည်းလမ်းအတိုင်း တွေးလိုက်ချိန်မှာတော့ ပိုင်ရှင်းယွီ ခံစားရ သက်သာသွားတော့သည်။ အများကြီး တွေးတောနေစရာမလိုသည့် အသည်းနှလုံးမရှိတဲ့ လူပေတေတစ်ယောက်လုပ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ည ကိုးနာရီကျော်ပြီးနောက် သူတို့ စစ်တပ်စခန်းသို့ ပြန်ရောက်လာသည်။ လူတော်တော်များများက သူတို့ ဒီနေ့ပြန်လာမည်ကို သိနေတာမို့ သူတို့ ကားထဲမှ ထွက်လာသည်နှင့် 'နွေးနွေးထွေးထွေး' ကြိုဆိုခံလိုက်ရသည်။

"အိုက်ရား၊ ပြန်လာပြီးပေါ့။ ငါတို့အတွက် စားကောင်းတာတွေ ဘာတွေများ ယူလာသေးလဲ!"

"ရှင်းယွီ၊ မင်း ငါ့ကို ဆေးလိပ်ယူလာပေးမယ်လို့ ကတိပေးထားတယ်မလား .. အာ့ .. ခေါင်းဆောင်၊ မဟုတ်၊ ကျွန်တော်က ဒီတိုင်း နောက်နေတာ .."

သူတို့နှင့် ရင်းရင်းနှီးနှီးရှိကြသူအချို့ သူတို့အနား စုဝိုင်းလာပြီး ရယ်ရယ်မောမောနှင့် စနောက်ရင်း အဆောင်ဘက်သို့ အုပ်လိုက်ချီတက်သွားကြလေသည်။

အပေါ်တက်သွားချိန် တန်းခွဲ(၃)၏ အဆောင်က ဘယ်ဘက်မှာ ရှိနေပြီး ဟင်းချက်စစ်သားများအတွက် အဆောင်က ညာဘက်တွင်ဖြစ်သည်။ သူတို့နှစ်ယောက် ခွဲရခါနီး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ပိုင်ရှင်းယွီက တစ်ဖက်သို့လှည့်ကာ လျှောက်ထွက်သွားသည်။ ယွီဖုန်းချန်ကတော့ သူ့နောက်ကျောကို ကြည့်ကာ ခဏတာမျှ တုန့်ဆိုင်းနေမိပေမယ့် ဘာစကားမှ ထွက်မလာ။ ထို့နောက်မှာတော့ တန်းခွဲရှိ စစ်သားတစ်ယောက်က သူ့အား အဆောင်အတွင်းသို့ တွန်းထိုး ပို့လိုက်လေသည်။

ပိုင်ရှင်းယွီ အဆောင်ထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းဆိုသလို သူ့အနား လူများ ဝိုင်းကပ်လာတော့သည်။ သူ၏ ခရီးဆောင်အိတ်ကြီးကြီးနှစ်ခုက လူအများ မျက်စိကျစရာဖြစ်နေတာမို့ သူတို့အကုန်လုံး ပိုင်ရှင်းယွီ အထုတ်ဖြည်မှာကို စောင့်နေကြသည်။ ပိုင်ရှင်းယွီ ပြုံးပြီး သူ့ခရီးဆောင်အိတ်ကို လှပ်ချလိုက်သည်။ "လာ လာ လာ၊ တစ်ယောက်ချင်းဆီလာ၊ ချန်းလျန် ဒါကမင်းအတွက် မုန့်တွေ!"

ချန်းလျန် သရေစာများပါနေသည့် အထုတ်ကြီး ကိုင်ထားရင်း ပျော်လွန်းတာမို့ မျက်ရည်တောင် ဝဲချင်ချင် ဖြစ်သွားသည်။ "သားကြီး၊ မင်း တအား ကြင်နာတတ်တာပဲကွာ။"

"ဝမ့်ဝမ်ကောအတွက်က ဆေးလိပ်နှစ်ဘူး။"

"ငါလူး၊ တံဆိပ်တွေက ထပ်ပြီး အင်္ဂလိပ်နာမည်တွေနဲ့ပဲ။ စျေးကြီးမှာ။"

"ရှစ်၊ ငါ ယူသောက်တော့မယ်။"

"ခေါင်းဆောင်၊ ခေါင်းဆောင်။" ပိုင်ရှင်းယွီ အထုတ်ကြီးကြီးတစ်ခုကို ထုတ်ပြီး ဝူချင်းအား ပေးကာ ပြုံးရင်း ပြောလိုက်သည်။ "ဒါ အလိုအလျောက် ခါးနဲ့ ဒူးခေါင်းကို နွေးလာစေတဲ့ အပူပေးကတ်လေးတွေ။ သုံးရလွယ်တယ်။"

ဝူချင်း ပြုံးလိုက်သည်။ "ဒါ အသက်ကြီး အဘိုး၊အဘွားတွေ သုံးဖို့ ထုတ်ထားတာ မဟုတ်ဘူးလား။"

"ဘယ်သူပြောလဲ၊ ရှင်းကျန့်က ဒီလောက်အေးတာ၊ လူငယ်တွေလည်း ခြေဆစ်လက်ဆစ်တွေ ဂရုစိုက်ဖို့ လိုတယ်။"

ဝူချင်း ယူလိုက်သည်။ "ကျေးဇူးပဲကွာ။"

ပိုင်ရှင်းယွီ အိတ်ထဲမှ စာအုပ် အထပ်လိုက်ကို ထပ်ထုတ်ပြီး ဖုန်းသုန့်ယွမ်အား ပေးလိုက်သည်။ "သုန့်ယွမ်၊ မင်းပစ္စည်းက အလေးဆုံးပဲ။ လုံလောက်ရဲ့လား မင်း ကြည့် ကြည့်ဦး။ လိုနေသေးရင် ငါ ငါ့အစ်ကို ကို လှမ်းပို့ခိုင်းလိုက်မယ်။"

ဖုန်းသုန့်ယွမ် စာအုပ်များကို လှမ်းယူရင်း သူ့မျက်နှာက ပန်းရောင်သန်းလာတော့သည်။ "ငါ .. မင်း တစ်အုပ်နှစ်အုပ်လောက် သယ်လာပေးဖို့ပဲ လိုတာပါ။ ဘာလို့အများကြီး ယူလာတာလဲ။ ငါ အရမ်း အားနာတာပဲ။"

"ဝေ့၊ ဘာကို အားနာစရာလိုလို့လဲ။ ဒါ ပိုက်ဆံအများကြီး ကုန်တာလည်း မဟုတ်ဘူး။"

ဖုန်းသုန့်ယွမ် ပြုံးလိုက်သည်။ "ရှင်းယွီ၊ ကျေးဇူးပဲ။"

"ရပါတယ်ကွာ။" ပိုင်ရှင်းယွီ သူ့မျက်နှာပေါ်မှ ရိုးရှင်းဖြူစင်လှသည့် အပြုံးကို ကြည့်ရင်း စိတ်အခြေအနေ ထူးပြီး ကောင်းမွန်သွားတော့သည်။

သူ အိတ်ထဲမှ မုန့်ထုတ်တွေကို အဆောင်ရှိ လူတိုင်းအတွက် မျှဝေပေးလိုက်ပြီး ချန်းကျင်းအတွက် လက်ဆောင်သာ ကျန်တော့တာမို့ သူ မနက်ဖြန်ကျ ချန်းကျင်းကို သွားရှာဖို့ စီစဉ်ထားလိုက်သည်။

ထိုညက အိပ်ရာဝင်ချိန် လူတိုင်းက ပိုင်ရှင်းယွီအား အိမ်ပြန်သွားသည့် လဝက်အတောအတွင်း ဘာတွေလုပ်ခဲ့သလဲဟု မေးလာကြသည်။ ပိုင်ရှင်းယွီလည်း သူ့မိဘများနှင့် အချိန်ကုန်၊ သူ့သူငယ်ချင်းများနှင့် သွားတွေ့အချိန်ဖြုန်းခဲ့သည်ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပေမယ့် ထိုလဝက်အတွင်းဖြစ်ခဲ့သည့် ကိစ္စတစ်ခုက သူ့ဘဝတစ်လျှောက်လုံး မေ့သွားနိုင်တော့မည် မဟုတ်တာကို သူတစ်ယောက်တည်းသာ သိသည်။

စစ်တပ်သို့ ပြန်ရောက်သည်နှင့် တပ်ခွဲအလွှဲအပြောင်း ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် လိုအပ်နေပေမယ့် ဒီတစ်ကြိမ်တွင်တော့ ပိုင်ရှင်းယွီ အလျင်လိုခြင်း ရှိမနေ။ မနက်နိုးလာသည်နှင့် သူ မွေးမြူပျိုးထောင်ခဲ့ရသည့် ဝက်ခြံမှ ဝက်ပေါက်ကလေးများကို ကြည့်ဖို့ သွားတော့သည်။

လဝက်အတွင်းမှာကို အသစ်မွေးလာတဲ့ ဝက်ပေါက်လေးများက ဝဖောင်းလာပြီး ကြောင်သေးသေးလေးများအရွယ်သို့ ရောက်လာပြီဖြစ်သည်။ သူတို့တွေပ အပူချိန် ချိန်ညှိပေးထားတဲ့ အခန်းအတွင်း ထိန်းသိမ်းထားခံရဆဲဖြစ်ကာ အချို့ဆို မတ်တပ်တောင် မရပ်နိုင်သေး။ ပန်းနုရောင်သန်းနေသည့် ဝက်ပေါက်လေး ၇ကောင်က အတန်းလိုက် အိပ်စက်နေကြသည်မှာ ထူးထူးဆန်းဆန်းနိုင်ပြီး ချစ်ဖို့လည်း ကောင်းလှသည်။ ပိုင်ရှင်းယွီ သူ့ဖုန်းထုတ်ကာ ဓာတ်ပုံမြောက်မြားစွာ ရိုက်ယူလိုက်ပြီး သူ့ကိုယ်သူပါ ပါဝင်အောင် ရိုက်လိုက်သည်။ ထို့နောက်တွင်တော့ သူ ဝက်ပေါက်လေးများ၏ ဝမ်းဗိုက်ကို ငြင်ငြင်သာသာ ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။ "မင်းတို့လေးတွေ ဘာလို့ ဝက်ဖြစ်လာရတာလဲ .."

ထိုနေ့က ပိုင်ရှင်းယွီ ဝက်များအတွက် အစာကို ဂရုတစိုက်ရောနှောလိုက်သည်။ သူ ပြောင်းဖူး၊ မုန်လာဥနီများကိုပါ ထည့်ပြီး ကြက်ဥအနည်းငယ်တောင် ခွဲထည့်ပေးလိုက်သည်။ မနက်ဖြန်ရောက်သည်နှင့် သူတို့ကို တာဝန်ယူရမည့်သူမှာ သူ မဟုတ်တော့။ ဒီဝက်များကို မွေးမြူနိုင်ဖို့ သူ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရတုန်းကထက်တောင် ပိုပြီး ကြိုးကြိုးစားစားလေ့လာခဲ့သည်မှာ ဝက်မွေးမြူပျိုးထောင်ရေး နည်းလမ်းမှန်သမျှ တတ်မြောက်လာသည်အထိပင်။ အနာဂတ်မှာ ထိုအတတ်ပညာက သူ့အတွက် ဘယ်လို အသုံးဝင်လာမလဲတော့ သူ မသိ။ ထို့နောက် သူ ဝက်များကို နောက်ထပ်အစာကျွေးစရာ မလိုတော့သည့်အကြောင်းကို တွေးမိသွားသည်။ ပျော်နေသင့်ပေမယ့် သူ အနည်းငယ်မျှ လွမ်းဆွတ်ဝမ်းနည်းသလို ခံစားနေရသည်။

ဝက်စာများကို ဝက်ကျင်းထဲ ထည့်လိုက်သည်နှင့် ဝက်တွေအကုန်လုံး အပြေးရောက်လာကြသည်။ ဝက်သိုး 'ယွီဖုန်းချန်' ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်ပြီး အုပ်စုအလယ်တွင် ထင်းကနဲဖြစ်နေသည်မှာ စစ်တပ်ထဲက လူတစ်ယောက်အတိုင်းပင်။ ပိုင်ရှင်းယွီ သစ်ကိုင်းတစ်ခက် ဆွဲယူပြီး သူ့နောက်ကျောကို လှမ်းရိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါ မင်းမိန်းမတွေ မဟုတ်ဘူး၊ မင်းညီအစ်ကိုတွေ။ အလျော့ပေးရမယ်ဆိုတာ မင်း ဘာလို့ မသိတာလဲ။ မင်း ဘာလို့ အရမ်း တကိုယ်ကောင်းဆန်ရတာလဲ။ မင်းက ဝက်သိုးတစ်ကောင်ဖြစ်နေတာနဲ့ပဲ အထက်စီးဆန်ချင်နေတာလား။ မင်းနဲ့ ပတ်သတ်ပြီး ဘာကများ အထင်ကြီးစရာ ရှိနေလို့လဲ။"

'ယွီဖုန်းချန်' ကြည့်ရတာ စိတ်ရှုပ်လာပုံပေါ်သည်။ ခေါင်းမော့ပြီး ပိုင်ရှင်းယွီဘက်လှည့်ကာ နှာချေလာသည်။ သူ အလျင်မြန်ရှောင်လိုက်နိုင်သည်က ကံကောင်းလှသည်။ မဟုတ်ပါက ဝက်စာများက သူ့မျက်နှာအနှံ့ ပျံ့စင်လာနိုင်သည်။ ပိုင်ရှင်းယွီ ဒေါသထွက်သွားပြီး သူ့လက်ထဲမှ သစ်ကိုင်ဖြင့် အကြိမ်ရေများစွာ ရိုက်နှက်လိုက်တော့သည်။

"ယွီဖုန်းချန်၊ ခွေးကောင်လေး။ ချီးပဲ၊ မကြာခင် မင်းကို ကြည့်ကောင်းအောင်ကို လုပ်ပစ်ဦးမယ်။"

"ရှင်းယွီ ..." ချန်းဝမ့်ဝမ် အနောက်မှ သတိတကြီး ထားစွာ လှမ်းခေါ်လာပြီး ရူးကြောင်ကြောင်ဖြစ်နေသည့် ပိုင်ရှင်းယွီကို ကြည့်ရင်း ခေါင်းရှုပ်နေပုံပင်။

ပိုင်ရှင်းယွီ အထိတ်တလန့်နှင့် ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသည်။ "အာ၊ ဝမ့်ဝမ်-ကော၊ ရောက်နေတာပဲ။"

"မင်း ဘာလုပ်နေတာလဲ။"

"ဒီဝက်လေ အမြဲတမ်း အစာလုစားနေလို့ ကျွန်တော် သင်ခန်းစာပေးနေတာ။"

"အိုင်း၊ သူ ဝသွားရင် လုမစားတော့ပါဘူးကွာ။" ချန်းဝမ့်ဝမ် သက်ပြင်းချလိုက်သည်။ "မင်း သွားရင်၊ ငါ တစ်ယောက်တည်းပဲ ကျန်တော့မှာ။ ခေါင်းဆောင်ကတော့ အခြားတစ်ယောက်နဲ့ တွဲပြီး တာဝန်ပေးမယ် ပြောပေမယ့် သူ့ကိုကလည်း အစကနေ စသင်ပေးရမှာပဲ။"

"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တောင် ဒီအလုပ်ကို မြန်မြန်သင်ယူလိုက်နိုင်တာပဲကို။ ပြီးတော့ ခဏခဏလည်း ကျွန်တော် လာလည်ပါ့မယ်။"

ချန်းဝမ့်ဝမ် နှုတ်ခမ်းများ မဲ့ကျသွားသည်။ "တော်စမ်းပါ၊ မင်း အပြောပဲ ရှိမှာ။"

ပိုင်ရှင်းယွီ တစ်ချက် ရယ်လိုက်သည်။

ချန်းဝမ့်ဝမ့် ပြောလာသည်။ "မင်းရဲ့ တန်းခွဲခေါင်းဆောင် ချန်းကျင်းက အဆောင်မှာ၊ မင်းကို စောင့်နေတယ်။"

"အိုး၊ ကျွန်တော် အခု သွားလိုက်မယ်။" ပိုင်ရှင်းယွီ သူ့အပေါ်ထပ် ဝတ်ထားသည်ကို ချွတ်ပြီး အဆောင်ဘက်သို့ လျှောက်ထွက်သွားလိုက်သည်။

အဆောင်သို့ ပြန်ရောက်သည်နှင့် ချန်းကျင်းက သူ့ထိုင်ခုံမှာ ထိုင်နေပြီး သူ့ကျောကလည်း ဆန့်မတ်ထားရင်း ပြတင်းပေါက်အား လှုပ်ရှားခြင်းမရှိ ငေးကြည့်နေသည်။ နေရောင်ခြည်က သူ့မျက်နှာနှင့် လည်ပင်းအပေါ် ဖြာကျနေပြီး သူ့အရိပ်က ရုပ်ထုသဖွယ် သေသပ်လှသည့် စစ်တပ်ယူနီဖောင်းက သူ့အား တည်ငြိမ်လေးနက်မှုဟူသည့် အရှိန်အဝါများ ပေးအပ်နေသည်။

"ခေါင်းဆောင်"

ချန်းကျင်း မတ်တပ်ရပ်လာသည်။ "ပြန်လာပြီလား။"

"အာ၊ ကျွန်တော် ဝက်စာသွားကျွေးနေတာ။ ခေါင်းဆောင်စောင့်နေတာ ဘယ်လောက်ကြာပြီလဲ။"

"ဘာမှမဖြစ်ဘူး၊ အခုလေးတင်မှ ရောက်တာ။" ချန်းကျင်း ပြုံးလိုက်သည်။ "ငါ စာရွက်စာတမ်းကိစ္စ အကုန် လုပ်ပြီးသွားပြီ။ ဖိုင်တွဲတွေက ဒီမှာ။ မင်း ပစ္စည်းတွေ သိမ်းပြီး အခု ငါနဲ့ လိုက်ခဲ့လို့ ရတယ်။"

"အဲ့လောက် မြန်တာလား။" ပိုင်ရှင်းယွီ တစ်ယောက်မှ ရှိမနေသည့် အဆောင်ခန်းကို ကြည့်လိုက်သည်။ အခုအချိန် လူတိုင်းက ညစာအတွက် မီးဖိုချောင်ထဲ အလုပ်လုပ်နေကြတာဖြစ်သည်။ သူ ဒီအခန်းထဲမှ မကြာခင် ထွက်သွားရတော့မည်ဟု ရုတ်တရက် သိလိုက်ရခြင်းက သူ့စိတ်ကို နည်းနည်းတော့ လေးလံသွားစေသည်။

"စစ်တပ်ဆိုတာ အချိန်တိုတိုနဲ့ ခရီးရောက်တာကို ဦးစားပေးပဲလေ။" ချန်းကျင်း သူ့အား စာရွက်စာတမ်းများ ကမ်းပေးလာသည်။

ပိုင်ရှင်းယွီ အလျင်အမြန် တစ်ချက်မျှ ကြည့်လိုက်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ "အာ ... ကျွန်တော်၊ ကျွန်တော် မနက်ဖြန်မှ လာခဲ့မယ်။ ဒီနေ့က အရမ်းလည်း အလုပ်များရမှာ။"

ချန်းကျင်း သူ့ပခုံးကို ဖိနှိပ်ရင်း သူ့မျက်လုံးများကို စေ့စေ့ကြည့်လာသည်။ "ဘာဖြစ်တာလဲ။ စိုးရိမ်နေတာလား။"

ပိုင်ရှင်းယွီ ပြုံးလိုက်သည်။ "နည်းနည်း၊ ကျွန်တော် ဟင်းချက်ဆောင်ကို ရောက်နေတာ နှစ်ဝက်ကျော်ပြီ။ ကျွန်တော် ခေါင်းဆောင်ရဲ့ လေ့ကျင့်ရေးတွေကို အမှီလိုက်နိုင်ပါ့မလားတောင် မသိတော့ဘူး။"

"အစပိုင်းကတော့ သေချာသလောက် ခက်လိမ့်မယ်။ တဖြည်းဖြည်း မင်း နေသားကျလာမှာပါ။ မင်း ဟင်းချက်ဆောင်မှာ အသားကျသွားသလိုပေါ့၊ ကျန်နေရာတွေကိုလည်း မင်း အဲ့လိုလုပ်နိုင်မှာ။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်လိုက်သည်။ "ကျေးဇူးပါ၊ ခေါင်းဆောင်။"

ချန်းကျင်း သူ့ပခုံးကို ပုတ်ပေးလာသည်။ "ဒါဆို မနက်ဖြန်ကျမှ ငါ့ကို လာသတင်းပို့။"

"ဟုတ်ကဲ့ဗျ။" ပိုင်ရှင်းယွီ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "ခေါင်းဆောင်၊ ခဏစောင့်။"

သူ ခရီးဆောင်အိတ်ထဲမှ သေးငယ်ပြီး ရှည်မျောမျော အနက်ရောင် ဘူးလေးကို ထုတ်ပြီး ချန်းကျင်းအား ပေးလိုက်သည်။ "ခေါင်းဆောင်၊ ဒါ ကျွန်တော် ခေါင်းဆောင်အတွက် ဝယ်လာတဲ့ လက်ဆောင်။"

ချန်းကျင်း ယူလိုက်သည်။ "မင်း ဘာလို့ ငါ့အတွက် လက်ဆောင် ဝယ်လာတာလဲ။"

"ကျွန်တော် လူတိုင်းအတွက် ဝယ်လာပေးတာ။ ဒီလို ပြန်ခွင့်ရတာ ရှားတယ်လေဗျာ။"

ချန်းကျင်း ဖွင့်ကြည့်လိုက်ပြီးနောက် ရိုးရှင်းကြော့ရှင်းလှသည့် ဘောပင်တစ်ချောင်းဖြစ်နေသည်။ ချန်းကျင်း မျက်မှောင်ကြုတ်သွားသည်။ "ဒါ ဘယ်လောက်လဲ။"

ပိုင်ရှင်းယွီ ပြုံးလိုက်သည်။ "စျေးမကြီးပါဘူး။"

ချန်းကျင်း ဘူးကို ပိတ်ပြီး အလေးအနက်ထား ပြောလာသည်။ "ရှင်းယွီ၊ မင်း ငါ့ကို လက်ဆောင်ပေးချင်တဲ့ စိတ်ကလေးအတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် အဲ့တာက အရမ်း စျေးကြီးလွန်းနေရင် ငါ လက်မခံနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါမျိုးက ပြဿနာတက်သွားနိုင်တယ်။ မင်း သိလား။ ရ

ပိုင်ရှင်းယွီ ပြုံးလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော် စစ်သားတစ်ယောက်ဖြစ်နေတာ လကျော်နေပြီ။ ဘယ်လိုလုပ် ဒီလိုအကြောင်းတွေ မသိရမှာလဲ။ ကျွန်တော် ကတိပေးတယ်။ ဒါ စျေးမကြီးဘူး။ ယွမ် နှစ်ရာ၊ သုံးရာလောက်ပဲ ရှိတယ်။"

သူ အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ ချန်းကျင်းက စျေးကြီးကြီး လက်ဆောင်များ လက်ခံမည်မဟုတ်ဆိုတာကိုကော နောက်ဆက်တွဲ ပြဿနာများ ရှိလာနိုင်သည်ဆိုတာကိုပါ သူ သိသည်။ သို့ပေမယ့် ထိုနေ့က သူ စာရေးကိရိယာဆိုင်ရှေ့မှ ဖြတ်သွားရချိန် ချန်းကျင်းဘောပင်က တစ်ခါတစ်လေ မှင်မထွက်တော့သည့် ကိစ္စကို သူ ရုတ်တရက် အမှတ်ရလာသည်။ ထို့ကြောင့်လည်း သူ ဆိုင်ထဲဝင်သွားပြီး ဘောပင်တစ်ချောင်း ဝယ်လာခဲ့ခြင်းဖြစ်သည်။ သူ မွေးကတည်းက သူ၏ ကျေးဇူးတင်မှုအား လူတိုင်းအပေါ် လက်ဆောင်ပေးခြင်းနှင့် ဖော်ပြလိမ့်ရှိပေမယ့် ဒီလို စျေးပေါပေါ လက်ဆောင်မျိုး တစ်ခါမှ ပေးဖူးခြင်း မရှိ။ သို့ပေမယ့် ချန်းကျင်း သူ့အပေါ် ပေးခဲ့သည့် ဂရုစိုက်မှုနှင့် ကူညီခဲ့မှုများက လက်ဆောင်တန်ဖိုးနှင့် တိုင်းတာလို့ ရနိုင်မှာတောင် မဟုတ်။ ထိုအချိန်က သူ့လုပ်ဆောင်မှုတွေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ ချန်းကျင်း သူ့အပေါ် လက်လျော့ခြင်း မရှိခဲ့။ သူ အခုချိန်ထိ တောင့်ခံနေနိုင်ခြင်းမှာ စစ်တပ်ထဲ ရှိနေစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် လူကောင်းများကြောင့်သာ ဖြစ်သည်။

ချန်းကျင်း စိတ်အေးသွားသလို သက်ပြင်းချပြီး ပြုံးလိုက်သည်။ "ကောင်းပြီ။ ငါ ဒီဘောပင်ကို လက်ခံမယ်။ မင်းကို ကျေးဇူးတင်ပေမယ့် ဒီတစ်ကြိမ်ပဲ။ နောက်တစ်ကြိမ်ဆိုတာ မရှိရဘူး။"

ပိုင်ရှင်းယွီလည်း ပြုံးပြလိုက်သည်။ "ဟုတ်!"

ထိုည ညစာ စားပြီးနောက်မှာတော့ ဟင်းချက်ဆောင်မှ လူတိုင်း ပိုင်ရှင်းယွီအတွက် ကန်တင်းမှာ နှုတ်ဆက်ပါတီလေး ပြုလုပ်ပေးလေသည်။ အသားများနှင့် ဝိုင်များရှိနေပြီး လူတိုင်း ပျော်ပျော်ရွှင်ရွှင် သောက်စားလိုက်ကြသည်။ ပိုင်ရှင်းယွီ သူ ဟင်းချက်ဆောင်ကို စရောက်ချိန်က ရှက်ရွံ့ခဲ့ခြင်းများနှင့် နာကျင်မုန်းတီးခဲ့ရခြင်းများကို အမှတ်ရလာပြီး ထိုအချိန်များက အတော်ဝေးဝေးမှာ ကျန်ခဲ့ပြီဆိုတာကိုလည်း တွေးလိုက်မိသည်။ သူ၏ ပြောင်းလဲမှုများကို သူကိုယ်တိုင်ပင် အံ့ဩနေမိသည်။ လူတွေ သူ့အား မှတ်မိခြင်း မရှိတော့သည်မှာ အံ့ဖွယ်မဟုတ်တော့။ သေချာသလောက် လူတိုင်းက အတင်းအကြပ် လုပ်ခိုင်းခြင်းကို ခံနေရတာဖြစ်သည်။ သူ စစ်တပ်ကို မလာခင်ကလည်း သူကိုယ်တိုင်တောင် မဖြစ်နိုင်ဟု ထင်ခဲ့သည့် အရာများစွာကို လုပ်ဖူးခဲ့သည်။ ဒီလိုမျိုး ကိုယ်ဖြစ်သည့်စိတ်ဆန္ဒကို ချိုးနှိမ်ရင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် ကြိုးစားနေရသည်ကလည်း ပြီးပြည့်စုံသွားသလို ခံစားရစေသည်။

ထိုညက ဝူချင်း သောက်တာများသွားပြီး သူ့ပခုံးပေါ် လက်တင်ထားပြီး ကောင်းကောင်းလေ့ကျင့်ရန်နှင့် အချိန်ဖြုန်းမနေရန်စသည့် စကားပေါင်းများစွာ ပြောလာသည်။ ပိုင်ရှင်းယွီလည်း အကြောင်းအရင်းတောင် မသိပဲ ငိုကြွေး​တော့သည်။ သူတို့အတူရှိခဲ့သည့် အချိန်များက အမြဲ အဆုံးမရှိတော့သလို ထင်နေခဲ့ရသည်။ သို့ပေမယ့် သေချာ တွေးကြည့်ပါက အကြာကြီး မဟုတ်ခဲ့။ ခြောက်လကျော်ဆိုသည်ကလည်း ခဏတာမျှလေးလိုပင်။ အနာဂတ်မှာလည်း သူ ဒီလို ခွဲခွါခြင်းတွေ အများကြီး ပြုလုပ်ရတော့မယ်ဆိုတာကို တွေးမိသွားသည်။ သူ သောက်တာများသွား၍လည်း ဖြစ်နိုင်သည်၊ ခံစားရလွယ်လာပြီး ရုတ်တရက် အရမ်း ဝမ်းနည်းလာတော့သည်။

ပိုင်ရှင်းယွီ၏ ဟင်းချက်ဆောင်မှာ နောက်ဆုံးကုန်ဆုံးရမည့် ညနက်အတွက် သူတို့အကုန်လုံး အများကြီး သောက်စားကြကာ စကားများစွာ ပြောဆိုခဲ့ကြသည်။

မနက်ခင်းစောစောတွင်တော့ ပိုင်ရှင်းယွီ သူ့ဘဝအသစ် စတင်မှုအတွက် ဝမ်းနည်းမှုကော မျှော်လင့်စောင့်စားနေမှုပါ ရောထွေးနေသည့် စိတ်အစုံဖြင့် တန်းခွဲ(၃) ရှိရာဆီသို့ လက်ဆွဲအိတ်နှင့် ရောက်လာတော့သည်။

သူ အဆောင်ထဲ ဝင်သွားလိုက်သည်နှင့် ချန်းကျင်းမှ စတင် လက်ခုပ်တီးပေးကာ တစ်ဆောင်လုံး အတူတကွ လက်ခုပ်တီးကြရင်း သူတို့၏ စစ်သားအသစ်လေး ရောက်ရှိလာမှုကို ကြိုဆိုလာကြသည်။ ပိုင်ရှင်းယွီ ပျော်ပျော်ရွှင်ရွှင် ရယ်လိုက်မိသည်။ သူ ဒီလိုမျိုး နွေးနွေးထွေးထွေး ဆက်ဆံခံရသည်မှာ အလွန်ကို ရှားလှသည်။ သေနတ်ပစ်ပြိုင်ပွဲတွင် ပထမနေရာ ချိတ်ဆွဲသွားကတည်းက လူတိုင်း သူ့အပေါ် ကောင်းကောင်း ဆက်ဆံလာကြသည်မို့ သူ့စိုးရိမ်ပူပန်နေစိတ်ကို အတော်လေး ဖြေလျော့ပေးနိုင်လေသည်။

သူ မော့ကြည့်လိုက်ချိန်တွင်တော့ ယွီဖုန်းချန်၏ မျက်ဝန်းများကို တွေ့လိုက်ရသည်။ ယွီဖုန်းချန်ကလည်း လက်ခုပ်တီးလျက် ရှိနေသည်။ သူ ဆိတ်ဆိတ်နေရင်း လက်ခုပ်တီးနေပေမယ့် သူ့မျက်လုံးများကတော့ နားလည်၍မရနိုင်သော ခံစားချက်များဖြင့် တောက်ပနေသည်။

ပိုင်ရှင်းယွီ မမြင်ဟန်ဆောင်ပြီး ခေါင်းလှည့်ပြုံးရင်း ပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော် ရောက်လာပြီ။"

ချန်းကျင်း ပြုံးပြီး ပြောလာသည်။ "တန်းခွဲထဲက လူတော်တော်များများကိုတော့ မင်း သိပါတယ်။ ငါ မင်းကို တစ်ယောက်ချင်း လိုက်မမိတ်ဆက်ပေးတော့ဘူး။ မင်းရဲ့ အိပ်ရာက ဒီမှာ၊ သုန့်ယွမ်ကုတင်ရဲ့ အောက်မှာပဲ။"

ပိုင်ရှင်းယွီ မျက်လုံးများ အရောင်တောက်လာပြီး ဖုန်းသုန့်ယွမ်ရှိရာသို့ မျက်စိမှိတ်ပြလိုက်သည်။ ဖုန်းသုန့်ယွမ်ကလည်း အလွန်အမင်း ပျော်ရွှင်နေပုံပေါ်သည်။

ချန်းကျင်း အဆောင်တွင်း စည်းကမ်းချက်များကို အကျဉ်းချုံးရှင်းပြပြီးသည်နှင့် ပိုင်ရှင်းယွီအား သူ့ခရီးဆောင်အိတ်ကို ဖြည်ခိုင်းလိုက်တော့သည်။

ဒီတစ်ကြိမ်တော့ ပိုင်ရှင်းယွီ အိပ်ရာက ယွီဖုန်းချန်နှင့် အလှမ်းဝေးဝေး နေရာမှာရှိနေပြီး အိပ်ရာတစ်ခုနှင့် တစ်ခုအကြားလည်း ခြားနေသည်။ လေ့ကျင့်ရေး စခန်းတုန်းကလို တစ်ယောက်အိပ်ရာဖို့ လှိမ့်လာဖို့ကလည်း မဖြစ်နိုင်။ သို့ပေမယ့်လည်း အခု သူတို့က အဆောင်တစ်ခုတည်းမှာ ရှိနေပြီး ခေါင်းမော့၊ ခေါင်းငုံ့ ကြည့်လိုက်ရုံနှင့်ကို မြင်နေရသည်မို့ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ ဘယ်သူမှ မပြောနိုင် ...

သူ အထုတ်အပိုး ဖြည်ပြီးတုန်းမှာပဲ ယွီဖုန်းချန် အနားရောက်လာပြီး ကုတင်လက်ရန်းကို မှီရင်း ခပ်ရေးရေးပြုံးလာသည်။ "မင်း တပ်ထဲ စရောက်ကာစ အချိန်ကို မှတ်မိသေးလား။"

ပိုင်ရှင်းယွီ သူ့ကို လှမ်းကြည့်ပြီး ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။"

သူ အဆောင်ကို စရောက်ချိန်က ယွီဖုန်းချန်၏ အတင်းအကြပ် အိပ်ရာလဲပြောင်းခိုင်းကို ခံခဲ့ရသည်။ ထိုအချိန်က အိပ်ရာများကလည်း လူဦးထားခြင်း မရှိသောကြောင့် ဒီတိုင်း လှဲလျောင်းခဲ့ရသည်။ အခုကတော့ ကွာခြားသွားပြီ။ သူကလည်း အရင်လို လူတိုင်း အနိုင်ကျင့်တာ ခံရသည် ပိုင်ရှင်းယွီ မဟုတ်တော့၊ သို့ပေမယ့်လည်း သူ ဘာစကားမှ ပြန်မပြောရဲ။

ယွီဖုန်းချန် ပြောလာသည်။ "မင်း တကယ်ကို အများကြီး ပြောင်းလဲသွားတာပဲ။" သူ့ အသံအနေအထားတွင် ခံစားချက်များတောင် ပါဝင်နေသည်။

ပိုင်ရှင်းယွီ ရပ်တန့်သွားပြီး ဘယ်လိုပြန်ဖြေရမှန်း မသိတာမို့ 'အင်း'ဟုသာ အသံပြုလိုက်သည်။

ဟိုးနေ့က စကားပြောမှုပြီးဆုံးသွားကတည်းက သူတို့နှစ်ယောက်ကြားအခြေအနေက အတော်လေး ထူးထူးဆန်းဆန်းဖြစ်နေသည်။ ပိုင်ရှင်းယွီကတော့ ယွီဖုန်းချန် ဘာတွေများ တွေးနေသလဲဆိုတာ သိဖို့ အလုပ်ရှုပ်ခံ စဉ်းစားမနေချင်။ ဘာလို့ဆို သူကိုယ်တိုင်တောင် ဘာတွေတွေးနေမိမှန်း သေချာ နားမလည်သေးတာကြောင့်ပင်။

သူ့အထုတ်အပိုးများ ဖြည်ပြီးသည်နှင့် ပိုင်ရှင်းယွီ လူတိုင်းနှင့်အတူ ကန်တင်းမှာ ထမင်းစားဖို့ လိုက်သွားလိုက်သည်။ ဒီလမ်းအတိုင်း သွားခြင်းက အရင်ကဆို သူ အလုပ်လုပ်ရန် သွားခြင်းဖြစ်သည်။ အခုတော့ ရုတ်တရက်ဆန်စွာ ထမင်းစားရန်အတွက်သာ လာနေရခြင်းဖြစ်လာသည်။ သူ တကယ်ကို ကျင့်သားမရသေး။ ထို့နောက်မှာတော့ သူကိုယ်တိုင်တောင် မသိလိုက်ပဲ မီးဖိုချောင်ထဲသို့ ခြေဦးလှည့်လိုက်မိသည်။ ဖုန်းသုန့်ယွမ် သူ့အား အသိပေး လာခေါ်မှသာ သူ ဒီဘက်သို့ ပြန်လှည့်လာဖြစ်လေသည်။

ညစာ စားချိန်မှာတော့ ချန်းဝမ့်ဝမ်က ဇွန်းကြီးတစ်ချောင်း ကိုင်ထားလျက် သူ့ကို မီးဖိုချောင်ထဲမှ လှမ်းပြုံးပြလာကာ သူ့အား ဝက်သားနှပ် ဇွန်းကြီးအပြည့် ခပ်ထည့်ပေးလိုက်သည်။ ပိုင်ရှင်းယွီလည်း သူ့အား မျက်စိမှိတ်ပြလိုက်ပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြသည်။

ထိုင်ခုံ ပြန်ရောက်ချိန်မှာတော့ ချန်းလျန့် သူ့ထမင်းဗန်းကို ကြည့်ပြီး အားကျသလို ပြောလာသည်။ "ငါ နောက်ဆို မင်းနဲ့ပဲ အတူ ထမင်းစားရမယ်။"

ပိုင်ရှင်းယွီ ရယ်ပြီး ပြောလိုက်သည်။ "ငါ ဒီလို ကောင်းကျိုး ရလာမယ်လို့ မမျှော်လင့်ထားမိဘူး။"

သူ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်လျက် ရှိနေကြသည့် စစ်သားများကို လှည့်ကြည့်ရင်း ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခု ရင်ထဲ ပေါ်ထွက်လာကာ သူ ဒီနေရာမှာ ထိုင်မနေသင့်သည့်အလား ခံစားလိုက်ရသည်။ ခေါင်းကို ခါယမ်းရင်း သူ ဘယ်နေရာကိုပဲ ရောက်ရောက်၊ အထင်အမြင်သေးခြင်းမခံရအောင် ကောင်းကောင်းနေရမည်ဟု သူ့စိတ်ထဲ ကတိသဝတ်ပြုလိုက်သည်။

တပ်ခွဲရောက် သူ့ဘဝက တရားဝင် စတင်လာခဲ့ပြီ။ ဟင်းချက်ဆောင်မှာလိုမျိုး လေ့ကျင့်သည်ဖြစ်စေ မလေ့ကျင့်သည်ဖြစ်စေ ဂရုတစိုက် မရှိကြတာမျိုး မဟုတ်တော့။ ကင်းထောက် ထောက်လှမ်းရေးတပ်ခွဲမှ ပရော်ဖက်ရှင်နယ်ဆန်သည့် လေ့ကျင့်ရေးများက အလွန်ကို စည်းကပ်တင်းကြပ်မှုရှိသည်။ ထို့ကြောင့်မို့လည်း ပိုင်ရှင်းယွီကို အချိန်တိုအတွင်း နေသားကျမှု အဆင့်ကို ရောက်သွားစေလေသည်။ သေချာသလောက်၊ သူ အစပိုင်း တွေးခဲ့သလိုမျိုး သေနတ်ပစ် လေ့ကျင့်ချိန်မှ လွဲပြီး ကျန်အချိန်များကို သူ အမှီမလိုက်နိုင်။ သူက လေ့ကျင့်ရေး တပ်စခန်းမှာ ရှိကတည်းက တစ်ဦးတည်း ထူးပြီး လိုက်မမှီဖြစ်နေခဲ့တာ ဖြစ်သည်။ ထို့နောက် သူ ဟင်းချက်ဆောင်တွင် ခြောက်လကျော် လေ့ကျင့်ရေးများကို လျစ်လျူရှုနေခဲ့သည်။ အခု သူ တပ်ခွဲသို့ ပြန်ရောက်လာချိန်တွင် သင်ယူစရာတွေကလည်း များပြားနေပြီး ကိုယ့်ကာယ ကြံ့ခိုင်လေ့ကျင့်ရေးများက လေ့ကျင့်ရေးတပ်စခန်းတုန်းကထက် ပိုပြီး ပြင်းထန်သည်။ သူကလည်း ထိုအရာအကုန်လုံးနှင့် အစိမ်းသက်သက်သာဖြစ်နေသေးတာမို့ သူနှင့် အခြားလူများအကြား ကွာဟချက်က ပို၍တောင် ကြီးမားလာတော့သည်။

သို့ပေမယ့် အရင်လို ထိတ်လန့်၊ စိတ်ရှုပ်နေခြင်းမျိုးထက် ပိုင်ရှင်းယွီ ဒီတစ်ကြိမ်မှာတော့ စိတ်ပိုင်းဆိုင်ရာကို အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။ ရက်အနည်းငယ် လေ့ကျင့်ပြီးနောက် ချန်းကျင်းက သူ စိတ်ဓာတ်ကျသွားမှာ စိုးရိမ်၍ အထူးတလည် လာရောက်နှစ်သိမ့်ပေးဖို့ လုပ်ပေမယ့် ပိုင်ရှင်းယွီကတော့ အများကြီး စိတ်ထဲ မခံစားနေ။ သူ သူများတွေ လုပ်သလို လိုက်လုပ်ပြီး နှစ်ဝက်ကျော် သူတို့အကြား ကွာဟနေရသည့် ကိစ္စများကို ဖြည်းဖြည်းချင်း အစားထိုးပြင်ဆင်လေသည်။ ထို့ကြောင့်မို့လည်း ချန်းကျင်းကော သူကိုယ်တိုင်ပါ အံ့ဩမိနေသည်။ သူ့စိတ်ဓာတ်ရေးရာ အတော်လေး ပြောင်းလဲသွားမှန်း သူ သိလာသည်။ ဟင်းချက်ဆောင်၌ ၆လကျော် နေလိုက်ရခြင်းက သူ့ကို ကိုယ်ကာယဖွံ့ဖြိုးမှုကော သူ့နှလုံးသားကိုပါ ပြောင်းလဲမှုများ ကြုံတွေ့ခဲ့စေသည်။

စိတ်ဓာတ်ရေးရာ ပြောင်းလဲသွားခြင်းက လူတစ်ယောက်ကို ကမ္ဘာတုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုများ ပေးစွမ်းနိုင်သည်။ အရင်က သူ ကောင်းကောင်း လေ့ကျင့်ခြင်း မရှိခဲ့သလို ထိုအတွက်လည်း စိတ်မပူခဲ့။ သူက သူများတွေထက် မဆိုးလောက်ပါဘူးဟု အမြဲခံစားနေခဲ့ပြီး သူ ကျော်ဖြတ်နိုင်ရုံမျှဖြင့်သာ ကျေနပ်ခဲ့သည်။ သို့ပေမယ့် အခုတွင်တော့ သူ့ဘက်ကကို လိုလိုလားလား သန်မာလာချင်ပြီး လူတိုင်း၏နောက်ကို အမှီလိုက်ချင်မိသည်။ ဒီလို စိတ်သဘောထားဖြင့် သူ တက်တက်ကြွကြွကို လေ့ကျင့်သင်ယူသည်။ သူ၏ တာထွက်အမှတ်ကတော့ နိမ့်ဆင်းနေပေမယ့် တန်းခွဲ တစ်ဖွဲ့လုံးအတွင်း သူ၏တိုးတက်မှုက အသိသာဆုံးဖြစ်နေသည်။

ပိုင်ရှင်းယွီ တပ်ခွဲထဲ ရောက်ပြီး မကြာခင်မှာပဲ တပ်ခွဲ(၃)က ကွင်းဆင်းလေ့ကျင့်ရေးစီစဉ်လာသည်။ သူတို့ လူအယောက်တစ်ရာကျော် စစ်တပ် ထရပ်ကားကြီးပေါ်တွင် လိုက်စီးကြပြီး နေရာမှ 20kmကျော်ဝေးသည့် လေ့ကျင့်ရေးစင်တာသို့ ခေါ်သွားခံလိုက်ရသည်။ သူတို့တွေက နှင်းတောအကြား ရုပ်ဖျက်နိုင်သည့် အဖြူရောင်ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ဆေးများ ဆွဲခြယ်ထားရသည်။ သူတို့က နည်းပြများ ပေးလာသည့် ကျည်ထည့်ထားပြီးသား သေနတ်များကို ကိုင်ဆောင်ထားရင်း နောက်ကျောတွင်တော့ ပစ္စည်းများ သယ်ပိုးထားရသည်။ ထိုအချိန် နှင်းများက သည်းထန်စွာ ကျနေသည်။ သူတို့အသက်ရှုထုတ်မှုကတောင် အဖြူရောင်လေငွေ့များဖြစ်နေပြီး မျက်တောင်များကလည်း အေးခဲနေသည်။ ဖုန်းသုန့်ယွမ်က ဒါ သူတို့၏ ဒုတိယအကြိမ် ကွင်းဆင်းလေ့ကျင့်ရေးဖြစ်ပြီး ပထမအကြိမ်တုန်းက လူတော်တော်များများ ငိုခဲ့သည်ဟု ပိုင်ရှင်းယွီအား တိုးတိုးကပ်ပြောလာသည်။

ပိုင်ရှင်းယွီကတော့ စိတ်လှုပ်ရှား မြူးကြွနေမှုကိုသာ ခံစားနေရသည်။ သူတို့ လေ့ကျင့်ရေး စစ်စခန်းတုန်းကလည်း ကွင်းဆင်းလေ့ကျင့်ခြင်းများ လုပ်ခဲ့ဖူးသည်။ သို့ပေမယ့် အများအားဖြင့်ကတော့ အလေးအပင် ထမ်းမ၍ တာဝေးပြေးရခြင်းဖြစ်သည်။ သူတို့ စစ်တိုက်ထွက်ရတော့မည့်အလား လက်နက်အစုံအလင်ဖြင့် တစ်ခါမှ မလုပ်ဆောင်ဖူးတာမို့ သူ့သွေးများပင် ပွက်ပွက်ဆူလာတော့သည်။

ရွှီချွမ်က နှင်းတောစီး ဆိုင်ကယ်ကို မောင်း၊ နေကာမျက်မှန်ကို တပ်ထားရင်း တဝှီးဝှီး တိုက်နေသည့် လေသံများအကြား အော်ပြောလာသည်။ "ဒီတစ်ခေါက် ကွင်းဆင်းလေ့ကျင့်ရေးက တစ်ညအိပ် နှစ်ရက်ကြာမယ်။ လေ့ကျင့်ရမယ့်အထဲ နှင်းတောအကြား ကင်းထောက်တာ၊ ရန်သူကို စောင့်ကြည့်တာ၊ နှင်းအကြား ခြေရာကောင်တာ၊ နှင်းမုန်တိုင်း ဒဏ်ကာကွယ်ဖို့ အခိုအလှုံတည်ဆောက်တာ၊ ဝန်အလေးထမ်းပြီး တောအတွင်း ပြေးရတာနဲ့ အခြားကျန်တဲ့ လေ့ကျင့်ရေးတွေလည်းပါမယ်။ ဒီတစ်ခေါက်ကတော့ နှင်းတွေအကြား အသက်ရှင်နိုင်ဖို့နဲ့ ထောက်လှမ်းနိုင်ဖို့ အသိပညာတွေကို အဓိက ထားတာဖြစ်ပြီး ကိုယ်ကာယကြံခိုင်ရေးက ဖြည့်စွက်အနေနဲ့ပဲ ပါတာဖြစ်တယ်။"

လူတိုင်း "ကိုယ်ကာယကြံခိုင်ရေးက ဖြည့်စွက်"ဆိုသည့် စကားကို ကြားချိန် တိတ်တခိုး စိတ်အေးသွားရတော့သည်။

"ဒါပေမယ့်! ကိုယ်ကာယကြံ့ခိုင်လေ့ကျင့်ရေးကလည်း မင်းတို့အတွက် လွယ်လွယ်လေး လုပ်ပေးထားတာ မဟုတ်ဘူး။ မဟုတ်ရင် ဒါက အပျော်တမ်း ခရီးပေးထွက်သလိုဖြစ်နေမှာပေါ့။ အခု ငါတို့ သတ်မှတ်ပေးထားတဲ့ အချိန် နာရီဝက်အတွင်း တန်းခွဲအလိုက် စခန်းထောင်ပြီး ဒီနေရာမှာ ပြန်ဆုံကြမယ်။"

လူတိုင်း ရွက်ဖျင်တဲ တည်ဖို့ နေရာရွေးလိုက်ကြပြီး ကားပေါ်မှ လိုအပ်သည့် ပစ္စည်းများ သွားယူကာ စတင် စခန်းချလိုက်ကြပြီး နာရီဝက်အကြာမှာတော့ ရွက်ဖျင်တဲ ဆယ်ခု တည်ဆောက်ပြီးဖြစ်နေသည်။

ရွှီချွမ်က ဝါရင့်စစ်သားများနှင့်အတူ နှင်းတောအတွင်း မည်ကဲ့သို့ ပုန်းကွယ်ထောက်လှမ်းရမလဲဆိုသည့် ကိစ္စများကို သရုပ်ဖော်ပြလာသည်။ တစ်ယောက်တည်းစာအတွက် ရွက်ဗျဉ်ထည် တစ်ရွက်ကိုသာ သုံးပြီးနောက် နှင်းအကြား မြှုပ်နှံနေခြင်း ဖြစ်သည်။ နှင်းက ထူထပ်နေချိန်တွင် ဒီလို ကဒုတ်ကျင်းမျိုးက အတော်လေး လုပ်ရလွယ်သည်။ သို့ပေမယ့် စစ်သားတစ်ယောက်၏ ခံနိုင်ရည်နှင့် ကြံ့ခိုင်မှုကို စစ်ဆေးရာတွင်တော့ စစ်ဆေးမှု အသေးစားလေးမဟုတ်။ အပြင်မှ လူ သတိထားမိခြင်း မရှိရလေအောင် နှင်းများအကြား တူးဆွခြင်းက အတော်လေး နက်နေရမည်၊ အောက်ဘက်က တောင့်တင်းနေရပြီး အပေါ်ကတော့ နှင်းများ ဖြူးကျထားသလို ဖြစ်နေရမည်။ စစ်သားတစ်ယောက်၏ ကိုယ်က 10kg လေးပင်လှသည့် နှင်းများ၏ အောက်တွင် အချိန်အတော်ကြာ ဝပ်နေရသည်။ အသက်ရှုပေါက်က သေးသေးလေးသာ ရှိတာမို့ အောက်ဆီဂျင်မလုံလောက်ခြင်းများဖြစ်လာပြီး အေးစက်လှသည့် ရာသီဥတုအလယ် မလှုပ်မရှားပဲ နေ နေရခြင်းက နှင်းများအောက်တွင် ဝပ်နေရသည့် လူတိုင်းကို ပို ပိုပြီး အေးလာစေသည်။ တစ်မနက်လုံး တပ်ခွဲမှ စစ်သားအကုန်လုံး နှင်းကတုတ်ကျင်းအကြား နေရသည့် ခံစားချက်ကို ကြုံတွေ့လိုက်ရပြီး သူတို့လက်များကော ခြေထောက်များပါ အအေးဒဏ်ကြောင့် ထုံကျင်လာတော့သည်။

ကတုတ်ကျင်း ပြုလုပ်ပြီးနောက်မှာတော့ သူတို့တွေကို အထူးနည်းပြဆရာက ဆက်သွယ်ရေးသင်ခန်းစာများ ပို့ချလာသည်။ နည်းပြ ထိုင်နေချိန်အတွင်း သူတို့လည်း 10kgမျှ လေးပင်လှသည့် ပစ္စည်းများကို သယ်ထမ်းထားရင်း ဆောင့်ကြောင့်ထိုင်နေရသည်။ သူတို့ နေ့လည်စာ စားရချိန်တွင်တော့ သူတို့ခြေထောက်များ ကတုန်ကယင်ဖြစ်နေပြီး မတ်မတ်တောင် မရပ်နိုင်တော့ပဲ သူတို့ထဲမှ တော်တော်များများက နှင်းများအကြားတွင် ထိုင်ချပြီးသာ နေ့လည်စာ စားရတော့သည်။

ပိုင်ရှင်းယွီ ထမင်းစားလို့ ဝသွားပြီး ယွီဖုန်းချန်က စားနေသေးသည်ကို မြင်တာနှင့် မနေနိုင်စွာ မေးလိုက်သည်။ "မင်း ဒီလေ့ကျင့်ရေးကို ခက်တယ် ထင်လား။"

ယွီဖုန်းချန် သူ့အား တစ်ချက် မော့ကြည့်လာသည်။ "မခက်တဲ့ လေ့ကျင့်ရေးဆိုတာ ရှိလို့လား။"

"မင်းအတွက်တော့ မခက်လောက်ဘူးလို့ ငါ ထင်နေတာ။"

"ငါက စူပါမန်း မဟုတ်ဘူး။"

ပိုင်ရှင်းယွီ ပြောလိုက်သည်။ "မင်းသာ အထူးတပ်ဖွဲ့ဝင် စစ်သားဖြစ်လာရင် အခုထက် အများကြီး ပိုခက်ခဲမှာပဲ။"

"သေချာပေါက်ပေါ့။"

ပိုင်ရှင်းယွီ ယွီဖုန်းချန် ဘာလို့များ အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ယောက်ဖြစ်ချင်နေရတာလဲဟု မေးချင်နေမိသည်။ သို့ပေမယ့် သူ မမေးခဲ့၊ ယွီဖုန်းချန်၏ တွေးတောပုံကို သူ နားမလည်နိုင်မှန်း သိသလို ယွီဖုန်းချန်ကလည်း ပိုလို့တောင် သူ့ကို နားလည်နိုင်မှာ မဟုတ်။

ယွီဖုန်းချန် သူ့ကို ကြည့်လာသည်။ "မင်း ငါ့ကို တစ်ခုခုပြောချင်နေတာလား။"

"မဟုတ်ပါဘူး။"

ယွီဖုန်းချန် လက်ဆန့်ပြီး သူ့နှုတ်ခမ်းထောင့်တွင် ပေနေသည့် ထမင်းစေ့ကို ဖယ်ပေးပြီး ပေါ့ပေါ့ပါးပါး ပြောလာသည်။

"ဒီလို ပင်ပန်းခက်ခဲမှုတွေကြားထဲ ဘာလို့ လူတွေက စစ်သား ဒါမှမဟုတ် အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ယောက်ဖြစ်ချင်နေတာလဲဆိုတာကို မင်း နားမလည်နိုင်ဘူး။ အဲ့ဒါ ဘာလို့လဲဆို မင်းမှာ မင်းကို ထောက်ပံ့ပေးနေမယ့် ယုံကြည်မှုဆိုတာ မရှိသေးလို့။"

ပိုင်ရှင်းယွီ မှင်သက်သွားသည်။ ယုံကြည်မှု .. တခြားလူများ၏ ယုံကြည်မှုက သူတို့နိုင်ငံကို ကာကွယ်ဖို့လည်း ဖြစ်နိုင်သလို ဒီလို အန္တရာယ်ရှိရှိ အတွေ့အကြုံများအကြား စိတ်လှုပ်ရှားမှုအပြည့်နှင့် ရှင်သန်လိုခြင်းလည်းဖြစ်နိုင်သည်။ ယွီဖုန်းချန် .. မင်းရဲ့ ယုံကြည်ရာကကော ဘာလဲ။ မင်းရဲ့ ဦးလေးငယ်လား။ ပိုင်ရှင်းယွီ တကယ်ကြီးကို မင်း မင်းဦးလေးငယ်ကို ကြိုက်နေတာလားဆိုပြီး မေးချင်မိပေမယ့် ဒါက တကယ်ကို ပေါက်ကရဆန်လွန်းနေတာဖြစ်ပြီး ယွီဖုန်းချန်လည်း သေချာသလောက် ဒေါသထွက်သွားနိုင်သည်။ ပိုင်ရှင်းယွီ ယွီဖုန်းချန်၏ လက်ကို ရိုက်ထုတ်ပြီး ဝါးတားတားပြောလိုက်သည်။ "မင်းရဲ့ ကြီးမားလှတဲ့ ယုံကြည်ရာဆိုတာမျိုး မရှိလည်း ငါ မသေသွားဘူး။"

ယွီဖုန်းချန် ရယ်ပြီး ဘယ်သူမှ မရှိတာမို့ နား,နားကပ်ကာ ပြောလာသည်။ "ငါတို့ ခွဲရတော့မှာလို့ တွေးမိပြီးတော့ မင်း ဒေါသထွက်နေတာလား။"

ပိုင်ရှင်းယွီ သူ့အား တွန်းထုတ်ပြီး အေးစက်စက် ရယ်လိုက်သည်။ "ရို့၊ မင်းက အခုထိ အဟုတ်ကြီး ထင်နေတုန်းပဲ။ မင်း သွားလို့ရှိရင် အတူလုပ်ပေးနေရာကနေ တစ်ယောက်ထဲ လုပ်ရတာ အဆင့်ကိုပဲ ပြောင်းသွားမှာ။ လက်တစ်ဖက် တိုးလာတာနဲ့ လျော့သွားတာ။ ငါက ဘာကို သွားဒေါသထွက်ရမှာလဲ။"

ယွီဖုန်းချန် သူ့အား မှေးစင်း ကြည့်လာပြီး သူ ဘာတွေးနေသလဲ ဘယ်သူမှ သေချာ မသိ။

ပိုင်ရှင်းယွီ သူ ခုနက ပြောလိုက်သည့် စကားများကို အမှတ်တစ်ရာအပြည့် ပေးလိုက်မိသည်။ တော်တော် ကောင်းကောင်လေးကို သူ ပြောလိုက်နိုင်တာပဲ။

KittyKitling

Author Note - ဒီဝတ္ထုက အသည်းနှလုံးအောင့်စေမှာပါ ~ ဒီလိုမျိုး ဖြစ်လာလိမ့်မည်လို့ ကျွန်မတို့ အစကတည်းက သဘောတူထားကြတယ်မလား ~

T/N : ရှေ့နှစ်ပိုင်းကတင် ရိုတော့မှာဟု ပြောထားတဲ့ ကစ်လေး : -..-

_____///_____

[Zawgyi]

'ကိုယ္ကာယႀကံခိုင္ ေလ့က်င့္ေရး'

သြားရမည့္ ခရီးလမ္းက ရွည္လ်ားၿပီး ခလုတ္ ကန္သင္းမ်ားလွတာမို႔ ကားေပၚရွိ လူတိုင္း သက္ေတာင့္သက္သာ ျဖစ္မေန။ ပိုင္ရွင္းယြီ ထိုင္ခုံေနာက္ကို မွီရင္း တစ္ေမွးအိပ္ရန္ လုပ္ေနေပမယ့္ သူ တကယ္ အိပ္မေပ်ာ္နိုင္။ သူ သူႏွင့္ ယြီဖုန္းခ်န္အၾကား ေျပာခဲ့သည့္ စကားမ်ားအေၾကာင္း ထပ္ခါတလဲလဲ ေတြးမိေနသည္။ ထို႔ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံး အခုအခ်ိန္ထိ ဆိတ္ၿငိမ္သက္လ်က္ ရွိေနၾကသည္။

သူ ဘာလို႔မ်ား ဒီလိုေမးခြန္းကို အခုမွ ေတြးမိရတာလဲ။ ယြီဖုန္းခ်န္က 'ႏွင္းက်ားသစ္ တပ္မဟာ' ကို သြားေတာ့မွာျဖစ္သည္။ အကယ္၍မ်ား ယြီဖုန္းခ်န္သာ လူေရြးပြဲကို မေအာင္ျမင္ဘူးဆိုပါက က်န္သည့္ တပ္ခြဲ စစ္သားမ်ားလည္း တစ္ေယာက္မွေတာင္ ေအာင္ျမင္နိုင္မွာ မဟုတ္။ 'ႏွင္းက်ားသစ္ တပ္မဟာ'က သူ႔အတြက္ေတာ့ အလွမ္းေဝးလြန္းသည့္ ေနရာျဖစ္သည္။ တကယ့္အကြာအေဝးအေနႏွင့္လည္း အရမ္းကို ေဝးလွပါသည္ - တပ္မဟာ ႐ုံးခ်ဳပ္က Urumqiမွာ ရွိေနသည္မို႔။ သို႔ေပမယ့္ စိတ္သေဘာအရ ခံစားရသည့္ အကြာအေဝးက ပို၍ေတာင္ ေဝးေနသည္။ ဒီေနရာက သူ တစ္ခါေလးေတာင္ ေမၽွာ္မွန္း မေတြးရဲခဲ့သည့္ ေနရာတစ္ခုျဖစ္သည္၊ သို႔ေပမယ့္ ယြီဖုန္းခ်န္အတြက္ကေတာ့ ေသြဖယ္ျခင္းရွိလာမွာမဟုတ္သည့္ ပန္းတိုင္တစ္ခုျဖစ္သည္။ တျခားတစ္မ်ိဳး ေျပာရပါက ယြီဖုန္းခ်န္က အလြန္ဆုံးရွိ လအနည္းငယ္အတြင္း ခြန္းလြန္းေတာင္မွ ထြက္သြားေတာ့မည္ျဖစ္သည္။ ႏွစ္အနည္းငယ္ ၾကာရင္ သူကလည္း စစ္မွုထမ္းကာလ ၿပီးဆုံးသြားမွာျဖစ္ၿပီး ယြီဖုန္းခ်န္ကလည္း ဘယ္ဆီေရာက္ေနမလဲ ဘယ္သူမွ မသိ။ သူတို႔၏ ရွင္းျပခက္သည့္ ဆက္ဆံေရးကလည္း လအနည္းငယ္အတြင္း မရွိခဲ့သလို ေပ်ာက္ကြယ္သြားေတာ့မွာျဖစ္သည္။

ပိုင္ရွင္းယြီ ဒီဆက္ဆံေရးကို အဆုံးသတ္လိုက္ရတာ ေကာင္းသည္ဟု ေတြးမိသည္။ သူလည္း ေယာက္်ားတစ္ေယာက္ႏွင့္ အျမဲ ရစ္ေႏွာင္ ပတ္သတ္ၿပီး ေနနိုင္မွာ မဟုတ္၊ သို႔ေပမယ့္ သူ႔ႏွလုံးသားထဲ ေဒါသႏွင့္ ခံျပင္းမွုမ်ားက ဘယ္လိုေပၚေပါက္လာသလဲ သူကိုယ္တိုင္ပင္ နားမလည္။ ျဖစ္နိုင္စရာ အေၾကာင္းကေတာ့ အစကေန အဆုံးအထိ ယြီဖုန္းခ်န္ဘက္ကပဲ သူ႔ကို နိုးဆြျမဴစြယ္ဖို႔ လက္ဦးမွုယူခဲ့တာဆိုေပမယ့္ သူ႔ကို အေလးအနက္ထားၿပီး ေတြးထားခဲ့ျခင္း မရွိေသာေၾကာင့္ပင္။ သူ အ႐ူးလုပ္ခံလိုက္ရသလို ခံစားေနရသည္။ ယြီဖုန္းခ်န္က ဒီေနရာကို ခဏဝင္တည္းခိုရာ ေနရာဟုသာ သေဘာထားသည္။ သူ မၾကာခင္ ထြက္သြားရမည္ဆိုတာကို သိေနလ်က္ႏွင့္ သူ႔အား ႏွိုးဆြဖို႔ လုပ္ေနသည္။ ဆိုေတာ့ သူဆိုသည္မွာ ယြီဖုန္းခ်န္ ဒီေနရာမွာ ေခတၱခိုနားေနခ်ိန္အတြင္း အပ်င္းေျပေစမည့္ ပစၥည္းေလးပင္။

ပိုင္ရွင္းယြီမွာ ပို ပိုၿပီး ေဒါသထြက္လာေပမယ့္ ဘာတစ္ခြန္းမွေတာ့ မဆို။ သူ ဒီလို မေတြးသင့္ဟု ခံစားေနမိသည္၊ သူ႔ပုံစံက စြန့္ပစ္ခံလိုက္ခံရသည့္ မိန္းကေလးတစ္ေယာက္လိုျဖစ္ေနသည္။ ဘယ္လိုပဲျဖစ္ေနပါေစ သူ႔ဘက္ကလည္း ဘာမွ ဆုံးရွုံးစရာမရွိ။ သူ တက္လုပ္ခံလိုက္ရတာသာျဖစ္ၿပီး အသားပဲ့ပါသြားျခင္းလည္း မဟုတ္။ ထို႔အျပင္ သူလည္း သာယာခဲ့ရသည္သာ။ အေဖာ္ကင္းမဲ့ အထီးက်န္ဆန္လွသည့္ ညေပါင္းမ်ားစြာ ယြီဖုန္းခ်န္ သူ႔အား ႏွစ္သိမ့္မွုေကာ သာယာမွုထြက္ေပါက္ကိုပါ ေပးခဲ့သည္။ သူႏွင့္ ပတ္သတ္ၿပီး ေဒါသထြက္စရာ ဘာမ်ား ရွိလို႔လဲ၊ ယြီဖုန္းခ်န္ဆိုသည္ကလည္း သူ တစ္ညတာ အတူကုန္ဆုံးခဲ့ဖူးသည့္ မိန္းမမ်ားလိုပင္။ သူႏွင့္ ယြီဖုန္းခ်န္က လိုခ်င္ရာ အသီးသီးကို ရေနျခင္းျဖစ္သည္။ လိုခ်င္တာ ယူ၊ အခ်ိန္တန္ ႏွုတ္ဆက္လိုက္ရျခင္းက သူ႔အတြက္ေတာ့ ေကာင္းပါသည္။ ထိုနည္းလမ္းအတိုင္း ေတြးလိုက္ခ်ိန္မွာေတာ့ ပိုင္ရွင္းယြီ ခံစားရ သက္သာသြားေတာ့သည္။ အမ်ားႀကီး ေတြးေတာေနစရာမလိုသည့္ အသည္းႏွလုံးမရွိတဲ့ လူေပေတတစ္ေယာက္လုပ္ရတာ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္သလဲ။

ည ကိုးနာရီေက်ာ္ၿပီးေနာက္ သူတို႔ စစ္တပ္စခန္းသို႔ ျပန္ေရာက္လာသည္။ လူေတာ္ေတာ္မ်ားမ်ားက သူတို႔ ဒီေန႔ျပန္လာမည္ကို သိေနတာမို႔ သူတို႔ ကားထဲမွ ထြက္လာသည္ႏွင့္ 'ေႏြးေႏြးေထြးေထြး' ႀကိဳဆိုခံလိုက္ရသည္။

"အိုက္ရား၊ ျပန္လာၿပီးေပါ့။ ငါတို႔အတြက္ စားေကာင္းတာေတြ ဘာေတြမ်ား ယူလာေသးလဲ!"

"ရွင္းယြီ၊ မင္း ငါ့ကို ေဆးလိပ္ယူလာေပးမယ္လို႔ ကတိေပးထားတယ္မလား .. အာ့ .. ေခါင္းေဆာင္၊ မဟုတ္၊ ကၽြန္ေတာ္က ဒီတိုင္း ေနာက္ေနတာ .."

သူတို႔ႏွင့္ ရင္းရင္းႏွီးႏွီးရွိၾကသူအခ်ိဳ႕ သူတို႔အနား စုဝိုင္းလာၿပီး ရယ္ရယ္ေမာေမာႏွင့္ စေနာက္ရင္း အေဆာင္ဘက္သို႔ အုပ္လိုက္ခ်ီတက္သြားၾကေလသည္။

အေပၚတက္သြားခ်ိန္ တန္းခြဲ(၃)၏ အေဆာင္က ဘယ္ဘက္မွာ ရွိေနၿပီး ဟင္းခ်က္စစ္သားမ်ားအတြက္ အေဆာင္က ညာဘက္တြင္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ ခြဲရခါနီး တစ္ေယာက္ကိုတစ္ေယာက္ လွမ္းၾကည့္လိုက္ၾကသည္။ ပိုင္ရွင္းယြီက တစ္ဖက္သို႔လွည့္ကာ ေလၽွာက္ထြက္သြားသည္။ ယြီဖုန္းခ်န္ကေတာ့ သူ႔ေနာက္ေက်ာကို ၾကည့္ကာ ခဏတာမၽွ တုန့္ဆိုင္းေနမိေပမယ့္ ဘာစကားမွ ထြက္မလာ။ ထို႔ေနာက္မွာေတာ့ တန္းခြဲရွိ စစ္သားတစ္ေယာက္က သူ႔အား အေဆာင္အတြင္းသို႔ တြန္းထိုး ပို႔လိုက္ေလသည္။

ပိုင္ရွင္းယြီ အေဆာင္ထဲသို႔ ေရာက္သြားသည္ႏွင့္ ခ်က္ခ်င္းဆိုသလို သူ႔အနား လူမ်ား ဝိုင္းကပ္လာေတာ့သည္။ သူ၏ ခရီးေဆာင္အိတ္ႀကီးႀကီးႏွစ္ခုက လူအမ်ား မ်က္စိက်စရာျဖစ္ေနတာမို႔ သူတို႔အကုန္လုံး ပိုင္ရွင္းယြီ အထုတ္ျဖည္မွာကို ေစာင့္ေနၾကသည္။ ပိုင္ရွင္းယြီ ျပဳံးၿပီး သူ႔ခရီးေဆာင္အိတ္ကို လွပ္ခ်လိုက္သည္။ "လာ လာ လာ၊ တစ္ေယာက္ခ်င္းဆီလာ၊ ခ်န္းလ်န္ ဒါကမင္းအတြက္ မုန့္ေတြ!"

ခ်န္းလ်န္ သေရစာမ်ားပါေနသည့္ အထုတ္ႀကီး ကိုင္ထားရင္း ေပ်ာ္လြန္းတာမို႔ မ်က္ရည္ေတာင္ ဝဲခ်င္ခ်င္ ျဖစ္သြားသည္။ "သားႀကီး၊ မင္း တအား ၾကင္နာတတ္တာပဲကြာ။"

"ဝမ့္ဝမ္ေကာအတြက္က ေဆးလိပ္ႏွစ္ဘူး။"

"ငါလူး၊ တံဆိပ္ေတြက ထပ္ၿပီး အဂၤလိပ္နာမည္ေတြနဲ႔ပဲ။ ေစ်းႀကီးမွာ။"

"ရွစ္၊ ငါ ယူေသာက္ေတာ့မယ္။"

"ေခါင္းေဆာင္၊ ေခါင္းေဆာင္။" ပိုင္ရွင္းယြီ အထုတ္ႀကီးႀကီးတစ္ခုကို ထုတ္ၿပီး ဝူခ်င္းအား ေပးကာ ျပဳံးရင္း ေျပာလိုက္သည္။ "ဒါ အလိုအေလ်ာက္ ခါးနဲ႔ ဒူးေခါင္းကို ေႏြးလာေစတဲ့ အပူေပးကတ္ေလးေတြ။ သုံးရလြယ္တယ္။"

ဝူခ်င္း ျပဳံးလိုက္သည္။ "ဒါ အသက္ႀကီး အဘိုး၊အဘြားေတြ သုံးဖို႔ ထုတ္ထားတာ မဟုတ္ဘူးလား။"

"ဘယ္သူေျပာလဲ၊ ရွင္းက်န့္က ဒီေလာက္ေအးတာ၊ လူငယ္ေတြလည္း ေျခဆစ္လက္ဆစ္ေတြ ဂ႐ုစိုက္ဖို႔ လိုတယ္။"

ဝူခ်င္း ယူလိုက္သည္။ "ေက်းဇူးပဲကြာ။"

ပိုင္ရွင္းယြီ အိတ္ထဲမွ စာအုပ္ အထပ္လိုက္ကို ထပ္ထုတ္ၿပီး ဖုန္းသုန့္ယြမ္အား ေပးလိုက္သည္။ "သုန့္ယြမ္၊ မင္းပစၥည္းက အေလးဆုံးပဲ။ လုံေလာက္ရဲ့လား မင္း ၾကည့္ ၾကည့္ဦး။ လိုေနေသးရင္ ငါ ငါ့အစ္ကို ကို လွမ္းပို႔ခိုင္းလိုက္မယ္။"

ဖုန္းသုန့္ယြမ္ စာအုပ္မ်ားကို လွမ္းယူရင္း သူ႔မ်က္ႏွာက ပန္းေရာင္သန္းလာေတာ့သည္။ "ငါ .. မင္း တစ္အုပ္ႏွစ္အုပ္ေလာက္ သယ္လာေပးဖို႔ပဲ လိုတာပါ။ ဘာလို႔အမ်ားႀကီး ယူလာတာလဲ။ ငါ အရမ္း အားနာတာပဲ။"

"ေဝ့၊ ဘာကို အားနာစရာလိုလို႔လဲ။ ဒါ ပိုက္ဆံအမ်ားႀကီး ကုန္တာလည္း မဟုတ္ဘူး။"

ဖုန္းသုန့္ယြမ္ ျပဳံးလိုက္သည္။ "ရွင္းယြီ၊ ေက်းဇူးပဲ။"

"ရပါတယ္ကြာ။" ပိုင္ရွင္းယြီ သူ႔မ်က္ႏွာေပၚမွ ရိုးရွင္းျဖဴစင္လွသည့္ အျပဳံးကို ၾကည့္ရင္း စိတ္အေျခအေန ထူးၿပီး ေကာင္းမြန္သြားေတာ့သည္။

သူ အိတ္ထဲမွ မုန့္ထုတ္ေတြကို အေဆာင္ရွိ လူတိုင္းအတြက္ မၽွေဝေပးလိုက္ၿပီး ခ်န္းက်င္းအတြက္ လက္ေဆာင္သာ က်န္ေတာ့တာမို႔ သူ မနက္ျဖန္က် ခ်န္းက်င္းကို သြားရွာဖို႔ စီစဥ္ထားလိုက္သည္။

ထိုညက အိပ္ရာဝင္ခ်ိန္ လူတိုင္းက ပိုင္ရွင္းယြီအား အိမ္ျပန္သြားသည့္ လဝက္အေတာအတြင္း ဘာေတြလုပ္ခဲ့သလဲဟု ေမးလာၾကသည္။ ပိုင္ရွင္းယြီလည္း သူ႔မိဘမ်ားႏွင့္ အခ်ိန္ကုန္၊ သူ႔သူငယ္ခ်င္းမ်ားႏွင့္ သြားေတြ႕အခ်ိန္ျဖဳန္းခဲ့သည္ဟု ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္ေပမယ့္ ထိုလဝက္အတြင္းျဖစ္ခဲ့သည့္ ကိစၥတစ္ခုက သူ႔ဘဝတစ္ေလၽွာက္လုံး ေမ့သြားနိုင္ေတာ့မည္ မဟုတ္တာကို သူတစ္ေယာက္တည္းသာ သိသည္။

စစ္တပ္သို႔ ျပန္ေရာက္သည္ႏွင့္ တပ္ခြဲအလႊဲအေျပာင္း ျပဳလုပ္ရန္ လုပ္ထုံးလုပ္နည္းအတိုင္း ေဆာင္ရြက္ရန္ လိုအပ္ေနေပမယ့္ ဒီတစ္ႀကိမ္တြင္ေတာ့ ပိုင္ရွင္းယြီ အလ်င္လိုျခင္း ရွိမေန။ မနက္နိုးလာသည္ႏွင့္ သူ ေမြးျမဴပ်ိဳးေထာင္ခဲ့ရသည့္ ဝက္ၿခံမွ ဝက္ေပါက္ကေလးမ်ားကို ၾကည့္ဖို႔ သြားေတာ့သည္။

လဝက္အတြင္းမွာကို အသစ္ေမြးလာတဲ့ ဝက္ေပါက္ေလးမ်ားက ဝေဖာင္းလာၿပီး ေၾကာင္ေသးေသးေလးမ်ားအရြယ္သို႔ ေရာက္လာၿပီျဖစ္သည္။ သူတို႔ေတြပ အပူခ်ိန္ ခ်ိန္ညႇိေပးထားတဲ့ အခန္းအတြင္း ထိန္းသိမ္းထားခံရဆဲျဖစ္ကာ အခ်ိဳ႕ဆို မတ္တပ္ေတာင္ မရပ္နိုင္ေသး။ ပန္းႏုေရာင္သန္းေနသည့္ ဝက္ေပါက္ေလး ၇ေကာင္က အတန္းလိုက္ အိပ္စက္ေနၾကသည္မွာ ထူးထူးဆန္းဆန္းနိုင္ၿပီး ခ်စ္ဖို႔လည္း ေကာင္းလွသည္။ ပိုင္ရွင္းယြီ သူ႔ဖုန္းထုတ္ကာ ဓာတ္ပုံေျမာက္ျမားစြာ ရိုက္ယူလိုက္ၿပီး သူ႔ကိုယ္သူပါ ပါဝင္ေအာင္ ရိုက္လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သူ ဝက္ေပါက္ေလးမ်ား၏ ဝမ္းဗိုက္ကို ျငင္ျငင္သာသာ ပြတ္သပ္ရင္း သက္ျပင္းခ်လိုက္သည္။ "မင္းတို႔ေလးေတြ ဘာလို႔ ဝက္ျဖစ္လာရတာလဲ .."

ထိုေန႔က ပိုင္ရွင္းယြီ ဝက္မ်ားအတြက္ အစာကို ဂ႐ုတစိုက္ေရာေႏွာလိုက္သည္။ သူ ေျပာင္းဖူး၊ မုန္လာဥနီမ်ားကိုပါ ထည့္ၿပီး ၾကက္ဥအနည္းငယ္ေတာင္ ခြဲထည့္ေပးလိုက္သည္။ မနက္ျဖန္ေရာက္သည္ႏွင့္ သူတို႔ကို တာဝန္ယူရမည့္သူမွာ သူ မဟုတ္ေတာ့။ ဒီဝက္မ်ားကို ေမြးျမဴနိုင္ဖို႔ သူ ေကာလိပ္ဝင္ခြင့္ စာေမးပြဲ ေျဖရတုန္းကထက္ေတာင္ ပိုၿပီး ႀကိဳးႀကိဳးစားစားေလ့လာခဲ့သည္မွာ ဝက္ေမြးျမဴပ်ိဳးေထာင္ေရး နည္းလမ္းမွန္သမၽွ တတ္ေျမာက္လာသည္အထိပင္။ အနာဂတ္မွာ ထိုအတတ္ပညာက သူ႔အတြက္ ဘယ္လို အသုံးဝင္လာမလဲေတာ့ သူ မသိ။ ထို႔ေနာက္ သူ ဝက္မ်ားကို ေနာက္ထပ္အစာေကၽြးစရာ မလိုေတာ့သည့္အေၾကာင္းကို ေတြးမိသြားသည္။ ေပ်ာ္ေနသင့္ေပမယ့္ သူ အနည္းငယ္မၽွ လြမ္းဆြတ္ဝမ္းနည္းသလို ခံစားေနရသည္။

ဝက္စာမ်ားကို ဝက္က်င္းထဲ ထည့္လိုက္သည္ႏွင့္ ဝက္ေတြအကုန္လုံး အေျပးေရာက္လာၾကသည္။ ဝက္သိုး 'ယြီဖုန္းခ်န္' ကေတာ့ အရြယ္အစားအားျဖင့္ အႀကီးဆုံးျဖစ္ၿပီး အုပ္စုအလယ္တြင္ ထင္းကနဲျဖစ္ေနသည္မွာ စစ္တပ္ထဲက လူတစ္ေယာက္အတိုင္းပင္။ ပိုင္ရွင္းယြီ သစ္ကိုင္းတစ္ခက္ ဆြဲယူၿပီး သူ႔ေနာက္ေက်ာကို လွမ္းရိုက္ရင္း ခပ္တိုးတိုး ေျပာလိုက္သည္။

"ဒါ မင္းမိန္းမေတြ မဟုတ္ဘူး၊ မင္းညီအစ္ကိုေတြ။ အေလ်ာ့ေပးရမယ္ဆိုတာ မင္း ဘာလို႔ မသိတာလဲ။ မင္း ဘာလို႔ အရမ္း တကိုယ္ေကာင္းဆန္ရတာလဲ။ မင္းက ဝက္သိုးတစ္ေကာင္ျဖစ္ေနတာနဲ႔ပဲ အထက္စီးဆန္ခ်င္ေနတာလား။ မင္းနဲ႔ ပတ္သတ္ၿပီး ဘာကမ်ား အထင္ႀကီးစရာ ရွိေနလို႔လဲ။"

'ယြီဖုန္းခ်န္' ၾကည့္ရတာ စိတ္ရွုပ္လာပုံေပၚသည္။ ေခါင္းေမာ့ၿပီး ပိုင္ရွင္းယြီဘက္လွည့္ကာ ႏွာေခ်လာသည္။ သူ အလ်င္ျမန္ေရွာင္လိုက္နိုင္သည္က ကံေကာင္းလွသည္။ မဟုတ္ပါက ဝက္စာမ်ားက သူ႔မ်က္ႏွာအႏွံ့ ပ်ံ႕စင္လာနိုင္သည္။ ပိုင္ရွင္းယြီ ေဒါသထြက္သြားၿပီး သူ႔လက္ထဲမွ သစ္ကိုင္ျဖင့္ အႀကိမ္ေရမ်ားစြာ ရိုက္ႏွက္လိုက္ေတာ့သည္။

"ယြီဖုန္းခ်န္၊ ေခြးေကာင္ေလး။ ခ်ီးပဲ၊ မၾကာခင္ မင္းကို ၾကည့္ေကာင္းေအာင္ကို လုပ္ပစ္ဦးမယ္။"

"ရွင္းယြီ ..." ခ်န္းဝမ့္ဝမ္ အေနာက္မွ သတိတႀကီး ထားစြာ လွမ္းေခၚလာၿပီး ႐ူးေၾကာင္ေၾကာင္ျဖစ္ေနသည့္ ပိုင္ရွင္းယြီကို ၾကည့္ရင္း ေခါင္းရွုပ္ေနပုံပင္။

ပိုင္ရွင္းယြီ အထိတ္တလန့္ႏွင့္ ခ်က္ခ်င္းဆိုသလို ပုံမွန္ျပန္ျဖစ္သြားသည္။ "အာ၊ ဝမ့္ဝမ္-ေကာ၊ ေရာက္ေနတာပဲ။"

"မင္း ဘာလုပ္ေနတာလဲ။"

"ဒီဝက္ေလ အျမဲတမ္း အစာလုစားေနလို႔ ကၽြန္ေတာ္ သင္ခန္းစာေပးေနတာ။"

"အိုင္း၊ သူ ဝသြားရင္ လုမစားေတာ့ပါဘူးကြာ။" ခ်န္းဝမ့္ဝမ္ သက္ျပင္းခ်လိုက္သည္။ "မင္း သြားရင္၊ ငါ တစ္ေယာက္တည္းပဲ က်န္ေတာ့မွာ။ ေခါင္းေဆာင္ကေတာ့ အျခားတစ္ေယာက္နဲ႔ တြဲၿပီး တာဝန္ေပးမယ္ ေျပာေပမယ့္ သူ႔ကိုကလည္း အစကေန စသင္ေပးရမွာပဲ။"

"ဘာမွမျဖစ္ပါဘူး။ ကၽြန္ေတာ္ေတာင္ ဒီအလုပ္ကို ျမန္ျမန္သင္ယူလိုက္နိုင္တာပဲကို။ ၿပီးေတာ့ ခဏခဏလည္း ကၽြန္ေတာ္ လာလည္ပါ့မယ္။"

ခ်န္းဝမ့္ဝမ္ ႏွုတ္ခမ္းမ်ား မဲ့က်သြားသည္။ "ေတာ္စမ္းပါ၊ မင္း အေျပာပဲ ရွိမွာ။"

ပိုင္ရွင္းယြီ တစ္ခ်က္ ရယ္လိုက္သည္။

ခ်န္းဝမ့္ဝမ့္ ေျပာလာသည္။ "မင္းရဲ့ တန္းခြဲေခါင္းေဆာင္ ခ်န္းက်င္းက အေဆာင္မွာ၊ မင္းကို ေစာင့္ေနတယ္။"

"အိုး၊ ကၽြန္ေတာ္ အခု သြားလိုက္မယ္။" ပိုင္ရွင္းယြီ သူ႔အေပၚထပ္ ဝတ္ထားသည္ကို ခၽြတ္ၿပီး အေဆာင္ဘက္သို႔ ေလၽွာက္ထြက္သြားလိုက္သည္။

အေဆာင္သို႔ ျပန္ေရာက္သည္ႏွင့္ ခ်န္းက်င္းက သူ႔ထိုင္ခုံမွာ ထိုင္ေနၿပီး သူ႔ေက်ာကလည္း ဆန့္မတ္ထားရင္း ျပတင္းေပါက္အား လွုပ္ရွားျခင္းမရွိ ေငးၾကည့္ေနသည္။ ေနေရာင္ျခည္က သူ႔မ်က္ႏွာႏွင့္ လည္ပင္းအေပၚ ျဖာက်ေနၿပီး သူ႔အရိပ္က ႐ုပ္ထုသဖြယ္ ေသသပ္လွသည့္ စစ္တပ္ယူနီေဖာင္းက သူ႔အား တည္ၿငိမ္ေလးနက္မွုဟူသည့္ အရွိန္အဝါမ်ား ေပးအပ္ေနသည္။

"ေခါင္းေဆာင္"

ခ်န္းက်င္း မတ္တပ္ရပ္လာသည္။ "ျပန္လာၿပီလား။"

"အာ၊ ကၽြန္ေတာ္ ဝက္စာသြားေကၽြးေနတာ။ ေခါင္းေဆာင္ေစာင့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။"

"ဘာမွမျဖစ္ဘူး၊ အခုေလးတင္မွ ေရာက္တာ။" ခ်န္းက်င္း ျပဳံးလိုက္သည္။ "ငါ စာရြက္စာတမ္းကိစၥ အကုန္ လုပ္ၿပီးသြားၿပီ။ ဖိုင္တြဲေတြက ဒီမွာ။ မင္း ပစၥည္းေတြ သိမ္းၿပီး အခု ငါနဲ႔ လိုက္ခဲ့လို႔ ရတယ္။"

"အဲ့ေလာက္ ျမန္တာလား။" ပိုင္ရွင္းယြီ တစ္ေယာက္မွ ရွိမေနသည့္ အေဆာင္ခန္းကို ၾကည့္လိုက္သည္။ အခုအခ်ိန္ လူတိုင္းက ညစာအတြက္ မီးဖိုေခ်ာင္ထဲ အလုပ္လုပ္ေနၾကတာျဖစ္သည္။ သူ ဒီအခန္းထဲမွ မၾကာခင္ ထြက္သြားရေတာ့မည္ဟု ႐ုတ္တရက္ သိလိုက္ရျခင္းက သူ႔စိတ္ကို နည္းနည္းေတာ့ ေလးလံသြားေစသည္။

"စစ္တပ္ဆိုတာ အခ်ိန္တိုတိုနဲ႔ ခရီးေရာက္တာကို ဦးစားေပးပဲေလ။" ခ်န္းက်င္း သူ႔အား စာရြက္စာတမ္းမ်ား ကမ္းေပးလာသည္။

ပိုင္ရွင္းယြီ အလ်င္အျမန္ တစ္ခ်က္မၽွ ၾကည့္လိုက္ၿပီး ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားသည္။ "အာ ... ကၽြန္ေတာ္၊ ကၽြန္ေတာ္ မနက္ျဖန္မွ လာခဲ့မယ္။ ဒီေန႔က အရမ္းလည္း အလုပ္မ်ားရမွာ။"

ခ်န္းက်င္း သူ႔ပခုံးကို ဖိႏွိပ္ရင္း သူ႔မ်က္လုံးမ်ားကို ေစ့ေစ့ၾကည့္လာသည္။ "ဘာျဖစ္တာလဲ။ စိုးရိမ္ေနတာလား။"

ပိုင္ရွင္းယြီ ျပဳံးလိုက္သည္။ "နည္းနည္း၊ ကၽြန္ေတာ္ ဟင္းခ်က္ေဆာင္ကို ေရာက္ေနတာ ႏွစ္ဝက္ေက်ာ္ၿပီ။ ကၽြန္ေတာ္ ေခါင္းေဆာင္ရဲ့ ေလ့က်င့္ေရးေတြကို အမွီလိုက္နိုင္ပါ့မလားေတာင္ မသိေတာ့ဘူး။"

"အစပိုင္းကေတာ့ ေသခ်ာသေလာက္ ခက္လိမ့္မယ္။ တျဖည္းျဖည္း မင္း ေနသားက်လာမွာပါ။ မင္း ဟင္းခ်က္ေဆာင္မွာ အသားက်သြားသလိုေပါ့၊ က်န္ေနရာေတြကိုလည္း မင္း အဲ့လိုလုပ္နိုင္မွာ။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္လိုက္သည္။ "ေက်းဇူးပါ၊ ေခါင္းေဆာင္။"

ခ်န္းက်င္း သူ႔ပခုံးကို ပုတ္ေပးလာသည္။ "ဒါဆို မနက္ျဖန္က်မွ ငါ့ကို လာသတင္းပို႔။"

"ဟုတ္ကဲ့ဗ်။" ပိုင္ရွင္းယြီ ႐ုတ္တရက္ တစ္ခုခုကို သတိရသြားသည္။ "ေခါင္းေဆာင္၊ ခဏေစာင့္။"

သူ ခရီးေဆာင္အိတ္ထဲမွ ေသးငယ္ၿပီး ရွည္ေမ်ာေမ်ာ အနက္ေရာင္ ဘူးေလးကို ထုတ္ၿပီး ခ်န္းက်င္းအား ေပးလိုက္သည္။ "ေခါင္းေဆာင္၊ ဒါ ကၽြန္ေတာ္ ေခါင္းေဆာင္အတြက္ ဝယ္လာတဲ့ လက္ေဆာင္။"

ခ်န္းက်င္း ယူလိုက္သည္။ "မင္း ဘာလို႔ ငါ့အတြက္ လက္ေဆာင္ ဝယ္လာတာလဲ။"

"ကၽြန္ေတာ္ လူတိုင္းအတြက္ ဝယ္လာေပးတာ။ ဒီလို ျပန္ခြင့္ရတာ ရွားတယ္ေလဗ်ာ။"

ခ်န္းက်င္း ဖြင့္ၾကည့္လိုက္ၿပီးေနာက္ ရိုးရွင္းေၾကာ့ရွင္းလွသည့္ ေဘာပင္တစ္ေခ်ာင္းျဖစ္ေနသည္။ ခ်န္းက်င္း မ်က္ေမွာင္ၾကဳတ္သြားသည္။ "ဒါ ဘယ္ေလာက္လဲ။"

ပိုင္ရွင္းယြီ ျပဳံးလိုက္သည္။ "ေစ်းမႀကီးပါဘူး။"

ခ်န္းက်င္း ဘူးကို ပိတ္ၿပီး အေလးအနက္ထား ေျပာလာသည္။ "ရွင္းယြီ၊ မင္း ငါ့ကို လက္ေဆာင္ေပးခ်င္တဲ့ စိတ္ကေလးအတြက္ ဝမ္းသာပါတယ္။ ဒါေပမယ့္ အဲ့တာက အရမ္း ေစ်းႀကီးလြန္းေနရင္ ငါ လက္မခံနိုင္ဘူး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါမ်ိဳးက ျပႆနာတက္သြားနိုင္တယ္။ မင္း သိလား။ ရ

ပိုင္ရွင္းယြီ ျပဳံးလိုက္သည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ္ စစ္သားတစ္ေယာက္ျဖစ္ေနတာ လေက်ာ္ေနၿပီ။ ဘယ္လိုလုပ္ ဒီလိုအေၾကာင္းေတြ မသိရမွာလဲ။ ကၽြန္ေတာ္ ကတိေပးတယ္။ ဒါ ေစ်းမႀကီးဘူး။ ယြမ္ ႏွစ္ရာ၊ သုံးရာေလာက္ပဲ ရွိတယ္။"

သူ အမွန္အတိုင္း ေျပာျခင္းျဖစ္သည္။ ခ်န္းက်င္းက ေစ်းႀကီးႀကီး လက္ေဆာင္မ်ား လက္ခံမည္မဟုတ္ဆိုတာကိုေကာ ေနာက္ဆက္တြဲ ျပႆနာမ်ား ရွိလာနိုင္သည္ဆိုတာကိုပါ သူ သိသည္။ သို႔ေပမယ့္ ထိုေန႔က သူ စာေရးကိရိယာဆိုင္ေရွ႕မွ ျဖတ္သြားရခ်ိန္ ခ်န္းက်င္းေဘာပင္က တစ္ခါတစ္ေလ မွင္မထြက္ေတာ့သည့္ ကိစၥကို သူ ႐ုတ္တရက္ အမွတ္ရလာသည္။ ထို႔ေၾကာင့္လည္း သူ ဆိုင္ထဲဝင္သြားၿပီး ေဘာပင္တစ္ေခ်ာင္း ဝယ္လာခဲ့ျခင္းျဖစ္သည္။ သူ ေမြးကတည္းက သူ၏ ေက်းဇူးတင္မွုအား လူတိုင္းအေပၚ လက္ေဆာင္ေပးျခင္းႏွင့္ ေဖာ္ျပလိမ့္ရွိေပမယ့္ ဒီလို ေစ်းေပါေပါ လက္ေဆာင္မ်ိဳး တစ္ခါမွ ေပးဖူးျခင္း မရွိ။ သို႔ေပမယ့္ ခ်န္းက်င္း သူ႔အေပၚ ေပးခဲ့သည့္ ဂ႐ုစိုက္မွုႏွင့္ ကူညီခဲ့မွုမ်ားက လက္ေဆာင္တန္ဖိုးႏွင့္ တိုင္းတာလို႔ ရနိုင္မွာေတာင္ မဟုတ္။ ထိုအခ်ိန္က သူ႔လုပ္ေဆာင္မွုေတြ ဘယ္ေလာက္ပဲ ဆိုးရြားေနပါေစ၊ ခ်န္းက်င္း သူ႔အေပၚ လက္ေလ်ာ့ျခင္း မရွိခဲ့။ သူ အခုခ်ိန္ထိ ေတာင့္ခံေနနိုင္ျခင္းမွာ စစ္တပ္ထဲ ရွိေနစဥ္အတြင္း ၾကဳံေတြ႕ခဲ့ရသည့္ လူေကာင္းမ်ားေၾကာင့္သာ ျဖစ္သည္။

ခ်န္းက်င္း စိတ္ေအးသြားသလို သက္ျပင္းခ်ၿပီး ျပဳံးလိုက္သည္။ "ေကာင္းၿပီ။ ငါ ဒီေဘာပင္ကို လက္ခံမယ္။ မင္းကို ေက်းဇူးတင္ေပမယ့္ ဒီတစ္ႀကိမ္ပဲ။ ေနာက္တစ္ႀကိမ္ဆိုတာ မရွိရဘူး။"

ပိုင္ရွင္းယြီလည္း ျပဳံးျပလိုက္သည္။ "ဟုတ္!"

ထိုည ညစာ စားၿပီးေနာက္မွာေတာ့ ဟင္းခ်က္ေဆာင္မွ လူတိုင္း ပိုင္ရွင္းယြီအတြက္ ကန္တင္းမွာ ႏွုတ္ဆက္ပါတီေလး ျပဳလုပ္ေပးေလသည္။ အသားမ်ားႏွင့္ ဝိုင္မ်ားရွိေနၿပီး လူတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေသာက္စားလိုက္ၾကသည္။ ပိုင္ရွင္းယြီ သူ ဟင္းခ်က္ေဆာင္ကို စေရာက္ခ်ိန္က ရွက္ရြံ႕ခဲ့ျခင္းမ်ားႏွင့္ နာက်င္မုန္းတီးခဲ့ရျခင္းမ်ားကို အမွတ္ရလာၿပီး ထိုအခ်ိန္မ်ားက အေတာ္ေဝးေဝးမွာ က်န္ခဲ့ၿပီဆိုတာကိုလည္း ေတြးလိုက္မိသည္။ သူ၏ ေျပာင္းလဲမွုမ်ားကို သူကိုယ္တိုင္ပင္ အံ့ဩေနမိသည္။ လူေတြ သူ႔အား မွတ္မိျခင္း မရွိေတာ့သည္မွာ အံ့ဖြယ္မဟုတ္ေတာ့။ ေသခ်ာသေလာက္ လူတိုင္းက အတင္းအၾကပ္ လုပ္ခိုင္းျခင္းကို ခံေနရတာျဖစ္သည္။ သူ စစ္တပ္ကို မလာခင္ကလည္း သူကိုယ္တိုင္ေတာင္ မျဖစ္နိုင္ဟု ထင္ခဲ့သည့္ အရာမ်ားစြာကို လုပ္ဖူးခဲ့သည္။ ဒီလိုမ်ိဳး ကိုယ္ျဖစ္သည့္စိတ္ဆႏၵကို ခ်ိဳးႏွိမ္ရင္း ကိုယ့္ကိုယ္ကိုယ္ တိုးတက္လာေအာင္ ႀကိဳးစားေနရသည္ကလည္း ၿပီးျပည့္စုံသြားသလို ခံစားရေစသည္။

ထိုညက ဝူခ်င္း ေသာက္တာမ်ားသြားၿပီး သူ႔ပခုံးေပၚ လက္တင္ထားၿပီး ေကာင္းေကာင္းေလ့က်င့္ရန္ႏွင့္ အခ်ိန္ျဖဳန္းမေနရန္စသည့္ စကားေပါင္းမ်ားစြာ ေျပာလာသည္။ ပိုင္ရွင္းယြီလည္း အေၾကာင္းအရင္းေတာင္ မသိပဲ ငိုေႂကြး​ေတာ့သည္။ သူတို႔အတူရွိခဲ့သည့္ အခ်ိန္မ်ားက အျမဲ အဆုံးမရွိေတာ့သလို ထင္ေနခဲ့ရသည္။ သို႔ေပမယ့္ ေသခ်ာ ေတြးၾကည့္ပါက အၾကာႀကီး မဟုတ္ခဲ့။ ေျခာက္လေက်ာ္ဆိုသည္ကလည္း ခဏတာမၽွေလးလိုပင္။ အနာဂတ္မွာလည္း သူ ဒီလို ခြဲခြါျခင္းေတြ အမ်ားႀကီး ျပဳလုပ္ရေတာ့မယ္ဆိုတာကို ေတြးမိသြားသည္။ သူ ေသာက္တာမ်ားသြား၍လည္း ျဖစ္နိုင္သည္၊ ခံစားရလြယ္လာၿပီး ႐ုတ္တရက္ အရမ္း ဝမ္းနည္းလာေတာ့သည္။

ပိုင္ရွင္းယြီ၏ ဟင္းခ်က္ေဆာင္မွာ ေနာက္ဆုံးကုန္ဆုံးရမည့္ ညနက္အတြက္ သူတို႔အကုန္လုံး အမ်ားႀကီး ေသာက္စားၾကကာ စကားမ်ားစြာ ေျပာဆိုခဲ့ၾကသည္။

မနက္ခင္းေစာေစာတြင္ေတာ့ ပိုင္ရွင္းယြီ သူ႔ဘဝအသစ္ စတင္မွုအတြက္ ဝမ္းနည္းမွုေကာ ေမၽွာ္လင့္ေစာင့္စားေနမွုပါ ေရာေထြးေနသည့္ စိတ္အစုံျဖင့္ တန္းခြဲ(၃) ရွိရာဆီသို႔ လက္ဆြဲအိတ္ႏွင့္ ေရာက္လာေတာ့သည္။

သူ အေဆာင္ထဲ ဝင္သြားလိုက္သည္ႏွင့္ ခ်န္းက်င္းမွ စတင္ လက္ခုပ္တီးေပးကာ တစ္ေဆာင္လုံး အတူတကြ လက္ခုပ္တီးၾကရင္း သူတို႔၏ စစ္သားအသစ္ေလး ေရာက္ရွိလာမွုကို ႀကိဳဆိုလာၾကသည္။ ပိုင္ရွင္းယြီ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရယ္လိုက္မိသည္။ သူ ဒီလိုမ်ိဳး ေႏြးေႏြးေထြးေထြး ဆက္ဆံခံရသည္မွာ အလြန္ကို ရွားလွသည္။ ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ပထမေနရာ ခ်ိတ္ဆြဲသြားကတည္းက လူတိုင္း သူ႔အေပၚ ေကာင္းေကာင္း ဆက္ဆံလာၾကသည္မို႔ သူ႔စိုးရိမ္ပူပန္ေနစိတ္ကို အေတာ္ေလး ေျဖေလ်ာ့ေပးနိုင္ေလသည္။

သူ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ေတာ့ ယြီဖုန္းခ်န္၏ မ်က္ဝန္းမ်ားကို ေတြ႕လိုက္ရသည္။ ယြီဖုန္းခ်န္ကလည္း လက္ခုပ္တီးလ်က္ ရွိေနသည္။ သူ ဆိတ္ဆိတ္ေနရင္း လက္ခုပ္တီးေနေပမယ့္ သူ႔မ်က္လုံးမ်ားကေတာ့ နားလည္၍မရနိုင္ေသာ ခံစားခ်က္မ်ားျဖင့္ ေတာက္ပေနသည္။

ပိုင္ရွင္းယြီ မျမင္ဟန္ေဆာင္ၿပီး ေခါင္းလွည့္ျပဳံးရင္း ေျပာလိုက္သည္။ "ေခါင္းေဆာင္၊ ကၽြန္ေတာ္ ေရာက္လာၿပီ။"

ခ်န္းက်င္း ျပဳံးၿပီး ေျပာလာသည္။ "တန္းခြဲထဲက လူေတာ္ေတာ္မ်ားမ်ားကိုေတာ့ မင္း သိပါတယ္။ ငါ မင္းကို တစ္ေယာက္ခ်င္း လိုက္မမိတ္ဆက္ေပးေတာ့ဘူး။ မင္းရဲ့ အိပ္ရာက ဒီမွာ၊ သုန့္ယြမ္ကုတင္ရဲ့ ေအာက္မွာပဲ။"

ပိုင္ရွင္းယြီ မ်က္လုံးမ်ား အေရာင္ေတာက္လာၿပီး ဖုန္းသုန့္ယြမ္ရွိရာသို႔ မ်က္စိမွိတ္ျပလိုက္သည္။ ဖုန္းသုန့္ယြမ္ကလည္း အလြန္အမင္း ေပ်ာ္ရႊင္ေနပုံေပၚသည္။

ခ်န္းက်င္း အေဆာင္တြင္း စည္းကမ္းခ်က္မ်ားကို အက်ဥ္းခ်ဳံးရွင္းျပၿပီးသည္ႏွင့္ ပိုင္ရွင္းယြီအား သူ႔ခရီးေဆာင္အိတ္ကို ျဖည္ခိုင္းလိုက္ေတာ့သည္။

ဒီတစ္ႀကိမ္ေတာ့ ပိုင္ရွင္းယြီ အိပ္ရာက ယြီဖုန္းခ်န္ႏွင့္ အလွမ္းေဝးေဝး ေနရာမွာရွိေနၿပီး အိပ္ရာတစ္ခုႏွင့္ တစ္ခုအၾကားလည္း ျခားေနသည္။ ေလ့က်င့္ေရး စခန္းတုန္းကလို တစ္ေယာက္အိပ္ရာဖို႔ လွိမ့္လာဖို႔ကလည္း မျဖစ္နိုင္။ သို႔ေပမယ့္လည္း အခု သူတို႔က အေဆာင္တစ္ခုတည္းမွာ ရွိေနၿပီး ေခါင္းေမာ့၊ ေခါင္းငုံ႔ ၾကည့္လိုက္႐ုံႏွင့္ကို ျမင္ေနရသည္မို႔ ဘယ္လိုေတြ ျဖစ္လာနိုင္မလဲ ဘယ္သူမွ မေျပာနိုင္ ...

သူ အထုတ္အပိုး ျဖည္ၿပီးတုန္းမွာပဲ ယြီဖုန္းခ်န္ အနားေရာက္လာၿပီး ကုတင္လက္ရန္းကို မွီရင္း ခပ္ေရးေရးျပဳံးလာသည္။ "မင္း တပ္ထဲ စေရာက္ကာစ အခ်ိန္ကို မွတ္မိေသးလား။"

ပိုင္ရွင္းယြီ သူ႔ကို လွမ္းၾကည့္ၿပီး ခပ္ေပါ့ေပါ့ ျပန္ေျပာလိုက္သည္။ "ငါ ဘယ္လိုလုပ္ ေမ့နိုင္မွာလဲ။"

သူ အေဆာင္ကို စေရာက္ခ်ိန္က ယြီဖုန္းခ်န္၏ အတင္းအၾကပ္ အိပ္ရာလဲေျပာင္းခိုင္းကို ခံခဲ့ရသည္။ ထိုအခ်ိန္က အိပ္ရာမ်ားကလည္း လူဦးထားျခင္း မရွိေသာေၾကာင့္ ဒီတိုင္း လွဲေလ်ာင္းခဲ့ရသည္။ အခုကေတာ့ ကြာျခားသြားၿပီ။ သူကလည္း အရင္လို လူတိုင္း အနိုင္က်င့္တာ ခံရသည္ ပိုင္ရွင္းယြီ မဟုတ္ေတာ့၊ သို႔ေပမယ့္လည္း သူ ဘာစကားမွ ျပန္မေျပာရဲ။

ယြီဖုန္းခ်န္ ေျပာလာသည္။ "မင္း တကယ္ကို အမ်ားႀကီး ေျပာင္းလဲသြားတာပဲ။" သူ႔ အသံအေနအထားတြင္ ခံစားခ်က္မ်ားေတာင္ ပါဝင္ေနသည္။

ပိုင္ရွင္းယြီ ရပ္တန့္သြားၿပီး ဘယ္လိုျပန္ေျဖရမွန္း မသိတာမို႔ 'အင္း'ဟုသာ အသံျပဳလိုက္သည္။

ဟိုးေန႔က စကားေျပာမွုၿပီးဆုံးသြားကတည္းက သူတို႔ႏွစ္ေယာက္ၾကားအေျခအေနက အေတာ္ေလး ထူးထူးဆန္းဆန္းျဖစ္ေနသည္။ ပိုင္ရွင္းယြီကေတာ့ ယြီဖုန္းခ်န္ ဘာေတြမ်ား ေတြးေနသလဲဆိုတာ သိဖို႔ အလုပ္ရွုပ္ခံ စဥ္းစားမေနခ်င္။ ဘာလို႔ဆို သူကိုယ္တိုင္ေတာင္ ဘာေတြေတြးေနမိမွန္း ေသခ်ာ နားမလည္ေသးတာေၾကာင့္ပင္။

သူ႔အထုတ္အပိုးမ်ား ျဖည္ၿပီးသည္ႏွင့္ ပိုင္ရွင္းယြီ လူတိုင္းႏွင့္အတူ ကန္တင္းမွာ ထမင္းစားဖို႔ လိုက္သြားလိုက္သည္။ ဒီလမ္းအတိုင္း သြားျခင္းက အရင္ကဆို သူ အလုပ္လုပ္ရန္ သြားျခင္းျဖစ္သည္။ အခုေတာ့ ႐ုတ္တရက္ဆန္စြာ ထမင္းစားရန္အတြက္သာ လာေနရျခင္းျဖစ္လာသည္။ သူ တကယ္ကို က်င့္သားမရေသး။ ထို႔ေနာက္မွာေတာ့ သူကိုယ္တိုင္ေတာင္ မသိလိုက္ပဲ မီးဖိုေခ်ာင္ထဲသို႔ ေျခဦးလွည့္လိုက္မိသည္။ ဖုန္းသုန့္ယြမ္ သူ႔အား အသိေပး လာေခၚမွသာ သူ ဒီဘက္သို႔ ျပန္လွည့္လာျဖစ္ေလသည္။

ညစာ စားခ်ိန္မွာေတာ့ ခ်န္းဝမ့္ဝမ္က ဇြန္းႀကီးတစ္ေခ်ာင္း ကိုင္ထားလ်က္ သူ႔ကို မီးဖိုေခ်ာင္ထဲမွ လွမ္းျပဳံးျပလာကာ သူ႔အား ဝက္သားႏွပ္ ဇြန္းႀကီးအျပည့္ ခပ္ထည့္ေပးလိုက္သည္။ ပိုင္ရွင္းယြီလည္း သူ႔အား မ်က္စိမွိတ္ျပလိုက္ၿပီး သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ရယ္လိုက္ၾကသည္။

ထိုင္ခုံ ျပန္ေရာက္ခ်ိန္မွာေတာ့ ခ်န္းလ်န့္ သူ႔ထမင္းဗန္းကို ၾကည့္ၿပီး အားက်သလို ေျပာလာသည္။ "ငါ ေနာက္ဆို မင္းနဲ႔ပဲ အတူ ထမင္းစားရမယ္။"

ပိုင္ရွင္းယြီ ရယ္ၿပီး ေျပာလိုက္သည္။ "ငါ ဒီလို ေကာင္းက်ိဳး ရလာမယ္လို႔ မေမၽွာ္လင့္ထားမိဘူး။"

သူ မီးဖိုေခ်ာင္ထဲတြင္ အလုပ္ရွုပ္လ်က္ ရွိေနၾကသည့္ စစ္သားမ်ားကို လွည့္ၾကည့္ရင္း ထူးဆန္းသည့္ စိတ္ခံစားခ်က္တစ္ခု ရင္ထဲ ေပၚထြက္လာကာ သူ ဒီေနရာမွာ ထိုင္မေနသင့္သည့္အလား ခံစားလိုက္ရသည္။ ေခါင္းကို ခါယမ္းရင္း သူ ဘယ္ေနရာကိုပဲ ေရာက္ေရာက္၊ အထင္အျမင္ေသးျခင္းမခံရေအာင္ ေကာင္းေကာင္းေနရမည္ဟု သူ႔စိတ္ထဲ ကတိသဝတ္ျပဳလိုက္သည္။

တပ္ခြဲေရာက္ သူ႔ဘဝက တရားဝင္ စတင္လာခဲ့ၿပီ။ ဟင္းခ်က္ေဆာင္မွာလိုမ်ိဳး ေလ့က်င့္သည္ျဖစ္ေစ မေလ့က်င့္သည္ျဖစ္ေစ ဂ႐ုတစိုက္ မရွိၾကတာမ်ိဳး မဟုတ္ေတာ့။ ကင္းေထာက္ ေထာက္လွမ္းေရးတပ္ခြဲမွ ပေရာ္ဖက္ရွင္နယ္ဆန္သည့္ ေလ့က်င့္ေရးမ်ားက အလြန္ကို စည္းကပ္တင္းၾကပ္မွုရွိသည္။ ထို႔ေၾကာင့္မို႔လည္း ပိုင္ရွင္းယြီကို အခ်ိန္တိုအတြင္း ေနသားက်မွု အဆင့္ကို ေရာက္သြားေစေလသည္။ ေသခ်ာသေလာက္၊ သူ အစပိုင္း ေတြးခဲ့သလိုမ်ိဳး ေသနတ္ပစ္ ေလ့က်င့္ခ်ိန္မွ လြဲၿပီး က်န္အခ်ိန္မ်ားကို သူ အမွီမလိုက္နိုင္။ သူက ေလ့က်င့္ေရး တပ္စခန္းမွာ ရွိကတည္းက တစ္ဦးတည္း ထူးၿပီး လိုက္မမွီျဖစ္ေနခဲ့တာ ျဖစ္သည္။ ထို႔ေနာက္ သူ ဟင္းခ်က္ေဆာင္တြင္ ေျခာက္လေက်ာ္ ေလ့က်င့္ေရးမ်ားကို လ်စ္လ်ဴရွုေနခဲ့သည္။ အခု သူ တပ္ခြဲသို႔ ျပန္ေရာက္လာခ်ိန္တြင္ သင္ယူစရာေတြကလည္း မ်ားျပားေနၿပီး ကိုယ့္ကာယ ႀကံ့ခိုင္ေလ့က်င့္ေရးမ်ားက ေလ့က်င့္ေရးတပ္စခန္းတုန္းကထက္ ပိုၿပီး ျပင္းထန္သည္။ သူကလည္း ထိုအရာအကုန္လုံးႏွင့္ အစိမ္းသက္သက္သာျဖစ္ေနေသးတာမို႔ သူႏွင့္ အျခားလူမ်ားအၾကား ကြာဟခ်က္က ပို၍ေတာင္ ႀကီးမားလာေတာ့သည္။

သို႔ေပမယ့္ အရင္လို ထိတ္လန့္၊ စိတ္ရွုပ္ေနျခင္းမ်ိဳးထက္ ပိုင္ရွင္းယြီ ဒီတစ္ႀကိမ္မွာေတာ့ စိတ္ပိုင္းဆိုင္ရာကို အခ်ိန္အေတာ္ၾကာကတည္းက ျပင္ဆင္ထားၿပီးျဖစ္သည္။ ရက္အနည္းငယ္ ေလ့က်င့္ၿပီးေနာက္ ခ်န္းက်င္းက သူ စိတ္ဓာတ္က်သြားမွာ စိုးရိမ္၍ အထူးတလည္ လာေရာက္ႏွစ္သိမ့္ေပးဖို႔ လုပ္ေပမယ့္ ပိုင္ရွင္းယြီကေတာ့ အမ်ားႀကီး စိတ္ထဲ မခံစားေန။ သူ သူမ်ားေတြ လုပ္သလို လိုက္လုပ္ၿပီး ႏွစ္ဝက္ေက်ာ္ သူတို႔အၾကား ကြာဟေနရသည့္ ကိစၥမ်ားကို ျဖည္းျဖည္းခ်င္း အစားထိုးျပင္ဆင္ေလသည္။ ထို႔ေၾကာင့္မို႔လည္း ခ်န္းက်င္းေကာ သူကိုယ္တိုင္ပါ အံ့ဩမိေနသည္။ သူ႔စိတ္ဓာတ္ေရးရာ အေတာ္ေလး ေျပာင္းလဲသြားမွန္း သူ သိလာသည္။ ဟင္းခ်က္ေဆာင္၌ ၆လေက်ာ္ ေနလိုက္ရျခင္းက သူ႔ကို ကိုယ္ကာယဖြံ႕ၿဖိဳးမွုေကာ သူ႔ႏွလုံးသားကိုပါ ေျပာင္းလဲမွုမ်ား ၾကဳံေတြ႕ခဲ့ေစသည္။

စိတ္ဓာတ္ေရးရာ ေျပာင္းလဲသြားျခင္းက လူတစ္ေယာက္ကို ကမၻာတုန္လွုပ္ဖြယ္ အက်ိဳးသက္ေရာက္မွုမ်ား ေပးစြမ္းနိုင္သည္။ အရင္က သူ ေကာင္းေကာင္း ေလ့က်င့္ျခင္း မရွိခဲ့သလို ထိုအတြက္လည္း စိတ္မပူခဲ့။ သူက သူမ်ားေတြထက္ မဆိုးေလာက္ပါဘူးဟု အျမဲခံစားေနခဲ့ၿပီး သူ ေက်ာ္ျဖတ္နိုင္႐ုံမၽွျဖင့္သာ ေက်နပ္ခဲ့သည္။ သို႔ေပမယ့္ အခုတြင္ေတာ့ သူ႔ဘက္ကကို လိုလိုလားလား သန္မာလာခ်င္ၿပီး လူတိုင္း၏ေနာက္ကို အမွီလိုက္ခ်င္မိသည္။ ဒီလို စိတ္သေဘာထားျဖင့္ သူ တက္တက္ႂကြႂကြကို ေလ့က်င့္သင္ယူသည္။ သူ၏ တာထြက္အမွတ္ကေတာ့ နိမ့္ဆင္းေနေပမယ့္ တန္းခြဲ တစ္ဖြဲ႕လုံးအတြင္း သူ၏တိုးတက္မွုက အသိသာဆုံးျဖစ္ေနသည္။

ပိုင္ရွင္းယြီ တပ္ခြဲထဲ ေရာက္ၿပီး မၾကာခင္မွာပဲ တပ္ခြဲ(၃)က ကြင္းဆင္းေလ့က်င့္ေရးစီစဥ္လာသည္။ သူတို႔ လူအေယာက္တစ္ရာေက်ာ္ စစ္တပ္ ထရပ္ကားႀကီးေပၚတြင္ လိုက္စီးၾကၿပီး ေနရာမွ 20kmေက်ာ္ေဝးသည့္ ေလ့က်င့္ေရးစင္တာသို႔ ေခၚသြားခံလိုက္ရသည္။ သူတို႔ေတြက ႏွင္းေတာအၾကား ႐ုပ္ဖ်က္နိုင္သည့္ အျဖဴေရာင္ယူနီေဖာင္းမ်ားကို ဝတ္ဆင္ထားၿပီး မ်က္ႏွာမွာလည္း ေဆးမ်ား ဆြဲျခယ္ထားရသည္။ သူတို႔က နည္းျပမ်ား ေပးလာသည့္ က်ည္ထည့္ထားၿပီးသား ေသနတ္မ်ားကို ကိုင္ေဆာင္ထားရင္း ေနာက္ေက်ာတြင္ေတာ့ ပစၥည္းမ်ား သယ္ပိုးထားရသည္။ ထိုအခ်ိန္ ႏွင္းမ်ားက သည္းထန္စြာ က်ေနသည္။ သူတို႔အသက္ရွုထုတ္မွုကေတာင္ အျဖဴေရာင္ေလေငြ႕မ်ားျဖစ္ေနၿပီး မ်က္ေတာင္မ်ားကလည္း ေအးခဲေနသည္။ ဖုန္းသုန့္ယြမ္က ဒါ သူတို႔၏ ဒုတိယအႀကိမ္ ကြင္းဆင္းေလ့က်င့္ေရးျဖစ္ၿပီး ပထမအႀကိမ္တုန္းက လူေတာ္ေတာ္မ်ားမ်ား ငိုခဲ့သည္ဟု ပိုင္ရွင္းယြီအား တိုးတိုးကပ္ေျပာလာသည္။

ပိုင္ရွင္းယြီကေတာ့ စိတ္လွုပ္ရွား ျမဴးႂကြေနမွုကိုသာ ခံစားေနရသည္။ သူတို႔ ေလ့က်င့္ေရး စစ္စခန္းတုန္းကလည္း ကြင္းဆင္းေလ့က်င့္ျခင္းမ်ား လုပ္ခဲ့ဖူးသည္။ သို႔ေပမယ့္ အမ်ားအားျဖင့္ကေတာ့ အေလးအပင္ ထမ္းမ၍ တာေဝးေျပးရျခင္းျဖစ္သည္။ သူတို႔ စစ္တိုက္ထြက္ရေတာ့မည့္အလား လက္နက္အစုံအလင္ျဖင့္ တစ္ခါမွ မလုပ္ေဆာင္ဖူးတာမို႔ သူ႔ေသြးမ်ားပင္ ပြက္ပြက္ဆူလာေတာ့သည္။

ရႊီခၽြမ္က ႏွင္းေတာစီး ဆိုင္ကယ္ကို ေမာင္း၊ ေနကာမ်က္မွန္ကို တပ္ထားရင္း တဝွီးဝွီး တိုက္ေနသည့္ ေလသံမ်ားအၾကား ေအာ္ေျပာလာသည္။ "ဒီတစ္ေခါက္ ကြင္းဆင္းေလ့က်င့္ေရးက တစ္ညအိပ္ ႏွစ္ရက္ၾကာမယ္။ ေလ့က်င့္ရမယ့္အထဲ ႏွင္းေတာအၾကား ကင္းေထာက္တာ၊ ရန္သူကို ေစာင့္ၾကည့္တာ၊ ႏွင္းအၾကား ေျခရာေကာင္တာ၊ ႏွင္းမုန္တိုင္း ဒဏ္ကာကြယ္ဖို႔ အခိုအလွုံတည္ေဆာက္တာ၊ ဝန္အေလးထမ္းၿပီး ေတာအတြင္း ေျပးရတာနဲ႔ အျခားက်န္တဲ့ ေလ့က်င့္ေရးေတြလည္းပါမယ္။ ဒီတစ္ေခါက္ကေတာ့ ႏွင္းေတြအၾကား အသက္ရွင္နိုင္ဖို႔နဲ႔ ေထာက္လွမ္းနိုင္ဖို႔ အသိပညာေတြကို အဓိက ထားတာျဖစ္ၿပီး ကိုယ္ကာယႀကံခိုင္ေရးက ျဖည့္စြက္အေနနဲ႔ပဲ ပါတာျဖစ္တယ္။"

လူတိုင္း "ကိုယ္ကာယႀကံခိုင္ေရးက ျဖည့္စြက္"ဆိုသည့္ စကားကို ၾကားခ်ိန္ တိတ္တခိုး စိတ္ေအးသြားရေတာ့သည္။

"ဒါေပမယ့္! ကိုယ္ကာယႀကံ့ခိုင္ေလ့က်င့္ေရးကလည္း မင္းတို႔အတြက္ လြယ္လြယ္ေလး လုပ္ေပးထားတာ မဟုတ္ဘူး။ မဟုတ္ရင္ ဒါက အေပ်ာ္တမ္း ခရီးေပးထြက္သလိုျဖစ္ေနမွာေပါ့။ အခု ငါတို႔ သတ္မွတ္ေပးထားတဲ့ အခ်ိန္ နာရီဝက္အတြင္း တန္းခြဲအလိုက္ စခန္းေထာင္ၿပီး ဒီေနရာမွာ ျပန္ဆုံၾကမယ္။"

လူတိုင္း ရြက္ဖ်င္တဲ တည္ဖို႔ ေနရာေရြးလိုက္ၾကၿပီး ကားေပၚမွ လိုအပ္သည့္ ပစၥည္းမ်ား သြားယူကာ စတင္ စခန္းခ်လိုက္ၾကၿပီး နာရီဝက္အၾကာမွာေတာ့ ရြက္ဖ်င္တဲ ဆယ္ခု တည္ေဆာက္ၿပီးျဖစ္ေနသည္။

ရႊီခၽြမ္က ဝါရင့္စစ္သားမ်ားႏွင့္အတူ ႏွင္းေတာအတြင္း မည္ကဲ့သို႔ ပုန္းကြယ္ေထာက္လွမ္းရမလဲဆိုသည့္ ကိစၥမ်ားကို သ႐ုပ္ေဖာ္ျပလာသည္။ တစ္ေယာက္တည္းစာအတြက္ ရြက္ဗ်ဥ္ထည္ တစ္ရြက္ကိုသာ သုံးၿပီးေနာက္ ႏွင္းအၾကား ျမႇုပ္ႏွံေနျခင္း ျဖစ္သည္။ ႏွင္းက ထူထပ္ေနခ်ိန္တြင္ ဒီလို ကဒုတ္က်င္းမ်ိဳးက အေတာ္ေလး လုပ္ရလြယ္သည္။ သို႔ေပမယ့္ စစ္သားတစ္ေယာက္၏ ခံနိုင္ရည္ႏွင့္ ႀကံ့ခိုင္မွုကို စစ္ေဆးရာတြင္ေတာ့ စစ္ေဆးမွု အေသးစားေလးမဟုတ္။ အျပင္မွ လူ သတိထားမိျခင္း မရွိရေလေအာင္ ႏွင္းမ်ားအၾကား တူးဆြျခင္းက အေတာ္ေလး နက္ေနရမည္၊ ေအာက္ဘက္က ေတာင့္တင္းေနရၿပီး အေပၚကေတာ့ ႏွင္းမ်ား ျဖဴးက်ထားသလို ျဖစ္ေနရမည္။ စစ္သားတစ္ေယာက္၏ ကိုယ္က 10kg ေလးပင္လွသည့္ ႏွင္းမ်ား၏ ေအာက္တြင္ အခ်ိန္အေတာ္ၾကာ ဝပ္ေနရသည္။ အသက္ရွုေပါက္က ေသးေသးေလးသာ ရွိတာမို႔ ေအာက္ဆီဂ်င္မလုံေလာက္ျခင္းမ်ားျဖစ္လာၿပီး ေအးစက္လွသည့္ ရာသီဥတုအလယ္ မလွုပ္မရွားပဲ ေန ေနရျခင္းက ႏွင္းမ်ားေအာက္တြင္ ဝပ္ေနရသည့္ လူတိုင္းကို ပို ပိုၿပီး ေအးလာေစသည္။ တစ္မနက္လုံး တပ္ခြဲမွ စစ္သားအကုန္လုံး ႏွင္းကတုတ္က်င္းအၾကား ေနရသည့္ ခံစားခ်က္ကို ၾကဳံေတြ႕လိုက္ရၿပီး သူတို႔လက္မ်ားေကာ ေျခေထာက္မ်ားပါ အေအးဒဏ္ေၾကာင့္ ထုံက်င္လာေတာ့သည္။

ကတုတ္က်င္း ျပဳလုပ္ၿပီးေနာက္မွာေတာ့ သူတို႔ေတြကို အထူးနည္းျပဆရာက ဆက္သြယ္ေရးသင္ခန္းစာမ်ား ပို႔ခ်လာသည္။ နည္းၿပ ထိုင္ေနခ်ိန္အတြင္း သူတို႔လည္း 10kgမၽွ ေလးပင္လွသည့္ ပစၥည္းမ်ားကို သယ္ထမ္းထားရင္း ေဆာင့္ေၾကာင့္ထိုင္ေနရသည္။ သူတို႔ ေန႔လည္စာ စားရခ်ိန္တြင္ေတာ့ သူတို႔ေျခေထာက္မ်ား ကတုန္ကယင္ျဖစ္ေနၿပီး မတ္မတ္ေတာင္ မရပ္နိုင္ေတာ့ပဲ သူတို႔ထဲမွ ေတာ္ေတာ္မ်ားမ်ားက ႏွင္းမ်ားအၾကားတြင္ ထိုင္ခ်ၿပီးသာ ေန႔လည္စာ စားရေတာ့သည္။

ပိုင္ရွင္းယြီ ထမင္းစားလို႔ ဝသြားၿပီး ယြီဖုန္းခ်န္က စားေနေသးသည္ကို ျမင္တာႏွင့္ မေနနိုင္စြာ ေမးလိုက္သည္။ "မင္း ဒီေလ့က်င့္ေရးကို ခက္တယ္ ထင္လား။"

ယြီဖုန္းခ်န္ သူ႔အား တစ္ခ်က္ ေမာ့ၾကည့္လာသည္။ "မခက္တဲ့ ေလ့က်င့္ေရးဆိုတာ ရွိလို႔လား။"

"မင္းအတြက္ေတာ့ မခက္ေလာက္ဘူးလို႔ ငါ ထင္ေနတာ။"

"ငါက စူပါမန္း မဟုတ္ဘူး။"

ပိုင္ရွင္းယြီ ေျပာလိုက္သည္။ "မင္းသာ အထူးတပ္ဖြဲ႕ဝင္ စစ္သားျဖစ္လာရင္ အခုထက္ အမ်ားႀကီး ပိုခက္ခဲမွာပဲ။"

"ေသခ်ာေပါက္ေပါ့။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ ဘာလို႔မ်ား အထူးတပ္ဖြဲ႕ဝင္ စစ္သားတစ္ေယာက္ျဖစ္ခ်င္ေနရတာလဲဟု ေမးခ်င္ေနမိသည္။ သို႔ေပမယ့္ သူ မေမးခဲ့၊ ယြီဖုန္းခ်န္၏ ေတြးေတာပုံကို သူ နားမလည္နိုင္မွန္း သိသလို ယြီဖုန္းခ်န္ကလည္း ပိုလို႔ေတာင္ သူ႔ကို နားလည္နိုင္မွာ မဟုတ္။

ယြီဖုန္းခ်န္ သူ႔ကို ၾကည့္လာသည္။ "မင္း ငါ့ကို တစ္ခုခုေျပာခ်င္ေနတာလား။"

"မဟုတ္ပါဘူး။"

ယြီဖုန္းခ်န္ လက္ဆန့္ၿပီး သူ႔ႏွုတ္ခမ္းေထာင့္တြင္ ေပေနသည့္ ထမင္းေစ့ကို ဖယ္ေပးၿပီး ေပါ့ေပါ့ပါးပါး ေျပာလာသည္။

"ဒီလို ပင္ပန္းခက္ခဲမွုေတြၾကားထဲ ဘာလို႔ လူေတြက စစ္သား ဒါမွမဟုတ္ အထူးတပ္ဖြဲ႕ဝင္စစ္သားတစ္ေယာက္ျဖစ္ခ်င္ေနတာလဲဆိုတာကို မင္း နားမလည္နိုင္ဘူး။ အဲ့ဒါ ဘာလို႔လဲဆို မင္းမွာ မင္းကို ေထာက္ပံ့ေပးေနမယ့္ ယုံၾကည္မွုဆိုတာ မရွိေသးလို႔။"

ပိုင္ရွင္းယြီ မွင္သက္သြားသည္။ ယုံၾကည္မွု .. တျခားလူမ်ား၏ ယုံၾကည္မွုက သူတို႔နိုင္ငံကို ကာကြယ္ဖို႔လည္း ျဖစ္နိုင္သလို ဒီလို အႏၲရာယ္ရွိရွိ အေတြ႕အၾကဳံမ်ားအၾကား စိတ္လွုပ္ရွားမွုအျပည့္ႏွင့္ ရွင္သန္လိုျခင္းလည္းျဖစ္နိုင္သည္။ ယြီဖုန္းခ်န္ .. မင္းရဲ့ ယုံၾကည္ရာကေကာ ဘာလဲ။ မင္းရဲ့ ဦးေလးငယ္လား။ ပိုင္ရွင္းယြီ တကယ္ႀကီးကို မင္း မင္းဦးေလးငယ္ကို ႀကိဳက္ေနတာလားဆိုၿပီး ေမးခ်င္မိေပမယ့္ ဒါက တကယ္ကို ေပါက္ကရဆန္လြန္းေနတာျဖစ္ၿပီး ယြီဖုန္းခ်န္လည္း ေသခ်ာသေလာက္ ေဒါသထြက္သြားနိုင္သည္။ ပိုင္ရွင္းယြီ ယြီဖုန္းခ်န္၏ လက္ကို ရိုက္ထုတ္ၿပီး ဝါးတားတားေျပာလိုက္သည္။ "မင္းရဲ့ ႀကီးမားလွတဲ့ ယုံၾကည္ရာဆိုတာမ်ိဳး မရွိလည္း ငါ မေသသြားဘူး။"

ယြီဖုန္းခ်န္ ရယ္ၿပီး ဘယ္သူမွ မရွိတာမို႔ နား,နားကပ္ကာ ေျပာလာသည္။ "ငါတို႔ ခြဲရေတာ့မွာလို႔ ေတြးမိၿပီးေတာ့ မင္း ေဒါသထြက္ေနတာလား။"

ပိုင္ရွင္းယြီ သူ႔အား တြန္းထုတ္ၿပီး ေအးစက္စက္ ရယ္လိုက္သည္။ "ရို႔၊ မင္းက အခုထိ အဟုတ္ႀကီး ထင္ေနတုန္းပဲ။ မင္း သြားလို႔ရွိရင္ အတူလုပ္ေပးေနရာကေန တစ္ေယာက္ထဲ လုပ္ရတာ အဆင့္ကိုပဲ ေျပာင္းသြားမွာ။ လက္တစ္ဖက္ တိုးလာတာနဲ႔ ေလ်ာ့သြားတာ။ ငါက ဘာကို သြားေဒါသထြက္ရမွာလဲ။"

ယြီဖုန္းခ်န္ သူ႔အား ေမွးစင္း ၾကည့္လာၿပီး သူ ဘာေတြးေနသလဲ ဘယ္သူမွ ေသခ်ာ မသိ။

ပိုင္ရွင္းယြီ သူ ခုနက ေျပာလိုက္သည့္ စကားမ်ားကို အမွတ္တစ္ရာအျပည့္ ေပးလိုက္မိသည္။ ေတာ္ေတာ္ ေကာင္းေကာင္ေလးကို သူ ေျပာလိုက္နိုင္တာပဲ။

KittyKitling

Author Note - ဒီဝတၳဳက အသည္းႏွလုံးေအာင့္ေစမွာပါ ~ ဒီလိုမ်ိဳး ျဖစ္လာလိမ့္မည္လို႔ ကၽြန္မတို႔ အစကတည္းက သေဘာတူထားၾကတယ္မလား ~

T/N : ေရွ႕ႏွစ္ပိုင္းကတင္ ရိုေတာ့မွာဟု ေျပာထားတဲ့ ကစ္ေလး : -..-

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

515 96 28
ကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သာ...
393K 40.2K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
792K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
42.6K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...