Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 259K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

31.2

11.9K 1.8K 503
By callme__kitty

[Unicode]

'ဟင်းချက်ဆောင်သို့ လက်ရှိနှင့် စဉ်ဆက်'

သူတို့ အကြာကြီး မအိပ်လိုက်ရ။ ၈နာရီဝန်းကျင် ရောက်ချိန်တွင် ချန်းကျင်းလိုက်နိုးခြင်းကို ခံလိုက်ရပြီး အလျင်အမြန် မျက်နှာသစ်၊ မနက်စာ စားကာ စစ်လေ့ကျင့်ရေးကွင်း၌ လူစုလိုက်ကြရသည်။

မနက်စောစော ကတိုက်ကရိုက်လုပ်နေရတာမို့ သူတို့နှစ်ယောက်ကြား စကားပြောဖို့ အချိန်တောင် မရလိုက်။ ပိုင်ရှင်းယွီ ခဏတာမျှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ ယွီဖုန်းချန်သာ 'ဒီတစ်ခေါက်ကော ခံစားလို့ကောင်းလား'ဟု မေးလာပါက သူ့မှာ ပြန်ဖြေစရာ အဖြေ တကယ်မရှိ။

ရွှီချွမ်နှင့် ဝမ်ရွှန်းဝေက လူအယောက်၂၀၀ တာဝန်ကျရာနေရာများကို စတင်ကြေညာလိုက်သည်။ ဝမ်ရွှန်းဝေ စာရင်းပြုစုထားသည်ကို ထုတ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ်ထုတ်လိုက်သည်။

ပိုင်ရှင်းယွီ သူ သိတဲ့လူတော်တော်များများက ကင်းထောက် ထောက်လှမ်းရေး တပ်ခွဲ(၃)ရောက်သွားတာကို တွေ့လိုက်ရသည်။ ထိုတပ်ခွဲက ရွှီချွမ်၏ တပ်ခွဲဖြစ်ပြီး ယွီဖုန်းချန်၊ ချန်းလျန်၊ ဖုန်းသုန့်ယွမ်၊ တာ့ရှုန်း၊ ပါ့ထုအာ၊ လျန်းရှောင်းမောင်းနှင့် အခြားတပ်သားသစ်အချို့ တာဝန်ကျသွားသည်။ သေချာသလောက် ရမှတ်ကောင်းသည့် တပ်သားတိုင်းက ရွှီချွမ် ရွေးထုတ်သွားခြင်းကို ခံလိုက်ရသည်။ အဆုံးသတ်ရောက်လေ​လေ ကျန်ရှိသူဦးရေ တဖြည်းဖြည်းနည်းလာလေဖြစ်သည်။ ပိုင်ရှင်းယွီ လက်ဝါးတွင် ချွေးများထွက်စပြုလာပြီး သူ့ကို ဘယ်လိုကံကြမ္မာက စောင့်နေမလဲတောင် သူ မသိတော့။

နောက်ဆုံးမှာတော့ ဝမ်ရွှန်းဝေ စာရင်း၏ နောက်ဆုံးမျက်နှာကို လှန်လိုက်သည်။ သူ ခေါင်းမော့ပြီး ပိုင်ရှင်းယွီကို ကြည့်လာသည်။

"ပိုင်ရှင်းယွီ"

"ရှိ!"

"ကင်းထောက် ထောက်လှမ်းရေး တပ်ခွဲ(၃)"

ပိုင်ရှင်းယွီ အံ့ဩပြီးပျော်ရွှင်သွားရသည်။ သူ့ကို ရွှီချွမ်ကို လိုချင်လိမ့်မည်ဟု မထင်ထား။ ဒီပုံစံအရဆိုရင်ဖြင့် အနည်းဆုံးတော့ သူ ဖုန်းသုန့်ယွမ်၊ ချန်းလျန်တို့နှင့် တပ်ခွဲတစ်ခုတည်းမှာ အတူရှိနိုင်ပြီဖြစ်သည်။ ထို့ကြောင့် တွေ့ဆုံရသည်မှာလည်း ပိုလွယ်ကူသွားမည်ပင်၊ ယွီဖုန်းချန်ကိုလည်း ထိုနည်းလည်းကောင်းဖြစ်သည် .. သူ ယွီဖုန်းချန်ဘက်ကို မသိမသာခိုးကြည့်လိုက်သောအခါ ယွီဖုန်းချန်ကလဲ သူ့အားလှမ်းကြည့်နေသည်နှင့် ဆုံလေသည်။ သူ့မျက်ဝန်းများက ပျော်မြူးနေရိပ်သန်းနေသည်။ ပိုင်ရှင်းယွီ သူ့မျက်နှာကို တစ်ဖက်ပြန်လှည့်ကာ ဖုန်းသုန့်ယွမ်နှင့် ချန်းလျန်ကို မျက်စိမှိတ်ပြလိုက်သည်။

"ပြန်သွားပြီး အဝတ်အစားတွေ ထုတ်သိမ်းထား။ ကားက တစ်နာရီနေရင် ရောက်လာလေ့မယ်။ ညွှန်ကြားထားတဲ့အတိုင်း သက်ဆိုင်ရာကားနောက်ကို တက်ပြီးလိုက်သွားကြ။"

"ဟုတ်!"

လူစုခွဲခိုင်းပြီးချိန်မှာတော့ ပိုင်ရှင်းယွီ ဖုန်းသုန့်ယွမ်အပေါ် ခုန်အုပ်ကာ ဖက်လိုက်သည်။ "အချစ်လေးရေ၊ မင်းကောကောက မင်းနဲ့ တပ်ခွဲတစ်ခုထဲ ကျပြန်ပြီ။ ဟားဟား"

ချန်းလျန်လည်း ပြုံးပြီးပြောလိုက်သည်။ "အရမ်းကောင်းလွန်းတယ်။ ငါတို့ အဖွဲ့မတူရင်တောင် တစ်ဆောင်တည်းမှာပဲ ရှိနေကြမှာ။"

"ဟုတ်တယ်၊ တကယ်ကောင်းလွန်းတာပဲ။ ငါတို့တွေ နောက်ဆို အတူရေချိုး၊ လေ့ကျင့်ခန်း အတူလုပ်ပြီး ကန်တင်းအတူတူသွားလို့ ရပြီ။" ဖုန်းသုန့်ယွမ် ပျော်ပျော်ကြီး ဆက်ပြောသည်။ "ကြည့်ရတာ တပ်မှုးက မင်းလုပ်ဆောင်မှုအပေါ် အတော်စိတ်ကျေနပ်သွားပုံပဲ။ မဟုတ်ရင် မင်းကို သူ တပ်ခွဲ(၃) ခေါ်မှာ မဟုတ်ဘူး။"

ပိုင်ရှင်းယွီ အောင်ပွဲခံလိုက်သလို ပြုံးလိုက်သည်။ "ကြည့်ရတာ ငါ့ရဲ့သေနတ်ပစ် စကေးကို ကြွေသွားတာနေမယ်။"

လူတိုင်း အဆောင်ကို ပြန်သွားပြီး သူတို့အဝတ်အစားများကို စတင် ထုတ်ပိုးလိုက်ကြသည်။ သုံးလကြာအောင် နေပြီးချိန်မှာတော့ ဒီနေရာမှာ လွမ်းဆွတ်စရာဆိုပြီး ရှိမနေပေမယ့် ဘယ်လိုပဲဖြစ်ပါစေ ဘဝမှာ စစ်တပ်ဆိုသည့် နေရာကို ပထမဆုံး ဝင်ရောက်ခဲ့ပြီးနောက် နေထိုင်ခဲ့ရသည့် အဆောင်ဖြစ်သည်။ ဒါက လူတော်တော်များများအတွက် တစ်ဘဝလုံးစာ အမှတ်ရစရာတစ်ခုဖြစ်လာမည်ပင်။ ထို့ကြောင့် သူတို့ ထုတ်ပိုးပြီးသည်နှင့် အဆောင်ခန်းနှင့် ရေချိုးခန်းကို အတူတကွ ရှင်းလင်းလိုက်ကြပြီး နောင်ရောက်လာမည့် တပ်သားသစ်များအတွက် အဆင်ပြေပြေ ရှိနိုင်အောင် အရာအားလုံးကို နေရာတကျ ပြန်ထားပေးခဲ့ကြသည်။

ရောက်ရှိလာသည့် စစ်ကားများဖြင့် တပ်သားသစ်၂၀၀က သူတို့သက်ဆိုင်ရာ တပ်ခွဲများဆီသို့ လိုက်ပါထွက်ခွါသွားကြသည်။ တကယ်တော့ စစ်တန်းလျားအသစ်များနှင့် တပ်ခွဲများက တပ်နယ်မြေတစ်ခုထဲမှာပဲ ရှိသည်ဆိုပေမယ့် စစ်တပ်နယ်မြေက ကျယ်ပြန့်လှသည်။ ထို့ကြောင့် လေ့ကျင့်ရေးစခန်းမှ သက်ဆိုင်ရာ တပ်ခွဲများဆီ ရောက်ရန် ဆယ်မိနစ်ခန့်မျှ မောင်းနှင်လိုက်ရသည်။ သူတို့အားလုံးအတွက် စစ်တပ်အတွင်း ဝင်ဖူးတာ ဒါပထမဆုံးဖြစ်သည်။ သူတို့ကားပေါ်မှ ဘေးဘီကို ကြည့်နေရင်း ရှေ့လျှောက်ကြုံတွေ့လာရတော့မည့် တရားဝင်စစ်သားနေ့ရက်များကို တွေးတောနေမိတော့သည်။

သူတို့ တပ်ခွဲသို့ ရောက်ချိန်မှာတော့ ရွှီချွင် တပ်စုခေါင်းဆောင်များနှင့် အဖွဲ့ခေါင်းဆောင်များကို ခေါ်လာပြီး သူတို့ကို ရိုးရှင်းသည့် ကြိုဆိုမှုတစ်ခု လုပ်စေသည်။ ထို့နောက်မှာတော့ စစ်သားသစ်များအားလုံးကို အဖွဲ့ကိုယ်စီ ခွဲပေးဖို့ လုပ်လိုက်သည်။

ပိုင်ရှင်းယွီက ဖုန်းသုန့်ယွမ် သို့မဟုတ်လည်း ချန်းလျန်နှင့် တစ်ဖွဲ့တည်းကျဖို့ မျှော်လင့်နေမိသည်။ ထိုအချိန်မှာပဲ ချန်းကျင်း သူ့အနားကို လျှောက်လာပြီး ပြောလိုက်သည်။ "ရှင်းယွီ၊ မင်း ငါနဲ့ခဏလိုက်ခဲ့။"

"ဟမ်? အဖွဲ့ခေါင်းဆောင်၊ ဒီမှာ အဖွဲ့ခွဲမှု လုပ်နေတယ်လေ။"

"ငါ သိတယ်၊ လာလို့။"

ပိုင်ရှင်းယွီ သူ့နောက်လိုက်သွားပြီး ခြေလှမ်းသုံးလှမ်းမျှ လှမ်းပြီးနောက်တွင် ခေါင်းပြန်လှည့်ပြီး ဖုန်းသုန့်ယွမ်ကို 'နေ့လည်စာ အတူစားဖို့ စောင့်' ဟူ၍ အချက်ပြသည့်အနေဖြင့် မျက်စိမှိတ်ပြခဲ့သည်။

သူတို့နှစိယောက်လုံး အဆောင်ဂိတ်ဝသို့ အလျင်အမြန်ပဲလျှောက်သွားလိုက်သည်။ ချန်းကျင်းလမ်းလျှောက်နှုန်းက ပို ပိုပြီး မြန်လာတာမို့ ပိုင်ရှင်းယွီမှာ အမှီမလျှောက်နိုင်တော့ပဲ အပြေးလိုက်ရင်း မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ခေါင်းဆောင်၊ ဘာလုပ်နေတာလဲ။ ကျွန်တော့်ကို စကားတစ်ခွန်းတောင် မပြောပဲ ဘယ်ခေါ်သွားနေတာလဲ။"

ချန်းကျင်း သူ့အား ခေါင်းလှည့်ကြည့်လာချိန်တွင် သူ့မျက်နှာက အတော်လေးဆိုးဝါးနေမှန်း ပိုင်ရှင်းယွီ သတိထားမိသွားသည်။

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်သွားသည်။ "အဖွဲ့ခေါင်းဆောင်၊ ဘာဖြစ်ထားတာလဲ။ အရက်မူးတာ မသက်သာသေးလို့လား။"

ချန်းကျင်း သူ့မျက်ရိုးများကို ဖိနှိပ်ရင်း သက်ပြင်းချလိုက်သည်။ "ရှင်းယွီ၊ ငါ မင်းတာဝန်ကျတဲ့အဖွဲ့ဆီ ခေါ်သွားပြီး ရောက်ရှိကြောင်း အစီရင်တင်ခိုင်းမလို့။ အစီရင်တင်ပြီးရင် မင်း အဆောင်ပြန်လို့ ရပြီ။"

"အာ? ဘယ်အဖွဲ့လဲ။ သူတို့အခုမှ တာဝန်ကျမယ့်နေရာတွေ ခွဲနေကြတာမဟုတ်ဘူးလား။"

သူ့ကို ကြည့်နေရင်း ချန်းကျင်း ခဏကြာအောင် စကားပြောမထွက်။ သို့ပေမယ့်လည်း သူ တည့်တိုးသာ ပြောလိုက်သည်။ "ဟင်းချက်ဆောင်"

ပိုင်ရှင်းယွီ ခဏကြာအောင် ကြက်သေ သေသွားတော့သည်။

ချန်းကျင်း ပြောလိုက်သည်။ "ရှင်းယွီ၊ ငါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းကို ကြိုပြောသင့်တယ်ဆိုပေမယ့် မင်းလည်း နောက်ဆုံးအချိန်နားလေး ကပ်ပြီး လုပ်ဆောင်မှု ရမှတ်တွေကောင်းလာတာပဲ။ ငါတွေးတာ .. ဒါပေမယ့် တပ်မှုးက ဆုံးဖြတ်ပြီးသား ကိစ္စဖြစ်နေတယ်တဲ့။ အဲ့ဒါကြောင့် မင်းအပြုအမူတွေကို ဟင်းချက်ဆောင် ရောက်တဲ့အချိန်မှာ ပိုကောင်းအောင် ပြုပြင်စေချင်တယ်။ ဟင်းချက်ဆောင်ကလည်း မင်းတွေးထားသလိုမျိုး မဟုတ်ပါဘူး။ မင်း လေ့ကျင့်ရေးတွေ လုပ်ရသလို အမှတ်ပေးမှုတွေလည်း ရှိတယ်။ စစ်တပ်ဆိုတာ ရာထူးအနိမ့်အမြင့်နဲ့ ခွဲထားတာလည်း မဟုတ်ဘူး။ အမည်တပ်ခေါ်တာတွေပဲ ကွဲသွားတာ။ ဘယ်ဌာနပဲဖြစ်နေပါစေ၊ စစ်တပ်အတွင်း မရှိမဖြစ်လိုအပ်နေတာတွေချည်းပဲ။ အဲ့တာကြောင့် မင်း ဟင်းချက်ဆောင် ရောက်သွားလို့လည်း အတိုက်အခံသဘောတွေ မလုပ်စေချင်ဘူး။ ငါ မျှော်လင့်တယ်၊ မင်း .."

ချန်းကျင်း ပြောနေရင်း ရှေ့ဆက်ပြောဖို့အတွက် ခက်ခဲလာတော့သည်။ အကြောင်းမှာ ပိုင်ရှင်းယွီ မျက်ဝန်းအနားတစ်ဝိုက်က နီရဲလာတာမို့ပင်။

ပိုင်ရှင်းယွီ လည်ပင်းများက နီရဲနေပြီး သူ့ပါးများက တဆတ်ဆတ်တုန်နေကာ အချိန်အတော်ကြာအောင် စကားပြောမလာ။ သူ့မျက်နှာအမူအရာက နောက်ထပ်စက္ကန့်အပိုင်းအခြားအတွင်းမှာ ထငိုတော့မလိုဖြစ်နေပေမယ့် သူ ကြိုးစားတောင့်ခံနေသည်။

သုံးလဆိုသည့် အချိန်ကာလက တိုတောင်းလှပေမယ့် ပိုင်ရှင်းယွီ အတော်အတန် ရင့်ကျက်လာပြီဖြစ်သည်။ ဒီနေရာမှာ သူ စိတ်ကြိုက်ငို၊ ကြိုက်သလို ချွဲနွဲ့ပြီး အရှက်မရှိသလို ဆော့ကစားနေရင်တောင်မှ သူ့ကို ဘယ်သူကမှ ကြင်နာသနားဂရုစိုက်လာမှာ မဟုတ်မှန်း သူသိထားပြီးဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူလည်း ထိုအပြုအမူများကို လုပ်ဆောင်ခြင်းမရှိတော့။ ထို့ကြောင့် သူ တကယ် ဝမ်းနည်းနေချိန်မှာတောင် မငိုပဲ တင်းခံထားမိနေသည်။

သူ အပြင်းအထန် ကြိုးစားခဲ့တာတောင်မှ ဝက်အစားကျွေးပြီး ဟင်းချက်ရမည့် ကံကြမ္မာက လွတ်မြောက်နိုင်စွမ်းမရှိဆိုသည့်အဖြစ်ကို သူ မထင်ထားမိ။ ချန်းကျင်းပြောသည့် သူတို့အကုန်လုံးက တူညီသည့်တာဝန်များဖြင့် အလုပ်လုပ်နေကြသည်ဆိုသည့် အကြောင်းကို သူလည်း နားလည်သည်။ သို့ပေမယ့် ဟင်းချက်ဆောင်သို့ သွားရသည့် စစ်သားများထဲ အနည်းစုကသာ အထူးစစ်သားအဖြစ် လေ့ကျင့်ဖို့ သွားခွင့်ရတာဖြစ်ပြီး အများစုက ဘယ်လိုမှ လေ့ကျင့်၍ မရနိုင်တော့သောကြောင့် ရောက်သွားခြင်းဖြစ်သည်။ သူက သေချာသလောက် ဒုတိယလူတန်းစားထဲ ပါဝင်သည်။ ဘယ်သူကမှ ဟင်းချက်ဆောင်ကို အထင်သေးခြင်းမရှိ၊ သို့ပေမယ့် ဘယ်စစ်သားမဆို ထိုနေရာကို မသွားချင်။ ပုံမှန်လေ့ကျင့်မှုများနှင့် အကဲဖြတ်မှုများရှိသည်ဆိုတာ ပြောလို့သာကောင်းပေမယ့် တကယ် ဟင်းချက်ဆောင်ရောက်သွားပါက အလိုလို လူပျင်းတစ်ယောက်ဖြစ်သွားမှန်း လူတိုင်း သိသည်။

ပိုင်ရှင်းယွီ အရင်တစ်ချိန်တစ်ခါကတော့ လူပျင်းတစ်ယောက်အဖြစ်နေရတာ ကောင်းမည်ဟု တွေးခဲ့ဖူးသည်။ မနက်ခင်း လေ့ကျင့်ခန်းလည်း လုပ်စရာမလို၊ အိပ်သာသိမ်းခြင်းအမှုလည်း လုပ်စရာ မလို၊ နှစ်နှစ်ပြည့်သည်နှင့် သူ ပျော်ပျော်ကြီး အိမ်ပြန်သွားလို့ ရမည်ဖြစ်သည်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သို့ပေမယ့် သူ တကယ် ဟင်းချက်ဆောင် သွားရတော့မည့်အချိန်မှာတော့ သူ 'ကံစီမံရာ' ဆိုပြီး လက်မခံနိုင်တော့မှန်း သိလိုက်ရသည်။

ပထမဆုံးအနေနှင့် ဝက်များကို အစာကျွေးပြီး လယ်ယာလုပ်ငန်းလုပ်၊ အိုးတစ်လုံးကိုင် လျှောက်သွားနေရမည့်အစား သူများနည်းတူ သူ့ကျွမ်းကျင်ရာကို ကောင်းမွန်အောင် လေ့ကျင့်ရင်း သေနတ်ပစ်၊ စစ်ရေးပြခြင်းတို့ လုပ်ဖို့ စိတ်အားထက်သန်နေမိသည်။ တပ်မှ အနားယူပြီး အိမ်ပြန်သွားသည့်အချိန် ဘယ်ဌာနမှာ တာဝန်ကျခဲ့ပါတယ်ဆိုပြီး သူ့မိသားစုကို ပြန်ပြောရပါ့မလဲ။ တပ်အတွင်း အတွေ့အကြုံဆိုရင်ကော? သူ အရှက်ရသလို ခံစားမိလာသည်။

ချန်းကျင်း သက်ပြင်းချရင်း ပိုင်ရှင်းယွီ ပခုံးကို ပုတ်လိုက်သည်။ "ရှင်းယွီ၊ မင်း ဒီရလဒ်ကို လက်မခံချင်မှန်း မင်းကိုယ်မင်း သိမှာပါ။ စစ်ဆေးမှုနီးကပ်လာတုန်းက မင်း တကယ်ကို ကြိုးစားခဲ့တာပါ။ ငါလည်း မြင်တယ်။ ဒါပေမယ့် မင်းရလဒ်တွေက ပေးထားတဲ့ စံတစ်ခုကို မကျော်နိုင်သေးဘူး။ မင်းလည်း အဲ့အတွက်အကြောင်းအရင်းကို သိမယ်လို့ ငါထင်ပါတယ်။ မင်း ကြိုးစားအားထုတ်မှုက အခြားသူတွေထက် နည်းနေသေးတယ်။ ဒါပေမယ့် မင်းက အခြားသူတွေထက် ဆိုးရွားနေတာလည်း မဟုတ်သလို အခြားသူတွေထက် တုံးအနေတာလည်း မဟုတ်ဘူး။ မင်း သေနတ်ပစ်မှာ အရမ်းကို တော်တယ်။ အစက ငါ မင်းကို အဲ့အပိုင်းမှာ ဦးစားပေး လေ့ကျင့်စေချင်ပေမယ့် ... မင်း စိတ်ဓာတ်ကျစရာ မလိုဘူး။ မင်းသာ သေချာ ကြိုးစားရင် ဘယ်နေရာမှာပဲရှိနေနေ မင်းက တောက်ပနေမှာ။ မင်းက အခြားသူတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် စစ်သားတစ်ယောက်ဖြစ်လာမယ်လို့ ငါ အမြဲ ခံစားလို့ရနေတယ်။ မင်းသာ ကြိုးကြိုးစားစား ရှိနေရင် မင်း တပ်ခွဲဆီ ပြန်ရောက်လာစေဖို့ ငါ သေချာပေါက် နည်းလမ်းရှာပေးမယ်။ မင်း ကြိုးစားနေသ၍နော်၊ နားလည်လား။ တပ်မှုးကို မင်း အားထုတ်ကြိုးပမ်းမှုတွေ မြင်အောင် ပြလိုက်။"

ပိုင်ရှင်းယွီ နှာရှုံ့သွားသည်။ "အဖွဲ့ခေါင်းဆောင်၊ ကျွန်တော် ဘာအတွက် ကြိုးစားရမလဲဆိုတာတောင် မသိတော့ဘူး။ ကျွန်တော် စစ်သားတစ်ယောက်လည်း မဖြစ်ချင်ဘူး။ ကြည့်ရတာ ဟင်းချက်ဆောင်က ကျွန်တော့်အတွက် အကောင်းဆုံးပဲနေမယ်။ ကျွန်တော် အပျင်းတစ်လို့လည်း ရတယ်၊ အစားကောင်းတွေလည်း စားလို့ ရတယ် .."

ချန်းကျင်း သူ့ပါးကို ပုတ်လိုက်သည်။ "မင်း အဲ့လိုတွေးလို့ မရဘူး။ မင်းက ငယ်သေးတယ်။ မင်းမိဘတွေ မင်းကို စစ်ထဲပို့တယ်ဆိုတာကလည်း မင်းကို ဖြောင့်မတ်တည်ကြည်တဲ့ စစ်သားတစ်ယောက်အဖြစ် မြင်ချင်လို့ပဲ။ မင်း ဟင်းချက်ဆောင် ရောက်သွားရင်တောင် အစားကောင်းစားပြီး အပျင်းတစ်နေမယ်လို့ တွေးမနေရဘူး။ အမြဲ မားမားမတ်မတ်ရပ်နေပြီး မင်းဟာ စစ်သားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်း စိတ်ထဲသွင်းထားရမယ်။ တစ်နေ့ တိုင်းပြည်က မင်းတို့ကို လိုအပ်လာတဲ့အချိန်ကျ ဘယ်လိုစစ်သားမျိုးပဲဖြစ်နေပါစေ၊ မင်းရဲ့ အင်အားမှန်သမျှနဲ့ ပံ့ပိုးပါဝင်ရမှာ။ ရှင်းယွီ၊ မင်း အဲ့ကိုရောက်သွားလည်း ဆက်ကြိုးစားနေရမယ်နော်၊ ဟုတ်ပြီလား။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်ပြီး ဆို့နင့်နင့်ဖြင့် ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်၊ ဟင်းချက်ဆောင်ကို သွားရတာ ရှက်စရာမလားဟင်။"

ချန်းကျင်း သူ့မျက်နှာကို ပွတ်ပေးလိုက်သည်။ "ဘာတွေ တွေးနေတာလဲ၊ ဘယ်သူကမှ မင်းကို အထင်မသေးဘူး။ ဒါပေမယ့် မင်းကိုယ်မင်း အရှုံးပေးလိုက်ရင်တော့ အဲ့နေ့က မင်းကိုယ်မင်း အထင်သေးလိုက်တဲ့နေ့ပဲ။"

ပိုင်ရှင်းယွီ အနည်းငယ်မျှ ငိုချင်နေပေမယ့် ရယ်လိုက်သည်။ "ခေါင်းဆောင်၊ ဒီနေ့ တအားကြင်နာပြနေတော့ ကျွန်တော် မနေတတ်တော့ဘူး။ ဟင်းချက်ဆောင်က တပ်ကြပ်က ခေါင်းဆောင်ထက် ပိုကောင်းပါ့မလားတော့ မသိပေမယ့် ခေါင်းဆောင်လောက်တော့ ကျွန်တော့်ကို အပြစ်မပေးလောက်ဘူး ထင်တယ်။"

ချန်းကျင်း ခပ်ဖွဖွရယ်ပြီး ပြုံးလိုက်သည်။ "မင်း သွားကြည့်ရင် သိပါလိမ့်မယ်။ မှတ်ထား၊ ဘယ်နေရာရောက်ရောက် မင်းကိုယ်မင်း ပေါ့လျော့ခိုင်းစေတာမျိုး မလုပ်နဲ့။"

ပိုင်ရှင်းယွီ တွန့်ဆုတ်ဆုတ်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။ တကယ်တော့ သူ့နှလုံးသားထဲ သူက သေဆုံးနေပြီဖြစ်သည်။ သူ့စိတ်ထဲ အတွေးတစ်ခုသာ ရှိတော့သည်။ "သူ ဝက်တွေကို အစာကျွေးရတော့မယ်၊ သူ ဝက်တွေကို အစာကျွေးရတော့မယ်။ သူ့အဘွား ယွီဖုန်းချန်ကို ပြောခိုင်းလိုက်တာ မှန်နေတာပဲ။ ဒီသခင်လေးက တကယ်ကြီး အစာကျွေးရတော့မယ် .. ဝက်! တွေ! ကို!"

ချန်းကျင်း သူ့ကို ကန်တင်းဆီသို့ ခေါ်သွားလိုက်သည်။ နေ့လည်စာ ပြင်ဆင်နေရသည့်အချိန်မို့ ဟင်းချက်ဆောင်မှလူတိုင်း ရှိနေပုံပေါ်သည်။

ချန်းကျင်း မီးဖိုခန်းအနောက်သို့ လျှောက်ဝင်သွားလိုက်ချိန်တွင် လူတိုင်း သူတို့ကို မော့ကြည့်လာကြသည်။

"အိုး၊ လူသစ်လေး ရောက်လာပြီပဲ။" ခါးကုန်းကုန်းလူတစ်ယောက်က အနားလျှောက်လာပြီး ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။ "အရမ်းငယ်တာပဲ။ ရဲဘော်လေး၊ မင်းက တပ်သားသစ်လား။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်ပြရင်း သူ့နှာခေါင်းကို အနည်းငယ်မျှ ရှုံ့တွလိုက်သည်။ မီးဖိုခန်းက အနံ့ပေါင်းများစွာ ရောထွေးစုစည်းနေတာမို့ တကယ်ကို အနံ့အသက်မကောင်းလှ။

"ခေါင်းဆောင်ရေ၊ ခေါင်းဆောင်၊ လူသစ်လေး ရောက်လာပြီ။" တစ်စုံတစ်ယောက်က တံခါးအနောက်ကို အော်ခေါ်လိုက်သည်။

ခဏအကြာမှာတော့ အသက်သုံးဆယ်အရွယ် လူတစ်ယောက်က တံခါးအနောက်မှ ဟင်းရွက်စုံထည့်ထားသည့် တောင်းကို သယ်ရင်းဝင်လာသည်။ သူဟာ ဝက်ဝံတစ်ကောင်လို မြင့်မားပြီး ကြီးထွားသည်။ ထိုလူက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လာသည်။ "အိုး၊ ရှောင်းချန်း?"

ချန်းကျင်း ပြောလိုက်သည်။ "အဖွဲ့ ခေါင်းဆောင် ဝူ၊ တပ်မှုးက လူသစ်တစ်ယောက် ပို့ပေးလိုက်ပါတယ်။ သူ့နာမည်က ပိုင်ရှင်းယွီ၊ ခင်ဗျား ဇာတိမြို့ကပဲ။"

ဝူချင်း ပိုင်ရှင်းယွီကို ကြည့်ပြီး ပြုံးရယ်ခြင်းမရှိ ပြောလိုက်သည်။ "လူငယ်လေးက အတော်တော့ချောသား၊ ရပြီ။ မင်း အစီရင်ခံပြီးပြီဆိုရင်လည်း အဆောင်မှာ အဝတ်ထုတ်ချပြီး အလုပ်လာလုပ်တော့။"

ပိုင်ရှင်းယွီ ဦးနှောက်ထဲ ကျီကနဲဖြစ်သွားသည်။ သူ့ဘဝထဲ အရောင်တွေအကုန် မှေးမှိန်သွားသလို ခံစားလိုက်ရတော့သည်။

KittyKitling

_____///_____

[Zawgyi]

'ဟင္းခ်က္ေဆာင္သို႔ လက္ရွိႏွင့္ စဥ္ဆက္'

သူတို႔ အၾကာႀကီး မအိပ္လိုက္ရ။ ၈နာရီဝန္းက်င္ ေရာက္ခ်ိန္တြင္ ခ်န္းက်င္းလိုက္နိုးျခင္းကို ခံလိုက္ရၿပီး အလ်င္အျမန္ မ်က္ႏွာသစ္၊ မနက္စာ စားကာ စစ္ေလ့က်င့္ေရးကြင္း၌ လူစုလိုက္ၾကရသည္။

မနက္ေစာေစာ ကတိုက္ကရိုက္လုပ္ေနရတာမို႔ သူတို႔ႏွစ္ေယာက္ၾကား စကားေျပာဖို႔ အခ်ိန္ေတာင္ မရလိုက္။ ပိုင္ရွင္းယြီ ခဏတာမၽွ လြတ္ေျမာက္သြားသလို ခံစားလိုက္ရသည္။ အကယ္၍ ယြီဖုန္းခ်န္သာ 'ဒီတစ္ေခါက္ေကာ ခံစားလို႔ေကာင္းလား'ဟု ေမးလာပါက သူ႔မွာ ျပန္ေျဖစရာ အေၿဖ တကယ္မရွိ။

ရႊီခၽြမ္ႏွင့္ ဝမ္ရႊန္းေဝက လူအေယာက္၂၀၀ တာဝန္က်ရာေနရာမ်ားကို စတင္ေၾကညာလိုက္သည္။ ဝမ္ရႊန္းေဝ စာရင္းျပဳစုထားသည္ကို ထုတ္ၿပီးေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ နာမည္ေခၚထုတ္လိုက္သည္။

ပိုင္ရွင္းယြီ သူ သိတဲ့လူေတာ္ေတာ္မ်ားမ်ားက ကင္းေထာက္ ေထာက္လွမ္းေရး တပ္ခြဲ(၃)ေရာက္သြားတာကို ေတြ႕လိုက္ရသည္။ ထိုတပ္ခြဲက ရႊီခၽြမ္၏ တပ္ခြဲျဖစ္ၿပီး ယြီဖုန္းခ်န္၊ ခ်န္းလ်န္၊ ဖုန္းသုန့္ယြမ္၊ တာ့ရွုန္း၊ ပါ့ထုအာ၊ လ်န္းေရွာင္းေမာင္းႏွင့္ အျခားတပ္သားသစ္အခ်ိဳ႕ တာဝန္က်သြားသည္။ ေသခ်ာသေလာက္ ရမွတ္ေကာင္းသည့္ တပ္သားတိုင္းက ရႊီခၽြမ္ ေရြးထုတ္သြားျခင္းကို ခံလိုက္ရသည္။ အဆုံးသတ္ေရာက္ေလ​ေလ က်န္ရွိသူဦးေရ တျဖည္းျဖည္းနည္းလာေလျဖစ္သည္။ ပိုင္ရွင္းယြီ လက္ဝါးတြင္ ေခၽြးမ်ားထြက္စျပဳလာၿပီး သူ႔ကို ဘယ္လိုကံၾကမၼာက ေစာင့္ေနမလဲေတာင္ သူ မသိေတာ့။

ေနာက္ဆုံးမွာေတာ့ ဝမ္ရႊန္းေဝ စာရင္း၏ ေနာက္ဆုံးမ်က္ႏွာကို လွန္လိုက္သည္။ သူ ေခါင္းေမာ့ၿပီး ပိုင္ရွင္းယြီကို ၾကည့္လာသည္။

"ပိုင္ရွင္းယြီ"

"ရွိ!"

"ကင္းေထာက္ ေထာက္လွမ္းေရး တပ္ခြဲ(၃)"

ပိုင္ရွင္းယြီ အံ့ဩၿပီးေပ်ာ္ရႊင္သြားရသည္။ သူ႔ကို ရႊီခၽြမ္ကို လိုခ်င္လိမ့္မည္ဟု မထင္ထား။ ဒီပုံစံအရဆိုရင္ျဖင့္ အနည္းဆုံးေတာ့ သူ ဖုန္းသုန့္ယြမ္၊ ခ်န္းလ်န္တို႔ႏွင့္ တပ္ခြဲတစ္ခုတည္းမွာ အတူရွိနိုင္ၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေတြ႕ဆုံရသည္မွာလည္း ပိုလြယ္ကူသြားမည္ပင္၊ ယြီဖုန္းခ်န္ကိုလည္း ထိုနည္းလည္းေကာင္းျဖစ္သည္ .. သူ ယြီဖုန္းခ်န္ဘက္ကို မသိမသာခိုးၾကည့္လိုက္ေသာအခါ ယြီဖုန္းခ်န္ကလဲ သူ႔အားလွမ္းၾကည့္ေနသည္ႏွင့္ ဆုံေလသည္။ သူ႔မ်က္ဝန္းမ်ားက ေပ်ာ္ျမဴးေနရိပ္သန္းေနသည္။ ပိုင္ရွင္းယြီ သူ႔မ်က္ႏွာကို တစ္ဖက္ျပန္လွည့္ကာ ဖုန္းသုန့္ယြမ္ႏွင့္ ခ်န္းလ်န္ကို မ်က္စိမွိတ္ျပလိုက္သည္။

"ျပန္သြားၿပီး အဝတ္အစားေတြ ထုတ္သိမ္းထား။ ကားက တစ္နာရီေနရင္ ေရာက္လာေလ့မယ္။ ညႊန္ၾကားထားတဲ့အတိုင္း သက္ဆိုင္ရာကားေနာက္ကို တက္ၿပီးလိုက္သြားၾက။"

"ဟုတ္!"

လူစုခြဲခိုင္းၿပီးခ်ိန္မွာေတာ့ ပိုင္ရွင္းယြီ ဖုန္းသုန့္ယြမ္အေပၚ ခုန္အုပ္ကာ ဖက္လိုက္သည္။ "အခ်စ္ေလးေရ၊ မင္းေကာေကာက မင္းနဲ႔ တပ္ခြဲတစ္ခုထဲ က်ျပန္ၿပီ။ ဟားဟား"

ခ်န္းလ်န္လည္း ျပဳံးၿပီးေျပာလိုက္သည္။ "အရမ္းေကာင္းလြန္းတယ္။ ငါတို႔ အဖြဲ႕မတူရင္ေတာင္ တစ္ေဆာင္တည္းမွာပဲ ရွိေနၾကမွာ။"

"ဟုတ္တယ္၊ တကယ္ေကာင္းလြန္းတာပဲ။ ငါတို႔ေတြ ေနာက္ဆို အတူေရခ်ိဳး၊ ေလ့က်င့္ခန္း အတူလုပ္ၿပီး ကန္တင္းအတူတူသြားလို႔ ရၿပီ။" ဖုန္းသုန့္ယြမ္ ေပ်ာ္ေပ်ာ္ႀကီး ဆက္ေျပာသည္။ "ၾကည့္ရတာ တပ္မွုးက မင္းလုပ္ေဆာင္မွုအေပၚ အေတာ္စိတ္ေက်နပ္သြားပုံပဲ။ မဟုတ္ရင္ မင္းကို သူ တပ္ခြဲ(၃) ေခၚမွာ မဟုတ္ဘူး။"

ပိုင္ရွင္းယြီ ေအာင္ပြဲခံလိုက္သလို ျပဳံးလိုက္သည္။ "ၾကည့္ရတာ ငါ့ရဲ့ေသနတ္ပစ္ စေကးကို ေႂကြသြားတာေနမယ္။"

လူတိုင္း အေဆာင္ကို ျပန္သြားၿပီး သူတို႔အဝတ္အစားမ်ားကို စတင္ ထုတ္ပိုးလိုက္ၾကသည္။ သုံးလၾကာေအာင္ ေနၿပီးခ်ိန္မွာေတာ့ ဒီေနရာမွာ လြမ္းဆြတ္စရာဆိုၿပီး ရွိမေနေပမယ့္ ဘယ္လိုပဲျဖစ္ပါေစ ဘဝမွာ စစ္တပ္ဆိုသည့္ ေနရာကို ပထမဆုံး ဝင္ေရာက္ခဲ့ၿပီးေနာက္ ေနထိုင္ခဲ့ရသည့္ အေဆာင္ျဖစ္သည္။ ဒါက လူေတာ္ေတာ္မ်ားမ်ားအတြက္ တစ္ဘဝလုံးစာ အမွတ္ရစရာတစ္ခုျဖစ္လာမည္ပင္။ ထို႔ေၾကာင့္ သူတို႔ ထုတ္ပိုးၿပီးသည္ႏွင့္ အေဆာင္ခန္းႏွင့္ ေရခ်ိဳးခန္းကို အတူတကြ ရွင္းလင္းလိုက္ၾကၿပီး ေနာင္ေရာက္လာမည့္ တပ္သားသစ္မ်ားအတြက္ အဆင္ေျပေၿပ ရွိနိုင္ေအာင္ အရာအားလုံးကို ေနရာတက် ျပန္ထားေပးခဲ့ၾကသည္။

ေရာက္ရွိလာသည့္ စစ္ကားမ်ားျဖင့္ တပ္သားသစ္၂၀၀က သူတို႔သက္ဆိုင္ရာ တပ္ခြဲမ်ားဆီသို႔ လိုက္ပါထြက္ခြါသြားၾကသည္။ တကယ္ေတာ့ စစ္တန္းလ်ားအသစ္မ်ားႏွင့္ တပ္ခြဲမ်ားက တပ္နယ္ေျမတစ္ခုထဲမွာပဲ ရွိသည္ဆိုေပမယ့္ စစ္တပ္နယ္ေျမက က်ယ္ျပန့္လွသည္။ ထို႔ေၾကာင့္ ေလ့က်င့္ေရးစခန္းမွ သက္ဆိုင္ရာ တပ္ခြဲမ်ားဆီ ေရာက္ရန္ ဆယ္မိနစ္ခန့္မၽွ ေမာင္းႏွင္လိုက္ရသည္။ သူတို႔အားလုံးအတြက္ စစ္တပ္အတြင္း ဝင္ဖူးတာ ဒါပထမဆုံးျဖစ္သည္။ သူတို႔ကားေပၚမွ ေဘးဘီကို ၾကည့္ေနရင္း ေရွ႕ေလၽွာက္ၾကဳံေတြ႕လာရေတာ့မည့္ တရားဝင္စစ္သားေန႔ရက္မ်ားကို ေတြးေတာေနမိေတာ့သည္။

သူတို႔ တပ္ခြဲသို႔ ေရာက္ခ်ိန္မွာေတာ့ ရႊီခၽြင္ တပ္စုေခါင္းေဆာင္မ်ားႏွင့္ အဖြဲ႕ေခါင္းေဆာင္မ်ားကို ေခၚလာၿပီး သူတို႔ကို ရိုးရွင္းသည့္ ႀကိဳဆိုမွုတစ္ခု လုပ္ေစသည္။ ထို႔ေနာက္မွာေတာ့ စစ္သားသစ္မ်ားအားလုံးကို အဖြဲ႕ကိုယ္စီ ခြဲေပးဖို႔ လုပ္လိုက္သည္။

ပိုင္ရွင္းယြီက ဖုန္းသုန့္ယြမ္ သို႔မဟုတ္လည္း ခ်န္းလ်န္ႏွင့္ တစ္ဖြဲ႕တည္းက်ဖို႔ ေမၽွာ္လင့္ေနမိသည္။ ထိုအခ်ိန္မွာပဲ ခ်န္းက်င္း သူ႔အနားကို ေလၽွာက္လာၿပီး ေျပာလိုက္သည္။ "ရွင္းယြီ၊ မင္း ငါနဲ႔ခဏလိုက္ခဲ့။"

"ဟမ္? အဖြဲ႕ေခါင္းေဆာင္၊ ဒီမွာ အဖြဲ႕ခြဲမွု လုပ္ေနတယ္ေလ။"

"ငါ သိတယ္၊ လာလို႔။"

ပိုင္ရွင္းယြီ သူ႔ေနာက္လိုက္သြားၿပီး ေျခလွမ္းသုံးလွမ္းမၽွ လွမ္းၿပီးေနာက္တြင္ ေခါင္းျပန္လွည့္ၿပီး ဖုန္းသုန့္ယြမ္ကို 'ေန႔လည္စာ အတူစားဖို႔ ေစာင့္' ဟူ၍ အခ်က္ျပသည့္အေနျဖင့္ မ်က္စိမွိတ္ျပခဲ့သည္။

သူတို႔ႏွစိေယာက္လုံး အေဆာင္ဂိတ္ဝသို႔ အလ်င္အျမန္ပဲေလၽွာက္သြားလိုက္သည္။ ခ်န္းက်င္းလမ္းေလၽွာက္ႏွုန္းက ပို ပိုၿပီး ျမန္လာတာမို႔ ပိုင္ရွင္းယြီမွာ အမွီမေလၽွာက္နိုင္ေတာ့ပဲ အေျပးလိုက္ရင္း ေမးလိုက္သည္။

"အဖြဲ႕ေခါင္းေဆာင္၊ အဖြဲ႕ေခါင္းေဆာင္၊ ဘာလုပ္ေနတာလဲ။ ကၽြန္ေတာ့္ကို စကားတစ္ခြန္းေတာင္ မေျပာပဲ ဘယ္ေခၚသြားေနတာလဲ။"

ခ်န္းက်င္း သူ႔အား ေခါင္းလွည့္ၾကည့္လာခ်ိန္တြင္ သူ႔မ်က္ႏွာက အေတာ္ေလးဆိုးဝါးေနမွန္း ပိုင္ရွင္းယြီ သတိထားမိသြားသည္။

ပိုင္ရွင္းယြီ မ်က္ေမွာင္ၾကဳတ္သြားသည္။ "အဖြဲ႕ေခါင္းေဆာင္၊ ဘာျဖစ္ထားတာလဲ။ အရက္မူးတာ မသက္သာေသးလို႔လား။"

ခ်န္းက်င္း သူ႔မ်က္ရိုးမ်ားကို ဖိႏွိပ္ရင္း သက္ျပင္းခ်လိုက္သည္။ "ရွင္းယြီ၊ ငါ မင္းတာဝန္က်တဲ့အဖြဲ႕ဆီ ေခၚသြားၿပီး ေရာက္ရွိေၾကာင္း အစီရင္တင္ခိုင္းမလို႔။ အစီရင္တင္ၿပီးရင္ မင္း အေဆာင္ျပန္လို႔ ရၿပီ။"

"အာ? ဘယ္အဖြဲ႕လဲ။ သူတို႔အခုမွ တာဝန္က်မယ့္ေနရာေတြ ခြဲေနၾကတာမဟုတ္ဘူးလား။"

သူ႔ကို ၾကည့္ေနရင္း ခ်န္းက်င္း ခဏၾကာေအာင္ စကားေျပာမထြက္။ သို႔ေပမယ့္လည္း သူ တည့္တိုးသာ ေျပာလိုက္သည္။ "ဟင္းခ်က္ေဆာင္"

ပိုင္ရွင္းယြီ ခဏၾကာေအာင္ ၾကက္ေသ ေသသြားေတာ့သည္။

ခ်န္းက်င္း ေျပာလိုက္သည္။ "ရွင္းယြီ၊ ငါ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး မင္းကို ႀကိဳေျပာသင့္တယ္ဆိုေပမယ့္ မင္းလည္း ေနာက္ဆုံးအခ်ိန္နားေလး ကပ္ၿပီး လုပ္ေဆာင္မွု ရမွတ္ေတြေကာင္းလာတာပဲ။ ငါေတြးတာ .. ဒါေပမယ့္ တပ္မွုးက ဆုံးျဖတ္ၿပီးသား ကိစၥျဖစ္ေနတယ္တဲ့။ အဲ့ဒါေၾကာင့္ မင္းအျပဳအမူေတြကို ဟင္းခ်က္ေဆာင္ ေရာက္တဲ့အခ်ိန္မွာ ပိုေကာင္းေအာင္ ျပဳျပင္ေစခ်င္တယ္။ ဟင္းခ်က္ေဆာင္ကလည္း မင္းေတြးထားသလိုမ်ိဳး မဟုတ္ပါဘူး။ မင္း ေလ့က်င့္ေရးေတြ လုပ္ရသလို အမွတ္ေပးမွုေတြလည္း ရွိတယ္။ စစ္တပ္ဆိုတာ ရာထူးအနိမ့္အျမင့္နဲ႔ ခြဲထားတာလည္း မဟုတ္ဘူး။ အမည္တပ္ေခၚတာေတြပဲ ကြဲသြားတာ။ ဘယ္ဌာနပဲျဖစ္ေနပါေစ၊ စစ္တပ္အတြင္း မရွိမျဖစ္လိုအပ္ေနတာေတြခ်ည္းပဲ။ အဲ့တာေၾကာင့္ မင္း ဟင္းခ်က္ေဆာင္ ေရာက္သြားလို႔လည္း အတိုက္အခံသေဘာေတြ မလုပ္ေစခ်င္ဘူး။ ငါ ေမၽွာ္လင့္တယ္၊ မင္း .."

ခ်န္းက်င္း ေျပာေနရင္း ေရွ႕ဆက္ေျပာဖို႔အတြက္ ခက္ခဲလာေတာ့သည္။ အေၾကာင္းမွာ ပိုင္ရွင္းယြီ မ်က္ဝန္းအနားတစ္ဝိုက္က နီရဲလာတာမို႔ပင္။

ပိုင္ရွင္းယြီ လည္ပင္းမ်ားက နီရဲေနၿပီး သူ႔ပါးမ်ားက တဆတ္ဆတ္တုန္ေနကာ အခ်ိန္အေတာ္ၾကာေအာင္ စကားေျပာမလာ။ သူ႔မ်က္ႏွာအမူအရာက ေနာက္ထပ္စကၠန့္အပိုင္းအျခားအတြင္းမွာ ထငိုေတာ့မလိုျဖစ္ေနေပမယ့္ သူ ႀကိဳးစားေတာင့္ခံေနသည္။

သုံးလဆိုသည့္ အခ်ိန္ကာလက တိုေတာင္းလွေပမယ့္ ပိုင္ရွင္းယြီ အေတာ္အတန္ ရင့္က်က္လာၿပီျဖစ္သည္။ ဒီေနရာမွာ သူ စိတ္ႀကိဳက္ငို၊ ႀကိဳက္သလို ခၽြဲႏြဲ႕ၿပီး အရွက္မရွိသလို ေဆာ့ကစားေနရင္ေတာင္မွ သူ႔ကို ဘယ္သူကမွ ၾကင္နာသနားဂ႐ုစိုက္လာမွာ မဟုတ္မွန္း သူသိထားၿပီးျဖစ္သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမၽွ သူလည္း ထိုအျပဳအမူမ်ားကို လုပ္ေဆာင္ျခင္းမရွိေတာ့။ ထို႔ေၾကာင့္ သူ တကယ္ ဝမ္းနည္းေနခ်ိန္မွာေတာင္ မငိုပဲ တင္းခံထားမိေနသည္။

သူ အျပင္းအထန္ ႀကိဳးစားခဲ့တာေတာင္မွ ဝက္အစားေကၽြးၿပီး ဟင္းခ်က္ရမည့္ ကံၾကမၼာက လြတ္ေျမာက္နိုင္စြမ္းမရွိဆိုသည့္အျဖစ္ကို သူ မထင္ထားမိ။ ခ်န္းက်င္းေျပာသည့္ သူတို႔အကုန္လုံးက တူညီသည့္တာဝန္မ်ားျဖင့္ အလုပ္လုပ္ေနၾကသည္ဆိုသည့္ အေၾကာင္းကို သူလည္း နားလည္သည္။ သို႔ေပမယ့္ ဟင္းခ်က္ေဆာင္သို႔ သြားရသည့္ စစ္သားမ်ားထဲ အနည္းစုကသာ အထူးစစ္သားအျဖစ္ ေလ့က်င့္ဖို႔ သြားခြင့္ရတာျဖစ္ၿပီး အမ်ားစုက ဘယ္လိုမွ ေလ့က်င့္၍ မရနိုင္ေတာ့ေသာေၾကာင့္ ေရာက္သြားျခင္းျဖစ္သည္။ သူက ေသခ်ာသေလာက္ ဒုတိယလူတန္းစားထဲ ပါဝင္သည္။ ဘယ္သူကမွ ဟင္းခ်က္ေဆာင္ကို အထင္ေသးျခင္းမရွိ၊ သို႔ေပမယ့္ ဘယ္စစ္သားမဆို ထိုေနရာကို မသြားခ်င္။ ပုံမွန္ေလ့က်င့္မွုမ်ားႏွင့္ အကဲျဖတ္မွုမ်ားရွိသည္ဆိုတာ ေျပာလို႔သာေကာင္းေပမယ့္ တကယ္ ဟင္းခ်က္ေဆာင္ေရာက္သြားပါက အလိုလို လူပ်င္းတစ္ေယာက္ျဖစ္သြားမွန္း လူတိုင္း သိသည္။

ပိုင္ရွင္းယြီ အရင္တစ္ခ်ိန္တစ္ခါကေတာ့ လူပ်င္းတစ္ေယာက္အျဖစ္ေနရတာ ေကာင္းမည္ဟု ေတြးခဲ့ဖူးသည္။ မနက္ခင္း ေလ့က်င့္ခန္းလည္း လုပ္စရာမလို၊ အိပ္သာသိမ္းျခင္းအမွုလည္း လုပ္စရာ မလို၊ ႏွစ္ႏွစ္ျပည့္သည္ႏွင့္ သူ ေပ်ာ္ေပ်ာ္ႀကီး အိမ္ျပန္သြားလို႔ ရမည္ျဖစ္သည္။ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္သလဲ။ သို႔ေပမယ့္ သူ တကယ္ ဟင္းခ်က္ေဆာင္ သြားရေတာ့မည့္အခ်ိန္မွာေတာ့ သူ 'ကံစီမံရာ' ဆိုၿပီး လက္မခံနိုင္ေတာ့မွန္း သိလိုက္ရသည္။

ပထမဆုံးအေနႏွင့္ ဝက္မ်ားကို အစာေကၽြးၿပီး လယ္ယာလုပ္ငန္းလုပ္၊ အိုးတစ္လုံးကိုင္ ေလၽွာက္သြားေနရမည့္အစား သူမ်ားနည္းတူ သူ႔ကၽြမ္းက်င္ရာကို ေကာင္းမြန္ေအာင္ ေလ့က်င့္ရင္း ေသနတ္ပစ္၊ စစ္ေရးျပျခင္းတို႔ လုပ္ဖို႔ စိတ္အားထက္သန္ေနမိသည္။ တပ္မွ အနားယူၿပီး အိမ္ျပန္သြားသည့္အခ်ိန္ ဘယ္ဌာနမွာ တာဝန္က်ခဲ့ပါတယ္ဆိုၿပီး သူ႔မိသားစုကို ျပန္ေျပာရပါ့မလဲ။ တပ္အတြင္း အေတြ႕အၾကဳံဆိုရင္ေကာ? သူ အရွက္ရသလို ခံစားမိလာသည္။

ခ်န္းက်င္း သက္ျပင္းခ်ရင္း ပိုင္ရွင္းယြီ ပခုံးကို ပုတ္လိုက္သည္။ "ရွင္းယြီ၊ မင္း ဒီရလဒ္ကို လက္မခံခ်င္မွန္း မင္းကိုယ္မင္း သိမွာပါ။ စစ္ေဆးမွုနီးကပ္လာတုန္းက မင္း တကယ္ကို ႀကိဳးစားခဲ့တာပါ။ ငါလည္း ျမင္တယ္။ ဒါေပမယ့္ မင္းရလဒ္ေတြက ေပးထားတဲ့ စံတစ္ခုကို မေက်ာ္နိုင္ေသးဘူး။ မင္းလည္း အဲ့အတြက္အေၾကာင္းအရင္းကို သိမယ္လို႔ ငါထင္ပါတယ္။ မင္း ႀကိဳးစားအားထုတ္မွုက အျခားသူေတြထက္ နည္းေနေသးတယ္။ ဒါေပမယ့္ မင္းက အျခားသူေတြထက္ ဆိုးရြားေနတာလည္း မဟုတ္သလို အျခားသူေတြထက္ တုံးအေနတာလည္း မဟုတ္ဘူး။ မင္း ေသနတ္ပစ္မွာ အရမ္းကို ေတာ္တယ္။ အစက ငါ မင္းကို အဲ့အပိုင္းမွာ ဦးစားေပး ေလ့က်င့္ေစခ်င္ေပမယ့္ ... မင္း စိတ္ဓာတ္က်စရာ မလိုဘူး။ မင္းသာ ေသခ်ာ ႀကိဳးစားရင္ ဘယ္ေနရာမွာပဲရွိေနေန မင္းက ေတာက္ပေနမွာ။ မင္းက အျခားသူေတြကို စိတ္ဓာတ္ခြန္အားေပးနိုင္မယ့္ စစ္သားတစ္ေယာက္ျဖစ္လာမယ္လို႔ ငါ အျမဲ ခံစားလို႔ရေနတယ္။ မင္းသာ ႀကိဳးႀကိဳးစားစား ရွိေနရင္ မင္း တပ္ခြဲဆီ ျပန္ေရာက္လာေစဖို႔ ငါ ေသခ်ာေပါက္ နည္းလမ္းရွာေပးမယ္။ မင္း ႀကိဳးစားေနသ၍ေနာ္၊ နားလည္လား။ တပ္မွုးကို မင္း အားထုတ္ႀကိဳးပမ္းမွုေတြ ျမင္ေအာင္ ျပလိုက္။"

ပိုင္ရွင္းယြီ ႏွာရွုံ႔သြားသည္။ "အဖြဲ႕ေခါင္းေဆာင္၊ ကၽြန္ေတာ္ ဘာအတြက္ ႀကိဳးစားရမလဲဆိုတာေတာင္ မသိေတာ့ဘူး။ ကၽြန္ေတာ္ စစ္သားတစ္ေယာက္လည္း မျဖစ္ခ်င္ဘူး။ ၾကည့္ရတာ ဟင္းခ်က္ေဆာင္က ကၽြန္ေတာ့္အတြက္ အေကာင္းဆုံးပဲေနမယ္။ ကၽြန္ေတာ္ အပ်င္းတစ္လို႔လည္း ရတယ္၊ အစားေကာင္းေတြလည္း စားလို႔ ရတယ္ .."

ခ်န္းက်င္း သူ႔ပါးကို ပုတ္လိုက္သည္။ "မင္း အဲ့လိုေတြးလို႔ မရဘူး။ မင္းက ငယ္ေသးတယ္။ မင္းမိဘေတြ မင္းကို စစ္ထဲပို႔တယ္ဆိုတာကလည္း မင္းကို ေျဖာင့္မတ္တည္ၾကည္တဲ့ စစ္သားတစ္ေယာက္အျဖစ္ ျမင္ခ်င္လို႔ပဲ။ မင္း ဟင္းခ်က္ေဆာင္ ေရာက္သြားရင္ေတာင္ အစားေကာင္းစားၿပီး အပ်င္းတစ္ေနမယ္လို႔ ေတြးမေနရဘူး။ အျမဲ မားမားမတ္မတ္ရပ္ေနၿပီး မင္းဟာ စစ္သားတစ္ေယာက္ျဖစ္တယ္ဆိုတဲ့ အေၾကာင္း စိတ္ထဲသြင္းထားရမယ္။ တစ္ေန႔ တိုင္းျပည္က မင္းတို႔ကို လိုအပ္လာတဲ့အခ်ိန္က် ဘယ္လိုစစ္သားမ်ိဳးပဲျဖစ္ေနပါေစ၊ မင္းရဲ့ အင္အားမွန္သမၽွနဲ႔ ပံ့ပိုးပါဝင္ရမွာ။ ရွင္းယြီ၊ မင္း အဲ့ကိုေရာက္သြားလည္း ဆက္ႀကိဳးစားေနရမယ္ေနာ္၊ ဟုတ္ၿပီလား။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္ၿပီး ဆို႔နင့္နင့္ျဖင့္ ေျပာလိုက္သည္။ "အဖြဲ႕ေခါင္းေဆာင္၊ ဟင္းခ်က္ေဆာင္ကို သြားရတာ ရွက္စရာမလားဟင္။"

ခ်န္းက်င္း သူ႔မ်က္ႏွာကို ပြတ္ေပးလိုက္သည္။ "ဘာေတြ ေတြးေနတာလဲ၊ ဘယ္သူကမွ မင္းကို အထင္မေသးဘူး။ ဒါေပမယ့္ မင္းကိုယ္မင္း အရွုံးေပးလိုက္ရင္ေတာ့ အဲ့ေန႔က မင္းကိုယ္မင္း အထင္ေသးလိုက္တဲ့ေန႔ပဲ။"

ပိုင္ရွင္းယြီ အနည္းငယ္မၽွ ငိုခ်င္ေနေပမယ့္ ရယ္လိုက္သည္။ "ေခါင္းေဆာင္၊ ဒီေန႔ တအားၾကင္နာျပေနေတာ့ ကၽြန္ေတာ္ မေနတတ္ေတာ့ဘူး။ ဟင္းခ်က္ေဆာင္က တပ္ၾကပ္က ေခါင္းေဆာင္ထက္ ပိုေကာင္းပါ့မလားေတာ့ မသိေပမယ့္ ေခါင္းေဆာင္ေလာက္ေတာ့ ကၽြန္ေတာ့္ကို အျပစ္မေပးေလာက္ဘူး ထင္တယ္။"

ခ်န္းက်င္း ခပ္ဖြဖြရယ္ၿပီး ျပဳံးလိုက္သည္။ "မင္း သြားၾကည့္ရင္ သိပါလိမ့္မယ္။ မွတ္ထား၊ ဘယ္ေနရာေရာက္ေရာက္ မင္းကိုယ္မင္း ေပါ့ေလ်ာ့ခိုင္းေစတာမ်ိဳး မလုပ္နဲ႔။"

ပိုင္ရွင္းယြီ တြန့္ဆုတ္ဆုတ္ႏွင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ တကယ္ေတာ့ သူ႔ႏွလုံးသားထဲ သူက ေသဆုံးေနၿပီျဖစ္သည္။ သူ႔စိတ္ထဲ အေတြးတစ္ခုသာ ရွိေတာ့သည္။ "သူ ဝက္ေတြကို အစာေကၽြးရေတာ့မယ္၊ သူ ဝက္ေတြကို အစာေကၽြးရေတာ့မယ္။ သူ႔အဘြား ယြီဖုန္းခ်န္ကို ေျပာခိုင္းလိုက္တာ မွန္ေနတာပဲ။ ဒီသခင္ေလးက တကယ္ႀကီး အစာေကၽြးရေတာ့မယ္ .. ဝက္! ေတြ! ကို!"

ခ်န္းက်င္း သူ႔ကို ကန္တင္းဆီသို႔ ေခၚသြားလိုက္သည္။ ေန႔လည္စာ ျပင္ဆင္ေနရသည့္အခ်ိန္မို႔ ဟင္းခ်က္ေဆာင္မွလူတိုင္း ရွိေနပုံေပၚသည္။

ခ်န္းက်င္း မီးဖိုခန္းအေနာက္သို႔ ေလၽွာက္ဝင္သြားလိုက္ခ်ိန္တြင္ လူတိုင္း သူတို႔ကို ေမာ့ၾကည့္လာၾကသည္။

"အိုး၊ လူသစ္ေလး ေရာက္လာၿပီပဲ။" ခါးကုန္းကုန္းလူတစ္ေယာက္က အနားေလၽွာက္လာၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေျပာလိုက္သည္။ "အရမ္းငယ္တာပဲ။ ရဲေဘာ္ေလး၊ မင္းက တပ္သားသစ္လား။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္ျပရင္း သူ႔ႏွာေခါင္းကို အနည္းငယ္မၽွ ရွုံ႔တြလိုက္သည္။ မီးဖိုခန္းက အနံ႔ေပါင္းမ်ားစြာ ေရာေထြးစုစည္းေနတာမို႔ တကယ္ကို အနံ႔အသက္မေကာင္းလွ။

"ေခါင္းေဆာင္ေရ၊ ေခါင္းေဆာင္၊ လူသစ္ေလး ေရာက္လာၿပီ။" တစ္စုံတစ္ေယာက္က တံခါးအေနာက္ကို ေအာ္ေခၚလိုက္သည္။

ခဏအၾကာမွာေတာ့ အသက္သုံးဆယ္အရြယ္ လူတစ္ေယာက္က တံခါးအေနာက္မွ ဟင္းရြက္စုံထည့္ထားသည့္ ေတာင္းကို သယ္ရင္းဝင္လာသည္။ သူဟာ ဝက္ဝံတစ္ေကာင္လို ျမင့္မားၿပီး ႀကီးထြားသည္။ ထိုလူက သူတို႔ႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္လာသည္။ "အိုး၊ ေရွာင္းခ်န္း?"

ခ်န္းက်င္း ေျပာလိုက္သည္။ "အဖြဲ႕ ေခါင္းေဆာင္ ဝူ၊ တပ္မွုးက လူသစ္တစ္ေယာက္ ပို႔ေပးလိုက္ပါတယ္။ သူ႔နာမည္က ပိုင္ရွင္းယြီ၊ ခင္ဗ်ား ဇာတိၿမိဳ႕ကပဲ။"

ဝူခ်င္း ပိုင္ရွင္းယြီကို ၾကည့္ၿပီး ျပဳံးရယ္ျခင္းမရွိ ေျပာလိုက္သည္။ "လူငယ္ေလးက အေတာ္ေတာ့ေခ်ာသား၊ ရၿပီ။ မင္း အစီရင္ခံၿပီးၿပီဆိုရင္လည္း အေဆာင္မွာ အဝတ္ထုတ္ခ်ၿပီး အလုပ္လာလုပ္ေတာ့။"

ပိုင္ရွင္းယြီ ဦးေႏွာက္ထဲ က်ီကနဲျဖစ္သြားသည္။ သူ႔ဘဝထဲ အေရာင္ေတြအကုန္ ေမွးမွိန္သြားသလို ခံစားလိုက္ရေတာ့သည္။

KittyKitling

Continue Reading

You'll Also Like

531K 29.5K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
42.5K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
851K 96.8K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...
293K 37.6K 82
This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. All credit to original author and Englis...