Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

24

11.2K 1.9K 299
By callme__kitty

[Unicode]

'လျှာဖျားလေးနဲ့ ဒိန်ချဉ်လျက်'

ရှက်စဖွယ်အဖြစ်အပျက်များ ဖြစ်ပြီးသွားချိန်မှာတော့ ဂရုတစိုက်၊ စိတ်ထဲထားလေ့မရှိတဲ့ ပိုင်ရှင်းယွီတောင်မှ လှိမ့်လိုက်၊ လှည့်လိုက်နှင့် ညကို အိပ်ပျော်ခြင်း မရှိလိုက်။ သူ ခပ်မှေးမှေး အိပ်ပျော်သွားချိန်မှာပဲ မနက်နိုးထရန် နိုးဆော်သံ ထွက်လာတော့သည်။ သူ နိုးလာသည်နှင့် ဆက်အိပ်ချင်လှတာမို့ သေတောင် သေချင်သွားပေမယ့် ကြိုးစားပြီး ထလိုက်လေသည်။

အိပ်ယာမှ ထလိုက်သည်နှင့်တပြိုင်နက် သူ့ကို စူးစူးစိုက်စိုက် မီးထတောက်မတတ်ကြည့်နေသည့် မျက်လုံးတစ်စုံကို ခံစားမိလိုက်သည်။ သူ တုန်တုန်ယင်ယင်နှင့် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင်တော့ ယွီဖုန်းချန် သူ့အား ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေပြီး ဂရုတစိုက် ပူပန်နေသလို အသံဖြင့် မေးလာလေသည်။

"မင်း မနေ့က ကောင်းကောင်းရောအိပ်ပျော်ရဲ့လား။ မင်းမျက်လုံးတွေဖောင်းအစ်နေတာ ဖားပြုပ်ကျနေတာပဲ။"

ပြောပြီးသည်နှင့် ယွီဖုန်းချန် သူ့လက်ကို မျက်နှာရှေ့ ငြင်သာစွာလှုပ်ခါပြပြီး သူ့လက်ရှည်သွယ်သွယ်လေးများက သူ့လှုပ်ရှားမှုနှင့်အညီ ရိပ်ကနဲ ခါယမ်းသွားလေသည်။ ပိုင်ရှင်းယွီ မနေ့ညက ဒီလက်ဖြင့် ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရလာပြီး သူ့မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲလာသည်။ သူ သူ့ခေါင်းကို နံရံနှင့်သာ ပြေးတိုက်လိုက်ချင်တော့သည်။

ယွီဖုန်းချန် ပိုင်ရှင်းယွီ မျက်နှာအမူအရာများ ပြောင်းလဲနေတာကို တစိမ့်စိမ့်ကြည့်နေရင်း ခွက်ထိုးခွက်လန်ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ပိုင်ရှင်းယွီ ခေါင်းပြန်လှည့်လိုက်ပြီး အလျင်အမြန် အင်္ကျီလဲလိုက်သည်။

ဖုန်းသုန့်ယွမ် ကုတင်ပေါ်မှ ခုန်ချပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။ "တကယ်ကြီးဟ၊ ရှင်းယွီ။ မင်းမနေ့ညက ကောင်းကောင်းအိပ်မပျော်လို့လား၊ ဒါမှမဟုတ် ရေသောက်တာ များသွားလို့လား။ မင်းမျက်လုံးတွေ တော်တော်ဖောင်းနေတယ်။"

"ရေ၊ ရေသောက်တာ များသွားတာ။"

"မင်းကိုယ်မင်း ကြည့်ဦး၊ ငါ မင်းကို ရေအများကြီး မသောက်ဖို့ပြောနေတာကို။ ညဘက်အိမ်သာသွားရတာ ဘယ်လောက်တောင် အေးလိုက်မလဲ။"

ပိုင်ရှင်းယွီ ကျယ်ကျယ်လောင်လောင် သန်းဝေလိုက်သည်။ နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်ရခြင်းက သူ့ခံနိုင်ရည် သက်လုံးအားကို ခြောက်ခမ်းမတတ်ဖြစ်စေသည်။ သူ မနေ့ကလည်း တစ်ညလုံးအိပ်မပျော်၊ ဒီနေ့ကို ကျော်ဖြတ်နိုင်ပါ့မလားတောင် သူ မသိတော့။ ဒါအကုန်လုံးက ဟိုဂြိုလ်မွှေကောင် 'ယွီဖုန်းချန်' အပြစ်တွေချည်းပဲ၊ ဒီကောင်က သူ့ကို အသေသတ်ဖို့ စေလွှတ်ထားခြင်းခံရတဲ့ သူပဲ!

သို့ပေမယ့်လည်း .. မနေ့ညက ချော့မြူခံရတဲ့ ခံစားချက်၊ သူ အခုထိ စွဲထင်အမှတ်ရနေသေးသည် ...

မနက်ခင်း လေ့ကျင့်ချိန်တစ်ချိန်လုံး ပိုင်ရှင်းယွီ စိတ်ပျံ့လွင့်နေသည်။ ယွီဖုန်းချန် သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေသလို ခံစားနေရတာမို့ အမှားများစွာ လုပ်မိတော့သည်။ ဤအရာက ချန်းကျင်းကို ဒေါသတကြီးဖြစ်စေပြီး ပိုင်ရှင်းယွီမှာ အဖေ၊အမေကို တကာ အော်ငိုချင်မိသည်အထိ အပြစ်ပေးခံရတော့လေသည်။

သူတို့ထမင်းစားကြချိန်တွင် ပိုင်ရှင်းယွီ ယွီဖုန်းချန်နှင့် ဝေးရာမှာ ထိုင်ချင်ခဲ့ပေမယ့် ယွီဖုန်းချန်ကတော့ ဘာမှမသိသလို သူနှင့် မျက်နှာချင်းဆိုင်တွင် လာထိုင်လေသည်။ ပိုင်ရှင်းယွီ ခေါင်းငုံ့ထားသည်မှာ သူ့မျက်နှာတစ်ခုလုံး ဟင်းခွက်ထဲ ဝင်သွားတော့ မတတ်ပင်။

ချန်းလျန်လည်း သူ့ပန်းကန်သူ သယ်ကာ အနားရောက်လာပြီး ဝမ်းသာအားရပြောလာသည်။ "ဝါး၊ ဒီနေ့ ဒိန်ချဉ်ရတယ်၊ နှစ်လအတွင်း ဒိန်ချဉ်သောက်ရတာ ဒါ ဒုတိယအကြိမ်ပဲ။"

ဖုန်းသုန့်ယွမ် ပြုံးရင်း ပြောလိုက်သည်။ "မင်း သေသေချာချာကို မှတ်ထားတာပဲ။"

"သေချာပေါက်ပေါ့။"

ယွီဖုန်းချန် ပိုင်ရှင်းယွီကို ပိတ်ကန်ပြီး ပြောလိုက်သည်။ "မင်း ဘယ်လိုစားနေတာလဲ၊ ခေါင်းမော့ထားစမ်းပါ။"

ချန်းလျန် ပိုင်ရှင်းယွီကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်ပါ့၊ မင်းပုံစံက ငါ့အိမ်ကကြောင်လေးအတိုင်းပဲ။"

ပိုင်ရှင်းယွီ ချောင်းဟန့်ကာ ခါးမတ်ရင်း ယွီဖုန်းချန်ကို အကြည့်တစ်ချက် အမြန်ပို့လွှတ်လိုက်ပြီးနောက် မျက်လွှာချလျက် သူစားစရာရှိတာကိုသာ ဆက်စားနေလိုက်သည်။

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "ရှင်းယွီ၊ မင်း ဒီနေ့ နေမကောင်းဘူးလား။ မင်း တစ်နေကုန် ဂနာမငြိမ်ဖြစ်နေတယ်။"

ပိုင်ရှင်းယွီ ပါးစပ်ထဲ ထမင်းအပြည့်သွပ်ထားတာမို့ သူ ခေါင်းသာခါပြလိုက်သည်။

ဖုန်းသုန့်ယွမ် ခဏကြာအောင် တွေးပြီးမှ - "မင်း အတွေးများစရာ တစ်ခုခုရှိနေလို့လား။"

ချန်းလျန် ရယ်လိုက်သည်။ "မေးဖို့လိုသေးလို့လား။ သူ့အတွေးတွေ အကုန်လုံး သူ့မျက်နှာပေါ်မှာ ရေးပြထားတာပဲ၊ သူ ဘယ်မိန်းမလှတစ်ယောက်ကို တွေးနေမှန်းသာ ငါ မသိတာ။"

ပိုင်ရှင်းယွီ ထမင်းမြိုချလိုက်သည်။ "ငါ့အမေကို လွမ်းနေတာ။"

ဖုန်းသုန့်ယွမ် ရယ်ရင်း ပြောလာသည်။ "ထင်မိသား၊ မင်း မနေ့ညက တကယ်ငိုနေခဲ့တာပဲ။"

ပိုင်ရှင်းယွီ မျက်လုံးများ ပြူးကျယ်သွားသည်။ "အဓိပ္ပါယ်မရှိ၊ ငါ မငိုပါဘူး။"

ဖုန်းသုန့်ယွမ် တိတ်တိတ်လေး ရယ်ပြီး ဘာမှဆက်မပြောတော့။

ယွီဖုန်းချန် ဒိန်ချဉ်ဗူးအဖုံးကို ဖွင့်၊ တစ်ငုံငုံရင်း ပြောလိုက်သည်။ "အင်း~ မဆိုးဘူးပဲ။"

ချန်းလျန်လည်း တစ်ငုံငုံပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ "ဒီကဒိန်ချဉ်တွေက သန့်ရှင်းလတ်ဆတ် အင်မထုတဲ့ အမှန်အကန်တွေ။ စျေးမှာရောင်းတဲ့ဟာတွေနဲ့ ဒီလိုနယ်ခံတွေလုပ်တာတွေနဲ့က ယှဉ်လို့ကိုမရဘူး။"

သူ အစားအသောက်အကြောင်း စပြောသည်နှင့် အပြောသွက်လာတော့သည်။

ယွီဖုန်းချန် ဒိန်ချဉ်အိုးကို ကိုင်ထားရင်း လက်က ရုတ်တရက် ချော်သွားကာ ဒိန်ချဉ်အိုးက ဘေးစောင်းသွားပြီး သူ့လက်ပေါ်သို့ မှောက်ကျလာတာမို့ အဖြူရောင် ကပ်စေးစေးအရည်များက သူ့လက်ချောင်းကြားထဲမှ စီးကျသွားတော့သည်။

ချန်းလျန် စိတ်မချမ်းမသာဖြင့် ပြောလိုက်သည်။ "မင်း တအားဖြုန်းတီးတာပဲ။"

ပါးစပ်ထဲက ထမင်းကိုမြိုမချခင် သူ ယွီဖုန်းချန် လက်ချောင်းများကြား စီးကျနေသည့် ဒိန်ချဉ်များကို ကြည့်မိသွားပြီး ချက်ချင်းဆိုသလို ပါးစပ်အပြည့် ထမင်းများ ပြန်ထွေးထုတ်မိတော့မလို ဖြစ်သွားသည်။ သူ ပါးစပ်ကို အလျင်အမြန်အုပ်လိုက်ပေမယ့် သီးသွားတာမို့ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာပြီး ပါးစပ်ထဲမှ ထမင်းများက နေရာအနှံ့ကို ပြန့်ကျဲသွားကာ အနီးတစ်ဝှက်မှ လူတိုင်း အော်ဟစ်ရင်း အနောက်ဆုတ်သွားကြတော့သည်။

ပိုင်ရှင်းယွီ အရှေ့မှာထိုင်နေတဲ့ ယွီဖုန်းချန်ကတော့ လျှာနီရဲရဲလေးဖြင့် သူ့လက်ချောင်းကြားရှိ ဒိန်ချဉ်များကို ဖြည်းဖြည်းချင်း လျက်နေသည်။ သူ့မျက်လုံးထဲတွင်တော့ မှော်ဆန်ဆန် လင်းလက်ခြင်းများ တောက်ပနေပြီး သူ့နှုတ်ခမ်းထောင့်တွင်တော့ ကျီစားနေသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။ ပိုင်ရှင်းယွီ မျက်လုံးများမှာ ပြူးကျယ်လာသည်၊ သူ့ပါးမှာနီရဲလာပြီး သူ့မှာ ချောင်းဆိုးလွန်နေတာမို့ အသက်လည်း မရှုနိုင်!! တကယ်သေတော့မလို ဖြစ်သွားတာပဲ။

ဖုန်းသုန့်ယွမ် သူ့နောက်ကျောကို ပုတ်ပေးပြီး ရေကမ်းပေးလာကာ အစားကို သေသေချာချာ ဘယ်လိုစားရမယ်ဆိုသည့်အကြောင်းကိုလည်း ပြောဖို့မမေ့။

ယွီဖုန်းချန် ပြုံးလိုက်သည်၊ လက်သုတ်ပဝါယူကာ ကြော့ကြော့မော့မော့ဖြင့် လက်သုတ်ပြီးချိန်မှာတော့ သူ ပြောလာသည်။ "နှမြောစရာပဲ၊ ငါ ဒိန်ချဉ်ဘူးတစ်ဝက်လောက်ကို မှောက်ပစ်လိုက်မိတယ်။"

ချန်းလျန် သူ့အဆိုကို သဘောတူလာသည်။ "ဟုတ်ပါ့။ ဒါ စျေးကလည်း သေးမှာမဟုတ်ဘူးကွ။ ငါတို့ကို ကျွေးသလောက်နှုန်းထားနဲ့ဆို တစ်လမှာ တစ်ခါပဲ သောက်ခွင့်ရှိမှာ။"

ယွီဖုန်းချန် ပိုင်ရှင်းယွီ ဒိန်ချဉ်ဘူးကို ကောက်ယူပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ရှင်းယွီ၊ မင်း ဒါကို အချိန်အတော်ကြာတာတောင် တို့ထိတာ မတွေ့သေးဘူး။ မသောက်ချင်ဘူးလား၊ ငါ့ကို ပေးလိုက်လေ။"

ပိုင်ရှင်းယွီ ခပ်သွက်သွက် သူ့ကို လက်ဝေ့ပြပြီး နီရဲနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ယူသွား၊ ယူသွား။"

အခုအချိန်မှာတော့ သူ တကယ်ကို ယွီဖုန်းချန်ရှေ့ ဒူးထောက်ပြီး သူ့ကို ဆက်ပြီး မစနောက်တော့ဖို့ တောင်းဆိုချင်မိတော့သည်။

ယွီဖုန်းချန် ပျော်ပျော်ကြီး ပိုင်ရှင်းယွီ ဒိန်ချဉ်ကို လက်စသတ်လိုက်ပြီးနောက် သူ့ပါးစပ်ကို သုတ်ကာ အဝေးကို ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ထွက်သွားသည်။

တစ်နေ့လုံး ပိုင်ရှင်းယွီမှာ အလွန်အမင်းကို နေရခက်နေသည်။ သူ ယွီဖုန်းချန် မျက်လုံးကိုလည်း စေ့စေ့မကြည့်ရဲသလို ယွီဖုန်းချန်နှင့်သူ နှစ်ယောက်တည်း ကျန်ရှိနေမှာကိုလည်း ကြောက်ရွံ့နေသည်။ သူတော့ သွားပြီဆိုသည့် ခံစားချက်များ ရနေသည်။ သူတို့နှစ်ယောက်လုံး ဖြူစင်ရိုးသားစဉ်အခြေအနေတုန်းကတော့ ယွီဖုန်းချန်က သူ့ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု လုပ်ခြင်းဟု တွေးတောလို့ ရနိုင်သည်။ မနေ့ညကတော့ သူ အခြားလူ၏ လက်ပေါ်တွင် သာယာမှုများ ရှိခဲ့သည်၊ ဒီဖောက်ပြားမှားယွင်းမှုက မြစ်ဝါမြစ်ထဲခုန်ချပြီး ဆေးကြောရင်တောင် ပြောင်တော့မှာ မဟုတ်။

ညဘက်၊ သူတို့အဝတ်လျှော်ခန်းအတွင်း အဝတ်လျှော်ကြစဉ် ယွီဖုန်းချန်က သူ့ဘေးမှာ ရှိနေပြီး မကြာခဏဆိုသလို သူ့တံတောင်က ပိုင်ရှင်းယွီကို တို့ထိလာသည်။ ပိုင်ရှင်းယွီ သူ တမင်လုပ်နေမှန်း သိပေမယ့် သူ့အကြည့်များက ယွီဖုန်းချန်လက်ကနေ မခွါနိုင်။ အစိမ်းရောင် စစ်အင်္ကျီ လက်ကြားမှ ကျယ်ပြန့်ပြန့်လက်ကို ကြည့်ရင်း၊ သူ ထိုလက်ကို ဆွဲယူကာ သူ့ပေါင်းပေ့လေးကို ထွေးကိုင်ခိုင်းချင်စိတ်က ချုပ်ထိန်းမရ၊ ယွီဖုန်းချန်လက်ချောင်းများက အပေါ်အောက် ရွေ့လျားချော့မြူနေမှာဖြစ်ပြီး ထို့နောက်မှာတော့ သူ ...

ယွီဖုန်းချန် ရုတ်တရက် ခေါင်းလှည့်လာပြီး သူ၏ ထုံမှိုင်းမှိုင်း အကြည့်များကို မြင်ချိန်မှာတော့ ရယ်မိမလိုဖြစ်သွားပြီး သူ့ရေစိုနေသည့်လက်ကို ဇလုံထဲမှ ထုတ်ကာ ပိုင်ရှင်းယွီအရှေ့ လက်ဖြောက်တီးရင်း ရယ်သံတိုးတိုးပါဝင်သောအသံဖြင့် ပြောလိုက်သည်။

"မင်း ဘာတွေစဉ်းစားနေတာလဲ ငါ သိတယ် .."

ပိုင်ရှင်းယွီ ရှက်ရှက်နှင့် ဖျော့တော့စွာ ပြန်ငြင်းဆိုလိုက်သည်။ "မင်း၊ မင်း မသိပါဘူး။

ယွီဖုန်းချန် မယုံနိုင်သလို ရယ်လိုက်သည်။ "အိုး? မင်း သေချာပြီလား။"

ဖုန်းသုန့်ယွမ် စိတ်ဝင်တစား ဝင်ပြောလာသည်။ "မင်း ဘာအတွေးတွေ ပွားနေတာလဲ။"

ပိုင်ရှင်းယွီ ရေသွန်၊ အနည်းငယ်မျှ ညှစ်လိုက်ပြီးနောက် "ငါ လျှော်ပြီးပြီ။"

ပြီးသည်နှင့် သူ အင်္ကျီများယူကာ ထွက်သွားဖို့ ပြင်လိုက်သည်။

"ဟေး" ဖုန်းသုန့်ယွမ် သူ့ကို လှမ်းခေါ်သည်။ "မင်းကတော့ တကယ်ပဲ၊ ဒါ မပြောင်သေးတာ အသိသာကြီးကို။ မင်း ထပ်ပြီး အပျင်းတစ်ပြန်ပြီ။"

ပိုင်ရှင်းယွီ သူ့ကို မသိကျိုးကျွန်ပြုကာ အင်္ကျီချိတ်လှမ်းပြီးသည်နှင့် ထွက်ပြေးတော့သည်။ ယွီဖုန်းချန် သူ့နောက်မှ အဆောင်ပြန်လိုက်လာလေသည်။

ပိုင်ရှင်းယွီက ရေချိုးဖို့ အသင့်ပြင်နေတာဖြစ်ပြီး ယွီဖုန်းချန်က ကုတင်အစွန်းမှာ ထိုင်ကာ သူ့ကို မျက်တောင်မခပ်တမ်း စိုက်ကြည့်လာသည်။ ပိုင်ရှင်းယွီမှာ သူ့အကြည့်များကြောင့် ထိတ်လန့်သွားပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။"

ယွီဖုန်းချန် အနည်းငယ်မျှ ပြုံးကာ တမင်ကို အသံမြင့်ပြီး ပြောလာသည်။ "မင်း မနေ့ညက စောင်ခြုံပြီး ဖုန်းသုံးနေတာမလား။"

ပိုင်ရှင်းယွီ အံ့အားသင့်စွာ ထိတ်လန့်သွားပြီး မင်း ဘာသောက်ကြောင်းပြောနေတာလဲ သိရဲ့လားဟုပင် တွေးမိသွားသည်။

ချန်းကျင်း ခေါင်းလှည့်ကြည့်လာသည်။ "မင်း မနေ့ညက မအိပ်ပဲ ဖုန်းသုံးနေတာလား။"

ပိုင်ရှင်းယွီ ထိတ်ထိတ်လန့်လန့်ဖြင့် ပြောလိုက်သည်။ "မဟုတ် .. မဟုတ်ပါဘူး။"

"ငါတို့က ဒီစခန်းမှာ အင်တာနက်ပဲ ပိတ်ထားပြီး ဖုန်းမသိမ်းပဲ ထားထားတာ၊ မင်းတို့တွေ အိမ်ကို လွမ်းနာကျမှာ စိုးရိမ်လို့။ လွမ်းလာရင် အိမ်က ဓာတ်ပုံလေး ဘာညာပြန်ကြည့်လို့ရအောင်လို့၊ ဒါပေမယ့် မင်း နားချိန်ကို ဖုန်းဆော့ပြီး ဖြုန်းပစ်တယ်၊ ပြီးတော့ လေ့ကျင့်ချိန်မှာလည်း အမှီမလိုက်နိုင်ဘူးဆို။ ဒါက လုံးဝ ခွင့်ပြုပေးလိုက်လို့ မရတဲ့ကိစ္စပဲ။"

"မဟုတ်ဘူး၊ ခေါင်းဆောင်။ ကျွန်တော် ဖုန်းမဆော့နေဘူး၊ တကယ်ပါ။" ပိုင်ရှင်းယွီ ချန်းကျင်းကို အပြစ်ကင်းစင်နေသည့် ကောင်လေးတစ်ယောက်ပုံစံအကြည့်ဖြင့် ကြည့်လိုက်သည်။

ချန်းကျင်းက သူ့မာယာအောက်တွင် မကျရှုံး။ သူ မျက်နှာသေဖြင့် လျှောက်လာပြီး လက်ဆန့်ထုတ်လိုက်သည်။

"ငါ့ကို ဖုန်းပေး။"

ပိုင်ရှင်းယွီ ငိုမဲ့မဲ့မျက်နှာဖြင့် ဖုန်းလှမ်းပေးလိုက်သည်။ ချန်းကျင်း ဖုန်းအားကို ကြည့်ပြီး နှာမှုတ်လိုက်သည်။ "မအံ့ဩတော့ပါဘူး၊ မင်း ဒီနေ့တစ်နေကုန်လုံး အင်အားမရှိသလို ဖြစ်နေတာ။ ငါ ဖုန်းသိမ်းထားလိုက်မယ်။ မင်း အပြုအမူတွေ ငါ့ကို စိတ်ကျေနပ်စေမှ ပြန်ပေးမယ်။"

"မလုပ်ပါနဲ့၊ အဖွဲ့ခေါင်းဆောင်။ ကျွန်တော် ထပ်မလုပ်တော့ပါဘူး၊ တကယ်ပါ!" သူ့ဖုန်းက Password တောင် ခံထားခြင်းမရှိ။ အကယ်၍များ အထဲက မဟုတ်တရုတ်တွေ တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်ရပါ့မလဲ။

ချန်းကျင်းကတော့ သူ့ကို ဂရုမစိုက်၊ သူ့ဖုန်းကို အဝေးထားဖို့ လုပ်နေတုန်းမှာပဲ ယွီဖုန်းချန်က တည်တည်တံ့တံ့ဝင်ပြောလာသည်။

"အဖွဲ့ခေါင်းဆောင်၊ ကျွန်တော် သိမ်းထားပေးပါ့မယ်။ ကျွန်တော် သူ့ကို 'အတားအဆီးလေးရာ' ကျော်ဖြတ်နိုင်အောင် ကူညီပေးနေတာဆိုတော့၊ ဒါက သူ့အတွက် ကြိုးစားချင်စိတ် ဖြစ်လာပါလိမ့်မယ်။"

ပိုင်ရှင်းယွီ ကြောင်အအ ငေးကြည့်မိသည်။ အကယ်၍ သူသာ ကံဆိုးသူအမောင်နစ်နာသူမဟုတ်ပါက သူကိုယ်တိုင်တောင် ယွီဖုန်းချန်ကို လက်မထောင်ပြလိုက်ချင်သည်။ သူက တကယ်ကို အခြားသူတွေ လက်လှမ်းမမှီနိုင်တဲ့ အဆင့်တစ်ခုမှာပါဆိုပြီးကို ချီးကျူးလိုက်ချင်တော့သည်။

ယွီဖုန်းချန်လို အရာရာတိုင်းမှာ တော်ပြီး ထူးချွန်အမှတ်ရ စစ်သားမျိုးက ခေါင်းဆောင်တိုင်း၏ အလေးပေးခံရသူများဖြစ်သည်၊ ထို့ကြောင့် ချန်းကျင်းကလည်း ခြွင်းချက်မရှိ ယွီဖုန်းချန်ကို သဘောကျသည်။ သူ ပြန်တွေးကြည့်ချိန်၌ ယွီဖုန်းချန် ပြောသည်မှာ အချက်ကျကျရှိလှသည်ဟုတွေးမိတာမို့ ယွီဖုန်းချန်ထံ ဖုန်းပစ်ပေးပြီး ပြောလိုက်သည်။

"ဒါဆို မင်း ငါ့အစားသိမ်းထားပေး။ သူ 'အတားအဆီးလေးရာ' ကျော်ဖြတ်နိုင်ရင် ပြန်ပေးလိုက်။"

ယွီဖုန်းချန် သူ့သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။ "ဟုတ်ကဲ့။"

ပိုင်ရှင်းယွီ ယွီဖုန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။ ယွီဖုန်းချန် သူ့ဖုန်းကို လှုပ်ယမ်းပြလာပြီး သူ့အရှေ့မှာတင် အိပ်ရာဘေး စားပွဲအံဆွဲထဲထည့်ရင်း အပြုံးတစ်ခုဖြင့် ပြောလာသည်။

"တကယ်တမ်း၊ မင်းကို အပျော်အပါးမလုပ်ရဘူးလို့ မပြောပါဘူး။ ဒါပေမယ့် မင်း အချိန်ကိုလည်း ဉာဏ်ရှိရှိ ခွဲခြမ်းဖို့ ဂရုပြုရမယ်လေ။ ခေါင်းဆောင်၊ ကျွန်တော်ပြောတာ ဟုတ်တယ်မလား။"

ချန်းကျင်းပြောလိုက်သည်။ "အင်း၊ ဟုတ်တာပေါ့။"

"အဲ့တာကြောင့်၊ နောက်ဆို ငါတို့ နားချိန်ရှိတိုင်း အဲ့ "ကစားနည်း"လေးကို အတူကစားကြည့်ကြတာပေါ့။" ယွီဖုန်းချန် ပြုံးရင်း ပြောလိုက်သည်။

ပိုင်ရှင်းယွီမှာ ဝမ်းနည်းလွန်းလို့ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။

KittyKitling

_____///_____

[Zawgyi]

'လၽွာဖ်ားေလးနဲ႔ ဒိန္ခ်ဥ္လ်က္'

ရွက္စဖြယ္အျဖစ္အပ်က္မ်ား ျဖစ္ၿပီးသြားခ်ိန္မွာေတာ့ ဂ႐ုတစိုက္၊ စိတ္ထဲထားေလ့မရွိတဲ့ ပိုင္ရွင္းယြီေတာင္မွ လွိမ့္လိုက္၊ လွည့္လိုက္ႏွင့္ ညကို အိပ္ေပ်ာ္ျခင္း မရွိလိုက္။ သူ ခပ္ေမွးေမွး အိပ္ေပ်ာ္သြားခ်ိန္မွာပဲ မနက္နိုးထရန္ နိုးေဆာ္သံ ထြက္လာေတာ့သည္။ သူ နိုးလာသည္ႏွင့္ ဆက္အိပ္ခ်င္လွတာမို႔ ေသေတာင္ ေသခ်င္သြားေပမယ့္ ႀကိဳးစားၿပီး ထလိုက္ေလသည္။

အိပ္ယာမွ ထလိုက္သည္ႏွင့္တၿပိဳင္နက္ သူ႔ကို စူးစူးစိုက္စိုက္ မီးထေတာက္မတတ္ၾကည့္ေနသည့္ မ်က္လုံးတစ္စုံကို ခံစားမိလိုက္သည္။ သူ တုန္တုန္ယင္ယင္ႏွင့္ ေခါင္းလွည့္ၾကည့္လိုက္ခ်ိန္တြင္ေတာ့ ယြီဖုန္းခ်န္ သူ႔အား ခပ္ေဖ်ာ့ေဖ်ာ့အျပဳံးတစ္ခုျဖင့္ စိုက္ၾကည့္ေနၿပီး ဂ႐ုတစိုက္ ပူပန္ေနသလို အသံျဖင့္ ေမးလာေလသည္။

"မင္း မေန႔က ေကာင္းေကာင္းေရာအိပ္ေပ်ာ္ရဲ့လား။ မင္းမ်က္လုံးေတြေဖာင္းအစ္ေနတာ ဖားျပဳပ္က်ေနတာပဲ။"

ေျပာၿပီးသည္ႏွင့္ ယြီဖုန္းခ်န္ သူ႔လက္ကို မ်က္ႏွာေရွ႕ ျငင္သာစြာလွုပ္ခါျပၿပီး သူ႔လက္ရွည္သြယ္သြယ္ေလးမ်ားက သူ႔လွုပ္ရွားမွုႏွင့္အညီ ရိပ္ကနဲ ခါယမ္းသြားေလသည္။ ပိုင္ရွင္းယြီ မေန႔ညက ဒီလက္ျဖင့္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ျပန္အမွတ္ရလာၿပီး သူ႔မ်က္ႏွာမွာ ခ်က္ခ်င္းဆိုသလို နီရဲလာသည္။ သူ သူ႔ေခါင္းကို နံရံႏွင့္သာ ေျပးတိုက္လိုက္ခ်င္ေတာ့သည္။

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီ မ်က္ႏွာအမူအရာမ်ား ေျပာင္းလဲေနတာကို တစိမ့္စိမ့္ၾကည့္ေနရင္း ခြက္ထိုးခြက္လန္ရယ္ခ်င္စိတ္ကို ေအာင့္ထားရသည္။

ပိုင္ရွင္းယြီ ေခါင္းျပန္လွည့္လိုက္ၿပီး အလ်င္အျမန္ အကၤ်ီလဲလိုက္သည္။

ဖုန္းသုန့္ယြမ္ ကုတင္ေပၚမွ ခုန္ခ်ၿပီး သူ႔ကို ငုံ႔ၾကည့္လိုက္သည္။ "တကယ္ႀကီးဟ၊ ရွင္းယြီ။ မင္းမေန႔ညက ေကာင္းေကာင္းအိပ္မေပ်ာ္လို႔လား၊ ဒါမွမဟုတ္ ေရေသာက္တာ မ်ားသြားလို႔လား။ မင္းမ်က္လုံးေတြ ေတာ္ေတာ္ေဖာင္းေနတယ္။"

"ေရ၊ ေရေသာက္တာ မ်ားသြားတာ။"

"မင္းကိုယ္မင္း ၾကည့္ဦး၊ ငါ မင္းကို ေရအမ်ားႀကီး မေသာက္ဖို႔ေျပာေနတာကို။ ညဘက္အိမ္သာသြားရတာ ဘယ္ေလာက္ေတာင္ ေအးလိုက္မလဲ။"

ပိုင္ရွင္းယြီ က်ယ္က်ယ္ေလာင္ေလာင္ သန္းေဝလိုက္သည္။ ေန႔စဥ္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ရျခင္းက သူ႔ခံနိုင္ရည္ သက္လုံးအားကို ေျခာက္ခမ္းမတတ္ျဖစ္ေစသည္။ သူ မေန႔ကလည္း တစ္ညလုံးအိပ္မေပ်ာ္၊ ဒီေန႔ကို ေက်ာ္ျဖတ္နိုင္ပါ့မလားေတာင္ သူ မသိေတာ့။ ဒါအကုန္လုံးက ဟိုၿဂိဳလ္ေမႊေကာင္ 'ယြီဖုန္းခ်န္' အျပစ္ေတြခ်ည္းပဲ၊ ဒီေကာင္က သူ႔ကို အေသသတ္ဖို႔ ေစလႊတ္ထားျခင္းခံရတဲ့ သူပဲ!

သို႔ေပမယ့္လည္း .. မေန႔ညက ေခ်ာ့ျမဴခံရတဲ့ ခံစားခ်က္၊ သူ အခုထိ စြဲထင္အမွတ္ရေနေသးသည္ ...

မနက္ခင္း ေလ့က်င့္ခ်ိန္တစ္ခ်ိန္လုံး ပိုင္ရွင္းယြီ စိတ္ပ်ံ႕လြင့္ေနသည္။ ယြီဖုန္းခ်န္ သူ႔အား တစ္ခ်ိန္လုံး စိုက္ၾကည့္ေနသလို ခံစားေနရတာမို႔ အမွားမ်ားစြာ လုပ္မိေတာ့သည္။ ဤအရာက ခ်န္းက်င္းကို ေဒါသတႀကီးျဖစ္ေစၿပီး ပိုင္ရွင္းယြီမွာ အေဖ၊အေမကို တကာ ေအာ္ငိုခ်င္မိသည္အထိ အျပစ္ေပးခံရေတာ့ေလသည္။

သူတို႔ထမင္းစားၾကခ်ိန္တြင္ ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ႏွင့္ ေဝးရာမွာ ထိုင္ခ်င္ခဲ့ေပမယ့္ ယြီဖုန္းခ်န္ကေတာ့ ဘာမွမသိသလို သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ လာထိုင္ေလသည္။ ပိုင္ရွင္းယြီ ေခါင္းငုံ႔ထားသည္မွာ သူ႔မ်က္ႏွာတစ္ခုလုံး ဟင္းခြက္ထဲ ဝင္သြားေတာ့ မတတ္ပင္။

ခ်န္းလ်န္လည္း သူ႔ပန္းကန္သူ သယ္ကာ အနားေရာက္လာၿပီး ဝမ္းသာအားရေျပာလာသည္။ "ဝါး၊ ဒီေန႔ ဒိန္ခ်ဥ္ရတယ္၊ ႏွစ္လအတြင္း ဒိန္ခ်ဥ္ေသာက္ရတာ ဒါ ဒုတိယအႀကိမ္ပဲ။"

ဖုန္းသုန့္ယြမ္ ျပဳံးရင္း ေျပာလိုက္သည္။ "မင္း ေသေသခ်ာခ်ာကို မွတ္ထားတာပဲ။"

"ေသခ်ာေပါက္ေပါ့။"

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီကို ပိတ္ကန္ၿပီး ေျပာလိုက္သည္။ "မင္း ဘယ္လိုစားေနတာလဲ၊ ေခါင္းေမာ့ထားစမ္းပါ။"

ခ်န္းလ်န္ ပိုင္ရွင္းယြီကို ၾကည့္ကာ ျပဳံးၿပီး ေျပာလိုက္သည္။ "ဟုတ္ပါ့၊ မင္းပုံစံက ငါ့အိမ္ကေၾကာင္ေလးအတိုင္းပဲ။"

ပိုင္ရွင္းယြီ ေခ်ာင္းဟန့္ကာ ခါးမတ္ရင္း ယြီဖုန္းခ်န္ကို အၾကည့္တစ္ခ်က္ အျမန္ပို႔လႊတ္လိုက္ၿပီးေနာက္ မ်က္လႊာခ်လ်က္ သူစားစရာရွိတာကိုသာ ဆက္စားေနလိုက္သည္။

ဖုန္းသုန့္ယြမ္ ေျပာလိုက္သည္။ "ရွင္းယြီ၊ မင္း ဒီေန႔ ေနမေကာင္းဘူးလား။ မင္း တစ္ေနကုန္ ဂနာမၿငိမ္ျဖစ္ေနတယ္။"

ပိုင္ရွင္းယြီ ပါးစပ္ထဲ ထမင္းအျပည့္သြပ္ထားတာမို႔ သူ ေခါင္းသာခါျပလိုက္သည္။

ဖုန္းသုန့္ယြမ္ ခဏၾကာေအာင္ ေတြးၿပီးမွ - "မင္း အေတြးမ်ားစရာ တစ္ခုခုရွိေနလို႔လား။"

ခ်န္းလ်န္ ရယ္လိုက္သည္။ "ေမးဖို႔လိုေသးလို႔လား။ သူ႔အေတြးေတြ အကုန္လုံး သူ႔မ်က္ႏွာေပၚမွာ ေရးျပထားတာပဲ၊ သူ ဘယ္မိန္းမလွတစ္ေယာက္ကို ေတြးေနမွန္းသာ ငါ မသိတာ။"

ပိုင္ရွင္းယြီ ထမင္းၿမိဳခ်လိုက္သည္။ "ငါ့အေမကို လြမ္းေနတာ။"

ဖုန္းသုန့္ယြမ္ ရယ္ရင္း ေျပာလာသည္။ "ထင္မိသား၊ မင္း မေန႔ညက တကယ္ငိုေနခဲ့တာပဲ။"

ပိုင္ရွင္းယြီ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ "အဓိပၸါယ္မရွိ၊ ငါ မငိုပါဘူး။"

ဖုန္းသုန့္ယြမ္ တိတ္တိတ္ေလး ရယ္ၿပီး ဘာမွဆက္မေျပာေတာ့။

ယြီဖုန္းခ်န္ ဒိန္ခ်ဥ္ဗူးအဖုံးကို ဖြင့္၊ တစ္ငုံငုံရင္း ေျပာလိုက္သည္။ "အင္း~ မဆိုးဘူးပဲ။"

ခ်န္းလ်န္လည္း တစ္ငုံငုံၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေျပာလိုက္သည္။ "ဒီကဒိန္ခ်ဥ္ေတြက သန႔္ရွင္းလတ္ဆတ္ အင္မထုတဲ့ အမွန္အကန္ေတြ။ ေစ်းမွာေရာင္းတဲ့ဟာေတြနဲ႔ ဒီလိုနယ္ခံေတြလုပ္တာေတြနဲ႔က ယွဥ္လို႔ကိုမရဘူး။"

သူ အစားအေသာက္အေၾကာင္း စေျပာသည္ႏွင့္ အေျပာသြက္လာေတာ့သည္။

ယြီဖုန္းခ်န္ ဒိန္ခ်ဥ္အိုးကို ကိုင္ထားရင္း လက္က ႐ုတ္တရက္ ေခ်ာ္သြားကာ ဒိန္ခ်ဥ္အိုးက ေဘးေစာင္းသြားၿပီး သူ႔လက္ေပၚသို႔ ေမွာက္က်လာတာမို႔ အျဖဴေရာင္ ကပ္ေစးေစးအရည္မ်ားက သူ႔လက္ေခ်ာင္းၾကားထဲမွ စီးက်သြားေတာ့သည္။

ခ်န္းလ်န္ စိတ္မခ်မ္းမသာျဖင့္ ေျပာလိုက္သည္။ "မင္း တအားျဖဳန္းတီးတာပဲ။"

ပါးစပ္ထဲက ထမင္းကိုၿမိဳမခ်ခင္ သူ ယြီဖုန္းခ်န္ လက္ေခ်ာင္းမ်ားၾကား စီးက်ေနသည့္ ဒိန္ခ်ဥ္မ်ားကို ၾကည့္မိသြားၿပီး ခ်က္ခ်င္းဆိုသလို ပါးစပ္အျပည့္ ထမင္းမ်ား ျပန္ေထြးထုတ္မိေတာ့မလို ျဖစ္သြားသည္။ သူ ပါးစပ္ကို အလ်င္အျမန္အုပ္လိုက္ေပမယ့္ သီးသြားတာမို႔ ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးလာၿပီး ပါးစပ္ထဲမွ ထမင္းမ်ားက ေနရာအႏွံ့ကို ျပန့္က်ဲသြားကာ အနီးတစ္ဝွက္မွ လူတိုင္း ေအာ္ဟစ္ရင္း အေနာက္ဆုတ္သြားၾကေတာ့သည္။

ပိုင္ရွင္းယြီ အေရွ႕မွာထိုင္ေနတဲ့ ယြီဖုန္းခ်န္ကေတာ့ လၽွာနီရဲရဲေလးျဖင့္ သူ႔လက္ေခ်ာင္းၾကားရွိ ဒိန္ခ်ဥ္မ်ားကို ျဖည္းျဖည္းခ်င္း လ်က္ေနသည္။ သူ႔မ်က္လုံးထဲတြင္ေတာ့ ေမွာ္ဆန္ဆန္ လင္းလက္ျခင္းမ်ား ေတာက္ပေနၿပီး သူ႔ႏွုတ္ခမ္းေထာင့္တြင္ေတာ့ က်ီစားေနသည့္ အျပဳံးတစ္ခုကို ခ်ိတ္ဆြဲထားသည္။ ပိုင္ရွင္းယြီ မ်က္လုံးမ်ားမွာ ျပဴးက်ယ္လာသည္၊ သူ႔ပါးမွာနီရဲလာၿပီး သူ႔မွာ ေခ်ာင္းဆိုးလြန္ေနတာမို႔ အသက္လည္း မရွုနိုင္!! တကယ္ေသေတာ့မလို ျဖစ္သြားတာပဲ။

ဖုန္းသုန့္ယြမ္ သူ႔ေနာက္ေက်ာကို ပုတ္ေပးၿပီး ေရကမ္းေပးလာကာ အစားကို ေသေသခ်ာခ်ာ ဘယ္လိုစားရမယ္ဆိုသည့္အေၾကာင္းကိုလည္း ေျပာဖို႔မေမ့။

ယြီဖုန္းခ်န္ ျပဳံးလိုက္သည္၊ လက္သုတ္ပဝါယူကာ ေၾကာ့ေၾကာ့ေမာ့ေမာ့ျဖင့္ လက္သုတ္ၿပီးခ်ိန္မွာေတာ့ သူ ေျပာလာသည္။ "ႏွေျမာစရာပဲ၊ ငါ ဒိန္ခ်ဥ္ဘူးတစ္ဝက္ေလာက္ကို ေမွာက္ပစ္လိုက္မိတယ္။"

ခ်န္းလ်န္ သူ႔အဆိုကို သေဘာတူလာသည္။ "ဟုတ္ပါ့။ ဒါ ေစ်းကလည္း ေသးမွာမဟုတ္ဘူးကြ။ ငါတို႔ကို ေကၽြးသေလာက္ႏွုန္းထားနဲ႔ဆို တစ္လမွာ တစ္ခါပဲ ေသာက္ခြင့္ရွိမွာ။"

ယြီဖုန္းခ်န္ ပိုင္ရွင္းယြီ ဒိန္ခ်ဥ္ဘူးကို ေကာက္ယူၿပီး အျပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။ "ရွင္းယြီ၊ မင္း ဒါကို အခ်ိန္အေတာ္ၾကာတာေတာင္ တို႔ထိတာ မေတြ႕ေသးဘူး။ မေသာက္ခ်င္ဘူးလား၊ ငါ့ကို ေပးလိုက္ေလ။"

ပိုင္ရွင္းယြီ ခပ္သြက္သြက္ သူ႔ကို လက္ေဝ့ျပၿပီး နီရဲေနေသာ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။

"ယူသြား၊ ယူသြား။"

အခုအခ်ိန္မွာေတာ့ သူ တကယ္ကို ယြီဖုန္းခ်န္ေရွ႕ ဒူးေထာက္ၿပီး သူ႔ကို ဆက္ၿပီး မစေနာက္ေတာ့ဖို႔ ေတာင္းဆိုခ်င္မိေတာ့သည္။

ယြီဖုန္းခ်န္ ေပ်ာ္ေပ်ာ္ႀကီး ပိုင္ရွင္းယြီ ဒိန္ခ်ဥ္ကို လက္စသတ္လိုက္ၿပီးေနာက္ သူ႔ပါးစပ္ကို သုတ္ကာ အေဝးကို ဝင့္ဝင့္ႂကြားႂကြား လမ္းေလၽွာက္ထြက္သြားသည္။

တစ္ေန႔လုံး ပိုင္ရွင္းယြီမွာ အလြန္အမင္းကို ေနရခက္ေနသည္။ သူ ယြီဖုန္းခ်န္ မ်က္လုံးကိုလည္း ေစ့ေစ့မၾကည့္ရဲသလို ယြီဖုန္းခ်န္ႏွင့္သူ ႏွစ္ေယာက္တည္း က်န္ရွိေနမွာကိုလည္း ေၾကာက္ရြံ႕ေနသည္။ သူေတာ့ သြားၿပီဆိုသည့္ ခံစားခ်က္မ်ား ရေနသည္။ သူတို႔ႏွစ္ေယာက္လုံး ျဖဴစင္ရိုးသားစဥ္အေျခအေနတုန္းကေတာ့ ယြီဖုန္းခ်န္က သူ႔ကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မွု လုပ္ျခင္းဟု ေတြးေတာလို႔ ရနိုင္သည္။ မေန႔ညကေတာ့ သူ အျခားလူ၏ လက္ေပၚတြင္ သာယာမွုမ်ား ရွိခဲ့သည္၊ ဒီေဖာက္ျပားမွားယြင္းမွုက ျမစ္ဝါျမစ္ထဲခုန္ခ်ၿပီး ေဆးေၾကာရင္ေတာင္ ေျပာင္ေတာ့မွာ မဟုတ္။

ညဘက္၊ သူတို႔အဝတ္ေလၽွာ္ခန္းအတြင္း အဝတ္ေလၽွာ္ၾကစဥ္ ယြီဖုန္းခ်န္က သူ႔ေဘးမွာ ရွိေနၿပီး မၾကာခဏဆိုသလို သူ႔တံေတာင္က ပိုင္ရွင္းယြီကို တို႔ထိလာသည္။ ပိုင္ရွင္းယြီ သူ တမင္လုပ္ေနမွန္း သိေပမယ့္ သူ႔အၾကည့္မ်ားက ယြီဖုန္းခ်န္လက္ကေန မခြါနိုင္။ အစိမ္းေရာင္ စစ္အကၤ်ီ လက္ၾကားမွ က်ယ္ျပန့္ျပန့္လက္ကို ၾကည့္ရင္း၊ သူ ထိုလက္ကို ဆြဲယူကာ သူ႔ေပါင္းေပ့ေလးကို ေထြးကိုင္ခိုင္းခ်င္စိတ္က ခ်ဳပ္ထိန္းမရ၊ ယြီဖုန္းခ်န္လက္ေခ်ာင္းမ်ားက အေပၚေအာက္ ေရြ႕လ်ားေခ်ာ့ျမဴေနမွာျဖစ္ၿပီး ထို႔ေနာက္မွာေတာ့ သူ ...

ယြီဖုန္းခ်န္ ႐ုတ္တရက္ ေခါင္းလွည့္လာၿပီး သူ၏ ထုံမွိုင္းမွိုင္း အၾကည့္မ်ားကို ျမင္ခ်ိန္မွာေတာ့ ရယ္မိမလိုျဖစ္သြားၿပီး သူ႔ေရစိုေနသည့္လက္ကို ဇလုံထဲမွ ထုတ္ကာ ပိုင္ရွင္းယြီအေရွ႕ လက္ေျဖာက္တီးရင္း ရယ္သံတိုးတိုးပါဝင္ေသာအသံျဖင့္ ေျပာလိုက္သည္။

"မင္း ဘာေတြစဥ္းစားေနတာလဲ ငါ သိတယ္ .."

ပိုင္ရွင္းယြီ ရွက္ရွက္ႏွင့္ ေဖ်ာ့ေတာ့စြာ ျပန္ျငင္းဆိုလိုက္သည္။ "မင္း၊ မင္း မသိပါဘူး။

ယြီဖုန္းခ်န္ မယုံနိုင္သလို ရယ္လိုက္သည္။ "အိုး? မင္း ေသခ်ာၿပီလား။"

ဖုန္းသုန့္ယြမ္ စိတ္ဝင္တစား ဝင္ေျပာလာသည္။ "မင္း ဘာအေတြးေတြ ပြားေနတာလဲ။"

ပိုင္ရွင္းယြီ ေရသြန္၊ အနည္းငယ္မၽွ ညႇစ္လိုက္ၿပီးေနာက္ "ငါ ေလၽွာ္ၿပီးၿပီ။"

ၿပီးသည္ႏွင့္ သူ အကၤ်ီမ်ားယူကာ ထြက္သြားဖို႔ ျပင္လိုက္သည္။

"ေဟး" ဖုန္းသုန့္ယြမ္ သူ႔ကို လွမ္းေခၚသည္။ "မင္းကေတာ့ တကယ္ပဲ၊ ဒါ မေျပာင္ေသးတာ အသိသာႀကီးကို။ မင္း ထပ္ၿပီး အပ်င္းတစ္ျပန္ၿပီ။"

ပိုင္ရွင္းယြီ သူ႔ကို မသိက်ိဳးကၽြန္ျပဳကာ အကၤ်ီခ်ိတ္လွမ္းၿပီးသည္ႏွင့္ ထြက္ေျပးေတာ့သည္။ ယြီဖုန္းခ်န္ သူ႔ေနာက္မွ အေဆာင္ျပန္လိုက္လာေလသည္။

ပိုင္ရွင္းယြီက ေရခ်ိဳးဖို႔ အသင့္ျပင္ေနတာျဖစ္ၿပီး ယြီဖုန္းခ်န္က ကုတင္အစြန္းမွာ ထိုင္ကာ သူ႔ကို မ်က္ေတာင္မခပ္တမ္း စိုက္ၾကည့္လာသည္။ ပိုင္ရွင္းယြီမွာ သူ႔အၾကည့္မ်ားေၾကာင့္ ထိတ္လန့္သြားၿပီး အသံႏွိမ့္ကာ ေျပာလိုက္သည္။

"မင္း ဘာလုပ္ေနတာလဲ။"

ယြီဖုန္းခ်န္ အနည္းငယ္မၽွ ျပဳံးကာ တမင္ကို အသံျမင့္ၿပီး ေျပာလာသည္။ "မင္း မေန႔ညက ေစာင္ျခဳံၿပီး ဖုန္းသုံးေနတာမလား။"

ပိုင္ရွင္းယြီ အံ့အားသင့္စြာ ထိတ္လန့္သြားၿပီး မင္း ဘာေသာက္ေၾကာင္းေျပာေနတာလဲ သိရဲ့လားဟုပင္ ေတြးမိသြားသည္။

ခ်န္းက်င္း ေခါင္းလွည့္ၾကည့္လာသည္။ "မင္း မေန႔ညက မအိပ္ပဲ ဖုန္းသုံးေနတာလား။"

ပိုင္ရွင္းယြီ ထိတ္ထိတ္လန့္လန့္ျဖင့္ ေျပာလိုက္သည္။ "မဟုတ္ .. မဟုတ္ပါဘူး။"

"ငါတို႔က ဒီစခန္းမွာ အင္တာနက္ပဲ ပိတ္ထားၿပီး ဖုန္းမသိမ္းပဲ ထားထားတာ၊ မင္းတို႔ေတြ အိမ္ကို လြမ္းနာက်မွာ စိုးရိမ္လို႔။ လြမ္းလာရင္ အိမ္က ဓာတ္ပုံေလး ဘာညာျပန္ၾကည့္လို႔ရေအာင္လို႔၊ ဒါေပမယ့္ မင္း နားခ်ိန္ကို ဖုန္းေဆာ့ၿပီး ျဖဳန္းပစ္တယ္၊ ၿပီးေတာ့ ေလ့က်င့္ခ်ိန္မွာလည္း အမွီမလိုက္နိုင္ဘူးဆို။ ဒါက လုံးဝ ခြင့္ျပဳေပးလိုက္လို႔ မရတဲ့ကိစၥပဲ။"

"မဟုတ္ဘူး၊ ေခါင္းေဆာင္။ ကၽြန္ေတာ္ ဖုန္းမေဆာ့ေနဘူး၊ တကယ္ပါ။" ပိုင္ရွင္းယြီ ခ်န္းက်င္းကို အျပစ္ကင္းစင္ေနသည့္ ေကာင္ေလးတစ္ေယာက္ပုံစံအၾကည့္ျဖင့္ ၾကည့္လိုက္သည္။

ခ်န္းက်င္းက သူ႔မာယာေအာက္တြင္ မက်ရွုံး။ သူ မ်က္ႏွာေသျဖင့္ ေလၽွာက္လာၿပီး လက္ဆန့္ထုတ္လိုက္သည္။

"ငါ့ကို ဖုန္းေပး။"

ပိုင္ရွင္းယြီ ငိုမဲ့မဲ့မ်က္ႏွာျဖင့္ ဖုန္းလွမ္းေပးလိုက္သည္။ ခ်န္းက်င္း ဖုန္းအားကို ၾကည့္ၿပီး ႏွာမွုတ္လိုက္သည္။ "မအံ့ဩေတာ့ပါဘူး၊ မင္း ဒီေန႔တစ္ေနကုန္လုံး အင္အားမရွိသလို ျဖစ္ေနတာ။ ငါ ဖုန္းသိမ္းထားလိုက္မယ္။ မင္း အျပဳအမူေတြ ငါ့ကို စိတ္ေက်နပ္ေစမွ ျပန္ေပးမယ္။"

"မလုပ္ပါနဲ႔၊ အဖြဲ႕ေခါင္းေဆာင္။ ကၽြန္ေတာ္ ထပ္မလုပ္ေတာ့ပါဘူး၊ တကယ္ပါ!" သူ႔ဖုန္းက Password ေတာင္ ခံထားျခင္းမရွိ။ အကယ္၍မ်ား အထဲက မဟုတ္တ႐ုတ္ေတြ တစ္ေယာက္ေယာက္ေတြ႕သြားရင္ ဘယ္လိုလုပ္ရပါ့မလဲ။

ခ်န္းက်င္းကေတာ့ သူ႔ကို ဂ႐ုမစိုက္၊ သူ႔ဖုန္းကို အေဝးထားဖို႔ လုပ္ေနတုန္းမွာပဲ ယြီဖုန္းခ်န္က တည္တည္တံ့တံ့ဝင္ေျပာလာသည္။

"အဖြဲ႕ေခါင္းေဆာင္၊ ကၽြန္ေတာ္ သိမ္းထားေပးပါ့မယ္။ ကၽြန္ေတာ္ သူ႔ကို 'အတားအဆီးေလးရာ' ေက်ာ္ျဖတ္နိုင္ေအာင္ ကူညီေပးေနတာဆိုေတာ့၊ ဒါက သူ႔အတြက္ ႀကိဳးစားခ်င္စိတ္ ျဖစ္လာပါလိမ့္မယ္။"

ပိုင္ရွင္းယြီ ေၾကာင္အအ ေငးၾကည့္မိသည္။ အကယ္၍ သူသာ ကံဆိုးသူအေမာင္နစ္နာသူမဟုတ္ပါက သူကိုယ္တိုင္ေတာင္ ယြီဖုန္းခ်န္ကို လက္မေထာင္ျပလိုက္ခ်င္သည္။ သူက တကယ္ကို အျခားသူေတြ လက္လွမ္းမမွီနိုင္တဲ့ အဆင့္တစ္ခုမွာပါဆိုၿပီးကို ခ်ီးက်ဴးလိုက္ခ်င္ေတာ့သည္။

ယြီဖုန္းခ်န္လို အရာရာတိုင္းမွာ ေတာ္ၿပီး ထူးခၽြန္အမွတ္ရ စစ္သားမ်ိဳးက ေခါင္းေဆာင္တိုင္း၏ အေလးေပးခံရသူမ်ားျဖစ္သည္၊ ထို႔ေၾကာင့္ ခ်န္းက်င္းကလည္း ႁခြင္းခ်က္မရွိ ယြီဖုန္းခ်န္ကို သေဘာက်သည္။ သူ ျပန္ေတြးၾကည့္ခ်ိန္၌ ယြီဖုန္းခ်န္ ေျပာသည္မွာ အခ်က္က်က်ရွိလွသည္ဟုေတြးမိတာမို႔ ယြီဖုန္းခ်န္ထံ ဖုန္းပစ္ေပးၿပီး ေျပာလိုက္သည္။

"ဒါဆို မင္း ငါ့အစားသိမ္းထားေပး။ သူ 'အတားအဆီးေလးရာ' ေက်ာ္ျဖတ္နိုင္ရင္ ျပန္ေပးလိုက္။"

ယြီဖုန္းခ်န္ သူ႔သြားျဖဴျဖဴေလးမ်ား ေပၚလာသည္အထိ ျပဳံးလိုက္သည္။ "ဟုတ္ကဲ့။"

ပိုင္ရွင္းယြီ ယြီဖုန္းခ်န္ကို စူးစိုက္ၾကည့္လိုက္သည္။ ယြီဖုန္းခ်န္ သူ႔ဖုန္းကို လွုပ္ယမ္းျပလာၿပီး သူ႔အေရွ႕မွာတင္ အိပ္ရာေဘး စားပြဲအံဆြဲထဲထည့္ရင္း အျပဳံးတစ္ခုျဖင့္ ေျပာလာသည္။

"တကယ္တမ္း၊ မင္းကို အေပ်ာ္အပါးမလုပ္ရဘူးလို႔ မေျပာပါဘူး။ ဒါေပမယ့္ မင္း အခ်ိန္ကိုလည္း ဉာဏ္ရွိရွိ ခြဲျခမ္းဖို႔ ဂ႐ုျပဳရမယ္ေလ။ ေခါင္းေဆာင္၊ ကၽြန္ေတာ္ေျပာတာ ဟုတ္တယ္မလား။"

ခ်န္းက်င္းေျပာလိုက္သည္။ "အင္း၊ ဟုတ္တာေပါ့။"

"အဲ့တာေၾကာင့္၊ ေနာက္ဆို ငါတို႔ နားခ်ိန္ရွိတိုင္း အဲ့ "ကစားနည္း"ေလးကို အတူကစားၾကည့္ၾကတာေပါ့။" ယြီဖုန္းခ်န္ ျပဳံးရင္း ေျပာလိုက္သည္။

ပိုင္ရွင္းယြီမွာ ဝမ္းနည္းလြန္းလို႔ ငိုခ်င္စိတ္ပင္ ေပါက္လာေတာ့သည္။

KittyKitling

Continue Reading

You'll Also Like

532K 29.6K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
393K 40.2K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့
791K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...