Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.7M 258K 70.7K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

18

10.5K 2K 288
By callme__kitty

[Unicode]

'ရစ်သီနေသော အရှက်တရား'

သူ အရှေ့အရပ်မှ အလင်းတန်းများကို ကြည့်နေချိန်အတွင်း တပ်သားသစ် တော်တ်ောများများက ကွင်းပြင်အနားသို့ ဖြည်းဖြည်းချင်း တရွတ်တိုက်ဆွဲ ပြန်ပြေးသွားကြသည်။ ချန်းကျင်း အချိန်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"ဖုန်းချန်၊ မင်းတို့ အရင်သွားနှင့်တော့။ တစ်ဖွဲ့လုံး တကယ် ပြန်ပြေးရအောင် မလုပ်နဲ့။"

ယွီဖုန်းချန် ခေါင်းငြိမ့်လိုက်သည်၊ သူ ပိုင်ရှင်းယွီကို နားလည်ရခက်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်ပြီးနောက် ခံနိုင်ရည်ရှိ၊ ကြံ့ခိုင်သော စစ်သားများနှင့်အတူ ပိုလျင်မြန်သည့် အရှိန်ဖြင့် စပြေးထွက်သွားသည်။

ချန်းကျင်းနှင့် ပိုင်ရှင်းယွီ စစ်တပ်ကွင်းပြင်သို့ ပြန်ရောက်ချိန်တွင် နာရီဝက်ကျော်သွားပြီဆိုသည်မှာ သိသာလှသည်။ တတိယအဖွဲ့မှ နောက်ကျ ပြန်ရောက်လာသူထဲတွင် သူတို့နှစ်ယောက်သာ ရှိသည်။

ပိုင်ရှင်းယွီ ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်နေသည်၊ သူ့နှာခေါင်းများကလည်း စပ်ဖျဉ်းဖျဉ်းဖြစ်နေကာ သူ ငိုချင်နေမိသည်။ သူ့ခြေထောက်များကလည်း ကျိုးတော့မတတ်ဖြစ်နေပေမယ့် သူ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်ရောက်မလာနိုင်။ တစ်ဖွဲ့လုံးထဲတွင် အချိန်မှီ မပြေးနိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်သည်၊ သူ တစ်ယောက်တည်းသာ။ ဒီမှာရှိနေသည့် တစ်လ၊ အခြားစစ်သားများ ကိုယ်ခန္ဓာကြံ့ခိုင်ရေး သင်ခန်းစာများနှင့် အသားကျအောင် ကြိုးစားရင်း တဖြည်းဖြည်းတိုးတက်လာချိန်တွင် သူတစ်ယောက်တည်းကသာ အပျင်းတစ်ပြီး ကျော်ဖြတ်နိုင်ရုံဆိုသည့် မျဉ်းတည့်တည့်တွင် ရပ်တန့်နေခဲ့သည်။ ရလဒ်အနေနဲ့ကတော့ ရွှီချောင်ရဲ့ ရုတ်တရက်ဆန်လှသည့် လေ့ကျင့်မှုအောက်တွင် ကွာခြားချက် ရလဒ်များက ပေါ်ထွက်လာတော့သည်။

ရွှီချန် လက်နောက်ပစ်ကာ လမ်းလျှောက်လာပြီး သူ ချန်းကျင်းကို ကြည့်ရင်း မေးလိုက်သည်။

"မင်းက ဘယ်လိုဖြစ်ရတာလဲ။"

"တပ်မှူးကို သတင်းပို့၊ ကျွန်တော်က သူ့အဖွဲ့ရဲ့ခေါင်းဆောင်ပါ။"

"အဓိပ္ပါယ်မရှိ၊ မင်းက သူ့ကို ကြီးကြပ်ရသူဆိုတာ ငါမသိလို့လား။"

"တပ်မှူးကို သတင်းပို့၊ သူ လမ်းအဆုံးထိ ကြိုးစားပြေးခဲ့ရင် သူနောက်ကျရင်တောင် ကျွန်တော်က သူ့အစား ထပ်ဆောင်း 5km ပြေးပေးမယ်လို့ သူ့ကို ကတိပေးထားပါတယ်။"

ရွှီချောင် မျက်လုံးမှေးကြည့်ပြီး ပြောလိုက်သည်။ "ငါ သဘောတူခဲ့လို့လား။"

ချန်းကျင်း ခေါင်းငုံ့ပြီး တိုးတိုးပြောလိုက်သည်။

"တပ်မှူး၊ ကျွန်တော့်ကို မျက်နှာသာပေးပါဗျာ၊ သူသာ 5km ထပ်ပြေးရရင် တစ်ခုခုဖြစ်သွားလေ့မယ်။"

ရွှီချောင် ချန်းကျင်းကို စူးကနဲကြည့်ပြီးမှ လက်ဝှေ့ပြလိုက်သည်။

"ပြေး!"

"ဟုတ်!" ချန်းကျင်း အလေးပြုပြီး စစ်ကွင်းပြင်ရှိ အပြေးလမ်းကြောင်းအတိုင်း စတင်ပြေးလိုက်တော့သည်။

"ခေါင်းဆောင် .." ပိုင်ရှင်းယွီ အနောက်မှ ခြေလှမ်း နှစ်လှမ်းလောက် ကြိုးစား ပြေးလိုက်ပေမယ့် သူ့ခြေထောက်များက ပျော့ခွေနေသည်။ သူ့လည်ပင်းကို တစ်စုံတစ်ရာက တစ်ဆို့ထားသကဲ့သို့ 'ကျွန်တော်ပြေးလိုက်ပါ့မယ်' ဆိုသည့်စကားကို သူမပြောနိုင်။ သူ့မှာ ဒီတိုင်း ရပ်နေရင်းတောင် တုန်ယင်နေတာမို့ သူ ချန်းကျင်းနောက်ကျောကို ကြည့်ရင်းနှင့်သာ သူ့နှလုံးသားက အပြစ်ရှိစိတ်၊ အားငယ်စိတ်များဖြင့် ပြည့်နှက်လာတော့သည်။ တစ်ဖွဲ့လုံးကလည်း သူ့ကို ဝိုင်းကြည့်နေကြကာ ပြင်းထန်လှတဲ့ အကြည့်တွေက သူ့မျက်နှာကို ပိုပူလာစေပြီး သူ ခေါင်းတောင် မဖော်ရဲ။

ရွှီချောင်းက လူစုခွဲခိုင်းလိုက်သည်၊ မနက်စာ မတိုင်ခင်အထိ အပြင်မှာ အလေလိုက်မနေပဲ လူတိုင်း ပြန်သွားနားဖို့ ပြောလာပေမယ့် တတိယအဖွဲ့မှ ဘယ်သူမှ ပြန်သွားခြင်းမရှိ။ သူတို့က ချန်းကျင်းနောက်ကို အမှီလိုက်ရင်း ဖျောင်းဖျကြသည်။

"ခေါင်းဆောင်၊ တပ်မှူးလည်း ပြန်သွားပြီ။ ဒါ အချက်ပြတယ်လို့ သဘောထားပြီး ပြန်သွားနားရအောင်လေ။"

ချန်းကျင်း သူ့ကို စူးစိုက်ကြည့်ကာ အသက်လုရှူရင်း ပြောလိုက်သည်။

"မင်း တပ်မှူးကိုတော့ အရှုးလုပ်နိုင်ပါတယ်၊ ဒါပေမယ့် မင်းကိုယ်မင်း အရူးလုပ်နိုင်လား။ ဘာမဟုတ်တဲ့ 5kmအတွက်နဲ့ မင်းနှလုံးသားမှာ အဖုအထစ်ဖြစ်ကျန်ခဲ့ရပြီး နောင်အချိန် ပြန်တွေးမိရင် အနေရခက်သွားလိမ့်မယ်။"

သူ မျက်မှန်ကို ချွတ်ကာ အိတ်ကပ်ထဲသို့ ထည့်ထားပြီးဖြစ်သည်။ သူ့မျက်နှာက ရုတ်တရက်ဆိုသလို နှစ်အနည်းငယ်မျှ ငယ်ရွယ်နေပုံပေါက်သွားပြီး မျက်နှာပေါ်ရှိ ချွေးပါးပါးလေးနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးက သူ့ကို ခေါင်းကြောမာသည့် ကောင်လေးငယ်တစ်ယောက်ပုံစံ ဖြစ်သွားစေသည်။

ပိုင်ရှင်းယွီမှာ ချန်းကျင်း အပြေးနှုန်းကို အမှီလိုက်ဖို့ ပင်ပန်းလွန်းနေတာမို့ သူ ပြေးကြောင်း အတွင်းမှသာ လမ်းလျှောက်လိုက်နေမိသည်။ ချန်းကျင်း ချွေး အများအပြား ထွက်နေတာကို ကြည့်ရင်း သူ ပို ပိုပြီး နေရခက်လာတော့သည်။

"ဟေး၊ ခေါင်းဆောင်ကို စကားဆက်မပြောနဲ့။ သူ မောနေပြီ။"

ချန်းကျင်း ပြောလိုက်သည်။ "ရပါတယ်၊ 10kmက ဘယ်လောက်မှ မဟုတ်ပါဘူး။"

ရှောင်းမောင်း အေးတိအေးစက် ပြောလာသည်။ "တပ်ရင်းတစ်ခုလုံးမှာ တစ်ယောက်ပဲ အရည်အချင်း မပြည့်မှီတာ၊ ပြီးတော့ အဲ့တစ်ယောက်က ငါတို့အဖွဲ့ကတဲ့။ 5kmက ဘယ်လောက်များ ခက်နိုင်လို့လဲ။ မင်းသာ အမြဲ စိတ်နှစ်ပြီး လုပ်ခဲ့ရင် .."

"ရှောင်းမောင်း" ကျူးကျောင့်ပင်း သူ့ကို တံတောင်နှင့် ထိုးကာ မျက်စိမှိတ် အချက်ပြလာသည်။ "ထားလိုက်တော့။"

ရှောင်းမောင်း တမင်ကို အသံမြှင့်ပြီး ပြောလိုက်သည်။ "ငါ ပြောတော့ကော ဘာဖြစ်လဲ။ ငါကြားတာ ငါတို့အဖွဲ့ခေါင်းဆောင်က အမြှောက်တပ်ရင်းမှာဆို ထိပ်တန်းစစ်သားတဲ့။ သူ တပ်ကြပ်ရာထူး တိုးခံထားရတာတောင် မကြာသေးဘူး။ သူဦးဆောင်နေရတဲ့ တပ်သားသစ်တွေရဲ့ ရလဒ်က သူ့အတွက် အရမ်းအရေးကြီးတယ်။"

ချန်းကျင်း အသံက အနည်းငယ်တိမ်ဝင်သွားသည်။ "ရှောင်းမောင်း၊ မင်း ပြန်သွားနားတော့။"

ရှောင်းမောင်း ပိုင်ရှင်းယွီကို စူးစိုက်ကြည့်ပြီးမှ တစ်ဖက်လှည့်ကာ အဝေးလျှောက်သွားတော့သည်။

ပိုင်ရှင်းယွီ သူ့ခေါင်းကိုသာ ဆက်ငုံ့ထားပြီး ဘာမှပြန်မပြော။

ဖုန်းသုန့်ယွမ် သူ့ကို ညင်ညင်သာသာ တွန်းထိုးလိုက်သည်။ "ပြောတာတွေ စိတ်ထဲမထားနဲ့၊ လေ့ကျင့်ရေးတွေက တစ်လပဲ ရှိသေးတယ်။ မင်း အမှီလိုက်နိုင်မှာပါ။"

ယွီဖုန်းချန် အေးတိအေးစက် ပြောလာသည်။ "ဒီအကျင့်၊ ဒီလိုသဘောထားတွေနဲ့ အချိန်တစ်နှစ်ပေးရင်တောင် အောင်မြင်မှာ မဟုတ်ဘူး။ ဒီနေ့ အဖွဲ့ခေါင်းဆောင်ကို မင်းအစားပြေးခိုင်းတယ်၊ မနက်ဖြန်ကျ မင်းနေရာအစား ဘယ်သူ့ကို လုပ်ခိုင်းမှာလဲ။ ပိုင်ရှင်းယွီ၊ မင်း ဟင်းချက်ဆောင်ကိုပဲ သွားလိုက်တာ ပိုကောင်းမယ်။"

ချန်းကျင်း ပြေးနေသည်မှာ အဝေးရောက်နေပြီဖြစ်၍ ထိုစကားများကို မကြားလိုက်ပေမယ့် ဘေးပတ်ပတ်လည်မှ တပ်သားသစ်အကုန်လုံးကတော့ ကြားလိုက်ရသည်။ သူတို့အကုန်လုံးက တိတ်ဆိတ်နေပေမယ့် စိတ်ထဲ နေရသက်သာသွားကြသည်။ ယွီဖုန်းချန် ပြောသွားသည်များက တကယ်ကို မှန်သည်။ ပိုင်ရှင်းယွီက သူတို့အဖွဲ့ကိုပဲ အောက်ဆွဲချနေတာမဟုတ်၊ သူက ချန်းကျင်းရဲ့ အဆင့်တွေကိုပါ ဆွဲချနေပြီး ချန်းကျင်း ရာထူးတိုးဖို့ကို ထိခိုက်နေစေသည်။ ချန်းကျင်းက ပြုံးရယ်နေတတ်သူတော့ မဟုတ်၊ သို့ပေမယ့် သူက လုပ်နိုင်ကိုင်နိုင်စွမ်းရှိကာ ဖြောင့်မတ်သူတစ်ယောက်ဖြစ်တာမို့ အဖွဲ့အတွင်း လေးစားမှု အများအပြားရရှိထားသူဖြစ်သည်။ အစကတည်းက ပိုင်ရှင်းယွီက ပျင်းရိပြီး အရှက်မရှိသူဖြစ်သည်။ သူတို့ အများဆုံး အထင်သေးတာမျိုးတော့ ရှိပေမယ့် အပြင်ဘက်တွင်တော့ ဘာတစ်ခုမှ မပြောကြ။ သို့ပေမယ့် ဒီနေ့အဖြစ်အပျက်က သူတို့အကုန်လုံးကို ဒေါသပေါက်ကွဲထွက်စေပြီး လက်ညှိုးတိုင်းက သူ့ကို ဦးတည်ထိုးနေကြလေသည်။

ပိုင်ရှင်းယွီမှာ စိတ်ပင်ပန်းလူပင်ပန်း အခြေအနေတွင် ရှိနေပြီး ပြင်းထန်သော ရှက်စိတ်က သူ့အနား ရစ်သီနေတော့သည်။

တကယ်တော့ ချန်းကျင်း စစ်သားဖြစ်နေသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်တာမို့ 10km ပြေးပြီးချိန်တွင် အနည်းငယ်ဟောဟဲဆိုက်သည််မှ လွဲပြီး အရာရာတည်ငြိမ်လှသည်။ အဖွဲ့၃မှ တပ်သားတိုင်း သူ့အနောက်မှ လိုက်ပြီး အဆောင်သို့ ပြန်လိုက်ကြသည်။ ပိုင်ရှင်းယွီလည်း နောက်ဆုံးမှ လျှောက်လိုက်လာသည်။ သူ့တွင် သွားစရာနေရာ မရှိ။ လွှတ်မြောက်အသက်ရှင်ချင်သည့် ခံစားချက်က သူ့စိတ်ထဲ ပြန်ပေါ်လာတာမို့ သူ့ကို အိမ်ပြန်ခေါ်ဖို့ သူ့အစ်ကိုကို တောင်းပန်ရန် အကြံဝင်လာမိပေမယ့်လည်း မဖြစ်နိုင်မှန်း သူသိနေသည်။

အဆောင်ပြန်ရောက်ချိန်တွင် ပိုင်ရှင်းယွီ ချန်းကျင်းအိပ်ယာအနားသို့ ဖြည်းဖြည်း လျှောက်သွားရင်း တိုးတိုးလေးပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်၊ ကျေးဇူးတင်ပါတယ်။"

အကယ်၍ ချန်းကျင်းသာ သူ့အစား 5km မပြေးပေးပါက သူ စစ်ကွင်းပြင်တွင် သေသွားလောက်ပြီ။

ချန်းကျင်း ချွေးစိုနေသည့် အင်္ကျီကို ချွတ်ကာ သူ့ခန္ဓာကိုယ်ကို တဘတ်ဖြင့် သုတ်ရင်း ပြောလိုက်သည်။

"မလိုပါဘူး၊ ဒီနေ့ မင်းစွမ်းဆောင်ရည်က ငါထင်ထားတာထက် နည်းနည်းတောင် ပိုကောင်းနေသေးတယ်။"

"တကယ်လား။"

"တကယ်၊ အနည်းဆုံးတော့ မင်း အမြဲတမ်းလိုလို အချိန်မှီပြီးချင်ခဲ့တယ်လေ။ ဒါပေါ့၊ အခုက မနေ့ကနဲ့ ယှဉ်လိုက်ရင် နည်းနည်းပဲ ပိုကောင်းလာတာပေါ့။ ဒါပေမယ့် တစ်ဖွဲ့လုံး မဟုတ်သေးဘူး တပ်ရင်းတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တောင် မင်းက နည်းနည်းဆိုးတာထက်ကို ပိုတယ်။ မင်း အမြဲအပျင်းတစ်နေခဲ့တယ်၊ ဒါပေမယ့် ငါ မသိချင်ယောင်ဆောင်ပေးထားတယ်။ ဘာလို့လဲ သိလား။"

ပိုင်ရှင်းယွီ ခေါင်းငုံထားရင်း ဘာမှပြန်မပြော။

"မင်းအရည်အချင်းက အောင်မှတ်သာသာလေး ဖြစ်နေလို့ ငါ ဘာမှထူးမပြောတော့တာ မဟုတ်ဘူး။ ငါ ဒီလိုနေ့ကို စောင့်နေခဲ့တာ။"

ချန်းကျင်း သူ့ပခုံးကို လက်ညိုးဖြင့် ထိုးလိုက်သည်။

"မင်းအပျင်းတစ်မိခြင်းရဲ့ အကျိုးဆက်တွေကို သိလာမယ့် နေ့တစ်နေ့ကို ငါစောင့်နေခဲ့တာ။ အကယ်၍များ ဒါကသာ စစ်ပွဲအချိန်တွေဆိုပါတော့။ တိုက်ပွဲရောက်လို့ သေနတ်ကျည်မှန်မှ သေချာ မလေ့ကျင့်ခဲ့တာတွေအတွက် နောင်တရပါတယ်ဆို မင်း သေမင်းကို ပြောပြမှပဲ ရတော့မယ်။"

ပိုင်ရှင်းယွီ တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ကျွန်တော် ထပ်ပြီး မပျင်းတော့ပါဘူး။"

"မင်းရဲ့ လုပ်ဆောင်မှုပေါ်မှာ မူတည်တယ်၊ နောင်လာမယ့်နေ့တွေမှာ ငါလည်း မင်းအပျင်းတစ်တာကို သည်းခံတော့မှာ မဟုတ်ဘူး။ လေ့ကျင့်ရေး တာဝန်တွေက ပို ပိုအားစိုက်ဖို့ လိုလာပြီ။ ဒီသုံးလအတွင်း မင်းလုပ်ဆောင်ခဲ့တာတွေ ငါတို့က သေချာကြည့်ရှုပြီး စာအုပ်ထဲချရေးထားတယ်။ မင်းက စစ်သားတစ်ယောက် မဟုတ်ပဲ ယောက်ျားတစ်ယောက်ပဲဖြစ်ချင်တယ်ဆိုတာ ငါသိတယ်။ ယောက်ျားတစ်ယောက်ဆိုတာကလည်း သူလှမ်းသမျှ ခြေလှမ်းတိုင်းကို တာဝန်ယူနိုင်ရမယ်။ လျှောက်နေရတဲ့ လမ်းက မိလ္လာလမ်းဆိုရင်တောင်မှ အချို့လူတွေက သူတို့တန်ဖိုး နိမ့်ကျသွားခြင်းမရှိအောင် ထိန်းလျှောက်သွားနိုင်သည်။ မင်းက စစ်သားတစ်ယောက်ဖြစ်လာခဲ့ပြီ၊ ကောင်းတဲ့ စစ်သားဆိုတာလည်း စစ်သားပဲ၊ ညံ့တဲ့စစ်သားဆိုတာကလည်း စစ်သားပဲ။ မင်းကိုယ်မင်း တန်ဖိုးရှိနေပြီလို့ ခံစားရရင် မင်း ဒီအတိုင်း ဆက်နေသွားလို့ ရတယ်။"

ချန်းကျင်း အင်္ကျီ ဝတ်ရင်း မျက်လုံးစွေကြည့်လိုက်သည်။ "ဒါပေမယ့် မင်းကိုယ်မင်းတောင် အခုပုံစံအတိုင်း မမြင်ချင်ဘူးလို့တွေးရင် မင်းရဲ့အပြုအမူ၊ သဘောထားတွေ နည်းနည်းပြောင်းလိုက်။ လာ၊ အခုက စပြီး ကြိုးစား၊ သိပ်မနောက်ကျသေးပါဘူး။"

ပိုင်ရှင်းယွီ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ့မျက်လုံးတွေက ရှုပ်ထွေးနေပုံပေါ်ပြီး သူ့စိတ်အတွင်းတွင်တော့ ကသောင်းကနင်းဖြစ်နေလေသည်။

ချန်းကျင်း လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။ "သွားနားတော့။"

အချိန်အတော်ကြာအောင် ထိုင်ခုံပေါ်တွင် ခေါင်းငုံထိုင်နေသည့် ပိုင်ရှင်းယွီက ရုတ်တရက် ထရပ်ကာ အခန်းတံခါးဆီသို့ ဦးတည်သွားလိုက်သည်။ တုန်လှုပ်မှုဒဏ် မခံနိုင်မှာကို စိုးရိမ်နေမှုများဖြင့် ဖုန်းသုန့်ယွမ်နှင့် ချန်းလျန် နှစ်ယောက်လုံးက သူ့ကို စောင့်ကြည့်နေကြတာမို့ သူ ထရပ်လိုက်ချိန်တွင် သံပြိုင်မေးလိုက်ကြသည်။

"ဘယ်သွားမလို့လဲ။"

ပိုင်ရှင်းယွီ ပြောလိုက်သည် : "အိမ်ကို ဖုန်းခေါ်မလို့"

သူ ဒီရောက်နေသည်မှာ တစ်လကျော်သွားပြီ ဖြစ်ပေမယ့် သူ အိမ်ကို တစ်ခေါက်လေးတောင် ဖုန်းမခေါ်ရသေး။ သူ့မိဘများကို ဒေါသထွက်၊ မကျေမနပ်ဖြစ်နေတာအပြင် သူသာ သူ့အမေအသံကို ကြားလိုက်ပါက ထိန်းချုပ်နိုင်စွမ်းမရှိတော့မှာကို ကြောက်နေမိခြင်းသာ။ သို့ပေမယ့် အခုအချိန်တွင်တော့ သူ ငိုမိမယ်လို့ မထင်။ သူ စစ်သားကောင်းတစ်ယောက် မဖြစ်ချင်ပေမယ့် သူ အရှက်တကွဲ မျက်နှာပျက်ရသူလည်း မဖြစ်ချင်တာမို့ သူ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ချင်သည်။

ပိုင်ရှင်းယွီ အဆောင်အခန်းအပြင်သို့ ထွက်သွားသည်။ ယွီဖုန်းချန်လည်း လက်ထဲမှ စာအုပ်ကို ချကာ အပြင်လိုက်ထွက်သွားလိုက်သည်။

KittyKitling

T/N : ဒီအပိုင်းမှာ ရှင်းယွီ ပေပီလေးကို တကယ်ဖက်ထားပေးချင်မိတဲ့အထိပါပဲ။

_____///_____

[Zawgyi]

'ရစ္သီေနေသာ အရွက္တရား'

သူ အေရွ႕အရပ္မွ အလင္းတန္းမ်ားကို ၾကည့္ေနခ်ိန္အတြင္း တပ္သားသစ္ ေတာ္တ္ောမ်ားမ်ားက ကြင္းျပင္အနားသို႔ ျဖည္းျဖည္းခ်င္း တရြတ္တိုက္ဆြဲ ျပန္ေျပးသြားၾကသည္။ ခ်န္းက်င္း အခ်ိန္ကို ငုံ႔ၾကည့္ရင္း ေျပာလိုက္သည္။

"ဖုန္းခ်န္၊ မင္းတို႔ အရင္သြားႏွင့္ေတာ့။ တစ္ဖြဲ႕လုံး တကယ္ ျပန္ေျပးရေအာင္ မလုပ္နဲ႔။"

ယြီဖုန္းခ်န္ ေခါင္းၿငိမ့္လိုက္သည္၊ သူ ပိုင္ရွင္းယြီကို နားလည္ရခက္သည့္ အၾကည့္တစ္မ်ိဳးျဖင့္ ၾကည့္ၿပီးေနာက္ ခံနိုင္ရည္ရွိ၊ ႀကံ့ခိုင္ေသာ စစ္သားမ်ားႏွင့္အတူ ပိုလ်င္ျမန္သည့္ အရွိန္ျဖင့္ စေျပးထြက္သြားသည္။

ခ်န္းက်င္းႏွင့္ ပိုင္ရွင္းယြီ စစ္တပ္ကြင္းျပင္သို႔ ျပန္ေရာက္ခ်ိန္တြင္ နာရီဝက္ေက်ာ္သြားၿပီဆိုသည္မွာ သိသာလွသည္။ တတိယအဖြဲ႕မွ ေနာက္က် ျပန္ေရာက္လာသူထဲတြင္ သူတို႔ႏွစ္ေယာက္သာ ရွိသည္။

ပိုင္ရွင္းယြီ ယိုင္တိယိုင္တိုင္ျဖင့္ မတ္တပ္ရပ္ေနသည္၊ သူ႔ႏွာေခါင္းမ်ားကလည္း စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေနကာ သူ ငိုခ်င္ေနမိသည္။ သူ႔ေျခေထာက္မ်ားကလည္း က်ိဳးေတာ့မတတ္ျဖစ္ေနေပမယ့္ သူ သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း ျပန္ေရာက္မလာနိုင္။ တစ္ဖြဲ႕လုံးထဲတြင္ အခ်ိန္မွီ မေျပးနိုင္သူမွာ သူတစ္ေယာက္တည္းသာ ျဖစ္သည္၊ သူ တစ္ေယာက္တည္းသာ။ ဒီမွာရွိေနသည့္ တစ္လ၊ အျခားစစ္သားမ်ား ကိုယ္ခႏၶာႀကံ့ခိုင္ေရး သင္ခန္းစာမ်ားႏွင့္ အသားက်ေအာင္ ႀကိဳးစားရင္း တျဖည္းျဖည္းတိုးတက္လာခ်ိန္တြင္ သူတစ္ေယာက္တည္းကသာ အပ်င္းတစ္ၿပီး ေက်ာ္ျဖတ္နိုင္႐ုံဆိုသည့္ မ်ဥ္းတည့္တည့္တြင္ ရပ္တန့္ေနခဲ့သည္။ ရလဒ္အေနနဲ႔ကေတာ့ ရႊီေခ်ာင္ရဲ့ ႐ုတ္တရက္ဆန္လွသည့္ ေလ့က်င့္မွုေအာက္တြင္ ကြာျခားခ်က္ ရလဒ္မ်ားက ေပၚထြက္လာေတာ့သည္။

ရႊီခ်န္ လက္ေနာက္ပစ္ကာ လမ္းေလၽွာက္လာၿပီး သူ ခ်န္းက်င္းကို ၾကည့္ရင္း ေမးလိုက္သည္။

"မင္းက ဘယ္လိုျဖစ္ရတာလဲ။"

"တပ္မွူးကို သတင္းပို႔၊ ကၽြန္ေတာ္က သူ႔အဖြဲ႕ရဲ့ေခါင္းေဆာင္ပါ။"

"အဓိပၸါယ္မရွိ၊ မင္းက သူ႔ကို ႀကီးၾကပ္ရသူဆိုတာ ငါမသိလို႔လား။"

"တပ္မွူးကို သတင္းပို႔၊ သူ လမ္းအဆုံးထိ ႀကိဳးစားေျပးခဲ့ရင္ သူေနာက္က်ရင္ေတာင္ ကၽြန္ေတာ္က သူ႔အစား ထပ္ေဆာင္း 5km ေျပးေပးမယ္လို႔ သူ႔ကို ကတိေပးထားပါတယ္။"

ရႊီေခ်ာင္ မ်က္လုံးေမွးၾကည့္ၿပီး ေျပာလိုက္သည္။ "ငါ သေဘာတူခဲ့လို႔လား။"

ခ်န္းက်င္း ေခါင္းငုံ႔ၿပီး တိုးတိုးေျပာလိုက္သည္။

"တပ္မွူး၊ ကၽြန္ေတာ့္ကို မ်က္ႏွာသာေပးပါဗ်ာ၊ သူသာ 5km ထပ္ေျပးရရင္ တစ္ခုခုျဖစ္သြားေလ့မယ္။"

ရႊီေခ်ာင္ ခ်န္းက်င္းကို စူးကနဲၾကည့္ၿပီးမွ လက္ေဝွ႕ျပလိုက္သည္။

"ေျပး!"

"ဟုတ္!" ခ်န္းက်င္း အေလးျပဳၿပီး စစ္ကြင္းျပင္ရွိ အေျပးလမ္းေၾကာင္းအတိုင္း စတင္ေျပးလိုက္ေတာ့သည္။

"ေခါင္းေဆာင္ .." ပိုင္ရွင္းယြီ အေနာက္မွ ေျခလွမ္း ႏွစ္လွမ္းေလာက္ ႀကိဳးစား ေျပးလိုက္ေပမယ့္ သူ႔ေျခေထာက္မ်ားက ေပ်ာ့ေခြေနသည္။ သူ႔လည္ပင္းကို တစ္စုံတစ္ရာက တစ္ဆို႔ထားသကဲ့သို႔ 'ကၽြန္ေတာ္ေျပးလိုက္ပါ့မယ္' ဆိုသည့္စကားကို သူမေျပာနိုင္။ သူ႔မွာ ဒီတိုင္း ရပ္ေနရင္းေတာင္ တုန္ယင္ေနတာမို႔ သူ ခ်န္းက်င္းေနာက္ေက်ာကို ၾကည့္ရင္းႏွင့္သာ သူ႔ႏွလုံးသားက အျပစ္ရွိစိတ္၊ အားငယ္စိတ္မ်ားျဖင့္ ျပည့္ႏွက္လာေတာ့သည္။ တစ္ဖြဲ႕လုံးကလည္း သူ႔ကို ဝိုင္းၾကည့္ေနၾကကာ ျပင္းထန္လွတဲ့ အၾကည့္ေတြက သူ႔မ်က္ႏွာကို ပိုပူလာေစၿပီး သူ ေခါင္းေတာင္ မေဖာ္ရဲ။

ရႊီေခ်ာင္းက လူစုခြဲခိုင္းလိုက္သည္၊ မနက္စာ မတိုင္ခင္အထိ အျပင္မွာ အေလလိုက္မေနပဲ လူတိုင္း ျပန္သြားနားဖို႔ ေျပာလာေပမယ့္ တတိယအဖြဲ႕မွ ဘယ္သူမွ ျပန္သြားျခင္းမရွိ။ သူတို႔က ခ်န္းက်င္းေနာက္ကို အမွီလိုက္ရင္း ေဖ်ာင္းဖ်ၾကသည္။

"ေခါင္းေဆာင္၊ တပ္မွူးလည္း ျပန္သြားၿပီ။ ဒါ အခ်က္ျပတယ္လို႔ သေဘာထားၿပီး ျပန္သြားနားရေအာင္ေလ။"

ခ်န္းက်င္း သူ႔ကို စူးစိုက္ၾကည့္ကာ အသက္လုရွူရင္း ေျပာလိုက္သည္။

"မင္း တပ္မွူးကိုေတာ့ အရွုးလုပ္နိုင္ပါတယ္၊ ဒါေပမယ့္ မင္းကိုယ္မင္း အ႐ူးလုပ္နိုင္လား။ ဘာမဟုတ္တဲ့ 5kmအတြက္နဲ႔ မင္းႏွလုံးသားမွာ အဖုအထစ္ျဖစ္က်န္ခဲ့ရၿပီး ေနာင္အခ်ိန္ ျပန္ေတြးမိရင္ အေနရခက္သြားလိမ့္မယ္။"

သူ မ်က္မွန္ကို ခၽြတ္ကာ အိတ္ကပ္ထဲသို႔ ထည့္ထားၿပီးျဖစ္သည္။ သူ႔မ်က္ႏွာက ႐ုတ္တရက္ဆိုသလို ႏွစ္အနည္းငယ္မၽွ ငယ္ရြယ္ေနပုံေပါက္သြားၿပီး မ်က္ႏွာေပၚရွိ ေခၽြးပါးပါးေလးႏွင့္ တင္းတင္းေစ့ထားေသာ ႏွုတ္ခမ္းပါးက သူ႔ကို ေခါင္းေၾကာမာသည့္ ေကာင္ေလးငယ္တစ္ေယာက္ပုံစံ ျဖစ္သြားေစသည္။

ပိုင္ရွင္းယြီမွာ ခ်န္းက်င္း အေျပးႏွုန္းကို အမွီလိုက္ဖို႔ ပင္ပန္းလြန္းေနတာမို႔ သူ ေျပးေၾကာင္း အတြင္းမွသာ လမ္းေလၽွာက္လိုက္ေနမိသည္။ ခ်န္းက်င္း ေခၽြး အမ်ားအျပား ထြက္ေနတာကို ၾကည့္ရင္း သူ ပို ပိုၿပီး ေနရခက္လာေတာ့သည္။

"ေဟး၊ ေခါင္းေဆာင္ကို စကားဆက္မေျပာနဲ႔။ သူ ေမာေနၿပီ။"

ခ်န္းက်င္း ေျပာလိုက္သည္။ "ရပါတယ္၊ 10kmက ဘယ္ေလာက္မွ မဟုတ္ပါဘူး။"

ေရွာင္းေမာင္း ေအးတိေအးစက္ ေျပာလာသည္။ "တပ္ရင္းတစ္ခုလုံးမွာ တစ္ေယာက္ပဲ အရည္အခ်င္း မျပည့္မွီတာ၊ ၿပီးေတာ့ အဲ့တစ္ေယာက္က ငါတို႔အဖြဲ႕ကတဲ့။ 5kmက ဘယ္ေလာက္မ်ား ခက္နိုင္လို႔လဲ။ မင္းသာ အျမဲ စိတ္ႏွစ္ၿပီး လုပ္ခဲ့ရင္ .."

"ေရွာင္းေမာင္း" က်ဴးေက်ာင့္ပင္း သူ႔ကို တံေတာင္ႏွင့္ ထိုးကာ မ်က္စိမွိတ္ အခ်က္ျပလာသည္။ "ထားလိုက္ေတာ့။"

ေရွာင္းေမာင္း တမင္ကို အသံျမႇင့္ၿပီး ေျပာလိုက္သည္။ "ငါ ေျပာေတာ့ေကာ ဘာျဖစ္လဲ။ ငါၾကားတာ ငါတို႔အဖြဲ႕ေခါင္းေဆာင္က အေျမႇာက္တပ္ရင္းမွာဆို ထိပ္တန္းစစ္သားတဲ့။ သူ တပ္ၾကပ္ရာထူး တိုးခံထားရတာေတာင္ မၾကာေသးဘူး။ သူဦးေဆာင္ေနရတဲ့ တပ္သားသစ္ေတြရဲ့ ရလဒ္က သူ႔အတြက္ အရမ္းအေရးႀကီးတယ္။"

ခ်န္းက်င္း အသံက အနည္းငယ္တိမ္ဝင္သြားသည္။ "ေရွာင္းေမာင္း၊ မင္း ျပန္သြားနားေတာ့။"

ေရွာင္းေမာင္း ပိုင္ရွင္းယြီကို စူးစိုက္ၾကည့္ၿပီးမွ တစ္ဖက္လွည့္ကာ အေဝးေလၽွာက္သြားေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ေခါင္းကိုသာ ဆက္ငုံ႔ထားၿပီး ဘာမွျပန္မေျပာ။

ဖုန္းသုန့္ယြမ္ သူ႔ကို ညင္ညင္သာသာ တြန္းထိုးလိုက္သည္။ "ေျပာတာေတြ စိတ္ထဲမထားနဲ႔၊ ေလ့က်င့္ေရးေတြက တစ္လပဲ ရွိေသးတယ္။ မင္း အမွီလိုက္နိုင္မွာပါ။"

ယြီဖုန္းခ်န္ ေအးတိေအးစက္ ေျပာလာသည္။ "ဒီအက်င့္၊ ဒီလိုသေဘာထားေတြနဲ႔ အခ်ိန္တစ္ႏွစ္ေပးရင္ေတာင္ ေအာင္ျမင္မွာ မဟုတ္ဘူး။ ဒီေန႔ အဖြဲ႕ေခါင္းေဆာင္ကို မင္းအစားေျပးခိုင္းတယ္၊ မနက္ျဖန္က် မင္းေနရာအစား ဘယ္သူ႔ကို လုပ္ခိုင္းမွာလဲ။ ပိုင္ရွင္းယြီ၊ မင္း ဟင္းခ်က္ေဆာင္ကိုပဲ သြားလိုက္တာ ပိုေကာင္းမယ္။"

ခ်န္းက်င္း ေျပးေနသည္မွာ အေဝးေရာက္ေနၿပီျဖစ္၍ ထိုစကားမ်ားကို မၾကားလိုက္ေပမယ့္ ေဘးပတ္ပတ္လည္မွ တပ္သားသစ္အကုန္လုံးကေတာ့ ၾကားလိုက္ရသည္။ သူတို႔အကုန္လုံးက တိတ္ဆိတ္ေနေပမယ့္ စိတ္ထဲ ေနရသက္သာသြားၾကသည္။ ယြီဖုန္းခ်န္ ေျပာသြားသည္မ်ားက တကယ္ကို မွန္သည္။ ပိုင္ရွင္းယြီက သူတို႔အဖြဲ႕ကိုပဲ ေအာက္ဆြဲခ်ေနတာမဟုတ္၊ သူက ခ်န္းက်င္းရဲ့ အဆင့္ေတြကိုပါ ဆြဲခ်ေနၿပီး ခ်န္းက်င္း ရာထူးတိုးဖို႔ကို ထိခိုက္ေနေစသည္။ ခ်န္းက်င္းက ျပဳံးရယ္ေနတတ္သူေတာ့ မဟုတ္၊ သို႔ေပမယ့္ သူက လုပ္နိုင္ကိုင္နိုင္စြမ္းရွိကာ ေျဖာင့္မတ္သူတစ္ေယာက္ျဖစ္တာမို႔ အဖြဲ႕အတြင္း ေလးစားမွု အမ်ားအျပားရရွိထားသူျဖစ္သည္။ အစကတည္းက ပိုင္ရွင္းယြီက ပ်င္းရိၿပီး အရွက္မရွိသူျဖစ္သည္။ သူတို႔ အမ်ားဆုံး အထင္ေသးတာမ်ိဳးေတာ့ ရွိေပမယ့္ အျပင္ဘက္တြင္ေတာ့ ဘာတစ္ခုမွ မေျပာၾက။ သို႔ေပမယ့္ ဒီေန႔အျဖစ္အပ်က္က သူတို႔အကုန္လုံးကို ေဒါသေပါက္ကြဲထြက္ေစၿပီး လက္ညႇိုးတိုင္းက သူ႔ကို ဦးတည္ထိုးေနၾကေလသည္။

ပိုင္ရွင္းယြီမွာ စိတ္ပင္ပန္းလူပင္ပန္း အေျခအေနတြင္ ရွိေနၿပီး ျပင္းထန္ေသာ ရွက္စိတ္က သူ႔အနား ရစ္သီေနေတာ့သည္။

တကယ္ေတာ့ ခ်န္းက်င္း စစ္သားျဖစ္ေနသည္မွာ ႏွစ္ႏွစ္ေက်ာ္ၿပီ ျဖစ္တာမို႔ 10km ေျပးၿပီးခ်ိန္တြင္ အနည္းငယ္ေဟာဟဲဆိုက္သည္္မွ လြဲၿပီး အရာရာတည္ၿငိမ္လွသည္။ အဖြဲ႕၃မွ တပ္သားတိုင္း သူ႔အေနာက္မွ လိုက္ၿပီး အေဆာင္သို႔ ျပန္လိုက္ၾကသည္။ ပိုင္ရွင္းယြီလည္း ေနာက္ဆုံးမွ ေလၽွာက္လိုက္လာသည္။ သူ႔တြင္ သြားစရာေနရာ မရွိ။ လႊတ္ေျမာက္အသက္ရွင္ခ်င္သည့္ ခံစားခ်က္က သူ႔စိတ္ထဲ ျပန္ေပၚလာတာမို႔ သူ႔ကို အိမ္ျပန္ေခၚဖို႔ သူ႔အစ္ကိုကို ေတာင္းပန္ရန္ အႀကံဝင္လာမိေပမယ့္လည္း မျဖစ္နိုင္မွန္း သူသိေနသည္။

အေဆာင္ျပန္ေရာက္ခ်ိန္တြင္ ပိုင္ရွင္းယြီ ခ်န္းက်င္းအိပ္ယာအနားသို႔ ျဖည္းျဖည္း ေလၽွာက္သြားရင္း တိုးတိုးေလးေျပာလိုက္သည္။

"အဖြဲ႕ေခါင္းေဆာင္၊ ေက်းဇူးတင္ပါတယ္။"

အကယ္၍ ခ်န္းက်င္းသာ သူ႔အစား 5km မေျပးေပးပါက သူ စစ္ကြင္းျပင္တြင္ ေသသြားေလာက္ၿပီ။

ခ်န္းက်င္း ေခၽြးစိုေနသည့္ အကၤ်ီကို ခၽြတ္ကာ သူ႔ခႏၶာကိုယ္ကို တဘတ္ျဖင့္ သုတ္ရင္း ေျပာလိုက္သည္။

"မလိုပါဘူး၊ ဒီေန႔ မင္းစြမ္းေဆာင္ရည္က ငါထင္ထားတာထက္ နည္းနည္းေတာင္ ပိုေကာင္းေနေသးတယ္။"

"တကယ္လား။"

"တကယ္၊ အနည္းဆုံးေတာ့ မင္း အျမဲတမ္းလိုလို အခ်ိန္မွီၿပီးခ်င္ခဲ့တယ္ေလ။ ဒါေပါ့၊ အခုက မေန႔ကနဲ႔ ယွဥ္လိုက္ရင္ နည္းနည္းပဲ ပိုေကာင္းလာတာေပါ့။ ဒါေပမယ့္ တစ္ဖြဲ႕လုံး မဟုတ္ေသးဘူး တပ္ရင္းတစ္ခုလုံးနဲ႔ ယွဥ္လိုက္ရင္ေတာင္ မင္းက နည္းနည္းဆိုးတာထက္ကို ပိုတယ္။ မင္း အျမဲအပ်င္းတစ္ေနခဲ့တယ္၊ ဒါေပမယ့္ ငါ မသိခ်င္ေယာင္ေဆာင္ေပးထားတယ္။ ဘာလို႔လဲ သိလား။"

ပိုင္ရွင္းယြီ ေခါင္းငုံထားရင္း ဘာမွျပန္မေျပာ။

"မင္းအရည္အခ်င္းက ေအာင္မွတ္သာသာေလး ျဖစ္ေနလို႔ ငါ ဘာမွထူးမေျပာေတာ့တာ မဟုတ္ဘူး။ ငါ ဒီလိုေန႔ကို ေစာင့္ေနခဲ့တာ။"

ခ်န္းက်င္း သူ႔ပခုံးကို လက္ညိဳးျဖင့္ ထိုးလိုက္သည္။

"မင္းအပ်င္းတစ္မိျခင္းရဲ့ အက်ိဳးဆက္ေတြကို သိလာမယ့္ ေန႔တစ္ေန႔ကို ငါေစာင့္ေနခဲ့တာ။ အကယ္၍မ်ား ဒါကသာ စစ္ပြဲအခ်ိန္ေတြဆိုပါေတာ့။ တိုက္ပြဲေရာက္လို႔ ေသနတ္က်ည္မွန္မွ ေသခ်ာ မေလ့က်င့္ခဲ့တာေတြအတြက္ ေနာင္တရပါတယ္ဆို မင္း ေသမင္းကို ေျပာျပမွပဲ ရေတာ့မယ္။"

ပိုင္ရွင္းယြီ တိုးတိုးေလး ျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ္ ထပ္ၿပီး မပ်င္းေတာ့ပါဘူး။"

"မင္းရဲ့ လုပ္ေဆာင္မွုေပၚမွာ မူတည္တယ္၊ ေနာင္လာမယ့္ေန႔ေတြမွာ ငါလည္း မင္းအပ်င္းတစ္တာကို သည္းခံေတာ့မွာ မဟုတ္ဘူး။ ေလ့က်င့္ေရး တာဝန္ေတြက ပို ပိုအားစိုက္ဖို႔ လိုလာၿပီ။ ဒီသုံးလအတြင္း မင္းလုပ္ေဆာင္ခဲ့တာေတြ ငါတို႔က ေသခ်ာၾကည့္ရွုၿပီး စာအုပ္ထဲခ်ေရးထားတယ္။ မင္းက စစ္သားတစ္ေယာက္ မဟုတ္ပဲ ေယာက္်ားတစ္ေယာက္ပဲျဖစ္ခ်င္တယ္ဆိုတာ ငါသိတယ္။ ေယာက္်ားတစ္ေယာက္ဆိုတာကလည္း သူလွမ္းသမၽွ ေျခလွမ္းတိုင္းကို တာဝန္ယူနိုင္ရမယ္။ ေလၽွာက္ေနရတဲ့ လမ္းက မိလႅာလမ္းဆိုရင္ေတာင္မွ အခ်ိဳ႕လူေတြက သူတို႔တန္ဖိုး နိမ့္က်သြားျခင္းမရွိေအာင္ ထိန္းေလၽွာက္သြားနိုင္သည္။ မင္းက စစ္သားတစ္ေယာက္ျဖစ္လာခဲ့ၿပီ၊ ေကာင္းတဲ့ စစ္သားဆိုတာလည္း စစ္သားပဲ၊ ညံ့တဲ့စစ္သားဆိုတာကလည္း စစ္သားပဲ။ မင္းကိုယ္မင္း တန္ဖိုးရွိေနၿပီလို႔ ခံစားရရင္ မင္း ဒီအတိုင္း ဆက္ေနသြားလို႔ ရတယ္။"

ခ်န္းက်င္း အကၤ်ီ ဝတ္ရင္း မ်က္လုံးေစြၾကည့္လိုက္သည္။ "ဒါေပမယ့္ မင္းကိုယ္မင္းေတာင္ အခုပုံစံအတိုင္း မျမင္ခ်င္ဘူးလို႔ေတြးရင္ မင္းရဲ့အျပဳအမူ၊ သေဘာထားေတြ နည္းနည္းေျပာင္းလိုက္။ လာ၊ အခုက စၿပီး ႀကိဳးစား၊ သိပ္မေနာက္က်ေသးပါဘူး။"

ပိုင္ရွင္းယြီ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။ သူ႔မ်က္လုံးေတြက ရွုပ္ေထြးေနပုံေပၚၿပီး သူ႔စိတ္အတြင္းတြင္ေတာ့ ကေသာင္းကနင္းျဖစ္ေနေလသည္။

ခ်န္းက်င္း လက္ေဝွ႕ယမ္းျပၿပီး ေျပာလိုက္သည္။ "သြားနားေတာ့။"

အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ခုံေပၚတြင္ ေခါင္းငုံထိုင္ေနသည့္ ပိုင္ရွင္းယြီက ႐ုတ္တရက္ ထရပ္ကာ အခန္းတံခါးဆီသို႔ ဦးတည္သြားလိုက္သည္။ တုန္လွုပ္မွုဒဏ္ မခံနိုင္မွာကို စိုးရိမ္ေနမွုမ်ားျဖင့္ ဖုန္းသုန့္ယြမ္ႏွင့္ ခ်န္းလ်န္ ႏွစ္ေယာက္လုံးက သူ႔ကို ေစာင့္ၾကည့္ေနၾကတာမို႔ သူ ထရပ္လိုက္ခ်ိန္တြင္ သံၿပိဳင္ေမးလိုက္ၾကသည္။

"ဘယ္သြားမလို႔လဲ။"

ပိုင္ရွင္းယြီ ေျပာလိုက္သည္ : "အိမ္ကို ဖုန္းေခၚမလို႔"

သူ ဒီေရာက္ေနသည္မွာ တစ္လေက်ာ္သြားၿပီ ျဖစ္ေပမယ့္ သူ အိမ္ကို တစ္ေခါက္ေလးေတာင္ ဖုန္းမေခၚရေသး။ သူ႔မိဘမ်ားကို ေဒါသထြက္၊ မေက်မနပ္ျဖစ္ေနတာအျပင္ သူသာ သူ႔အေမအသံကို ၾကားလိုက္ပါက ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့မွာကို ေၾကာက္ေနမိျခင္းသာ။ သို႔ေပမယ့္ အခုအခ်ိန္တြင္ေတာ့ သူ ငိုမိမယ္လို႔ မထင္။ သူ စစ္သားေကာင္းတစ္ေယာက္ မျဖစ္ခ်င္ေပမယ့္ သူ အရွက္တကြဲ မ်က္ႏွာပ်က္ရသူလည္း မျဖစ္ခ်င္တာမို႔ သူ စစ္သားေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားၾကည့္ခ်င္သည္။

ပိုင္ရွင္းယြီ အေဆာင္အခန္းအျပင္သို႔ ထြက္သြားသည္။ ယြီဖုန္းခ်န္လည္း လက္ထဲမွ စာအုပ္ကို ခ်ကာ အျပင္လိုက္ထြက္သြားလိုက္သည္။

KittyKitling

T/N : ဒီအပိုင္းမွာ ရွင္းယြီ ေပပီေလးကို တကယ္ဖက္ထားေပးခ်င္မိတဲ့အထိပါပဲ။

Continue Reading

You'll Also Like

11.7K 769 8
天宝伏妖录" နတ်ဆိုးခြွေဒဏ္ဍာရီ "ဆိုတာ Author Fei Tian Ye Xiang(非天夜翔)ရဲ့ Volume (5)ခု Chapter (221)ခုပါဝင်တဲ့ Xuan Huan , BL , Ancient Romance အမျိုးအစာ...
207K 34.8K 63
||Completed|| novelတော်တော်များများမှာဆို Mlကmcရဲ့ ပုံစံအမှန်ကိုပဲ အရင်တွေ့ကြတာများပြီး ဒီတစ်ခါတော့ mlအထင်မှား ကောက်ချက်ချတဲ့ဟာလေးပါ🤣 novelေတာ္ေတာ္မ...
156K 10K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
767K 124K 61
Type - Web Novel Title - Wife, Children and Warm Bed (老婆孩子热炕头/ 灰大叔与混血王子) Author - Shui Qian Cheng (水千丞) Genre - Adult, Drama, Romance, Mature,Yaoi St...