Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

14

10.9K 2K 167
By callme__kitty

[Unicode]

"ငါ့ပုံစံက အဆင်ပြေနေပုံ ပေါ်လို့လား။"

ပိုင်ရှင်းယွီ နောက်ဆုံးမှာတော့ သူ့အစ်ကိုက သူ့ကို စစ်တပ်ထဲ တစ်သက်လုံးနေဖို့ ပြောပြီး ဖုန်းချသွားမှန်း သဘောပေါက်သွားတော့သည်။ ထိုခဏလေးအတွင်းမှာ သူ အဆုတ်ကွဲအက်သွားသည်အထိ အော်ငိုပစ်ချင်မိသွားသည်။ သို့ပေမယ့် သူ ချုပ်တည်းထားလိုက်သည်။ တကယ်တမ်းမှာ, သူ့အစ်ကိုအကြောင်း သိသူပီပီ သူ့စိတ်ထဲတွင် မျှော်လင့်ချက် များများစားစား မရှိ။ သူ့အစ်ကိုက အမြဲ ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်ပြီး သူ အကြင်နာမဲ့ဖို့ ဆုံးဖြတ်လိုက်ပါက သူနှင့် ပတ်သတ်သော လူများက ပါဝင် ကူပြောရင်တောင် အကျိုးထူးမှာ မဟုတ်။ အခုလေးတင် ကြားလိုက်ရသည့် သူ့အစ်ကို အသံအရဆိုလျှင် သူနှင့်သာ မျက်နှာချင်းဆိုင် တွေ့ပါက ပိုင်ရှင်းယွီ သူ့အစ်ကိုရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားလေ့မည်ဟု ခံစားမိနေသည် ...

တာဝန်ကျလို့ စောင့်နေရသည့် တပ်သားလေးက သူ့အား ရူးနေတဲ့ လူတစ်ယောက်လို ကြည့်လာသည်။

"ရဲဘော်၊ မင်း အဆင်ပြေရဲ့လား။"

ပိုင်ရှင်းယွီ သူ့နှာရည်နှင့် မျက်ရည်များကို ပွတ်သုတ်ပြီး ပြောလိုက်သည်။

"ငါ့ပုံစံက အဆင်ပြေနေပုံ ပေါ်လို့လား။"

"အေး .. အေး၊ ဆက်ငို ဆက်ငို။ ငါ အပြင်ဘက်မှာ ဆေးလိပ် သွားသောက်လိုက်ဦးမယ်။" သူ နောက်ဆုံးမှာတော့ ကောင်လေးတစ်ယောက် ငိုနေတာကို မကြည့်နိုင်တော့ပဲ ထထွက်သွားတော့သည်။

ပိုင်ရှင်းယွီ ဖုန်းကိုင်ထားရင်းနှင့် သူ့အိမ်ဖုန်းနံပါတ်က သူ့အတွေးထဲ ဝင်လာသည်။ သို့ပေမယ့် သူ့လက်ချောင်းများက သံချေးတက်နေသည့်အလား ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူ့အိမ်ဖုန်းနံပါတ်ကို ရိုက်မထည့်နိုင်။ သူ သူ့အမေအသံသာ ကြားလိုက်ပါက သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်။ .. သို့ပေမယ့်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ကော ဘာလုပ်လို့ ရမှာလဲ။ သူ့မိဘတွေက သူ့ကို အကြင်နာတရားမဲ့စွာ တပ်ထဲကို ပစ်ထည့်ခဲ့ပြီးပြီ။ သူတို့က သူ့ကို ပြန်လာခွင့် ပေးမှာ မဟုတ်။ ဒီဖုန်းခေါ်ဆိုမှုက သူ ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်။ အကယ်၍များ သူ ဖုန်းခေါ်လိုက်ပါက, ည မအိပ်နိုင်ဖြစ်သည်အထိ ခံစားရမည်မှာ သူတစ်ဦးတည်းသာ။

ပိုင်ရှင်းယွီ တုန့်ဆိုင်းနေပေမယ့်လည်း သူ ဖုန်းခွက်ကို ပြန်တင်လိုက်သည်။ ဒီအချိန်ခဏအတွင်းမှာ သခင်လေး 'ပိုင်' ရုတ်တရက် သူ့ကံကြမ္မာကို ကြိတ်မှိတ် လက်ခံနိုင်သွားသည်။ သူ စစ်မှုထမ်း ကာလမပြီးဆုံးမချင်း သို့မဟုတ် သူ့ခြေတွေလက်တွေ မကျိုးပဲ့မချင်း သူ ဒီက ထွက်သွားနိုင်မှာ မဟုတ်။ ယခု ဒီအချိန်မှစကာ, သူ့ စစ်မှုထမ်းရမည့် ကာလသက်တမ်း နှစ်နှစ်ကို တိတ်တိတ်ဆိတ်ဆိတ်လေး ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်သည်။ သူ စည်းကမ်းလိုက်နာပြီး အပြစ်ပေး မခံရအောင် ကြိုးစားမည်၊ ဂြိုလ်မွှေကောင်ကိုလည်း ရှောင်ရှားရမည်။ သူသာ ဒီနေရာမှ ခြေလက်အစုံအလင်နှင့် ပြန်ထွက်လာနိုင်ပါက သူ, သခင်လေး 'ပိုင်' ပေ့ကျင်း ပြန်ရောက်သည်နှင့် အရင်ကလို သူ၏ သာယာလှပသော ဘဝတစ်ခုမှာ ပြန်နေနိုင်သွားမည်ပင်။ သူ တကယ်ကို သေချာပေါက် တောင့်ခံထားရမည်!!

ဖုန်းခေါ်ပြီးချိန်၌ မနက်စာ စားရန် အချိန်သို့ ရောက်လာတော့သည်။ ပိုင်ရှင်းယွီမှာ ဗိုက်ဆာလွန်းလို့ မူးဝေဝေတောင် ပြန်ဖြစ်ချင်နေသည်။ သူ ကန်တင်းသို့ အပြေးသွားကာ စားစရာများ ယူလိုက်ပြီး ထောင့်တစ်ထောင့်တွင် ထိုင်စားလိုက်သည်။ ကန်တင်းထဲရှိ တပ်သားသစ် အကုန်လုံးက စစ်တပ် ကွင်းပြင်ကျယ်တွင် လေ့ကျင့်ခန်းများ လုပ်ပြီး ပြန်လာကြသူများ ဖြစ်တာမို့ သူတို့အကုန်လုံးက သေရေးရှင်ရေးနီးပါး ကွင်းပတ်ပြေးနေရသည့် ဒီကံမကောင်းသူ အမောင် ပိုင်ရှင်းယွီအား ရင်းနှီးနေကြသည်။ ပိုင်ရှင်းယွီ မနက်စာ စားနေရင်း သူ့ဘေးမှ လူတိုင်းက သူ့အကြောင်း တီးတိုးပြောကာ လှောင်ရယ်နေကြသည်ကို ခံစားလို့ရနေသည်။ သူ့အကြီးတွေ သူ့အား ဆူပူ ငေါက်ငမ်းချိန်တွင် နားကန်းတစ်ယောက်လို နေတတ်တဲ့ သူ့ရဲ့ အတတ်ကောင်းတွေကို အသုံးချရင်း သူ လူတိုင်း ပြောသမျှကို နားထဲမရောက်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။

မနက်စာ စားပြီးချိန်တွင်တော့ သူ အဆောင်သို့ ပြန်သွားလိုက်သည်။

သူက အရမ်းစိတ်ဓာတ်ကျနေတဲ့ ပုံပေါ်ပြီး ထိုအကြောင်းက သူ့မျက်နှာတွင် ရေးထားသလိုနီးပါးပင် ဖြစ်နေသည်။ ချန်းလျန် သူ့ကို မြင်ချိန်တွင် မေးလိုက်သည်။

"မင်း မင်းမိသားစုနဲ့ အဆက်အသွယ် ရပြီလား။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်ပြသည်။

ချန်းလျန် သူ့ခေါင်းကို ပါပီတစ်ကောင်ကို ချော့မြူနေသလို ပုတ်လိုက်ပြီး - "အိုက်ရား၊ မင်း မျက်လုံးတွေ နီရဲနေတာကို ကြည့်ပါဦး။ အကုန် အဆင်ပြေရဲ့လား။"

ပိုင်ရှင်းယွီ ခေါင်းခါပြကာ ပြောလိုက်သည်။

"အွင်း၊ ငါ အကုန်တွေးကြည့်ပြီးပြီ၊ ငါ နောက်တစ်ကြိမ် ထပ်မနောက်ကျတော့ဘူး။"

ဖုန်းသုန့်ယွမ် ရယ်ပြီး ပြောလိုက်သည်။ "အချိန်မှီ ရောက်အောင် တစ်ခုတည်း ကြိုးစားရမှာ မဟုတ်ဘူး။ မင်း ကျန်တဲ့ စည်းကမ်းတွေလည်း လိုက်နာရဦးမယ်။"

ယွီဖုန်းချန် အေးတိအေးစက် လေသံဖြင့် ဝင်ပြောသည်။

"မင်း ဘာလို့ ရုတ်တရက် အမြင်မှန်တွေ ရလာတာလဲ။ မင်းရဲ့ ကယ်တင်ရှင် အကိုတစ်ဝမ်းကွဲကို ဖုန်းခေါ် ငိုယိုပြီး ကယ်တင်ခိုင်းတာကို ဟိုက ငြင်းလိုက်လို့လား။"

ထိုစကားက ပိုင်ရှင်းယွီအတွက် 'အနာပေါ် ဒုတ်ကျ' သလိုပင်။ သူ မလျှော့တမ်း ပြန်ပြောလိုက်သည်။

"ငါ ဒီမှာ ကောင်းကောင်းနေသွားဖို့ စိတ်ကူးထားတယ်၊ ဘာများ အပန်းကြီးမှာမို့လို့လဲ။ စစ်သား ဖြစ်ရတာလေးပဲကို။"

ထိုစကားကို ကြားချိန်တွင် ယွီဖုန်းချန် အသံက ပို၍ပင် အေးစက်လာတော့သည်။

"မင်းစိတ်ထဲ လူတိုင်းက စစ်သားဖြစ်နိုင်တယ် ထင်နေတာလား။"

ပိုင်ရှင်းယွီ အဆောင်ခန်းထဲတွင် လူအများကြီး ရှိနေတာကို တွေ့လိုက်ရသည်။ ယွီဖုန်းချန် သူ့ကို မဟုတ်တာ တစ်ခုခု ထလုပ်လို့ရမှာ မဟုတ်။ ထို့ကြောင့် သူ ခေါင်းမာမာနှင့် ပြန်ဖြေသည်။

"ငါက စစ်သား မဖြစ်နိုင်တော့ကော ဘာဖြစ်လဲ။ အခုအချိန်မှာ ငါက စစ်သား ဖြစ်နေပြီးပြီပဲ၊ မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ။"

ယွီဖုန်းချန် မျက်လုံးမှေးကာ ကြည့်နေပြီးမှ ထပြုံးသည်။

"မင်း အဲ့အကြောင်းကို သတိပြုမိတာ ကောင်းတာပဲ။ ငါတို့က မင်းကို စစ်သားကောင်းတစ်ယောက် ဖြစ်လာအောင် ကူညီပေးရမှာပေါ့။"

အဲ့အပြုံးက ကောက်ကျစ်စဉ်းလဲလွန်းတာမို့ ပိုင်ရှင်းယွီ သူ့ခေါင်းများပင် ကြိမ်းလာပြီး သူ့မျက်လုံးကိုပင် စေ့စေ့ မကြည့်ရဲတော့။

ဖုန်းသုန့်ယွမ်ကတော့ ရိုးရိုးသားသား အပြုံးလေးနှင့် ပြောလာသည်။

"ဒါပေါ့၊ ငါတို့က အဖွဲ့သားတွေပဲ။ ငါတို့အကုန်လုံး မင်းကို ကူညီပေးမယ်။"

ပိုင်ရှင်းယွီ သူ့ဘာသာ တွေးလိုက်မိသည်၊ ဂြိုလ်မွှေကောင် 'ယွီ'နှင့် ယှဉ်လိုက်ပါက ဖုန်းသုန့်ယွမ်က တကယ်ကို နတ်သားလေးပင်။

ထိုအချိန်မှာပဲ ချန်းကျင်း အခန်းထဲ ဝင်လာပြီး ပြောလိုက်သည်။

"အနားယူချိန် နာရီဝက် ပြည့်ခါနီးပြီ၊ ငါ မင်းတို့ အခန်းအိပ်ယာသန့်ရှင်းရေး လုပ်ထားတာတွေ စစ်ပြီးရင် ငါတို့အကုန် ချီတက်ရေး လေ့ကျင့်ဖို့ စစ်တပ် ကွင်းပြင်ကို သွားရမယ်။"

"အဖွဲ့ခေါင်းဆောင်" တာ့ရှုန်း အရှေ့တိုးလာသည်၊ သူ့မျက်လုံးများကလည်း တောက်ပနေသည်။ "ကျွန်တော်တို့ ဘယ်အချိန်လောက် သေနတ်ကိုင်ရမှာလဲ။"

ချန်းကျင်း သူ့ကို ကြည့်ပြီး မေးလိုက်သည်။ "မင်း သေနတ်ကိုင်ချင်နေပြီလား။"

တာ့ရှုန်း မျှော်လင့်တကြီး အကြည့်နှင့် ခေါင်း အထပ်ထပ် ငြိမ့်လိုက်သည်။

"တပ်သားသစ် လေ့ကျင့်ရေး နောက်ပိုင်း အဆင့်တွေရောက်ရင် ကိုင်ရမယ်။"

"တစ်လလောက် ကြာမှာလား။"

"အာ့အချိန်လောက်ပဲပေါ့။ အဲ့ဒါက မင်းတို့ရဲ့ တိုးတက်မှုအပေါ်လည်း မူတည်တယ်။ တပ်မှုးက တပ်သားသစ်တွေဆို အမြဲ အလျော့မပေးတတ်တာမို့ အာ့ထက်လည်း စောနိုင်တယ်။"

တာ့ရှုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကောင်းလိုက်တာ! ကျွန်တော့်လက်ထဲ သေနတ်ရောက်တာနဲ့ ဓာတ်ပုံရိုက်ပြီး အိမ်ကို ပြရမယ်။"

ချန်းကျင်း မျက်နှာက ချက်ချင်း မဲသွားပြီး ပြောလိုက်သည်။ "မင်း မနေ့ညက နည်းပြ သင်ကြား ပို့ချတာတွေ လိုက်နားမထောင်ထားဘူးလား။"

တာ့ရှုန်း တစ်ခုခု မှားနေသည်ကို သတိထားမိသွားသည်၊ သူ မျက်လုံးပေကလည် ပေကလည်နှင့် သနားကမား ကြည့်ကာ ပြောလိုက်သည်။

"နားထောင်ထားပါတယ်။"

ချန်းကျင်း တာ့ရှုန်း ပခုံးကို လက်သီးနှင့် ထိုးကာ ပြောလိုက်သည်။

"စစ်တပ်ရဲ့ လျှို့ဝှက်ထားရမည့် အရာတွေ အကြောင်း ငါ့ကို ကူးပြီး ရေးလာပြ။"

တာ့ရှုန်း မျက်နှာ ကွက်ကနဲ ပျက်သွားပြီး ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်၊ ကျွန်တော် မှားပါတယ်။"

"မင်း အမှားကနေ သင်ယူ၊ မင်းပြန်ကူးရေးပြီးရင် ငါ စစ်ပေးမယ်။"

အဆောင်တစ်ခန်းလုံး ရယ်သံများ ဖုံးသွားတော့သည်။

ချန်းကျင်း ပိုင်ရှင်းယွီ အိပ်ယာအနားသို့ လျှောက်သွားပြီး သူ့အိပ်စင်ကို လက်ညိုးထိုးလိုက်သည်။

"ဒါ မင်း မနက်က ခေါက်သွားတဲ့စောင် မလား။ ငါတို့ လုံးဝ မထိထားဘူး၊ မင်းထားခဲ့တဲ့ နေရာလေးအတိုင်းပဲ ထားထားတယ်။"

ပိုင်ရှင်းယွီ စောင်ကို တစ်ချက်ကြည့်လိုက်သည်၊ သူ့စိတ်ထဲတော့ သူ သေသေသပ်သပ်လေး ခေါက်ထားတယ်ဟု တွေးမိသည်။

ချန်းကျင်း သူ့ကို ကြည့်ကာ အံဆွဲထဲမှ ပေတံ ထုတ်လာပြီး တိုင်းပြလိုက်သည်။

"မင်းဘာသာ မင်းကြည့်၊ ဒါ ဘယ်လောက် ဟနေလဲဆိုတာ။"

ပိုင်ရှင်းယွီ ငိုချင်သွားသည်။

"ငါ မင်းကို အခွင့်အရေးပေးမယ်၊ တစ်ခန်းလုံးကို သရုပ်ဖော်ပြလိုက်၊ ပြန်ခေါက်။"

ပိုင်ရှင်းယွီ စောင်ကို ဖြန့်ချလိုက်ပြီး ပြန်ခေါက်လိုက်သည်။

ချန်းကျင်း သူ့လက်ပတ်နာရီကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "နှေးလွန်းတယ်၊ စံချိန်လည်း မမှီဘူး၊ အစက ပြန်လုပ်။"

ပိုင်ရှင်းယွီ သူ့စောင်ကို ထပ်ခါတလဲလဲ ခေါက်ရတော့သည်။ ကုတင်က နှစ်ထပ်စင် ကုတင်ဖြစ်တာမို့ သူ စောင်ခေါက်နေချိန်အတွင်း ခါးကုန်းထားရတာမို့ သူ့နောက်ကျောများက အချိန်အတော်ကြာပြီးချိန်တွင် ကိုက်ခဲလာတော့သည်။ ဒီလိုနှင့် သူ စောင်ခေါက်ခြင်းကို ဆယ်ကြိမ်မျှ ဆက်တိုက် ခေါက်လိုက်ရသည်။ သူ ခေါက်ပြီးသည်နှင့် ချန်းကျင်းက သူ့ခေါက်ပုံတွင် ဘယ်နားက မှားနေကြောင်း ထောက်ပြပြီး လူတိုင်းကို ရှင်းပြ သင်ကြားပေးတော့သည်။ ပိုင်ရှင်းယွီမှာ ထိုကိစ္စနှင့် ပတ်သတ်ပြီး စိတ်ဓာတ်ပါ ကျလာတော့သည်။

နောက်ဆုံးမှာတော့ ချန်းကျင်း သူ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သတ်ပြီး စိတ်ကျေနပ်သွားသည်။

"မဆိုးဘူး၊ မင်း တိုးတက်လာပြီပဲ။"

ပိုင်ရှင်းယွီ စိတ်ထဲ ခိုးဆဲလိုက်မိသည်။ သူ ဒီစောင်ကို ဆယ်ကြိမ်ထက် မနည်း ခေါက်ပြီးသွားပြီ၊ ဘယ်လိုလုပ် မတိုးတက်ပဲ နေမှာလဲ။ သူက ဦးနှောက်နဲ့ ပတ်သတ်ပြီး ပြဿနာရှိနေသူလဲ မဟုတ်။

ချန်းကျန်း အချိန်ကို ကြည့်ရင်း ပြောလိုက်သည်။
"ဟုတ်ပြီ၊ မင်းတို့ စစ်ချီတက်နည်း လေ့ကျင့်ရမယ့် အချိန်ရောက်ပြီ။"

ရှင်းကျန့်၏ ရာသီဥတုက မနက်ဆို အေးစိမ့်ကာ ညဆို ခိုက်ခိုက်တုန် ချမ်းရပြီး နေ့လည်မှာတော့ နေသာသည်။ တစ်ရက်တည်းမှာပဲ ရာသီလေးမျိုးလုံး ကြုံတွေ့ခံစားရနိုင်နေသည်။ အခုအချိန်တွင် ရာသီဥတုက ပူနွေး စပြုလာပြီး နေကလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ သူတို့ ကွင်းပြင်တစ်လျှောက် စစ်ချီတက်သကဲ့သို့ လျှောက်လှမ်းနေကြပြီး မွန်းတည့်ချိန် ရောက်လာချိန်မှာတော့ သူတို့အကုန်လုံး အာခေါင်ခြောက်သွေ့လာပြီး သူတို့မျက်နှာများလည်း ပူကျစ်လာတော့သည်။

ပိုင်ရှင်းယွီ Sunscreen မလိမ်းလာမိတာကို နောင်တရလာတော့သည်။ သူ့အမေက သူ့သား နေလောင်ခံရမှာ စိုးရိမ်၍ သူ့အတွက် Sunscreen ဘူးကြီးတစ်ဘူးတောင် ပြင်ဆင်ထားပေးခဲ့သည်။

သတိ အနေအထားနှင့် မတ်တပ်ရပ်နေရချိန်မှာတောင် ပိုင်ရှင်းယွီ အာရုံမစိုက်နိုင် ဖြစ်နေသည်။ ချန်းကျင်း သူ့ကို ကြည့်မနေတော့ဘူးဆိုသည်နှင့် တပြိုင်နက် ရေသာခိုနေပြီး ဒီလိုဖြင့် သူ မနက်ခင်း လေ့ကျင့်ခန်းကို ကျော်လွှားနိုင်ခဲ့သည်။

မနက်ခင်းလေ့ကျင့်ခန်း အဆုံးသတ်မှာတော့ ပိုင်ရှင်းယွီ သူ့အသားတွေ နေဒဏ်ကြောင့် ကွာကျတော့မယ်လို့တောင် ခံစားနေရသည်။ သူ့အသားသည် အတွင်းထဲကကော အပြင်ဘက်ကပါ ပူလောင်နေသည်။ သူ ကန်တင်းထဲ ရောက်သည်နှင့် ရေခွက်အကြီးဖြင့် ရေများ သောက်ချလိုက်သည်။

"ဝေါင်း! ဒီနေ့ မက်မွန်သီးတွေက အကြီးကြီးတွေပဲ။" ချန်းလျန် အံ့အားတကြီး အော်ပြောလိုက်သည်။

ဖုန်းသုန့်ယွမ် ပျော်ရွှင်စွာ ပြောလာသည်။
"တကယ်လား၊ ရှင်းကျန့်က မက်မွန်သီးတွေ .. သူတို့အရမ်း အရသာရှိတယ်လို့ ငါ ကြားဖူးတယ်။"

သူတို့ စားဖို့ ထိုင်လိုက်ကြကာ ချန်းလျန်က မက်မွန်သီးကို သုံးကိုက်လောက် ကိုက်ပြီး စားနေရင်း ဘယ်လောက် စားကောင်းကြောင်း ချီးမွန်းခန်းဖွင့်နေတော့သည်။ ပိုင်ရှင်းယွီမှာ လူတစ်ယောက်က မက်မွန်သီးစားရင်း ပျော်ရွှင်နေနိုင်တာကို တကယ် နားမလည်။ သူ့အတွက်ကတော့ သူ ဒီစခန်းမှာ ရှိနေသမျှ ကာလပတ်လုံး ပျော်ရွှင်ရတဲ့အချိန်ဆိုတာ ရှိမှာမဟုတ်ဟု ခံစားမိနေရသည်။

ပါ့ထုအာက သူတို့ဘေးစားပွဲတွင် ထိုင်နေသည်နှင့် ကြုံသည်။ ထိုကောင်လေးက လူတိုင်း မက်မွန်သီး ကြိုက်ကြတာ တွေ့တော့ မက်မွန်သီးများအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောပြပြီး သူ့အိမ်ရှိ မက်မွန်သီးများဟာဆိုလည်း အလွန်ကောင်းကာ အရသာရှိကြောင်းကိုပါ ပြောပြတော့သည်။ သူက စိတ်လှုပ်ရှားလွန်နေတာမို့ သူ့မျက်လုံးများက အလွန်ကို တောက်ပနေသည်။ ကမောက်ကမဖြစ်နေသည့် တရုတ်ပြည်မကြီး အသံထွက်ပုံနှင့် သူက အရမ်း ချစ်စဖွယ် ဖြစ်နေသည်။ လူတော်တော်များများက သူ ရှင်းပြနေသည့် မက်မွန်သီးအပေါ် အာရုံမရောက်၊ သူ့ကိုသာ ငေးကြည့်နေမိကြသည်။

နေ့လည်စာ စားပြီးချိန်မှာတော့ ပိုင်ရှင်းယွီ သူ့အဆောင်အခန်းထဲ ပြန်ကာ အိပ်ယာပေါ်လှဲနေပြီး နည်းနည်းလေးတောင် မလှုပ်ချင်။ မနက်ခင်းက သူ 7km ပြေးထားရတာမို့ သူ့ခြေထောက်များ အခုအထိ ပျော့ခွေနေဆဲပင်။ သူ ကျောခင်း လှဲချလိုက်သည်နှင့် ခါးအောက်ပိုင်းက နာကျင်လွန်းတာမို့ ဘာအသိမှ မခံစားနိုင်တော့သည်အထိ ထုံကျင်နေပြီး သူ သူကိုယ်တိုင်တောင် သတိမထားမိစွာ အသံထွက် ငြီးငြူလိုက်မိသည်။

အပေါ်ကုတင်စင်ကို တက်ကာ တရေးတမော အိပ်ဖို့ လုပ်နေတဲ့ ဖုန်းသုန့်ယွမ်က ပိုင်ရှင်းယွီ နာနာကျင်ကျင် ငြီးတွားသံများ ကြားလိုက်ချိန်တွင် သူ မေးလိုက်သည်။

"ရှင်းယွီ၊ ဘာဖြစ်တာလဲ။ မင်းခြေထောက် နာနေတာလား။"

ပိုင်ရှင်းယွီ ခေါင်းငြိမ့်ပြကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ငါ့ခြေထောက်တွေက ငါ့ကိုယ်ပိုင်မဟုတ်တော့သလိုတောင် ခံစားနေရတယ်။"

"အဲ့ဒါမျိုးက လေ့ကျင့်ခန်း မလုပ်တာကြာရင် ဖြစ်တတ်တယ်။ မင်း မနက်ဖြန်ဆို ပိုလို့တောင် နာဦးမှာ။"

"အားး .." ပိုင်ရှင်းယွီ မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။ "ငါ့ကို မေ့လဲခွင့်သာ ပေးလိုက်ပါတော့။"

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "ငါ မင်းကို နှိပ်ပေးရမလား၊ အရင်က ငါ့အဖေရှိတုန်းက သူလည်း ခြေ​ထောက်တွေ ခဏခဏ နာတတ်တဲ့သူဆိုတော့, ငါ အနှိပ်ကျွမ်းတယ်။"

"တကယ်လား၊ မြန်မြန် လာ လာ"

ပိုင်ရှင်းယွီ ပြောရင်းနှင့် ဘေးသို့ နေရာရွှေ့လိုက်သည်။ သို့ပေမယ့် သူ ယွီဖုန်းချန် ကုတင်ရှိရာဘက်ကို တိုးကပ်သွားသလို ဖြစ်နေသည်ဟု တွေးလိုက်မိပြီး သူ ရွှေ့နေသည်ကို ရပ်လိုက်ကာ ယွီဖုန်းချန်ရှိရာဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ယွီဖုန်းချန်က သူ့ကုတင်ပေါ်မှာ လှဲကာ အနားယူလျက်ရှိနေပြီး သူ့အား ဂရုမစိုက်သလို စောင်းကြည့်လာသည်။

ဖုန်းသုန့်ယွမ် ပိုင်ရှင်းယွီ ကုတင်ပေါ် ထိုင်ကာ သူ့လက်နှစ်ဖက်ကို ပွတ်ရင်း ပြောလိုက်သည်။

"ဒါ နည်းနည်းတော့ နာလောက်တယ်၊ တောင့်ခံထား။"

ချန်းလျန်နှင့် တပ်သားအချို့လည်း သူတို့နား ရောက်လာပြီး ပြောလာသည်။

"ဟေး! တစ်ယောက်ဆီက တစ်ယောက် သင်ယူကြရအောင်၊ ငါတို့ အကုန်လုံး ခြေထောက်တွေ နာကျင် ကိုက်ခဲနေကြတာ။ ဒီည တစ်ယောက်တစ်လှည့်ဆီ နှိပ်ပေးကြရအောင်။"

ဖုန်းသုန့်ယွမ်က ပိုင်ရှင်းယွီ ပေါင်ကို စနှိပ်ပေးလိုက်သည်။ ဖုန်းသုန့်ယွမ်က ပိန်ပါးပုံပေါ်ပေမယ့် သူ့လက်များက သန်မာလှသည်။ သူ တစ်ချက်ဖိလိုက်ရုံနှင့် ပိုင်ရှင်းယွီ နာနာကျင်ကျင် ထအော်တော့လေသည်။

ဖုန်းသုန့်ယွမ် ရယ်ရင်း ပြောလိုက်သည်။ "ငါ ပြောပါတယ် နည်းနည်း နာမယ်လို့၊ ဒါက မနာမချင်း အလုပ်မဖြစ်ဘူး။"

ပိုင်ရှင်းယွီ ကြက်သီးများပင် ထလာပြီး ပြောလိုက်သည်။

"ဒါက နည်းနည်း နာတာတဲ့လား။ တာ့ကော .. ဒီထက် နည်းနည်း ပိုငြင်သာပေးပါဗျ။"

"ကောင်းပြီ၊ ကောင်းပြီ။" ဖုန်းသုန့်ယွမ် အားထည့်တာကို လျော့ချလိုက်သည်။ ပိုင်ရှင်းယွီ နာလို့ မျက်နှာမဲ့နေပေမယ့် ဒီလောက် နာကျင်မှုကတော့ သူ ခံနိုင်ရည် ရှိသေးသည်။

ဘယ်သူက စနောက်ပြောင်လိုက်လဲတော့ မသိ။

"ငါ ပြောမယ်၊ ဖုန်းသုန့်ယွမ် ပုံစံကလေ အိမ်ကို ဇနီးမယားအဖြစ် လက်ထပ်ယူသွားဖို့ အသင့်တော်ဆုံး ပုံစံပဲကွ။"

လူအုပ်က ထရယ်ကြသည်။ ဖုန်းသုန့်ယွမ်ကတော့ စိတ်ဆိုးခြင်း မရှိ၊ ရယ်ရင်း ပြန်ငေါက်ငမ်းလိုက်သည်။

"မင်း အိပ်မက်သာ မက်နေလိုက်"

ပိုင်ရှင်းယွီလည်း သဘောတူကြောင်း အသံပြုလာသည်။ သူ အရင်က ဖုန်းသုန့်ယွမ်လို ပင်ကိုစရိုက်နှင့် လူမျိုး တစ်ခါမှ မတွေ့ဖူးခဲ့။ သူက လူတိုင်းကို ကြင်နာကာ ဂရုတစိုက် ရှိပေမယ့် မိန်းမဆန်နေတာမျိုးလည်း မဟုတ်။ အတိုချုပ် ပြောရပါက သူက သူ့အနားရှိ လူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေသည်။ စစ်တပ်ထဲတွင် ချန်းလျန်နှင့် ဖုန်းသုန့်ယွမ်ကို တွေ့ရှိခဲ့ခြင်းက သူ့အတွက်တော့ ယခုအချိန်ထိ ဖြစ်ပျက်ခဲ့သမျှထဲတွင် တစ်ခုတည်းသော အကောင်းဆုံး အဖြစ်အပျက်ပင်။

ယွီဖုန်းချန် လူနှစ်ယောက် စလိုက်နောက်လိုက်နှင့် ရယ်မောနေတာကို ကြည့်နေရင်း သူ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူ သူတို့အနား ကပ်သွားလိုက်ပြီး ပြောလိုက်သည်။

"သုန့်ယွမ်၊ ငါ့လည်း နှိပ်နည်း သင်ပေးပါဦး။"

ပိုင်ရှင်းယွီ ရင်ထဲ တင်းကြပ်သွားပြီး သူ ယွီဖုန်းချန်ကို မျက်လုံးအပြူးသားနှင့် ကြည့်လိုက်သည်။

ဖုန်းသုန့်ယွမ် ပြုံးပြီး ပြောလိုက်သည်။ "ရတယ်လေ၊ တကယ်တော့ ဒါက ရိုးရှင်းပါတယ်။ မင်း ရှင်းယွီရဲ့ ခြေထောက်တစ်ဖက်နဲ့ လေ့ကျင့်လို့ရတယ်။ အားတော့ အရမ်းမထည့်နဲ့၊ သူက နာမှာ ကြောက်တယ်။"

ယွီဖုန်းချန် ပြုံးပြီး ပြောလိုက်သည်။ "ပြဿနာ မရှိဘူး။"

KittyKitling

_____///_____

T/N : ဒီကြားထဲ စိတ်ပင်ပန်းစရာတွေ အရမ်းများနေခဲ့တာ Updateတင်ဖို့ ချစ်စဖွယ် လာပြောပေးလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အပျင်းတစ်တာထက် နားချင်တယ်ဆိုပြီး ပတ်ပြေးနေမိမှာ :(

_____///_____

[Zawgyi]

"ငါ့ပုံစံက အဆင္ေျပေနပုံ ေပၚလို႔လား။"

ပိုင္ရွင္းယြီ ေနာက္ဆုံးမွာေတာ့ သူ႔အစ္ကိုက သူ႔ကို စစ္တပ္ထဲ တစ္သက္လုံးေနဖို႔ ေျပာၿပီး ဖုန္းခ်သြားမွန္း သေဘာေပါက္သြားေတာ့သည္။ ထိုခဏေလးအတြင္းမွာ သူ အဆုတ္ကြဲအက္သြားသည္အထိ ေအာ္ငိုပစ္ခ်င္မိသြားသည္။ သို႔ေပမယ့္ သူ ခ်ဳပ္တည္းထားလိုက္သည္။ တကယ္တမ္းမွာ, သူ႔အစ္ကိုအေၾကာင္း သိသူပီပီ သူ႔စိတ္ထဲတြင္ ေမၽွာ္လင့္ခ်က္ မ်ားမ်ားစားစား မရွိ။ သူ႔အစ္ကိုက အျမဲ ဆုံးျဖတ္ခ်က္ ခိုင္မာသူ ျဖစ္ၿပီး သူ အၾကင္နာမဲ့ဖို႔ ဆုံးျဖတ္လိုက္ပါက သူႏွင့္ ပတ္သတ္ေသာ လူမ်ားက ပါဝင္ ကူေျပာရင္ေတာင္ အက်ိဳးထူးမွာ မဟုတ္။ အခုေလးတင္ ၾကားလိုက္ရသည့္ သူ႔အစ္ကို အသံအရဆိုလၽွင္ သူႏွင့္သာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ပါက ပိုင္ရွင္းယြီ သူ႔အစ္ကိုေရွ႕တြင္ ဒူးေထာက္လ်က္သား ျဖစ္သြားေလ့မည္ဟု ခံစားမိေနသည္ ...

တာဝန္က်လို႔ ေစာင့္ေနရသည့္ တပ္သားေလးက သူ႔အား ႐ူးေနတဲ့ လူတစ္ေယာက္လို ၾကည့္လာသည္။

"ရဲေဘာ္၊ မင္း အဆင္ေျပရဲ့လား။"

ပိုင္ရွင္းယြီ သူ႔ႏွာရည္ႏွင့္ မ်က္ရည္မ်ားကို ပြတ္သုတ္ၿပီး ေျပာလိုက္သည္။

"ငါ့ပုံစံက အဆင္ေျပေနပုံ ေပၚလို႔လား။"

"ေအး .. ေအး၊ ဆက္ငို ဆက္ငို။ ငါ အျပင္ဘက္မွာ ေဆးလိပ္ သြားေသာက္လိုက္ဦးမယ္။" သူ ေနာက္ဆုံးမွာေတာ့ ေကာင္ေလးတစ္ေယာက္ ငိုေနတာကို မၾကည့္နိုင္ေတာ့ပဲ ထထြက္သြားေတာ့သည္။

ပိုင္ရွင္းယြီ ဖုန္းကိုင္ထားရင္းႏွင့္ သူ႔အိမ္ဖုန္းနံပါတ္က သူ႔အေတြးထဲ ဝင္လာသည္။ သို႔ေပမယ့္ သူ႔လက္ေခ်ာင္းမ်ားက သံေခ်းတက္ေနသည့္အလား ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ၊ သူ႔အိမ္ဖုန္းနံပါတ္ကို ရိုက္မထည့္နိုင္။ သူ သူ႔အေမအသံသာ ၾကားလိုက္ပါက သူ႔ကိုယ္သူ ထိန္းခ်ဳပ္နိုင္ေတာ့မွာ မဟုတ္။ .. သို႔ေပမယ့္လည္း သူ႔ကိုယ္သူ မထိန္းခ်ဳပ္နိုင္ေတာ့ေကာ ဘာလုပ္လို႔ ရမွာလဲ။ သူ႔မိဘေတြက သူ႔ကို အၾကင္နာတရားမဲ့စြာ တပ္ထဲကို ပစ္ထည့္ခဲ့ၿပီးၿပီ။ သူတို႔က သူ႔ကို ျပန္လာခြင့္ ေပးမွာ မဟုတ္။ ဒီဖုန္းေခၚဆိုမွုက သူ ေခၚသည္ျဖစ္ေစ၊ မေခၚသည္ျဖစ္ေစ၊ ရလဒ္က ေျပာင္းလဲသြားမွာ မဟုတ္။ အကယ္၍မ်ား သူ ဖုန္းေခၚလိုက္ပါက, ည မအိပ္နိုင္ျဖစ္သည္အထိ ခံစားရမည္မွာ သူတစ္ဦးတည္းသာ။

ပိုင္ရွင္းယြီ တုန့္ဆိုင္းေနေပမယ့္လည္း သူ ဖုန္းခြက္ကို ျပန္တင္လိုက္သည္။ ဒီအခ်ိန္ခဏအတြင္းမွာ သခင္ေလး 'ပိုင္' ႐ုတ္တရက္ သူ႔ကံၾကမၼာကို ႀကိတ္မွိတ္ လက္ခံနိုင္သြားသည္။ သူ စစ္မွုထမ္း ကာလမၿပီးဆုံးမခ်င္း သို႔မဟုတ္ သူ႔ေျခေတြလက္ေတြ မက်ိဳးပဲ့မခ်င္း သူ ဒီက ထြက္သြားနိုင္မွာ မဟုတ္။ ယခု ဒီအခ်ိန္မွစကာ, သူ႔ စစ္မွုထမ္းရမည့္ ကာလသက္တမ္း ႏွစ္ႏွစ္ကို တိတ္တိတ္ဆိတ္ဆိတ္ေလး ျဖတ္သန္းဖို႔ ဆုံးျဖတ္လိုက္သည္။ သူ စည္းကမ္းလိုက္နာၿပီး အျပစ္ေပး မခံရေအာင္ ႀကိဳးစားမည္၊ ၿဂိဳလ္ေမႊေကာင္ကိုလည္း ေရွာင္ရွားရမည္။ သူသာ ဒီေနရာမွ ေျခလက္အစုံအလင္ႏွင့္ ျပန္ထြက္လာနိုင္ပါက သူ, သခင္ေလး 'ပိုင္' ေပ့က်င္း ျပန္ေရာက္သည္ႏွင့္ အရင္ကလို သူ၏ သာယာလွပေသာ ဘဝတစ္ခုမွာ ျပန္ေနနိုင္သြားမည္ပင္။ သူ တကယ္ကို ေသခ်ာေပါက္ ေတာင့္ခံထားရမည္!!

ဖုန္းေခၚၿပီးခ်ိန္၌ မနက္စာ စားရန္ အခ်ိန္သို႔ ေရာက္လာေတာ့သည္။ ပိုင္ရွင္းယြီမွာ ဗိုက္ဆာလြန္းလို႔ မူးေဝေဝေတာင္ ျပန္ျဖစ္ခ်င္ေနသည္။ သူ ကန္တင္းသို႔ အေျပးသြားကာ စားစရာမ်ား ယူလိုက္ၿပီး ေထာင့္တစ္ေထာင့္တြင္ ထိုင္စားလိုက္သည္။ ကန္တင္းထဲရွိ တပ္သားသစ္ အကုန္လုံးက စစ္တပ္ ကြင္းျပင္က်ယ္တြင္ ေလ့က်င့္ခန္းမ်ား လုပ္ၿပီး ျပန္လာၾကသူမ်ား ျဖစ္တာမို႔ သူတို႔အကုန္လုံးက ေသေရးရွင္ေရးနီးပါး ကြင္းပတ္ေျပးေနရသည့္ ဒီကံမေကာင္းသူ အေမာင္ ပိုင္ရွင္းယြီအား ရင္းႏွီးေနၾကသည္။ ပိုင္ရွင္းယြီ မနက္စာ စားေနရင္း သူ႔ေဘးမွ လူတိုင္းက သူ႔အေၾကာင္း တီးတိုးေျပာကာ ေလွာင္ရယ္ေနၾကသည္ကို ခံစားလို႔ရေနသည္။ သူ႔အႀကီးေတြ သူ႔အား ဆူပူ ေငါက္ငမ္းခ်ိန္တြင္ နားကန္းတစ္ေယာက္လို ေနတတ္တဲ့ သူ႔ရဲ့ အတတ္ေကာင္းေတြကို အသုံးခ်ရင္း သူ လူတိုင္း ေျပာသမၽွကို နားထဲမေရာက္ဖို႔ အစြမ္းကုန္ ႀကိဳးစားလိုက္သည္။

မနက္စာ စားၿပီးခ်ိန္တြင္ေတာ့ သူ အေဆာင္သို႔ ျပန္သြားလိုက္သည္။

သူက အရမ္းစိတ္ဓာတ္က်ေနတဲ့ ပုံေပၚၿပီး ထိုအေၾကာင္းက သူ႔မ်က္ႏွာတြင္ ေရးထားသလိုနီးပါးပင္ ျဖစ္ေနသည္။ ခ်န္းလ်န္ သူ႔ကို ျမင္ခ်ိန္တြင္ ေမးလိုက္သည္။

"မင္း မင္းမိသားစုနဲ႔ အဆက္အသြယ္ ရၿပီလား။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္ျပသည္။

ခ်န္းလ်န္ သူ႔ေခါင္းကို ပါပီတစ္ေကာင္ကို ေခ်ာ့ျမဴေနသလို ပုတ္လိုက္ၿပီး - "အိုက္ရား၊ မင္း မ်က္လုံးေတြ နီရဲေနတာကို ၾကည့္ပါဦး။ အကုန္ အဆင္ေျပရဲ့လား။"

ပိုင္ရွင္းယြီ ေခါင္းခါျပကာ ေျပာလိုက္သည္။

"အြင္း၊ ငါ အကုန္ေတြးၾကည့္ၿပီးၿပီ၊ ငါ ေနာက္တစ္ႀကိမ္ ထပ္မေနာက္က်ေတာ့ဘူး။"

ဖုန္းသုန့္ယြမ္ ရယ္ၿပီး ေျပာလိုက္သည္။ "အခ်ိန္မွီ ေရာက္ေအာင္ တစ္ခုတည္း ႀကိဳးစားရမွာ မဟုတ္ဘူး။ မင္း က်န္တဲ့ စည္းကမ္းေတြလည္း လိုက္နာရဦးမယ္။"

ယြီဖုန္းခ်န္ ေအးတိေအးစက္ ေလသံျဖင့္ ဝင္ေျပာသည္။

"မင္း ဘာလို႔ ႐ုတ္တရက္ အျမင္မွန္ေတြ ရလာတာလဲ။ မင္းရဲ့ ကယ္တင္ရွင္ အကိုတစ္ဝမ္းကြဲကို ဖုန္းေခၚ ငိုယိုၿပီး ကယ္တင္ခိုင္းတာကို ဟိုက ျငင္းလိုက္လို႔လား။"

ထိုစကားက ပိုင္ရွင္းယြီအတြက္ 'အနာေပၚ ဒုတ္က်' သလိုပင္။ သူ မေလၽွာ့တမ္း ျပန္ေျပာလိုက္သည္။

"ငါ ဒီမွာ ေကာင္းေကာင္းေနသြားဖို႔ စိတ္ကူးထားတယ္၊ ဘာမ်ား အပန္းႀကီးမွာမို႔လို႔လဲ။ စစ္သား ျဖစ္ရတာေလးပဲကို။"

ထိုစကားကို ၾကားခ်ိန္တြင္ ယြီဖုန္းခ်န္ အသံက ပို၍ပင္ ေအးစက္လာေတာ့သည္။

"မင္းစိတ္ထဲ လူတိုင္းက စစ္သားျဖစ္နိုင္တယ္ ထင္ေနတာလား။"

ပိုင္ရွင္းယြီ အေဆာင္ခန္းထဲတြင္ လူအမ်ားႀကီး ရွိေနတာကို ေတြ႕လိုက္ရသည္။ ယြီဖုန္းခ်န္ သူ႔ကို မဟုတ္တာ တစ္ခုခု ထလုပ္လို႔ရမွာ မဟုတ္။ ထို႔ေၾကာင့္ သူ ေခါင္းမာမာႏွင့္ ျပန္ေျဖသည္။

"ငါက စစ္သား မျဖစ္နိုင္ေတာ့ေကာ ဘာျဖစ္လဲ။ အခုအခ်ိန္မွာ ငါက စစ္သား ျဖစ္ေနၿပီးၿပီပဲ၊ မင္းက ငါ့ကို ဘာလုပ္နိုင္မွာလဲ။"

ယြီဖုန္းခ်န္ မ်က္လုံးေမွးကာ ၾကည့္ေနၿပီးမွ ထျပဳံးသည္။

"မင္း အဲ့အေၾကာင္းကို သတိျပဳမိတာ ေကာင္းတာပဲ။ ငါတို႔က မင္းကို စစ္သားေကာင္းတစ္ေယာက္ ျဖစ္လာေအာင္ ကူညီေပးရမွာေပါ့။"

အဲ့အျပဳံးက ေကာက္က်စ္စဥ္းလဲလြန္းတာမို႔ ပိုင္ရွင္းယြီ သူ႔ေခါင္းမ်ားပင္ ႀကိမ္းလာၿပီး သူ႔မ်က္လုံးကိုပင္ ေစ့ေစ့ မၾကည့္ရဲေတာ့။

ဖုန္းသုန့္ယြမ္ကေတာ့ ရိုးရိုးသားသား အျပဳံးေလးႏွင့္ ေျပာလာသည္။

"ဒါေပါ့၊ ငါတို႔က အဖြဲ႕သားေတြပဲ။ ငါတို႔အကုန္လုံး မင္းကို ကူညီေပးမယ္။"

ပိုင္ရွင္းယြီ သူ႔ဘာသာ ေတြးလိုက္မိသည္၊ ၿဂိဳလ္ေမႊေကာင္ 'ယြီ'ႏွင့္ ယွဥ္လိုက္ပါက ဖုန္းသုန့္ယြမ္က တကယ္ကို နတ္သားေလးပင္။

ထိုအခ်ိန္မွာပဲ ခ်န္းက်င္း အခန္းထဲ ဝင္လာၿပီး ေျပာလိုက္သည္။

"အနားယူခ်ိန္ နာရီဝက္ ျပည့္ခါနီးၿပီ၊ ငါ မင္းတို႔ အခန္းအိပ္ယာသန့္ရွင္းေရး လုပ္ထားတာေတြ စစ္ၿပီးရင္ ငါတို႔အကုန္ ခ်ီတက္ေရး ေလ့က်င့္ဖို႔ စစ္တပ္ ကြင္းျပင္ကို သြားရမယ္။"

"အဖြဲ႕ေခါင္းေဆာင္" တာ့ရွုန္း အေရွ႕တိုးလာသည္၊ သူ႔မ်က္လုံးမ်ားကလည္း ေတာက္ပေနသည္။ "ကၽြန္ေတာ္တို႔ ဘယ္အခ်ိန္ေလာက္ ေသနတ္ကိုင္ရမွာလဲ။"

ခ်န္းက်င္း သူ႔ကို ၾကည့္ၿပီး ေမးလိုက္သည္။ "မင္း ေသနတ္ကိုင္ခ်င္ေနၿပီလား။"

တာ့ရွုန္း ေမၽွာ္လင့္တႀကီး အၾကည့္ႏွင့္ ေခါင္း အထပ္ထပ္ ၿငိမ့္လိုက္သည္။

"တပ္သားသစ္ ေလ့က်င့္ေရး ေနာက္ပိုင္း အဆင့္ေတြေရာက္ရင္ ကိုင္ရမယ္။"

"တစ္လေလာက္ ၾကာမွာလား။"

"အာ့အခ်ိန္ေလာက္ပဲေပါ့။ အဲ့ဒါက မင္းတို႔ရဲ့ တိုးတက္မွုအေပၚလည္း မူတည္တယ္။ တပ္မွုးက တပ္သားသစ္ေတြဆို အျမဲ အေလ်ာ့မေပးတတ္တာမို႔ အာ့ထက္လည္း ေစာနိုင္တယ္။"

တာ့ရွုန္း စိတ္လွုပ္ရွားစြာ ေျပာလိုက္သည္။ "ေကာင္းလိုက္တာ! ကၽြန္ေတာ့္လက္ထဲ ေသနတ္ေရာက္တာနဲ႔ ဓာတ္ပုံရိုက္ၿပီး အိမ္ကို ျပရမယ္။"

ခ်န္းက်င္း မ်က္ႏွာက ခ်က္ခ်င္း မဲသြားၿပီး ေျပာလိုက္သည္။ "မင္း မေန႔ညက နည္းၿပ သင္ၾကား ပို႔ခ်တာေတြ လိုက္နားမေထာင္ထားဘူးလား။"

တာ့ရွုန္း တစ္ခုခု မွားေနသည္ကို သတိထားမိသြားသည္၊ သူ မ်က္လုံးေပကလည္ ေပကလည္ႏွင့္ သနားကမား ၾကည့္ကာ ေျပာလိုက္သည္။

"နားေထာင္ထားပါတယ္။"

ခ်န္းက်င္း တာ့ရွုန္း ပခုံးကို လက္သီးႏွင့္ ထိုးကာ ေျပာလိုက္သည္။

"စစ္တပ္ရဲ့ လၽွို႔ဝွက္ထားရမည့္ အရာေတြ အေၾကာင္း ငါ့ကို ကူးၿပီး ေရးလာျပ။"

တာ့ရွုန္း မ်က္ႏွာ ကြက္ကနဲ ပ်က္သြားၿပီး ေျပာလိုက္သည္။

"အဖြဲ႕ေခါင္းေဆာင္၊ ကၽြန္ေတာ္ မွားပါတယ္။"

"မင္း အမွားကေန သင္ယူ၊ မင္းျပန္ကူးေရးၿပီးရင္ ငါ စစ္ေပးမယ္။"

အေဆာင္တစ္ခန္းလုံး ရယ္သံမ်ား ဖုံးသြားေတာ့သည္။

ခ်န္းက်င္း ပိုင္ရွင္းယြီ အိပ္ယာအနားသို႔ ေလၽွာက္သြားၿပီး သူ႔အိပ္စင္ကို လက္ညိဳးထိုးလိုက္သည္။

"ဒါ မင္း မနက္က ေခါက္သြားတဲ့ေစာင္ မလား။ ငါတို႔ လုံးဝ မထိထားဘူး၊ မင္းထားခဲ့တဲ့ ေနရာေလးအတိုင္းပဲ ထားထားတယ္။"

ပိုင္ရွင္းယြီ ေစာင္ကို တစ္ခ်က္ၾကည့္လိုက္သည္၊ သူ႔စိတ္ထဲေတာ့ သူ ေသေသသပ္သပ္ေလး ေခါက္ထားတယ္ဟု ေတြးမိသည္။

ခ်န္းက်င္း သူ႔ကို ၾကည့္ကာ အံဆြဲထဲမွ ေပတံ ထုတ္လာၿပီး တိုင္းျပလိုက္သည္။

"မင္းဘာသာ မင္းၾကည့္၊ ဒါ ဘယ္ေလာက္ ဟေနလဲဆိုတာ။"

ပိုင္ရွင္းယြီ ငိုခ်င္သြားသည္။

"ငါ မင္းကို အခြင့္အေရးေပးမယ္၊ တစ္ခန္းလုံးကို သ႐ုပ္ေဖာ္ျပလိုက္၊ ျပန္ေခါက္။"

ပိုင္ရွင္းယြီ ေစာင္ကို ျဖန့္ခ်လိုက္ၿပီး ျပန္ေခါက္လိုက္သည္။

ခ်န္းက်င္း သူ႔လက္ပတ္နာရီကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ေႏွးလြန္းတယ္၊ စံခ်ိန္လည္း မမွီဘူး၊ အစက ျပန္လုပ္။"

ပိုင္ရွင္းယြီ သူ႔ေစာင္ကို ထပ္ခါတလဲလဲ ေခါက္ရေတာ့သည္။ ကုတင္က ႏွစ္ထပ္စင္ ကုတင္ျဖစ္တာမို႔ သူ ေစာင္ေခါက္ေနခ်ိန္အတြင္း ခါးကုန္းထားရတာမို႔ သူ႔ေနာက္ေက်ာမ်ားက အခ်ိန္အေတာ္ၾကာၿပီးခ်ိန္တြင္ ကိုက္ခဲလာေတာ့သည္။ ဒီလိုႏွင့္ သူ ေစာင္ေခါက္ျခင္းကို ဆယ္ႀကိမ္မၽွ ဆက္တိုက္ ေခါက္လိုက္ရသည္။ သူ ေခါက္ၿပီးသည္ႏွင့္ ခ်န္းက်င္းက သူ႔ေခါက္ပုံတြင္ ဘယ္နားက မွားေနေၾကာင္း ေထာက္ျပၿပီး လူတိုင္းကို ရွင္းၿပ သင္ၾကားေပးေတာ့သည္။ ပိုင္ရွင္းယြီမွာ ထိုကိစၥႏွင့္ ပတ္သတ္ၿပီး စိတ္ဓာတ္ပါ က်လာေတာ့သည္။

ေနာက္ဆုံးမွာေတာ့ ခ်န္းက်င္း သူ၏ ႀကိဳးပမ္းအားထုတ္မွုႏွင့္ ပတ္သတ္ၿပီး စိတ္ေက်နပ္သြားသည္။

"မဆိုးဘူး၊ မင္း တိုးတက္လာၿပီပဲ။"

ပိုင္ရွင္းယြီ စိတ္ထဲ ခိုးဆဲလိုက္မိသည္။ သူ ဒီေစာင္ကို ဆယ္ႀကိမ္ထက္ မနည္း ေခါက္ၿပီးသြားၿပီ၊ ဘယ္လိုလုပ္ မတိုးတက္ပဲ ေနမွာလဲ။ သူက ဦးေႏွာက္နဲ႔ ပတ္သတ္ၿပီး ျပႆနာရွိေနသူလဲ မဟုတ္။

ခ်န္းက်န္း အခ်ိန္ကို ၾကည့္ရင္း ေျပာလိုက္သည္။
"ဟုတ္ၿပီ၊ မင္းတို႔ စစ္ခ်ီတက္နည္း ေလ့က်င့္ရမယ့္ အခ်ိန္ေရာက္ၿပီ။"

ရွင္းက်န့္၏ ရာသီဥတုက မနက္ဆို ေအးစိမ့္ကာ ညဆို ခိုက္ခိုက္တုန္ ခ်မ္းရၿပီး ေန႔လည္မွာေတာ့ ေနသာသည္။ တစ္ရက္တည္းမွာပဲ ရာသီေလးမ်ိဳးလုံး ၾကဳံေတြ႕ခံစားရနိုင္ေနသည္။ အခုအခ်ိန္တြင္ ရာသီဥတုက ပူေႏြး စျပဳလာၿပီး ေနကလည္း တျဖည္းျဖည္း ျမင့္တက္လာသည္။ သူတို႔ ကြင္းျပင္တစ္ေလၽွာက္ စစ္ခ်ီတက္သကဲ့သို႔ ေလၽွာက္လွမ္းေနၾကၿပီး မြန္းတည့္ခ်ိန္ ေရာက္လာခ်ိန္မွာေတာ့ သူတို႔အကုန္လုံး အာေခါင္ေျခာက္ေသြ႕လာၿပီး သူတို႔မ်က္ႏွာမ်ားလည္း ပူက်စ္လာေတာ့သည္။

ပိုင္ရွင္းယြီ Sunscreen မလိမ္းလာမိတာကို ေနာင္တရလာေတာ့သည္။ သူ႔အေမက သူ႔သား ေနေလာင္ခံရမွာ စိုးရိမ္၍ သူ႔အတြက္ Sunscreen ဘူးႀကီးတစ္ဘူးေတာင္ ျပင္ဆင္ထားေပးခဲ့သည္။

သတိ အေနအထားႏွင့္ မတ္တပ္ရပ္ေနရခ်ိန္မွာေတာင္ ပိုင္ရွင္းယြီ အာ႐ုံမစိုက္နိုင္ ျဖစ္ေနသည္။ ခ်န္းက်င္း သူ႔ကို ၾကည့္မေနေတာ့ဘူးဆိုသည္ႏွင့္ တၿပိဳင္နက္ ေရသာခိုေနၿပီး ဒီလိုျဖင့္ သူ မနက္ခင္း ေလ့က်င့္ခန္းကို ေက်ာ္လႊားနိုင္ခဲ့သည္။

မနက္ခင္းေလ့က်င့္ခန္း အဆုံးသတ္မွာေတာ့ ပိုင္ရွင္းယြီ သူ႔အသားေတြ ေနဒဏ္ေၾကာင့္ ကြာက်ေတာ့မယ္လို႔ေတာင္ ခံစားေနရသည္။ သူ႔အသားသည္ အတြင္းထဲကေကာ အျပင္ဘက္ကပါ ပူေလာင္ေနသည္။ သူ ကန္တင္းထဲ ေရာက္သည္ႏွင့္ ေရခြက္အႀကီးျဖင့္ ေရမ်ား ေသာက္ခ်လိုက္သည္။

"ေဝါင္း! ဒီေန႔ မက္မြန္သီးေတြက အႀကီးႀကီးေတြပဲ။" ခ်န္းလ်န္ အံ့အားတႀကီး ေအာ္ေျပာလိုက္သည္။

ဖုန္းသုန့္ယြမ္ ေပ်ာ္ရႊင္စြာ ေျပာလာသည္။
"တကယ္လား၊ ရွင္းက်န့္က မက္မြန္သီးေတြ .. သူတို႔အရမ္း အရသာရွိတယ္လို႔ ငါ ၾကားဖူးတယ္။"

သူတို႔ စားဖို႔ ထိုင္လိုက္ၾကကာ ခ်န္းလ်န္က မက္မြန္သီးကို သုံးကိုက္ေလာက္ ကိုက္ၿပီး စားေနရင္း ဘယ္ေလာက္ စားေကာင္းေၾကာင္း ခ်ီးမြန္းခန္းဖြင့္ေနေတာ့သည္။ ပိုင္ရွင္းယြီမွာ လူတစ္ေယာက္က မက္မြန္သီးစားရင္း ေပ်ာ္ရႊင္ေနနိုင္တာကို တကယ္ နားမလည္။ သူ႔အတြက္ကေတာ့ သူ ဒီစခန္းမွာ ရွိေနသမၽွ ကာလပတ္လုံး ေပ်ာ္ရႊင္ရတဲ့အခ်ိန္ဆိုတာ ရွိမွာမဟုတ္ဟု ခံစားမိေနရသည္။

ပါ့ထုအာက သူတို႔ေဘးစားပြဲတြင္ ထိုင္ေနသည္ႏွင့္ ၾကဳံသည္။ ထိုေကာင္ေလးက လူတိုင္း မက္မြန္သီး ႀကိဳက္ၾကတာ ေတြ႕ေတာ့ မက္မြန္သီးမ်ားအေၾကာင္းကို စိတ္လွုပ္ရွားစြာ ေျပာျပၿပီး သူ႔အိမ္ရွိ မက္မြန္သီးမ်ားဟာဆိုလည္း အလြန္ေကာင္းကာ အရသာရွိေၾကာင္းကိုပါ ေျပာျပေတာ့သည္။ သူက စိတ္လွုပ္ရွားလြန္ေနတာမို႔ သူ႔မ်က္လုံးမ်ားက အလြန္ကို ေတာက္ပေနသည္။ ကေမာက္ကမျဖစ္ေနသည့္ တ႐ုတ္ျပည္မႀကီး အသံထြက္ပုံႏွင့္ သူက အရမ္း ခ်စ္စဖြယ္ ျဖစ္ေနသည္။ လူေတာ္ေတာ္မ်ားမ်ားက သူ ရွင္းျပေနသည့္ မက္မြန္သီးအေပၚ အာ႐ုံမေရာက္၊ သူ႔ကိုသာ ေငးၾကည့္ေနမိၾကသည္။

ေန႔လည္စာ စားၿပီးခ်ိန္မွာေတာ့ ပိုင္ရွင္းယြီ သူ႔အေဆာင္အခန္းထဲ ျပန္ကာ အိပ္ယာေပၚလွဲေနၿပီး နည္းနည္းေလးေတာင္ မလွုပ္ခ်င္။ မနက္ခင္းက သူ 7km ေျပးထားရတာမို႔ သူ႔ေျခေထာက္မ်ား အခုအထိ ေပ်ာ့ေခြေနဆဲပင္။ သူ ေက်ာခင္း လွဲခ်လိုက္သည္ႏွင့္ ခါးေအာက္ပိုင္းက နာက်င္လြန္းတာမို႔ ဘာအသိမွ မခံစားနိုင္ေတာ့သည္အထိ ထုံက်င္ေနၿပီး သူ သူကိုယ္တိုင္ေတာင္ သတိမထားမိစြာ အသံထြက္ ၿငီးျငဴလိုက္မိသည္။

အေပၚကုတင္စင္ကို တက္ကာ တေရးတေမာ အိပ္ဖို႔ လုပ္ေနတဲ့ ဖုန္းသုန့္ယြမ္က ပိုင္ရွင္းယြီ နာနာက်င္က်င္ ၿငီးတြားသံမ်ား ၾကားလိုက္ခ်ိန္တြင္ သူ ေမးလိုက္သည္။

"ရွင္းယြီ၊ ဘာျဖစ္တာလဲ။ မင္းေျခေထာက္ နာေနတာလား။"

ပိုင္ရွင္းယြီ ေခါင္းၿငိမ့္ျပကာ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။

"ငါ့ေျခေထာက္ေတြက ငါ့ကိုယ္ပိုင္မဟုတ္ေတာ့သလိုေတာင္ ခံစားေနရတယ္။"

"အဲ့ဒါမ်ိဳးက ေလ့က်င့္ခန္း မလုပ္တာၾကာရင္ ျဖစ္တတ္တယ္။ မင္း မနက္ျဖန္ဆို ပိုလို႔ေတာင္ နာဦးမွာ။"

"အားး .." ပိုင္ရွင္းယြီ ေမၽွာ္လင့္ခ်က္မဲ့စြာ ေျပာလိုက္သည္။ "ငါ့ကို ေမ့လဲခြင့္သာ ေပးလိုက္ပါေတာ့။"

ဖုန္းသုန့္ယြမ္ ေျပာလိုက္သည္။ "ငါ မင္းကို ႏွိပ္ေပးရမလား၊ အရင္က ငါ့အေဖရွိတုန္းက သူလည္း ေျခ​ေထာက္ေတြ ခဏခဏ နာတတ္တဲ့သူဆိုေတာ့, ငါ အႏွိပ္ကၽြမ္းတယ္။"

"တကယ္လား၊ ျမန္ျမန္ လာ လာ"

ပိုင္ရွင္းယြီ ေျပာရင္းႏွင့္ ေဘးသို႔ ေနရာေရႊ႕လိုက္သည္။ သို႔ေပမယ့္ သူ ယြီဖုန္းခ်န္ ကုတင္ရွိရာဘက္ကို တိုးကပ္သြားသလို ျဖစ္ေနသည္ဟု ေတြးလိုက္မိၿပီး သူ ေရႊ႕ေနသည္ကို ရပ္လိုက္ကာ ယြီဖုန္းခ်န္ရွိရာဘက္သို႔ တိတ္တဆိတ္ လွမ္းၾကည့္လိုက္သည္။ ယြီဖုန္းခ်န္က သူ႔ကုတင္ေပၚမွာ လွဲကာ အနားယူလ်က္ရွိေနၿပီး သူ႔အား ဂ႐ုမစိုက္သလို ေစာင္းၾကည့္လာသည္။

ဖုန္းသုန့္ယြမ္ ပိုင္ရွင္းယြီ ကုတင္ေပၚ ထိုင္ကာ သူ႔လက္ႏွစ္ဖက္ကို ပြတ္ရင္း ေျပာလိုက္သည္။

"ဒါ နည္းနည္းေတာ့ နာေလာက္တယ္၊ ေတာင့္ခံထား။"

ခ်န္းလ်န္ႏွင့္ တပ္သားအခ်ိဳ႕လည္း သူတို႔နား ေရာက္လာၿပီး ေျပာလာသည္။

"ေဟး! တစ္ေယာက္ဆီက တစ္ေယာက္ သင္ယူၾကရေအာင္၊ ငါတို႔ အကုန္လုံး ေျခေထာက္ေတြ နာက်င္ ကိုက္ခဲေနၾကတာ။ ဒီည တစ္ေယာက္တစ္လွည့္ဆီ ႏွိပ္ေပးၾကရေအာင္။"

ဖုန္းသုန့္ယြမ္က ပိုင္ရွင္းယြီ ေပါင္ကို စႏွိပ္ေပးလိုက္သည္။ ဖုန္းသုန့္ယြမ္က ပိန္ပါးပုံေပၚေပမယ့္ သူ႔လက္မ်ားက သန္မာလွသည္။ သူ တစ္ခ်က္ဖိလိုက္႐ုံႏွင့္ ပိုင္ရွင္းယြီ နာနာက်င္က်င္ ထေအာ္ေတာ့ေလသည္။

ဖုန္းသုန့္ယြမ္ ရယ္ရင္း ေျပာလိုက္သည္။ "ငါ ေျပာပါတယ္ နည္းနည္း နာမယ္လို႔၊ ဒါက မနာမခ်င္း အလုပ္မျဖစ္ဘူး။"

ပိုင္ရွင္းယြီ ၾကက္သီးမ်ားပင္ ထလာၿပီး ေျပာလိုက္သည္။

"ဒါက နည္းနည္း နာတာတဲ့လား။ တာ့ေကာ .. ဒီထက္ နည္းနည္း ပိုျငင္သာေပးပါဗ်။"

"ေကာင္းၿပီ၊ ေကာင္းၿပီ။" ဖုန္းသုန့္ယြမ္ အားထည့္တာကို ေလ်ာ့ခ်လိုက္သည္။ ပိုင္ရွင္းယြီ နာလို႔ မ်က္ႏွာမဲ့ေနေပမယ့္ ဒီေလာက္ နာက်င္မွုကေတာ့ သူ ခံနိုင္ရည္ ရွိေသးသည္။

ဘယ္သူက စေနာက္ေျပာင္လိုက္လဲေတာ့ မသိ။

"ငါ ေျပာမယ္၊ ဖုန္းသုန့္ယြမ္ ပုံစံကေလ အိမ္ကို ဇနီးမယားအျဖစ္ လက္ထပ္ယူသြားဖို႔ အသင့္ေတာ္ဆုံး ပုံစံပဲကြ။"

လူအုပ္က ထရယ္ၾကသည္။ ဖုန္းသုန့္ယြမ္ကေတာ့ စိတ္ဆိုးျခင္း မရွိ၊ ရယ္ရင္း ျပန္ေငါက္ငမ္းလိုက္သည္။

"မင္း အိပ္မက္သာ မက္ေနလိုက္"

ပိုင္ရွင္းယြီလည္း သေဘာတူေၾကာင္း အသံျပဳလာသည္။ သူ အရင္က ဖုန္းသုန့္ယြမ္လို ပင္ကိုစရိုက္ႏွင့္ လူမ်ိဳး တစ္ခါမွ မေတြ႕ဖူးခဲ့။ သူက လူတိုင္းကို ၾကင္နာကာ ဂ႐ုတစိုက္ ရွိေပမယ့္ မိန္းမဆန္ေနတာမ်ိဳးလည္း မဟုတ္။ အတိုခ်ဳပ္ ေျပာရပါက သူက သူ႔အနားရွိ လူတိုင္းကို သက္ေတာင့္သက္သာ ျဖစ္ေစသည္။ စစ္တပ္ထဲတြင္ ခ်န္းလ်န္ႏွင့္ ဖုန္းသုန့္ယြမ္ကို ေတြ႕ရွိခဲ့ျခင္းက သူ႔အတြက္ေတာ့ ယခုအခ်ိန္ထိ ျဖစ္ပ်က္ခဲ့သမၽွထဲတြင္ တစ္ခုတည္းေသာ အေကာင္းဆုံး အျဖစ္အပ်က္ပင္။

ယြီဖုန္းခ်န္ လူႏွစ္ေယာက္ စလိုက္ေနာက္လိုက္ႏွင့္ ရယ္ေမာေနတာကို ၾကည့္ေနရင္း သူ မ်က္ေမွာင္ အနည္းငယ္ ၾကဳတ္သြားသည္။ သူ သူတို႔အနား ကပ္သြားလိုက္ၿပီး ေျပာလိုက္သည္။

"သုန့္ယြမ္၊ ငါ့လည္း ႏွိပ္နည္း သင္ေပးပါဦး။"

ပိုင္ရွင္းယြီ ရင္ထဲ တင္းၾကပ္သြားၿပီး သူ ယြီဖုန္းခ်န္ကို မ်က္လုံးအျပဴးသားႏွင့္ ၾကည့္လိုက္သည္။

ဖုန္းသုန့္ယြမ္ ျပဳံးၿပီး ေျပာလိုက္သည္။ "ရတယ္ေလ၊ တကယ္ေတာ့ ဒါက ရိုးရွင္းပါတယ္။ မင္း ရွင္းယြီရဲ့ ေျခေထာက္တစ္ဖက္နဲ႔ ေလ့က်င့္လို႔ရတယ္။ အားေတာ့ အရမ္းမထည့္နဲ႔၊ သူက နာမွာ ေၾကာက္တယ္။"

ယြီဖုန္းခ်န္ ျပဳံးၿပီး ေျပာလိုက္သည္။ "ျပႆနာ မရွိဘူး။"

KittyKitling

_____///_____

T/N : ဒီၾကားထဲ စိတ္ပင္ပန္းစရာေတြ အရမ္းမ်ားေနခဲ့တာ Updateတင္ဖို႔ ခ်စ္စဖြယ္ လာေျပာေပးလို႔ ေက်းဇူးတင္ပါတယ္။ မဟုတ္ရင္ အပ်င္းတစ္တာထက္ နားခ်င္တယ္ဆိုၿပီး ပတ္ေျပးေနမိမွာ :(

Continue Reading

You'll Also Like

624K 81.3K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
50.7K 3.8K 46
火焰戎装 ရဲ့ဗဟုသုတရစရာပုံ​လေး​တွေနဲ့ couple ပုံ​လေး​တွေ တစ်ချို့ art ​လေး​တွေဘာသာပြန်ပြီးတင်​ပေးထားပါမယ်.... အပျင်း​ပြေ၀င်ကြည့်ကြ​ပေါ့
852K 96.8K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...