Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 259K 71K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

6

10.9K 1.7K 125
By callme__kitty

[Unicode]

"5km အပြေးလမ်း"

ပိုင်ရှင်းယွီ ဒယိုင်းဒယိုင်ဖြင့် အရှေ့သို့ လျှောက်သွားလိုက်သည်။ ရွှီချောင်ကလည်း စင်မြင့်ပေါ်မှ ခုန်ဆင်းကာလက်ကို အနောက်ပစ်ပြီး ပိုင်ရှင်းယွီ ရှိရာ နေရာသို့ လျှောက်လာတော့သည်။ ပိုင်ရှင်းယွီအား ပတ်ပတ်လည် လှည့်ပတ်ကြည့်နေပြီး သူ့အကြည့်စူးစူးများက ပိုင်ရှင်းယွီ ခန္ဓာကိုယ်အား အစိတ်စိတ် ပိုင်းဖြတ်နေသလိုပင်။

သူ ပါးစပ်ဟကာ စကားပြောဖို့ လုပ်လိုက်သည်။ အော်မပြောပေမယ့် သူ့အသံက ရှင်းယွီ အရိုးထဲထိ ထိုးဖောက်ဝင်သွားသလို ခံစားလိုက်ရသည်။

"ငါ မင်းတို့အကုန်လုံးကို အရင်ဆုံး ပြောထားမယ်။ ငါ့စစ်တပ်က ကျန်တဲ့ စစ်တပ်တွေနဲ့ မတူဘူး။
ပထမအချက် - ဒါက ကုန်းမြေပြင် အမြင့်မှာ ရှိတယ်။ မင်းတို့တွေ ဒီရာသီဥတု မြေပြင် အခြေအနေကို လက်ခံနိုင်ဖို့ နှစ်ဆ ပိုကြိုးစား အားထုတ်ရလိမ့်မယ်။
ဒုတိယအချက် - မင်းတို့ကို သင်ကြားပေမယ့် နည်းပြ မတူဘူး။ မင်းတို့အကုန် ငါ့ဆီ ရောက်နေတဲ့အချိန် မင်းတို့မိဘတွေ လက်ထဲ ကောင်းကောင်းကြီးပြင်းခဲ့ရတယ်ဆိုတာတွေ မေ့ထား။ ဒီမှာ လျော့တိလျော့ရဲနေပြီး ၃လပြီးတာနဲ့ ဘွဲ့ရလတ်မှတ် တန်းရမယ်လို့ မျှော်လင့် မနေနဲ့။ ငါ့ဆီက စစ်သားတွေဆိုတာ တကယ့် စစ်သား အရည်အချင်းတွေနဲ့ ပြည့်မှီနေရမယ်။
တတိယအချက် - ဒီနေရာက ငါတို့နိုင်ငံရဲ့ နယ်စပ်ဒေသ။ ဒါပေမယ့် မင်းတို့ အကုန်လုံးက နယ်စောင့် တပ်သားတွေမဟုတ်ဘူး။ သေနတ်တစ်လက်ကို ကိုင်ပြီး သတ်နိုင်ဖြတ်နိုင် အရည်အချင်း ရှိတဲ့ စစ်သားတွေ။ ငါတို့နယ်မြေကိုကျူးကျော်လာတဲ့ လူဆိုးတွေ တွေ့ရင် မင်းတို့က သူတို့ကို သတ်ရမယ်!
မင်းတို့ ဘယ်လောက် ငြိမ်းချမ်းတဲ့ နေရာက လာလာ ဒီကို ရောက်လာပြီး ဒီယူနီဖောင်းကို ဝတ်ထားရင်၊ မင်းတို့ခေါင်းတွေ ပြတ်သွားလို့ရတယ်။ မင်းတို့ သွေးသံရဲရဲဖြစ်လို့ရတယ်။ ဒါပေမယ့်!! ဒီစစ်တပ်ကိုတော့ ဘယ်တော့မှ နာမည်ဖျက်လို့ မရဘူး။"

ရွှီချောင် ပြောပြီးနောက် သူ့ အကြည့်များက ပိုင်ရှင်းယွီဆီသို့ ရောက်လာပြီး ပြောလိုက်သည်။

"မင်း ဘယ်လို နည်းလမ်းတွေသုံးပြီး တပ်ထဲ ရောက်လာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း တပ်ထဲ ဝင်လာတာနဲ့ လူတိုင်းနဲ့ တန်းတူတန်းမျှ ဆက်ဆံခံရမယ်။ ဒီနေ့ မင်း ၅မိနစ်နဲ့ ၃၈စက္ကန့် နောက်ကျတယ်။ ငါ အခု မင်းကို အပြစ်ပေးလိုက်ရင် ဒါက ညွှန်ကြားချက် မရှိပဲ အပြစ်ပေးသလို ဖြစ်သွားမယ်။ အဲ့ဒါကြောင့် ဒီပထမဆုံးနေမှာတော့ ငါ မင်းကိုအပြစ်မပေးဘူး။ မနက်ဖြန် မင်း သတ်မှတ်ထားတဲ့ အချိန်ထက် ၅မိနစ်နဲ့ ၃၈စက္ကန့် စောရောက်လာရမယ်။"

ပိုင်ရှင်းယွီ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။ "အိုး .. Ok"

ရွှီချောင် သူ့နောက်ကျောအား ရိုက်ပြီး ပြောလိုက်သည်။ "မင်း ခါးကို မတ်ပြီး 'ဟုတ်ကဲ့' လို့ ပြောစမ်း!"

"ဟုတ်ကဲ့!"

"တန်းသွားစီတော့။"

ပိုင်ရှင်းယွီလည်း သူ့အဆောင်အဖွဲ့ ရှိရာဘက်သို့ အပြေး သွားလိုက်သည်။

ရွှီချောင် ဆက်ပြောသည်။ "နောက် ရက်အနည်းငယ်အတွင်းမှာ မင်းတို့တွေက စစ်တန်းလျား စည်းကမ်းတွေ၊ အိမ်မှုအလုပ်တွေ၊ စစ်ထရိန်းနင်းတွေနဲ့ ပတ်သတ်ပြီး သင်ကြားရမယ်။ ဒါပေမယ့် မင်းတို့ စစ်သားအသစ်တွေ အနေနဲ့မင်းတို့မှာ စိတ်ဓာတ်တက်ကြွမှု လုံးဝ မရှိဘူး။ မင်းတို့မှာ စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ် တက်ကြွမှု မရှိဘူးဆိုရင် ပထမဆုံး 3km ပြေးရမယ်။ နိုးနိုးကြားကြား ရှိစမ်း!!"

ပိုင်ရှင်းယွီ အရမ်းဗိုက်ဆာပြီး ခေါင်းမူးနေတာမို့ သူ 3km ပြေးရမယ်လို့ ကြားချိန်တွင် သူ အဝေးကြီး မဟုတ်လောက်ဘူးဟု တွေးလိုက်မိပြီး သူ တောင့်ခံနိုင်မည် ထင်လိုက်သည်။ ထိုအချိန်က 3kmဆိုတာ ဘယ်လို အကွာအဝေးမှန်း သူ လုံးဝ မသိသေး။

သူတို့အဖွဲ့၏ တပ်ကြပ်က အသက် ၂၀အရွယ် လူငယ်လေး ဖြစ်သည်။ အသားအရေကလည်း နူးညံ့၊ မျက်မှန်လေးနှင့် အလွန်ချောမောကာ ယဉ်ကျေး သိမ်မွေ့ပုံပေါ်သည်။ တပ်စု အရှေ့တွင် လှပသော သတိအနေအထားနှင့် မလှုပ်မယှက် ရပ်နေသည်။ သူ ရွှီချောင်ရဲ့ အမိန့်သံကို ကြားချိန်တွင် ဘေးဘီကို ကြည့်မနေပဲ အော်လိုက်သည်။

"သက်သာ ၊ သတိ!!"

ထို့နောက် တပ်ကြပ်များ ဦးဆောင်သည့် အဖွဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကွင်းပြင် အပြင်ဘက်ရှိ Poplar အပင်များ ရှိရာတောအုပ်သို့ ပြေးသွားကြသည်။ ရွှီချောင်နှင့် ဝမ်ရွှန်းဝေကတော့ သူတို့အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာကြသည်။

တပ်စခန်းတစ်ခုလုံးကို Poplar သစ်ပင်များ ရှိသည့် တောအုပ်လေးက ဝန်းရံထားပြီး ထိုအပင်များကို လေဒဏ် နှင်းဒဏ်များ ကာကွယ်ဖို့ စိုက်ထားခြင်း ဖြစ်လောက်မည်။ အပင်ပေါက်ရန် မလွယ်သည့် ကျက်တီးမြေမှာ ခက်ခက်ခဲခဲရှင်သန်နေသော Poplarများသည် ဇွဲရှိစေဖို့ စိတ်ဓာတ်ခွန်အားကို ဖော်ပြနေသယောင်။

သို့ပေမယ့်လည်း ပိုင်ရှင်းယွီမှာ မားမားမတ်မတ် ရှင်သန်နေသည့် Poplar ပင်များကို လှမ်းငေးကြည့်ကာ အားကျဖို့စိတ်အခြေအနေမရှိ။ သူ့မှာ အမောတကောဖြင့် ဟောဟဲလိုက်နေသည်။

သူတို့ အဖွဲ့၏ ထက်ဝက်ကျော်ခန့်မှာ မြေပြန့်မှ လာသူများ ဖြစ်ကြပေမယ့် စစ်စခန်းက 3000 meterလောက်သာ မြင့်သည့် ကုန်းမြင့်ပေါ်မှာ တည်ရှိသည်။ တအား မမြင့်တာမို့ ဝန်မပါပဲ ပြေးရမည် ဆိုပါက လူငယ်များသည် တစ်ရက်နှစ်ရက် အတွင်း ဒီတောင်ကုန်းပေါ်ကို အခက်အခဲမရှိ ပြေးလွှားနိုင်မှာ ဖြစ်သည်။ သို့ပေမယ့် သူတို့ လေ့ကျင့်ခန်း စလုပ်လိုက်ရသည်နှင့် ပိုင်ရှင်းယွီ ရွှီချောင် ပြောသည့် "ဒီရာသီဥတု မြေပြင်အခြေအနေကို လက်ခံနိုင်ဖို့ နှစ်ဆ ပိုအားထုတ်ရမယ်" ဆိုသည့် စကားကို တန်းနားလည်သွားတော့သည်။

သူက လေ့ကျင့်ခန်းကို ကြိုးစားအားထုတ် လုပ်ခဲ့တာမျိုး မရှိပေမယ့် သူ့အသက်အရွယ် ရောက်မှတော့ မီတာ ၅၀၀အကွာအဝေးလေးကို အသက်ရှု မဝ ဖြစ်ကာ မပြေးနိုင်ဆိုတာကို မယုံချင်။ သူ့ ခြေထောက်များက အားပျော့လာပြီးသူ အသက်ရှုရတာလည်း ခက်ခဲလာတော့သည်။ ထိုသို့ဖြစ်သည်မှာ သူ တစ်ယောက်တည်း မဟုတ်။ အခြားသူများလည်း အောက်ဆီဂျင် ပြတ်တောက်မှုကို ခံစားလာရပြီး သူတို့ ပိုပြေးလေ ပိုမောလာလေ ဖြစ်ပြီး ဒီစစ်တပ်တွင်ပြေးရသည့် 3km အကွာအဝေးသည် ကုန်းမြေပြန့်တွင် ပြေးရသည့် 3km အကွာအဝေးနှင့် အလွန်ပင် ကွာခြားနေတော့သည်။

တပ်ကြပ်ကတော့ သူတို့အား အရှေ့မှ ဦးဆောင်ကာ Poplar သစ်တောအုပ်အတွင်း ပြေးနေသည်။ 1kmပြေးပြီးချိန်တွင် ညီညာနေသည့် အဖွဲ့က ပုံပျက်စပြုလာသည်။ ကြံခိုင်မှု ကွာခြားချက်များ ပေါ်လာပြီး၊ သူတို့တပ်ကြပ်တို့၊ ယွီဖုန်းချန်တို့က အဖွဲ့အရှေ့တွင် မျက်နှာတောင် တစ်ချက်မပျက် ဦးဆောင် ပြေးနေဆဲ။ သို့ပေမယ့် ပိုင်ရှင်းယွီ၊ ချန်းလျန်နှင့် ဝသော လူအချို့ကတော့ အုပ်စု၏ အနောက်တွင် ဟောဟဲလိုက်ကာ နေတော့သည်။

အရှေ့ဆုံးမှ ပြေးနေသည့် ယွီဖုန်းချန် အနောက်သို့ လှည့်ကြည့်ချိန်တွင် ပိုင်ရှင်းယွီ အများကြီး နောက်ကျကျန်ခဲ့တာကို တွေ့လိုက်တာမို့ တမင် အရှိန်လျော့ကာ သူ့အနား ကပ်ပြေးရင်း စနောက် မေးလိုက်သည်။

"ပြောပါဦး။ ဗိုက်ဆာနေပြီလား။"

ယွီဖုန်းချန်ရဲ့ ဘိုးဘေဘီဘင်များအထိ ပိုင်ရှင်းယွီ စိတ်ထဲ ဆဲဆိုလိုက်မိသည်။ သူ့မှာ ဗိုက်ဆာလွန်းတာမို့ ပေါင်မုန့်နှစ်လုံးကိုတောင် ရေမသောက်ပဲ မြိုချနိုင်သည် အထိပင်။

ယွီဖုန်းချန် ပြောလိုက်သည်။ "မနက် ထတာနဲ့ တန်း မနက်စာ စားရမယ် ထင်နေတယ်ပေါ့။ အခု လေ့ကျင့်ရေးကတောင် လွယ်နေသေးတယ်။ မင်း စစ်ရေးပြကွင်းထဲ ရောက်သွားရင် မနက်တိုင်း ကိုယ်ကာယ လေ့ကျင့်ခန်းတွေလုပ်ရမှာ။ မပြီးမချင်းလည်း မနက်စာ မစားရဘူး။" သူ ရယ်ပြီး ဆက်ပြောသည်။ "ပြောပါတယ်။ မင်းလိုပုံစံနဲ့စစ်တပ်ထဲမှာ မနေနိုင်ပါဘူးလို့။"

ပိုင်ရှင်းယွီ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါကလည်း ဒီမှာ နေချင်လို့ နေနေရတာမှ မဟုတ်တာ"

ချန်းလျန် ဟောဟဲစိုက်ရင်း ပြောလိုက်သည်။ "တာ့ကော၊ မင်း ဘယ်လိုလုပ် .. တပ်အကြောင်း ကောင်းကောင်း သိနေရတာလဲ။"

ယွီဖုန်းချန် ပြန်ဖြေလိုက်သည်။ "ငါ့တစ်မိသားစုလုံး တပ်ထဲ ဝင်ဖူးတယ်။"

"Fuck! လေးစားစရာပဲ။ ငါတော့ မရ .. ငါ ဆက်မသွားနိုင်တော့ဘူး။ သွားဖို့ ဘယ်လောက် ကျန်သေးလဲ။"

"တစ်ဝက်လောက်ပေါ့။"

ပိုင်ရှင်းယွီ မျက်လုံး လန်ကြည့်လိုက်သည်။ သူ ဆက်ပြေးရရင်တော့ သေတော့မှာမယ် ဆိုတဲ့အထိ တွေးနေမိတာ။ဘာလို့များ သူ အာ့လောက်ထိ ပင်ပန်းနေရတာလဲ။

ဖုန်းသုန့်ယွမ်ကပါ အရှိန်လျော့ကာ သူတို့ဘေး၌ ယှဉ်ပြေးပြီး ပြုံးကာ ပြောလိုက်သည်။

"မင်းတို့ မြို့ပေါ်က စစ်သားတွေက သက်လုံမကောင်ဘူး။ လေ့ကျင့်ခန်း သေချာ မလုပ်လို့နေမယ်။ မင်း အသက်ရှုပုံကလည်း မမှန်ဘူး။ မင်းစိတ်ထဲကနေ အသက်ရှုတာကို တွက်ထား၊ ၁၊၂၊၃ ဖူးး, ဟုတ်တယ်။ အဲ့လို ထိန်းရှု၊ အဲ့လိုဆို ပိုသက်သာတယ်။"

ပိုင်ရှင်းယွီ စမ်းကြည့်ပြီးနောက် နည်းနည်းသက်သာလာတယ်လို့ ခံစားလိုက်ရသည်။ သို့ပေမယ့် နည်းနည်းသာ၊2kmလောက် ပြေးပြီးချိန်မှာတော့ သူ ဆက်မပြေးနိုင်တော့။ သူ မြေပြင်ပေါ် ဘုတ်ကနဲ ပစ်လှဲချပြီး ပြောလိုက်သည်။

"ငါ မလုပ်နိုင်ဘူး၊ .. ငါ ဒီ့ထက် ပို မပြေးနိုင်တော့ဘူး။"

ဖုန်းသုန့်ယွမ် သူ့ကို ဆွဲထူဖို့ ကြိုးစားလိုက်သည်။ "ရှင်းယွီ ထတော့။ တပ်မှုးမြင်ရင် မင်း ဒုက္ခရောက်လိမ့်မယ်။"

ပိုင်ရှင်းယွီ သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။ " ငါ မရဘူး။ ငါ တကယ် မရတော့တာ .. ငါ့ကို ဂရုမစိုက်နဲ့ .. ငါ ခဏလေးပဲ ထိုင်မှာ"

ယွီဖုန်းချန်က ဖုန်းသုန့်ယွမ်လောက် မညင်သာ။ ကော်လံမှ ဆွဲမကာ မြေပြင်ပေါ်မှ ထစေပြီး ပြောလိုက်သည်။

"ပြေးစမ်း!"

ပိုင်ရှင်းယွီ အော်ပြောလိုက်သည်။ "ချီးပဲကွာ၊ မပြေးဘူး!! မနက်အစော ထပြီး ပြေးနေရတာ။ ပြေးချင်တဲ့သူ ပြေး။ငါတော့ မပြေးဘူး!!"

သူ့အသံက အရမ်း မကျယ်ပေမယ့် လူ တော်တော်များများ ကြားသွားပြီး သူ့အား လှည့်ကြည့်လာကြသည်။

သူတို့ရဲ့ နူးနူးညံ့ညံ့ အသားအရေ ရှိတဲ့ တပ်ကြပ်က အနောက်ကို ပြေးလာပြီး ပိုင်ရှင်းယွီကို တစ်ချက်ကြည့်ကာမေးလိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ။"

ပိုင်ရှင်းယွီ ပြဿနာ စရှာတော့သည်။ "တပ်ကြပ်၊ ကျွန်တော် ဆက်မပြေးနိုင်တော့ဘူး။ ကျွန်တော် နားချင်တယ်။"

တပ်ကြပ်လေးက မျက်လုံး ကျဉ်းမြောင်းကြည့်ပြီး မေးလိုက်သည်။ "မင်း ဘယ်လို နားချင်လဲ။"

ပိုင်ရှင်းယွီ ခဏတာမျှ ဆွံ့အသွားပြီးမှ ပြောလိုက်သည်။ "ထိုင်ပြီး နားတာ??"

"အေး၊ မင်း ထိုင်လိုက်"

ပိုင်ရှင်းယွီ တံတွေး မြိုချလိုက်မိသည်။ ဒီ လူနှင့် ပတ်သတ်ပြီး ခံစားချက် သိပ်မကောင်း။"

"ထိုင်လေ။"

ပိုင်ရှင်းယွီ ဂရုမစိုက်နိုင်တော့။ သူ ဘေးနှစ်ဘက်ကို ခြေထောက်ကားကာ ထိုင်ချလိုက်သည်။

သူတို့ အဖွဲ့ခေါင်းဆောင်က ပိုင်ရှင်းယွီ ကျောပေါ်ကို တက်ထိုင်ပြီး အရှေ့သို့ တွန်းလိုက်သည်။ ပိုင်ရှင်းယွီ စီကနဲအော်လိုက်တော့သည်။ သူ့ပေါင်နှစ်ခြမ်း ကွဲသွားပြီးလို့တောင် ထင်လိုက်မိသည်။ အဲ့လုပ်ရပ်က နာလွန်းတာမို့ သူ့မှာ မျက်ရည်တွေပင် ဝဲလာတော့သည်။

"အားး .. နာတယ်!!!"

တပ်ကြပ်က သူ့မျက်မှန်ကို အပေါ် ပင့်တင်လိုက်သည်။ သူ့ဖြူဖွေးနေသော မျက်နှာတွင် ခံစားချက်ဟူ၍ မတွေ့ရ။သူ အရှေ့ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

"ဆက်ပြေးကြမယ်။ နားချင်တဲ့ ဘယ်သူမဆို ဒီလာ။ ငါ အကြောလျော့ပေးမယ်။"

ချန်းလျန် မျက်လုံးသေးသေးလေးက ပြူးကျယ်လာပြီး ခဏလေးအတွင်းမှာ အဝေးကို ပြေးထွက်သွားသည်။ ယွီဖုန်းချန်က သူ ရယ်နေတာကို ချုပ်တည်းရင်း တစ်ဖက်သို့ လှည့်ကာ ပြေးသွားတော့သည်။ ဖုန်းသုန့်ယွမ်တစ်ယောက်တည်းကသာ ပိုင်ရှင်းယွီကို ဂရုဏာ သက်စွာ ကြည့်ပြီးမှ အရှေ့သို့ ဆက်ပြေးသွားတော့သည်။ ပိုင်ရှင်းယွီ အော်သံက လူတိုင်းရဲ့ စိတ်ဓာတ်ကို တက်ကြွလာစေသည်။ သူတို့၏ အရှေ့ ၊ အနောက်၌ ရှိနေကြသော အဖွဲ့ သုံးဖွဲ့လုံး သူတို့ခြေထောက်တွေကို အနားမပေးရဲတော့ပဲ ခွန်အားအပြည့်ဖြင့် ပြေးကြတော့သည်။

ပိုင်ရှင်းယွီလည်း အော်ပြောလိုက်သည်။ "တပ်ကြပ်၊ တပ်ကြပ်၊ ကျွန်တော် ပြေးမယ်။ ကျွန်တော်ပြေးတော့မယ်!!"

တပ်ကြပ်က သူ့ကျောပေါ်တွင် ခြေချိတ်ပြီးတောင် ထိုင်ပြီး ပြောလိုက်သည်။

"မင်း ခဏတော့ နားလိုက်ပါဦး။ အပင်ပန်း မခံနဲ့။"

"မဟုတ်တာ၊ မဟုတ်တာ။ ကျွန်တော် လုံးဝ မပင်ပန်းဘူး။ ကျွန်တော် ပြေးမယ်။ ကျွန်တော်ပြေးမယ်လို့!"

ပိုင်ရှင်းယွီ သူ့ခေါင်းတောင် မထောင်နိုင်တော့။ အစကတည်းက သူက ယောက်ျား ဖြစ်တာမို့ သူခန္ဓာကိုယ်က မပျော့ပျောင်း။ သူ ဒီလို အကြောလျော့ခံလိုက်ရချိန်တွင် သူ့ခြေထောက်က နာကျင်မှုများဖြင့် ထုံကျင်လာတော့သည်။

"မင်း တကယ် မပင်ပန်းတော့ဘူးပေါ့။"

"ဟင့်အင်း၊ ကျွန်တော် မပင်ပန်းတော့ပါဘူး!"

ထိုအခါမှသာ တပ်ကြပ်က သူ့အပေါ်မှ ထကာ ပိုင်ရှင်းယွီကို ဆွဲထူလိုက်သည်။ သူ ပိုင်ရှင်းယွီ ဘောင်းဘီမှ ဖုန်တွေကို ခါပေးရင်း ခါးပတ်ကို ပြန်ပြင်ပေးကာ ပိုင်ရှင်းယွီ ခေါင်းကို ခပ်ဖွဖွပုတ်ပြီး ကြင်နာစွာ ပြောလိုက်သည်။

"ဆက်ပြေးတာပေါ့။"

ပိုင်ရှင်းယွီလည်း သူ့ကြွက်သားတွေ ကိုက်ခဲနေတာတောင် ဆက်ပြေးနေလိုက်သည်။ သူ ခဏလေးတောင် မရပ်ရဲ။

'ပြေးတာက အများဆုံး ခံစားရရင် ပင်ပန်းတာ တစ်ခုထဲ။ အကြောလျော့တာက သေမလို နာတယ်!!'

ပိုင်ရှင်းယွီ နောက်ပိုင်းမှာတော့ သူတို့ရဲ့ တပ်ကြပ် နာမည်က "ချန်ကျင်း"လို့ ခေါ်ပြီး သူ့မှာ "မျက်နှာသေ လူတော်" ဆိုတဲ့ နာမည်ပြောင် ရှိသေးသည် ဆိုတာကိုပါ သိလိုက်ရသည်။

တိုတောင်းလှတဲ့ 3km ပြေးပွဲလေးက ကုန်းမြေပြင် အမြင့်ဖြစ်နေပြီး အစားအစာလေး တစ်ခုမှတောင် မစားရသေးခင်မှာ ပြေးရတာမို့ အားနည်းလှတဲ့ တပ်သားတွေအတွက်တော့ နှိပ်စက်ခံရခြင်း တစ်မျိုးပင်။

သူတို့အကုန် Poplar တောအုပ်လေးထဲမှ ကွင်းပြင်ဆီသို့ ပြန်ရောက်လာချိန်တွင် ပိုင်ရှင်းယွီကတော့ သူ့ ခြေထောက်နှစ်ချောင်းကို တရွတ်တိုက်ဆွဲကာ ပြန်လာရသလို ခံစားလိုက်ရသည်။ သူ အသက်ကိုပင် ဝအောင် မရှုနိုင်။

ရွှီချောင်နှင့် ဝမ်ရွှန်းဝေကတော့ သူတို့ ဆိုင်ကယ်လေးများနှင့် အေးအေးလူလူ ပြန်လာကြသည်။ ရွှီချန် ဆိုင်ကယ်ပေါ်က ဆင်းပြီးနောက် သူတို့အား မျက်မှောင်ကြုတ်ကာ အကြာကြီး ကြည့်နေပြီးမှ အော်လိုက်သည်။

"သတိ!!"

လူတိုင်း သူတို့ နောက်ကျောများ ဆန့်ကာ ရပ်လိုက်ကြသည်။

ရွှီချောင် လှောင်ရယ် ရယ်ပြီး ပြောသည်။

"မင်းတို့ကို ကြည့်ပါဦး။ 3kmလောက်လေး ပြေးပြီးတာကို ခြေကုန်လက်ပမ်း ကြနေပြီ။ မင်းတို့တွေ .. အများကြီးဖူးဖူးမှုတ်ခံထားခဲ့ရပုံပဲ။"

သူ အိတ်ထဲမှ သခွါးသီးကို ထုတ်ကာ တစ်ဝက်ချိုးပြီး တစ်ဝက်ကို ရှစ်ရွှန်းဝေအား ပေးကာ သူက ကျန်တစ်ဝက်ကိုစားနေရင်း ပြောလိုက်သည်။

"ငါ မင်းတို့ကို ကြိုပြောထားမယ်။ မနက် အစောထပြီး 5km ပြေးရတာက မင်းတို့ရဲ့ မနက်စာ အဆာပြေပဲ။ မင်းတို့မနက်တိုင်း 5km မပြေးရရင် ထမင်းစားဖို့ အရမ်းပင်ပန်းသလို ခံစားလာရမယ်။ အေး! မင်းတို့ မနက် 5km ပြေးပြီးမှမနက်စာ စားနိုင်တော့မယ်ဆိုရင် မင်းတို့က အရည်အချင်း ပြည့်မှီပြီ။"

ပိုင်ရှင်းယွီ ငိုချင်ချင် ဖြစ်သွားသည်။ ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံပြီး အာ့လောက် အပေါစား ဆန်မှာလဲ။

"မင်းတို့ အကုန်နိုးပြီလား။"

လူအုပ်က ဖျော့တော့တော့ ပြန်ဖြေလာသည်။

"ဟုတ်ကဲ့"

"ကျယ်ကျယ်ပြောစမ်းပါ!! နတ်ဘုရားမတွေရဲ့!!"

"နိုးပါပြီ!!"

ရွှီချောင် ခေါင်းငြိမ့်ကာ ရုတ်တရက် ကျန်တဲ့ သခွါးသီး အမြှီးပိုင်းဖြင့် ပိုင်ရှင်းယွီအား ပစ်ပေါက်လိုက်သည်။

"မင်း!! မတ်မတ် ရပ်စမ်း!"

အစတုန်းက ပိုင်ရှင်းယွီ မြေပြင်ပေါ် ပစ်လဲတော့မတတ် ကုန်းကုန်းကွကွ ဖြစ်နေခဲ့သည်။ သခွါးသီး အပိုင်းအစလေးက သူ့ကို တည့်တည့်ထိလာသည်။ အဲ့ဒါက မနာပေမယ့် သူ့ကို လန့်သွားစေသည်။ သူ ချက်ချင်း မတ်မတ်ရပ်ကာ ရွှီချောင်အား မျက်လုံး ပေကလပ် ပေကလပ်ဖြင့် ကြောက်လန့်တကြား ကြည့်လိုက်သည်။

ရွှီချောင် ပြောလိုက်သည်။ "ဒီမနက်၊ ဘာလေ့ကျင့်ခန်းမှ လုပ်စရာ မလိုတော့ဘူး၊ မင်းတို့ တပ်ကြပ်တွေက မင်းတို့အဆောင် ရှိရာကို ပြန်ခေါ်သွားပြီး အိမ်မှုကိစ္စနဲ့ ပတ်သတ်ပြီး သင်ကြားရမယ်။ အဲ့ဒါပြီးရင်တော့ ညစာ၊ ညစာ မတိုင်ခင်မှာ 3km ပြေးရမယ်။ ညစာ စားပြီးရင်တော့ ဒီဘက်က နည်းပြက မင်းတို့ကို သင်စရာ ရှိတာတွေ သင်ပေးလိမ့်မယ်။ ဒါပါပဲ။"

ထို့နောက် သူ ဝမ်ရွှန်းဝေကို ကြည့်ပြီး ပြောလိုက်သည်။ "လောင်ဝမ်၊ ငါ ပြောဖို့ မေ့ခဲ့တာ ရှိလား။"

ဝမ်ရွှန်းဝေ ပြောလိုက်သည်။ "မင်း စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောနေတယ်။"

"စကားပြော ညင်သာတာက မင်းအလုပ်၊ ငါ့အလုပ်က သူတို့ စည်းကမ်းရှိအောင် ပညာပေးရမှာ။ လုံလောက်ပြီ။မင်း ပြောစရာ ရှိတာ ညမှ ပြောတော့။ ဒါပဲ။ ငါ ဗိုက်ဆာပြီ။ သွားစားရအောင်။"

ရွှီချောင် တပ်သားအုပ်စုဘက်ကို လက်ညိုးထိုးရင်း - "တပ်ကြပ်က ကိုယ့်အဖွဲ့ကိုယ် အဆောင်ခေါ်သွားလိုက်။" ပြောပြီးသည်နှင့် သူနှင့် ဝမ်ရွှန်းဝေ ပခုံးချင်း ဖက်ကာ မနက်စာ သွားစားကြတော့သည်။

ပိုင်ရှင်းယွီ မြေပေါ်ကျနေတဲ့ သခွါးသီး အပိုင်းအစလေးကို ကြည့်ကာ မနေ့ညက သူတို့ ဆွေးနွေးနေကြတဲ့ အသားသွပ် ပေါက်စီ အဖြူကြီးနှင့် ဝက်သားကင်တို့ကို တွေးမိကာ တံတွေးများ မြိုချမိတော့သည်။ သူ့အစာအိမ်ထဲကအက်စစ်များပင် ယိုစိမ့်လာသလို ခံစားလိုက်ရသည်။ ရထားပေါ်မှ ရှုပ်ပွနေသည့် ထမင်းထက်စာရင် ဒီက ပိုကောင်းမည့်ပုံ ပေါ်သည်။

ချန်းကျင်း ထွက်ခွါဖို့ အော်ပြောလိုက်ပြီး သူတို့ အကုန်လုံးကို အဆောင်ဘက်သို့ ခေါ်သွားလိုက်သည်။ သူ လူတိုင်းကို နှစ်လိုင်းစီ တန်းဆီခိုင်းပြီး တစ်ယောက်ချင်းဆီ မိတ်ဆက်စေတော့သည် - သူတို့ နာမည်၊ မွေးသည့်နှစ်၊ လာသည့် ဇာတိ၊ သူတို့ မိသားစုတွင် ရှိသည့် လူအရေအတွက်၊ သူတို့ ဝါသနာ။ တစ်ယောက်ကို တစ်ယောက် ပိုမို ရင်းနှီးလာစေဖို့ ဘာမဆို ပြောလို့ ရသည်။

သူတို့ အဆောင်တွင် အယောက် ၂၀ရှိပြီး ၈ယောက် ၉ယောက်လောက်ကတော့ နယ်မြို့များမှ လာပြီး အများစုကတော့ ပေ့ကျင်း၊ ရှန်းသုန်း၊ ရှအန်းရှိ၊ ရှင်းကျန်းတို့မှ လာကြသည်။

ချန်းလျန်က ရှန်းသုန်းက ဖြစ်သည်။ သူက လူရိုးတစ်ယောက် ဆိုပေမယ့် အနည်းငယ်တော့ နောက်တိနောက်ပြောင်ရှိသည်။ သူက စကားပြောရတာနှင့် ရယ်ရတာကို သဘောကျပြီး သူ သူ့ကိုယ်သူ မိတ်ဆက်ချိန်တွင် သူ့ကို အိမ်ပြန်အလာစောင့်နေတဲ့ ကောင်မလေး ရှိပြီး သူပြန်သွားရင် လက်ထပ်ကြမှာဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သေးသည်။ထိုအရာက မိန်းကလေး လက်ကိုတောင် မကိုင်ဖူးတဲ့ လူပျိုပေါက်စလေးတွေကို အားကျ မနာလို ဖြစ်စေတော့သည်။

ဖုန်းသုန့်ယွမ်က ရှအန်းရှိက ဖြစ်ပြီး သူ့မိသားစုက ဆင်းရဲသည်။ သူ တက္ကသိုလ် မသွားနိုင်တာကြောင့် တပ်ထဲ ဝင်ခဲ့ကြောင်းပြောပြီး သူ ပိုက်ဆံစုမိတဲ့အခါ ကျောင်းပြန်တက်မည်ဟု ပြောပြလာသည်။ ထိုအရာက သူ့ရည်မှန်းချက်ဖြစ်သည်။ သူ ထိုအကြောင်းများ ပြောပြနေချိန်တွင် နူးညံ့သော အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သူ့ရည်ရွယ်ချက်ခိုင်မာမှုကလည်း ထင်ရှားနေသည်။

ယွီဖုန်းချန်ကတော့ အစပိုင်းတွင် ဟေးပိုင် ပြည်နယ်တွင် နေသည်။ သူ ဆယ်ကျော်သက် အရွယ်ရောက်ချိန်တွင် သူ့မိသားစုနှင့်အတူ ရှန်ဟိုင်းသို့ ပြောင်းလာရသည်။ သူ သူ့အိမ်နှင့် ပတ်သတ်ပြီး တစ်ခွန်းမပြောပေမယ့် ပိုင်ရှင်းယွီကတော့ သူ ရှန်ဟိုင်းသို့ ပြောင်းရသည်မှာ သူ့အိမ်မှ လူကြီး ရာထူး အပြောင်းအရွေ့ကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ သူ့ကိုယ်သူ မိတ်ဆက်ခြင်းမှာ တိုတုတ်သည်။ သူ့အကြောင်း အများကြီး မသိစေလိုခြင်းကြောင့်ဖုံးကွယ်နေသည်နှင့်ပင် တူလှသည်။ သို့ပေမယ့် ပိုင်ရှင်းယွီကတော့ သူ့ကို အသက်ကြောင့် သဘောတကျ ဖြစ်သွားသည်။ ဒီခွေးကောင်က သူ့ထက် သုံးနှစ်တောင် ငယ်သည်။

ပိုင်ရှင်းယွီ မနေနိုင်စွာ ယွီဖုန်းချန်းအား လှမ်းငေးကြည့်လိုက်သည်။ ယွီဖုန်းချန် သူ့အကြည့်အား ခံစားရစွာဖြင့်ခေါင်းလှည့်လာကာ သူ့ကို ပြုံးပြပြီး ရုတ်တရက် လျှာထုတ်ကာ သူ့နှုတ်ခမ်းဘေးကို သပ်လိုက်သည်။ ထိုပုံစံမှာလူယုတ်မာဆန်ဆန် ဆွဲဆောင်မှု ရှိလှသည်။ ပိုင်ရှင်းယွီ ဒေါသထွက်လွန်းတာမို့ သွေးတောင် အန်တော့မယ့် အထိပင်။

နောက်ဆုံး မိတ်ဆက်ရသူကတော့ အခန်းထဲတွင် အငယ်ဆုံး၊ အသက် ၁၆နှစ်သာ ရှိသေးသည့် ကောင်လေးဖြစ်သည်။ သူ့နာမည်က ပါ့ထုအာ ဖြစ်ပြီး သူ့ဇာတိက Uyghur ဖြစ်သည်။ သူ့ဇာတိမှာ စစ်စခန်းနှင့် အနီးဆုံးဖြစ်သည်။ ပိုင်ရှင်းယွီ အရင်က သူ့ကို လုံးဝ သတိမထားမိခဲ့။ ဘာလို့ဆို ထိုကောင်လေးမှာ အရပ် အနည်းငယ် ပုကာအမြဲ နောက်ဆုံးတန်းတွင် ရပ်နေသောကြောင့် ဖြစ်သည်။ သူ စကားပြောရာတွင် ပြည်မကြီး တရုတ်သံကနားထောင်ရ တစ်မျိုးလေး ဖြစ်နေသောကြောင့် လူတော်တော်များများကို ရယ်စေတော့သည်။

ပိုင်ရှင်းယွီလည်း လူအများ အကြည့်နောက်လိုက်ကာ ထိုကောင်လေးကို လှည့်ကြည့်လိုက်ပေမယ့် ထိုကောင်လေးက ရှက်ကာ ခေါင်းငုံ့ထားတာမို့ ထူထဲသည့် မျက်တောင်ရှည်များကိုသာ မြင်နေရသည်။ ချန်းကျင်းက သူ့ကို မော့ကြည့်ခိုင်းသောကြောင့် ခေါင်းမော့လိုက်ချိန်တွင် မြင်လိုက်ရသည့် သူ့ပုံစံသည် အသားအနည်းငယ် မဲပေမယ့် သူ့မျက်နှာလေးက အရုပ်ကလေးနှင့် တူပြီး အရမ်းလည်း လှသည်။ အထူးသဖြင့် သူ လူအများရှေ့တွင် ရှက်နေပုံသည် လူတိုင်းက သူ့ပါးလေးကို ဆွဲဆိတ်ချင်စိတ် ပေါ်လာစေသည်။

ထစ်ထစ်အအဖြင့် သူ လူဆိုးများကို ဖမ်းဖို့ စစ်သားဖြစ်လာသည်ဟု ပြောလိုက်သည်။

ချန်းကျင်းက သူ့အား ဘယ်လို လူဆိုးမျိုးကို ဖမ်းချင်တာလဲဟု မေးကာ လူဆိုး ဖမ်းတာ ရဲသား အလုပ်ဟုလည်းထပ်ပေါင်း ပြောလိုက်သေးသည်။

ပါ့ထုအာက ပါးရဲရဲဖြင့် ပြန်ဖြေသည်။ "ကျွန်တော်တို့ ရွာမှာ သိုးတွေ ဖမ်းတဲ့ လူဆိုးတွေလည်း ရှိတယ်။ လူတွေကိုသတ်တဲ့ လူဆိုးတွေလည်း ရှိတယ်။"

ချန်းကျင်းက မျက်မှောင်ကြုပ်ကာ တိတ်ဆိတ်သွားသည်။ ပိုင်ရှင်းယွီက စာမတတ်ပေမတတ်ဆိုပေမယ့် ဒီကိစ္စနဲ့ပတ်သတ်တဲ့ သတင်းတွေက နေရာအနှံ့မှာ တွေ့နေရသည်။ သူ အများကြီး မသိပေမယ့်လည်း နယ်စပ် ဒေသသည်လုံခြုံသည့် နေရာမဟုတ်။ ပြစ်မှု တော်တော်များများကတော့ နိုင်ငံရပ်ခြားများကြောင့် ဖြစ်တာတော့လည်းမဟုတ်။ သူ ဒီကို မလာခင် မြင်ခဲ့ရတဲ့ သတင်းများနှင့်ပင် သူ့မှာ အထိတ်တလန့်ဖြစ်နေရသည်။

အခန်းထဲမှာ လူတိုင်း မိတ်ဆက်ပြီးသွားပြီ။ ချန်းလျန် ရုတ်တရက် ပြောလိုက်သည်။

"တပ်ကြပ်၊ ကိုယ့်ကိုယ်ကိုယ် မမိတ်ဆက်ရသေးဘူး။"

ချင်းကျင်း သူ့မျက်မှန်ကို ပင့်တင်ပြီး ပြောလိုက်သည်။ "ဟုတ်သား၊ ငါ့ကိုယ်ငါ မမိတ်ဆက်ရသေးဘူးပဲ။ ငါ့နာမည်က ချင်းကျင်း။ ၂၁နှစ်။ ငါက အမြှောက်တပ်ရင်း၊ ထောက်လှမ်းရေး တပ်ဖွဲ့က ပထမအတန်း တပ်ကြပ်။ ငါ မင်းတို့ကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာတယ်။ မင်းတို့ ဒီသုံးလ ပြီးသွားရင် ဒီထဲက လူတစ်ချို့က ငါ့ရဲဘော်ရဲဘက်တွေဖြစ်လာနိုင်တယ်။ မင်းတို့ အခြား တပ်ရင်းတွေကို သွားရမှာလည်း ဖြစ်နိုင်တယ်။ အဲ့ခါကျရင်တော့ ငါတို့ ထပ်မတွေ့ဘူးပေါ့။ အဲ့ဒါကြောင့် အတူရှိရမယ့် ဒီသုံးလကို တန်ဖိုးထားပါ။ သေချာ လေ့ကျင့်။"

ပိုင်ရှင်းယွီ တွေးလိုက်မိသည်။ ချန်းကျင်းက "ကိုက်သောခွေး မဟောင်" ဆိုသလိုပဲ။ သူက လူကြီးလူကောင်းပုံပေါက်ပေမယ့် သူ့နည်းလမ်းတွေက ကြမ်းတမ်းသည်။ ဒီလိုလူကို အနာဂတ်မှာ သွားမရှုတ်မိတာ ပိုကောင်းမည်။

ချန်းကျင်း လက်ခုပ်တီးရင်း ပြောလိုက်သည်။ "ငါတို့အကုန် မိတ်ဆက်ပြီးပြီဆိုတော့ ရင်းရင်းနှီးနှီးနေကြတာပေါ့။ဒီခင်မင်မှုကို မြတ်နိုးကြ။ အခု ငါ မင်းတို့ကို အိမ်မှုကိစ္စ ထိန်းသိမ်းတာနဲ့ ပတ်သတ်ပြီး ရှင်းပြမယ်။"

KittyKitling

_____///_____

[Zawgyi]

"5km အေျပးလမ္း"

ပိုင္ရွင္းယြီ ဒယိုင္းဒယိုင္ျဖင့္ အေရွ႕သို႔ ေလၽွာက္သြားလိုက္သည္။ ရႊီေခ်ာင္ကလည္း စင္ျမင့္ေပၚမွ ခုန္ဆင္းကာလက္ကို အေနာက္ပစ္ၿပီး ပိုင္ရွင္းယြီ ရွိရာ ေနရာသို႔ ေလၽွာက္လာေတာ့သည္။ ပိုင္ရွင္းယြီအား ပတ္ပတ္လည္ လွည့္ပတ္ၾကည့္ေနၿပီး သူ႔အၾကည့္စူးစူးမ်ားက ပိုင္ရွင္းယြီ ခႏၶာကိုယ္အား အစိတ္စိတ္ ပိုင္းျဖတ္ေနသလိုပင္။

သူ ပါးစပ္ဟကာ စကားေျပာဖို႔ လုပ္လိုက္သည္။ ေအာ္မေျပာေပမယ့္ သူ႔အသံက ရွင္းယြီ အရိုးထဲထိ ထိုးေဖာက္ဝင္သြားသလို ခံစားလိုက္ရသည္။

"ငါ မင္းတို႔အကုန္လုံးကို အရင္ဆုံး ေျပာထားမယ္။ ငါ့စစ္တပ္က က်န္တဲ့ စစ္တပ္ေတြနဲ႔ မတူဘူး။
ပထမအခ်က္ - ဒါက ကုန္းေျမျပင္ အျမင့္မွာ ရွိတယ္။ မင္းတို႔ေတြ ဒီရာသီဥတု ေျမျပင္ အေျခအေနကို လက္ခံနိုင္ဖို႔ ႏွစ္ဆ ပိုႀကိဳးစား အားထုတ္ရလိမ့္မယ္။
ဒုတိယအခ်က္ - မင္းတို႔ကို သင္ၾကားေပမယ့္ နည္းၿပ မတူဘူး။ မင္းတို႔အကုန္ ငါ့ဆီ ေရာက္ေနတဲ့အခ်ိန္ မင္းတို႔မိဘေတြ လက္ထဲ ေကာင္းေကာင္းႀကီးျပင္းခဲ့ရတယ္ဆိုတာေတြ ေမ့ထား။ ဒီမွာ ေလ်ာ့တိေလ်ာ့ရဲေနၿပီး ၃လၿပီးတာနဲ႔ ဘြဲ႕ရလတ္မွတ္ တန္းရမယ္လို႔ ေမၽွာ္လင့္ မေနနဲ႔။ ငါ့ဆီက စစ္သားေတြဆိုတာ တကယ့္ စစ္သား အရည္အခ်င္းေတြနဲ႔ ျပည့္မွီေနရမယ္။
တတိယအခ်က္ - ဒီေနရာက ငါတို႔နိုင္ငံရဲ့ နယ္စပ္ေဒသ။ ဒါေပမယ့္ မင္းတို႔ အကုန္လုံးက နယ္ေစာင့္ တပ္သားေတြမဟုတ္ဘူး။ ေသနတ္တစ္လက္ကို ကိုင္ၿပီး သတ္နိုင္ျဖတ္နိုင္ အရည္အခ်င္း ရွိတဲ့ စစ္သားေတြ။ ငါတို႔နယ္ေျမကိုက်ဴးေက်ာ္လာတဲ့ လူဆိုးေတြ ေတြ႕ရင္ မင္းတို႔က သူတို႔ကို သတ္ရမယ္!
မင္းတို႔ ဘယ္ေလာက္ ၿငိမ္းခ်မ္းတဲ့ ေနရာက လာလာ ဒီကို ေရာက္လာၿပီး ဒီယူနီေဖာင္းကို ဝတ္ထားရင္၊ မင္းတို႔ေခါင္းေတြ ျပတ္သြားလို႔ရတယ္။ မင္းတို႔ ေသြးသံရဲရဲျဖစ္လို႔ရတယ္။ ဒါေပမယ့္!! ဒီစစ္တပ္ကိုေတာ့ ဘယ္ေတာ့မွ နာမည္ဖ်က္လို႔ မရဘူး။"

ရႊီေခ်ာင္ ေျပာၿပီးေနာက္ သူ႔ အၾကည့္မ်ားက ပိုင္ရွင္းယြီဆီသို႔ ေရာက္လာၿပီး ေျပာလိုက္သည္။

"မင္း ဘယ္လို နည္းလမ္းေတြသုံးၿပီး တပ္ထဲ ေရာက္လာလဲဆိုတာ ငါ ဂ႐ုမစိုက္ဘူး။ မင္း တပ္ထဲ ဝင္လာတာနဲ႔ လူတိုင္းနဲ႔ တန္းတူတန္းမၽွ ဆက္ဆံခံရမယ္။ ဒီေန႔ မင္း ၅မိနစ္နဲ႔ ၃၈စကၠန့္ ေနာက္က်တယ္။ ငါ အခု မင္းကို အျပစ္ေပးလိုက္ရင္ ဒါက ညႊန္ၾကားခ်က္ မရွိပဲ အျပစ္ေပးသလို ျဖစ္သြားမယ္။ အဲ့ဒါေၾကာင့္ ဒီပထမဆုံးေနမွာေတာ့ ငါ မင္းကိုအျပစ္မေပးဘူး။ မနက္ျဖန္ မင္း သတ္မွတ္ထားတဲ့ အခ်ိန္ထက္ ၅မိနစ္နဲ႔ ၃၈စကၠန့္ ေစာေရာက္လာရမယ္။"

ပိုင္ရွင္းယြီ တုန္တုန္ယင္ယင္ျဖင့္ ျပန္ေျဖလိုက္သည္။ "အိုး .. Ok"

ရႊီေခ်ာင္ သူ႔ေနာက္ေက်ာအား ရိုက္ၿပီး ေျပာလိုက္သည္။ "မင္း ခါးကို မတ္ၿပီး 'ဟုတ္ကဲ့' လို႔ ေျပာစမ္း!"

"ဟုတ္ကဲ့!"

"တန္းသြားစီေတာ့။"

ပိုင္ရွင္းယြီလည္း သူ႔အေဆာင္အဖြဲ႕ ရွိရာဘက္သို႔ အေျပး သြားလိုက္သည္။

ရႊီေခ်ာင္ ဆက္ေျပာသည္။ "ေနာက္ ရက္အနည္းငယ္အတြင္းမွာ မင္းတို႔ေတြက စစ္တန္းလ်ား စည္းကမ္းေတြ၊ အိမ္မွုအလုပ္ေတြ၊ စစ္ထရိန္းနင္းေတြနဲ႔ ပတ္သတ္ၿပီး သင္ၾကားရမယ္။ ဒါေပမယ့္ မင္းတို႔ စစ္သားအသစ္ေတြ အေနနဲ႔မင္းတို႔မွာ စိတ္ဓာတ္တက္ႂကြမွု လုံးဝ မရွိဘူး။ မင္းတို႔မွာ စစ္သားတစ္ေယာက္ရဲ့ စိတ္ဓာတ္ တက္ႂကြမွု မရွိဘူးဆိုရင္ ပထမဆုံး 3km ေျပးရမယ္။ နိုးနိုးၾကားၾကား ရွိစမ္း!!"

ပိုင္ရွင္းယြီ အရမ္းဗိုက္ဆာၿပီး ေခါင္းမူးေနတာမို႔ သူ 3km ေျပးရမယ္လို႔ ၾကားခ်ိန္တြင္ သူ အေဝးႀကီး မဟုတ္ေလာက္ဘူးဟု ေတြးလိုက္မိၿပီး သူ ေတာင့္ခံနိုင္မည္ ထင္လိုက္သည္။ ထိုအခ်ိန္က 3kmဆိုတာ ဘယ္လို အကြာအေဝးမွန္း သူ လုံးဝ မသိေသး။

သူတို႔အဖြဲ႕၏ တပ္ၾကပ္က အသက္ ၂၀အရြယ္ လူငယ္ေလး ျဖစ္သည္။ အသားအေရကလည္း ႏူးညံ့၊ မ်က္မွန္ေလးႏွင့္ အလြန္ေခ်ာေမာကာ ယဥ္ေက်း သိမ္ေမြ႕ပုံေပၚသည္။ တပ္စု အေရွ႕တြင္ လွပေသာ သတိအေနအထားႏွင့္ မလွုပ္မယွက္ ရပ္ေနသည္။ သူ ရႊီေခ်ာင္ရဲ့ အမိန့္သံကို ၾကားခ်ိန္တြင္ ေဘးဘီကို ၾကည့္မေနပဲ ေအာ္လိုက္သည္။

"သက္သာ ၊ သတိ!!"

ထို႔ေနာက္ တပ္ၾကပ္မ်ား ဦးေဆာင္သည့္ အဖြဲ႕ တစ္ဖြဲ႕ၿပီး တစ္ဖြဲ႕ ကြင္းျပင္ အျပင္ဘက္ရွိ Poplar အပင္မ်ား ရွိရာေတာအုပ္သို႔ ေျပးသြားၾကသည္။ ရႊီေခ်ာင္ႏွင့္ ရွစ္ရႊန္းေဝကေတာ့ သူတို႔အေနာက္မွ ဆိုင္ကယ္ျဖင့္ လိုက္လာၾကသည္။

တပ္စခန္းတစ္ခုလုံးကို Poplar သစ္ပင္မ်ား ရွိသည့္ ေတာအုပ္ေလးက ဝန္းရံထားၿပီး ထိုအပင္မ်ားကို ေလဒဏ္ ႏွင္းဒဏ္မ်ား ကာကြယ္ဖို႔ စိုက္ထားျခင္း ျဖစ္ေလာက္မည္။ အပင္ေပါက္ရန္ မလြယ္သည့္ က်က္တီးေျမမွာ ခက္ခက္ခဲခဲရွင္သန္ေနေသာ Poplarမ်ားသည္ ဇြဲရွိေစဖို႔ စိတ္ဓာတ္ခြန္အားကို ေဖာ္ျပေနသေယာင္။

သို႔ေပမယ့္လည္း ပိုင္ရွင္းယြီမွာ မားမားမတ္မတ္ ရွင္သန္ေနသည့္ Poplar ပင္မ်ားကို လွမ္းေငးၾကည့္ကာ အားက်ဖို႔စိတ္အေျခအေနမရွိ။ သူ႔မွာ အေမာတေကာျဖင့္ ေဟာဟဲလိုက္ေနသည္။

သူတို႔ အဖြဲ႕၏ ထက္ဝက္ေက်ာ္ခန့္မွာ ေျမျပန့္မွ လာသူမ်ား ျဖစ္ၾကေပမယ့္ စစ္စခန္းက 3000 meterေလာက္သာ ျမင့္သည့္ ကုန္းျမင့္ေပၚမွာ တည္ရွိသည္။ တအား မျမင့္တာမို႔ ဝန္မပါပဲ ေျပးရမည္ ဆိုပါက လူငယ္မ်ားသည္ တစ္ရက္ႏွစ္ရက္ အတြင္း ဒီေတာင္ကုန္းေပၚကို အခက္အခဲမရွိ ေျပးလႊားနိုင္မွာ ျဖစ္သည္။ သို႔ေပမယ့္ သူတို႔ ေလ့က်င့္ခန္း စလုပ္လိုက္ရသည္ႏွင့္ ပိုင္ရွင္းယြီ ရႊီေခ်ာင္ ေျပာသည့္ "ဒီရာသီဥတု ေျမျပင္အေျခအေနကို လက္ခံနိုင္ဖို႔ ႏွစ္ဆ ပိုအားထုတ္ရမယ္" ဆိုသည့္ စကားကို တန္းနားလည္သြားေတာ့သည္။

သူက ေလ့က်င့္ခန္းကို ႀကိဳးစားအားထုတ္ လုပ္ခဲ့တာမ်ိဳး မရွိေပမယ့္ သူ႔အသက္အရြယ္ ေရာက္မွေတာ့ မီတာ ၅၀၀အကြာအေဝးေလးကို အသက္ရွု မဝ ျဖစ္ကာ မေျပးနိုင္ဆိုတာကို မယုံခ်င္။ သူ႔ ေျခေထာက္မ်ားက အားေပ်ာ့လာၿပီးသူ အသက္ရွုရတာလည္း ခက္ခဲလာေတာ့သည္။ ထိုသို႔ျဖစ္သည္မွာ သူ တစ္ေယာက္တည္း မဟုတ္။ အျခားသူမ်ားလည္း ေအာက္ဆီဂ်င္ ျပတ္ေတာက္မွုကို ခံစားလာရၿပီး သူတို႔ ပိုေျပးေလ ပိုေမာလာေလ ျဖစ္ၿပီး ဒီစစ္တပ္တြင္ေျပးရသည့္ 3km အကြာအေဝးသည္ ကုန္းေျမျပန့္တြင္ ေျပးရသည့္ 3km အကြာအေဝးႏွင့္ အလြန္ပင္ ကြာျခားေနေတာ့သည္။

တပ္ၾကပ္ကေတာ့ သူတို႔အား အေရွ႕မွ ဦးေဆာင္ကာ Poplar သစ္ေတာအုပ္အတြင္း ေျပးေနသည္။ 1kmေျပးၿပီးခ်ိန္တြင္ ညီညာေနသည့္ အဖြဲ႕က ပုံပ်က္စျပဳလာသည္။ ႀကံခိုင္မွု ကြာျခားခ်က္မ်ား ေပၚလာၿပီး၊ သူတို႔တပ္ၾကပ္တို႔၊ ယြီဖုန္းခ်န္တို႔က အဖြဲ႕အေရွ႕တြင္ မ်က္ႏွာေတာင္ တစ္ခ်က္မပ်က္ ဦးေဆာင္ ေျပးေနဆဲ။ သို႔ေပမယ့္ ပိုင္ရွင္းယြီ၊ ခ်န္းလ်န္ႏွင့္ ဝေသာ လူအခ်ိဳ႕ကေတာ့ အုပ္စု၏ အေနာက္တြင္ ေဟာဟဲလိုက္ကာ ေနေတာ့သည္။

အေရွ႕ဆုံးမွ ေျပးေနသည့္ ယြီဖုန္းခ်န္ အေနာက္သို႔ လွည့္ၾကည့္ခ်ိန္တြင္ ပိုင္ရွင္းယြီ အမ်ားႀကီး ေနာက္က်က်န္ခဲ့တာကို ေတြ႕လိုက္တာမို႔ တမင္ အရွိန္ေလ်ာ့ကာ သူ႔အနား ကပ္ေျပးရင္း စေနာက္ ေမးလိုက္သည္။

"ေျပာပါဦး။ ဗိုက္ဆာေနၿပီလား။"

ယြီဖုန္းခ်န္ရဲ့ ဘိုးေဘဘီဘင္မ်ားအထိ ပိုင္ရွင္းယြီ စိတ္ထဲ ဆဲဆိုလိုက္မိသည္။ သူ႔မွာ ဗိုက္ဆာလြန္းတာမို႔ ေပါင္မုန့္ႏွစ္လုံးကိုေတာင္ ေရမေသာက္ပဲ ၿမိဳခ်နိုင္သည္ အထိပင္။

ယြီဖုန္းခ်န္ ေျပာလိုက္သည္။ "မနက္ ထတာနဲ႔ တန္း မနက္စာ စားရမယ္ ထင္ေနတယ္ေပါ့။ အခု ေလ့က်င့္ေရးကေတာင္ လြယ္ေနေသးတယ္။ မင္း စစ္ေရးျပကြင္းထဲ ေရာက္သြားရင္ မနက္တိုင္း ကိုယ္ကာယ ေလ့က်င့္ခန္းေတြလုပ္ရမွာ။ မၿပီးမခ်င္းလည္း မနက္စာ မစားရဘူး။" သူ ရယ္ၿပီး ဆက္ေျပာသည္။ "ေျပာပါတယ္။ မင္းလိုပုံစံနဲ႔စစ္တပ္ထဲမွာ မေနနိုင္ပါဘူးလို႔။"

ပိုင္ရွင္းယြီ စူးစိုက္ၾကည့္ကာ ေျပာလိုက္သည္။ "ငါကလည္း ဒီမွာ ေနခ်င္လို႔ ေနေနရတာမွ မဟုတ္တာ"

ခ်န္းလ်န္ ေဟာဟဲစိုက္ရင္း ေျပာလိုက္သည္။ "တာ့ေကာ၊ မင္း ဘယ္လိုလုပ္ .. တပ္အေၾကာင္း ေကာင္းေကာင္း သိေနရတာလဲ။"

ယြီဖုန္းခ်န္ ျပန္ေျဖလိုက္သည္။ "ငါ့တစ္မိသားစုလုံး တပ္ထဲ ဝင္ဖူးတယ္။"

"Fuck! ေလးစားစရာပဲ။ ငါေတာ့ မရ .. ငါ ဆက္မသြားနိုင္ေတာ့ဘူး။ သြားဖို႔ ဘယ္ေလာက္ က်န္ေသးလဲ။"

"တစ္ဝက္ေလာက္ေပါ့။"

ပိုင္ရွင္းယြီ မ်က္လုံး လန္ၾကည့္လိုက္သည္။ သူ ဆက္ေျပးရရင္ေတာ့ ေသေတာ့မွာမယ္ ဆိုတဲ့အထိ ေတြးေနမိတာ။ဘာလို႔မ်ား သူ အာ့ေလာက္ထိ ပင္ပန္းေနရတာလဲ။

ဖုန္းသုန့္ယြမ္ကပါ အရွိန္ေလ်ာ့ကာ သူတို႔ေဘး၌ ယွဥ္ေျပးၿပီး ျပဳံးကာ ေျပာလိုက္သည္။

"မင္းတို႔ ၿမိဳ႕ေပၚက စစ္သားေတြက သက္လုံမေကာင္ဘူး။ ေလ့က်င့္ခန္း ေသခ်ာ မလုပ္လို႔ေနမယ္။ မင္း အသက္ရွုပုံကလည္း မမွန္ဘူး။ မင္းစိတ္ထဲကေန အသက္ရွုတာကို တြက္ထား၊ ၁၊၂၊၃ ဖူးး, ဟုတ္တယ္။ အဲ့လို ထိန္းရွု၊ အဲ့လိုဆို ပိုသက္သာတယ္။"

ပိုင္ရွင္းယြီ စမ္းၾကည့္ၿပီးေနာက္ နည္းနည္းသက္သာလာတယ္လို႔ ခံစားလိုက္ရသည္။ သို႔ေပမယ့္ နည္းနည္းသာ၊2kmေလာက္ ေျပးၿပီးခ်ိန္မွာေတာ့ သူ ဆက္မေျပးနိုင္ေတာ့။ သူ ေျမျပင္ေပၚ ဘုတ္ကနဲ ပစ္လွဲခ်ၿပီး ေျပာလိုက္သည္။

"ငါ မလုပ္နိုင္ဘူး၊ .. ငါ ဒီ့ထက္ ပို မေျပးနိုင္ေတာ့ဘူး။"

ဖုန္းသုန့္ယြမ္ သူ႔ကို ဆြဲထူဖို႔ ႀကိဳးစားလိုက္သည္။ "ရွင္းယြီ ထေတာ့။ တပ္မွုးျမင္ရင္ မင္း ဒုကၡေရာက္လိမ့္မယ္။"

ပိုင္ရွင္းယြီ သူ႔လက္ကို ေဝ့ယမ္းကာ ေျပာလိုက္သည္။ " ငါ မရဘူး။ ငါ တကယ္ မရေတာ့တာ .. ငါ့ကို ဂ႐ုမစိုက္နဲ႔ .. ငါ ခဏေလးပဲ ထိုင္မွာ"

ယြီဖုန္းခ်န္က ဖုန္းသုန့္ယြမ္ေလာက္ မညင္သာ။ ေကာ္လံမွ ဆြဲမကာ ေျမျပင္ေပၚမွ ထေစၿပီး ေျပာလိုက္သည္။

"ေျပးစမ္း!"

ပိုင္ရွင္းယြီ ေအာ္ေျပာလိုက္သည္။ "ခ်ီးပဲကြာ၊ မေျပးဘူး!! မနက္အေစာ ထၿပီး ေျပးေနရတာ။ ေျပးခ်င္တဲ့သူ ေျပး။ငါေတာ့ မေျပးဘူး!!"

သူ႔အသံက အရမ္း မက်ယ္ေပမယ့္ လူ ေတာ္ေတာ္မ်ားမ်ား ၾကားသြားၿပီး သူ႔အား လွည့္ၾကည့္လာၾကသည္။

သူတို႔ရဲ့ ႏူးႏူးညံ့ညံ့ အသားအေရ ရွိတဲ့ တပ္ၾကပ္က အေနာက္ကို ေျပးလာၿပီး ပိုင္ရွင္းယြီကို တစ္ခ်က္ၾကည့္ကာေမးလိုက္သည္။ "ဘာေတြ ျဖစ္ေနတာလဲ။"

ပိုင္ရွင္းယြီ ျပႆနာ စရွာေတာ့သည္။ "တပ္ၾကပ္၊ ကၽြန္ေတာ္ ဆက္မေျပးနိုင္ေတာ့ဘူး။ ကၽြန္ေတာ္ နားခ်င္တယ္။"

တပ္ၾကပ္ေလးက မ်က္လုံး က်ဥ္းေျမာင္းၾကည့္ၿပီး ေမးလိုက္သည္။ "မင္း ဘယ္လို နားခ်င္လဲ။"

ပိုင္ရွင္းယြီ ခဏတာမၽွ ဆြံ႕အသြားၿပီးမွ ေျပာလိုက္သည္။ "ထိုင္ၿပီး နားတာ??"

"ေအး၊ မင္း ထိုင္လိုက္"

ပိုင္ရွင္းယြီ တံေတြး ၿမိဳခ်လိုက္မိသည္။ ဒီ လူႏွင့္ ပတ္သတ္ၿပီး ခံစားခ်က္ သိပ္မေကာင္း။"

"ထိုင္ေလ။"

ပိုင္ရွင္းယြီ ဂ႐ုမစိုက္နိုင္ေတာ့။ သူ ေဘးႏွစ္ဘက္ကို ေျခေထာက္ကားကာ ထိုင္ခ်လိုက္သည္။

သူတို႔ အဖြဲ႕ေခါင္းေဆာင္က ပိုင္ရွင္းယြီ ေက်ာေပၚကို တက္ထိုင္ၿပီး အေရွ႕သို႔ တြန္းလိုက္သည္။ ပိုင္ရွင္းယြီ စီကနဲေအာ္လိုက္ေတာ့သည္။ သူ႔ေပါင္ႏွစ္ျခမ္း ကြဲသြားၿပီးလို႔ေတာင္ ထင္လိုက္မိသည္။ အဲ့လုပ္ရပ္က နာလြန္းတာမို႔ သူ႔မွာ မ်က္ရည္ေတြပင္ ဝဲလာေတာ့သည္။

"အားး .. နာတယ္!!!"

တပ္ၾကပ္က သူ႔မ်က္မွန္ကို အေပၚ ပင့္တင္လိုက္သည္။ သူ႔ျဖဴေဖြးေနေသာ မ်က္ႏွာတြင္ ခံစားခ်က္ဟူ၍ မေတြ႕ရ။သူ အေရွ႕ကို လက္ညိဳးထိုးၿပီး ေျပာလိုက္သည္။

"ဆက္ေျပးၾကမယ္။ နားခ်င္တဲ့ ဘယ္သူမဆို ဒီလာ။ ငါ အေၾကာေလ်ာ့ေပးမယ္။"

ခ်န္းလ်န္ မ်က္လုံးေသးေသးေလးက ျပဴးက်ယ္လာၿပီး ခဏေလးအတြင္းမွာ အေဝးကို ေျပးထြက္သြားသည္။ ယြီဖုန္းခ်န္က သူ ရယ္ေနတာကို ခ်ဳပ္တည္းရင္း တစ္ဖက္သို႔ လွည့္ကာ ေျပးသြားေတာ့သည္။ ဖုန္းသုန့္ယြမ္တစ္ေယာက္တည္းကသာ ပိုင္ရွင္းယြီကို ဂ႐ုဏာ သက္စြာ ၾကည့္ၿပီးမွ အေရွ႕သို႔ ဆက္ေျပးသြားေတာ့သည္။ ပိုင္ရွင္းယြီ ေအာ္သံက လူတိုင္းရဲ့ စိတ္ဓာတ္ကို တက္ႂကြလာေစသည္။ သူတို႔၏ အေရွ႕ ၊ အေနာက္၌ ရွိေနၾကေသာ အဖြဲ႕ သုံးဖြဲ႕လုံး သူတို႔ေျခေထာက္ေတြကို အနားမေပးရဲေတာ့ပဲ ခြန္အားအျပည့္ျဖင့္ ေျပးၾကေတာ့သည္။

ပိုင္ရွင္းယြီလည္း ေအာ္ေျပာလိုက္သည္။ "တပ္ၾကပ္၊ တပ္ၾကပ္၊ ကၽြန္ေတာ္ ေျပးမယ္။ ကၽြန္ေတာ္ေျပးေတာ့မယ္!!"

တပ္ၾကပ္က သူ႔ေက်ာေပၚတြင္ ေျခခ်ိတ္ၿပီးေတာင္ ထိုင္ၿပီး ေျပာလိုက္သည္။

"မင္း ခဏေတာ့ နားလိုက္ပါဦး။ အပင္ပန္း မခံနဲ႔။"

"မဟုတ္တာ၊ မဟုတ္တာ။ ကၽြန္ေတာ္ လုံးဝ မပင္ပန္းဘူး။ ကၽြန္ေတာ္ ေျပးမယ္။ ကၽြန္ေတာ္ေျပးမယ္လို႔!"

ပိုင္ရွင္းယြီ သူ႔ေခါင္းေတာင္ မေထာင္နိုင္ေတာ့။ အစကတည္းက သူက ေယာက္်ား ျဖစ္တာမို႔ သူခႏၶာကိုယ္က မေပ်ာ့ေပ်ာင္း။ သူ ဒီလို အေၾကာေလ်ာ့ခံလိုက္ရခ်ိန္တြင္ သူ႔ေျခေထာက္က နာက်င္မွုမ်ားျဖင့္ ထုံက်င္လာေတာ့သည္။

"မင္း တကယ္ မပင္ပန္းေတာ့ဘူးေပါ့။"

"ဟင့္အင္း၊ ကၽြန္ေတာ္ မပင္ပန္းေတာ့ပါဘူး!"

ထိုအခါမွသာ တပ္ၾကပ္က သူ႔အေပၚမွ ထကာ ပိုင္ရွင္းယြီကို ဆြဲထူလိုက္သည္။ သူ ပိုင္ရွင္းယြီ ေဘာင္းဘီမွ ဖုန္ေတြကို ခါေပးရင္း ခါးပတ္ကို ျပန္ျပင္ေပးကာ ပိုင္ရွင္းယြီ ေခါင္းကို ခပ္ဖြဖြပုတ္ၿပီး ၾကင္နာစြာ ေျပာလိုက္သည္။

"ဆက္ေျပးတာေပါ့။"

ပိုင္ရွင္းယြီလည္း သူ႔ႂကြက္သားေတြ ကိုက္ခဲေနတာေတာင္ ဆက္ေျပးေနလိုက္သည္။ သူ ခဏေလးေတာင္ မရပ္ရဲ။

'ေျပးတာက အမ်ားဆုံး ခံစားရရင္ ပင္ပန္းတာ တစ္ခုထဲ။ အေၾကာေလ်ာ့တာက ေသမလို နာတယ္!!'

ပိုင္ရွင္းယြီ ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ့ တပ္ၾကပ္ နာမည္က "ခ်န္က်င္း"လို႔ ေခၚၿပီး သူ႔မွာ "မ်က္ႏွာေသ လူေတာ္" ဆိုတဲ့ နာမည္ေျပာင္ ရွိေသးသည္ ဆိုတာကိုပါ သိလိုက္ရသည္။

တိုေတာင္းလွတဲ့ 3km ေျပးပြဲေလးက ကုန္းေျမျပင္ အျမင့္ျဖစ္ေနၿပီး အစားအစာေလး တစ္ခုမွေတာင္ မစားရေသးခင္မွာ ေျပးရတာမို႔ အားနည္းလွတဲ့ တပ္သားေတြအတြက္ေတာ့ ႏွိပ္စက္ခံရျခင္း တစ္မ်ိဳးပင္။

သူတို႔အကုန္ Poplar ေတာအုပ္ေလးထဲမွ ကြင္းျပင္ဆီသို႔ ျပန္ေရာက္လာခ်ိန္တြင္ ပိုင္ရွင္းယြီကေတာ့ သူ႔ ေျခေထာက္ႏွစ္ေခ်ာင္းကို တရြတ္တိုက္ဆြဲကာ ျပန္လာရသလို ခံစားလိုက္ရသည္။ သူ အသက္ကိုပင္ ဝေအာင္ မရွုနိုင္။

ရႊီေခ်ာင္ႏွင့္ ရွစ္ရႊန္းေဝကေတာ့ သူတို႔ ဆိုင္ကယ္ေလးမ်ားႏွင့္ ေအးေအးလူလူ ျပန္လာၾကသည္။ ရႊီခ်န္ ဆိုင္ကယ္ေပၚက ဆင္းၿပီးေနာက္ သူတို႔အား မ်က္ေမွာင္ၾကဳတ္ကာ အၾကာႀကီး ၾကည့္ေနၿပီးမွ ေအာ္လိုက္သည္။

"သတိ!!"

လူတိုင္း သူတို႔ ေနာက္ေက်ာမ်ား ဆန့္ကာ ရပ္လိုက္ၾကသည္။

ရႊီေခ်ာင္ ေလွာင္ရယ္ ရယ္ၿပီး ေျပာသည္။

"မင္းတို႔ကို ၾကည့္ပါဦး။ 3kmေလာက္ေလး ေျပးၿပီးတာကို ေျခကုန္လက္ပမ္း ၾကေနၿပီ။ မင္းတို႔ေတြ .. အမ်ားႀကီးဖူးဖူးမွုတ္ခံထားခဲ့ရပုံပဲ။"

သူ အိတ္ထဲမွ သခြါးသီးကို ထုတ္ကာ တစ္ဝက္ခ်ိဳးၿပီး တစ္ဝက္ကို ရွစ္ရႊန္းေဝအား ေပးကာ သူက က်န္တစ္ဝက္ကိုစားေနရင္း ေျပာလိုက္သည္။

"ငါ မင္းတို႔ကို ႀကိဳေျပာထားမယ္။ မနက္ အေစာထၿပီး 5km ေျပးရတာက မင္းတို႔ရဲ့ မနက္စာ အဆာေျပပဲ။ မင္းတို႔မနက္တိုင္း 5km မေျပးရရင္ ထမင္းစားဖို႔ အရမ္းပင္ပန္းသလို ခံစားလာရမယ္။ ေအး! မင္းတို႔ မနက္ 5km ေျပးၿပီးမွမနက္စာ စားနိုင္ေတာ့မယ္ဆိုရင္ မင္းတို႔က အရည္အခ်င္း ျပည့္မွီၿပီ။"

ပိုင္ရွင္းယြီ ငိုခ်င္ခ်င္ ျဖစ္သြားသည္။ ဘယ္သူကမ်ား ကိုယ့္ကိုယ္ကိုယ္ ဒုကၡခံၿပီး အာ့ေလာက္ အေပါစား ဆန္မွာလဲ။

"မင္းတို႔ အကုန္နိုးၿပီလား။"

လူအုပ္က ေဖ်ာ့ေတာ့ေတာ့ ျပန္ေျဖလာသည္။

"ဟုတ္ကဲ့"

"က်ယ္က်ယ္ေျပာစမ္းပါ!! နတ္ဘုရားမေတြရဲ့!!"

"နိုးပါၿပီ!!"

ရႊီေခ်ာင္ ေခါင္းၿငိမ့္ကာ ႐ုတ္တရက္ က်န္တဲ့ သခြါးသီး အျမႇီးပိုင္းျဖင့္ ပိုင္ရွင္းယြီအား ပစ္ေပါက္လိုက္သည္။

"မင္း!! မတ္မတ္ ရပ္စမ္း!"

အစတုန္းက ပိုင္ရွင္းယြီ ေျမျပင္ေပၚ ပစ္လဲေတာ့မတတ္ ကုန္းကုန္းကြကြ ျဖစ္ေနခဲ့သည္။ သခြါးသီး အပိုင္းအစေလးက သူ႔ကို တည့္တည့္ထိလာသည္။ အဲ့ဒါက မနာေပမယ့္ သူ႔ကို လန့္သြားေစသည္။ သူ ခ်က္ခ်င္း မတ္မတ္ရပ္ကာ ရႊီေခ်ာင္အား မ်က္လုံး ေပကလပ္ ေပကလပ္ျဖင့္ ေၾကာက္လန့္တၾကား ၾကည့္လိုက္သည္။

ရႊီေခ်ာင္ ေျပာလိုက္သည္။ "ဒီမနက္၊ ဘာေလ့က်င့္ခန္းမွ လုပ္စရာ မလိုေတာ့ဘူး၊ မင္းတို႔ တပ္ၾကပ္ေတြက မင္းတို႔အေဆာင္ ရွိရာကို ျပန္ေခၚသြားၿပီး အိမ္မွုကိစၥနဲ႔ ပတ္သတ္ၿပီး သင္ၾကားရမယ္။ အဲ့ဒါၿပီးရင္ေတာ့ ညစာ၊ ညစာ မတိုင္ခင္မွာ 3km ေျပးရမယ္။ ညစာ စားၿပီးရင္ေတာ့ ဒီဘက္က နည္းျပက မင္းတို႔ကို သင္စရာ ရွိတာေတြ သင္ေပးလိမ့္မယ္။ ဒါပါပဲ။"

ထို႔ေနာက္ သူ ဝမ္ရႊန္းေဝကို ၾကည့္ၿပီး ေျပာလိုက္သည္။ "ေလာင္ဝမ္၊ ငါ ေျပာဖို႔ ေမ့ခဲ့တာ ရွိလား။"

ဝမ္ရႊန္းေဝ ေျပာလိုက္သည္။ "မင္း စကားကို ၾကမ္းၾကမ္းတမ္းတမ္း ေျပာေနတယ္။"

"စကားေျပာ ညင္သာတာက မင္းအလုပ္၊ ငါ့အလုပ္က သူတို႔ စည္းကမ္းရွိေအာင္ ပညာေပးရမွာ။ လုံေလာက္ၿပီ။မင္း ေျပာစရာ ရွိတာ ညမွ ေျပာေတာ့။ ဒါပဲ။ ငါ ဗိုက္ဆာၿပီ။ သြားစားရေအာင္။"

ရႊီေခ်ာင္ တပ္သားအုပ္စုဘက္ကို လက္ညိဳးထိုးရင္း - "တပ္ၾကပ္က ကိုယ့္အဖြဲ႕ကိုယ္ အေဆာင္ေခၚသြားလိုက္။" ေျပာၿပီးသည္ႏွင့္ သူႏွင့္ ဝမ္ရႊန္းေဝ ပခုံးခ်င္း ဖက္ကာ မနက္စာ သြားစားၾကေတာ့သည္။

ပိုင္ရွင္းယြီ ေျမေပၚက်ေနတဲ့ သခြါးသီး အပိုင္းအစေလးကို ၾကည့္ကာ မေန႔ညက သူတို႔ ေဆြးေႏြးေနၾကတဲ့ အသားသြပ္ ေပါက္စီ အျဖဴႀကီးႏွင့္ ဝက္သားကင္တို႔ကို ေတြးမိကာ တံေတြးမ်ား ၿမိဳခ်မိေတာ့သည္။ သူ႔အစာအိမ္ထဲကအက္စစ္မ်ားပင္ ယိုစိမ့္လာသလို ခံစားလိုက္ရသည္။ ရထားေပၚမွ ရွုပ္ပြေနသည့္ ထမင္းထက္စာရင္ ဒီက ပိုေကာင္းမည့္ပုံ ေပၚသည္။

ခ်န္းက်င္း ထြက္ခြါဖို႔ ေအာ္ေျပာလိုက္ၿပီး သူတို႔ အကုန္လုံးကို အေဆာင္ဘက္သို႔ ေခၚသြားလိုက္သည္။ သူ လူတိုင္းကို ႏွစ္လိုင္းစီ တန္းဆီခိုင္းၿပီး တစ္ေယာက္ခ်င္းဆီ မိတ္ဆက္ေစေတာ့သည္ - သူတို႔ နာမည္၊ ေမြးသည့္ႏွစ္၊ လာသည့္ ဇာတိ၊ သူတို႔ မိသားစုတြင္ ရွိသည့္ လူအေရအတြက္၊ သူတို႔ ဝါသနာ။ တစ္ေယာက္ကို တစ္ေယာက္ ပိုမို ရင္းႏွီးလာေစဖို႔ ဘာမဆို ေျပာလို႔ ရသည္။

သူတို႔ အေဆာင္တြင္ အေယာက္ ၂၀ရွိၿပီး ၈ေယာက္ ၉ေယာက္ေလာက္ကေတာ့ နယ္ၿမိဳ႕မ်ားမွ လာၿပီး အမ်ားစုကေတာ့ ေပ့က်င္း၊ ရွန္းသုန္း၊ ရွအန္းရွိ၊ ရွင္းက်န္းတို႔မွ လာၾကသည္။

ခ်န္းလ်န္က ရွန္းသုန္းက ျဖစ္သည္။ သူက လူရိုးတစ္ေယာက္ ဆိုေပမယ့္ အနည္းငယ္ေတာ့ ေနာက္တိေနာက္ေျပာင္ရွိသည္။ သူက စကားေျပာရတာႏွင့္ ရယ္ရတာကို သေဘာက်ၿပီး သူ သူ႔ကိုယ္သူ မိတ္ဆက္ခ်ိန္တြင္ သူ႔ကို အိမ္ျပန္အလာေစာင့္ေနတဲ့ ေကာင္မေလး ရွိၿပီး သူျပန္သြားရင္ လက္ထပ္ၾကမွာဟု ဂုဏ္ယူဝံ့ႂကြားစြာ ေျပာလိုက္ေသးသည္။ထိုအရာက မိန္းကေလး လက္ကိုေတာင္ မကိုင္ဖူးတဲ့ လူပ်ိဳေပါက္စေလးေတြကို အားက် မနာလို ျဖစ္ေစေတာ့သည္။

ဖုန္းသုန့္ယြမ္က ရွအန္းရွိက ျဖစ္ၿပီး သူ႔မိသားစုက ဆင္းရဲသည္။ သူ တကၠသိုလ္ မသြားနိုင္တာေၾကာင့္ တပ္ထဲ ဝင္ခဲ့ေၾကာင္းေျပာၿပီး သူ ပိုက္ဆံစုမိတဲ့အခါ ေက်ာင္းျပန္တက္မည္ဟု ေျပာျပလာသည္။ ထိုအရာက သူ႔ရည္မွန္းခ်က္ျဖစ္သည္။ သူ ထိုအေၾကာင္းမ်ား ေျပာျပေနခ်ိန္တြင္ ႏူးညံ့ေသာ အျပဳံးတစ္ခုကို ခ်ိတ္ဆြဲထားၿပီး သူ႔ရည္ရြယ္ခ်က္ခိုင္မာမွုကလည္း ထင္ရွားေနသည္။

ယြီဖုန္းခ်န္ကေတာ့ အစပိုင္းတြင္ ေဟးပိုင္ ျပည္နယ္တြင္ ေနသည္။ သူ ဆယ္ေက်ာ္သက္ အရြယ္ေရာက္ခ်ိန္တြင္ သူ႔မိသားစုႏွင့္အတူ ရွန္ဟိုင္းသို႔ ေျပာင္းလာရသည္။ သူ သူ႔အိမ္ႏွင့္ ပတ္သတ္ၿပီး တစ္ခြန္းမေျပာေပမယ့္ ပိုင္ရွင္းယြီကေတာ့ သူ ရွန္ဟိုင္းသို႔ ေျပာင္းရသည္မွာ သူ႔အိမ္မွ လူႀကီး ရာထူး အေျပာင္းအေရြ႕ေၾကာင့္ ျဖစ္မည္ဟု ခန့္မွန္းမိလိုက္သည္။ သူ႔ကိုယ္သူ မိတ္ဆက္ျခင္းမွာ တိုတုတ္သည္။ သူ႔အေၾကာင္း အမ်ားႀကီး မသိေစလိုျခင္းေၾကာင့္ဖုံးကြယ္ေနသည္ႏွင့္ပင္ တူလွသည္။ သို႔ေပမယ့္ ပိုင္ရွင္းယြီကေတာ့ သူ႔ကို အသက္ေၾကာင့္ သေဘာတက် ျဖစ္သြားသည္။ ဒီေခြးေကာင္က သူ႔ထက္ သုံးႏွစ္ေတာင္ ငယ္သည္။

ပိုင္ရွင္းယြီ မေနနိုင္စြာ ယြီဖုန္းခ်န္းအား လွမ္းေငးၾကည့္လိုက္သည္။ ယြီဖုန္းခ်န္ သူ႔အၾကည့္အား ခံစားရစြာျဖင့္ေခါင္းလွည့္လာကာ သူ႔ကို ျပဳံးျပၿပီး ႐ုတ္တရက္ လၽွာထုတ္ကာ သူ႔ႏွုတ္ခမ္းေဘးကို သပ္လိုက္သည္။ ထိုပုံစံမွာလူယုတ္မာဆန္ဆန္ ဆြဲေဆာင္မွု ရွိလွသည္။ ပိုင္ရွင္းယြီ ေဒါသထြက္လြန္းတာမို႔ ေသြးေတာင္ အန္ေတာ့မယ့္ အထိပင္။

ေနာက္ဆုံး မိတ္ဆက္ရသူကေတာ့ အခန္းထဲတြင္ အငယ္ဆုံး၊ အသက္ ၁၆ႏွစ္သာ ရွိေသးသည့္ ေကာင္ေလးျဖစ္သည္။ သူ႔နာမည္က ပါ့ထုအာ ျဖစ္ၿပီး သူ႔ဇာတိက Uyghur ျဖစ္သည္။ သူ႔ဇာတိမွာ စစ္စခန္းႏွင့္ အနီးဆုံးျဖစ္သည္။ ပိုင္ရွင္းယြီ အရင္က သူ႔ကို လုံးဝ သတိမထားမိခဲ့။ ဘာလို႔ဆို ထိုေကာင္ေလးမွာ အရပ္ အနည္းငယ္ ပုကာအျမဲ ေနာက္ဆုံးတန္းတြင္ ရပ္ေနေသာေၾကာင့္ ျဖစ္သည္။ သူ စကားေျပာရာတြင္ ျပည္မႀကီး တ႐ုတ္သံကနားေထာင္ရ တစ္မ်ိဳးေလး ျဖစ္ေနေသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားကို ရယ္ေစေတာ့သည္။

ပိုင္ရွင္းယြီလည္း လူအမ်ား အၾကည့္ေနာက္လိုက္ကာ ထိုေကာင္ေလးကို လွည့္ၾကည့္လိုက္ေပမယ့္ ထိုေကာင္ေလးက ရွက္ကာ ေခါင္းငုံ႔ထားတာမို႔ ထူထဲသည့္ မ်က္ေတာင္ရွည္မ်ားကိုသာ ျမင္ေနရသည္။ ခ်န္းက်င္းက သူ႔ကို ေမာ့ၾကည့္ခိုင္းေသာေၾကာင့္ ေခါင္းေမာ့လိုက္ခ်ိန္တြင္ ျမင္လိုက္ရသည့္ သူ႔ပုံစံသည္ အသားအနည္းငယ္ မဲေပမယ့္ သူ႔မ်က္ႏွာေလးက အ႐ုပ္ကေလးႏွင့္ တူၿပီး အရမ္းလည္း လွသည္။ အထူးသျဖင့္ သူ လူအမ်ားေရွ႕တြင္ ရွက္ေနပုံသည္ လူတိုင္းက သူ႔ပါးေလးကို ဆြဲဆိတ္ခ်င္စိတ္ ေပၚလာေစသည္။

ထစ္ထစ္အအျဖင့္ သူ လူဆိုးမ်ားကို ဖမ္းဖို႔ စစ္သားျဖစ္လာသည္ဟု ေျပာလိုက္သည္။

ခ်န္းက်င္းက သူ႔အား ဘယ္လို လူဆိုးမ်ိဳးကို ဖမ္းခ်င္တာလဲဟု ေမးကာ လူဆိုး ဖမ္းတာ ရဲသား အလုပ္ဟုလည္းထပ္ေပါင္း ေျပာလိုက္ေသးသည္။

ပါ့ထုအာက ပါးရဲရဲျဖင့္ ျပန္ေျဖသည္။ "ကၽြန္ေတာ္တို႔ ရြာမွာ သိုးေတြ ဖမ္းတဲ့ လူဆိုးေတြလည္း ရွိတယ္။ လူေတြကိုသတ္တဲ့ လူဆိုးေတြလည္း ရွိတယ္။"

ခ်န္းက်င္းက မ်က္ေမွာင္ၾကဳပ္ကာ တိတ္ဆိတ္သြားသည္။ ပိုင္ရွင္းယြီက စာမတတ္ေပမတတ္ဆိုေပမယ့္ ဒီကိစၥနဲ႔ပတ္သတ္တဲ့ သတင္းေတြက ေနရာအႏွံ့မွာ ေတြ႕ေနရသည္။ သူ အမ်ားႀကီး မသိေပမယ့္လည္း နယ္စပ္ ေဒသသည္လုံျခဳံသည့္ ေနရာမဟုတ္။ ျပစ္မွု ေတာ္ေတာ္မ်ားမ်ားကေတာ့ နိုင္ငံရပ္ျခားမ်ားေၾကာင့္ ျဖစ္တာေတာ့လည္းမဟုတ္။ သူ ဒီကို မလာခင္ ျမင္ခဲ့ရတဲ့ သတင္းမ်ားႏွင့္ပင္ သူ႔မွာ အထိတ္တလန့္ျဖစ္ေနရသည္။

အခန္းထဲမွာ လူတိုင္း မိတ္ဆက္ၿပီးသြားၿပီ။ ခ်န္းလ်န္ ႐ုတ္တရက္ ေျပာလိုက္သည္။

"တပ္ၾကပ္၊ ကိုယ့္ကိုယ္ကိုယ္ မမိတ္ဆက္ရေသးဘူး။"

ခ်င္းက်င္း သူ႔မ်က္မွန္ကို ပင့္တင္ၿပီး ေျပာလိုက္သည္။ "ဟုတ္သား၊ ငါ့ကိုယ္ငါ မမိတ္ဆက္ရေသးဘူးပဲ။ ငါ့နာမည္က ခ်င္းက်င္း။ ၂၁ႏွစ္။ ငါက အေျမႇာက္တပ္ရင္း၊ ေထာက္လွမ္းေရး တပ္ဖြဲ႕က ပထမအတန္း တပ္ၾကပ္။ ငါ မင္းတို႔ကို ေလ့က်င့္ေပးဖို႔ တာဝန္က်လာတယ္။ မင္းတို႔ ဒီသုံးလ ၿပီးသြားရင္ ဒီထဲက လူတစ္ခ်ိဳ႕က ငါ့ရဲေဘာ္ရဲဘက္ေတြျဖစ္လာနိုင္တယ္။ မင္းတို႔ အျခား တပ္ရင္းေတြကို သြားရမွာလည္း ျဖစ္နိုင္တယ္။ အဲ့ခါက်ရင္ေတာ့ ငါတို႔ ထပ္မေတြ႕ဘူးေပါ့။ အဲ့ဒါေၾကာင့္ အတူရွိရမယ့္ ဒီသုံးလကို တန္ဖိုးထားပါ။ ေသခ်ာ ေလ့က်င့္။"

ပိုင္ရွင္းယြီ ေတြးလိုက္မိသည္။ ခ်န္းက်င္းက "ကိုက္ေသာေခြး မေဟာင္" ဆိုသလိုပဲ။ သူက လူႀကီးလူေကာင္းပုံေပါက္ေပမယ့္ သူ႔နည္းလမ္းေတြက ၾကမ္းတမ္းသည္။ ဒီလိုလူကို အနာဂတ္မွာ သြားမရွုတ္မိတာ ပိုေကာင္းမည္။

ခ်န္းက်င္း လက္ခုပ္တီးရင္း ေျပာလိုက္သည္။ "ငါတို႔အကုန္ မိတ္ဆက္ၿပီးၿပီဆိုေတာ့ ရင္းရင္းႏွီးႏွီးေနၾကတာေပါ့။ဒီခင္မင္မွုကို ျမတ္နိုးၾက။ အခု ငါ မင္းတို႔ကို အိမ္မွုကိစၥ ထိန္းသိမ္းတာနဲ႔ ပတ္သတ္ၿပီး ရွင္းျပမယ္။"

KittyKitling

Continue Reading

You'll Also Like

958K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
270K 42.7K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...
851K 96.8K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...