Xiao Bai Yang ||Myanmar Trans...

By callme__kitty

1.8M 260K 71.1K

This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Che... More

Synopsis
1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31.1
31.2
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74.1
74.2
75
76
77
78
79
Note
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108.1
108.2
109
110
111
112
113
114
115
Note
Special Chapter 1
Special Chapter 2
Special Chapter 3
Special Chapter 4
Special Chapter 5
Yu Feng Cheng's Birthday Fanarts
Little Angel Dong Yuan.1
Little Angel Dong Yuan.2
Special Chapter 7
Bai Xin Yu's Birthday Fanarts
Special Chapter 8
Special Chapter 9
Special Chapter 10
Special Chapter 11
Special Chapter 12
Special Chapter 13
Special Chapter 14

3

12.8K 1.9K 176
By callme__kitty

[Unicode]

"ဂြိုလ်မွှေနတ်ဆိုးကောင်ကြီးနှင့် တွေ့ဆုံခြင်း"

ပိုင်ရှင်းယွီ သူတို့တွေ တစ်ညလုံး ဒီတိုင်း ထိုင်စီးရမယ်ဆိုတာ မယုံနိုင်သေး။

ညသန်းခေါင်အချိန်၌ ရထားတွဲတစ်တွဲလုံးရှိ တပ်သားသစ်များ အိပ်မောကျနေပြီး အချို့ဆို ကျယ်ကျယ်လောင်လောင်ဟောက်လို့နေပေမယ့် သူကတော့ ဆာလောင်မှုဖြင့် မူးဝေနေသည်။ သူ့ခရီးဆောင်အိတ်ထဲ သူ့အမေ ထိုးထည့်ပေးလိုက်တဲ့အစားအစာတွေ ရှိတာ သိပေမယ့် သူ့ကျောတစ်လျှောက်လုံး ကိုက်ခဲနေလျက် ခြေထောက်တွေကလည်း ထုံကျဉ်နေပြီး ထဖို့လည်း ပျင်းနေသည်။ ထိုအပြင် သူ့ဘေးရှိ တပ်သားသစ်နှစ်ယောက်ကလည်း ဝက်အသေများလို အိပ်မောကျနေတာမို့ သူ ဘယ်လိုမှ အပြင်ထွက်မရ။ သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ ဒီလောက်ထိပင်ပန်းဆင်းရဲမခံဖူး။ သူ့အောက်ပိုင်းဆို အထိအတွေ့တောင် ခံစားလို့မရတော့သည်အထိ ဖြစ်လာခဲ့သည်။ သူ ပြတင်းပေါက်ဘောင်ကိုမှီလို့ ကြိုးစားအိပ်ချင်ပေမယ့် သူ့လည်ပင်းများလည်း မတောင့်ခံနိုင်တော့။ ထိုညက သူ့မှာ ဆာလောင်လျက် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီပြုတ်ထွက်တော့မည့်အတိုင်း နေရခက်မှုနှင့်အတူ ညတာရှည်တဲ့တစ်ညတာရဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို သခင်လေးပိုင်မှာ နာကျင်မှုများ၊ မျက်ရည်များဖြင့် အဖော်ပြုနေရတော့သည်။

သူ အဝေးသို့ မျှော်ငေးကြည့်နေရင်း သူ့ကိုယ်သူ ဒီအခြေအနေထဲ ဘယ်လိုရောက်လာသလဲဆိုတာ ပြန်တွေးမိလျက် သူ ကျန်ဆွေ့ယင်းကို စတင်နာကျည်းလာမိတော့သည်။ သို့ပေမယ့် တစ်ဖန်ပြန်တွေးကြည့်ပြီးနောက် သူ့အစ်ကိုအပေါ် လုံးဝကြီးအပြစ်မတင်နိုင်နေ။ သူ့အစ်ကိုရဲ့ညီအရင်းမဟုတ်တဲ့ ကျန်ဆွေ့လင်းကိုသာ သူ အပြစ်တင်သင့်သည်! ကျန်ဆွေ့လင်းသာ သူ့အစ်ကိုရဲ့အိမ်ကို ခိုးရောင်းဖို့တွန်းအားမပေးခဲ့ပါက သူ့မှာ လုပ်ဖို့သတ္တိတောင် မရှိနေ။ သူသာ မလုပ်ခဲ့လျှင် .. မလုပ်ခဲ့လျှင်လည်း သူ လောင်းကစားငွေများကို ပြန်ဆပ်နိုင်မှာမဟုတ်လို့ အကြွေးရှင်များရဲ့ တစ်စစီကိုက်ဖြတ်တာကို ခံရလိမ့်ဦးမည်။ ထိုအကြောင်းတွေးမိလိုက်ရုံနဲ့ သူ့မှာ ပိုလို့တောင် ငိုချင်သွားတော့သည်။

သူ ရင်ထဲ၌ ကြိတ်အော်ပြီးပြောလိုက်သည်။ 'ကော၊ ကျွန်တော်မှားမှန်းသိပါပြီ။ မြန်မြန်ပြန်လာခေါ်ပါတော့။'

ပင်ပန်းလွန်းတာမို နောက်ဆုံး၌ ပိုင်ရှင်းယွီ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်တွင် ရထားတွဲပေါ်ရှိတပ်သားသစ်တိုင်း နိုးလာကြပြီး မနက်စာ စတင်စားလိုက်ကြသည်။

ပိုင်ရှင်းယွီ နိုးလာချိန် နေရအဆင်မပြေလှတာမို့ အကြောဆန့်ရင်း ညီးညူမိသွားပြီး သူ့တစ်ကိုယ်လုံးလည်း ပြုတ်ထွက်သွားတော့မလို ခံစားနေရသည်။

သူ အုလူမုချိကို နာကျင်ကိုက်ခဲမှုများဖြင့်ရောက်ရှိသွားခဲ့ပြီး ကာလာကိုလန်သို့ခရီးဆက်ရန် အခြေအနေ ပိုဆိုးလှသည့်ရထားပေါ် တက်လိုက်ရလေသည်။ ထိုနေရာက အမိနိုင်ငံ၏အစွန်အဖျားတွင် တည်ရှိနေပြီး လက်တီကျူ့အရလည်း မြင့်မားတာမို့ ရထားပေါ်ရှိတပ်သားသစ်တိုင်း အောက်စီဂျင်ပြတ်တောက်မှု လက္ခဏာအမျိုးမျိုးကို စတင်ခံစားလာရတော့သည်။

ပိုင်ရှင်းယွီ ဒီရက်ပိုင်းအတွင်း အိမ်သာသွားချိန်မှလွဲပြီး ထိုင်ခုံမှ မထ။ သူ့ဖုန်း၊ Laptop နှင့် iPad အကုန်လုံးအားကုန်သွားခဲ့ပြီ။ သူ့မှာ ထိုင်ခုံပေါ်တွင် ကိုယ်တစ်ပိုင်းသေနေတဲ့ မျှော်လင့်ချက်မဲ့ဇွန်ဘီတစ်ကောင်လိုအထိ ခံစားနေရသည်။ နှစ်ရက်တိတိ နှိပ်စက်မှုများအကြားရှိနေပြီးနောက် သူလိုချင်မိသည်မှာ ပြန့်ပြန့်ပြူးပြူးအိပ်ရာတစ်ခုတည်းသာ။ ထိုအချိန် အောက်စီဂျင်ပြတ်လတ်ခြင်းကြောင့် အဆင်မပြေဖြစ်နေပြီးသား သူ့အခြေအနေက ပိုဆိုးဝါးလာတာမို့ ပိုင်ရှင်းယွီမျက်ဝန်းများမှာ တစ်ဖန်ထပ်နီရဲလာပြီး ခပ်တိုးတိုးရှိုက်ငိုမိပြန်သည်။

ချန်းလျန်နှင့် သူ့အနားတစ်ဝိုက်ရှိ တပ်သားသစ်များကတော့ သူ့ရဲ့ 'ကိုယ့်ဘဝကိုယ်သနားနေသည့်ပုံစံ'အား အသားကျနေပြီမို့ ဘယ်သူမှ သူ့ကို ဂရုစိုက်မနေတော့။

တဖြည်းဖြည်းနှင့် အသက်ရှုရခက်သူများ များပြားလာတော့သည်။ သို့ပေမယ့် တပ်သားအသစ်များမှာ ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူများဖြစ်တာမို့ အချိန်တစ်ခုအထိတော့ တောင့်ခံနိုင်စွမ်းရှိကြသေးသည်။

ထိုအချိန်၌ ပိုင်ရှင်းယွီ သူတို့ရှေ့တွဲမှ အော်သံများကိုကြားလိုက်ရသည်။ သေချာနားထောင်ကြည့်လျှင် အောက်ဆီဂျင်လိုအပ်သူရှိလား ဟု မေးနေပုံပေါ်လှသည်။

မေးဖို့တောင် လိုလား။ ဒီရထားတွဲပေါ်ကလူတိုင်း မြေပြန့်ကနေ ဆွဲခေါ်သွားခံလိုက်ရတဲ့လူတွေချည်းပဲ။ မလိုအပ်တဲ့သူ ဘယ်သူများရှိမှာလဲ။

ထို့ကြောင့်လည်း ရထားတွဲတံခါးကို ဆွဲဖွင့်လို့ ဝမ်ရွှန့်ဝေး လူတစ်ယောက်နှင့်အတူ ဝင်လာပြီး "ဘယ်လိုနေကြလဲ၊ ငါ့လူတို့.." ဟု ပြောလာချိန်မှာပဲ ပိုင်ရှင်းယွီ ချက်ချင်း ကြားဖြတ်၍အော်ပြောလိုက်သည်။

"ကျွန်တော်လိုတယ်၊ ကျွန်တော်လိုတယ်။ ကျွန်တော် အသက်ရှုလို့မဝတော့ဘူး။"

ရထားတွဲပေါ်ရှိလူတိုင်း 'လမ်းတစ်လျှောက်လုံး စိတ်ကြီးဝင်ချင်ယောင်ဆောင်လို့ ထိုင်ခုံပေါ်က မထ၊ ဘယ်သူနှင့်မှလည်း စကားမပြောဘဲ ညရောက်ချိန်မှ ခိုးခိုးငိုတတ်သည့်ကောင်လေးဖြစ်သူ' ပိုင်ရှင်းယွီကို လှမ်းကြည့်ရင်း သူ့တို့မျက်ဝန်းထဲ လှောင်ပြောင်ရိပ်များ ထင်ဟပ်လာတော့သည်။

ဝမ်ရွှန့်ဝေး အရှေ့မှလျှောက်လာသည့် အရပ်ရှည်ရှည်ကောင်လေးက ခေါင်းလှည့်၍ ပိုင်ရှင်းယွီကိုကြည့်လာရာ ပိုင်ရှင်းယွီ ခေါင်းမော့ကြည့်လိုက်ချိန် သူတို့ မျက်လုံးချင်းဆုံသွားလေသည်။

သူ့အရှေ့ရှိယောက်ျားလေးက စွဲမက်ဖွယ်မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး ထူထူထဲထဲမျက်ခုံးများနှင့် ကြယ်စင်သဖွယ်လင်းလက်နေသည့်မျက်ဝန်းများရှိလျက် ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှ ခုန်ထွက်လာသည့်အလား ချောမောလွန်းလှသည်။ သူ့အသားအရည်ကလည်း စိုပြေကောင်းမွန်လွန်းနေတာမို့ အပြစ်အနာအဆာ တစ်ခုတစ်လေတောင် ရှာမတွေ့။ သူ့ဆံပင်တိုလေးကို ခပ်မတ်မတ်ထောင်ထားခြင်းက ကြည့်လိုက်ရုံနှင့် ချောမောခြင်းအပြင် သပ်သပ်ရပ်ရပ်ပါ ရှိနေသည်။ ထို့အပြင် စစ်ဝတ်စုံကလည်း အချိုးအစားပြေပြစ်လှသည့်ခန္ဓာကိုယ်နှင့် အံကိုက်ကျနေတာမို့ သူ့အရှိန်အဝါကို ပိုလို့တောင် ခွန်အားပြည့်ဝနေစေတော့သည်။

ပိုင်ရှင်းယွီ ဘာဖြစ်သွားသလဲ မပြောပြတတ်ပေမယ့် အသက်ရှုခဏမျှတော့ ရပ်သွားမိသည်။ တစ်ဖက်လူရဲ့အကြည့်များက စူးရှလွန်းပြီး မြှူဆွယ်သလိုဖြစ်နေတာမို့ သူ့ကို စိုက်ကြည့်လာချိန် သူ့နှလုံးသားထဲ တုန်လှုပ်သွားရပြီး ထပ်မော့မကြည့်ရဲတော့။

သူ ဘေးတစ်ဝိုက်မှ အကြည့်စူးစူးတွေကို ခံစားမိနေတာမို့ နေရအဆင်မပြေဖြစ်လာတော့သည်။ သေချာသလောက် လူတိုင်းလည်း အသက်ရှူရ အဆင်မပြေဖြစ်နေတာပဲ၊ ဘာလို့ ဘယ်သူကမှ အောက်ဆီဂျင်ဘူးပေးဖို့ မတောင်းကြသေးတာလဲ။ ဘာအတွက်ကြောင့်လဲ။ တောင့်ခံနိုင်စွမ်းပြိုင်နေတာလား။

ထိုလူက ခပ်ရေးရေးလေး မေးပင့်လျက်ပြောလာသည်။ "ဒီရထားတွဲထဲမှာ အောက်ဆီဂျင်ဘူး မလိုတဲ့တပ်သားသစ်ရှိလို့လား။ ထောက်ပံ့ပစ္စည်းက အရေအတွက်နဲ့။ လူတိုင်းက သန်သန်မာမာရှိကြတဲ့လူငယ်တွေ။ တောင့်ခံနိုင်သမျှတောင့်ခံပြီး ထောက်ပံ့ပစ္စည်းတွေကို အလိုအပ်ဆုံးလူတွေအတွက် ချန်ထားပေးရမယ်။"

စကားထဲမှာတော့ ရထားတွဲပေါ်ရှိတပ်သားတိုင်းကို ရည်စူးသလိုပြောထားပေမယ့် သူ့အကြည့်တွေကတော့ ပိုင်ရှင်းယွီတစ်ယောက်တည်းကိုသာ စူးစိုက်ကြည့်နေပြီး အထင်သေးသည့်အမူအရာအပြည့်နှင့်ဖြစ်နေသည်။

ခိုးရယ်သံများ အများအပြားပေါ်ထွက်လာပြီး ပိုင်ရှင်းယွီမျက်နှာလည်း ရုတ်တရက်ဆိုသလို ပူထူသွားတော့သည်။

ထို့လူ့အနောက်ရှိ ဝမ်ရွှန့်ဝေးက ပြောလာသည်။ "အရှေ့ဆက်။ လမ်းပိတ်မနေနဲ့။ နောက်တစ်တွဲကို သွားကြည့်ရဦးမယ်။"

ထိုလူလည်း ပိုင်ရှင်းယွီကို စိုက်ကြည့်မနေတော့ပဲ အရှေ့ဆက်လျှောက်သွားတော့သည်။

လူအများရှေ့ အရှက်ခွဲခံလိုက်ရတာမို့ ပိုင်ရှင်းယွီ သူ့ဒေါသကို ထိန်းမထားနိုင်တော့။ ဒီရက်ပိုင်းအတွင်း မွန်းကြပ်မှု၊ နာကျည်းမှုနှင့် စိတ်ရှုပ်ရမှုအကုန်လုံးက တစ်ဖက်လူရဲ့ထေငေါ့မှုအောက်တွင် လုံးဝလောင်မြိုက်သွားပြီး အနုတ်ပြနေသည့်ဒီခံစားချက်များအတွက် ထွက်ပေါက်တစ်ခုကိုရှာတွေ့သွားခဲ့ပြီ။ သို့နှင့် တစ်ဖက်လူ သူ့ဘေးမှဖြတ်သွားချိန် သူ ရုတ်တရက်ထရပ်ပြီး မောက်မောက်မာမာအော်ပြောလိုက်သည်။ "ထောက်ပံ့ပစ္စည်းတစ်ခုမှ ဘယ်လောက်ရှိမှာလဲ။ ငါ မင်းတို့ကို အခု ၁၀၀ ပြန်လှူရင်ရတယ်မလား။ ပစ္စည်းအရေအတွက်ကလည်း အကန့်အသတ်၊ ပေးသုံးဖို့လည်း စိတ်မကူးထားရင် ဘာလို့လာမေးနေဦးမှာလဲ။"

ရထားတွဲတစ်တွဲလုံး ငြိမ်ကျသွားတော့သည်။

တစ်ဖက်လူက သူ့မျက်ဝန်းများကို မှေးကျဉ်းလျက် သေသေချာချာစိုက်ကြည့်လာသည်။

ပိုင်ရှင်းယွီအရပ်က 182cm ဆိုပေမယ့် တစ်ဖက်လူအရှေ့မှာတော့ အနည်းငယ်မျှပုနေသလိုပင်။ သူ တစ်ဖန်ထပ်လို့ လွှမ်းမိုးခံထားရသည့်ခံစားချက်များရလာသည်။ ဒီခံစားချက်က သူ အကြောက်ရဆုံးအစ်ကိုဆီက ရလာသည့်ခံစားချက်နှင့် မတူလှ။ သူ့အစ်ကိုက ဘယ်လောက်ပဲ သူ့အပေါ် ဒေါသထွက်နေပါစေ သူ့ကို တကယ်ကြီး တစ်စုံတစ်ခုပြုလုပ်လာမှာ မဟုတ်။ သို့ပေမယ့် သူ့အရှေ့ရှိလူကတော့ သူ့ကို လည်ပင်းညှစ်သတ်လို့ရလျှင် တကယ် ထလုပ်မည့်ပုံပင်။ 'သောက်ကျိုးနည်းကြောက်ဖို့ကောင်းတယ်!'

ပိုင်ရှင်းယွီ မသိမသာလေး ဇက်ပုသွားမိသည်။ သူ မတ်တပ်ရပ်ပြီးဖြစ်တာမို့ ရုတ်တရက်ပြန်ထိုင်လိုက်ခြင်းက အတော်လေးမျက်နှာပျက်ဖို့ကောင်းလှသည်။ ထို့အပြင် သူ့အရှေ့ရှိလူကလည်း သူ့ကို လွှတ်ပေးမည့်ပုံမပေါ်။

စက္ကန့်ပိုင်းအတွင်း ပိုင်ရှင်းယွီ သူ့မျက်ဝန်းရှေ့ အလင်းတန်းတစ်ခုဖြတ်သွားသလိုခံစားချက်နှင့် တစ်ဖက်လူက သူနှင့် နှစ်လှမ်းမျှအကွာအဝေးကို ရောက်နေခဲ့ပြီ။ ထိုသူက သူ့ကို ထိုင်ခုံနေရာမှ ဆောင့်ဆွဲခေါ်လိုက်တာမို့ ရုတ်တရက်ဆန်ဆန် သူ့ခေါင်းက တစ်ဖက်သူရဲ့မျက်နှာကို သွားပြေးတိုက်မိပြီး ယောက်ျားဆန်ဆန်အငွေ့အသက်လေးက သူ့နှာဖျားထက် ရိုက်ခတ်လာတော့သည်။ သူ မတုန့်ပြန်နိုင်သေးခင်မှာပဲ သူ့လက်မောင်းထက် နာကျင်မှုနှင့်အတူ သူ့လက်မောင်းများက တစ်ဖက်လူရဲ့ချိုးလိမ်ခြင်းကို ခံလိုက်ရပြီး သူ့လက်ကောက်ဝတ်များကလည်း တစ်ဖက်လူရဲ့ချုပ်နှောင်မှုကြား လှုပ်ရှားနိုင်ခြင်းမရှိဖြစ်နေလေသည်။

ပိုင်ရှင်းယွီ ကြောက်လန့်တကြား အော်လိုက်သည်။ "မင်းဘာလုပ်ချင်နေတာလဲ။"

သူ ကြိုးစားရုန်းပေမယ့် သူ့လက်ကောက်ဝတ်များကို ချုပ်ကိုင်ထားသည့်တစ်ဖက်လူရဲ့လက်က သံတိုင်များအလား သန်မာလွန်းလှသည်။ ဒီလက်ပိုင်ရှင်က သေချာသလောက် သူ့ထက်ငယ်ပုံပေါ်လှတာကို ဘာလို့ သူ့ခွန်အားက ကြောက်ဖို့ကောင်းနေရတာလဲ။ သူရုန်းလေလေ ပိုနာလေလေဖြစ်လာပြီး ထိုနာကျင်မှုက သူ့ကို ထအော်စေတော့သည်။

တစ်ဖက်လူကတော့ ဘာအသံမှမကြားရသလို သူ့ကို ရထားတွဲအဆုံးထိ ဆွဲခေါ်သွားပြီး အိမ်သာတံခါးကို ကန်ဖွင့်ထို့ သူ့ကို အထဲသို့ ခပ်ကြမ်းကြမ်းတွန်းထည့်လိုက်သည်။

ဆိုးဆိုးရွားရွားအနံ့များက သူ့နှာခေါင်းထဲ ပြေးတိုးဝင်ရောက်လာပြီး သူ အန်ချမိမလိုဖြစ်သွားတော့သည်။ ပိုင်ရှင်းယွီတစ်ယောက် အိမ်သာနံရံကို ပြေးမနမ်းမိအောင် ဟန်ချက်ထိန်းနေတုန်း သူ့အနောက်ရှိ အိမ်သာတံခါးက ဝုန်းကနဲပြန်ပိတ်သွားခဲ့သည်။ သူပြန်လှည့်လို့ တံခါးကိုဆွဲဖွင့်ကြည့်ရာ တံခါးလက်ကိုင်ကို တံမြက်စည်းထိုးထည့်၍ ပိတ်ထားမှန်း တွေ့လိုက်ရတော့သည်။

တံခါးအပြင်ဘက်မှ ရွှင်ရွှင်မြူးမြူးအသံလေး ထွက်ပေါ်လာသည်။ "အဲ့မှာ အောက်ဆီဂျင်တွေအများကြီးပဲ။ အချိန်ယူပြီးရှူလိုက်။"

ရထားတွဲတစ်တွဲလုံး ရယ်သံများဖြင့် ဖုံးလွှမ်းသွားသည်။

ဘယ်လိုလုပ်ပြီး ပိုင်ရှင်းယွီတစ်ယောက် ဒီလိုမျိုး ဆက်ဆံခံဖူးမှာတဲ့လဲ။ သူ့မှာ ဒေါသထွက်လွန်းတာမို့ ငိုယိုလျက် တံခါးကို တဗုန်းဗုန်းထုရင်း အော်ပြောတော့သည်။ "သောက်ကျိုးနည်းကောင်! မင်း ငါ့ကိုပေးထွက်!"

သူ အပြင်ဘက်ရှိ ဝမ်ရွှန့်ဝေးအသံက တဖြည်းဖြည်းနီးကပ်လာတာကို ကြားလိုက်ရသည်။ "အိုက်ယား၊ ပြဿနာမရှာစမ်းနဲ့။ ရှောင်ယွီ၊ မင်းလည်း ဆိုးသွမ်းနေတဲ့ကောင်လေးမဟုတ်ဘူး။ သူ့ကို မြန်မြန်ပြန်ထုတ်ပေးလိုက်။"

ထိုအချိန်မှာပဲ ရွှီချောင်ရဲ့ခပ်ကျယ်ကျယ်အသံက ထွက်ပေါ်လာသည်။ "မထုတ်ပေးနဲ့။ ဆက်ပိတ်ထား။ ဒီကောင်လေးက ပညာပေးခံရဖို့လိုနေတာ။ မင်းတို့တွေ ရယ်မနေကြနဲ့။ သွားလည်းမကြည့်နဲ့။"

ရွှီချောင်အော်သံအဆုံးတွင် အပြင်ဘက်မှ ဘာအသံမှ မကြားရတော့။ ပိုင်ရှင်းယွီ အချိန်အတော်ကြာတဲ့အထိ တံခါးကိုထုရိုက်ရင်း ဆဲဆိုနေပေမယ့် ဘယ်သူ့ကမှ သူ့ကို ဂရုစိုက်လာခြင်းမရှိ။ သူ့ကို လှောင်ပြောင်သွားတဲ့ ကောင်လေးဖြစ်သူမျက်နှာကို ပြန်တွေးလိုက်မိရုံနှင့် သခင်လေးပိုင်မှာ သေအောင်ကုန်းကိုက်ပစ်ချင်စိတ်များ ပေါ်လာတော့သည်။

အနံ့ဆိုးများ တထောင်းထောင်းထနေသည့်အိမ်သာထဲ တစ်နာရီမျှ ပိတ်လှောင်ထားခံရပြီးနောက် သူ့ကို တစ်စုံတစ်ယောက်က ပြန်လာထုတ်ပေးသည်။

ပိုင်ရှင်းယွီ ဒီတစ်ခါမှာတော့ လုံးဝကျိုးနွံနေသည်။ သူ့ထိုင်ခုံမှာ ထိုင်ပြီးသွားနောက်တွင်လည်း စကားတစ်ခွန်းတောင်မပြောဘဲ စိတ်ထဲ၌သာ သူ့ကို အိမ်သာထဲထည့်ပိတ်သွားတဲ့အရူးကောင်ကို ဆဲဆိုနေလိုက်သည်။

ချန်းလျန့်က သူ့ကို စိုးရိမ်တကြီးတွန်းထိုးလို့မေးလာသည်။ "ဟေး.. မင်း အဆင်ပြေတယ်မလား။"

ပိုင်ရှင်းယွီ ခေါင်းခါပြလိုက်သည်။ သူ ဘယ်သူ့မျက်နှာကိုမှ မကြည့်ချင်နေ။ သူ့စိတ်ထဲ ရထားတစ်တွဲလုံးက သူ့ကို လှောင်နေသလိုခံစားနေရသည်။

ချန်းလျန် ဆက်ပြောလာသည်။ "မင်း ဘာလို့ သူ့ကိုမှ သွားရှုပ်ရတာလဲ။"

ပိုင်ရှင်းယွီ အခုနလေးကတင် ငိုထားတာမို့ သူ့အသံက ကွဲအက်အက်ဖြစ်နေဆဲ။ သူ စကားပြောလာချိန် နှာသံများဖြစ်နေခြင်းက အတော်လေးမတရားခံထားရပုံ ပေါ်နေစေတော့သည်။ "သူက ဘာဖြစ်လို့လဲ။"

"ကြားတာတော့ သူ့နောက်ခံမိသားစုက တော်တော်တောင့်တယ်ဆိုပဲ။ သူကိုယ်တိုင်ကလည်း စစ်တက္ကသိုလ်တက်ခွင့်ရထားတာကို ငါတို့နဲ့အတူ ခွန်းလွန်းတောင်ပေါ်မှာ လိုက်လေ့ကျင့်မလို့တဲ့။ မင်းပြောကြည့်လေ၊ သူ ဘာတွေးထားလဲဆိုတာ။"

ပိုင်ရှင်းယွီ အံကြိတ်ရင်း ပြောလိုက်သည်။ "ခေါင်းမကောင်းလို့နေမယ်။" 'မဟုတ်ရင် အခုနကလို လူမဆန်တဲ့ကိစ္စမျိုး ဘယ်ကောင်ကလုပ်မှာလဲ။'

နောက်နေ့မှာတော့ သူတို့ ရထားပေါ်မှ ဆင်းခွင့်ရသွားပြီး စစ်ထရပ်ကားကြီးပေါ်သို့ ပြောင်းတင်ခံလိုက်ရတော့သည်။ အခုဆိုလျှင် သူတို့တတွေ ခွန်းလွန်းတောင်ပေါ်သို့ရောက်နေပြီဖြစ်သည်။ နွေရာသီပဲရှိသေးတယ်ဆိုပေမယ့် အပူချိန်က ခပ်နိမ့်နိမ့်နှင့် ရာသီဥတုက ခြောက်သွေ့သွေ့နိုင်လှသည်။ ပိုင်ရှင်းယွီ အသက်တစ်ချက်ရှူဖို့တောင် မနည်းအားထုတ်နေရသည်။ လေထုပါးလွှာခြင်းကြောင့်ဖြစ်လာသည့် အသက်ရှူရခက်မှုက မနေ့ကလောက် မဆိုးပေမယ့် ပိုသက်သာလာခြင်းတော့ မဟုတ်။ သို့ပေမယ့် ကားပေါ်ရှိ သူ့ထက်သန်မာပုံပေါ်လှသည့်ယောက်ျားသားကြီးများက ဝမ်းလျောပျို့အန်နေတာကိုကြည့်ရင်း သူ့ကိုယ်သူ ကံကောင်းသလိုခံစားလိုက်ရသည်။

ရှစ်နာရီကြာအောင် ကားထပ်စီးပြီးနောက်မှာတော့ ပိုင်ရှင်းယွီမှာ သားသတ်ရုံကို အပိုခံလိုက်ရတဲ့ အသတ်ခံရတော့မယ့်တိရိစ္ဆာန်တစ်ကောင်လို ခံစားနေရသည်။ သို့ပေမယ့် ဒီ'သတ္တဝါ'ဆိုသူကတော့ လမ်းမှာတင် တစ်ဝက်သေနေပြီးဖြစ်သည်။

စခန်းက လူခြေအိမ်ယာများနှင့် ဝေးရာမှာ တည်ရှိပြီး ဖုန်းလိုင်းလည်း မရ။ သူ့အနောက်မှာတော့ ရှင်းလင်းနေသောတောင်တန်းများနှင့် သူ့အရှေ့မှာတော့ အဆုံးမရှိသည့်တောအုပ်တစ်ခုရှိနေသည်။ လာခဲ့တဲ့လမ်းတစ်လျှောက်ကလည်း ချိစ်ပေါ်ရှိအခွက်များအတိုင်းဖြစ်နေသည်။ ပိုင်ရှင်းယွီရဲ့ခြေထောက်က တတုန်တုန်နှင့် ဒီလိုမြင်ကွင်းမျိုး မြင်နေရချိန် ငိုသင့်နေပေမယ့် သူ့မျက်ရည်များတောင် မရှိတော့တာကို တွေ့လိုက်ရလေသည်။

နည်းပြဆရာက ရှည်လျားလှတဲ့ခရီးလမ်းတစ်လျှောက် ပြောစရာရှိသည်များကို အကုန်ပြောထားခဲ့ပြီးဖြစ်သည်။ တပ်သားသစ်များ ပင်ပန်းနေပြီဆိုတာလည်း သူတွေ့မြင်နေရတာမို့ အဆောင်ခွဲဝေပေးပြီးတာနှင့် နားခိုင်းလိုက်တော့သည်။

ပိုင်ရှင်းယွီ သူ့ခရီးဆောင်အိတ်ကို ကိုင်ဆွဲလျက် အဆောင်ရှိရာသို့ တရွတ်တိုက်သွားလိုက်သည်။ သူ ခြေလှမ်းအနည်းငယ်မျှ စောပြီးတော့ပဲဖြစ်ဖြစ် အိပ်ရာဆီသွားလို့ ကောင်းကောင်းအိပ်ချလိုက်ချင်သည်။ သို့ပေမယ့် သူ တကယ်ပင်ပန်းလွန်းနေသည့်အပြင် တစ်ကိုယ်လုံးလည်း ကိုက်ခဲနေသည်။ ထို့အပြင် လက်ထဲရှိခရီးဆောင်အိတ်ကလည်း အရမ်းလေးလှသည်။ သခင်လေးပိုင်မှာ ငယ်စဉ်ဘဝကတည်းက အလုပ်တစ်ခုမှ လုပ်ခဲ့ဖူးတာ မဟုတ်။ သူ ကြမ်းပြင်လဲဖို့တံမြက်စည်းတောင် ကိုင်ခဲ့ဖူးတာမဟုတ်တာမို့ ဒီလိုခရီးဆောင်အိတ်အလေးကြီးကို ဘယ်လိုများသယ်နိုင်မှာတဲ့လဲ။

အဆောင်တံခါးဝနား ရောက်လာပြီး အထဲဝင်မလို့လုပ်နေတုန်းမှာပဲ သူ့ပခုံးမှာ ခပ်ကြမ်းကြမ်းဝင်တိုက်ခံလိုက်ရပြီး သူ့မျက်နှာတောင် အဆောင်နံရံနှင့် ပြေးဆောင့်မိတော့မလိုပင်။

သူ့လို များများစားစားမတွေးသူတောင် ဒီတွန်းတိုက်မှုက ရည်ရွယ်ချက်ရှိရှိလုပ်မှန်း သိနေသည်။ သူ ဒေါသတကြီးလှည့်ကြည့်လိုက်ရာ သူ့ကို နောက်ပြောင်မှု၊ ရွံရှာမှုများဖြင့် ကြည့်နေသည့်မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ ထိုမျက်ဝန်းများက ရှည်လျားကျဉ်းမြောင်းလို့ အရောင်တောက်နေပြီး အမျိုးအမည်ဖော်မရသည့်အလင်းတန်းလေး လင်းလက်လို့နေ၏။ သို့ပေမယ့် ထို့လူမျက်နှာကတော့ ခွေးမျက်နှာနှင့် ကောက်ကျစ်လွန်းလှသည်။ ဒီလူက သူ့ကို နေ့တစ်ဝက်လောက် အဆာငတ်ခံစေပြီး အိမ်သာထဲ ထည့်ပိတ်ထားခဲ့သူပင်။

ပိုင်ရှင်းယွီ ထိုသူ့ကို မုန်းလွန်းတာမို့ မြင်တာနှင့် ကုန်းကိုက်ချင်မိသည်အထိ။ သိုပေမယ့် သူ တစ်ဖက်သူကိုလည်း အနည်းငယ်တော့ ကြောက်လှသည်။ သူဆိုသည်မှာ ငယ်ငယ်လေးကတည်းက သတ္တိရှိလှတာ မဟုတ်။ ပျော့ပျော့နွဲ့နွဲ့လေးများကို အနိုင်ကျင့်လို့ မာမာထန်ထန်တွေဆို ကြောက်ရွံ့တတ်သူဖြစ်တာမို့ ဒီလိုအားကောင်းမောင်းသန်လူတစ်ယောက်နှင့်တွေ့ချိန် လှုပ်တောင်မလှုပ်ရဲ။

တစ်ဖက်သူက နှာခေါင်းရှုံ့လျက်ပြောလာသည်။ "အခြောက်ကောင်"

ပိုင်ရှင်းယွီ သူ့ကို မုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောရဲ။ သူ့ကို အနိုင်ကျင့်မယ့်သူက စောစောပေါ်ထွက်လာပြီး သူ့ကိုလည်း ပစ်မှတ်ထားနေပြီဟုတွေးမိချိန် သူ ဘာများလုပ်သင့်ပါသလဲ။ အဆိုးဆုံးကတော့ တစ်ဖက်လူက သူ့ကို ကွေ့ရှောင်လို့ သူနေရမည့်အဆောင်ခန်းထဲ ဝင်သွားခြင်းပင်။ ပိုင်ရှင်းယွီမှာ အမြင်အာရုံများပင် မဲမှောင်လို့ ကြမ်းပြင်ပေါ် ထိုင်ချမိတော့မတတ်။ သူ တော်တော်ကံဆိုးနေတာပဲ။ တကယ်ကြီး ဒီလိုဂြိုဟ်ဆိုးကောင်နှင့် တစ်ခန်းထဲ အတူနေရတော့မည်။ ဒါ သူ့သေတွင်းသူတူးနေတာပဲမဟုတ်လား!

ပိုင်ရှင်းယွီ တံခါးရှေ့တွင် မျှော်လင့်ချက်မဲ့စွာ အချိန်အတော်ကြာမတ်တပ်ရပ်နေပြီးမှ သူ့ကံကြမ္မာကို လက်ခံလိုက်သလို အထဲသို့ဝင်သွားလိုက်တော့သည်။ သူ့စိတ်ထဲ နည်းပြဆရာကို သွားရှာပြီး အဆောင်လဲခိုင်းရင် ကောင်းမလားဟုတောင် တွေးနေလိုက်သေးသည်။

သူ ဝင်လာတာကိုမြင်သည်နှင့် တစ်ဖက်သူကတော့ သွားဖြူဖြူများပေါ်လာသည်အထိ ပြုံးပြနေလေသည်။

ပိုင်ရှင်းယွီမှာ ကြောက်ရွံမှုများဖြင့်တုန်တက်သွားပြီး တစ်ဖက်သို့ အလျင်စလိုခေါင်းလှည့်လိုက်တော့သည်။

အဆောင်ပုံစံက သူ TV ထဲမှာ မြင်ဖူးထားသလိုပင် - လူအများကြီး စုအိပ်လို့ရသည့် အခန်းကျယ်တစ်ခုဖြစ်ပြီး ကုတင်တန်းလေးတန်းရှိ၍ အလယ်တွင် လျှောက်လမ်းလေးတစ်ခုလည်းရှိသည်။ အတန်းတူကုတင်များက တစ်ကုတင်နှင့်တစ်ကုတင် နီးကပ်နေပြီး လူ အယောက် ၂၀ နှင့်အတူ တစ်ခန်းထဲမှာ ရောထွေးလို့အိပ်ရမည်ဆိုသည့်အတွေးက ပိုင်ရှင်းယွီကို အော့အန်ချင်စိတ်ပါဖြစ်လာစေသည်။

ပိုင်ရှင်းယွီလည်း ဂြိုဟ်ဆိုးကောင် သူ့ကုတင်သူ ရွေးပြီးပြီဆိုတာကို မြင်လိုက်တာနှင့် ထိုကုတင်နှင့်အဝေးဆုံးကုတင်ပေါ်သို့ ခရီးဆောင်အိတ် ပစ်တင်ချလိုက်သည်။

သူ ခရီးဆောင်အိတ်ကို ချပြီးလို့ တစ်ခုခုစားရန် ဇစ်ဖွင့်ဖို့လုပ်ချိန်မှာပဲ ရုတ်တရက် သူ လည်ဂုတ်မှ အဆွဲခံလိုက်ရတော့သည်။ နောက်ပြောင်လိုသည့်အသံလေးက သူ့ခေါင်းထက်မှ ထွက်ပေါ်လာသည်။ "ဘယ်သူက မင်းကို ဒီနေရာမှာ အိပ်ခိုင်းလဲ။"

ပိုင်ရှင်းယွီ ကြောက်ကြောက်လန့်လန့်နှင့် ဂြိုဟ်ဆိုးကောင်လေးကို ခေါင်းလှည့်ကြည့်လိုက်သည်။

ဂြိုဟ်ဆိုးကောင်ကတော့ ကုတင်တစ်ခုကို လက်ညိုးထိုးပြ၍ ဆက်ပြောသည်။ "အဲ့မှာအိပ်"

ပိုင်ရှင်းယွီ တစ်ချက်လှမ်းကြည့်လိုက်ရာ .. ဖာ့ခ်!အဲ့နေရာက ဂြိုဟ်ဆိုးကောင်ရဲ့ကုတင်ဘေးပဲ မဟုတ်ဘူးလား။ နားထောင်ရခက်အောင်ပြောရလျှင် အဲ့ဂြိုဟ်ဆိုးကောင်သာ တစ်ချက်လောက်လှိမ့်လိုက်ရင် သူ့အပေါ်သို့ တန်းပိကျလာမှာပင်။ သူသာ အဲ့နေရာမှာ အိပ်ရလျှင် သူ့အသက်ရဲ့ဆယ်နှစ်လောက် တိုသွားလိမ့်မည်။

သူ အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။ "ငါ ဒီမှာအိပ်တာပဲ ... အဆင်ပြေပါတယ်။"

ထိုဂြိုဟ်ဆိုးကောင်လေးက နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးရင်း ခပ်ညစ်ညစ်အပြုံးတစ်ခုနှင့်အတူ သူ့ခရီးဆောင်အိတ်ကို ဗြုန်းစားကောက်ယူသွားပြီး သူ့ကိုလည်း ကော်လံမှဆွဲ၍ ထိုအိပ်ရာဘေးသို့ ခေါ်သွားကာ ကုတင်ပေါ်သို့ ခရီးဆောင်အိတ်ကို ပစ်ချလို့ပြောလာသည်။ "မင်း ဒီမှာအိပ်မယ်။"

ပိုင်ရှင်းယွီ ဘေးဘီကို လှည့်ကြည့်လိုက်ပေမယ့် လူတိုင်းက ပွဲကောင်းတစ်ခုကို ကြည့်နေသလိုသာ ကြည့်နေပြီး သူ့ကို လက်ကမ်းကူပေးမယ့်သူ မရှိနေ။ သူ့မှာ သူ့မျက်စိရှေ့ အမှောင်ထုကြီး ဖုံးအုပ်နေသလိုခံစားချက်နှင့် ငိုဖို့အတွက်လည်း မျက်ရည်မကျန်နေ။

ထိုဂြိုဟ်ဆိုးကောင်လေး သူ့ကိုလွှတ်ပေးလိုက်တာနှင့် ပိုင်ရှင်းယွီ အခန်းအတွင်းမှ ပစ်လဲကျမတတ် ပြေးထွက်ခဲ့တော့သည်။

KittyKitling

Modified date : Oct 3

_____///_____

[Zawgyi]

"ၿဂိဳလ္ေမႊနတ္ဆိုးေကာင္ႀကီးႏွင့္ ေတြ႕ဆုံျခင္း"

ပိုင္ရွင္းယြီ သူတို႔ေတြ တစ္ညလုံး ဒီတိုင္း ထိုင္စီးရမယ္ဆိုတာ မယုံနိုင္ေသး။

ညသန္းေခါင္အခ်ိန္၌ ရထားတြဲတစ္တြဲလုံးရွိ တပ္သားသစ္မ်ား အိပ္ေမာက်ေနၿပီး အခ်ိဳ႕ဆို က်ယ္က်ယ္ေလာင္ေလာင္ေဟာက္လို႔ေနေပမယ့္ သူကေတာ့ ဆာေလာင္မွုျဖင့္ မူးေဝေနသည္။ သူ႔ခရီးေဆာင္အိတ္ထဲ သူ႔အေမ ထိုးထည့္ေပးလိုက္တဲ့အစားအစာေတြ ရွိတာ သိေပမယ့္ သူ႔ေက်ာတစ္ေလၽွာက္လုံး ကိုက္ခဲေနလ်က္ ေျခေထာက္ေတြကလည္း ထုံက်ဥ္ေနၿပီး ထဖို႔လည္း ပ်င္းေနသည္။ ထိုအျပင္ သူ႔ေဘးရွိ တပ္သားသစ္ႏွစ္ေယာက္ကလည္း ဝက္အေသမ်ားလို အိပ္ေမာက်ေနတာမို႔ သူ ဘယ္လိုမွ အျပင္ထြက္မရ။ သူ႔ဘဝတစ္ေလၽွာက္လုံး တစ္ခါမွ ဒီေလာက္ထိပင္ပန္းဆင္းရဲမခံဖူး။ သူ႔ေအာက္ပိုင္းဆို အထိအေတြ႕ေတာင္ ခံစားလို႔မရေတာ့သည္အထိ ျဖစ္လာခဲ့သည္။ သူ ျပတင္းေပါက္ေဘာင္ကိုမွီလို႔ ႀကိဳးစားအိပ္ခ်င္ေပမယ့္ သူ႔လည္ပင္းမ်ားလည္း မေတာင့္ခံနိုင္ေတာ့။ ထိုညက သူ႔မွာ ဆာေလာင္လ်က္ ခႏၶာကိုယ္တစ္ခုလုံး တစ္စစီျပဳတ္ထြက္ေတာ့မည့္အတိုင္း ေနရခက္မွုႏွင့္အတူ ညတာရွည္တဲ့တစ္ညတာရဲ့ မိနစ္တိုင္း၊ စကၠန႔္တိုင္းကို သခင္ေလးပိုင္မွာ နာက်င္မွုမ်ား၊ မ်က္ရည္မ်ားျဖင့္ အေဖာ္ျပဳေနရေတာ့သည္။

သူ အေဝးသို႔ ေမၽွာ္ေငးၾကည့္ေနရင္း သူ႔ကိုယ္သူ ဒီအေျခအေနထဲ ဘယ္လိုေရာက္လာသလဲဆိုတာ ျပန္ေတြးမိလ်က္ သူ က်န္ေဆြ႕ယင္းကို စတင္နာက်ည္းလာမိေတာ့သည္။ သို႔ေပမယ့္ တစ္ဖန္ျပန္ေတြးၾကည့္ၿပီးေနာက္ သူ႔အစ္ကိုအေပၚ လုံးဝႀကီးအျပစ္မတင္နိုင္ေန။ သူ႔အစ္ကိုရဲ့ညီအရင္းမဟုတ္တဲ့ က်န္ေဆြ႕လင္းကိုသာ သူ အျပစ္တင္သင့္သည္! က်န္ေဆြ႕လင္းသာ သူ႔အစ္ကိုရဲ့အိမ္ကို ခိုးေရာင္းဖို႔တြန္းအားမေပးခဲ့ပါက သူ႔မွာ လုပ္ဖို႔သတၱိေတာင္ မရွိေန။ သူသာ မလုပ္ခဲ့လၽွင္ .. မလုပ္ခဲ့လၽွင္လည္း သူ ေလာင္းကစားေငြမ်ားကို ျပန္ဆပ္နိုင္မွာမဟုတ္လို႔ အေႂကြးရွင္မ်ားရဲ့ တစ္စစီကိုက္ျဖတ္တာကို ခံရလိမ့္ဦးမည္။ ထိုအေၾကာင္းေတြးမိလိုက္႐ုံနဲ႔ သူ႔မွာ ပိုလို႔ေတာင္ ငိုခ်င္သြားေတာ့သည္။

သူ ရင္ထဲ၌ ႀကိတ္ေအာ္ၿပီးေျပာလိုက္သည္။ 'ေကာ၊ ကၽြန္ေတာ္မွားမွန္းသိပါၿပီ။ ျမန္ျမန္ျပန္လာေခၚပါေတာ့။'

ပင္ပန္းလြန္းတာမို ေနာက္ဆုံး၌ ပိုင္ရွင္းယြီ အိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ေန႔မနက္တြင္ ရထားတြဲေပၚရွိတပ္သားသစ္တိုင္း နိုးလာၾကၿပီး မနက္စာ စတင္စားလိုက္ၾကသည္။

ပိုင္ရွင္းယြီ နိုးလာခ်ိန္ ေနရအဆင္မေျပလွတာမို႔ အေၾကာဆန႔္ရင္း ညီးညဴမိသြားၿပီး သူ႔တစ္ကိုယ္လုံးလည္း ျပဳတ္ထြက္သြားေတာ့မလို ခံစားေနရသည္။

သူ အုလူမုခ်ိကို နာက်င္ကိုက္ခဲမွုမ်ားျဖင့္ေရာက္ရွိသြားခဲ့ၿပီး ကာလာကိုလန္သို႔ခရီးဆက္ရန္ အေျခအေန ပိုဆိုးလွသည့္ရထားေပၚ တက္လိုက္ရေလသည္။ ထိုေနရာက အမိနိုင္ငံ၏အစြန္အဖ်ားတြင္ တည္ရွိေနၿပီး လက္တီက်ဴ႕အရလည္း ျမင့္မားတာမို႔ ရထားေပၚရွိတပ္သားသစ္တိုင္း ေအာက္စီဂ်င္ျပတ္ေတာက္မွု လကၡဏာအမ်ိဳးမ်ိဳးကို စတင္ခံစားလာရေတာ့သည္။

ပိုင္ရွင္းယြီ ဒီရက္ပိုင္းအတြင္း အိမ္သာသြားခ်ိန္မွလြဲၿပီး ထိုင္ခုံမွ မထ။ သူ႔ဖုန္း၊ Laptop ႏွင့္ iPad အကုန္လုံးအားကုန္သြားခဲ့ၿပီ။ သူ႔မွာ ထိုင္ခုံေပၚတြင္ ကိုယ္တစ္ပိုင္းေသေနတဲ့ ေမၽွာ္လင့္ခ်က္မဲ့ဇြန္ဘီတစ္ေကာင္လိုအထိ ခံစားေနရသည္။ ႏွစ္ရက္တိတိ ႏွိပ္စက္မွုမ်ားအၾကားရွိေနၿပီးေနာက္ သူလိုခ်င္မိသည္မွာ ျပန႔္ျပန႔္ျပဴးျပဴးအိပ္ရာတစ္ခုတည္းသာ။ ထိုအခ်ိန္ ေအာက္စီဂ်င္ျပတ္လတ္ျခင္းေၾကာင့္ အဆင္မေျပျဖစ္ေနၿပီးသား သူ႔အေျခအေနက ပိုဆိုးဝါးလာတာမို႔ ပိုင္ရွင္းယြီမ်က္ဝန္းမ်ားမွာ တစ္ဖန္ထပ္နီရဲလာၿပီး ခပ္တိုးတိုးရွိုက္ငိုမိျပန္သည္။

ခ်န္းလ်န္ႏွင့္ သူ႔အနားတစ္ဝိုက္ရွိ တပ္သားသစ္မ်ားကေတာ့ သူ႔ရဲ့ 'ကိုယ့္ဘဝကိုယ္သနားေနသည့္ပုံစံ'အား အသားက်ေနၿပီမို႔ ဘယ္သူမွ သူ႔ကို ဂ႐ုစိုက္မေနေတာ့။

တျဖည္းျဖည္းႏွင့္ အသက္ရွုရခက္သူမ်ား မ်ားျပားလာေတာ့သည္။ သို႔ေပမယ့္ တပ္သားအသစ္မ်ားမွာ ငယ္ရြယ္ၿပီး က်န္းမာေရးေကာင္းသူမ်ားျဖစ္တာမို႔ အခ်ိန္တစ္ခုအထိေတာ့ ေတာင့္ခံနိုင္စြမ္းရွိၾကေသးသည္။

ထိုအခ်ိန္၌ ပိုင္ရွင္းယြီ သူတို႔ေရွ႕တြဲမွ ေအာ္သံမ်ားကိုၾကားလိုက္ရသည္။ ေသခ်ာနားေထာင္ၾကည့္လၽွင္ ေအာက္ဆီဂ်င္လိုအပ္သူရွိလား ဟု ေမးေနပုံေပၚလွသည္။

ေမးဖို႔ေတာင္ လိုလား။ ဒီရထားတြဲေပၚကလူတိုင္း ေျမျပန႔္ကေန ဆြဲေခၚသြားခံလိုက္ရတဲ့လူေတြခ်ည္းပဲ။ မလိုအပ္တဲ့သူ ဘယ္သူမ်ားရွိမွာလဲ။

ထို႔ေၾကာင့္လည္း ရထားတြဲတံခါးကို ဆြဲဖြင့္လို႔ ဝမ္ရႊန႔္ေဝး လူတစ္ေယာက္ႏွင့္အတူ ဝင္လာၿပီး "ဘယ္လိုေနၾကလဲ၊ ငါ့လူတို႔.." ဟု ေျပာလာခ်ိန္မွာပဲ ပိုင္ရွင္းယြီ ခ်က္ခ်င္း ၾကားျဖတ္၍ေအာ္ေျပာလိုက္သည္။

"ကၽြန္ေတာ္လိုတယ္၊ ကၽြန္ေတာ္လိုတယ္။ ကၽြန္ေတာ္ အသက္ရွုလို႔မဝေတာ့ဘူး။"

ရထားတြဲေပၚရွိလူတိုင္း 'လမ္းတစ္ေလၽွာက္လုံး စိတ္ႀကီးဝင္ခ်င္ေယာင္ေဆာင္လို႔ ထိုင္ခုံေပၚက မထ၊ ဘယ္သူႏွင့္မွလည္း စကားမေျပာဘဲ ညေရာက္ခ်ိန္မွ ခိုးခိုးငိုတတ္သည့္ေကာင္ေလးျဖစ္သူ' ပိုင္ရွင္းယြီကို လွမ္းၾကည့္ရင္း သူ႔တို႔မ်က္ဝန္းထဲ ေလွာင္ေျပာင္ရိပ္မ်ား ထင္ဟပ္လာေတာ့သည္။

ဝမ္ရႊန႔္ေဝး အေရွ႕မွေလၽွာက္လာသည့္ အရပ္ရွည္ရွည္ေကာင္ေလးက ေခါင္းလွည့္၍ ပိုင္ရွင္းယြီကိုၾကည့္လာရာ ပိုင္ရွင္းယြီ ေခါင္းေမာ့ၾကည့္လိုက္ခ်ိန္ သူတို႔ မ်က္လုံးခ်င္းဆုံသြားေလသည္။

သူ႔အေရွ႕ရွိေယာက္်ားေလးက စြဲမက္ဖြယ္မ်က္ႏွာအသြင္အျပင္ကို ပိုင္ဆိုင္ထားၿပီး ထူထူထဲထဲမ်က္ခုံးမ်ားႏွင့္ ၾကယ္စင္သဖြယ္လင္းလက္ေနသည့္မ်က္ဝန္းမ်ားရွိလ်က္ ႐ုပ္ရွင္ဇာတ္ကားတစ္ခုထဲမွ ခုန္ထြက္လာသည့္အလား ေခ်ာေမာလြန္းလွသည္။ သူ႔အသားအရည္ကလည္း စိုေျပေကာင္းမြန္လြန္းေနတာမို႔ အျပစ္အနာအဆာ တစ္ခုတစ္ေလေတာင္ ရွာမေတြ႕။ သူ႔ဆံပင္တိုေလးကို ခပ္မတ္မတ္ေထာင္ထားျခင္းက ၾကည့္လိုက္႐ုံႏွင့္ ေခ်ာေမာျခင္းအျပင္ သပ္သပ္ရပ္ရပ္ပါ ရွိေနသည္။ ထို႔အျပင္ စစ္ဝတ္စုံကလည္း အခ်ိဳးအစားေျပျပစ္လွသည့္ခႏၶာကိုယ္ႏွင့္ အံကိုက္က်ေနတာမို႔ သူ႔အရွိန္အဝါကို ပိုလို႔ေတာင္ ခြန္အားျပည့္ဝေနေစေတာ့သည္။

ပိုင္ရွင္းယြီ ဘာျဖစ္သြားသလဲ မေျပာျပတတ္ေပမယ့္ အသက္ရွုခဏမၽွေတာ့ ရပ္သြားမိသည္။ တစ္ဖက္လူရဲ့အၾကည့္မ်ားက စူးရွလြန္းၿပီး ျမႇဴဆြယ္သလိုျဖစ္ေနတာမို႔ သူ႔ကို စိုက္ၾကည့္လာခ်ိန္ သူ႔ႏွလုံးသားထဲ တုန္လွုပ္သြားရၿပီး ထပ္ေမာ့မၾကည့္ရဲေတာ့။

သူ ေဘးတစ္ဝိုက္မွ အၾကည့္စူးစူးေတြကို ခံစားမိေနတာမို႔ ေနရအဆင္မေျပျဖစ္လာေတာ့သည္။ ေသခ်ာသေလာက္ လူတိုင္းလည္း အသက္ရွူရ အဆင္မေျပျဖစ္ေနတာပဲ၊ ဘာလို႔ ဘယ္သူကမွ ေအာက္ဆီဂ်င္ဘူးေပးဖို႔ မေတာင္းၾကေသးတာလဲ။ ဘာအတြက္ေၾကာင့္လဲ။ ေတာင့္ခံနိုင္စြမ္းၿပိဳင္ေနတာလား။

ထိုလူက ခပ္ေရးေရးေလး ေမးပင့္လ်က္ေျပာလာသည္။ "ဒီရထားတြဲထဲမွာ ေအာက္ဆီဂ်င္ဘူး မလိုတဲ့တပ္သားသစ္ရွိလို႔လား။ ေထာက္ပံ့ပစၥည္းက အေရအတြက္နဲ႔။ လူတိုင္းက သန္သန္မာမာရွိၾကတဲ့လူငယ္ေတြ။ ေတာင့္ခံနိုင္သမၽွေတာင့္ခံၿပီး ေထာက္ပံ့ပစၥည္းေတြကို အလိုအပ္ဆုံးလူေတြအတြက္ ခ်န္ထားေပးရမယ္။"

စကားထဲမွာေတာ့ ရထားတြဲေပၚရွိတပ္သားတိုင္းကို ရည္စူးသလိုေျပာထားေပမယ့္ သူ႔အၾကည့္ေတြကေတာ့ ပိုင္ရွင္းယြီတစ္ေယာက္တည္းကိုသာ စူးစိုက္ၾကည့္ေနၿပီး အထင္ေသးသည့္အမူအရာအျပည့္ႏွင့္ျဖစ္ေနသည္။

ခိုးရယ္သံမ်ား အမ်ားအျပားေပၚထြက္လာၿပီး ပိုင္ရွင္းယြီမ်က္ႏွာလည္း ႐ုတ္တရက္ဆိုသလို ပူထူသြားေတာ့သည္။

ထို႔လူ႔အေနာက္ရွိ ဝမ္ရႊန႔္ေဝးက ေျပာလာသည္။ "အေရွ႕ဆက္။ လမ္းပိတ္မေနနဲ႔။ ေနာက္တစ္တြဲကို သြားၾကည့္ရဦးမယ္။"

ထိုလူလည္း ပိုင္ရွင္းယြီကို စိုက္ၾကည့္မေနေတာ့ပဲ အေရွ႕ဆက္ေလၽွာက္သြားေတာ့သည္။

လူအမ်ားေရွ႕ အရွက္ခြဲခံလိုက္ရတာမို႔ ပိုင္ရွင္းယြီ သူ႔ေဒါသကို ထိန္းမထားနိုင္ေတာ့။ ဒီရက္ပိုင္းအတြင္း မြန္းၾကပ္မွု၊ နာက်ည္းမွုႏွင့္ စိတ္ရွုပ္ရမွုအကုန္လုံးက တစ္ဖက္လူရဲ့ေထေငါ့မွုေအာက္တြင္ လုံးဝေလာင္ၿမိဳက္သြားၿပီး အႏုတ္ျပေနသည့္ဒီခံစားခ်က္မ်ားအတြက္ ထြက္ေပါက္တစ္ခုကိုရွာေတြ႕သြားခဲ့ၿပီ။ သို႔ႏွင့္ တစ္ဖက္လူ သူ႔ေဘးမွျဖတ္သြားခ်ိန္ သူ ႐ုတ္တရက္ထရပ္ၿပီး ေမာက္ေမာက္မာမာေအာ္ေျပာလိုက္သည္။ "ေထာက္ပံ့ပစၥည္းတစ္ခုမွ ဘယ္ေလာက္ရွိမွာလဲ။ ငါ မင္းတို႔ကို အခု ၁၀၀ ျပန္လွူရင္ရတယ္မလား။ ပစၥည္းအေရအတြက္ကလည္း အကန႔္အသတ္၊ ေပးသုံးဖို႔လည္း စိတ္မကူးထားရင္ ဘာလို႔လာေမးေနဦးမွာလဲ။"

ရထားတြဲတစ္တြဲလုံး ၿငိမ္က်သြားေတာ့သည္။

တစ္ဖက္လူက သူ႔မ်က္ဝန္းမ်ားကို ေမွးက်ဥ္းလ်က္ ေသေသခ်ာခ်ာစိုက္ၾကည့္လာသည္။

ပိုင္ရွင္းယြီအရပ္က 182cm ဆိုေပမယ့္ တစ္ဖက္လူအေရွ႕မွာေတာ့ အနည္းငယ္မၽွပုေနသလိုပင္။ သူ တစ္ဖန္ထပ္လို႔ လႊမ္းမိုးခံထားရသည့္ခံစားခ်က္မ်ားရလာသည္။ ဒီခံစားခ်က္က သူ အေၾကာက္ရဆုံးအစ္ကိုဆီက ရလာသည့္ခံစားခ်က္ႏွင့္ မတူလွ။ သူ႔အစ္ကိုက ဘယ္ေလာက္ပဲ သူ႔အေပၚ ေဒါသထြက္ေနပါေစ သူ႔ကို တကယ္ႀကီး တစ္စုံတစ္ခုျပဳလုပ္လာမွာ မဟုတ္။ သို႔ေပမယ့္ သူ႔အေရွ႕ရွိလူကေတာ့ သူ႔ကို လည္ပင္းညႇစ္သတ္လို႔ရလၽွင္ တကယ္ ထလုပ္မည့္ပုံပင္။ 'ေသာက္က်ိဳးနည္းေၾကာက္ဖို႔ေကာင္းတယ္!'

ပိုင္ရွင္းယြီ မသိမသာေလး ဇက္ပုသြားမိသည္။ သူ မတ္တပ္ရပ္ၿပီးျဖစ္တာမို႔ ႐ုတ္တရက္ျပန္ထိုင္လိုက္ျခင္းက အေတာ္ေလးမ်က္ႏွာပ်က္ဖို႔ေကာင္းလွသည္။ ထို႔အျပင္ သူ႔အေရွ႕ရွိလူကလည္း သူ႔ကို လႊတ္ေပးမည့္ပုံမေပၚ။

စကၠန႔္ပိုင္းအတြင္း ပိုင္ရွင္းယြီ သူ႔မ်က္ဝန္းေရွ႕ အလင္းတန္းတစ္ခုျဖတ္သြားသလိုခံစားခ်က္ႏွင့္ တစ္ဖက္လူက သူႏွင့္ ႏွစ္လွမ္းမၽွအကြာအေဝးကို ေရာက္ေနခဲ့ၿပီ။ ထိုသူက သူ႔ကို ထိုင္ခုံေနရာမွ ေဆာင့္ဆြဲေခၚလိုက္တာမို႔ ႐ုတ္တရက္ဆန္ဆန္ သူ႔ေခါင္းက တစ္ဖက္သူရဲ့မ်က္ႏွာကို သြားေျပးတိုက္မိၿပီး ေယာက္်ားဆန္ဆန္အေငြ႕အသက္ေလးက သူ႔ႏွာဖ်ားထက္ ရိုက္ခတ္လာေတာ့သည္။ သူ မတုန႔္ျပန္နိုင္ေသးခင္မွာပဲ သူ႔လက္ေမာင္းထက္ နာက်င္မွုႏွင့္အတူ သူ႔လက္ေမာင္းမ်ားက တစ္ဖက္လူရဲ့ခ်ိဳးလိမ္ျခင္းကို ခံလိုက္ရၿပီး သူ႔လက္ေကာက္ဝတ္မ်ားကလည္း တစ္ဖက္လူရဲ့ခ်ဳပ္ေႏွာင္မွုၾကား လွုပ္ရွားနိုင္ျခင္းမရွိျဖစ္ေနေလသည္။

ပိုင္ရွင္းယြီ ေၾကာက္လန့္တၾကား ေအာ္လိုက္သည္။ "မင္းဘာလုပ္ခ်င္ေနတာလဲ။"

သူ ႀကိဳးစား႐ုန္းေပမယ့္ သူ႔လက္ေကာက္ဝတ္မ်ားကို ခ်ဳပ္ကိုင္ထားသည့္တစ္ဖက္လူရဲ့လက္က သံတိုင္မ်ားအလား သန္မာလြန္းလွသည္။ ဒီလက္ပိုင္ရွင္က ေသခ်ာသေလာက္ သူ႔ထက္ငယ္ပုံေပၚလွတာကို ဘာလို႔ သူ႔ခြန္အားက ေၾကာက္ဖို႔ေကာင္းေနရတာလဲ။ သူ႐ုန္းေလေလ ပိုနာေလေလျဖစ္လာၿပီး ထိုနာက်င္မွုက သူ႔ကို ထေအာ္ေစေတာ့သည္။

တစ္ဖက္လူကေတာ့ ဘာအသံမွမၾကားရသလို သူ႔ကို ရထားတြဲအဆုံးထိ ဆြဲေခၚသြားၿပီး အိမ္သာတံခါးကို ကန္ဖြင့္ထို႔ သူ႔ကို အထဲသို႔ ခပ္ၾကမ္းၾကမ္းတြန္းထည့္လိုက္သည္။

ဆိုးဆိုးရြားရြားအနံ႔မ်ားက သူ႔ႏွာေခါင္းထဲ ေျပးတိုးဝင္ေရာက္လာၿပီး သူ အန္ခ်မိမလိုျဖစ္သြားေတာ့သည္။ ပိုင္ရွင္းယြီတစ္ေယာက္ အိမ္သာနံရံကို ေျပးမနမ္းမိေအာင္ ဟန္ခ်က္ထိန္းေနတုန္း သူ႔အေနာက္ရွိ အိမ္သာတံခါးက ဝုန္းကနဲျပန္ပိတ္သြားခဲ့သည္။ သူျပန္လွည့္လို႔ တံခါးကိုဆြဲဖြင့္ၾကည့္ရာ တံခါးလက္ကိုင္ကို တံျမက္စည္းထိုးထည့္၍ ပိတ္ထားမွန္း ေတြ႕လိုက္ရေတာ့သည္။

တံခါးအျပင္ဘက္မွ ရႊင္ရႊင္ျမဴးျမဴးအသံေလး ထြက္ေပၚလာသည္။ "အဲ့မွာ ေအာက္ဆီဂ်င္ေတြအမ်ားႀကီးပဲ။ အခ်ိန္ယူၿပီးရွူလိုက္။"

ရထားတြဲတစ္တြဲလုံး ရယ္သံမ်ားျဖင့္ ဖုံးလႊမ္းသြားသည္။

ဘယ္လိုလုပ္ၿပီး ပိုင္ရွင္းယြီတစ္ေယာက္ ဒီလိုမ်ိဳး ဆက္ဆံခံဖူးမွာတဲ့လဲ။ သူ႔မွာ ေဒါသထြက္လြန္းတာမို႔ ငိုယိုလ်က္ တံခါးကို တဗုန္းဗုန္းထုရင္း ေအာ္ေျပာေတာ့သည္။ "ေသာက္က်ိဳးနည္းေကာင္! မင္း ငါ့ကိုေပးထြက္!"

သူ အျပင္ဘက္ရွိ ဝမ္ရႊန႔္ေဝးအသံက တျဖည္းျဖည္းနီးကပ္လာတာကို ၾကားလိုက္ရသည္။ "အိုက္ယား၊ ျပႆနာမရွာစမ္းနဲ႔။ ေရွာင္ယြီ၊ မင္းလည္း ဆိုးသြမ္းေနတဲ့ေကာင္ေလးမဟုတ္ဘူး။ သူ႔ကို ျမန္ျမန္ျပန္ထုတ္ေပးလိုက္။"

ထိုအခ်ိန္မွာပဲ ရႊီေခ်ာင္ရဲ့ခပ္က်ယ္က်ယ္အသံက ထြက္ေပၚလာသည္။ "မထုတ္ေပးနဲ႔။ ဆက္ပိတ္ထား။ ဒီေကာင္ေလးက ပညာေပးခံရဖို႔လိုေနတာ။ မင္းတို႔ေတြ ရယ္မေနၾကနဲ႔။ သြားလည္းမၾကည့္နဲ႔။"

ရႊီေခ်ာင္ေအာ္သံအဆုံးတြင္ အျပင္ဘက္မွ ဘာအသံမွ မၾကားရေတာ့။ ပိုင္ရွင္းယြီ အခ်ိန္အေတာ္ၾကာတဲ့အထိ တံခါးကိုထုရိုက္ရင္း ဆဲဆိုေနေပမယ့္ ဘယ္သူ႔ကမွ သူ႔ကို ဂ႐ုစိုက္လာျခင္းမရွိ။ သူ႔ကို ေလွာင္ေျပာင္သြားတဲ့ ေကာင္ေလးျဖစ္သူမ်က္ႏွာကို ျပန္ေတြးလိုက္မိ႐ုံႏွင့္ သခင္ေလးပိုင္မွာ ေသေအာင္ကုန္းကိုက္ပစ္ခ်င္စိတ္မ်ား ေပၚလာေတာ့သည္။

အနံ႔ဆိုးမ်ား တေထာင္းေထာင္းထေနသည့္အိမ္သာထဲ တစ္နာရီမၽွ ပိတ္ေလွာင္ထားခံရၿပီးေနာက္ သူ႔ကို တစ္စုံတစ္ေယာက္က ျပန္လာထုတ္ေပးသည္။

ပိုင္ရွင္းယြီ ဒီတစ္ခါမွာေတာ့ လုံးဝက်ိဳးႏြံေနသည္။ သူ႔ထိုင္ခုံမွာ ထိုင္ၿပီးသြားေနာက္တြင္လည္း စကားတစ္ခြန္းေတာင္မေျပာဘဲ စိတ္ထဲ၌သာ သူ႔ကို အိမ္သာထဲထည့္ပိတ္သြားတဲ့အ႐ူးေကာင္ကို ဆဲဆိုေနလိုက္သည္။

ခ်န္းလ်န႔္က သူ႔ကို စိုးရိမ္တႀကီးတြန္းထိုးလို႔ေမးလာသည္။ "ေဟး.. မင္း အဆင္ေျပတယ္မလား။"

ပိုင္ရွင္းယြီ ေခါင္းခါျပလိုက္သည္။ သူ ဘယ္သူ႔မ်က္ႏွာကိုမွ မၾကည့္ခ်င္ေန။ သူ႔စိတ္ထဲ ရထားတစ္တြဲလုံးက သူ႔ကို ေလွာင္ေနသလိုခံစားေနရသည္။

ခ်န္းလ်န္ ဆက္ေျပာလာသည္။ "မင္း ဘာလို႔ သူ႔ကိုမွ သြားရွုပ္ရတာလဲ။"

ပိုင္ရွင္းယြီ အခုနေလးကတင္ ငိုထားတာမို႔ သူ႔အသံက ကြဲအက္အက္ျဖစ္ေနဆဲ။ သူ စကားေျပာလာခ်ိန္ ႏွာသံမ်ားျဖစ္ေနျခင္းက အေတာ္ေလးမတရားခံထားရပုံ ေပၚေနေစေတာ့သည္။ "သူက ဘာျဖစ္လို႔လဲ။"

"ၾကားတာေတာ့ သူ႔ေနာက္ခံမိသားစုက ေတာ္ေတာ္ေတာင့္တယ္ဆိုပဲ။ သူကိုယ္တိုင္ကလည္း စစ္တကၠသိုလ္တက္ခြင့္ရထားတာကို ငါတို႔နဲ႔အတူ ခြန္းလြန္းေတာင္ေပၚမွာ လိုက္ေလ့က်င့္မလို႔တဲ့။ မင္းေျပာၾကည့္ေလ၊ သူ ဘာေတြးထားလဲဆိုတာ။"

ပိုင္ရွင္းယြီ အံႀကိတ္ရင္း ေျပာလိုက္သည္။ "ေခါင္းမေကာင္းလို႔ေနမယ္။" 'မဟုတ္ရင္ အခုနကလို လူမဆန္တဲ့ကိစၥမ်ိဳး ဘယ္ေကာင္ကလုပ္မွာလဲ။'

ေနာက္ေန႔မွာေတာ့ သူတို႔ ရထားေပၚမွ ဆင္းခြင့္ရသြားၿပီး စစ္ထရပ္ကားႀကီးေပၚသို႔ ေျပာင္းတင္ခံလိုက္ရေတာ့သည္။ အခုဆိုလၽွင္ သူတို႔တေတြ ခြန္းလြန္းေတာင္ေပၚသို႔ေရာက္ေနၿပီျဖစ္သည္။ ေႏြရာသီပဲရွိေသးတယ္ဆိုေပမယ့္ အပူခ်ိန္က ခပ္နိမ့္နိမ့္ႏွင့္ ရာသီဥတုက ေျခာက္ေသြ႕ေသြ႕နိုင္လွသည္။ ပိုင္ရွင္းယြီ အသက္တစ္ခ်က္ရွူဖို႔ေတာင္ မနည္းအားထုတ္ေနရသည္။ ေလထုပါးလႊာျခင္းေၾကာင့္ျဖစ္လာသည့္ အသက္ရွူရခက္မွုက မေန႔ကေလာက္ မဆိုးေပမယ့္ ပိုသက္သာလာျခင္းေတာ့ မဟုတ္။ သို႔ေပမယ့္ ကားေပၚရွိ သူ႔ထက္သန္မာပုံေပၚလွသည့္ေယာက္်ားသားႀကီးမ်ားက ဝမ္းေလ်ာပ်ိဳ႕အန္ေနတာကိုၾကည့္ရင္း သူ႔ကိုယ္သူ ကံေကာင္းသလိုခံစားလိုက္ရသည္။

ရွစ္နာရီၾကာေအာင္ ကားထပ္စီးၿပီးေနာက္မွာေတာ့ ပိုင္ရွင္းယြီမွာ သားသတ္႐ုံကို အပိုခံလိုက္ရတဲ့ အသတ္ခံရေတာ့မယ့္တိရိစၧာန္တစ္ေကာင္လို ခံစားေနရသည္။ သို႔ေပမယ့္ ဒီ'သတၱဝါ'ဆိုသူကေတာ့ လမ္းမွာတင္ တစ္ဝက္ေသေနၿပီးျဖစ္သည္။

စခန္းက လူေျခအိမ္ယာမ်ားႏွင့္ ေဝးရာမွာ တည္ရွိၿပီး ဖုန္းလိုင္းလည္း မရ။ သူ႔အေနာက္မွာေတာ့ ရွင္းလင္းေနေသာေတာင္တန္းမ်ားႏွင့္ သူ႔အေရွ႕မွာေတာ့ အဆုံးမရွိသည့္ေတာအုပ္တစ္ခုရွိေနသည္။ လာခဲ့တဲ့လမ္းတစ္ေလၽွာက္ကလည္း ခ်ိစ္ေပၚရွိအခြက္မ်ားအတိုင္းျဖစ္ေနသည္။ ပိုင္ရွင္းယြီရဲ့ေျခေထာက္က တတုန္တုန္ႏွင့္ ဒီလိုျမင္ကြင္းမ်ိဳး ျမင္ေနရခ်ိန္ ငိုသင့္ေနေပမယ့္ သူ႔မ်က္ရည္မ်ားေတာင္ မရွိေတာ့တာကို ေတြ႕လိုက္ရေလသည္။

နည္းျပဆရာက ရွည္လ်ားလွတဲ့ခရီးလမ္းတစ္ေလၽွာက္ ေျပာစရာရွိသည္မ်ားကို အကုန္ေျပာထားခဲ့ၿပီးျဖစ္သည္။ တပ္သားသစ္မ်ား ပင္ပန္းေနၿပီဆိုတာလည္း သူေတြ႕ျမင္ေနရတာမို႔ အေဆာင္ခြဲေဝေပးၿပီးတာႏွင့္ နားခိုင္းလိုက္ေတာ့သည္။

ပိုင္ရွင္းယြီ သူ႔ခရီးေဆာင္အိတ္ကို ကိုင္ဆြဲလ်က္ အေဆာင္ရွိရာသို႔ တရြတ္တိုက္သြားလိုက္သည္။ သူ ေျခလွမ္းအနည္းငယ္မၽွ ေစာၿပီးေတာ့ပဲျဖစ္ျဖစ္ အိပ္ရာဆီသြားလို႔ ေကာင္းေကာင္းအိပ္ခ်လိုက္ခ်င္သည္။ သို႔ေပမယ့္ သူ တကယ္ပင္ပန္းလြန္းေနသည့္အျပင္ တစ္ကိုယ္လုံးလည္း ကိုက္ခဲေနသည္။ ထို႔အျပင္ လက္ထဲရွိခရီးေဆာင္အိတ္ကလည္း အရမ္းေလးလွသည္။ သခင္ေလးပိုင္မွာ ငယ္စဥ္ဘဝကတည္းက အလုပ္တစ္ခုမွ လုပ္ခဲ့ဖူးတာ မဟုတ္။ သူ ၾကမ္းျပင္လဲဖို႔တံျမက္စည္းေတာင္ ကိုင္ခဲ့ဖူးတာမဟုတ္တာမို႔ ဒီလိုခရီးေဆာင္အိတ္အေလးႀကီးကို ဘယ္လိုမ်ားသယ္နိုင္မွာတဲ့လဲ။

အေဆာင္တံခါးဝနား ေရာက္လာၿပီး အထဲဝင္မလို႔လုပ္ေနတုန္းမွာပဲ သူ႔ပခုံးမွာ ခပ္ၾကမ္းၾကမ္းဝင္တိုက္ခံလိုက္ရၿပီး သူ႔မ်က္ႏွာေတာင္ အေဆာင္နံရံႏွင့္ ေျပးေဆာင့္မိေတာ့မလိုပင္။

သူ႔လို မ်ားမ်ားစားစားမေတြးသူေတာင္ ဒီတြန္းတိုက္မွုက ရည္ရြယ္ခ်က္ရွိရွိလုပ္မွန္း သိေနသည္။ သူ ေဒါသတႀကီးလွည့္ၾကည့္လိုက္ရာ သူ႔ကို ေနာက္ေျပာင္မွု၊ ရြံရွာမွုမ်ားျဖင့္ ၾကည့္ေနသည့္မ်က္ဝန္းတစ္စုံကို ေတြ႕လိုက္ရသည္။ ထိုမ်က္ဝန္းမ်ားက ရွည္လ်ားက်ဥ္းေျမာင္းလို႔ အေရာင္ေတာက္ေနၿပီး အမ်ိဳးအမည္ေဖာ္မရသည့္အလင္းတန္းေလး လင္းလက္လို႔ေန၏။ သို႔ေပမယ့္ ထို႔လူမ်က္ႏွာကေတာ့ ေခြးမ်က္ႏွာႏွင့္ ေကာက္က်စ္လြန္းလွသည္။ ဒီလူက သူ႔ကို ေန႔တစ္ဝက္ေလာက္ အဆာငတ္ခံေစၿပီး အိမ္သာထဲ ထည့္ပိတ္ထားခဲ့သူပင္။

ပိုင္ရွင္းယြီ ထိုသူ႔ကို မုန္းလြန္းတာမို႔ ျမင္တာႏွင့္ ကုန္းကိုက္ခ်င္မိသည္အထိ။ သိုေပမယ့္ သူ တစ္ဖက္သူကိုလည္း အနည္းငယ္ေတာ့ ေၾကာက္လွသည္။ သူဆိုသည္မွာ ငယ္ငယ္ေလးကတည္းက သတၱိရွိလွတာ မဟုတ္။ ေပ်ာ့ေပ်ာ့ႏြဲ႕ႏြဲ႕ေလးမ်ားကို အနိုင္က်င့္လို႔ မာမာထန္ထန္ေတြဆို ေၾကာက္ရြံ႕တတ္သူျဖစ္တာမို႔ ဒီလိုအားေကာင္းေမာင္းသန္လူတစ္ေယာက္ႏွင့္ေတြ႕ခ်ိန္ လွုပ္ေတာင္မလွုပ္ရဲ။

တစ္ဖက္သူက ႏွာေခါင္းရွုံ႔လ်က္ေျပာလာသည္။ "အေျခာက္ေကာင္"

ပိုင္ရွင္းယြီ သူ႔ကို မုန္းတီးမွုအျပည့္ႏွင့္ စိုက္ၾကည့္လိုက္ေပမယ့္ ဘာမွေတာ့ ျပန္မေျပာရဲ။ သူ႔ကို အနိုင္က်င့္မယ့္သူက ေစာေစာေပၚထြက္လာၿပီး သူ႔ကိုလည္း ပစ္မွတ္ထားေနၿပီဟုေတြးမိခ်ိန္ သူ ဘာမ်ားလုပ္သင့္ပါသလဲ။ အဆိုးဆုံးကေတာ့ တစ္ဖက္လူက သူ႔ကို ေကြ႕ေရွာင္လို႔ သူေနရမည့္အေဆာင္ခန္းထဲ ဝင္သြားျခင္းပင္။ ပိုင္ရွင္းယြီမွာ အျမင္အာ႐ုံမ်ားပင္ မဲေမွာင္လို႔ ၾကမ္းျပင္ေပၚ ထိုင္ခ်မိေတာ့မတတ္။ သူ ေတာ္ေတာ္ကံဆိုးေနတာပဲ။ တကယ္ႀကီး ဒီလိုၿဂိဳဟ္ဆိုးေကာင္ႏွင့္ တစ္ခန္းထဲ အတူေနရေတာ့မည္။ ဒါ သူ႔ေသတြင္းသူတူးေနတာပဲမဟုတ္လား!

ပိုင္ရွင္းယြီ တံခါးေရွ႕တြင္ ေမၽွာ္လင့္ခ်က္မဲ့စြာ အခ်ိန္အေတာ္ၾကာမတ္တပ္ရပ္ေနၿပီးမွ သူ႔ကံၾကမၼာကို လက္ခံလိုက္သလို အထဲသို႔ဝင္သြားလိုက္ေတာ့သည္။ သူ႔စိတ္ထဲ နည္းျပဆရာကို သြားရွာၿပီး အေဆာင္လဲခိုင္းရင္ ေကာင္းမလားဟုေတာင္ ေတြးေနလိုက္ေသးသည္။

သူ ဝင္လာတာကိုျမင္သည္ႏွင့္ တစ္ဖက္သူကေတာ့ သြားျဖဴျဖဴမ်ားေပၚလာသည္အထိ ျပဳံးျပေနေလသည္။

ပိုင္ရွင္းယြီမွာ ေၾကာက္ရြံမွုမ်ားျဖင့္တုန္တက္သြားၿပီး တစ္ဖက္သို႔ အလ်င္စလိုေခါင္းလွည့္လိုက္ေတာ့သည္။

အေဆာင္ပုံစံက သူ TV ထဲမွာ ျမင္ဖူးထားသလိုပင္ - လူအမ်ားႀကီး စုအိပ္လို႔ရသည့္ အခန္းက်ယ္တစ္ခုျဖစ္ၿပီး ကုတင္တန္းေလးတန္းရွိ၍ အလယ္တြင္ ေလၽွာက္လမ္းေလးတစ္ခုလည္းရွိသည္။ အတန္းတူကုတင္မ်ားက တစ္ကုတင္ႏွင့္တစ္ကုတင္ နီးကပ္ေနၿပီး လူ အေယာက္ ၂၀ ႏွင့္အတူ တစ္ခန္းထဲမွာ ေရာေထြးလို႔အိပ္ရမည္ဆိုသည့္အေတြးက ပိုင္ရွင္းယြီကို ေအာ့အန္ခ်င္စိတ္ပါျဖစ္လာေစသည္။

ပိုင္ရွင္းယြီလည္း ၿဂိဳဟ္ဆိုးေကာင္ သူ႔ကုတင္သူ ေရြးၿပီးၿပီဆိုတာကို ျမင္လိုက္တာႏွင့္ ထိုကုတင္ႏွင့္အေဝးဆုံးကုတင္ေပၚသို႔ ခရီးေဆာင္အိတ္ ပစ္တင္ခ်လိုက္သည္။

သူ ခရီးေဆာင္အိတ္ကို ခ်ၿပီးလို႔ တစ္ခုခုစားရန္ ဇစ္ဖြင့္ဖို႔လုပ္ခ်ိန္မွာပဲ ႐ုတ္တရက္ သူ လည္ဂုတ္မွ အဆြဲခံလိုက္ရေတာ့သည္။ ေနာက္ေျပာင္လိုသည့္အသံေလးက သူ႔ေခါင္းထက္မွ ထြက္ေပၚလာသည္။ "ဘယ္သူက မင္းကို ဒီေနရာမွာ အိပ္ခိုင္းလဲ။"

ပိုင္ရွင္းယြီ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ၿဂိဳဟ္ဆိုးေကာင္ေလးကို ေခါင္းလွည့္ၾကည့္လိုက္သည္။

ၿဂိဳဟ္ဆိုးေကာင္ကေတာ့ ကုတင္တစ္ခုကို လက္ညိဳးထိုးျပ၍ ဆက္ေျပာသည္။ "အဲ့မွာအိပ္"

ပိုင္ရွင္းယြီ တစ္ခ်က္လွမ္းၾကည့္လိုက္ရာ .. ဖာ့ခ္!အဲ့ေနရာက ၿဂိဳဟ္ဆိုးေကာင္ရဲ့ကုတင္ေဘးပဲ မဟုတ္ဘူးလား။ နားေထာင္ရခက္ေအာင္ေျပာရလၽွင္ အဲ့ၿဂိဳဟ္ဆိုးေကာင္သာ တစ္ခ်က္ေလာက္လွိမ့္လိုက္ရင္ သူ႔အေပၚသို႔ တန္းပိက်လာမွာပင္။ သူသာ အဲ့ေနရာမွာ အိပ္ရလၽွင္ သူ႔အသက္ရဲ့ဆယ္ႏွစ္ေလာက္ တိုသြားလိမ့္မည္။

သူ အလ်င္အျမန္ပင္ ေခါင္းခါျပလိုက္သည္။ "ငါ ဒီမွာအိပ္တာပဲ ... အဆင္ေျပပါတယ္။"

ထိုၿဂိဳဟ္ဆိုးေကာင္ေလးက ႏွုတ္ခမ္းတစ္ဖက္ကို တြန့္ေကြးရင္း ခပ္ညစ္ညစ္အျပဳံးတစ္ခုႏွင့္အတူ သူ႔ခရီးေဆာင္အိတ္ကို ျဗဳန္းစားေကာက္ယူသြားၿပီး သူ႔ကိုလည္း ေကာ္လံမွဆြဲ၍ ထိုအိပ္ရာေဘးသို႔ ေခၚသြားကာ ကုတင္ေပၚသို႔ ခရီးေဆာင္အိတ္ကို ပစ္ခ်လို႔ေျပာလာသည္။ "မင္း ဒီမွာအိပ္မယ္။"

ပိုင္ရွင္းယြီ ေဘးဘီကို လွည့္ၾကည့္လိုက္ေပမယ့္ လူတိုင္းက ပြဲေကာင္းတစ္ခုကို ၾကည့္ေနသလိုသာ ၾကည့္ေနၿပီး သူ႔ကို လက္ကမ္းကူေပးမယ့္သူ မရွိေန။ သူ႔မွာ သူ႔မ်က္စိေရွ႕ အေမွာင္ထုႀကီး ဖုံးအုပ္ေနသလိုခံစားခ်က္ႏွင့္ ငိုဖို႔အတြက္လည္း မ်က္ရည္မက်န္ေန။

ထိုၿဂိဳဟ္ဆိုးေကာင္ေလး သူ႔ကိုလႊတ္ေပးလိုက္တာႏွင့္ ပိုင္ရွင္းယြီ အခန္းအတြင္းမွ ပစ္လဲက်မတတ္ ေျပးထြက္ခဲ့ေတာ့သည္။

KittyKitling

_____///_____

Continue Reading

You'll Also Like

624K 81.3K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
23.8K 4.9K 121
multiple personality disorder واتە نەخۆشی چەند کەسایەتی کە باس لە کارەکتەری سەرەکی ئەکا ئەم نەخۆشیەی هەیە بەدەستیەوە ئەناڵێنێ قوتابی زانکۆیە و کە...
483K 88.3K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...