အပိုင်း၁၆ ။ ​ကျန်းယွီ​မော့ဘဝ

Почніть із самого початку
                                    

ကျန့်​ချန်​ဖုန်း ကမျက်​၀န်း​တွေကို ​မှေးစင်းလိုက်​တယ်
"သူတို့သာ​မေ့​ဆေးမသုံးရင်​မင်းကတကယ်​လုယူမယ်​​ပေါ့ ..."

ရှန့်​ခယ်​စကား​ပြောတာရပ်​တန့်​သွားတယ်​ သူအံ့သြမိတယ်​..သူက ကျန့်​ချန်​ဖုန်းမျက်​စိထဲမှာ တကယ်​ကြီးကိုယ့်​ကိုကိုယ်​နာကျင်​​အောင်​လုပ်​တတ်​တဲ့သူမျိုးဖြစ်​​နေခဲ့တာလား..ထားပါ​တော့..တခြားသူအမြင်​မှာ​တော့ သူက တကယ်​ ကိုယ့်​ကိုကိုယ်​နာကျင်​​အောင်​လုပ်​ရတာ
သ​ဘောကျတဲ့ပုံနဲ့တူ​လောက်​တယ်​...

ဒီအချိန်​မှာပဲ ​တစ်​ဖက်​က​နေတံခါး​ခေါက်​သံ​တွေထွက်​လာတယ်​..ကျန်းတုန်းလင်​က အပြင်​က​နေ သတိ​ပေးလိုက်​တယ်
"ယွီ​မော့..ခွဲစိတ်​ဖို့စ​တော့မယ်​​နော်​"

"အင်း...ပြီး​တော့မယ်​" ရှန့်​ခယ်​အပြင်​ကိုလှမ်း​အော်​ပြီး ကျန့်​ချန်​ဖုန်းကိုသတိ​ပေးလိုက်​တယ်
"ကျန့်​ချန်​ဖုန်း..ကျွန်​​တော့်​ကိုကတိ​ပေးပါ တကယ်​လို့
ခွဲစိတ်​မှုသာမ​အောင်​မြင်​ခဲ့ရင်​ ကျွန်​​တော့်နှလုံးကို ကျန့်​ရှင်းဆီအစားထိုးလိုက်ပါ..သူ့အ​ခြေအ​နေက ပိုဆိုး​နေတယ်​ဆိုတာခင်​ဗျားသိပါတယ်​"

"မင်းသူ့အ​ကြောင်းခဏ​လေး​တောင်​​မေ့ထားလို့်​မရဘူးလား"
ကျန့်​ချန်​ဖုန်း​ဒေါသတကြီး​ပြောလိုက်​တယ်
"မင်းကိုယ့်​အ​ပေါ်​မ​ပြောင်းလဲဘူးဆိုတာမဟုတ်​​တော့တာခံစားမိတယ်​..ကိုယ်​တို့နှစ်​​ယောက်​လုံးက ​ယောက်ျား​လေးဖြစ်​​နေလို့များမင်းကိုယ့်​ကိုလက်​မခံနိုင်​တာလား..ကျန်းယွီ​မော့..မင်းခွဲစိတ်​တာပြီးသွားရင်​ ကိုယ်​တို့လက်​တွဲကြရ​အောင်​"

ရှန့်​ခယ်​​သူ့ကို​ငေးကြည့်​​နေမိတယ်​..အကြည့်​​တွေရဲ့​အောက်​မှာစကားလုံး​ထောင်​နဲ့ချီသိုဝှက်​ထားတဲ့ပုံပဲ..​နောက်​ဆုံး​တော့သူခပ်​တိုးတိုး​ရေရွတ်​လိုက်​တယ်
"ခွဲစိ​တ်​တာပြီးသွား​ရင်​အဲအ​ကြောင်း​ပြောကြတာ​ပေါ့.."

ကျန့်​ချန်​ဖုန်းနှလုံးသား ရုတ်​တရက်​ ထခုန်​သွားတယ်
သူတိုက်​ရိုက်​ကြီးမငြင်းဘူး..တကယ်​ကြီးတိုက်​ရိုက်​မငြင်းလိုက်​ဘူး!

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now