အပိုင်း ၆၁ ။ ဖီ(လ်)မောဘဝ

6.1K 1.1K 35
                                    

[Zawgyi]

ရွိုင်းက ရှန့်ခယ်ရှေ့တွင်လာရပ်ရင်း ခမ်းနားကြီးကျယ်ပြီး ရှိန်ဖို့ကောင်းသော အရှိန်အဝါက သူ့ဆီတည့်တည့် လာထိမှန်လေသည်။ သူက  ရှန့်ခယ်ကို ခိုင်မာစွာပိတ်လှောင်ထားသည်။

ရှန့်ခယ် ခြေတစ်လှမ်း နောက်ဘက်ကိုယိုင်ကျသွားပြီး သူ့ကျောက သံကုတင်ကိုမှီသွားပြီး ချမ်းစိမ့်စိမ့်ခံစားလိုက်ရသည်။ သူ တိတ်ဆိတ်မှုကိုဖြိုခွဲရန် စကားပြောတော့မည့်ဆဲဆဲမှာပင် သူ့အမူအရာရုတ်တရက်ပြောင်းလဲသွားပြီး ပြင်းထန်လှသော ရနံ့တစ်မျိုးက သူ့အကာအကွယ်များကိုချိုးဖောက်ကာ ကိုယ်ထဲဝင်ရောက်လာသည်။

ရွိုင်းက ခြေထောက်တစ်ဖက်ကို ရှန့်ခယ်ရဲ့ခြေထောက် ကြားထဲဆန့်လိုက်ပြီး ဖြည်းဖြည်းချင်းရှေ့ကို ကိုင်းလာကာ ရှန့်ခယ်ကိုရင်ခွင်ထဲ  ဆောင့်ဆွဲပြီး တစ်ဖက်သူ၏ကိုယ်ကို တင်းကြပ်နီးကပ်စွာ ဆွဲထားလိုက်သည်။နှစ်ယောက်သားမှာ နီးကပ်စွာတစ်သားတည်းဖြစ်နေပြီး သူတို့ ခန္ဓာကိုယ်တစ်လျှောက် ပူနွေးသော သွေးများစီးဆင်းနေကာ သွေးကြောများက ပြင်းထန်စည်းချက်မှန်စွာ ခုန်နေသည်။

ရှန့်ခယ်က ရွိုင်းရှေ့တိုးမလာနိုင်အောင် ခုခံဖို့လက်ကိုမြှောက်ခဲ့သော်ငြား ပြန်အတွန်းမခံချင်ပေ။ ရွိုင်းက ခိုင်​မာစွာရပ်​​နေပြီးသူ့ခါး​ပေါ်လက်​​တွေ တင်​လာသည်​။ပြင်းထန်​လှ​သော ​ဟော်​မုန်းအနံ့က အကန့်​အသတ်​မဲ့ ရှန့်​ခယ်​ကိုယ်​ထဲ ဖြတ်​​ပြေးလာသည်​။

ရှန့်​ခယ်​​ဟောက်​လိုက်​ပြီး မျက်​ဝန်းများက မီး​တောက်​များ​တောက်​​နေကာ ထိုအမျိုးသားကို မိုက်​ကြည့်​ကြည့်​လိုက်​သည်​။ ရွိုင်းက သူ့ကို ​လေ့ကျင့်​​ရေးစခန်းတွင်​ ကိုယ်​ထိလက်​​ရောက်​ကျူးလွန်​ရဲသည်​ဟု မယုံကြည်​​ပေ။

သို့​ပေမဲ့ ရှန့်​ခယ်​မှာ alphaတစ်​​ယောက်​၏ ကြမ်းတမ်းမှု ၊ အကျိုးအ​ကြောင်းမရှိမှု၊ အထူးအခွင့်​​ရေးကို​လျှော့တွက်​မိခဲ့သည်​။ဒါက သူတို့ထိပ်​ဆုံး​ပေါ်တွင်​ရှိ​သော တစ်​လမ်းသွား လူတန်းစားခွဲခြားသည့်​စနစ်​ပင်​။ ပြီး​တော့ အင်​ပါယာသမိုင်းတစ်​​လျှောက်​ alphaတစ်​​ယောက်​၏ ဖိအား​ပေးခံရ​သော alphaသည့်​ မှတ်​တမ်းတစ်​ခါမှ မရှိခဲ့​ပေ။ ရွိုင်း တကယ်​တစ်​ခုခုလုပ်​သွားရင်​​တောင်​ ဘယ်​သူကမှသူ့ကို မယုံ​လောက်​​ပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now