အပိုင္း ၁၀၇ ။ Unos ဘဝ

3K 322 18
                                    

Translator - nightmirror010

[Unicode]

Yi အင်ပါယာရဲ့မြိုတော်ရော တိုက်ကြီးထဲကကြွယ်ဝချမ်းသာတဲ့မြို့တော်တွေထဲကတစ်ခုရောဖြစ်တဲ့ cannes မြို့ဟာ များစွာသောနတ်ဘုရားတွေနဲ့ သူတို့ရဲ့ကိုးကွယ်သူတွေရဲ့အိမ်တစ်ခုဖြစ်သည်။ ဒါပင်မဲ့မြို့ကိုဝင်ရောက်နေထိုင်ချင်တဲ့သူတွေဟာ စစ်နတ်ဘုရားနဲ့ yi အင်ပါယာဘုရင်ရဲ့ခွင်ပြုချက်ကိုရရှိဖို့လိုအပ်တယ်။ တခြားခွင့်ပြုချက်မရှိတဲ့သူတွေဟာသူတို့ကိုသူတို့အမြဲတမ်းဖုံးကွယ်ပြီးနေထိုင်နေကြရတယ်။ ဒါပင်မဲ့လည်းတကယ်တမ်းမှာတော့နတ်ဘုရားရဲ့ကောင်းချီးရထားတဲ့သူဖြစ်စေ မရတဲ့သူဖြစ်စေ စစ်နတ်ဘုရားရဲ့ပိုင်နက်အတွင်းကိုဝင်ရောက်လိုက်တာနဲ့သူ့ရဲ့အာရုံကနေလွတ်မြောက်ဖို့မဖြစ်နိုင်ဘူး။

စစ်နတ်ဘုရားဟာရံဖန်ရံခါမှသူရဲ့ကလေးတွေရဲ့လုံခြုံမှုတွေကိုခြိမ်းခြောက်လာနိုင်တဲ့နိုင်ငံခြားသားနတ်ဘုရားတွေကိုလက်ဦးမှုရယူကာနှင်ထုတ်လေ့ရှိတယ်။ သူ့ရဲ့သြဇာအောက်ကနတ်ဘုရားအများစုဟာ ဘာရူးမိုက်တဲ့လုပ်ရပ်ကိုမှ မလုပ်ရဲကြဘူး။

cannesမြို့တော်ဟာနတ်ဘုရားတွေနဲ့ပြည့်နှက်နေပင်မဲ့လည်းတက်တက်ကြွကြွဖော်ပြနေကြတဲ့နတ်ဘုရားကတော့အနည်းငယ်သာရှိတယ်။ ထို့ပြင်ရှန့်ခယ်လိုမျိုးသူကိုကိုးကွယ်တဲ့သူတွေသက်သာချောင်ချီရေးအတွက်အမြဲတမ်းရှာဖွေနေတဲ့ နတ်ဘုရားမျိုးဟာမရှိသလောက်ရှားတယ်လေ။ နတ်ဘုရားတွေဟာ လုံလောက်တဲ့ကမ်းလှမ်းချက်နဲ့ ရိုးသားတဲ့ကိုးကွယ်သူတွေလက်ခံရရှိတဲ့အခါမှသာသူတို့ရဲ့ကောင်းချီးတွေကိုပေးကမ်းတာဖြစ်တယ်။ နတ်ဘုကားအများစုဟာ သူတို့ကိုယုံကြည်ကိုးကွယ်သူတွေနဲ့စိတ်ခံစားချက်ခြင်းဆက်နွယ်မှုတွေမရှိကြပေ။သူတို့ရဲ့ဆက်ဆံရေးကငွေပေးငွေယူစီးပွားရေးနဲ့သာပိုတူတယ်။ အထူးသဖြင့် သူတို့ရဲ့စွမ်းအားတွေကိုသူတို့ရဲ့ယုံကြည်သူတွေမှာမဖြုန်းတီးချင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေကသူတို့ကိုကိုးကွယ်သူတွေဝတ်ပြုမှုရဲ့ဆယ်ပုံတစ်ပုံကိုတုံ့ပြန်တာတောင်မှပဲ တော်တော်ကောင်းနေပြီဖြစ်သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now