အပိုင်း ၆၅ ။ ဖီ(လ်)မောဘဝ

7.2K 1.1K 132
                                    

[အောက်ဆုံးက T/Nကိုဖတ်ပေးပါ🤗]

ဒါက Jas စိတ်ကူးယဉ်ထားတဲ့ရွိုင်းနဲ့ဖီလ်မော😍❤Both Alphas / Strong couple

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါက Jas စိတ်ကူးယဉ်ထားတဲ့ရွိုင်းနဲ့ဖီလ်မော😍❤
Both Alphas / Strong couple

နောက်တစ်နေ့မနက် ရွိုင်း၏ ခန္ဓာကိုယ်အပူချိန်က မြင့်မားလွန်းကာ အသိစိတ်ကလည်း ဝေဝါးနေသည်။ ကြေးညိုအရိုးငါးထံမှ အဆိပ်မှာ အရှိန်ထလာပြီး သူ့ခန္ဓာကိုယ်တည်ဆောက်မှုအရ အသက်အန္တရာယ်ခြိမ်းခြောက်မှုထိမဖြစ်နိုင်သော်ငြား ပြန်လည်သက်သာရန်မှာ ကြာရှည်လှတော့မည်။

ရှန့်ခယ် သစ်ပင်ကနေဆင်းလာပြီး သူ့အင်္ကျီကိုချွတ်ကာ သန့်ရှင်းအောင်လုပ်ပြီးနောက် သစ်ပင်ပေါ်ပြန်တက်၍ ရွိုင်းခန္ဓာကိုယ်အား ဆေးကြောပေးလိုက်သည်။ သူတို့ အခုလက်ရှိအခြေအနေအရ သူတို့ပြန်ဖို့က အန္တရာယ်ကြီးလှဦးမည်။ သူတို့ရှိနေသည့်နေရာတွင်ပင် တည်ရှိကာ အကူအညီကိုစောင့်တာက အကောင်းဆုံးဖြစ်နိုင်၏။ သူတို့က အင်းဆက်များ၏ နယ်မြေအတွင်းသာ တည်ရှိနေတုန်းဖြစ်ကာ အကာအကွယ်စည်းမျဉ်း၏အပြင်ဘက်တွင်ဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ရှာတွေ့ခံရနိုင်ကာ ယခုလက်ရှိတွင် ပုန်းကွယ်နေရန် ထင်းရှူးပင်ကိုသာ မှီခိုနေရ၏။


ရှန့်ခယ် သူ့ခန္ဓာကိုယ်ကိုစမ်းကြည့်တော့ အချက်ပြမှန်ကိုရှုတွေ့ခဲ့သည်။ စခန်းဆီ တိုက်ရိုက်အချက်ပြချက်ပို့ပေးလို့ မရသော်ငြား နေစွမ်းအင်ကိုစုပ်ယူနိုင်ကာ အနီရောင်အလင်းတန်းများ ရောင်ပြန်ဟပ်နိုင်သည်။ တပ်ဖွဲ့တစ်ဖွဲ့ဖြတ်သွားသရွေ့ သူတို့ကိုရှာတွေ့နိုင်မည်ဖြစ်၏။ သို့သော်ငြား ညဘက်အလင်းရောင်၌ တောက်ပနေခြင်းမျိုးက အင်မတန်သိသာလှ၍ အင်းဆက်များ၏ အာရုံကို အလွယ်တကူဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် ရှန့်ခယ် မသုံးရသေးပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now