အပိုင်း ၈၆ ။ ယွဲ့ကျယ်ဘဝ

4.8K 928 64
                                    

[Zawgyi]

နောက်တစ်နေ့ လုရှုဖန် ရှန့်ခယ်အား မြို့တော်ဆေးရုံဆီခေါ်လာခဲ့သည်။ သူက ဆရာဝန်အား နှစ်ယောက်စလုံးအပေါ် ခန္ဓာကိုယ်တစ်ခုလုံးစစ်ဆေးခိုင်းလိုက်သည်။

လုရှုဖန်မှာ မကြာခဏ အားကစားလေ့ကျင့်၍ ကိုယ်ခန္ဓာတောင့်တင်းကာ သာမန်လူများထက် အများကြီးအားကြီးလှသည်။ ရှန့်ခယ်ကျန်းမာရေးအခြေအနေမှာလည်း သာမန်လူများထက်ပိုမြင့်မား၏။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဗိုင်းရပ်စ်အတွက် ကုသမှု လုပ်ခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာသက်တမ်းမှာ နှစ်၁ရာကျော်လျော့ကျသွားခဲ့သည်။ ဤကမ္ဘာတွင်သာမန်လူများ၏ စိတ်ပိုင်းဆိုင်ရာ သက်တမ်းမှာ ၂၁၅နှစ်ဝန်းကျင်ဖြစ်သည်။ ပုံမှန်လူတစ်ယောက်၏ ဦးနှောက်​ဆဲလ်များမှာ အင်မတန် အားကောင်းသော ဆင့်ကဲပွားထွက်သည့် စွမ်းရည်များပိုင်ဆိုင်ထားသည်။ သို့သော် ထိန်းသိမ်းသူတစ်ယောက်မှာ အသက်၂၅နှစ်ရောက်သည်နှင့် သူတို့ ဦးနှောက်ဆဲလ်များမှာ တဖြည်းဖြည်းစွမ်းရည်ဆုံးရှုံးလာကာ အားနည်းသွားတော့သည်။

လုရှုဖန် ရှန့်ခယ်၏ ကျန်းမာရေးစစ်ဆေးချက်ကိုဖတ်ပြီးနောက် မျက်နှာထားမှာ သိသိသာသာ ​ညိုနေခဲ့သည်။

"လူကြီးမင်း၊ အခန်းနံပါတ်၃၀၁ဗွီမှာ တခြားဘယ်သူမှ မရှိပါဘူး"
ကိုယ်ရံတော်တစ်ယောက်က သတင်းတင်ပြလိုက်သည်။

"အင်း" လုရှုဖန်က အမိန့်ပေးလိုက်သည်။
"ရှန့်ကျယ်ကိုခေါ်သွားလိုက်၊ တခြား​ဘာမှမရှိရင် ချက်ချင်းပြန်တော့"

ကိုယ်ရံတော်လိုက်ပို့ပေးသည်နှင့်အတူ ရှန့်ခယ်မှာ ယွဲ့ချန်၏လူနာခန်းထဲ ဝင်သွားလိုက်သည်။ ဒေါက်တာ၏တင်ပြမှုအရ ယွဲ့ချန်တွင် ပြင်းထန်လှသည့် ဦးနှောက်သွေးယိုသည့်ရောဂါ ရနေသည်။ များသောအားဖြင့်တော့ လေသင်တုန်းဖြတ်ခြင်းပင်။ ယခုလက်ရှိ ဆေးနည်းပညာနှင့်ဆိုလျှင် ကုသရသည်က မခဲယဉ်းသော်ငြား လူနာမှာ အကောင်းပတိပြန်ဖြစ်ရန် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ဆဲပင်။ သူတို့ ပြန်လည်ကုသနေတုန်း ခန္ဓာကိုယ်က တစ်ပိုင်းသေအဆင့်ဖြစ်လိမ့်မည်။ သူတို့စကားလုံးများမှာ ဗလုံးဗထွေးဖြစ်ပြီး လူနာမှာ မူးမေ့လဲကာ အန်တာမျိုးဖြစ်လိမ့်မည်။ သူတို့က အလွန်အမင်းစိတ်လှုပ်ရှား၍လည်းမရပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now