အပိုင်း ၆၂ ။ ဖီ(လ်)မောဘဝ

6.5K 1.1K 71
                                    

T/N - ဆဲရေးသည့်စကားလုံးများ ပါဝင်ပါသည်။

[Zawgyi]

ရှန့်ခယ် အားလပ်ရက်ကို သူ့အမေဆီသွားရန် အသုံးချဖို့ဖြစ်သည်။ သို့သော်ငြား သူ့အမေက သူ့အစီအစဉ်များကြားချိန် ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ သူရှိနေသည့်နေရာတွင်ပင် နေခိုင်းလေ၏။ အပြင်တွင် ယခုလက်ရှိ ရုပ်ပိုင်းဆိုင်ရာအခြေအနေက တပ်မတော်၄၆ကို ဝင်ျရာက်ရန်  အရည်အချင်းမှီမမှီ အတည်ပြုရန် သူ့ကိုစောင့်ဖမ်းနေသည့် သတင်းထောက်များရှိနေသေးသည်။

ပထမတုန်းက အခြေအနေကအဲလောက်ကြီး ကြီးရမည်မဟုတ်ပေ။။တကယ်တော့အင်ပါယာက သူတို့၏ သူရဲကောင်းများကို လေးစားကာရိုသေသမှုဖြင့်ဆက်ဆံသည်။ ရှန့်ခယ်က စစ်တပ်ထဲမဝင်နိုင်တော့ရင်တောင် သူက ကန့်ကွက်စရာမရှိသည့် ရာထူးတစ်နေရာရမည်ဖြစ်ကာ သဘောထားကြီးသော ဆက်ဆံမှုမျိုးကို သာယာနိုင်မည်ဖြစ်သည်။ ဒါက အထက်လူကြီးများ ပို၍နှစ်သက်သည့်အရာပင်။ ရှန့်ခယ်အား ကြေကွဲစရာကောင်းသော သူရဲကောင်းတစ်ယောက်အဖြစ်ပုံဖော်ကာ အားပေးတိုက်တွန်းခြင်းအနေဖြင့် ရံဖန်ရံခါပွဲထုတ်မည်။ ဒါက စစ်မြေပြင်ထဲ သူ့အသက်ကို သွားစွန့်ပစ်ခွင့်ပြုလိုက်တာထက် အများကြီးသာလေ၏။


ဆေးအစီအရင်ခံစာများမြင်ပြီးနောက် ဖီလ်မောက တိုက်ခိုက်နိုင်စွမ်းရှိသေးသည်ဟုဘယ်သူမှမယုံကြည်တော့ပေ။ အကယ်၍ သူသာ ဘာထောက်ပံ့မှုမှမရှိဘဲ သေဆုံးသွားလျှင် "သူရဲကောင်း"ဆိုသည့် ဂုဏ်ပုဒ်မှာ အစွန်းအထင်းဖြစ်ချေမည်။

နိုင်ငံအတွက် ကိုယ့်ကိုယ်ကိုစတေးရခြင်းဆိုသည်က မငြင်းနိုင်လောက်အောင် ခမ်းနားကြီးကျယ်ပေမဲ့ လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားပေါ်လည်းမူတည်သေးသည်။ ကိုယ့်အခြေအနေကို ကိုယ်သိပါလျက် အတင်းအကြပ် ကိုယ့်ကိုယ်ကို ဖိအားပေးပြီး မလွဲဧကန် လဲကျခြင်းက ထိုလူကို "လူတစ်ယောက်၏ စွမ်းဆောင်နိုင်စွမ်းကို အလွန်အမင်းမျှော်လင့်ထားခြင်း" ဆိုသည့်ဂုဏ်ပုဒ်ရသွားလိမ့်မည်။


ဆေးဗားမိသားစုအတွက်တော့ ဖီလ်မော၏ ပင်စင်ယူမှုက ဆိုးရွားသည့် ရွေးချယ်မှုမဟုတ်ပေ။သူ မည်သည့်စွမ်းဆောင်ချက်မျှ ဆက်ပြီးမစုဆောင်းနိုင်တော့သော်ငြား အနည်းဆုံးတော့ သူ့ဂုဏ်ကိုထိန်းနိုင်ကာ မိသားစု၏ နာမည်ကောင်းကို မြှင့်တင်ပေးနိုင်မည်။  ဒါပေမဲ့ ရှန့်ခယ်က ထပ်ပြီးစစ်မှုထမ်းရန် ရွေးချယ်လိုက်၍ အင်ပါယာ၏ရာထူးအမြင့်ပိုင်းများသာမက သူ့မိသားစုကပါ မကျေနပ်ကြပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now