အပိုင်း ၁၀၃ ။ Unos ဘဝ

2.3K 356 12
                                    

Translator - nightmirror010

[Zawgyi]

"ဒီကိုလာလေ စကားပြောကြရအောင်" အနီရောင်ဆံပင်နဲ့လူဟာ ပြုံးနေဟန်ပေါ်တဲ့မျက်လုံးတွေနဲ့ ရှန့်ခယ်ကိုကြည့်ရင်း လက်ယက်ကာခေါ်ခဲ့တယ်။

အနီရောင်ဆံပင်နဲ့လူဟာ အခန်းကိုပိုင်နက်အဖြစ်ပြုလုပ်ကာ အပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့တယ်။ အဲ့ဒါကြောင့် ရှန့်ခယ် ဘယ်လောက်ပဲ အပြင်ထွက်ချင်နေပါစေ သူ့ရဲ့စွမ်းအင်နဲ့ချိုးဖောက်ပြီးမထွက်နိုင်ဘူး။ သူအခုလုပ်နိုင်တာက သူတို့နှစ်ယောက်ကြားလမ်းလျှောက်သွားပြီးထိုင်ရုံ ကလွဲလို့လုပ်နိုင်တာမရှိဘူးလေ။ မတက်သာစွာနဲ့ သွားထိုင်လိုက်ရတော့တယ်။

"မင်းစောနက yitamo ရဲ့လက်ကိုဆွဲပြီးဘာတွေရှာနေတာလည်သူလက်မှာမှဲမရှိဘူးမဟုတ်လား"
အနီရောင်ဆံပင်နဲ့လူဟာ နောက်ပြောင်စွာမေးခဲ့တယ်။

ရှန်ခယ်: (⊙口⊙)!

"အို ကြည့်ရတာငငါခန့်မှန်းတာမှန်နေပုံဘဲ " အနီရောင်ဆံပင်နဲ့လူဟာရယ်ရင်းနဲ့ပင်သူလက်ကိုမြှောက်ကာ
"ကြည့်လေ Yitamoမှာ မှဲ့မရှိပင်မဲ့ငါမှာရှိတယ်"

အနီရောင်ဆံပင်နဲ့လူရဲ့ လက်ဖဝါးမှာ မှဲ့ရှိတာမှန်ပင်မဲ့လည်း တစ်လုံးထဲရှိတာမဟုတ်ဘဲလက်ဖဝါးတစ်ဖက်စီမှာ မှဲ့တစ်လုံးစီရှိနေတယ်။ ဘယ်ဘက်ကဟာက အပြာရောင်ရှိပြီး ညာဘက်မှာတော့အနီရောင်ရှိတယ်။
(မှန်မှန်လိမ်အနီရောင်ဆံပင်နဲ့လူလို့ထင်သွားတယ်မလား)

ရှန့်ခယ်: (ˊДˋ)

"ဟားဟားဟား" အနီရောင်ဆံပင်နဲ့လူဟာသိမ့်သိမ့်တုန်အောင်ရီနေခဲ့တယ်။

အဲ့တာ ရုပ်ရည်မြှင့်တင်ခြင်းလို့အယောင်ဆောင်ထားတဲ့အရာက သူ့ရဲ့ရက်စက်ကြမ်းကြုပ်တဲ့ မျက်နှာဖုံးကို ဝင်စီးထားတာကြောင့်ဖြစ်မယ်ဆိုတာ မှန်မကြည့်ဘဲနဲ့တောင်ပြောနိုင်တယ်။ အခြားလူတွေရဲ့ မျက်နှာဖုံးတွေကဖုံးကွယ်ပင်မဲ့လည်းသူရဲ့မျက်နှာဖုံးကတော့ မြင်သာအောင်တောင်ပြနေသေးတယ်။ ဘယ်သူကများမရယ်ဘဲနဲ့နေနိုင်မှာလဲ။

သူ့ဘေးမှာထိုင်ပြီး သူ့ကိုဖမ်းကိုင်ထားတဲ့ Yitamo ဟာ ဖြည်းညှင်းစွာချောင်းဟန့်ရင်း " ငါဒီနတ်ဘုရားက ဘယ်သူရဲ့နတ်ဘုရားလည်းဆိုတာသိပြီထင်တယ် "

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now