အပိုင်း ၈၈ ။ ယွဲ့ကျယ်ဘဝ

4.9K 925 24
                                    

[Zawgyi]

မွေးနေ့ပါတီအပြီး အရေးပါသော သတင်းစာတိုက်အားလုံးမှာ ပွဲအခမ်းအနားအကြောင်း ဆောင်းပါးများရေးသားကြကာ ရှန့်ခယ်၏ ကိုယ်ရေးအကျဉ်း၊ လုရှုဖန်နှင့်ဆက်ဆံရေးကို လူသိရှင်ကြားလုပ်တော့သည်။ ယွဲ့မိသားစု၏သားအကြီးဆုံးမှာ အရှင်လုရှုဖန်နှင့် 'အတူတူနေ' နေသည်ဆိုသောသတင်းက ပို၍လျင်မြန်စွာပင်ပျံ့သွားခဲ့သည်။ လူအများက ဒီချစ်သူစုံတွဲကို အားပေးထောက်ခံကြပြီး ကျဆင်းနေသော ယွဲ့မိသားစုမှာ မြန်ဆန်လှစွာ တစ်ကျော့ပြန်ခေတ်ထနိုင်တော့မည်ဟု ကျယ်ကျယ်ပြန့်ပြန့်သဘောတူကြလေ၏။

လုရှုဖန်မှာ ကောလဟာလကိုလျစ်လျူရှုထားပြီး အဆိပ်ခတ်သည့်ဖြစ်ရပ်ကိုသာ စုံစမ်းရန်အာရုံစိုက်ထား၏။ ပွဲအခမ်းအနားတွင် သူကိုယ်တိုင် ဝိုင်ငှဲ့ခဲ့၍ ဝိုင်ခွက်နှင့်အထိအတွေ့ရှိခဲ့သော လူကနည်းပါးကာ စုံစမ်းမှုနယ်ပယ်ကို အတော်အသင့်ထိန်းချုပ်သွားနိုင်စေသည်။ ပြီးတော့ နန်းတော်တိုင်းရှိနေရာတိုင်းသည် စောင့်ကြည့်ကင်မရာအောက်တွင်ရှိကာ တစ်စုံတစ်ယောက် ပါတီထဲထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရင်တောင် ဒါမှမဟုတ် အတွင်းလူရှိရင်တောင်မှ လူမမိဘဲ ဘာမဆိုလုပ်လို့ရသည့် နည်းလမ်းမရှိပေ။ ဒီအချက်က လုရှုဖန်ကို နန်းတော်ထဲတွင် လုပ်ကြုံရန်ကြိုးစားမှုရှားခြင်းအကြောင်းရင်းဖြစ်သည်။

တစ်စုံတစ်ယောက်က နန်းတော်ထဲတွင် အကွက်ချရဲသည်ဆိုသည့်အချက်က လုရှုဖန် စုံစမ်းစစ်ဆေးမှုများထဲမှတစ်ခုနှင့် အမှန်တရားနှင့်နီးကပ်လာသည်ဆိုသော အရိပ်အယောင်ပင်။ ဒါကြောင့် တစ်စုံတစ်ယောက်အတွက် ကြိုဆိုမှုအစား ခြိမ်းခြောက်မှုကြီးဖြစ်လာခဲ့သည်။

လုရှုဖန်အတွေးများမှာ တံခါးခေါက်သံကြောင့် ပြတ်တောက်သွား၏။

"ဝင်လာခဲ့"
လုရှုဖန်က လက်ထဲရှိ စာရွက်စာတမ်းများကိုဆက်ပြီး စေ့စေ့နှံ့နှံ့လေ့လာဖတ်ရှုနေသည်။ သူ ဆေးနံ့ရသည့်အချိန်ကျမှ ခေါင်းမော့လာခဲ့သည်။ ဝင်လာသည့်လူကို မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲမှ အေးစက်မှုမှာ။အရည်ပျော်ကျသွားတော့၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now