အပိုင်း ၃၁ ။ အိုဆာရီဘဝ

13.2K 2K 84
                                    

[Zawgyi]

Translator - No_Coz

အခြားတစ်​ဖွဲ့ကလူတွေ သူတို့ အဖွဲ့သားတွေထဲက "မင်းအဆင့်​ တမန်​တော်​"လို့ အော်​လိုက်​သံကို ကြားလိုက်​တယ်​ဆိုတာနဲ့၊ ထိတ်​လန့်​ကုန်​ကြပြီး လက်​နက်​ကိုယ်​စီ ထုတ်​ကာ ရှန့်​ခယ်​တို့ အုပ်​စုကို ရွယ်​ထားလိုက်​တော့တယ်​။

ရှန့်​ခယ်​ကို တမန်​လို့ စွပ်​စွဲတဲ့ သူက တိုင်​လာတို့ လူစု အေးဆေးတည်​ငြိမ်​နေပြီး အရေးတယူမရှိတာကို တွေ့ရတော့ ကျယ်​လောင်​စွာ ပြောလာပြန်​တယ်​။ "ငါ ပြောတာကို မယုံကြတာလား... တိမ်​နီတောကြမ်းမှာ ငါ့အဖော်​ ၁၄ ယောက်​ကို ဒီလူသတ်​ခဲ့တာကို ငါ မျက်​လုံးနဲ့ ဆက်​ဆက်​သေချာမြင်​ခဲ့ရတာ... ငါ အသက်​ကို ဖက်​နဲ့ ထုတ်​ပြီး ပြေးလာခဲ့ရလို့ အသက်​ရှင်​နေတာ..."

တိမ်​နီတောကြမ်းတဲ့လား။ ရှန့်​ခယ်​ မူလအိုဆာရီရဲ့ မှတ်​ဉာဏ်​တွေထဲကနေ ပြန်​စဉ်းစားကြည့်​တော့ တကယ်​ပဲ အဲ့သလို အဖြစ်​မျိုး ရှိခဲ့ပုံပဲ။ ကွာခြားတာဆိုလို့ အဲ့သည့်​လူက "အသက်​ကိုတောင်​ မရင်း"တော့ဘဲ တစ်​ခါတည်း ထွက်​ပြေးသွားခဲ့တာပဲ။

အားလုံးက မျက်​နှာဖြူ ဖျော့ဖျော့နဲ့ နူးညံ့သိမ်​မွေ့လေဟန်​ရှိတဲ့ ရှန့်​ခယ်​ကို လှမ်းကြည့်​လိုက်​ကြတယ်​။ သူ့မျက်​ခုံးတွေမှာ စိုးရိမ်​ကြောင့်​ကျမှု လက္ခဏာတွေ ပါနေပေမယ့်​ သူ့မျက်​ဝန်းတွေမှာတော့ ကြင်​နာတတ်​မှုတွေ အပြည့်​ပဲ။ ပြီးတော့ သူက တည်​ငြိမ်​နေသေးတယ်။

တိုင်​လာက သူ့ဘေးနားက ရပ်​ရင်း အေးစက်​စွာ ပြန်​ကြည့်​ပေးနေတယ်​။

အခြားအဖွဲ့ဝင်​တွေကလည်း အရေးအရာမလုပ်​သလို မျက်​နှာပေးတွေနဲ့။ အဲ့ဒီလူပြောသမျှ ဘာစကားကိုမှ တုန့်​ပြန်​မှု မရှိဘူး။

"လူကြီးမင်း လူမှားတာ ဖြစ်​ပါလိမ့်​မယ်​..." ခိုင်​ဆာက မျက်​လုံးထိ မရောက်​တဲ့ အပြုံးနဲ့ ပြောလာတယ်​။ "ဒီလူက ကျနော်​တို့ရဲ့ ခရီးဖော်​ပါ... သူက မင်းအဆင့်​ မိစ္ဆာသစ်​ပင်​တမန်​တော်​ဆိုတာ လုံးဝ မဖြစ်​နိုင်​ပါဘူး..."

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now