အပိုင်း ၂၅ ။ အိုဆာရီဘဝ

13.2K 2K 47
                                    

[Zawgyi]

ုယုံကြည်​ရာ 5
__________

တိုင်​လာ မြင်​ကွင်းမှ ပျောက်​သွားတဲ့အထိ ရှန့်​ခယ်​ လိုက်​ကြည့်​နေမိတယ်​။ ဒီလူက မူလ အိုဆာရီကို ရှုံးနိမ့်​စေပြီး မကောင်းဆိုးဝါး လမ်းမှား ရောက်​သွားစေကာ ပျက်​စီးသေကြေခဲ့စေသူဆိုလည်း ဟုတ်​တယ်​။

မူလဇာတ်​ကြောင်းသွားအရဆို အိုဆာရီ မင်းအဆင့်​ တမန်​တော်​ဖြစ်​လာပြီးတဲ့ နောက်​မှာတောင်​ တိုင်​လာကို ထိပ်​တိုက်​ မရင်​ဆိုင်​ရဲတော့ဘူးတဲ့။ ဒါ့ကြောင့်​ သူက ဒုတိယမ္ပိ သစ်​ပင်​ကြီးကို စည်းချတဲ့ အခါမှာ တိုင်​လာကို လျို့ဝှက်​လုပ်​ကြံဖို့ တိုင်​လာ့သူငယ်​ချင်းတစ်​ယောက်​ကို သိမ်းသွင်း စည်းရုံးခဲ့တယ်။

အဲ့သလိုကြောင့်​သာ မဟုတ်​ခဲ့ရင်​ တိုင်​လာ့ အစွမ်းနဲ့ စိတ်​ခွန်​အားနဲ့ဆို သစ်​ပင်​ကြီးကို ချုပ်​နှောင်​တဲ့ နောက်​ဆုံး စစ်​သည်​တော်​တွေထဲမှာ တစ်​ယောက်​အပါအဝင်​ ဖြစ်​လာမှာပဲ။

မှဲ့ကလေးတစ်​ခု တူနေတာ အတွက်​ကြောင့်​နဲ့တော့ ဒီလူဟာ ရာဗယ်​လ်​ပါလို့ ရှန့်​ခယ်​ အတပ်​ပြောလို့ မရသေးဘူး။ ဒါပေမယ့်​ သူသာ တကယ်​ ရာဗယ်​လ်​ဖြစ်​နေခဲ့ရင်​တော့ သူ့ရဲ့ အပိုဆောင်းတာဝန်​ဟာ တိုင်​လာနဲ့ ပတ်​သက်​နေလိမ့်​မယ်​။ ဒါပေါ့၊ အရင်​ဆုံး သူက အဓိက တာဝန်​ကို အောင်​မြင်​ထားရမှာပေါ့လေ။

ရှနာ့ခယ်​ သူ့အကြည့်​ကို ပြန်​ရုတ်​လိုက်​တယ်​။ သူ အခုလို "အသိမိတ်​ဆွေ ဟောင်းကြီး"နဲ့ မတွေ့ချင်​သေးဘူး။ ဘယ်​လိုပဲ ဖြစ်​နေပါစေ၊ သူ ခိုင်​ဆာ့နောက်​ကို လိုက်​နေရင်​ ရပြီပဲ။ ကျန်​တဲ့လူတွေကတော့ ရေပွက်​ပမာ တစ်​ခဏသာ ကြုံရရုံရှိမှာပေါ့။ သူ့အဓိက ရည်​ရွယ်​ချက်​က စိတ်​နှလုံး မည်းမှောင်​ ကောက်​ကျစ်​နေသူတွေကို ဖယ်​ရှားရမယ်​။ ကြင်​နာ ဖြောင့်​မတ်​တတ်​သူတွေကို ချန်​ထားရမယ်​။

"ရှန့်​ခယ်​ ခင်​ဗျားကို အကြာကြီး စောင့်​နေစေမိသွားတယ်​..." ကျောင်းက ထွက်​လာတာနဲ့ ခိုင်​ဆာ ရှန့်ခယ်​ကို ခေါ်ပြီး အိမ်​ပြန်​ဖို့ ပြင်​တော့တာပဲ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now