[Zawgyi]
【ဒဖ်ပ်စင်ကို သန္ဓေပြောင်းမျိုးစိတ်ဖြန့်မှာကနေတားဆီးတဲ့အပိုဆောင်း မစ်ရှင်(၂) ကိုအောင်မြင်လို့ Hostအတွက်ဂုဏ်ယူပါတယ်】
【မစ်ရှင်(၃) ခုကိုစိတ်ကျေနပ်ဖို့ကောင်းလောက်အောင် အောင်မြင်ခဲ့ပါတယ်၊ Host၊ ဆုရဲ့သုံးဆကိုရရှိပါတယ်၊ ကိုယ်၊စိတ်ကြံ့ခိုင်မှု +10 (+3+5) ၊ မှတ်ဥာဏ် +15(+4+5) ၊ဝိဥာဉ်စွမ်းအား +15(+5+5) ၊ လှပမှု (+3+4) ၊ သက်တမ်း +5(+1+2) ကွင်းဝိုက်ထားတဲ့ နံပါတ်တွေက
အပိုဆောင်းmissionတွေဆီကရတဲ့
ဆုလာဘ်တွေဖြစ်ပါတယ်】【သင်ယူလို့ရတဲ့စွမ်းရည်တွေထဲက2ခုကိုသင်ယူနိုင်ပါတယ်】
ရှန့်ခယ်ကမလှုပ်မယှက်လှဲနေရင်း ချင်ယွမ်
သူ့အလောင်းကိုဖက်ကာ ခါးခါးသီးသီးငိုနေတဲ့မြင်ကွင်းကို
ပြန်စဉ်းစားနေမိသည်။ စူးရှရှခံစားချက်တစ်မျိုးဟာ သူ့ရင်ဘတ်ထဲ လွှမ်းမိုးသွားခဲ့၏။ သူ့အတွက် ထိုလူကို တစ်ဘဝပြီးတစ်ဘဝပြန်တွေ့နိုင်သည်။ သို့သော်ငြား ထိုလူ့အဖို့ကတော့ မရေမတွက်နိုင်သည့် အဖန်တလဲလဲဆုံးရှုံးမှုသာ ဖြစ်ချေ၏။"System၊ မင်းပြောတာမှတ်မိသေးတယ်၊ ငါသာ missionတွေအကုန်ပြီးသွားရင် ကမ္ဘာအစစ်ကိုပြန်ရင်ပြန် မပြန်ရင် ဒီကမ္ဘာတွေထဲကတစ်ခုခုကိုပြန်ပြီး အဆုံးသတ်ကိုပြောင်းလဲဖို့ရွေးချယ်လိုရတယ်ဆို"
【Host က missionတွေအကုန်လုံးပြီးရုံတင်မက မစ်ရှင်ပြီးပြည့်စုံမှုကလည်း50% နဲ့အထက်ရှိနေရပါမယ်】
"အခုငါ့ရဲ့ပြီးပြည့်စုံမှုနှုန်းကဘယ်လောက်လဲ"
【40%ပါ-အဓိကမစ်ရှင်ကိုပြီးမြောက်လို့ရင် 20%; မစ်ရှင်နှစ်ခုပြီးမြောက်ရင် 50%၊ မစ်ရှင်၃ခုပြီးမြောက်ပြီးသေလုနီးပါးဖြစ်ရင် 70% ၊ ပြီးပြည့်စုံတဲ့ရှင်သန်မှုဆို100%ပါ】
40% သူထင်ထားတာထက်အခြေအနေကောင်းသေးသည်။ နောက်ကမ္ဘာကျရင် အနည်းဆုံး mission ၂ခုပြီးအောင်လုပ်ရမည်။ အကယ်၍ သူရှင်သန်ပြီးနေထိုင်သွားနိုင်ရင်တော့ ပိုတောင်ကောင်းလိမ့်မည်။
ရှန့်ခယ်ကစိတ်ဆုံးဖြတ်ချက်ချကာ နောက်တစ်ကြိမ်စိတ်ဓာတ်ပြန်တက်လာပြီး စွမ်းရည်တွေသင်ယူဖို့ပြင်ဆင်တော့၏။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...