အပိုင်း ၃၉ ။ ဘရူနိုဘဝ

9.3K 1.3K 24
                                    

Arc - 4 : Let me protect you (V)
[Zawgyi]

ဖုန်းကျွမ်​ထိုပုရိသအချစ်​ငှက်​နှစ်​​ကောင်​ရှိရာအရပ်​က​နေ ဧည့်​ခန်းထဲကိုအမြန်​ပြန်​သွားလိုက်​၏။ ဝင်​ဝင်​ချင်းပင်​ ရှန့်​ခယ်​နဲ့လူငယ်​တစ်​​ယောက်​နီးနီးကပ်​ကပ်​ရှိ​နေပြီး အဲ့ဒီလူငယ်​မျက်​လုံးထဲက အ​ငွေ့အသက်​​တွေဟာအ​စောက​ကော်​ရစ်​တာမှာ​တွေ့ခဲ့တဲ့ အရိပ်​အ​ယောင်​ကိုပြန်​လည်​အမှတ်​ရ​စေပြီး သူ့​သွေး​တွေကိုပွက်​ပွက်​ဆူ​စေ​တော့တယ်​။ သူရှန့်​ခယ်​ဆီခပ်​သွက်​သွက်​သွားပြီး လက်​​မောင်းရင်းက​နေဆွဲမလိုက်​တယ်​။ ''ပြန်​မယ်​''

"​ဟေး..ပါတီကခုမှစတာ​လေကွာ'' လူငယ်​ကရှန့်​ခယ်​လက်​တစ်​ဖက်​ပြန်​ဆွဲပြီး ဆို၏။

ဖုန်းကျွမ်​ချက်​ချင်းပဲ တုန့်​ပြန်​လိုက်​မိပြီး တစ်​ဖက်​လူလက်​​ကောက်​ဝတ်​ကျိုးသွားမတတ်​အားထည့်​မိတယ်​။

"အား!" ​အော်​သံနဲ့အတူ ရှန့်​ခယ်​ကိုဆွဲထားတဲ့လက်​လွတ်​သွားတယ်​။ ဖုန်းကျွမ်​ရှန့်​ခယ်​ကိုဆွဲပြီးအပြင်​ထွက်​ဖို​ကြိုးစားလိုက်​ပေမယ့်​ တံခါးမ​ရောက်​ခင်​မှာ လူတစ်​စုပိတ်​ရပ်​​နေတာမြင်​လိုက်​ရ​တော့တယ်​။

"ချာတိတ်​တို့ မင်းတို့လာမှ​တော့ အစ်​ကိုတို့နဲ့ကစား​လေကွာ'' အညို​ရောင်​ဆံပင်​နဲ့​ကောင်​​လေးက ညစ်​ကျယ်​ကျယ်​ပြုံးရင်း​ပြောလိုက်​​တော့ ဖုန်းကျွမ်​က ''ကျူပ်​​ရှေ့ကဖယ်​လိုက်​!"

"မင်းတို့ ဒါဘယ်​လိုပါတီမျိုးလဲမသိဘူးထင်​တယ်​''တစ်​​ယောက်​ကရယ်​​မောပြီး ''ဒါ Love party ကွ။ မင်းတို့လိုမသိနားမလည်​တဲ့က​လေး​တွေအတွက်​အထူး​လေကွာ''

လူရွယ်​တစ်​ခုကရယ်​​မောလိုက်​ကြ​ပေမယ့်​ က​လေး​တွေက​တော့ရွံတွန့်​တွန့်​မျက်​နှာနဲ့ တစ်​ချို့ကစိတ်​လှုပ်​ရှား​နေသလို ၊ တစ်​ချို့ ​နေရခက်​​နေသလို။ ဒါ​ပေမယ့်​ အားလုံးကနားလည်​ပြီးသား လက်​ခံပြီးမှဒီ​နေရာကိုလာခဲ့ကြမှန်းသိသာ​နေတယ်​။

ရှန့်​ခယ်​လုံးဝ​ပြောစရာမဲ့သွားရတယ်​။ အငယ်​ဆုံးက၁၂နှစ်​ပဲရှိ​သေးတာ ဒီလို​တွေလုပ်​ဖို့လိုအပ်​လို့လား။ ဖုန်းကျွမ်​က​တော့ မျက်​လုံးထဲ​ဒေါသ​ငွေ့​တွေပြည့်​​နေပြီး ​ရှေ့ ကတစ်​​ကောင်​ကိုအားနဲ့ဆွဲဖယ်​လိုက်​တယ်​။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now