အပိုင္း ၁၀၆ ။ Unos ဘဝ

2.5K 359 13
                                    

Translator - nightmirror010

[Unicode]

ကပွဲသည် သုံးရက်ကြာမြင့်ခဲ့သော်ငြား ဒုတိယနေ့မှာတော့ ရှန့်ခယ်ဟာမတက်ရောက်ခဲ့ပေ။ အခုဆိုရင် Yitamo နှင့် Tima ရဲ့ဆက်ဆံရေးဟာ အခုဆိုရင်စတင်နေပြီဖြစ်တာကြောင့်သူလိုက်စရာမလိုတော့ပေ။ Tima ဟာ Yitamo ရဲ့အကပါတနာအဖြစ်သတ်မှတ်ခံလိုက်ရပြီးဖြစ်၏။

ရှန့်ခယ်ရဲ့ရည်ရွယ်ချက်ဟာ သူတို့ရဲ့ဆက်နွယ်မှု ဖြစ်နိုင်သလောက်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီး တတိယဘီးလုံးမဖြစ်အောင်နေဖို့ပဲဖြစ်တယ်။ shu မျိုးနွယ်စုရဲ့ကြီးကြပ်သူတွေကလည်း ဆိုင်ခန်းငယ်လေးကိုဝယ်ယူကာ ခမ်းနားစွာပြုလုပ်ထားတဲ့အရာဝတ္ထုအချို့နဲ့အချိုပွဲတွေ၊ လက်မူပစ္စည်းတွေကိုရောင်းချခဲ့တယ်။ သူတို့ဟာဝင်ငွေရှာရင်း ပတ်ဝန်းကျင်ကိုဝင်ဆန့်အောင်လုပ်နေကြတယ်။

shu မျိုးနွယ်စုအကြီးအကဲတွေဟာသူတို့ရဲ့မျိုးဆက်သစ်တွေကိုတောင်ပေါ်ကတောတွေမှာပဲ မကုန်ဆုံးစေချင်ကြပေ။ သူတို့ဟာ အခွင့်အရေးရရင်ရသလောက်အပြင်ထွက်ပြီးအတွေ့အကြုံတွေရှာနေသင့်တာ။ သူတို့ဟာ yi အင်ပါယာရဲ့မင်းသားကိုလက်ထပ်ပြီးဆက်ဆံရေးတိုးမြင့်ဖို့ထက် သူတို့တွေ yi အင်ပါယာမှာနေထိုင်ကာသူတို့မျိုးနွယ် စုတိုးတက်အောင်လုပ်ဖို့ခွင့်ပြုပေးတာကိုပဲ ဆန္ဒရှိကြတယ်။

ဒီဘဝမှာတော့သူတို့ဟာ yitamo နဲ့စစ်နတ်ဘုရားတို့ရဲ့သဘောကျခြင်းကိုခံရတာကြောင့်မကြာမီအချိန်မှာပဲ သူတို့ရဲ့ ဆန္ဒတွေပြည့်ဝလိမ့်မယ်လို့ ရှန့်ခယ်သေချာသိနေတယ်။ မင်းသားနဲ့လက်ထပ်ပြီးတော်ဝင်မိသားစုထဲ ဝင်ဖို့ကဖြစ်နိုင်ရင်ဖြစ်သွားလိမ့်မယ်။ သူတို့နှစ်ဦးကိုဖိအားပေးစရာမှမလို့တာ။ ဒီကမ္ဘာမှာတော့လက်ထပ်ပွဲနဲ့ပတ်သတ်လို့သေချာတဲ့ အယူအဆတစ်ခုရှိတယ်။ အဲ့တာကအဆင်တူချင်းလက်ထပ်ဖို့ပဲ။ ဒါပင်မဲ့အများစုသောလူတွေက သူတို့လွတ်လပ်စွာ နဲ့ရွေးချယ်ထားတဲ့ချစ်သူတွေကိုသာလက်ထပ်ချင်နေကြတယ်။ အဲဒီအကြောင်းကြောင့်ပဲ အချစ်နတ်ဘုရား Neil က အားကောင်းတဲ့နတ်ဘုရားဖြစ်လာရတာပဲ။ အဲလိုမဟုတ်ဘဲ မကောင်းမှုနတ်ဘုရားက တိုက်ကြီးပေါ်မှာ သွေးရူးသွေးတန်းတိုက်ခိုက်နေတဲ့ခေတ်မှာအချစ်နတ်ဘုရားဆိုတဲ့အကောင်ဟာ ကမ္ဘာရဲ့ဘယ်နေရာမှာ ပန်းသီးပင်စိုက်နေရမလဲဆိုတာတောင် သိမှာမဟုတ်ဘူး။ ဝါစဉ်အလိုက်ကြည့်ရင်လည်းမကောင်းမှုနတ်ဘုရားက သူ့ထက်အသက်ပိုကြီးပြီး မျိုးဆက်တွေကို သူ့ထက်ပိုသိခဲ့တဲ့လူဖြစ်တယ်။ အဲ့တာကိုအဲ့ကောင်စုတ်ကလေးက အကြီးကိုဘယ်လိုရိုသေရမှန်းမသိဘဲ အချစ်ချို့တဲ့နေတဲ့ဆင်းရဲနွမ်းပါးတဲ့နတ်ဘုရားအဖြစ်သတ်မှတ်ပြီး အချိန်တိုင်းသူ့နားမှာတွယ်ကပ်နေတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now