အပိုင်း ၂၈။ အိုဆာရီဘဝ

14.4K 2.1K 134
                                    

[Zawgyi]

Translator - No_Coz

ယုံကြည်​ရာ (၈)
~~~~~~~~~

"ချစ်​သူတွေတဲ့လား... ဒီလောက်​. . . နက်​ရှိုင်းတဲ့ ဆက်​ဆံရေးမျိုး ငါတို့မှာ ဖြစ်​နိုင်​တယ်​လို့ မင်း ဘယ်​လိုများ တွေးမိရတာလဲ..." ပြီးခဲ့တဲ့ လတွေမှာ သူ တိုင်​လာနဲ့ တရင်းတနီးနေတာမျိုး ခေါ်ပြောဆက်​ဆံတာမျိုး မရှိခဲ့ဘူးဆိုတာ ရှန့်​ခယ်​ သေချာသလောက်​ရှိတယ်။ သူ့ဆီမှာ အစားလာစားတာရယ်​၊ တစ်​ခါတစ်​လေ စကားနည်းနည်းပြောဖြစ်​တာရယ်လောက်​ပါပဲ။ သူတို့ကြားက ဆက်​ဆံရေးက သာမန်​ပါပဲ။

"ဘယ်​လိုဖြစ်​သွားလဲတော့ ကိုယ်​လည်း မသိဘူး..." တိုင်​လာက တုံးတိတိ ပြန်​ဖြေတယ်​။

'မင်းလည်း မသိဘူးတဲ့လား...'

ရှန့်​ခယ်​ကတော့ အင်​မတန်​ရိုမန်းတစ်​ဆန်​တဲ့ ဖွင့်​ပြောမှုတွေ၊ ကဗျာဆန်​ဆန်​ ချစ်​ရေးဆိုခြင်းတွေ စသည်​ စသည်​ ကြားရတော့မယ်​ ထင်​နေတာ။ ဒါပေမယ့်​ သူက မသိဘူးလို့ ပြန်​ဖြေသတဲ့လေ။

တိုင်​လာ ရှန့်​ခယ်​ကို ကြည့်​ရင်း တည်​တည်​ငြိမ်​ငြိမ်​ပြောနေလိုက်​တယ်​။ "ပတ်​သက်​ဆက်​နွယ်​မှုတွေ အများကြီးထဲမှာမှ ကိုယ်​ကတော့ ကိုယ့်​ကိုယ်​ကို "ချစ်​သူ"တစ်​ယောက်​ဖြစ်​သင့်​တယ်​ ထင်​တာပဲ... ဒါကြောင့်​ ကိုယ်​တို့ ချစ်​သူတွေလို နေလို့ရမယ်​ ထင်​တယ်..."

ရှန့်​ခယ်​ မမေးဘဲ မနေနိုင်​ခဲ့။ ". . . ဘယ်​လို ဘယ်​လိုတွေ တွေးလိုက်​လို့... လိင်​တူ အချင်းချင်း ချစ်​ကြိုက်​တာကို ဖြစ်​ရိုးဖြစ်​စဉ်​လို မင်း လက်​ခံနိုင်​ရတာလဲ..."

တိုင်​လာ တစ်​ခဏတော့ ငြိမ်​သက်​သွားပြီး ပြန်​ဖြေတယ်​။ "ဘာကြောင့်​လဲ ကိုယ်​ မသိဘူး... ဒါပေမယ့်​ ကိုယ်​ခံစားမိတာက ကိုယ်​ မင်းနဲ့ ပတ်​သက်​ဖို့ အမြန်​မကြိုးစားရင်​... လူသိရှင်​ကြား မင်းနဲ့ လက်​မတွဲထားရင်... ​နောင်​တစ်​ချိန်​ နောင်​တရစရာတွေ ဖြစ်​လာမယ်​လို့..."

သူ့အဖြေကြားတော့ ရှန့်​ခယ်​ မလုံမလဲဖြစ်​သွားမိတယ်​။ ဒူးခေါင်းကို မျှားမှန်​သွားလို့ လဲကျသွားရသလိုပဲ. . .

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now