အပိုင်း ၆၄ ။ ဖီ(လ်)မောဘဝ

6.1K 1K 96
                                    

[Zawgyi]

ရှန့်ခယ် ရွိုင်းအိပ်ရာပေါ်တွင် နိုးလာကာ ငေးငိုင်စွာ လှဲနေမိသည်။ သူ့နောက်ကနေ ရေချိုးခန်းတံခါး ဖွင့်လာချိန် နောက်ဆုံးတော့ လှည့်ကြည့်လိုက်သည်။ သူ လည်ပင်းဆန့်ကာ ကြည့်လိုက်တော့ ရွိုင်းက ခါးတွင် သဘက်တစ်ထည်သာပတ်ထားလျက် ထွက်လာတာကိုမြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က ကြွက်သားများနှင့်ပြည့်နေကာ အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်သည့် အစွမ်းမျိုး ထွက်နေသည်။

"မင်းနိုးပြီလား" ရွိုင်းက အိပ်ရာဆီလျှောက်လာပြီး မေးလိုက်သည်။
"ဗိုက်ဆာနေပြီလား၊ တစ်ခုခု စားချင်သေးလား၊ ကိုယ် တစ်ယောင်ယောက်ကို သွားပြင်ခိုင်းလိုက်မယ်"

ရှန့်ခယ်မှာ သူ့မေးခွန်းမှန်သမျှကို မဖြေဘဲ စိုက်သာကြည့်နေသည်။ သူ့အကြည့်က တစ်ခုခုကို ရှာရန် ကြိုးစားနေသကဲ့သို့ ရှေ့နောက် တစ်ကိုယ်လုံး အကြည့်က ရောက်နေလေသည်။

"ဘာဖြစ်လို့လဲ" ရွိုင်းက သူ့ထူးဆန်းသော အနေအထာူကိုမြင်တော့ ဇဝေဇဝါမေးလိုက်သည်။

မှည့်ရှိမနေပေ။ ဒီလူ့တစ်ကိုယ်လုံးတွင် မှဲ့တစ်လုံးတောင် ရှိမနေပေ! ဒါက သိပ္ပံနည်းလုံးဝမကျပေ! လူတစ်ယောက်က ဘယ်လိုလုပ် တစ်ကိုယ်လုံးမှာ မှဲ့တစ်ခုတောင် မရှိရတာလဲ!

ရှန့်ခယ်၏ အလိုလိုသိစိတ်က ရွိုင်းဟာ သူရှာနေသည့် လူဖြစ်ကြောင်း ပြောနေသည်။ အထူးသဖြင့် မနေ့ညအဖြစ်အပနက်ပြီးနောက် ခံစားချက်ကပိုပြင်းထန်လာတာဖြစ်၏။ မဟုတ်လျှင် သူမူးပြီး လူမှားအိပ်မိရန် မဖြစ်နိုင်သလို ရမ္မက်ပြင်းသည့်အိပ်ရာအားကစားတွင်လည်း အရသာတွေ့မည်မဟုတ်ပေ။ သို့သော်ငြား ရွိုင်းကိုယ်က အမှတ်အသားမပါရုံဖြစ်သည်။ ငါးကမ္ဘာစလုံးတွင် သူ့လူက ထိုအမှတ်လေးရှိပြီးတတာ့မှ ဒါကခြွင်းချက်များလား။

ရှန့်ခယ် လက်မလျှော့ချင်သေးပေ။ သူ ရွိုင်းညာဘက်လက်ကိုဆွဲယူကာ ဂရုတစိုက်စေ့စေ့စပ်စပ်ကြည့်လေတော့သည်။

ရွိုင်းက ရှန့်ခယ် သူ့လက်ကိုဆွဲယူမှုအားခွင့်ပြုရင်း မျက်လုံးများကတော့ ခန္ဓာကိုယ်အနှံ့ခရီးသွားနေ၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now