အပိုင်း ၁၀၀ ။ Unos ဘဝ - မျက်နှာဖုံးချစ်သူ

6.1K 588 18
                                    

[Zawgyi]

Translator - nightmirror010

ဦးနှောက်ပြင်ဆင်ခြင်းသွေးရည်ကြည်ရဲ့ပေါင်းစပ်မှုကို လေ့လာကာ စာချုပ်ထိန်းသိမ်းသူတွေရဲ့ အသက်ဆွဲဆန့်နိုင်တဲ့ဆေးရည်ကိုတီထွင်ခြင်း အပို missions နှစ်ခုကိုအပြီးသတ်နိုင်ခဲ့ပါတယ်။

[ဂုဏ်ယူပါတယ် host, missions သုံးခုအောင်မြင်စွာပြီးမြောက်ပါတယ်။ အဲ့တာကြောင့် ဆုလာဘ် သုံးဆကိုရရှိပါတယ်။
ကိုယ်စိတ်ကြံ့ခိုင်မှု +7(+1+2), မှတ်ဉာဏ်+10(+4+3) ဝိညာဉ်စွမ်းအား+10(+5+5) လှပမှု+15(+5+4) သက်တမ်း+5(+1+2) ကွင်းဝိုက်ထားတဲ့ နံပါတ်တွေဟာအပိုဆောင်း missions တွေဆီကဆုလာဘ်တွေဖြစ်ပါတယ်။]

[သင်ယူလို့ရတဲ့ skills နှစ်ခုရွှေးပေးပါ]

ရှန့်ခယ်ဟာ သူရဲ့ ခံစားချက်များကို system ကိုပြောပြဖို့အလွန်ကိုပင်ပန်းနေခဲ့တယ်။ ဒါကြောင့် ရှန့်ခယ် မဆိုင်းမတွပင် skills ရွေးဖို့သွားခဲ့တယ်။

ကျယ်ပြန့်သောရွေးချယ်မှုထဲမှာ ရှန့်ခယ်ဟာ magic နဲ့ အတုလုပ်အတတ်ပညာဟာ မီးလင်းနေတာကိုအံအားသင့်ဖွယ်တွေ့ခဲ့တယ်။ (တစ်ကယ်တော့ Forging လို့ရေးထားတာ google ကအတုလုပ်ခြင်းအတက်ပညာတဲ့ အခြားကရှာတော့မတွေ့တောင် မတွေ့ဘူး)

ရှန့်ခယ်ဟာတုံ့ဆိုင်းခြင်းမရှိစွာနဲ့အဲ့ဒီskillsနှစ်ခုကိုရွှေးချယ်ခဲ့တယ်။

သင်ကြားခြင်းကာလကိုမြန်မြန်ဖြတ်ကျော်ပြီးသည်နှင့် တစ်ပြိုင်နက်ကမ္ဘာအသစ်ကိုခရီးစထွက်ခဲ့တယ်။

ရှန့်ခယ်ဟာ system ရဲ့ လှည့်စားမှုပမာဏကို သူသိခဲ့သော်လည်း ဒီတစ်ခေါက်လှည့်စားမှုက သူမျှော်လင့်ထားတာထက် ပိုလွန်းနေတယ်။

ရှန့်ခယ်ကူးပြောင်းပြီချင်းသိလိုက်ရတာသူဟာရုပ်ထုတစ်ခုဖြစ်နေခဲ့တယ်။ မှန်တယ် ရုပ်ထုတစ်ခု။

အရေးကြီးတာက သူဟာနတ်ဘုရားရုပ်ထုထဲမှာပဲ။ သတင်းဆိုးကတော့ သူဝင်ထားတဲ့ ရုပ်ထုဟာမကောင်းမှုနတ်ဘုရားတစ်ပါးရဲ့ရုပ်ထုထဲကိုရောက်နေတာပဲ။

ဒီကမ္ဘာလူတွေက နတ်အမျိုးမျိုးကို ယုံကြည်ကြပြီး ရုပ်ထုတွေနဲ့သူတို့တွေရဲ့ ဘုရားကျောင်းတွေကိုတည်ဆောက်ခဲ့ကြတယ်။ သူတို့ဟာ တစ်နှစ်ပတ်လုံး ရိုသေကိုင်းရှိုင်းမှုစွာပူဇော်ခဲ့ကြပြီး နတ်ဘုရားရဲ့ ကောင်းချီးနဲ့လဲလှယ်ခဲ့ကြပါတယ်။ နတ်ဘုရားတွေရဲ့ မူ ရင်းရုပ်ထုတွေဟာ လူတွေရဲ့ဖန်တီးခြင်းကိုခံရတယ်။ ကျောက်အပိုင်းအစလေးတွေကို ရုပ်ထုအဖြစ် ထုလုပ်ပြီး ဝိညာဉ်သန့်စင်ရေကန်သို့ပို့ကာ ၈၁ ရက်လောက် ရေကန်ထဲ၌ နှစ်မြုပ်ခြင်းကိုခံရ ပြီးနောက် ထိုရွှေရောင်ရုပ်ထုဟာ နတ်ဘုရားရုပ်ထု ဖြစ်လာခဲ့ပြီ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now