[Zawgyi]
အားကစားအပြင်းအထန်လုပ်ပြီးကိစ္စရပ်ကြီးကြီးမားမားမဖြစ်ခဲ့လို့ ရှန့်ခယ်လည်း တုန်းလင် တစ်ချက်တွန်းတာက ခေါင်းနဲ့နံရံရိုက်မိမယ်လို့ မထင်မိခဲ့ဘူး အနည်းဆုံးတော့ သူအကြာကြီးသတိမေ့မနေဘူး နိုးနိုးချင်းခဏအကြာမှာပဲသူ့ရဲအခြေအနေကို
နားလည်သွားတယ် နှစ်,နှစ်နီးပါး သူအခြေအနေတည်ငြိမ်နိုင်သေးတာကပြောင်းလဲသွားခဲ့ပြီ တကယ်လို့ ခွဲစိတ်ခန်းမ၀င်ဘူးဆိုတာနဲ့ အခြေအနေကလည်း ပိုပြီးဆိုးလာမှာပဲရှန့်ခယ်ကို လူနာတစ်ယောက်ခန်းထဲပို့လိုက်ကြတယ်
ကျန်းတုန်းလင်ရော ကျန့်ချန်ဖုန်းရော ရှူချင်းရော ရှိနေတဲ့အတွက် သူ လှလှပပလေးပဲအိပ်ပျော်နေဟန် ဆောင်လိုက်တော့တယ်ကျန်းတုန်းလင်ပ ဖုန်းကိုကိုင်ထားပြီး တွေဝေစွာနဲ့ ကျန်းယွီမော့အိပ်ရာဘေးထိုင်နေမိတယ် သူဘာပြောရမှန်းတောင်မသိတော့ဘူး..
ကျန့်ချန်ဖုန်း ကတော့ အိပ်ရာပေါ်လဲနေတဲ့
ကျန်းယွီမော့ ကိုကြည့်လိုက်တယ် အခုကောင်လေးရဲ့ ပုံစံက ရှိနေကျ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးနေပြီး အတော်လေးတိတ်ဆိတ်နေတတ်သွားတော့တယ် သူ့ခေါင်းက နူးညံ့တဲ့ခေါင်းအုံးထဲ နစ်ဝင်နေပြီး ဆံနွယ်အချို့ကမျက်ဝန်းကိုဖုံးအုပ်နေတဲ့ဟန်က အေးအေးချမ်းချမ်းအိပ်ပျော်နေဟန်ပုံပဲ"ဒေါက်တာရှူ ပြောတဲ့အတိုင်းဆို ကျန်းယွီမော့က သူ့အခြေအနေကို လွန်ခဲ့တဲ့လတွေတုန်းကတည်း
သိနေတယ်ပေါ့..."
ကျန့်ချန်ဖုန်း ရုတ်တရက် မေးမြန်းလိုက်တယ်"ဟုတ်တယ် "
ရှူချင်းခေါင်းညိတ်ပြလိုက်တယ်ကျန့်ချန်ဖုန်း မျက်ဝန်းတွေကျဉ်းမြောင်းသွားတယ် သူ့ရဲ့အမူအရာကအုံ့မှိုင်းသွားတယ်
ကျန်းတုန်းလင် ရုတ်တရက်ခေါင်းမော့ပြီးမေးလိုက်တယ်
"ခင်ဗျားသိမှတော့ ဘာလို့ငါတို့ကိုမပြောပြတာလဲ"
သူသာသိခဲ့ရင် ယွီမော့ကို ဘယ်လိုလုပ်ထိခိုက်စေမိမှာတဲ့လဲ..
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...