အပိုင်း ၂၃ ။ အိုဆာရီဘဝ

14.7K 1.9K 22
                                    

[Zawgyi]

Translator - No_Coz

ဂွင်းက ရှန့်ခယ်ကို သူတို့နဲ့အတူ မြို့တော်ဆီ လိုက်ပြီး ခိုင်ဆာနဲ့ လိုက်နေလိုစိတ် ရှိ၊ မရှိ မေးလိုက်တယ်။ ဒီလို လိုက် မလိုက် ဆုံးဖြတ်ပြီးမှ ဘာဆက်လုပ်ရမလဲကို ဟိုရောက်မှ စဉ်းစားလို့ရတာပဲ။

ရှန့်ခယ်ကတော့ သူ လိုချင်တဲ့ ရလဒ်ဖြစ်နေတာမို့ လိုက်ဖို့ သဘောတူလိုက်တယ်။ သူက မိစ္ဆာသစ်ပင်ကို ချုပ်နှောင်စည်းပိတ်ချင်တာဖြစ်လို့ ခိုင်ဆာအနား ကပ်နေဖို့ လိုတယ်လေ။ 

တုရန်တိုက်မှာ မှီတင်းနေထိုင်ကြသူအပေါင်းဟာ မိစ္ဆာသစ်ပင်ကို ဘယ်လို စည်းချပိတ်နှောင်ရမလဲ မသိကြသေးဘူး။ သူတို့ အနည်းဆုံး ယုံကြည်မှု စွမ်းအင် အမျိုးအစား ၇ မျိုးလောက် စုစည်းပူးပေါင်းမိဖို့ လိုအပ်တယ်။ ပြီးတော့မှ မိစ္ဆာပင်ကို မှော်သလင်းကျောက်အသုံးပြုကာ ပိတ်နှောင်ရမှာဖြစ်တယ်။ ယုံကြည်မှု စွမ်းအင် ပြင်းထန်လေလေ၊ ပြီးတော့ ယုံကြည်မှု အမျိုးအစားတွေ ပိုများလေလေ၊ စည်းချခြင်းဟာလည်း အောင်မြင်နိုင်ချေပိုများလေလေပဲ။

မှော်သလင်းကျောက်တွေက တန်ဖိုးကြီးမားတယ်ဆိုပေမယ့် ရှားပါးလွန်းတဲ့ အရာတွေတော့မဟုတ်ဘူး။ တကယ့် အခက်အခဲဖြစ်နေတဲ့ အပိုင်းက မကောင်းဆိုးဝါး ချီနံရံထုကို ကျော်ဖြတ်ပြီး မိစ္ဆာသစ်ပင်အနားရောက်တဲ့အထိ ချဉ်းကပ်နိုင်ဖို့ပဲ။

ဒီခရီးဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခွန်အားနဲ့ ယုံကြည်မှုတွေကို စမ်းသပ် စိန်ခေါ်နေတဲ့ ငရဲတမျှ ပင်ပန်းလှတဲ့ ခရီးလမ်းပဲ။ စိတ်ဓာတ်သန်မာမှု မရှိတဲ့ လူမျိုးတွေဆို ဒီခရီးတစ်လျှောက် ကြံ့ကြံ့ခံသွားနိုင်မှာ မဟုတ်ဘူး။ စိတ်ဒြပ်နယ်မှာ အက်ကြောင်းအရာတစ်ခုလေး ပေါ်လာတာနဲ့ မကောင်းဆိုးဝါ ချီစွမ်းအင်ရဲ့ ညစ်နွမ်းမှုတွေ စွန်းထင်းခံရသွားနိုင်တယ်။ အဲ့သလိုဆို ကိုယ့်ကိုယ်ကိုတောင် ပိုင်တော့မှာ မဟုတ်ဘူး၊ ကိုယ့်မိတ်ဆွေ ရဲဘော်ရဲဘက်တွေကိုပါ ပြန်တိုက်ခိုက်နေမိလိမ့်မယ်။

နောင်ဖြစ်လာမယ့် ဇာတ်ကြောင်းအရဆို ခိုင်ဆာနှင့် သူ၏ ရဲဘောရဲဘက် သူရဲကောင်းအပေါင်းတို့တောင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ကြရမှာ။ တကယ့်တကယ် ရွှံ့ခြုံတောချောက်နက်ရဲ့ ဗဟိုချက်ကို မရောက်နိုင်သေးခင်ကို အသက်ရာပေါင်းများစွာ စတေးခဲ့ရတာ။ ပြီးတော့ နောက်ဆုံးမှ လူခုနစ်ယောက်ရဲ့ အစွမ်းနဲ့ သစ်ပင်ကြီးကို အပိန်ပိန်အလိန်လိန် စည်းချချုပ်နှောင်လိုက်နိုင်ကြတယ်တဲ့။ 

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now