အပိုင်း၇။ ​ကေ့(ခ်ျ​)ဘဝ

16.2K 2K 115
                                    

[Zawgyi]

ရှန့်​ခယ်​ ​ခေါင်းအုံကိုမှီထားပြီး သူ့​​ရှေ့က ရုပ်​ကြွမျက်နှာပြင်​ကိုစိုက်​ကြည့်​​နေတယ်​ အစီစဉ်က​​ နိုင်​ငံ​တော်​တည်​​ထောင်​တဲ့အခမ်းအနားကို ထုတ်​လွှင့်​ပြသ​နေတယ်

ကွင်းပြင်​မှာ လူအုပ်​ကြီးက အသက်​၀င်​ပြီး
ပျားပန်းခတ်​မျှ အလုပ်​ရှုပ်​​နေတယ်​ ရာဗယ်​(လ်) က သွားရမဲ့လမ်း​ကြောင်းအတိုင်း ​နှေး​နှေး​လေး​မောင်း​​နေတဲ့ လွန်းပြန်​ယာဉ်​​ပေါ်ထိုင်​​နေတယ်

ရေတပ်​ကာကွယ်​​ရေးအဖွဲ့က ကိုယ်​ရံ​တော်​​တွေက ဘယ်​ဘက်​ညာဘက်​လိုက်​ပါကာကွယ်​​နေကြတယ်​ သူတို့​တွေ​ကောင်းကင်​ကို​သေနတ်​​​ဖောက်​လိုက်​​တော့ ​ရောင်​စုံပန်း​တွေထွက်​​ပေါ်လာပြီး ပတ်​၀န်းကျင်​တစ်​ခုလုံးခမ်းနားသွားတယ်

တကယ်​လို့ လူတစ်​​ယောက်​သာ ရာဗယ်(လ်)​​လို ပြည့်​စုံရင်​ သူ့ဘ၀က​နေထိုင်​ဖို့အရမ်းတန်​တယ်​လို့ ရှန့်​ခယ်​ထင်​တယ်​ အင်​ပါယာအသစ်​ရဲ့ဘုရင်​တစ်​ပါးဖြစ်​ပြီး သူ့​အောက်​ကလူ​တွေနဲ့ဆိုရင်
တစ်​ကမ္ဘာလုံးမှာ သူကနံပါတ်​၁ပဲ

"ဗိုလ်​ချုပ်​ကြီးရာဗယ်​(လ်​)...အာ..မဟုတ်​ဘူး...အရှင်​မင်းကြီးလို့​ခေါ်သင့်​ပြီ
အရှင်​မင်းကြီးကအရမ်းမိုက်တယ်ေ​​နာ်!"
သူနာပြု​ အမကြီးက မျက်​၀န်းထဲမှာကြယ်​​တွေ တလက်လက်​​​တောက်​ပ​နေပြီး ချီးကျူး​နေတယ်

ရှန့်​ခယ်​ကသ​ဘောတူ​ကြောင်းပြဖို့​ခေါင်းညိတ်​ပြလိုက်​တယ်​ ရာဗယ်​(လ်​) သုံးပုံနှစ်​ပုံ​လောက်​ မိုက်​တာ​တော့ မ၀န်​ခံချင်​၀န်​ခံချင်​နဲ့ ၀န်​ခံရမယ်
(Jas-​ပေပီသာအမိုက်​ဆုံးပါ😝)

ရာဗယ်​(လ်​) က စင်​မြင့်​​ပေါ်တက်​သွားပြီး မိန့်​ခွန်းသ​ပြောဖို့လုပ်​တယ်​ သူ့ပုံစံကအရမ်းတည်​ငြိမ်​​နေပြီး မျက်​၀န်း​တွေက ခိုင်​မာလွန်းတယ်​ စစ်​သားတစ်​​ယောက်​ရဲ့ စည်းကမ်းတင်းကြပ်​ဟန်​နဲ့ ​တော်​၀င်​မျိုးနွယ်​ရဲ့ ကျက်​သ​ရေရှိမှုက ​ရောယှက်​​နေပြီး ထူးခြားတဲ့ဆွဲ​ဆောင်​မှုကို​ပေး​လို့ လူ​တွေရဲ့ရင်​ထဲ 
လေးစားမှု​တွေ​ပေါ်လာတယ်

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now