[Zawgyi]
လတစ်ဝက်နီးပါးကြာပြီးနောက်မှာတော့ ရှန့်ခယ်ခေါင်းပေါ်ကပတ်တီးတွေလည်းဖြုတ်လိုက်ရပြီးပြီ
ဆေးရုံမဆင်းခင်စမ်းသပ်ဖို့ ရက်နည်းနည်းလောက်
ဆက်နေဖို့ပဲလိုသေးတယ်သူက တကယ့်ကို စိတ်ဓာတ်တက်ကြွစွာနေတယ် ခွဲစိတ်ခန်းဝင်ထားရတဲ့လူတစ်ယောက်ရဲ့ပုံစံနဲ့ခြားနားစွာပေါ့..။နေ့တိုင်း ဥယျာဉ်ထဲလမ်းလျှောက်တယ် တစ်ချို့လူတွေနဲ့သူငယ်ချင်းဖွဲ့ စကားပြောပြီး စစ်တုရင်ကစားတယ် သူ့ရဲဘ၀ကို ကျေနပ်စွာဖြတ်သန်းနေတယ်
ဆိုးတဲ့တစ်ချက်တည်းက ကျန့်ချန်ဖုန်း က သူနဲ့ အရင်ကထက် ပိုပြီးနီးနီးကပ်ကပ်နေပြီး
သူ့မျက်ဝန်းထဲကချစ်ခင်မှုကလည်းပြည့်လျှံလွန်းနေတယ် အထူးသဖြင့် သူတို့နှစ်ယောက်တည်းအတူရှိနေတဲ့အချိန်တွေမှာ ရှင်းရှင်းလင်းလင်း ကို မြင်ရနိုင်တယ်ရှန့်ခယ်ခံစားမိတယ်....ဒီလူ သူဆေးရုံဆင်းတာနဲ့
မကောင်းတဲ့အကြံအစည်တွေလုပ်ဖို့
ဖုံးကွယ်ထားတယ်လို့ပင်...။"တုန်းလင်..ဘာလို့အထဲမ၀င်သွားတာလဲ"
ကျန့်ချန်ဖုန်း ကျန်းတုန်းလင် ကျန့်ရှင်းရဲ့လူနာခန်းရှေ့မှာ ကြောင်တောင်တောင်နဲ့ရပ်နေတာကိုတွေ့ပြီး
မျက်မှောင်ကြုတ်ကာမေးလိုက်တယ်"မလိုတော့ပါဘူး...ငါသူအနားယူနေတာမနှောင့်ယှက်ချင်ဘူး"
ကျန်းတုန်းလင်က လှည့်ပြန်ဖို့ပြင်လိုက်တယ်ကျန့်ချန်ဖုန်းက သူ့ကိုတားလိုက်တယ်
"ရှင်းအာကပြောတယ်...မင်းသူ့ကိုလာမတွေ့တာ ကြာပြီတဲ့..မင်းခုနောက်ပိုင်းအလုပ်ရှုပ်နေတယ်ဆို""အင်း...ငါ အရေးကြီးprojectတစ်ခုကိုင်နေရလို့" ကျန်းတုန်းလင်က စိတ်အာရုံမရှိစွာ ပြန်ဖြေလိုက်တယ်
"ဘယ်လိုprojectမို့လို့ အခန်းထဲဝင်ပြီး ခဏလေးမကြည့်နိုင်လောက်တဲ့အထိအရေးကြီးနေတာလဲ" ကျန့်ချန်ဖုန်း ကသူ့နားလျှောက်လာတယ် ထက်ရှတဲ့အကြည့်တွေနဲ့စိုက်ကြည့်ပြီး ဆက်ပြောလိုက်တယ်
"ကျန်းတုန်းလင်...မင်းငါ့ညီမနဲ့အတူရှိနေပါ့မယ်လို့
သဘောတူထားမှတော့သစ္စာဖောက်ဖို့မလုပ်နဲ့...မင်း အကြောင်းရင်းပေးလို့မရတဲ့တစ်ခုခုလုပ်နေတာတွေ့ရင်..အလွတ်ပေးမှာမဟုတ်ဘူး"
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...