အပိုင်း ၇၁ ။ မီးတောက်လေးဘဝ

2.4K 431 3
                                    

[Zawgyi]


ထိုအင်တာဗျူးမှစ၍ မီးတောက်လေးနှင့် လှိုင်းလုံးလေး၏ ဂုဏ်သတင်းသည် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး ကမ္ဘာတွင် ချစ်စရာအကောင်းဆုံး သတ္တဝါလေးတွင် လူကြိုက်အများဆုံး ဖြစ်လာခဲ့၏။ ချင်ယွန်သည် ထိုအရာအတွက် နှစ်လတာ ပြင်ဆင်ခဲ့ရ၏။ လွန်ခဲ့တဲ့နှစ်လက သူတို့ကို မော်ဒဲလ် အဖြစ်သုံးကာ ထုတ်ကုန်များကို စမ်းသပ်ရှာဖွေပြီး ထုတ်လုပ်ခဲ့၏။
ကွန်ပျုတာ၊ ဂိမ်း၊ အဝတ်အစား၊ အရုပ်၊ ဓာတ်ပုံအဲလ်ဘမ်၊ ပရိဘောဂ စသည်ဖြင့် ထုတ်လုပ်ခဲ့သည်။ လင်းပိုင်ပစ္စည်းများကို စုဆောင်းသည်က ပေါ်ပင်တစ်ခု ဖြစ်ခဲ့၏။
ချင်ယွန်သည် အမြတ်ငွေ၏ ၂၅ရာခိုင်နှုန်ကို လင်းပိုင်ကာကွယ်ရေးနှင့် နေထိုင်ရေး အပြင် အခြားသော အမျိုးမျိုးသော ထောက်ပံ့မှုတွေ ပြုလုပ်ပေးသည်။ နှစ်ဝက်အတွင်းတွင် လင်းပိုင်နှစ်ကောင်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး တိရစ္ဆာန် ဖြစ်လာလေ၏။ အင်တာနက်ပေါ်တွင် အိမ်မွေးတိရစ္ဆာန်ရှိသော သက်ရွယ်မရွေးသည် မောင်းမဆောင်အလား ဆူညံနေခဲ့သည်။ ထိုလူများသည် ချင်ယွန်က မောင်းမတော် ဦးသျှောင်ဖြစ်နေစဉ်တွင် သူတို့ကိုယ်သူတို့ ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ထားကြသည်။
ချင်ယွန်သည် 'ဘုရင်မ' ရာထူးကို တည်တည်ငြိမ်ငြိမ် ပို၍ လက်ခံချင်လိမ့်မည်။ သို့သော်လည်း သူ့လက်ထောက်သည် တစ်ခါက ရေရွတ်ဖူးလေသည် "ဘုရင်မက မောင်းမဆောင်ကို အုပ်စိုးခြယ်လှယ်သင့်တယ်......အဲဒါမှ ကမ္ဘာတစ်လွှားက ကိုယ်လုပ်တော်တွေ အရောင့်မတက်ရဲမှာ......"
ချင်ယွန်သည် မီးတောက်လေးနှင့် လှိုင်းလုံးလေး၏ သတင်းအချက်အလက်ကို ပိုက်ဆံရရှိဖို့ရန် ဖြန့်ဖြူးခဲ့တာ မဟုတ်ချေ။ သူတို့ကို ကာကွယ်ဖို့ရန် လုပ်ဆောင်ခဲ့တာ ဖြစ်၏။ ကွဲပြားသော လူဦးရေထဲတွင် အများက ချစ်ကြပြီး သိပ္ပံပညာရှင်များသည် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုပြီးနောက် သူတို့အခြေအနေကို အလွန်စိတ်ဝင်စားနေကြ၏။ တချို့ သိပ္ပံပညာရှင်များသည် တစ်စုံတစ်ခုကို စွဲလမ်းမိသည်နှင့် လူကျင့်ဝတ် အမှားအမှန် မခွဲခြားနိုင်တော့ပေ။ ထို့ကြောင့် လင်းပိုင်နှစ်ကောင်က ပိုကျော်ကြားလာလေလေ.... လိုက်လံနှောင့်ယှက်သည့် ရန်မှ နည်းလေလေ ဖြစ်၏။
လူထုအမြင်နှင့် သဘောထားသည် သူတို့ကို ကာကွယ်ဖို့ရန် ဒိုင်းသဖွယ် ဖြစ်လာလိမ့်မည်။
သို့သော်လည်း အရာအားလုံး တိုးတက်နှုန်းသည် အားလုံး တွေးထင်ထားသည်ထက် မမျှော်လင့်စရာ ကောင်းလှသည်။ လူသားစာနာမှုသည် အခြေခံထိန်းသိမ်းထားကြပြီး သူတို့၏ လူကျင့်ဝတ် မဖောက်ဖျက်သေးသည်မှာ ထိုချိုးဖောက်ခြင်းမှ အကျိုးကျေးဇူးမရ၍ ဖြစ်၏။
တစ်နှစ်ကြာပြီးနောက်တွင် ဒေါက်တာချူ ဦးဆောင်သည့် သုတေသီအဖွဲ့သည် အလွန်အံ့အားသင့်စရာကောင်းသည့် ရလဒ်ကို ရရှိခဲ့သည်။ ဟော်မုန်းနှင့် ဆဲလ်များသည် ဇီဝရုပ်နှင့် အများပြားပေါင်းစည်းသွားပြီး ဆင့်ကဲဖြစ်စဉ်ဖြစ်ပေါ်လာခြင်း ဖြစ်၏။ မယုံကြည်နိုင်ဆုံး သတင်းသည် သူတို့သည် မျိုးဆက်ပြန့်ပွားနိုင်ခြေ မြင့်မားစေခြင်းဖြစ်လေသည်။
ထိုသတင်းသည် မျိုးဆက်ပြန့်ပွားရေး ပြဿနာ ရင်ဆိုင်နေရသည့် လူသားတွေအတွက် အလွန်အံ့သြဖို့ကောင်းသည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
"ငါ သဘောမတူဘူး...." ချင်ယွန်မျက်လုံးတွင် အေးစက်မှု ပြန့်လာပြီး တင်းမာသည့် လေသံဖြင့် ပြောလိုက်သည်။
ယခု နိုင်ငံမှ ခန့်အပ်ထားသော သုတေသီ ခေါင်းဆောင်သည် လင်းပိုင်ဦး ရေတိုးပွားလာစေရန် မီးတောက်လေးကို အခြားသက်ရှိများ နှင့်ပေါင်းစပ်မျိုးပွားရန် အစီအစဉ်ကို ချပြပြီး လုံလောက်သော သုတေသနပစ္စည်းများလည်း ကမ်းလှမ်းခဲ့ကြသည်။
မီးတောက်လေးကို အခြားသက်ရှိနဲ့ မျိုးပွားဖို့ ခွင့်ပြုရမှာလား....
ထိုအရာကို တွေးမိရုံဖြင့် ချင်ယွန်အတွက် သည်းမခံနိုင်ပေ။
" ဒါက လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့သက်ဆိုင်နေတယ်....မင်းမှာ ကန့်ကွက်ခွင့် မရှိဘူး.....ဒါပေမဲ့ မင်းမှာ သူတို့အတွက် လုပ်ပိုင်ခွင့်တွေ ရှိတယ်.... အဲကြောင့် တစ်နှစ် စဉ်းစားဖို့ အချိန်ပေးမယ်..... ဒီနှစ်မှာငါတို့ မီးတောက်လေးကို အခြားသက်ရှိတွေနဲ့ အပြန်အလှန် ဆက်သွယ်ပေးပြီး ခံစားချက်အချို့ မွေးမြူနိုင်တယ်....." သုတေသီ ခေါင်းဆောင်၏ လေသံမှာ အလျော့ပေးမည့်ပုံ မပေါ်ချေ။
ချင်ယွန် မျက်နှာသည်လည်း မဲမှောင်နေပြီး သုတေသီခေါင်းဆောင်ကို အေးစက်စွာ ကြည့်နေ၏။ သူမျက်လုံးများက မျက်မှောင်ကျုံ့လျက် ရှိနေသေး၏။
ခဏကြာပြီးသည့်နောက်တွင် သူသည် နောက်ဆုံးတွင် လေးကန်စွာ ပြောလိုက်သည် "ငါ နားလည်ပြီ..."
လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းကိုမဖြေရှင်းနိုင်လျှင်တောင် လင်းပိုင်များကို ဆက်လက်ထားရှိရန် လိုအပ်ကြောင်းကို ချင်ယွန် နားလည်သည်။ သူသည်အခြားသက်ရှိများကို ဂရုမစိုက်ချေ။ မီးတောက်လေးကိုသာ ထိုသို့လုပ်ရမည်ကို လက်မခံနိုင်ခြင်း ဖြစ်၏။
ချင်ယွန်သည် မီးတောက်လေးရှိရာ ရေကန်ဆီ သွားပြီး ဆိုးရွားစွာ ခံစားနေရသည့် သူ့စိတ်ကို သက်သာစေရန် အေးဆေးတည်ငြိမ်သော ပင်လယ်ရေကို ငေးကြည့်နေသည်။ သူ လျော့ချလို့ မရသည့် အမျက်ဒေါသသည် နှလုံးသားအထိ လောင်ကျွမ်းသွားလေသည်။
"ဘူး......." ရှန့်ခယ်သည် ရေမှပေါ်ထွက်လာပြီး ချင်ယွန်ဆီသို့ ကူးလာကာ ရွှင်လန်းစွာ အော်ဟစ်ခဲ့သည်။
ချင်ယွန်က ထိုင်ချလိုက်ပြီး သူ့မျက်လုံးများ မှေးမှိန်သွားသည်အထိ ကြည့်လိုက်သည်။
ဘာဖြစ်လို့လဲ......
ရှန့်ခယ်က သူ၏ စိတ်ပျက်အားငယ်နေသည့် ခံစားချက်ကိုသိရှိပြီး ချက်ချင်း ခေါင်းတိုးလာကာ ပွတ်သပ်လိုက်သည်။ ပွတ်ပြီးတဲ့နောက် သူနေလို့ ပိုကောင်းလာလိမ့်မည်။
ချင်ယွန် ရဲ့ နှလုံးသားက ပျော့ပြောင်းပြီး သူသည်လည်း သူ့နောက်ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ သူက မီးတောက်လေး ကိုဘယ်လိုပြောရမလဲ မီးတောက်လေးသည် မည်မျှဉာဏ်ကောင်းသည်ကို သူ ကောင်းစွာသိ၏။ လူသား ပုံသဏ္ဌာန် မရှိတာကလွဲလျှင် သူ၏ အိုင်ကျူသည် လူသားများနှင့် တူညီပေလိမ့်မည်။
သူခဏတာ စဉ်းစားတွေးတောပြီးနောက် သူကမေးလိုက်သည် "မီးတောက်လေး.... မင်းကအခု အရွယ်ရောက်ပြီ....မင်းမှာ ... သဘောကျတဲ့လူ ရှိလား..."
ရှိတာပေါ့.... မင်းလေ....
ရှန့်ခယ်၏ ရေယက်တောင်သည် ချင်ယွန်ခြေထောက်ကို ပုတ်လိုက်လေသည်။
ချင်ယွန်က ထပ်ပြောလိုက်သည် 
"လင်းပိုင်တွေက အခုအရမ်းရှားပါးလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေတာ.... မင်းနဲ့ လှိုင်းလုံးလေးသာ မျိုးဆက်ချန်ရစ်ချင်ရင်.... မင်းတို့နှစ်ယောက်က တခြားမျိုးနွယ်စုနဲ့ မိတ်လိုက်ရမှာကို ငါ စိုးရိမ်မိနေတယ်...... မျိုးနွယ်ကို မင်းကြိုက်ရင်တော့....ဘယ်တိရစ္ဆာန်ပဲ ဖြစ်နေပါစေ..... ငါ ရှာပေးမယ်....."
ရှန့်ခယ်သည် ဒီစကားဝိုင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မိသည်။ ဘယ်သူက မျိုးဆက် လိုချင်တာလဲ.... ပြီးတော့ တခြားမျိုးနွယ်နဲ့ မိတ်လိုက်ဖို့လား.... ဘယ်သူ မျိုးနွယ်စု မတူညီကွဲပြားတာကို အကြိုက်တွေ့နေတာလဲ..... သူ့အတွက် မဖြစ်နိုင်ပေ..... ထို့အပြင် သူသည် လိင်တူနှစ်သက်သူ ဖြစ်၏ ....
လိင်တူကြိုက်တယ်ဆိုတာ ဘာလဲဆိုတာ သိရဲလား.... အင်္ဂလိပ်လိုဆို ဂေးဟု ခေါ်ပြီး လင်းပိုင်ဘာသာစကားတွင် ♂ ဖြစ်၏။
ရှန့်ခယ်သည် သူ့ကို ကြည့်လိုက်ပြီး နောက်ထပ် သူ့ခေါင်းကို ပွတ်ခွင့် မပြုတော့ပေ။ ထပ်၍လည်း ပြုံးမပြတော့ပေ။ သူသည် ဘာလုပ်နေတယ်ဆိုတာ သိသေးရဲလား.... ဒါပေမဒ့ သူ့မျက်လုံးသည် ဒေါသထွက်နေလေသည်။
ချင်ယွန်သည် မီးတောက်လေး ဒေါသထွက်နေတာကို သိပြီး နှစ်သိမ့်လိုက်သည် "စိတ်မဆိုးပါနဲ့.... ဒီအတိုင်း မေးကြည့်ရုံပါ...."
ရှန့်ခယ်က သူမေးတာကို ဒီအတိုင်းမေးတာဟု မယုံကြည်ခဲ့ပေ။ သူက မရှင်းပြသော်လည်း သူသည် အခြားလူများမှ သတင်းအချက်အလက်အချို့ကို ကြားသိခဲ့ရသည်။ ထို့အပြင် ရက်အနည်းငယ်အကြာတွင် ရေနေနို့တိုက်သတ္တဝါများကို လှိုင်းလုံးလေး နှင့်သူ နေထိုင်ရာသို့ ပို့ခဲ့၏....
ဥပမာ - beluga ဝေလငါး၊ ၊ bekuga whale၊ dugong နှင့်အခြားအရာများဖြစ်သည်။
ရှန့်ခယ်သည် နောက်ဆုံးတွင် နားလည်သွားလေပြီ....
လူသားများသည် သူ့ကို မိတ်ဖက်ရွေးချယ်ရန် အခွင့်အရေးပေးနေခြင်း ဖြစ်၏။ နည်းပညာတွေက ဖွံဖြိုးလာပြီလား.... လင်းပိုင်တွေက အခြားမျိုးနွယ်စုတွေနဲ့ သားဆက်ပွားလို့ ရပြီလား....
ရှန့်ခယ်သည် သူ့ရှေ့မှ ရေကူးနေသည့် ရေသတ္တဝါကိုမြင်ပြီး သူ့မျက်နှာသည် တုန်လှုပ်သွားခဲ့လေသည်။
လှိုင်းလုံးလေးသည် ရှန့်ခယ်အနားတွင် နေနေရင်း ဧည့်သည်အသစ်များကို စပ်စုနေလေ၏။ ဖြစ်နိုင်သည်က ထိုထဲမှ တစ်ယောက်သည် နောင်တွင် ဒီကောင်လေး၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာနိုင်ချေ ရှိသည်။
Dugong


Beluga whale



ရှန့်ခယ်သည် လူသားများတွင် မျိုးဆက်ပြန့်ပွားနှုန်း ပြဿနာနှင့် ရင်ဆိုင်နေရမှန်း သိသည့်အပြင် လင်းပိုင်၏ သန္ဓေပြောင်းလဲခြင်းဖြစ်စဉ်သည် ထိုပြဿနာအား ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်လိမ့်မည်ဆိုတာလည်း သိရှိ၏။ လူသားအမြင်မှဆိုလျှင် သူတို့သည် ဘာမှ မှားယွင်းသည့်အရာ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သို့သော် လင်းပိုင်အမြင်မှဆိုလျှင် အလွန်စိတ်မချမ်းသာဖွယ် ဖြစ်ပြီး မသက်မသာ ခံစားရ၏။ သို့သော်လည်း ဤသို့သော အခြေအနေသည် သူတို့နေထိုင်ရာ လောကတွင် ရှောင်ရှား၍ မရပေ။ အားကြီးသူကသာ အုပ်စိုးနိုင်၏။
သူသည် သူ့အသက်စတေးရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် သူသည် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်၏။ လူသားများ၏ သုတေသန လုပ်ငန်းများအတွက် ကုန်ကြမ်းဖြစ်လာဖို့တော့ စိတ်မဝင်စားချေ။ သို့သော်လည်း သူ့အား တခြားသတ္တဝါများနှင့် မိတ်လိုက်ခိုင်းရန် ကြိုးစားသည်လား..... ထိုအရာက သူ့လက်ခံနိုင်မည့်အရာ မဟုတ်ပေ။
"မီးတောက်လေးက သူတို့ကို နှစ်သက်မယ်လို့ ထင်လား......" ကမ်းစပ်တွင် ရပ်နေသည့် သုတေသီတစ်ယောက်က ရေထဲကို စူးစမ်းရင်း သူ့ပါတနာအား မေးလိုက်၏။
"လင်းပိုင်တွေက ချစ်ခြင်းကို အပြင်းအထန် ခံစားတတ်တယ်...... သူတို့သာ တစ်ယောက်ယောက်ကို သဘောကျရင် တခြားမျိုးနွယ်စုပဲ ဖြစ်နေပါစေ မိတ်လိုက်နိုင်တယ်...."
ဘယ်သူကများ ထိုကောလဟာလကို စလွှင့်ခဲ့တာလဲ......
ရှန့်ခယ်သည် ဒေါသထွက်လာသည်။ သူသည် ရေထဲမှ ထွက်လာပြီး ထိုသူနှစ်ယောက်မျက်နှာကို ရေဖြင့် မှုတ်ကာ ပန်းလိုက်သည်။
ထိုလူနှစ်ယောက်သည် ကြောင်တောင်တောင် ပြုံး၍ ပြောလိုက်သည် "ကြည့်ရတာ မီးတောက်လေးက အရမ်းပျော်နေပုံပဲ....."
ဘယ်လိုမျက်လုံးတွေများ ပိုင်ဆိုင်ထားတာလဲ..... ဒါက ပျော်နေတဲ့မျက်နှာလား (╰_╯)
ရှန့်ခယ်သည် မတော်တဆမှုကြောင့် သေဆုံးနိုင်ခြေကို စတင်၍ တွက်ချက်နေပြီး အဆိုးဆုံးသည် ထိုအပိုမစ်ရှင်ကို လက်လျော့ရုံသာ ဖြစ်၏။ သူဒီမှာဆက်နေလျှင် မကြာခင်တွင် သူ့ဂုဏ်သိက္ခာများသည် မလုံခြုံတော့ချေ။ သူသည် ချင်ယွန်ဘေးမှ ထွက်မသွားချင်ပေ။ အကယ်၍ မိတ်လိုက်ရမည့် ပစ်မှတ်က သူဖြစ်နေလျှင် သူသည် မျိုးနွယ်စု ခြားနားချက်ကို ပျော်ပျော်ကြီး ဖြတ်ရဲ၏။
အွန်လိုင်းပေါ်တွင်လည်း လူများသည် မီးတောက်လေး ကိုယ်လုပ်တော် ရွေးချယ်မည့် သတင်းကို သိရှိလာကြသည်။ သူတို့သည် အဆုံးသတ်တွင် မည်သည့် မျိုးနွယ်ကို ရွေးချယ်မလဲဟု အကြိတ်အနယ် ဆွေးနွေးနေကြသည်။
ဘယ်မျိုးနွယ်လဲ..... လင်းပိုင်အကြိုက်က ဂျီးများတယ်ဆိုတာ မသိဘူးလား..... တစ်ယောက်ယော်မှ ဒီအရာက မှားယွင်နေတယ်လို့ မခံစားရဘူးလား....
ယခုအခါ ချင်ယွန်သာလျှင် မီးတောက်လေးသည် ထိုအရာတွင် မပါဝင်ချင်ကြောင်း သိပေမဲ့ အခုချိန်တွင် ဖြေရှင်း၍ မရသေးပေ။
အချိန်အနည်းငယ် ကြာပြီးသည့်နောက် မီးတောက်လေးသည် မျှော်လင့်ထားသည့်အတိုင်း သူ့ကိုယ်လုပ်တော် အလောင်းအလျာများကို စိတ်ဝင်စားခြင်း မပြပေ။ သုတေသီ ခေါင်းဆောင်သည် မေထုန်မဲ့သားစပ်နည်းကို အကြံပြုခဲ့ပြီး ချင်ယွန်ကို အသိပေးခြင်း မရှိဘဲ သုတေသီများနှင့် လျို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြသည်။
ရှန့်ခယ်သည် ကြီးမားသည့်ရေကန်ထဲသို့ dugong နှင့် အတူ ခေါ်ဆောင်ခံရသည်။
Dugongs တွေကို လူသားတွေက တခါတရံ ရေသူမတွေအဖြစ် အထင်မှားလေ့ ရှိကြသည်။ ရှန့်ခယ်သည် မိမိဘာသာ တွေးလိုက်ပြီး ဖြစ်နိုင်တာက အပိုမစ်ရှင်က ဒီအရာနှင့်များ ပတ်သတ်နေမလား....
ရှန့်ခယ်သည် ပြားပြီး ပိန်ချပ်၍ ကြောင်တောင်တောင်ပုံနှင့် dugong ကိုကြည့်လိုက်ပြီး လင်းပိုင်နှင့် dugong မျိုးစပ်၍ ပေါက်ဖွားလာသော နှစ်မျိုးစပ်အကြောင်း မတွေးနိုင်ပေ။
သို့သော် အခုချိန်သည် ထိုအရာကို တွေးတောရန် အချိန်မဟုတ်ပေ။ သုတေသီများသည် သူ့ဆီ ချဉ်းကပ်လာပြီး တစ်ယောက်က ဆေးထိုးအပ် ကိုင်ထားလေသည်။
ဘာလား...... မင်းတို့ရှင်းမပြရင် ဒါကို သူ့ဆီ ထိုးဖို့ စိတ်တောင်မကူးလေနဲ့......
ရှန့်ခယ်သည် သည်းသည်းမဲမဲ ငိုကြွေးရင်း စတင်ရုန်းကန်လာသည်။
သူတို့မျက်နှာတွင်လည်း ဆန္ဒမရှိမှုများ ခြုံလွှမ်းထားပေမဲ့ သူတို့သည် သူ့ကို ထိန်းထားရင်း ဆေးထိုးအပ်သည် သူ့ခန္ဓာသို့ စိုက်ဝင်သွားခဲ့သည်။
သူ့ဂုဏ်သိက္ခာသည် ထိုလူများကြောင့် ဆုံးရှုံးသွားသည်ကိ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ စိတ်ထဲမှ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်
"ချင်ယွန် မင်းမိသားစု မီးတောက်လေးကို ပြည့်တန်ဆာဖြစ်ဖို့ ဒီလူတွေက အတင်းအကျပ် တွန်းအားပေးနေတာလေ..... မြန်မြန်လာပြီး မကယ်သေးဘူးလား.....အယုတ်တမာကြီးရဲ့......"
သူ ချင်ယွန်ကို ကျိန်ဆဲလို့ ပြီးသည်နှင့် ဓာတ်ခွဲခန်းအပေါက်ဝတွင် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုပေါ်လာပြီး သူ့ဆုတောင်းများ ပြည့်ဝသွားခဲ့သည်။
သူသည် မီးတောက်များကို ဖြတ်လာသကဲ့သို့ လျှောက်လာပြီး သုတေသီခေါင်းဆောင်၏ ကော်လံကို ဆွဲကိုင်ကာ ပြောလိုက်သည် "ဘယ်သူက ထိဖို့ ခွင့်ပြုထားလို့လဲ...."
"စိတ်အေးအေးထားပါ..... ကျွန်တော်တို့က စမ်းသပ်မှုလုပ်နေရုံပါ.... သူ့ကို မနာကျင်စေပါဘူး...." ခေါင်းဆောင်သည် မည်သူကမှ သူ့အား ထိုသို့ကော်လံကို ဆွဲမကိုင်ဖူးသည့်အတွက် သူ့မျက်နှာတွင် မသက်မသာ ဖြစ်နေလေသည်။
"ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ မထိနဲ့..." ချင်ယွန်သည် ခေါင်းဆောင်ကို ဘေးဖယ်ပစ်လိုက်ပြီး ရှန့်ခယ်ဘေးသို့ အလျှင်အမြန် သွားလိုက်သည်။
ရှန့်ခယ်သည် သူ့လက်အား ပွတ်သပ်နေပြီး သူ့အပူချိန်သည် ရေပူစမ်းထဲတွင် နေသကဲ့သို့ မြင့်တက်လာကြောင်း ခံစားမိသည်။
"မကြောက်နဲ့တော့....အခု ဒီနေရာက အဝေးကို ခေါ်သွားပေးမယ်..." ချင်ယွန်သည် သူ့အား နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
"ချင်ယွန်....အခု မေထုန်မဲ့သားစပ်နည်းတွေက အရမ်းကို အဆင့်မြင့်လာပါပြီ..... မင်းမှာ ရပ်တန့်ဖို့ အကြောင်းပြချက် မရှိဘူး...." သုတေသီခေါင်းဆောင်က ပြောလိုက်သည် "ဒီစမ်းသပ်မှုက မီးတောက်လေးကို နာကျင်စေမှာ မဟုတ်ဘူး...."
ချင်ယွန်မျက်နှာသည် ရေခဲရိုက်ထားသကဲ့သို့ အေးစက်လာပြီး ထိုလူ့စကားများကို မကြားချင်ယောင်ဆောင်ကာ လျှစ်လျူရှုလိုက်၏။
တခြားလူများအမြင်အရ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာမပေးသရွှေ့ မနာကျင်စေဘူးလို့ သတ်မှတ်ထားပေမဲ့ အသိဉာဏ်ရှိသည့် မီးတောက်လေးအနေဖြင့် ထိုသူများ၏ အပြုအမူသည် အရှက်ခွဲနေသည်မဟုတ်ဘူးလား...... ဘာလို့များ 'သူ' ကို အချိန်ထပ်မပေးရတာလဲ.....'သူ' မျိုးနွယ်စုသည် ဒီနေ့ထိ အသက်ရှင်ကျန်ရစ်နိုင်ခြင်းသည် ကပ်ဆိုးကို ကြုံတွေ့ရပေမဲ့လည်း သူတို့တွင် သူတို့အရေအတွက် မြှင့်ရန် ကိုယ်ပိုင်နည်းလမ်းရှိမည် မဟုတ်ဘူးလား..... ရလဒ်မြန်မြန်ရအောင် ကြိုးပမ်းပေမဲ့လည်း‌ နောက်ဆုံးတွင် ဘာမှမရရှိဘဲ ဖြစ်တတ်သည်။
ခေါင်းဆောင်က တားဆီးပေမဲ့လည်း ချင်ယွန်သည် မီးတောက်လေးကို သူ့ကိုယ်ပိုင် ရေအောက်ပြတိုက်သို့ ခေါ်ဆောင်သွား၏။
ရှန့်ခယ်သည် ထိုသုတေသီများသည် သူ့ကို ဘာဆေးထိုးပေးလိုက်မှန်း မသိရှိချေ။ သူ့အသိသည် မှုန်ဝါးနေလေ၏။ ထိုအရာက ကာမအားတိုးဆေးတော့ ဖြစ်ပုံမပေါ်ပေ။ အကြောင်းရင်းမှာ သူ့တွင် လိင်ဆက်ဆံစိတ် နိုးကြားလာခြင်း မခံစားရ၍ ဖြစ်၏။ သူသည် သွေးများပွက်ပွက်ဆူနေသကဲ့သို့ နွေးထွေးပြီး နေလို့မကောင်းခြင်းသာ ခံစားရသည်။
ချင်ယွန်သည် ဆေးအချို့ထိုးပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည် "မကြာခင် အဆင်ပြေသွားမှာပါ.... မီးတောက်လေး... မကြောက်နဲ့နော်.... ကိုယ် မင်းနဲ့အတူတူ ရှိနေပေးမယ်...."
ရေကန်ထဲတွင် ချင်ယွန်သည် ရှန့်ခယ်ကို ဖက်ထားရင်း ညင်သာစွာ ပွတ်သပ်ပေးနေသည်။
အအေးနှင့်အပူသည် ရှန့်ခယ်ခန္ဓာတွင် ရောနှောနေပြီး ချင်ယွန်အသံကို နားထောင်ကာ စတင်၍ ငိုက်မြည်းလာလေသည်။
ထိုအခိုက်အတန့်တွင် ချင်ယွန်သည် သူ့လက်မှ အပူကို ခံစားမိ၍ စိတ်လွှတ်ကာ လွတ်ပေးလိုက်၏။ သူ မီးတောက်လေးကို ထပ်ကြည့်လိုက်သည့်အခါ သူသည် မီးဘောလုံးနှင့် တူလှသည်။ အပြာရောင်သန်းနေသည့် ခန္ဓာကိုယ်သည် တဖြေးဖြေး အနီရောင် သန်းလာပြီး ဘေးပတ်ဝန်းကျင်ရှိ ရေများသည်လည်း စတင်၍ ဆူပွက်လာခဲ့ပြီး ပူစီဖောင်းများ ထလာခဲ့သည်။
"မီးတောက်လေး....." ချင်ယွန်သည် သတိထားသည့်အနေအထားဖြင့် မမျှော်လင့်သည့် အဖြစ်အပျက်ကို ကြည့်နေမိသည်။
ရှန့်ခယ်သည် နာကျင်မှုကြောင့် ငိုကြွေးနေပြီး ခန္ဓာကိုယ်အား ကွေးထား၏။ မြူများ ဆိုင်းလာပြီးနောက်တွင် ပိုးချည်ကဲ့သို့ ထူထပ်လာကာ သူ့ကို အထပ်ထပ် ရစ်ပတ်သွားခဲ့သည်။
ရေအပူချိန်သည်လည်း တဖြေးဖြေး ပူလာနေပြီး ချင်ယွန်ကို အနီးကပ်မည့် ဖြစ်နိုင်ချေကို တားဆီးထားလေသည်။ သူသည် မီးတောက်လေး ထိုသို့ရစ်ပတ်ခံရသည်ကို စိတ်နဲ့ကိုယ်နဲ့မကပ်စွာ ငေးကြည့်နေခဲ့သည်။
သူသည် ထိုအရာက မည်မျှကြာမြင့်ကြောင်း မသိရှိချေ။ ရေကန်သည် မဆူပွက်တော့ဘဲ မြူများ ကင်းစင်သွားသည့်အခါ သူ့ရှေ့တွင် ရှိနေသည်က ကြီးမားသည့် အဖြူရောင် သားလောင်းပိုးအိမ် ဖြစ်၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now