အပိုင်း ၇၂ ။ မီးတောက်လေးဘဝ

2.4K 426 2
                                    

[Zawgyi]

ရှန့်ခယ်၏ အသိစိတ် ဝိုးတိုးဝါးတား ဖြစ်နေစဉ် သူ့စိတ်ထဲတွင် လင်းပိုင်နှင့် ပတ်သတ်သည့် အချက်အလက်များ လက်ခံရရှိလိုက်ပြီး တဖြေးဖြေး ရှင်းလင်းလာခဲ့သည်။ လွန်ခဲ့သည့် နှစ်၂၀၀မှ ကပ်ဘေးသည် လင်းပိုင်အများအပြားကို သေဆုံးစေခဲ့သော်လည်း သူတို့သည် လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ လူသားတွေ ခန့်မှန်းထားသည့်အတိုင်း အသက်ရှင်နေသည့် လင်းပိုင်များသည် ဆင့်ကဲဖြစ်စဉ်ကို ရရှိခဲ့သည်။ သူတို့၏ မြင့်မားလာသည့် ဆင့်ကဲဖြစ်စဉ်သည် သူတို့၏ သားပေါက်နိုင်စွမ်းပါ ပါလေ၏။ သူတို့သည် အခြားသတ္တဝါအများစုနှင့် အံ့ဝင်ခွင်ကျဖြစ်ပြီး သူတို့ရွေးချယ်သည့် မျိုးစိတ်အဖြစ်တောင် ပြောင်းလဲနိင်ကြသည်။
အမှန်အတိုင်းဆိုရလျှင် မီးတောက်လေးနှင့် လှိုင်းလုံးလေးသည် လင်းပိုင်အစစ်များအဖြစ် ယူဆ၍ မရချေ။ သူတို့သည် ဘိုးဘေးများ၏ မျိုးရိုးဗီဇ လွှမ်းမိုးခြင်းကြောင့် လင်းပိုင်သဏ္ဍာန် ရရှိနေခြင်း ဖြစ်၏။ အကယ်၍ ရှန့်ခယ်သာ ပေါ်မလာခဲ့လျှင် မီးတောက်လေးသည် အခြားသော ရေသတ္တဝါများဖြင့် အံ့ဝင်ခွင်ကျဖြစ်ကောင်း ဖြစ်နိုင်ပြီး လှိုင်းလုံးလေးသည်ပင် မွေးဖွားပြီး မကြာခင် သေဆုံးနိုင်ခြေ ရှိ၏။
လူသားများသည် နှစ် ၂၀၀ ကျော် လင်းပိုင်များ၏ အစအနကို ရှာမတွေ့ခဲ့သည်မှာ အဓိကအချက်သည် သူတို့က တခြားမျိုးစိတ်များ အဖြစ် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပြီး လင်းပိုင်ဗီဇသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ထိန်းသိမ်းထားလေသည်။ အချိန်အချို့ကြာပြီးသည့်နောက်တွင် လင်းပိုင်မျိုးရိုးဗီဇသည် ပြန်လည်နိုးထလာပြီး အရင်က သွင်ပြင်နှင့် မျိုးရိုးဆင့်ကဲလင်းပိုင်ကို မွေးဖွားလာခြင်း ဖြစ်၏။ ဤသို့သော လင်းပိုင်၏ မျိုးဆက်ပြန့်ပွားစွမ်းသည် အားအကောင်းဆုံးဖြစ်ပြီး သူတို့သည် အခြားသော မျိုးစိတ်များနှင့် သားပေါက်နိုင်လေသည်။
ရှန့်ခယ်သည် သူ့ခန္ဓာကိုယ်သည် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေသည်ကို ခံစားမိ၏။ သူ့အသိစိတ် ပြရရှိလာသည့်အခါ သူသည် မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။
ရှန့်ခယ် အဖြူရောင် သားလောင်းပိုးအိမ်အဖြစ် ပြောင်းပြီးသည့်နောက်တွင် ချင်ယွန်သည် စိုးရိမ်မှုနှင့် စိတ်ရှုပ်ထွေးမှု နှစ်မျိုးလုံး ခံစားနေရသည်။ စိတ်အနှောင့်အယှက် မဖြစ်ချင်၍သာ သူသည် ထိုပြောင်းလဲမှုအကြောင်း တစ်ယောက်ကိုမျှ မပြောပြခဲ့ခြင်း ဖြစ်သည်။ သားလောင်းပိုးအိမ်အတွင်းမှ ပြောင်းလဲမှုများကို သိရှိနိုင်ရန် ကိရိယာများကို တပ်ဆင်ခဲ့သည်။ သို့ပေမဲ့ ကိရိယာများသည် အားတစ်ခုကြောင့် ပိတ်ဆို့ခံလိုက်ရပြီး အထဲမှ အခြေအနေကို မသိရှိရချေ။ သို့သော် ချင်ယွန်နှလုံးသားကို စိတ်အေးစေသည်က ပိုးအိမ်အတွင်းမှ လှုပ်ရှားမှုကို ခံစားနေရဆဲကြောင့် ဖြစ်၏။
ရက်အတော်ကြာပေမဲ့ ပိုးအိမ်အတွင်း ပြောင်းလဲခြင်းမရှိပေ။
ချင်ယွန်သည် သုတေသနအဖွဲ့အစည်းများမှ မေးခွန်းထုတ်ခံနေရသည်။ သူသည် အပြင်ကို စိတ်ပြေလက်ပျောက် လေရရန် အပြင်ထွက်သည်ဟု ပြောထားလေသည်။ သူ့ဖြေကြားမှုသည် ပြင်းထန်သည့် ဝေဖန်ချက်တွေ ခံနေရပေမဲ့ ဂရုမစိုက်ခဲ့ပေ။ သူ့၏ နိုင်ငံ့တကာ သြဇာရှိမှုနှင့် ချမ်းသာမှုများကြောင့်သာလျှင် အထက်ကလူများသည် သူ့အား ဘာမှ မလုပ်ရဲခြင်း ဖြစ်၏။
သူတို့တောင် မီးတောက်လေးကို စမ်းသပ်မှုအတွက် သုံးရန် ကြံသေးတာ ..... ဘာကြောင့် သူက မီးတောက်လေးကို ခေါ်ပြီး အပြင်မထွက်နိုင်ရမှာလဲ....
ဒီနေ့တွင် သူသည် ရုံးခန်းတွင် သတင်းအချို့ဖတ်နေစဉ် သူ့နာရီမှ alarm သည်  ရုတ်တရက် ထမြည်လာခဲ့သည်။ သူသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ့ရေအောက်ပြတိုက်ီ ဦးတည်သွားခဲ့သည်။
သူသည် ကတ်ကို ဖြတ်လိုက်ရင်း လျှပ်စစ်တံခါးမှ ဝင်ရောက်လာပြီး အဆောက်အဦးများကို ဖြတ်၍ ပြေးသွားသည်။
သူ နီးကပ်လာသည့်အခါ ရုတ်တရက် ရပ်လိုက်ပြီး အမူအယာသည် အံ့အားသင့်သွားလေသည်။
ရေပေါ်မျှောနေသော ပိုးအိမ်သည် လက်ရှိတွင် ပိုးအိမ်မျှင်များ ပြန့်ကြဲနေပြီး ရေပေါ်တွင် ငွေရောင်ကြာပန်းသဖွယ် ဖြစ်ပေါ်နေသည်။ အလယ်တွင် ကိုယ်လုံးတီး အမျိုးသား တစ်ယောက် ရှိနေ၏။ သူ့ခန္ဓာကိုယ်သည် မိခင်ဗိုက်ထဲမှ သားလောင်းသဖွယ် ကွေးကွေးလေး ဖြစ်နေသည်။ နူးညံ့သည့် အနက်ရောင်ဆံပင်များသည် သူ့မျက်နှာပေါ် ကျရောက်နေ၏။ သူ့အသားပေါ်တွင် ရေစက်လေးများ တွန်းလဲခိုနေပြီး အလင်းရောင်အောက်တွင် မြင်သပ်ရှုမောဖွယ် လှပပေ၏။
သူက ဘယ်သူလဲ..... မီးတောက်လေးက ဘယ်မှာလဲ....
ချင်ယွန်သည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရေကန်ထဲ ညင်သာစွာ ဆင်းလာလိုက်သည်။ သူမြင်ကွင်းသည် လူငယ်လေး၏ ပခုံးပေါ်ရောက်သွားခိုက် အနီရောင် မီးတောက်ပန်းကို မြင်ပြီး မှင်သက်သွားခဲ့သည်။ သူ့ရင်ဘတ်ပေါ်မှ ကောင်းကင်မီးတောက်ပန်းသည် မီးတောက်လေးတွင် ရှိသည့် တက်တူးနှင့် တူလှ၏။
သူက.....မီးတောက်လေးများလား....
ချင်ယွန်သည် အိပ်ပျော်နေသော အမျိုးသားငယ်လေး ကို မယုံနိုင်လောက်အောင် ငေးကြည့်နေမိသည်။ ဤအခိုက်အတန့်တွင် ရေမျက်နှာပြင်ပေါ်ရှိ ငွေပိုးမျှင်များသည် တဖြည်းဖြည်းချင်း ပျော်ဝင်သွားပြီး လေထဲသို့ ဖြေးညှင်းစွာ ပျောက်ကွယ်သွား၏။ ပံ့ပိုးထားသည် မရှိတော့သည်အခါ လူငယ်၏ ခန္ဓာကောက်ကြောင်းသည် တဖြည်းဖြည်း ဆန့်ထုတ်လာပြီးနောက် ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။
ချင်ယွန်သည် ချက်ချင်းပင် ရေထဲသို့ ခုန်ဆင်းလိုက်ပြီး လူငယ်လေးကို လက်ထဲ ပွေ့ချီထားလိုက်သည်။ သူ့လက်ထဲမှ နွေးထွေးနေသော ခန္ဓာကိုယ်အားထိမိစဉ်တွင် တမူထူးခြားသည့် ခံစားချက်သည် နှလုံးသားထဲမှ မြင့်တက်လာ၏။ သူကြည့်လိုက်သည့်အခါ လူငယ်လေး၏ သိမ်မွေ့နူးညံ့လှသော သွင်ပြင်သည် မျက်လုံးထဲ ရောက်ရှိလာခဲ့သည်။
သူလက်သည် မသိမသာ သူနောက်ကျောကို ပွတ်ပေးလိုက်သည်။ ခံစားမှုသည် အဖိုးတန်ကျောက်မျက်ရတနာကဲ့သို့ ချောမွေ့နေပြီး သူနှစ်သက်၏။
"မီးတောက်လေး....." သူ့လက်ချောင်းလေးများဖြင့် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး သူသည် တီးတိုးရေရွတ်လိုက်ရင်း သူနှလုံးသားသည်လည်း ထိန်းမချုပ်နိုင်လောက်အောင် ခုန်လာခဲ့သည်။
သူသည် လူငယ်လေးကို ပွေ့ချီလိုက်ပြီး သူ့အခန်းဆီ အမြန်အဆန် ဂရုတစိုက် ခေါ်သွားခဲ့သည်။ သူ့အိပ်ခန်းဆီ ရောက်သည့်အခါ ချင်ယွန်သည် လူငယ်လေးကို ကုတင်ပေါ် တင်ပေးလိုက်ပြီး လက်နှစ်ဖက်က သူ့၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထောက်ထား၏။ ချင်ယွန်သည် သူ့အား ခေါင်းမှ ခြေဆုံး အကဲခတ်နေသည်။ သူသည် သေချာပြီးသည့်နောက်တွင် လက်ကို အသုံးပြုကာ သူ့လည်ပင်း၊ ပခုံး၊ လက်မောင်း၊ ခါး၊ ခြေထောက်......တို့ကို ပွတ်သပ်လိုက်ပြီး မည်သည့်နေရာပင် ဖြစ်နေပါစေ ..... လူသားနှင့် ခြားနားမှုမရှိချေ။
သူကုတင်ပေါ်က လူငယ်လေးကို ငေးကြည့်နေရင်း အရင်က ဝိုးတိုးဝါးတား ခံစားချက်များသည် အခုချိန် ရှင်းလင်းလာသည်။ သူသည် မီးတောက်လေးကို နှစ်သက်၍ အမှန်တကယ် လိုချင်လှသည်။ အကယ်၍ သူသာ သာမာန်လင်းပိုင်တစ်ကောင်ဆိုလျှင် သူသည် တစ်ဘဝလုံး အကာအကွယ်ပေးသွားမည်။ ဒါပေမဲ့ သူသည် အခု လူသားဖြစ်လာ၍ ချင်ယွန်အတွက် ကောင်းမွန်သည့် အံ့သြမှုဆိုတာ သံသယ ဖြစ်ရန် မလိုချေ။
ချင်ယွန်သည် အနည်းငယ် ခန္ဓာကိုယ် ညွှတ်လိုက်ပြီး နှုတ်ခမ်းအပေါ် နူးညံ့သော အနမ်းလေး ခြွေလိုက်ကာ တီးတိုးပြောလိုက်သည် "ကိုယ့်မီးတောက်လေး...."
နွေးထွေးသည့် နေရောင်ခြည်သည် ပြတင်းပေါက်ကို ဖြာကျလာပြီး ကျယ်ပြန့်သော အိပ်ခန်းကို အလင်းရောက်ရှိလာ၏။ ကုတင်ပေါ်မှ အမျိုးသားသည် မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို မှင်သက်စွာ ကြည့်လိုက်မိသည်။ သူ ရောက်ရှိနေသည့် ဝန်းကျင်ကို သတိပြုမိပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ရှန့်ခယ်သည် ကုတင်မှ ထိုင်လိုက်ပြီး သူ့ခန္ဓာအားစစ်ဆေးရန် ငုံ့ကြည့်လိုက်သည်။ သူသည် ယခု လူသားဖြစ်နေလေပြီ..... သူများ ပြန်ပြောင်း၍ ရဦးမလားဆိုတာပါ သိချင်နေမိ၏။
သူ့စိတ်ထဲမှ အချက်အလက်များကို စီစဉ်ပြီးသောအခါ နောက်ဆုံးတွင် သူသည် လက်ရှိအခြေအနေကို ရှင်းလင်းသွားသည်။ ဤသည်က ဆင့်ကဲပြောင်းလဲလာသည့် လင်းပိုင်များ၏ ထူးခြားသည့် စွမ်းရည် - မျိုးစိတ် သဟဇာတ ဖြစ်ခြင်း ဖြစ်၏။ ပြင်ပမှ ဆေးများဝင်လာခြင်း တုန်လှုပ်မှုကို systemက လက်ခံရသောကြောင့် သူသည် လင်းပိုင်မှ လူသားဖြစ်လာခြင်း ဖြစ်၏။
သူသည် ဘဝတစ်လျှောက်လုံး လင်းပိုင်အဖြစ်သာ ကျန်ရှိနေတာ့မည်ဟု မှတ်ထင်ခဲ့သည်။ သို့သော် သူသည် ပြောင်းလဲနိုင်သည့် လင်းပိုင်ဖြစ်နေကြောင်း မျှော်လင့်မထားခဲ့ချေ။
ချင်ယွန် အခန်းထဲ ဝင်လာသည့်အချိန်သည် ရှန့်ခယ်က ကိုယ့်ဘာသာ စူးစမ်းနေပြီး သူ ဘာဖြစ်သွားကြောင်း မသိဘဲ စိတ်ရှုပ်ထွေးနေဆဲ အချိန်ဖြစ်၏။
ချင်ယွန်ရောက်ရှိလာကြောင်း သိသည့်အခါ ရှန့်ခယ်သည် ခေါင်းကို မော့လိုက်သည်။ ထိုကြည်လင်နေသည့် မျက်လုံးများသည် အရာအားလုံးကို အလင်းပေးနေသကဲ့သို့ ဖြစ်၏။
ချင်ယွန် နှလုံးသားသည် အပူချိန်မြင့်တက်လာပြီး မြန်မြန် သူ့ဘေးသို့ လျှောက်လာလိုက်သည်။
ရှန့်ခယ်သည် သူ့ကိုမြင်သည့်အခါ လုပ်နေကျအတိုင်း နောက်ကျွမ်းထိုး လိုက်၏။
သူသည် တစ်ဝက်တစ်ပျက်ရှိနေဆဲတွင် လက်တစ်စုံသည် တားဆီးလိုက်ပြီးနောက် ညင်သာသည့် အသံက ထွက်ပေါ်လာသည် "မီးတောက်လေး..... မင်းက အခုရေထဲမှာ မဟုတ်ဘူးလေ..... ပြုတ်ကျလိမ့်မယ်နော်..... ဂရုစိုက်ဦး...."
ရှန့်ခယ်သည် စကားပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း လည်ချောင်းထဲမှ အသံသည် လင်းပိုင်အသံသာ ထွက်ပေါ်လာဆဲ ဖြစ်၏။
ကြည့်ရသည်မှာ သူသည် ပုံမှန်စကားပြောနိုင်ရန် လေ့ကျင့်ရမည့် အချိန်လိုအပ်လေသည်။
ရှန့်ခယ်သည် ချင်ယွန်လည်ပင်းအား ဖက်ထားလိုက်ပြီး မှီထားသည်မှာ ခိုအားလား အလား ဖြစ်၏။
ချင်ယွန်သည် ကိုယ့်ဘာသာတွေးလိုက်ပြီး မီးတောက်လေးသည် ပြောင်းလဲပြီးနောက်တွင် သာမာန်လူတစ်ယောက်၏ အလေးချိန်ဖြစ်နေခြင်းကို ကျေးဇူးတင်မိ၏။ အကယ်၍များ သူသာ ကီလိုဂရမ် ရာကျော်ဖြစ်နေဆဲဆိုလျှင် သူ့မည်မျှပင် သန်မာစေကာမူ မပွေ့ချီနိုင်လောက်ပေ။
ချင်ယွန်သည် နှလုံးသားထဲ သိမ်းဆည်းထားလိုက်ပြီး ညင်သာစွာ မေးလိုက်သည် "ဗိုက်ဆာနေလား.... မင်းအတွက် တစ်ခုခု စားကောင်းတာ ပြင်ပေးမယ်လေ......"
ရှန့်ခယ်သည် ခေါင်းကိုညိတ်ကာ ဝမ်းဗိုက်ကို ပွတ်ပြလိုက်ပြီးနောက် ချင်ယွန်ဗိုက်ကိုပါ ပွတ်သပ်လိုက်၏။ တော်သေး၏ သူ့တွင် ချင်ယွန်ကဲ့သို့ ကြွက်သားများ မရှိသော်လည်း အဆီဗိုက်တော့ မဟုတ်ချေ။
ချင်ယွန်သည် သူ့၏ လှုပ်ရှားမှုအားလုံးကို အနီးကပ် အာရုံစိုက်ထား၏။ သူ့တွင် ချစ်စရာကောင်းပြီး ရယ်စရာကောင်းသည့် အချက်များရှိနေသည်ဟု ခံစားရပြီး နှစ်မိနစ်လောက် ကျယ်လောင်စွာ ရယ်မောမိသွားသည်။
"အရင်ဆုံး အဝတ် အရင်ဝတ်ရအောင်လေ......" မီးတောက်လေးသည် လူသားအဖြစ် ပြောင်းလဲလာခါစ ဖြစ်၍ လူသားအဝတ်များသည် မည်မျှ ဒုက္ခများကြောင်း မသိလောက်ပေ။ ချင်ယွန်သည် သူ့အား ပုံမှန် နေထိုင်နိင်ရေးနှင့် ခံစားချက်များ တိုးတက်လာရေးအတွက် ဆရာဖြစ်ရန် လိုလား၏။ သူသည် ထိုအကြောင်းကို တွေးမိသည်နှင့် စိတ်လှုပ်ရှားလာ၏။
ချင်ယွန်သည် သူ့အား ချပေးလိုက်ပြီး အဝတ်ဘီရိုဆီ သွားကာ သူ့အကျီကို ထုတ်ယူလာရင်း ကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သည်။
ရှန့်ခယ်သည် ချင်ယွန် သူ့အား လုပ်ဆောင်ပေးနေသည်ကို အားရပါးရပြုံးကာ ခွင့်ပြုပေးထား၏။ သူသည် အဖြူရောင် ကြာပန်းလေးသကဲ့သို့ သွင်ပြင်နှင့် မျက်နှာနှစ်ဖက် အကြံစည်ရှိသည့် လင်းပိုင်ဖြစ်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းစွာ ဝတ်ဆင်ပြီးနောက်တွင် ချင်ယွန်သည် ရှန့်ခယ်လက်ကို ဆွဲကာ အခန်းမှ ထမင်းစားခန်းသို့ ခေါ်သွားခဲ့သည်။
ချင်ယွန်သည် သူသည် ချက်ပြုတ်ထားသည်များကို မစားနိုင်မှာ စိုးရိမ်၍ ငါးအသားလွှာသာ ပြင်ဆင်ပေးခဲ့သည်။ သူ့အတွက် ဆေးဖက်ဝင် အသားကင်၊ ပန်ကိတ်အသေးလေးနှင့် စွတ်ပြုတ်တို့ ပြုလုပ်ထားသည်။
ရှန့်ခယ်သည် ချင်ယွန်ဘေးထိုင်လိုက်ပြီး သူ့ ငါးအသားလွှာကို တစ်လှည့် သူ့၏ အငွေ့တစ်ထောင်းထောင်း ထနေသည့် အသားကင်ကို တစ်လှည့်ကြည့်နေ၏..... ထိုသည်က မတရားပေ။
ချင်ယွန် စွတ်ပြုတ်သောက်သည့် အချိန်ကို အခွင့်ကောင်းယူပြီး သူ့အတွက် ပန်ကိတ်ကို အနားလေး သပ်ယူလိုက်သည်။ သူစားပြီးနောက်တွင် ခရင်းကို သုံးကာ အကင်တုံးကို ခိုးယူလိုက်၏။
ဒုတိယအကြိမ်မြောက် ယူမည့်အချိန်တွင် ချင်ယွန်သည် တားလိုက်သည် "အများကြီး မစားနဲ့လေ...... ခန္ဓာကိုယ် စစ်ဆေးပြီးတဲ့အထိ စောင့်ဦး..... မင်း အဆင်ပြေတာ သေချာတာနဲ့ မင်းစားချင်တာ စားလို့ ရပြီ...."
ရှန့်ခယ်သည် ထိုအပေါ်တွင် အတွန့် မတက်ပေ။ သူ့အခြေအနသည် ထူးခြားလှသည်။ အကယ်၍များ လောဘကြောင့် အစာအဆိပ်သင့်လျှင် ဒုက္ခများလိမ့်မည်။
ချင်ယွန်သည် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး တော်ကြောင်း ချီးမွမ်းသည့်ဟန် ပြုလုပ်ပေးလိုက်သည်။
သူတို့စားပြီးသည့်နောက်တွင် ချင်ယွန်သည် သူ့အား ခန္ဓာကိုယ်စစ်ဆေးရန် ဆေးကုသရေးအခန်းဆီ ခေါ်သွားခဲ့သည်။ ရလဒ်သည် သူရရှိသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် တည်ဆောက်ပုံများသည် လူသားနှင့် ထပ်တူကျနေသည်။ အခြားအချက်များအတွက် သူတို့သည် ပို၍ လေးနက်သည့် စစ်ဆေးမှုမျိုးလုပ်ဆောင်ရန် လိုအပ်၏။
"မီးတောက်လေး.... မင်း နောက်ထပ် လင်းပိုင်အဖြစ် ပြန်ပြောင်းနိုင်သေးလား..." ချင်ယွန်က မေးလိုက်သည်။
ရှန့ခယ်သည် ခဏတာတွေးလိုက်ပြီးနောက်‌ ခေါင်းညိတ်ပြလိုက်သည်။ ပထမဆုံးအကြိမ် ပြောင်းလဲပြီးနောက်တွင် သူသည် မျိုးစိတ်နှစ်ခုကြား လွတ်လပ်စွာ ကူးပြောင်းနိုင်မည်ဟု ယုံကြည်သည်။
ချင်ယွန်နှုတ်ခမ်းများသည် ပျော်ရွှင်စွာ ကွေးညွှတ်သွား၏။ သူသည် ထိုအဖြေကို အလွန်ကျေနပ်လေသည်။
သူတို့နှစ်ယောက် အဆောက်အဦးအပြင်ဘက် ရောက်သည့်အခါ ရှန့်ခယ်သည် ရေပြင်ကို ကြည့်ကာ လေချွန်လိုက်၏။ မကြာခင်တွင် လှိုင်းလုံးလေးသည် ရေထဲမှ ထွက်ပေါ်လာသည်။ သူသည် အရင်ဆုံး ချင်ယွန်နှင့် ရှန့်ခယ်အား ကြည့်လိုက်သည်။ ထို့နောက် လိုက်လံ ရှာဖွေ ကြည့်ရှုနေ၏။
ထူးဆန်းလိုက်တာ.... မီးတောက်လေးရဲ့ လေချွန်သံကို ရှင်းရှင်းလင်းလင်း ကြားရဲ့သားနဲ့ ဘာကြောင့် မတွေ့တာလဲ.....
ရှန့်ခယ်သည် ဒူးထောင်ထိုင်လိုက်ပြီး လှိုင်းလုံးလေးအား ပြုံးပြလိုက်သည် -- ဘာတွေလျှောက်ကြည့်နေတာလဲ.... ငါက ဒီမှာလေ....
လှိုင်းလုံးလေး၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ့ပထမ တုံ့ပြန်မှုသည် မီးတောက်လေးသည် လူသားအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ မီးတောက်လေး ခေါင်းပေါ်တွင် အမွှေးရှည်များ ရှိနေခြင်း ဖြစ်၏။ ကိုယ့်ဘာသာ မုန်းတီးနေသည့်ပုံစံကို ဘာကြောင့်များလဲ...... လှိုင်းလုံးလေးသည် သူ့၏ အကောင်းမြင်စိတ်သည် ထိခိုက်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
ရှန့်ခယ်သည် အလင်းဖျော့ဖျော့ ပင်လယ်ရေကို ကြည့်ပြီး ထိုအရာ၏ ဆွဲဆောင်မှုကို မကျော်လွှားနိုင်ပေ။ သူသည် အသက်ဝအောင်ရှုလိုက်ပြီး ခြေထောက်များကို ဆန့်ထုတ်ကာ ခုန်ချမည့်ဆဲဆဲတွင် ချင်ယွန်က ဆွဲခေါ်လိုက်သည်။
"ခဏလေးနေဦး.... အလျှင်မလိုပါနဲ့....." ချင်ယွန်သည် ခါးမှ ဆွဲခေါ်ကာ တခြားဖက်သို့ ခေါ်ဆောင်သွား၏။
ဘာတွေလုပ်နေတာလဲ.....
ရှန့်ခယ်သည် ဦးခေါင်းကို မော့ကာ ချင်ယွန်အား ဘုမသိဘမသိပုံစံဖြင့် ကြည့်လိုက်သည်။
"မင်းအတွက် identity တစ်ခုစီစဉ်ပေးထားတယ်.... နာမည်က ဟိုင်ယန်..... ရေအောက်ပြတိုက်ရဲ့ မျိုးဖောက်သူ...." ချင်ယွန်သည် ရှင်းပြလိုက်သည်။
Eng TL Note: သူ့နာမည်သည် ပင်လယ်မီးတောက် အဓိပ္ပါယ်ဖြစ်၏ -- လှိုင်းလုံးလေး= ဟိုင်ယန် -- မီးတောက်လေး= ဟွိုးယန်
ဟိုင်ယန်လား.... မီးတောက်လေးနှင့် လှိုင်းလုံးလေး ပေါင်းထားတာလား.... နာမည်ကို တွေ့ကရာမပေးလို့ မရဘူးလား..... သူ့ရဲ့ အမြင်ကို အရင်မေးကြည့်သင့်တယ် မထင်ဘူးလား..... သူ့မှာလည်း ကိုယ်ပိုင်နာမည် ရှိရင် ရှိမှာပေါ့.....
ချင်ယွန်သည် ရှန့်ခယ်ကို ခန်းမဆီ ခေါ်ဆောင်ပြီး ဒါရိုက်တာချင်အား အမြဲတမ်း ရုပ်တည်ကြီးနှင့် တွေ့ရလေ့ရှိသော ဝန်ထမ်းများသည် ချင်ယွန် တစ်ယောက်ယောက်အား .ရင်းနီးစွာ ဆွဲခေါ်လာသည်ကို မြင်သည့်အခါ ကိုယ့်မျက်လုံးများပင် မယုံနိုင်ချေ။
သူတို့သည် ရှန့်ခယ်ကို ကြည့်လိုက်သည့်အခါ သူ၏ ထူးခြားလှသည့် သွင်ပြင်ကြောင့် မှင်သက်သွားကြပြီး အဆွဲဆောင်ခံလိုက်ရ၏။ သူသည် လှပရုံသာမက သူ့မျက်လုံးများသည် ဖြူစင်သည့် နီလာကဲ့သို့ ပြာရိပ်သမ်းနေသည်။
ချင်ယွန်သည် အားလုံးက ရှန့်ခယ်အား မျက်လုံးမလွဲဘဲ ဝိုင်းကြည့်နေသည့်အခါ စိတ်မကြည်လင်တော့ချေ။ သူသည် သုံးမိနစ်သာ ကြာမြင့်သော မိတ်ဆက်မှုမျိုးကို လုပ်ပေးလိုက်ပြီး ရှန့်ခယ်နှင့် ထွက်သွားလိုက်သည်။ သူသည် သူတို့အားလုံးအား ရှန့်ခယ်နှင့် ရင်းနှီးမည့်အခွင့်အရေး စိုးစဉ်းမျှ မပေးချင်ပေ။
ချင်ယွန်သည် ရုတ်တရက် အလွန်နောင်တရသွား၏။ သူသည် မီးတောက်လေးအား လူအများရှေ့သို့ မြန်မြန် ခေါ်မသွားခဲ့သင့်ပေ။ သူ့အား အရင် လူသားဘဝနှင့် ရင်းနှီးကျွမ်းဝင်စေပြီးမှသာ စီစဉ်သင့်၏။ ဒါပေမဲ့ သူသည် အားလုံးအား သူ့မီးတောက်လေးကို သိချင်စေသည်။ သူသည်ကား သူ့ရတနာလေးဖြစ်ကြောင်း သိစေချင်၏။
ချင်ယွန်သည်သူ့လက်ထဲမှ လူသားကို ငုံ့ကြည့်လိုက်သည်။ သူသည် မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။ ရှန့်ခယ်နိုးထလာကတည်းမှ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သို့သော် သူ့၏ နဂို အေးစက်စက်မျက်နှာထားနှင့် လူများသည် မပြောနိုင်ကြချေ။
"မီးတောက်လေး...." ချင်ယွန်သည် တိတ်တခိုး ခေါ်လိုက်၏။
"ဟင်...." ရှန့်ခယ်သည် ခေါင်းကို မော့ကာ အသံထွက်လာပြီးနောက် နွေးထွေးသည့် နှုတ်ခမ်းဖျားမှ ခံစားချက်ပါ ရရှိလိုက်သည်။ သူတို့နှစ်ဦးသည် လူသားနည်းလမ်းဖြင့် နှုတ်ခမ်းချင်း ဆက်နွယ်ခဲ့ကြခြင်း ဖြစ်၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now