အပိုင်း ၈ ။ ​ကေ့(ခ်ျ​) ဘဝ

15.8K 2.3K 94
                                    

[Zawgyi]

အင်​တာနက်​​ပေါ်ကအငြင်းပွားမှု​တွေက ပြင်းထန်​သထက်​ ပြင်းထန်​လာတဲ့အတွက်​ ​ကေ့(ခ်ျ​)ကို လူလုံးပြထွက်​လာဖို့​တောင်းဆိုတာ​တွေကလည်း​​များသထက်​များလာတယ်

ရာဗယ်​(လ်​)က ​ကေ့(ခ်ျ​) အ​နှောင့်​အယှက်​မဖြစ်​​စေဖို့ ဒီသတင်း​တွေကိုပိတ်​ထားတယ်

"မနက်​ဖြန်​ ကိုယ်​တို့ စစ်​သင်္ချိုင်းမှာ အာဇာနည်​အထိမ်းအမှတ်​အောက်ေ​​​မ့ပွဲကျင်းပမယ်
မင်းရဲ့နာမည်​ကို ကိုယ်​ကိုယ်​တိုင်​​ဖြေရှင်း​ပေးမယ်​"

မနက်​ဖြန်​လား...မနက်​ဖြန်​က ရာဗယ်​(လ်​) စနိုက်​ပါနဲ့ပစ်​ခံရမဲ့​နေ့မလား..!

ဟေ့..မင်းအသက်​ရှင်​ချင်​ရင်​ ငါ့ကိုပါ​ခေါ်သွား!
ရှန့်​ခယ်​ ရာဗယ့်​(လ်​)လက်​​မောင်းကို ဆွဲလိုက်​တယ်
မျက်​၀န်းထဲမှာ ​မျှော်​လင့်​ချက်​အပြည့်​နဲ့..

"မင်းသွားချင်​လို့လား..."
ရာဗယ်​(လ်​) ​တောက်​ပ​တဲ့မျက်​၀န်း​တွေကို စိုက်​ကြည့်​​နေတယ်

ရှန့်​ခယ်​ ​​ခေါင်းကိုအ​သေညိတ်​လိုက်​တယ်

"မင်းသွားလို့မဖြစ်​ဘူး..​အောက်​​မေ့ပွဲမှာ လူ​တွေအများကြီး​နေမှာ မင်းကို​​မ​မျှော်​လင့်​ထားတာတစ်​ခုခုဖြစ်​လာရင်​ဘယ်​လိုလုပ်​မလဲ..."
ရာဗယ်​(လ်​)စကားဆုံးသွားတဲ့အချိန်​မှာပဲ ​ကေ့(ခ်ျ​)
မျက်​၀န်း​တွေကပို​တောက်​ပလာပြီး ​တလက်​လက်​​တောက်​​ပ​နေတဲ့​ကျောက်​စိမ်းတုံးလို အလင်း​ရောင်​​တွေက ​ပြေးလွှားနေတယ်

မ​မျှော်​လင့်​ထားတာဖြစ်​လာမှာမင်းပါဆို!
မင်းငါ့ကိုမ​ခေါ်သွားရင်​ ​နောင်​တရလိမ့်​မယ်​​နော်​!

ရှန့်​ခယ်​ ရာဗယ့်​(လ်​)ကို တလက်​လက်​​တောက်​ပ​နေတဲ့ မျက်​၀န်းဝိုင်း​ကြီး​တွေနဲ့စိုက်​ကြည့်​​နေတုန်းပဲ

ရာဗယ်​(လ်​) သူ့ကို နှစ်​မိနစ်​အကြာ မျက်​နှာချင်းဆိုင်​ပြီး​နောက်​​တော့ အရှုံး​ပေးလိုက်​ရတယ်
"​ကောင်းပြီ​လေ...ကိုယ်​ ခန်းကို လုံခြုံ​ရေး
ပိုတင်းကြပ်​ခိုင်းလိုက်​မယ်​​နော်​"

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now