အပိုင်း ၄၇ ။ မှိုပွင့်ဘဝ

6K 1K 17
                                    

[Zawgyi]

ရှန့်ခယ်နဲ့ ယန်လု ယွီဝမ်ကျဲ့ကို ရှလျန်မြို့ဆီကို့ခေါ်လာခဲ့သည်။ ယွီဝမ်ကျဲ့မှာက သူ့ဂိုဏ်းကိုဆက်သွယ်ဖို့ လျှို့ဝှက်နည်းကိုအသုံးပြုလိုက်သည်။ပြီးတော့ အချိန်တစ်ခုအတိုင်းအတာအထိ အနားယူဖို့တည်းခိုခန်းတစ်ခုကိုရှာတယ်။

ယွီဝမ်ကျဲ့ကသုံးခန်းငှားလိုက်ပေမဲ့ ယန်လုကတော့သူ့အခန်းကိုသူမသွားပေ။ အဲအစား အရင်အတိုင်း ရှန့်ခယ်အခန်းထဲပဲလိုက်ဝင်လာတယ်။

"မင်းအတွက်အခန်းငှားပေးတာတောင်မသုံးဘူး ဘာလို့မငှားခင်တစ်ခွန်းမှမဟတာလဲ" ရှန့်ခယ်ကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"သူကသူ့ဟာသူငှားတာ ငါကလည်းငါ့နေရပ်လေးမှာပဲနေတာလေ သူနဲ့ဘာဆိုင်လို့လဲ"
ယန်လုက ထိုင်ကာ ပြတင်းပေါက်ကိုမှီပြီး သူအဲနေ့က ကောက်ယူလာတဲ့ လေဟာနယ်လက်စွပ်ကိုထုတ်လိုက်သည်။အဲထဲကနေ ရှည်သွယ်သွယ်ကျောက်စိမ်း အချောင်းတစ်ခုထုတ်လိုက်သည်။

ရှန့်ခယ်ကအနားတိုးလာကာမေးသည်။
"ဒါဘာကြီးလဲ"

"ကျင့်ကြံစဉ်နည်းလမ်းတစ်ခုလေ" ယန်လုက ကမ်းပေးလိုက်သည်။

ရှန့်ခယ်က သူ့ပါဝင်ပစ္စည်းများကို စိတ်အာရုံနှင့် စစ်ကြည့်လိုက်သည်။ သူ့အတွက်တော့ရှုပ်ထွေးစရာအာရုံခံလို့မရသည့်စာအုပ်ဖြစ်နေသည်။။ လူမဟုတ်သည့်သူများကျင့်ကြံသည့်လမ်းစဉ်က လူများနှင့်အင်မတန်ကွာခြားချေသည်...။သူတို့က သတ်သတ်မှတ်မှတ်နည်းလမ်းမရှိဘဲ ကောင်းကင်နှင့်မြေကြီး၏ အာဟာရဓာတ်များကိုသာစုပ်ယူရန်လိုလေသည်။ ဒါကြောင့်သူတို့ကျင့်ကြံသည့်အမြန်နှုန်းကလူသားများနှင့်ယှဉ်ရင်တော့ငိုချင်စရာကောင်းလောက်အောင် နှေးကွေးလေရဲ့...။ပြီးတော့ ယန်လုအတွက်လည်း စံပြကောင်းဖြစ်ရဦးမယ်ဆိုတော့ မိစ္ဆာမှိုလေးရှန့်ခယ်ခမျာလူတွေရဲ့စွမ်းအင်ကိုဘယ်တော့မှမစုပ်ယူရရှာဘူး။ ဒါကြောင့်သူ့ကျင့်ကြံဆင့်အမြန်နှုန်းကခရုထက်တောင်နှေးသေးသည်။

"မင်းအဲဒါနဲ့ကျင့်ကြံလို့ရလား" ရှန့်ခယ်ကယန်လုကို တောက်ပစွာကြည့်လာသည်။ သူအာရုံခံကြည့်လို့မရပေမဲ့ ဒါက သမာသမတ်ကျသည့်ကျင့်ကြံစဉ်လမ်းဖြစ်မယ်မှန်းတော့သိသည်။ ယန်လု လိုအပ်နေတာက လုံးဝကိုပြီးပြည့်စုံပြီးသမာသတ်ကျတဲ့ကျင့်ကြံစဉ်နည်းလမ်းပဲ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now