အပိုင်း ၈၄ ။ ယွဲ့ကျယ်ဘဝ

4.7K 892 34
                                    

[Zawgyi]

"ဒါမင်းရှာထားတဲ့ ကားပြိုင်သူလား" ယာ့လီ မျက်ဝန်းထဲ အံ့သြမှုက ဖြတ်ပြေးသွားခဲ့သည်။
"သူ့နာမည်ကဘာလဲ"

"ရှန့်ကျယ်တဲ့"
ယီယွင်က ရှန့်ကျယ်ကိုလာဖို့ အချက်ပြလိုက်ပြီး ယာ့လီကို သတိပေးလိုက်၏။
"သူက ငါ့ဦးရီးတော်ရဲ့လူလေ၊ ဘာမှလုပ်ဖို့ မကြိုးစားနဲ့"
တကယ်တော့ လုရှုဖန် ရှန့်ခယ်ကို ဖုန်းကနေ ပြောသွားတဲ့အရာက သူ့အတွက်လည်း အဓိပ္ပါယ်ပါဝင်နေသည်။ 'ပြဿနာတစ်ခုခု တက်ရင် ငါ့ကိုဖုန်းခေါ်' လို့ရှန့်ကျယ်ကိုပြောခြင်းက ထိုအဆင့်ထိမရောက်ခင် ဖြစ်လာနိုင်သည့် ပြဿနာတွေကို သူကြိုရှင်းရမည်ဆိုတာပင်။

ယာ့လီက မျက်ခုံးတစ်ဖက်ပင့်ပြီး စိတ်မကောင်းဟန် ပြုံးလိုက်သည်။
"အော်၊ နှမျောစရာပဲ"

ယွဲ့ရွှမ် သူတို့ကြားက စကားတွေကိုကြားရလေလေ မျက်နှာထားကပိုပြီးဆိုးရွားလာလေလေဖြစ်နေသည်။ ရှန့်ခယ်ကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများက မယုံကြည်နိုင်မှုနှင့် မနှစ်မျို့ခြင်းများ ကြီးထွားလာမှုနှင့် ပြည့်နေသည်။

"ယွဲ့ရွှမ်၊ ကိစ္စတစ်ခုခုရှိလို့လား"
ယာ့လီက ယွဲ့ရွှမ်၏ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိသွားပြီး လက်တန်းမေးလိုက်သည်။

"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
ယွဲ့ရွှမ်က ဒီအခွင့်အရေးကို အလဟဿဖြစ်အောင်မလုပ်မိစေရန် သူ့ကိုယ်သူသတိပေးလိုက်သည်။ စာချုပ် ထိန်းသိမ်းသူအနေနှင့်ယွဲ့ကျယ်တွင် မည်သည့်ခံစားချက်မှမရှိပေ။ သူ့ဘက်ကနေ စပြီးအသိအမှတ်ပြုလာမည်က လုံးဝမဖြစ်နိုင်ပေ။ သူသာ ယွဲ့ကျယ်ကို မရှိသလို ပြုမူရင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။

သို့သော်ငြား အပြစ်ရှိသောအသိစိတ် ဖြစ်နေသော လူတစ်ယောက်က မူလရင်းမြစ်ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ။ ယွဲ့ကျယ် စာချုပ် ထိန်းသိမ်းသူဖြစ်သွားခြင်း အပြစ်က သူနှင့်သူ့အမေအပြစ်လုံးလုံးဖြစ်သည်။ ယွဲ့ကျယ်ကို ဖြန့်ဝေရေးစင်တာတွင်ထားခဲ့လျှင် ထာဝရ ရှင်းပစ်လိုက်ရာကျမည်ဟု တွေးခဲ့မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ယွဲ့ကျယ်ကဲ့သို့ လှပသည့် စာချုပ်ထိန်းသိမ်းသူများက ဖြန့်ဝေရေးစင်တာတွင် အင်မတန်နာမည်ကြီးသည်။ လွှမ်းမိုးမှုရှိသော အမတ်များက အိပ်ရာအဖော်များရှာရတာ ဒါမှမဟုတ် ထိုနေရာတွင် ကစားရသည်ကို သဘောကျကျသည်။ စာချုပ်ထိန်းသိမ်းသူများ၏ တိုတောင်းသောသက်တမ်းကြောင့် သူတို့ကိုအလုပ်ခန့်သည်နှင့် တစ်ဘဝစာအလုပ်ခန့်ခြင်းပင်။ ပြီးတော့ သူတို့ မလေးမစားပြုခံရ နှိပ်စက်ခံရရင်တောင် ညည်းညူကြမည်မဟုတ်ပေ။ သူတို့ ခန္ဓာကိုယ်က သာမန်လူများကဲ့သို့ နာကျင်မှုကိုခံစားရသော်ငြား သူတို့ဒေါသပေါက်ကွဲဖို့ရာ ခံစားချက်များကို အသုံးမချနိုင်ပေ။ သူတို့က နှိပ်စက်မှုကို အလုပ်တာဝန်တစ်ခုဟုသာ မှတ်ယူတတ်ကြ၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now