အပိုင်း ၅၃ ။ မှိုပွင့်ဘဝ

5.5K 936 16
                                    

[Zawgyi]

ယန်လုက ဘာအဆင်အယင်မှ မပါသည့် အပြာနုရောင် ဝတ်ရုံရှည်ကို ဝတ်ထားသည်။ သူ့ခါးတွင် ရွှေရောင် ခါးစည်းကြိုး ချည်ထားကာ အရှေ့ဘက်ခြမ်းက အင်္ကျီတစ်ဝက်ဟထားသည်။ သူရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ကြွက်သားများက ပေါ်လွင်နေသည်။ သပ်ရပ်စွာဝတ်ဆင်တတ်သည့် ကျင့်ကြံသူများနှင့်မတူဘဲ ယန်လုပုံစံက တင့်တယ်မှုနှင့် ထိန်းသိပ်ကွပ်ကဲမှုအနည်းငယ်လျော့ရဲနေကာ ပိုပြီး အထိန်းအကွပ်မဲ့ ထိန်းမရသိမ်းမရပုံစံဖြစ်လာသည်။ ဆံနွယ်နက်များက လေထဲဝေ့ဝဲနေကာ အေးစက်သည့်မျက်ဝန်းများကတော့ အထင်အမြင်သေးစွာကြည့်နေသည်။ သူ့ထံတွင် လူတွေသူ့ကို မကြည့်ရဲအောင် လုပ်သည့် အေးစက်လှသောအရှိန်အဝါရှိသည်။

သူ့ဘေးတွင်တော့ ရှန့်ခယ်...။ သူ့ဆံနွယ်များက နှင်းများသဖွယ် ဖြူဖွေးကူ အင်္ကျီကတော့ အနီရင့်ရောင်ပင်။ သူက
ဆိုးညစ်မှု ကင်းစင်ကာ သန့်စင်လှသည်။ ငွေ့ရည်သန်း ဇာမဏီမျက်ဝန်းတစ်စုံက ကောင်းကင်မှ ကြယ်များကိုတောင် ဆွဲဆောင်နိုင်သည်။ သူက ချစ်ဖို့ကောင်းပြီးနူးညံ့လှသည်။

သူတို့၏ သဘာဝက တောင်နှင့်မြောက်ကဲ့သို့ ဆန့်ကျင့်ဘက်လုံးလုံးဖြစ်ပေမဲ့ နှစ်ယောက်သားအတူတူဆိုလျှင် ပြီးပြည့်စုံလှသည့် အငွေ့အသက်ကို ဖြစ်စေသည်။ နှစ်ယောက်လုံးက ယှဉ်ပြိုင်မရသည့် အလှတရားနှင့် ခန့်ညားမှုကို ပိုင်ဆိုင်ထားလေ၏။

လူတိုင်း၏ အကြည့်က သူတို့ပေါ်သာရောက်နေသည်။ နတ်ဘုရား၏ ခွန်အားကို ရင်ဆိုင်ပြီးတာတောင် ပျံသန်းနိုင်သည့်အတွက် နှစ်ယောက်သားခွန်အားက ထူးခြားလှတယ်ဆိုတာ ထင်ရှားလေသည်။

အမှန်ကတော့ ရှန့်ခယ်မှာ တောက်ပညာရှင် လော့ဟယ်လက်ဆောင်ပေးခဲ့သည့် မသေမျိုးချီကို စုပ်ယူကာ သူ့ရဲ့ အတွင်းအမြုတေကို ပြန်လည်တည်ဆောက်ပြီး စွမ်းအင်အစစ်အမှန်နှင့် မသေမျိုးချီကို ရောနှောသွားစေလိုက်သည်။ သူက နတ်ဝိဇ္ဇာအဆင့်သာ ရောက်သေးပေမဲ့ ကျင့်ကြံမှုကတော့ အဆင့်တူချင်းထက် သာလေသည်။

သူနှင့် အတူ ယှဉ်တွဲလေ့ကျင့်ခဲ့သည့် ယန်လုမှာလည်း ဒီကနေအကျိုးအမြတ်များ ခူးဆွတ်ခဲ့လေသည်။ သူ့ စွမ်းအင် အစစ်အမှန်မှာ မသေမျိုးချီအဖြစ်ပြောင်းလဲသွား၍ စွမ်းအားမှာ အဆင့်ပေါင်းများစွာ ခုန်ကျော်တက်လွှားသွားခဲ့သည်။ ယခုအဆင့်တွင် ထာဝရရှင်သန်အဆင့် ကျွမ်းကျင်နေသူ တစ်ယောက်ကိုပင်တိုက်ခိုက်နိုင်သည်။ ကျင့်ကြံခြင်း ဘုံတစ်ခုလုံးတွင် ထာဝရရှင်သန်အဆင့်ကို ရောက်ရှိဖူးသည့် ပါရမီရှင်ဆယ်ယောက်သာ ရှိလေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now