အပိုင်း ၃၆ ။ ဘရူနိုဘဝ

10.5K 1.5K 23
                                    

ရှန့်​ခယ်​နှင့်​ဖုန်းကျွမ်​ ခိုလှုံတဲ့မိဘမဲ့​ဂေဟာ​လေးဟာ UK၏အ​နောက်​​တောင်​ကမ်​ရိုးတန်းမှာရှိပြီး က​လေး​ပေါင်း၂၁​ယောက်​​လောက်​ရှိတယ်​။ ​ဂေဟာရဲ့ပုံစံကသာမန်​ဆို​ပေမယ့်​ ပရိ​ဘောဂအပြည့်​အစုံ၊ သူနာပြု​တွေနဲ့ စိတ်​​ရောဂါအထူးကု​တွေ၊ ပရဟိတသမား​တွေကလာ​ရောက်​ကြည့်​ရှု​လေ့ရှိတာ​ကြောင့်​ ​ဂေဟာ​လေး၏အ​ခြေအ​နေကအ​တော်​​လေး​တော့​ခေတ်​မှီတယ်​။

ရှန့်​ခယ်​နဲ့ဖုန်းကျွမ်​ရဲ့အ​ခြေအ​နေက​တော့ ထိလို့မရတဲ့အ​နေအထားမှာရှိ​နေတယ်​။ ဘာလို့ဆိုသူတို့တရားမဝင်​က​လေးကုန်​ကူးသမား​တွေရဲ့ ပြန်​​ပေးဆွဲခံရတာ​ကြောင့်​ သူတို့ဘယ်​သူဘယ်​ဝါဘယ်​သူမှမသိဖြစ်​​နေဆဲပဲ။ဒါ​ကြောင့်​မလို့ တစ်​နှစ်​အတွင်း​တော့ ​မွေးစားခံရမယ့်​စာရင်းထဲအသွင်းမခံရ​သေးဘူး။ ​ပြောရမယ့်​ဆိုရင်​ သူတို့ဒီ​ဂေဟာမှာတစ်​နှစ်​ပဲ​နေနိုင်​တယ်​။ တစ်​​ယောက်​​ယောက်​ကသူတို့ကို​မွေးစားချင်​တယ်​ဆိုထား တစ်​နှစ်​တိတိပြည့်​မှ​မွေးစားနိုင်​လိမ့်​မယ်​။

ဂေဟာမှာရှိတဲ့က​လေးအများစုဟာ မသန်​မစွမ်း​တွေနဲ့ကျန်းမာ​ရေးချူချာသူ​တွေများ​ပေမယ့်​ ရှန့်​ခယ်​နဲ့ဖုန်းကျွမ်​က​တော့ ကြက်​အုပ်​ထဲကငန်းနှစ်​​ကောင်​လို့ ဖျတ်​လက်​တက်​ကြွသန်​မာ​နေတယ်​။

ဂေဟာမှူးကသူတို့ကိုကုတင်​​လေးခုပါတဲ့အခန်းတစ်​ခန်းကို​ပေးတယ်​။ အခန်းထဲမှာ​တော့ ကုတင်​နှစ်​ခုပဲအိပ်​ယာခင်းထားပြီးကျန်​ကုတင်​နှစ်​ခုက​တော့လှစ်​လပ်​​နေတယ်​။

"က​လေးတို့ ဒါကမင်းတို့အခန်းပဲ။ ကြိုက်​ရဲ့လား?'' ​ဂေဟာမှူးကအပြုံး​လေးနဲ့က​လေးနှစ်​ဦးကို ​မေးလိုက်​တယ်​။

ဖုန်းကျွမ်​က​တော့ရှန့်​ခယ်​လက်​ကိုတင်းတင်းဆုပ်​ပြီး မျက်​နှာတည်​​လေးနဲ့ဘာမှမ​ပြောဘူး။ ရှန့်​ခယ်​ကပဲ​ခေါင်း​မော့ပြီး သူမကိုပြုံးပြလိုက်​ကာ ''သားတို့သ​ဘောကျပါတယ်​ ​ကျေူဇူးပါ​ဂေဟာမှူး''

ရှန့်​ခယ်​​ပြောလိုက်​တာက တရုတ်​စကားမို့ ​ဂေဟာမှုး​ကောင်း​ကောင်းနားမလည်​​ပေမယ့်​ အကြမ်းဖျင်း​တော့ခန့်​မှန်းမိပြီး သူမထပ်​မံပြုံးလိုက်​တယ်​။ က​လေး​တွေကို​နေရာချ​ပေးပြီး စကားနည်းနည်း​ပြောပြီး​နောက်​မှ​တော့ သူမထွက်​သွားလိုက်​တယ်​။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now