အပိုင်း ၈၃ ။ ယွဲ့ကျယ်ဘဝ

4.7K 920 39
                                    

[Zawgyi]

"အိမ်တော်ထိန်းဖေး၊ ရှန့်ကျယ်အချိုးအစားနဲ့ အင်္ကျီဝတ်စုံအသစ်တစ်ချို့ပြင်ပေးဖို့ တစ်ယောက်လောက်ကိုခိုင်းထားပါဦး၊ နောက်လကျ မြို့တော်ကိုပြန်တော့မယ်"
တစ်ခဏရပ်သွားပြီးနောက် လုရှုဖန် ထပ်ဖြည့်ပြောလိုက်သည်။
"ရာသီလေးမျိုးစလုံးအတွက် ပြင်ပေးပါ"

"နားလည်ပါပြီ" ဖေးလင်းက ခေါင်းညိတ်ပြလိုက်သည်။ လုရှုဖန်၏ စကားလုံးများနောက်မှ အဓိပ္ပါယ်မှာ သိသာသည်။ သူသည် ရှန့်ခယ်ကို မြို့တော်ဆီ ပြန်ခေါ်သွားရန် ဆန္ဒရှိသည်ပင်။

လုရှုဖန်မှာ မင်းသားကြီး(ဘုရင်မ ခင်ပွန်း)၏ ညီဖြစ်သည်။ သူ့လက်အောက်ငယ်သားအဖြစ် ရှန့်ကျယ်မှာ အသွင်အပြင်ကို
ဂရုစိုက်ရန်လိုအပ်သည်။ ဖေးလင်းစိုးရိမ်ဆုံးကတော့ လှုမှုရေးဆိုင်ရာဆက်ဆံမှုများတွင် စာချုပ်ထိန်းသိမ်းသူများ၏ လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကိုပင်။ လုရှုဖန်က သူ့ အဆင့်အတန်းကို လူတိုင်းအား မိတ်ဆက်ပေးမည်မဟုတ်တာ သူသိ၍ဖြစ်သည်။ အထက်တန်းလွှာထဲက တစ်​ယောက်ယောက်နှင့်သာ မတော်တဆ ပဋိပက္ခဖြစ်မိပါက... တစ်ချို့ တော်ဝင်နွယ်ဖွားများက သူတို့ပျင်းရိမှုကိုဖျောက်ရန် ရန်ဖြစ်ကြလျှင် နဂျီကောင်အသိုက်ပေါ် ခုန်မိသွားသော ပါပီတစ်ကောင်ပမာဖြစ်လိမ့်မည်ဟု ဆိုရလိမ့်မည်။ ပါပီ​အတွက်ရော သေချာပေါက်သူတို့အတွက်ရော အဆုံးသတ်ကောင်းမည်မဟုတ်။

လုရှုဖန်မှာ နေရင်းထိုင်ရင်းနှင့်ကို အလွယ်တကူအမုန်းခံနေရသူဖြစ်သည်။ ဘဏ္ဍာထိန်းဖေးမှာ သူ့ပုံရိပ်ကိကပိုပြီး နှစ်သက်ဖွယ်ကောင်းအောင် ဦးနှောက်အကြံထုတ်နေရရှာသည်။

ထိုနေ့ညတွင် ဖေးလင်းက ရှန့်ခယ်ကိုရှာကာ နောက်လမြို့တော်သွားလျှင် မသိသည့်လူများနှင့် အတတ်နိုင်ဆုံး ဝေးဝေးနေရန် သတိပေးလိုက်သည်။ သူ တကယ်မရှောင်နိုင်တော့ရင် ယဉ်ယဉ်ကျေးကျေးနှင့် ကျိုးနွံစွာပြုမူသင့်ကြောင်း ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖေးလင်းက ရှန့်ခယ်ကို သူ့ကိုယ်လုံးကိုယ်ပေါက်နှင့် ကိုက်ညီသော အဝတ်အစားများနှင့်အတူ ကျင့်ဝတ်ထုံးတမ်း သီးသန့်လက်စွဲစာအုပ်များကိုလည်း ပေးလိုက်သည်။ သူ့ကို မတော်တဆတခြားသူများအား အပြစ်ပြုမိပြီး အလှောင်ခံဖြစ်မလာအောင်လည်း သင်ယူခိုင်းသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now