အပိုင်း ၅၁ ။ မှိုပွင့်ဘဝ

5.6K 1K 15
                                    

[Zawgyi]

ရှန့်ခယ် နောက်တစ်ဖန် ခန္ဓာကိုယ်ထဲကနေ ဝိဥာဉ်ထွက်သွားတာမျိုးကြုံရပြန်လေသည်။ ဆိုလိုသည်က သူက လုံးဝသေဆုံးသွားသည်မျိုးမဟုတ် ပြန်လည်အသက်သွင်းဖို့က ဖြစ်နိုင်သေးသည်ဆိုသည့် သဘောပင်။

ယန်လု အခြေအနေမှာလည်း သိပ်မကောင်းရှာ ။ သူ့မျက်ဝန်းများက ရဲရဲနီနေကာ ခန္ဓာကိုယ်ကပြင်းပြင်းထန်ထန် ဒဏ်ရာရထားရှာသည်။ သူ့ကိုယ်ထဲကစွမ်းအင်တွေကတော့ လုံးဝကို ကပေါက်တိကပေါက်ချာဖြစ်နေသည်။ သူသာ ကောင်းကောင်း အနားမယူရင် ဝိဥာဉ်ကြောများတောင်ကြေမွသွားနိုင်သည်။ သူက ပန်းအသွင်ပြောင်းသွားသည့် မှိုလေးကိုသယ်ကာ ဦးတည်ရာမဲ့ လမ်းလျှောင်နေမိသည်။ နောက်ဆုံး သူ့ခန္ဓာကိုယ်ကမခံနိုင်တော့ဘဲ အားလုံးဝကုန်ခမ်းသွားကာ
ချောင်းဘေးနားတွင်လဲကျသွားလေသည်။

ဝိညာဉ်ပုံစံဖြစ်နေသည့်ရှန့်ခယ်မှာတော့ သူ့ဘေးနားကနေ ဒယိမ်းဒယိုင်လိုက်လာသည်။ သူက မှိုကိုယ်ခန္ဓာထဲကို ဝင်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်တော့ ဝင်လိုက်ထွက်လိုက် စိတ်လိုသလိုပြောင်းလဲနိုင်တာကို တွေ့လိုက်ရသည်။ မှို ကိုယ်ခန္ဓာထဲက မိစ္ဆာသွေးကြောမှာ ကြေမွသွားပြီဖြစ်၍ အသွင်ပြောင်းဖို့ကတော့ မဖြစ်နိုင်သေးပေ။ တောက်ဆရာလော့ဟယ်ပေးခဲ့သည့် ရွှေရောင်အစေ့ကြောင့်သာမဟုတ်လျှင် မိစ္ဆာသွေးကြော ပျက်စီးသွားတာနှင့်သူက အာကာသလေဟာနယ်ဆီပြန်ပို့ခံရပြီးလောက်ပြီ။

ရှန့်ခယ်မှာ ရုတ်တရက်နားလည်သွားသည်က ကမ္ဆာတစ်ခုစီတွင် တကယ်တော့ ကိုယ်ပိုင်အခွင့်အရေးများရှိသည်။ သူ့ကို
ဆုလာဘ်ာများပေးဖို့ systemကို အရမ်းကြီး မှီခိုစရာမလိုပေ။ သူ့ကိုပေးအပ်လာသည့်အခွင့်အရေးများကို အခွင့်ကောင်းယူကာဆုပ်ကိုင်ပြီး အခြားသူများ၏အကူအညီကိုယူလျှင် တာဝန်ပြီးဆုံးနိုင်ချေအခွင့်အရေး ပိုမြင့်လာလိမ့်မည်။

ယန်လု၏ ပြင်ပ ဒဏ်ရာများက ပြင်းထန်သည့်ဟန်ပေါက်ပေမဲ့ ကုသရန်တော့မခက်ခဲပေ။ သူ့ကိုစိုးရိမ်စေသည်က
အတွင်းဒဏ်ရာများပင်။

【ယန်လု...ယန်လု..ထပါဦး】

ရှန့်ခယ် သူ့ကိုနှိုးကြည့်ပေမဲ့ တုံ့ပြန်မှုမရှိပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now