အပိုင်း ၁၀၁ ။ Unos ဘဝ

2.8K 432 5
                                    

[Zawgyi]

အဲ့ဒီညမှာပဲ shu လူမျိုးတွေဟာသိပ်ပြီးအိပ်မပျော်ခဲ့ကြဘူး။ သူတို့ထဲက တစ်ဒါဇင်လောက်ပဲရှိတဲ့ ကျန်းမာသန်စွမ်းတဲ့မျိုးနွယ်စုဝင်တွေက သားရဲတွေရဲ့ရုတ်တရက်တိုက်ခိုက်လာမှာကို စိုးရိမ်စွာနဲ့ ကင်းစောင့်နေခဲ့ကြတယ်။

ရှန်ခယ်ရဲ့ဝိညာဉ်ဟာ သူရဲ့ဘုရားကျောင်းရှိရာသို့ပြန်မသွားတော့ဘဲ ကင်းသမားတွေကိုကူညီကာ စောင့်ကြပ်ပေးနေခဲ့တယ်။ သူဟာလှည်ပတ်စောင့်ကြပ်နေရင်း မျိုးနွယ်စုခေါင်းဆောင်သမီး tima ရဲ့ ရွက်ဖျင်လေးနားကို ရောက်လာခဲ့တယ်။ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်လောက်ပဲရှိသေးတဲ့ ကလေးမလေးဟာအိပ်ရာပေါ်မှာ မျက်စိမှိတ်ကာလဲလျောင်းနေပြီး နတ်ဘုရားထံသို့သူမရဲ့မျိုးနွယ်စုဝင်တွေကို ကာကွယ်ပေးဖို့ တိုးညှင်းစွာဆုတောင်း နေခဲ့တယ်။

သူမရဲ့ဆုတောင်းသံနေနဲ့အတူ ရှန့်ခယ်ဟာ စွမ်းအင်အငွေ့လေးတွေက သူ့ဝိညာဉ်ထဲသို့ ဖြည်းညှင်စွာ ဝင်ရောက်လာတာကိုခံစားလိုက်ရတယ်။ သူတို့ (စွမ်းအင်အငွေ့လေးတွေ) ဟာလုံလောက်မှုမရှိပင်မဲ့လည်း ပျားရည်နဲ့နှပ်ထားသကဲ့သို့ ချိုမြိန်မှုကစစ်မှန်လှတယ်။

အဲအချိန်မှာပဲ စခန်းရဲ့ အစွန်အဖျားလောက်ကနေ အဆောတလျင် လေချွန်သံတွေထွက်ပေါ်လာကာ မအိပ်ပျော်သေးတဲ့လူတွေကို မမက်တမက်အိမ်မက်ကနေ လန့်နိုးစေခဲ့တယ်။ ကလေးတွေနဲ့ အသက်အရွယ်ကြီးတဲ့လူကြီးတွေဟာ အန္တရာယ်ကိုကျော်ဖြတ်နိုင်ဖို့ဒါမှမဟုတ်သေခြင်းတရားကိုရင်ဆိုင်ဖို့အသင့်ပြင်နေဆဲ့အချိန်အတွင်းမှာအရွယ်ရောက်ပြီး တိုက်ခိုက်နိုင်ကြတဲ့လူတွေကလက်နက်ကိုယ်စီကိုင်ကာ ဆူညံစွာစုရုံးနေကြတယ်။

ကလေးတွေနဲ့ လူကြီးတွေဟာ တိုက်ပွဲအတွင်းမှာ မပါဝင်နိုင်တာကြောင့် သူတို့ဟာမျိုးနွယ်စုဝင်တွေအတွက် သူတို့နှလုံးသားထဲကနေဘေးကင်းဖို့သာ ဆုတောင်းနေကြရတယ်။ ဆုတောင်းသူလူဦးရေကတဖြည်းဖြည်းတိုးလာခဲ့ပြီး ရှန့်ခယ်ရဲ့ ဝိညာဉ်ထဲကို အစွမ်းတွေပိုမိုစီးဆင်းလာခဲ့တယ်။ သူရဲ့ခမ်းခြောက်နေတဲ့ နတ်အာရုံထဲမှာ နောက်ဆုံးတော့စွမ်းအားအငွေ့လေးတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now